← Chapters

Chapter 19

Vol. 3 Ch. 19

Chapter 19

Vol. 3 Ch. 19

အေးမြသောဆောင်းရာသီလည်း နီးကပ်လာပြီး နှစ်ကုန်တွင်ကျင်းပမည့် ရှိုးပွဲသည်လည်း တစ်လတောင် မလိုတော့ပေ။

နောက်ဆုံးတော့ ကျန်းယွီတစ်ယောက် ပထမနှစ်အတွက် ကျောင်းစရိတ်လည်း ပြည့်ခဲ့ပေပြီ။ ထို့ကြောင့် ယခုကျန်သောအချိန်တွင် လေ့ကျင့်ဖို့အတွက်သာ သူမ၏ အာရုံစိုက်မှုအားလုံးကို ပေးချင်ပေသည်။

ဒီတစ်ကြိမ်တွင်တော့ ဘာပဲဖြစ်ဖြစ် Esmeralda အနုပညာစင်တာကို ဝင်ခွင့်ရမည့်အခွင့်အရေးကို ရရပေမည်။

လင်းချူ အနုပညာသင်တန်းကျောင်းတွင် အတန်းစုစုပေါင်း၅တန်းရှိရာ အတန်းတစ်တန်းချင်းစီမှ အတော်ဆုံးကျောင်းသားများကို ရွေးချယ်ပြီးပြီဖြစ်သည်။

“ဒီနှစ်တော့ Esmeralda ကိုဝင်ခွင့်ရမယ့် ကျောင်းသားဦးရေကို သတ်မှတ်မထားဘူးလို့ ငါကြားတယ်”

အကအခန်းထဲတွင် အတန်းဖော်များက ကျန်းယွီကို တီးတိုးပြောနေကြသည်။

“၅ယောက်လုံးလည်း အရွေးခံရနိုင်သလို တစ်ယောက်မှအရွေးမခံရတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ခက်ခဲလွန်းတယ်”

ကျန်းယွီလည်း ဒါကိုသေချာပေါက် သိလေသည်။ လူ၅ယောက်ထဲက တစ်ယောက်ပဲ ရွေးခံရမည်ဆိုလျှင်တောင် အနိုင်ရနိုင်ချေက ၅ပုံ၁ပုံရှိသေးသည် မဟုတ်ပါလား..။

တကယ်ကတော့ Esmeralda မှဆရာမများသည် ကျောင်းသား အရေအတွက်ပေါ်လိုက်ပြီး လူရွေးတာမဟုတ်ပါ။ အသင့်တော်ဆုံး ကချေသည်များကိုသာ ရွေးချယ်ခြင်းဖြစ်သည်။

ပေချန်မြို့က ရာပေါင်းများစွာသော အကသင်တန်းကျောင်းများတွင် ကျောင်းသားပေါင်းထောင်နဲ့ချီရှိလေသည်။ ဒီလောက် လူတွေအများကြီးထဲကမှ အလားအလာအရှိဆုံး ၃ဦးလောက်သာ ရွေးချယ်ခံရလေ့ရှိသည်။

ဒီလိုထောင်နဲ့ချီတဲ့ ကျောင်းသားတွေထဲကမှ ၃ဦးတဲ့။ ဒါက ပြိုင်ပွဲမှာ ဘယ်လောက်ပြင်းထန်နိုင်လဲဆိုတာကို ဖော်ပြနေလေသည်။

“ငါတို့ကျောင်းကနေ တစ်ယောက်မှအရွေးမခံရတာလည်း ဖြစ်နိုင်ချေရှိတယ်”

သူမဘေးတွင် ခြေထောက်များကို အကြောလျော့နေသော ဆံပင်ကိုမြင့်မြင့်စီးထားသည့် ကောင်မလေးကပြောလိုက်သည်။

“Esmeralda က ဆရာတွေက တအားအမြင့်ကြီးမှန်းတာလေ။ သူတို့လိုချင်တာက နိုင်ငံတွင်းပြိုင်ပွဲတွေကို ချက်ချင်းဝင်ပြိုင်နိုင်ပြီး ချန်ပီယံဆု ယူပေးနိုင်တဲ့လူကိုပဲ။ အဲ့လောက်အရည်အချင်းမျိုး ငါတို့ကျောင်းမှာမှ မရှိတာ"

နောက်ထပ်ဆံပင်အတိုနှင့် ကောင်မလေးက ပြောလိုက်သည်။

“အတော်များများကတော့ အဲ့လောက်ပဲဟုတ်ချင်ဟုတ်မှာပေါ့ ဒါပေမယ့် ဖန့်တန်းရှီသာဆိုရင် သေချာပေါက် ဝင်ခွင့်ရမှာပဲ”

ဖန့်တန်းရှီသည် လင်းချူတစ်ကျောင်းလုံးတွင် အတော်ဆုံးနှင့် အရည်အချင်းအရှိဆုံးတစ်ယောက်ဖြစ်သည်။ သူမသည် အသက်၂နှစ်အရွယ်တည်းကပင် ဘဲလေးအကကို သင်ယူခဲ့သူဖြစ်ပြီး များစွာသော တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများနှင့် တစ်ချို့သော နိုင်ငံအဆင့်ပြိုင်ပွဲများတွင်ပါ အနိုင်ရထားသူဖြစ်လေသည်။

ထို့အပြင် ပုထျန်းယန်၏ Elita ဘဲလေးဖိနပ်ကို လေလံပွဲတွင်ဝယ်ယူသွားသည်မှာ ပေချန်မြို့၏ ဖန့်မိသားစုဆိုတာ ချန်ဝေးဆီကနေ ကျန်းယွီကြားဖူးပြီးသားဖြစ်သည်။

ဘယ်သူတွေ ဝင်ခွင့်ရမရဆိုတာ ကျန်းယွီဂရုမစိုက်ပါ။ သူမကိုယ်သူမသာ အာရုံထဲရှိပြီး၊ Esmeralda မှဆရာများ၏ အာရုံကိုဖမ်းစားနိုင်ဖို့ ပြိုင်ပွဲတွင် အစွမ်းကုန်ထုတ်ပြချင်စိတ်သာ ရှိလေသည်။

အဖွဲ့အစည်းမှ ပရော်ဖက်ရှင်နယ် အကဆရာများအား ရွေးချယ်ခံထားရသူများကို အစမ်းလေ့ကျင့်မှုအတွက် ကြပ်မတ်ပေးရန် တာဝန်ပေးလေသည်။

ဒါပေါ့.. ဆရာများအားလုံးသည် ဖန့်တန်းရှီတစ်ယောက်တည်းကိုသာ ဝိုင်းအာရုံစိုက်ကြလေသည်။ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီကို အသေးစိတ်ထောက်ပြပေးနေသည်မှာ သူတို့အားလုံး၏ မျှော်လင့်ချက်က သူမတစ်ယောက်တည်းအပေါ်တွင် ရှိနေသည့်အလားပင်။

တစ်ခြားကျောင်းသူတွေကိုတော့ သူတို့သိပ်အာရုံမထားခဲ့ပေ။

တကယ်တမ်းပြောရရင်တော့ ဒါကပုံမှန်ပင်ဖြစ်သည်။ ဖန့်မိသားစုမှာ ပေချန်မြို့၏ နာမည်ကြီးဖြစ်သလို ဖန့်တန်းရှီသည်လည်း လင်းချူတစ်ကျောင်းလုံးတွင် အတော်ဆုံး၊တန်ဖိုးအရှိဆုံးကျောင်းသားပင်။

ဒီအချိန်တွင် လင်းချူမှ Esmeralda ကိုဝင်ခွင့်ရသည့်ကျောင်းသားဆိုလျှင် ဖန့်တန်းရှီသာ ဖြစ်နိုင်ပေသည်။

တကယ့်တကယ်လည်း ဖန့်တန်းရှီ၏ level ကအတော်ကို မြင့်လှသည်။ သူမ၏ ခမ်းနားလှပလှသော Grand jete aerial split က ရှိရှိသမျှဆရာများ၊ ကျောင်းသားများကို လက်ခုပ်တဖြောင်းဖြောင်း တီးစေပေလိမ့်မည်။

ဖန့်တန်းရှီသည် ကျက်သရေရှိရှိလေးပြုံးလိုက်ပြီး မျက်နှာသုတ်ပဝါကို ဝူစီလင်းဆီ လှမ်းကမ်းလိုက်သည်။

“ကျေးဇူးနော် စီလင်း”

ဝူစီလင်းလည်း တက်ကြွစွာဖြင့် အကျယ်ကြီးပြန်ပြောလိုက်သည်။

“တန်းရှီ.. နင်ကတကယ်ကို အံ့ဩဖို့ကောင်းတာပဲ.. နင်တစ်ယောက်တည်းရဲ့ level ကသာ Esmeralda ကိုဝင်ခွင့်ရဖို့ အရည်အချင်းမှီတာ"

ဖန့်တန်းရှီသည် သူမနားထင်မှ ချွေးတွေကိုသုတ်လိုက်ပြီး တကယ်နားမလည်နိုင်သည့် အမူအရာနှင့် မေးလိုက်သည်။

“နင်ဘာလို့ အရွေးမခံရတာလဲ”

ဒီအကြောင်းပြောသည်နှင့် ဝူစီလင်းတစ်ယောက် အံကိုကြိတ်၍ အခန်းထောင့်ကို မနှစ်မြို့စွာဖြင့် ကြည့်လိုက်သည်။ ကျန်းယွီသည်လည်း သူမကို ပြန်စိုက်ကြည့်လိုက်သည်။

ကံကောင်းပြီး သူမနေရာကို ဝင်ခိုးသွားသူ ကျန်းယွီပေတည်း..။ အခုတော့ သူမမှာ ဘေးကနေရပ်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ဖန့်တန်းရှီသည် ဝူစီလင်းအကြည့်ကို လိုက်ကြည့်လိုက်သောအခါ အခန်းထောင့်တွင် ကြိုးကြာပို့စ် လေ့ကျင့်နေသော ကျန်းယွီကို တွေ့လိုက်သည်။

သူမ၏ မျက်နှာအချိုးအစားတည်ဆောက်ပုံမှာ ရှင်းလင်းပြတ်သားပြီး ကြည်ကြည်လင်လင်ရှိလှသည်။ ရှည်လျား၍ ကျဉ်းမြောင်းသော မက်မွန်သီးပုံ မျက်ဝန်းများမှာ အတော်တောက်ပလှပြီး အသားအရည်ကလည်း ဖြူဖွေးစွတ်နေလေသည်။

ခန္ဓာကိုယ်တည်ဆောက်ပုံသည်လည်း အတော်လေးကောင်းလှသည်။ ပခုံးပင်ဖြစ်စေ၊ ခြေသလုံးပင်ဖြစ်စေ၊ ကြွက်သားနှင့် အရိုးများက အချိုးအစားကျနလှပြီး ခါးလေးမှာလည်း သေးသွယ်ပေသည်။ ဒီလိုပုဂ္ဂိုလ်မျိုးမှာ ရှာစရာအပြစ်ပင် ရှိမနေချေ။

ကျန်းယွီက လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်မနေခဲ့လို့သာ သူမကဲ့သို့ ဒီလောက်ကြည့်ကောင်းလှတဲ့မိန်းကလေးမျိုးကို သတိမထားမိခဲ့ခြင်းဖြစ်သည်။

အဲ့ဒီအပြင် ကျောင်းသားများအားလုံး ဖန့်တန်းရှီနားတွင် လာစုကြပြီး သူမ၏လှုပ်ရှားမှုများကို လေ့လာကြကာ သူမဆီကအကြံဉာဏ်များ တောင်းခံကြသည်။

ဒီကျန်းယွီဆိုသည့် ကောင်မလေးသာ သူ့ဟာသူအခန်းထောင့်တွင် လေ့ကျင့်နေခြင်းဖြစ်သည်။

သူမ၏ လေးနက်သော မျက်နှာအနေအထားက ဖန့်တန်းရှီကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။

ဒီကောင်မလေးက သူနဲ့ယှဉ်နိုင်လိမ့်မယ်လို့ တွေးနေတာများလား?

ဟာသပဲ..။

ဖန့်တန်းရှီသည် စိတ်မကြည်ဖြစ်သွားကာ အနားကဆရာများအားလုံးနှင့် ကျောင်းသားများအားလုံးဆီက လက်ခုပ်သံတွေကို ဆွဲဆောင်နိုင်သည့် အရှိန်မြင့် spin ကို ခြေဖျားထောက်က လှည့်လိုက်လေသည်။

“တန်းရှီ.. နင်အရမ်းမိုက်တာပဲ”

“ငါလောင်းရဲတယ် Esmeralda ကဆရာတွေ နင့်ကိုမြင်တာနဲ့ ချက်ချင်းပဲ ကြွေသွားကြမှာ”

“နင်က ဘဲလေးကဖို့ မွေးဖွားလာတာပဲ.. အနာဂတ်ရဲ့ဘဲလေးဘုရင်မက နင်ပဲဖြစ်မှာ”

“ဒါပေါ့ ဒီအစမ်းလေ့ကျင့်မှုအတွက် တန်းရှီတောင် ၂ရက်တောင် အစာဖြတ်ထားတာလေ။ ဒီလိုအနစ်နာခံကြိုးစားမှုမျိုး ဘယ်သူလုပ်နိုင်လဲ ငါတော့မလုပ်နိုင်ပါဘူး”

ဖန့်တန်းရှီသည် ယုံကြည်မှုအပြည့်ဖြင့် သူမခေါင်းကိုမော့လိုက်ကာ ကျန်းယွီကို လှမ်းကြည့်လိုက်သည်။

သူမလည်း ဖန့်တန်းရှီဆီက ဆွဲဆောင်ခံလိုက်ရသည်ကတော့ အမှန်ပင်။ ထို့ကြောင့် ခဏရပ်လိုက်ပြီး မျက်နှာကိုပဝါဖြင့်သုတ်ကာ ဖန့်တန်းရှီ၏ အကကို လေ့လာနေလိုက်သည်။

ဒီလိုနှင့် ဖန့်တန်းရှီသည် ကျယ်ကျယ်လေးထပြောလေသည်။

“ကျောင်းသူကျန်းယွီ.. နင်ရော ငါ့ကို မှတ်ချက်တစ်ချို့ပေးနိုင်လား”

သူမမေးခွန်းကြောင့် တစ်ချိန်တည်းမှာပင် လူတိုင်း၏ အကြည့်များ အခန်းထောင့်က ကျန်းယွီဆီသို့ ကျရောက်သွားလေသည်။

ကြားရက်များတွင် လေ့ကျင့်ရေးအခန်း၌ ကျန်းယွီတစ်ယောက်မရှိခဲ့သလိုပင်။ ထို့အပြင် သူမလို နာမည်ကြီးအတန်းဖော်နှင့်လည်း အတော်ကိုကွာခြားသည် မဟုတ်ပါလား။ ထို့ကြောင့် ဖန့်တန်းရှီဘက်မှ သူမကိုစခေါ်မည်လို့ ကျန်းယွီမထင်ထားခဲ့ပေ။

ကျန်းယွီသည် ယဉ်ယဉ်ကျေးကျေးသာ ပြန်ပြောလိုက်ပေသည်။

“နင်ကတာ အရမ်းကောင်းပါတယ်”

ဝူစီလင်းကတော့ လက်မောင်းကိုပိုက်လျက် လှောင်ပြုံးပြုံးလိုက်ကာ “နင်ပဲအဲ့လိုပြောတာ တန်းရှီက လူအများစုထက် ပိုတော်တယ်ဆိုတာ လူတိုင်းအမြင်ပဲကို”

ဖန့်တန်းရှီသည် ဝူစီလင်းကိုလှမ်းကြည့်ကာ ပြောလိုက်လေသည်။

“ငါ့လုပ်ဆောင်မှုတွေက ပြီးပြည့်စုံဖို့အထိတော့ လိုအပ်သေးတယ်ဆိုတာ ငါသိပါတယ်”

“တန်းရှီ.. နင်က နင့်ကိုယ်နင် တအားစည်းကမ်းတင်းကြပ်ထားတာပဲ။ ငါတို့အမြင်မှာတော့ ဆရာမတွေတောင် မချီးကျူးဘဲမနေနိုင်လောက်အောင် နင်ကတာတအားကောင်းတာပဲ”

ဝူစီလင်းသည် မထီမဲ့မြင်ပြုသော အကြည့်ဖြင့်လှမ်းကြည့်လိုက်ပြီး“ပြောရမယ်ဆိုရင် သူကအရိုင်းတုံးသာသာပဲရှိတာလေ ဘယ်လိုလုပ်ပြီး တန်းရှီရဲ့ပရော်ဖက်ရှင်နယ်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို နားလည်နိုင်မှာတဲ့လဲ”

“ငါက လူတိုင်းအပေါ် မျှမျှတတဆက်ဆံချင်ရုံပါ.. အဲ့ဒါကြောင့် ကျန်းယွီကိုလည်း မေးကြည့်လိုက်တာ”

ဖန့်တန်းရှီသည် တရားမျှတသောလေသံဖြင့် ဆက်ပြောလိုက်သည်။

“တစ်ခြားမတူညီတာတစ်ခုခုကို ကြားရဖို့မျှော်လင့်နေတာ”

“တန်းရှီ.. နင်က အရမ်းနိမ့်ချတတ်တာပဲ”

“ဒီလောက်ကောင်းကောင်းကနိုင်ပြီး ဒီလိုနှိမ့်ချနေတတ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”

လူတိုင်းသည် ဖန့်တန်းရှီကို ကပ်ဖားနေကြလေသည်။ သို့သော် ပြန်လည်မွေးဖွားလာသည့် ကျန်းယွီကတော့ ဖန့်တန်းရှီအကြောင်း ကောင်းကောင်းသိလေသည်။

သူမသည် ငယ်စဉ်ကလေးဘဝကတည်းက မိဘတွေဆီကအချစ်ခံရပြီး ဆရာများ၏ ချီးကျူးထောပနာပြုမှုများကို ရရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမကိုယ်သူမ တအားအထင်ကြီးပြီး မောက်မာလေသည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုယ် တအားချစ်သူဖြစ်တာကြောင့် သူမနေရာကို ဝင်ယူသွားမည့် ဘယ်သူ့ကိုမှ သူမသည်းမခံနိုင်ပေ။

ထို့ကြောင့်လည်း တန်းတူဆက်ဆံချင်သည်ဆိုသော အကြောင်းပြချက်ဖြင့် ကျန်းယွီကို အရှက်ခွဲရန် တမင်မေးလိုက်ခြင်းပင်ဖြစ်သည်။

အကကျင့်နေတာ တဝက်တပျက်သာရှိသေးသောကြောင့် ဆက်ပြီးစိတ်အနှောင့်အယှက်မဖြစ်လိုပေ။

ကံဆိုးစွာဖြင့် ပျားအုံကိုမှ တုတ်နဲ့ထိုးမိလေခြင်း။

ကျန်းယွီသည် သူမနှုတ်ခမ်းထောင့်များကို ပင့်လိုက်ကာ ပြောလိုက်သည်။

“ဒါဆိုရင် ငါ့အမြင်ကို ပြောကြည့်မယ်လေ”

လူတိုင်းလည်း သူမဘာပြောနိုင်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်ကြသည်။

“Grand jete ကို အတော်မြင့်မြင့်ခုန်ဖို့ဆိုရင် ခြေလက်အင်္ဂါတွေကို ဟန်ချက်ညီအောင် လှုပ်ရှားပေးဖို့လိုတယ်။ အထူးသဖြင့် ခြေထောက်ရဲ့အားကို သုံးရမှာ။ တန်းရှီခုန်တာက မြင့်သင့်သလောက် မမြင့်သေးဘူး.. ထုတ်သုံးတဲ့အား မလုံလောက်သေးလို့ ဖြစ်နိုင်တယ်။ ငါကတော့ တန်းရှီကို ခြေထောက်ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးချင်တယ်။ တစ်နေ့၃နပ် ပုံမှန်စားလို့ရပါတယ်။ ဘဲလေးကချေသည်တွေ ဝိတ်ချဖို့အစာအငတ်ခံတာက မကောင်းဘူး”

ဖန့်တန်းရှီ၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပေသည်။

ကျန်းယွီ၏ မျက်ဝန်းများမှာ အဆိပ်ပြင်းလှပေသည်။ သူမ၏ ပျော့ကွက်ကို တစ်ချက်တည်းနဲ့ ထိသွားလေသည်။

မည်သို့ပင်ဆိုစေ ဖန့်တန်းရှီကတော့ ဖန့်တန်းရှီပေ..။ အရှုံးကို ဒီလောက်လွယ်လွယ်နှင့် ဘယ်ဝန်ခံပါ့မလဲ။ သူမသည် ကျန်းယွီ၏ ပိန်ပါးသောခန္ဓာကိုယ်ကို ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။

“ငါကတော့ ကျန်းယွီမှာ Grand jete နဲ့ပတ်သတ်ပြီး ထူးခြားတဲ့ ကိုယ်ပိုင်အတွေ့အကြုံရှိမယ်လို့ ထင်တယ်။ ဘာလို့ ငါ့ကိုတစ်ချက်လောက် မပြတာလဲ? ငါ့ကိုကောင်းကောင်းလေး သရုပ်ပြပေးပါဦး”

ကောင်မလေးများလည်း အနားကိုစုလာကြပြီး ဝူစီလင်းကဦးဆောင်ကာ လက်ခုပ်တီးပြီး ပွဲရှာလိုက်လေသည်။

“ကျန်းယွီ.. နင်က တန်းရှီကတာ မကောင်းဘူးပြောမှတော့ နင်ကအတော်ကနိုင်မှာပဲနော်”

“ကြည့်ကြရအောင်လေ”

“ဒါက အပြောနဲ့ပဲ ပြီးသွားလို့ မဖြစ်ဘူးလေ”

ကျန်းယွီကတော့ တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်လေသည်။

“ငါလည်းပဲ ကောင်းကောင်းမခုန်နိုင်ပါဘူး”

“လခွမ်း.. အလုပ်ထက် အပြောက ပိုလွယ်နေတာပဲ”

“ဒါပဲလေ.. သူများကိုကျ အပြစ်ရှာတတ်တယ်”

“သူ မနာလိုနေတာလို့ပဲ ငါတော့ထင်တာပဲ”

ကျန်းယွီဒီလိုပြောတာကို ကြားပြီးသော်လည်း ဖန့်တန်းရှီကတော့ လွှတ်ပေးချင်ပုံမရပါ။

အမြင့်ကြီးခုန်ခြင်းသည် သူမ၏အမိုက်ဆုံး စွမ်းဆောင်ချက်ပင်..။ ထို့အပြင် သူမသည် တစ်ကျောင်းလုံးတွင် အတော်ဆုံးကျောင်းသားဖြစ်ပြီး ဘယ်သူကမှ သူမထက် ပိုမတော်နိုင်ပေ။

ဒီလိုစကားလုံးတွေနဲ့ ကျန်းယွီ သူမအား စော်ကားနေမှုကို သူမသည်းမခံနိုင်ပါ။

“ရပါတယ် အတန်းဖော်ကျန်းယွီ... ငါတို့တစ်ယောက်နဲ့တစ်ယောက် များများပြောဆိုဆက်ဆံပြီး တစ်ယောက်စီကတစ်ယောက် သင်ယူလို့ရတာပဲ..။ ကောင်းကောင်းမကနိုင်လည်း ကိစ္စမရှိပါဘူး စမ်းကြည့်ကြတာပေါ့”

ဖန့်တန်းရှီ၏ အနေအထားကို ကြည့်လိုက်ရုံနှင့် သူမမဖျော်ဖြေပြမချင်း သူမအလျော့ပေးမှာ မဟုတ်ဘူးဆိုတာကို ကျန်းယွီသိလိုက်သည်။

ဝူစီလင်းသည် ‘အခွံမာသီးညှပ်’ သီချင်းမှ အလွန်ခက်ခဲသည့် တေးသွားကို စဖွင့်လိုက်လေသည်။

ကျန်းယွီသည်လည်း ပြေးလမ်းမရှိ ချောင်ပိတ်မိနေလေပြီ။ ထို့ကြောင့် သွေးပူလေ့ကျင့်ခန်းအနည်းငယ်လုပ်လိုက်ပြီး သံစဉ်နှင့်အညီ rotation (လှည့်ပတ်ခြင်း) တစ်ချို့ကို ဆက်တိုက်ပြုလုပ်လိုက်သည်။

သီချင်း၏ အထွတ်အထိပ် ရောက်နေမှုနှင့်အတူ ကောင်းကင်ယံတွင် ပျံလွှားလေးတစ်ကောင် ပျံသန်းနေသကဲ့သို့ သူမသည် ခြေထောက်တစ်ချောင်းတည်းနှင့် ခုန်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း လေထဲတွင် ညက်ညောစွာ ရွေ့လျားနေသလိုဖြစ်နေပြီး ခုန်လိုက်ပြီးချိန်မှာတော့ ပေါ့ပါးစွာပင် မြေပေါ်သို့ ပြန်ဆင်းသက်လိုက်လေသည်။

ကြည့်နေသည့် ကောင်မလေးများအားလုံးလည်း မျက်လုံးပြူးမျက်စံပြူးတွေ ဖြစ်ကုန်ကြပြီး ကျန်းယွီကို မယုံနိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

ဘဲလေးအကကို သင်ယူနေသော ကျောင်းသားများအနေဖြင့် ဒီလှုပ်ရှားမှုမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူတို့ကောင်းကောင်းသိလေသည်။ အရှိန်အမြင့်နှုန်းဖြင့် ဆက်တိုက်လှည့်ပြီးတာကို ခေါင်းမမူးဘဲ ဒီလိုလွယ်လွယ်ကူကူလုပ်နိုင်ဖို့ဆိုတာ အတော်ကို ခက်ခဲလှပေသည်။

ဒါကိုကျန်းယွီက လုပ်ရုံတင်လုပ်ပြသွားတာ မဟုတ်ဘဲ ဘာအမှား၊ ဘာပြစ်ချက်မှမရှိအောင် အလှပဆုံး လုပ်ပြသွားခြင်းပင်။

သူမ၏လုပ်ဆောင်မှုနှင့် စောနက ဖန့်တန်းရှီလုပ်သွားသော လုပ်ဆောင်မှုကို ယှဉ်ကြည့်လိုက်လျှင် ဖန့်တန်းရှီတစ်ယောက် အနည်းငယ် လိုအပ်နေသေးသည်ဆိုသည်မှာ သိသာလှသည်။

မကြာခင်တွေ့ကြတာပေါ့..။

ဖန့်တန်းရှီသည် အံကိုကြိတ်လိုက်ပြီး ကျန်းယွီကို ကြည့်လိုက်သည့်အခါတွင်တော့ သူမမျက်ဝန်းထဲတွင် မလိုတမာမှုနှင့် မနာလိုမှုများကို နက်နက်ရှိုင်းရှိုင်း မြင်တွေ့လိုက်ရသည်။

ဒီအချိန်မှာပဲ တံခါးအပြင်က လက်ခုပ်တီးသံတစ်သံ ပေါ်ထွက်လာလေသည်။

ကျောင်းသားများလည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ အနုပညာအတန်း၏ အဓိကနည်းပြဖြစ်သူ လင်းကျူဝမ်ကို တွေ့လိုက်ရသည်။

သူမသည် လက်ခုပ်တီးကာ လမ်းလျှောက်ဝင်လာပြီး “အရမ်းကိုအံ့ဩစရာကောင်းတဲ့ အကပါပဲ.. ပရော်ဖက်ရှင်နယ်ဖျော်ဖြေမှုတစ်ခုလို့တောင် ပြောလို့ရတယ်”

လင်းကျူဝမ်တစ်ယောက် လူတွေကို သိပ်မချီးကျူးတတ်ဘူးဆိုတာကို လင်းချူတစ်ကျောင်းလုံး သိကြပေသည်။

သူမသည် အတော်ကို မညှာမတာခိုင်းတတ်ကာ တောင်းဆိုချက် များလွန်းသူဖြစ်ပြီး ဖန့်တန်းရှီပင် တစ်ခါမှ သူမချီးကျူးတာမခံရဖူးပါ။

ဒီလိုလူမျိုးက ကျန်းယွီကို ချီးကျူးသဘောကျသွားလေသည်။ သို့သော် ဒါသည် အတော်ကိုမြင့်မားတဲ့ စီစစ်အကဲဖြတ်မှုဖြစ်နေဆဲပင်။

အတန်းဖော်များလည်း ကျန်းယွီကို လှည့်ကြည့်လိုက်ကြကာ သူတို့၏မျက်ဝန်းများလည်း ပြောင်းလဲသွားပေသည်။

လင်းကျူဝမ်သည် ကျန်းယွီရှေ့ကို လျှောက်လာလိုက်ပြီး၊ အရင်ဆုံး သူမ၏ လက်မောင်းကြွက်သားများကို ညှစ်ကြည့်လေသည်။ ထို့နောက် သူမ၏ကျောပြင်ကို တိုင်းတာကြည့်ပြီး စိတ်ကျေနပ်မှုအပြည့်နှင့် ခေါင်းကိုငြိမ့်နေလေသည်။

“ကြည့်တော့သာ ပိန်တာ အားကတော့တယ်ကောင်းတာပဲ။ ဒါပေမယ့် မင်းသာ Esmeralda ကိုဝင်ခွင့်ရချင်တယ်ဆိုရင် နေ့တိုင်းကြွက်သားလေ့ကျင့်ခန်းလုပ်ဖို့ လဝက်တော့အချိန်ရသေးတယ်။ သူတို့က ကြွက်သားအားကောင်းမှုကို အတော်မြင့်မြင့်လိုချင်တာဆိုတော့လေ”

ကျန်းယွီလည်း အားတက်သရောနှင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် တီချယ်.. သမီးပိုကြိုးစားပါမယ်”

ဖန့်တန်းရှီနှင့် အနားကကောင်မလေးများသည်တော့ လင်းကျူဝမ်တစ်ယောက် ဒီလိုစကားမျိုးများ ပြောသည်ကို ကြားလိုက်ရသဖြင့် အတော်လေးကို ရှော့ခ်ရသွားကြလေသည်။

ဒီအဖြစ်အပျက်မတိုင်ခင်က လူတိုင်းတညီတညွတ်တည်း လက်ခံထားကြသည်မှာ လင်းချူကနေ Esmeralda ကိုဝင်ခွင့်ရနိုင်သူဆိုလျှင် ဖန့်တန်းရှီသာ ဆို၍ပင်။

အခုတော့ လင်းကျူဝမ်က ကျန်းယွီတစ်ယောက်တည်းကိုသာ ကြွက်သားလေ့ကျင့်ခန်းလုပ်ရန် ပြောနေလေသည်။

ဖြစ်နိုင်တာက... သူမစိတ်ထဲမှာ ကျန်းယွီကသာ ဖန့်တန်းရှီထက်စာရင် Esmeralda ကိုဝင်ခွင့်ရနိုင်ချေ ပိုများတယ်ဆိုပြီး တွေးနေတာများလား?

ကောင်မလေးများလည်း ဖန့်တန်းရှီကို ထပ်ကြည့်လိုက်ကြသောအခါ သူတို့မျက်လုံးများအားလုံး အဓိပ္ပာယ်ရှိလာလေသည်။

ဖန့်တန်းရှီသည်တော့ လက်သီးကျစ်ကျစ် ဆုပ်ထားကာ သူမမျက်လုံးများသည်လည်း နီရဲနေလေသည်။

သူမဖြစ်ချင်တာကို ဘယ်တော့မှ ပျက်စီးခွင့်ပေးမည်မဟုတ်ပေ..။

All Chapters