← Chapters

Chapter 20

Vol. 3 Ch. 20

Chapter 20

Vol. 3 Ch. 20

အစမ်းလေ့ကျင့်မှုပြီးသည့်နောက် ကောင်မလေးများသည် အကခန်းထဲမှ နှစ်ယောက်တွဲ, သုံးယောက်တွဲ ထွက်သွားကြလေသည်။

ကျန်းယွီကတော့ ချက်ချင်းမထွက်ခဲ့ပေ။ နည်းနည်းစောနေသေးတာမို့လို့ ယောဂဖျာနှင့် ကြွက်သားလေ့ကျင့်ခန်းတစ်ချို့လုပ်ဦးမည်ဖြစ်သည်။

ဒီနေ့ တီချယ်လင်းကျူဝမ် ပြောခဲ့သောစကားများက သူမကို သတိပေးနေလေသည်။ Esmeralda သည် ပါဝါပိုကောင်းသော ကချေသည်များကို ပိုနှစ်သက်သည်ဆိုတာပင်။

ကျန်းယွီသည် Esmeralda မှကျောင်းသားတစ်ယောက်ချင်းစီ၏ ဖျော်ဖြေမှုဗီဒီယိုများကို သေချာလေး ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုကချေသည်များအားလုံး၏ လှုပ်ရှားမှုတိုင်းသည် ပြီးပြည့်စုံလုနီးပါးအဆင့်ဖြစ်နေသည်မှာ သူတို့ကြွက်သားများကို သေချာလေးအသုံးချသောကြောင့်ပင် ဖြစ်ရမည်။

လဝက်သာကျန်တော့သောကြောင့် ကျန်းယွီလည်း ကြွက်သားလေ့ကျင့်ခန်းကိုသာ ပိုအာရုံစိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

ဖန့်တန်းရှီနှင့် သူမ သူငယ်ချင်းများကတော့ အခန်းထဲက ထွက်လာခဲ့ကြပြီး သူမကိုလှည့်ကြည့်ကာ ပြောလိုက်ကြလေသည်။

“ကြည့်ရတာ သူတကယ်ကြီး မိုတီဗေးရှင်းရသွားပြီး Esmeralda ကိုဝင်ချင်နေတာထင်တယ်”

ဝူစီလင်းကတော့ နှာခေါင်းရှုံ့လိုက်ကာ “သူ့ဘဲလေးဖိနပ်တွေကိုပဲ ကြည့်လိုက်စမ်းပါဦး.. ဝတ်တာဖြင့် အတော်ကြီးကို ကြာနေပြီ။ ငါတော့ သူလဲဝတ်တာ တစ်ခါမှမမြင်ဖူးပါဘူး။ Esmeralda ကိုဝင်ဖို့ သူ့မှာဘာအခွင့်မှ ရှိမနေဘူးလေ အဲ့လောက်ဆင်းရဲနေတဲ့ဟာကို..။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းစရိတ်ကို သူတတ်နိုင်တာမှမဟုတ်တာ”

“Esmeralda ဆရာမတွေဆီက အရွေးခံလိုက်ရရင်တောင် ကျောင်းစရိတ်ကို ဘယ်တတ်နိုင်မှာလဲ။ အဲ့တော့ ကိစ္စကအသေးစားပါ”

ဖန့်တန်းရှီသည်တော့ သူမအင်္ကျီလက်အောက်နေ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီး “ဒါပေမယ့် သူအရွေးကိုမခံရသင့်တာ"

သူတို့ပြောနေစဉ်မှာပင် လည်ပင်းအရှည်ပုံစံအင်္ကျီဝတ်ထားသည့် လူငယ်လေးတစ်ယောက် သူတို့ဘေးက ဖြတ်သွားလေသည်။

ထိုကောင်လေးမှာ ကျောပိုးအိတ်ကို လွယ်ထားပြီး အနက်ရောင်ဆွယ်တာနှင့် သူ၏ခြေတံရှည်ကြီးများကို ထင်းထွက်နေစေသော အနက်ရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားလေသည်။ အသားအရေမှာ ဖြူဖွေးနေပြီး အလွန်တရာလှပသော သူ၏မက်မွန်သီးပုံမျက်ဝန်းလေးများမှာ မြင့်တက်နေလေသည်။ သို့သော် သူ၏ဘမျက်နှာပေးမှာတော့ အေးစက်လှပြီး မောက်မာမှုများနှင့် ပြည့်နှက်နေလေသည်။

ကောင်မလေးအတော်များများလည်း သူ့ကို လှည့်ကြည့်မိကြလေသည်။

နေ့စဉ်ဘဝတွင် ခက်ခဲသည့် ကောင်လေးအများအပြားရှိလေသည်။ သို့သော် ဒီကောင်လေးကတော့ ချောရုံတင်ချောတာမဟုတ်ဘဲ သူ့ကိုလစ်လျူရှုမိဖို့ မဖြစ်နိုင်လောက်သည့် ထူးခြားသောဆွဲဆောင်မှုတစ်ခု ရှိနေလေသည်။

ဖန့်တန်းရှီကိုယ်တိုင်ပင် သူ့ဆီကအကြည့်မခွာနိုင်ဘဲ ကော်ရစ်ဒါကနေ သူပျောက်သွားသည်အထိ လိုက်ငေးကြည့်မိလေသည်။

ချူးလီသည် အကခန်းဆီသို့ သွားလိုက်သည်။

အခန်းထဲတွင်တော့ ယောဂဖျာပေါ်က ကောင်မလေးကလွဲ၍ ကျောင်းသားတွေကတော့ အကုန်ထွက်သွားလေပြီ။ နေဝင်ချိန်၏ နေရောင်ဖြဖြလေးမှာ ထိုကောင်မလေး၏ ယောဂဖျာပေါ်သို့ အရိပ်ကျထင်နေလေသည်။

ကျန်းယွီသည် ဖျာပေါ်တွင် Plank ထောက်နေကာ သူမ၏နှာတံတစ်လျှောက်မှ ချွေးများစီးကျလျက်ရှိနေပြီး နေရောင်အောက်တွင် တောက်ပနေလေသည်။

ချူးလီသည် လက်မောင်းကိုပိုက်ကာ တံခါးကိုမှီ၍ သူမကိုအဝေးကနေ ကြည့်နေလိုက်သည်။

ထိုမိန်းမငယ်လေးဝတ်ထားသော မီးခိုးရောင်နှင့် ပန်းရောင်ဆွယ်တာလေးမှာ ချပ်ချပ်ရပ်ရပ်ရှိလှပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို အပြီးပြည့်စုံဆုံး ပုံဖော်ပေးလျက်ရှိနေလေသည်။

သူမသည် ဆံထုံးထုံးထားပြီး ဆံပင်မှာ အနည်းငယ် လျော့ရဲနေကာ သူမနားထင်များကြားတွင် ဆံနွယ်လေးများက ကျဆင်းနေလေသည်။ သူမ၏ပါးလေးနှစ်ဖက်သည်လည်း သဘာဝအတိုင်း နီရဲနေပြီး ထိုအတွက်ကြောင့် သူမကိုကြည့်ရတာ အတော်ပင် ဆွဲဆောင်မှုရှိနေလေသည်။

ချူးလီသည် ဘယ်ဘက်လက်ကို လက်သီးဆုပ်လိုက်ပြီး သူ့လက်ဖဝါးကို အားအနည်းငယ်နှင့် ထိုးနေလိုက်သည်။ သူ့ရင်ထဲက ဆန္ဒတစ်စုံတစ်ရာကို အတတ်နိုင်ဆုံး ချုပ်ထိန်းနေခြင်းပင်..။

အရင်ကဆိုလျှင် သူသည် လောကကြီးကို မခံစားနိုင်ခဲ့ပေ။ ဆန္ဒဆိုသည်မှာလည်း မရှိသလောက်နည်းလှပြီး ဘာကိုမှလည်း လိုချင်တပ်မက်စိတ် မရှိခဲ့ပေ။

ယခုအချိန်မှာတော့ စုပ်လုံးက အချိုဓာတ်ကိုပင် သူစွဲလမ်းလာမိ၏။ ထို့အပြင် သူ့ကိုယ်သူ မကယ်တင်နိုင်ခဲ့သည်မှာ အချိန်အတော်လေးကြာခဲ့ပြီပင် ဖြစ်သည်။

အခုဆိုလျှင် ပိုရူးသွပ်ချင်စရာကောင်းတဲ့ စိတ်ဆန္ဒများပင် သူ့မှာရှိနေလေပြီ။

သူသည် ကျန်းယွီနားကို ဖြည်းဖြည်းလေးလျှောက်သွားလိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။

ကျန်းယွီကတော့ သူမရှေ့က ဖိနပ်ကိုမြင်သည်နှင့် ဘယ်သူလာတာလဲဆိုတာကို သိလိုက်သည်။

သို့သော်လည်း အားကိုမလျော့ချလိုက်ဘဲ သူမလုပ်နေတာကိုသာ ဆက်တင်းထားလိုက်သည်။ သူမသည် Plank ထောက်တာ ‘၂မိနစ်’ ဆိုသည့် အမြင့်ဆုံးမိနစ်ကိုရောက်သည်အထိ တင်းခံနေလိုက်သည်။

အချိန်ပြည့်သွားသောအခါ ခန္ဓာကိုယ်တစ်ခုလုံးကို အားအင်လျော့ချပစ်လိုက်ပြီး ယောဂဖျာပေါ်တွင် ဆားနယ်ထားသည့် ငါးလေးတစ်ကောင်ကဲ့သို့ လဲလျောင်းချလိုက်လေသည်။

“ဘာလို့ဒီရောက်နေတာလဲ”

ဖက်ထုပ်မတော်တဆမှုပြီးကတည်းက ချူးလီသည် ကျန်းယွီကိုတွေ့ရန် မလာခဲ့သည်မှာ အတော်ကြာခဲ့ပေပြီ။

ကျန်းယွီသည်လည်း နှစ်ကုန်ပြိုင်ပွဲနှင့် ပတ်သတ်ပြီး အရမ်းအလုပ်များနေတာကြောင့် သူ့ကိုဆက်သွယ်ဖို့ အချိန်မရှိခဲ့ပေ။

အစကတည်းက ညစာအတွက်သာ နေ့တိုင်းတွေ့ခဲ့ကြသော ဒီလူ၂ယောက်အဖို့ ဆက်ဆံရေးက တဖြည်းဖြည်းအေးစက်လာလေသည်။

“ငါတို့ပြတ်သွားပြီလား”

ချူးလီက တကယ်ကြံရာမရနေဟန်ဖြင့် ကျန်းယွီကိုကြည့်ကာ မေးလိုက်သည်။

ကျန်းယွီလည်း ခဏလောက်နားပြီးမှ ထထိုင်လိုက်ကာ “ငါတစ်ခါမှ အဲ့လိုမပြောခဲ့ဖူးပါဘူး”

ဒီလိုကြားလိုက်ရမှ ချူးလီလည်း စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ချူးလီတစ်ယောက် ဒီရက်ပိုင်း သူမကိုအရင်လာမတွေ့ခဲ့သဖြင့် ကျန်းယွီလည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။

သူမတို့ကြားက ဆက်ဆံရေးသာ တကယ်ပြီးဆုံးသွားလျှင် သူ့နားထပ်ကပ်ဖို့ အတော်လေးကို ခဲယဉ်းသွားပေလိမ့်မည်။

နှစ်ယောက်စလုံး ငြိမ်သက်နေကြပြီး စက္ကန့်အနည်းလောက်ကြာမှ ချူးလီသည် သူ့ကိုယ်ကိုရွေ့လိုက်ကာ သူမနားကို ကပ်ထိုင်လိုက်သည်။

“ငါအခုလေးတင် လေ့ကျင့်ခန်းလုပ်ပြီးတာ.. အနားအရမ်းမကပ်နဲ့”

ကျန်းယွီသည် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

“ငါချွေးထွက်နေတယ်”

“အော်”

ချူးလီကတော့ သူမပခုံးပေါ် မှီချလိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်လေသည်။

“...”

ကျန်းယွီလည်း ပြောစကားစကားပင် ပျောက်ဆုံးနေလေ၏။

အချိန်ကာလအတော်ကြီးကြာအောင် ချူးလီ၏ အနံ့ခံနိုင်စွမ်းသည် အတော်မကောင်းလှပါ။ ဒီကမ္ဘာပေါ်တွင် သူသေသေချာချာအနံ့ခံနိုင်သော တစ်ခုတည်းသောအရာမှာ ရနံ့ပြင်းပြင်းလေးနှင့် အလွန်မွှေးကြိုင်လှသည့် ကျန်းယွီ၏ ကိုယ်သင်းနံ့လေးသာဖြစ်သည်။

သူမ၏ဆံနွယ်များအဆုံးက သစ်သီးရနံ့ခေါင်းလျှော်ရည်နံ့လေးနှင့် သူမအဝတ်အစားများမှ သံပရာနံ့လေးအပြင် ချွေးထွက်နေတာတောင် ကိုယ်သင်းနံ့သင်းသင်းလေးများဟာ...

ချူးလီအတွက်တော့ သူမသည် ကမ္ဘာကြီးတစ်ခုလုံးလိုပင် ဖြစ်နေလေသည်။

ချူးလီသည် သူမနားကိုပိုကပ်လိုက်ပြီး သူ့မျက်လုံးများကိုမှိတ်ကာ အသက်ကိုပြင်းပြင်း ထပ်ရှုလိုက်သည်။

ကျန်းယွီကတော့ သူ့မျက်နှာကိုတွန်းထုတ်လိုက်ပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဘာလဲ နင်ကနှာဘူးလား”

“မင်းက ငါ့ကောင်မလေးပဲကို.. မင်းအနံ့လေးမွှေးကြည့်တာ ဘာများဖြစ်နေလို့လဲ”

“ငါဒီလောက်နံစော်နေတာ”

“ဒါပေမယ့် ငါကြိုက်တယ်လေ”

ကျန်းယွီ၏ နှုတ်ခမ်းလေးမှာ ကွေးတက်သွားလေသည်။ သူမဘေးက ဒီဝံပုလွေပေါက်လေးကိုကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ သူမ တကယ်မသိတော့ပေ။

ကျန်းယွီတစ်ယောက် မိန်းမောနေမိစဉ်မှာပင် ချူးလီကရုတ်တရက်ကြီး သူမခြေဖဝါးကို လှမ်းကိုင်ပြီး ထိလိုက်လေသည်။

ကျန်းယွီတစ်ယောက် တစ်ကိုယ်လုံး ဓာတ်လိုက်သလိုပင် ဖြစ်သွားပြီး ချက်ချင်းဆိုသလို သူမခြေဖဝါးကို နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ချူးလီက ခြေမျက်စိကနေ ကိုင်ထားတာဖြစ်လို့ သူမရုန်းမရပါ။

“နင်ဘာလုပ်နေတာလဲ”

“ကြည့်စမ်း”

ချူးလီသည် သူမဘဲလေးဖိနပ်ကို ကြိုးဖြည်လိုက်လေသည်။

“ဘာလို့အဲ့လောက်လှနေရတာလဲ”

“ကြည့်ရုံပဲကြည့်စမ်းပါ

ချူးလီသည် သူမညာဘက်ခြေထောက်က ဘဲလေးဖိနပ်ကိုယူလိုက်ပြီး သူ့လက်ထဲတွင်ကိုင်ကာ စိတ်ဝင်စားမှုအပြည့်ဖြင့် ဆော့ကစားနေလေသည်။

စွတ်စွတ်ဖြူနေတာမဟုတ်သော ဘဲလေးဖိနပ်လေးမှာ အိစက်ညက်ညောနေသော်လည်း ခြေချောင်းနေရာများကတော့ ဟောင်းနေပြီဖြစ်ပြီး အချိန်အကြာကြီးစီးလာရတာဖြစ်တာမို့ ချောပင်ချောနေကာ ပွန်းနေလေသည်။

ချက်ချင်းဆိုသလိုပင် အခန်းအပြင်က ကောင်မလေးတွေ ပြောစကားကို သူသတိရသွားမိပြီး သူမကိုမေးလိုက်လေသည်။

“နှစ်ကုန်ကျရင် အရေးကြီးတဲ့ပြိုင်ပွဲရှိတယ် မဟုတ်ဘူးလား.. ဒီမကောင်းတော့တဲ့ ဖိနပ်တွေကို ဝတ်မလို့လား”

ကျန်းယွီလည်း သူ့လက်ထဲကဖိနပ်ကို ဖက်ခနဲလှမ်းဆွဲလိုက်ပြီး စူတူတူနှင့် ပြန်ပြောလိုက်လေသည်။

“ငါ့ဖိနပ်တွေက ဆွေးနေပြီလို့ ငါတော့မထင်ပါဘူး.. နင်အဲ့လိုထင်ရင် နင့်ဟာနင်ပဲ ငါ့ကိုတစ်စုံဝယ်ပေးလိုက်ပါလား”

ချူးလီသည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ပုံမှန်အတိုင်းသာ ဆက်ပြောလိုက်သည်။

“ဘဲလေးဖိနပ်တစ်စုံပေါ့”

“ဖိနပ်ကောင်းကောင်းတွေက စျေးနည်းတာမဟုတ်ဘူး”

ကျန်းယွီသည် သူမလက်ထဲက ဖိနပ်များကိုကြည့်ရင်း ပြောလိုက်သည်။

“ဒီတစ်စုံရဲ့ အရည်အသွေးက အတော်ကောင်းတာ။ ငါ၆လတောင် ထမင်းနဲ့ဆန်ပြုတ်ပဲ စားခဲ့ရတာလေ.. နှစ်ကူးမုန့်ဖိုးနဲ့ ရိုးရိုးမုန့်ဖိုးတွေပါ စုပြီးတော့မှ ဒါလေးကို ဝယ်နိုင်ခဲ့တာ။ အဲ့ဒါကြောင့် အတော်လေးဟောင်းနေပြီဆိုရင်တောင် အသစ်လဲဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

တစ်ခြားသော ဖိနပ်များမရှိလို့လည်း မဟုတ်ပေ..။ သူမမှာ အတော်အသင့်တော့ရှိပေသည်။ သို့သော် ဖိနပ်ရဲ့အရည်အသွေးက စင်ထက်မှာ ဖျော်ဖြေနိုင်စွမ်းကိုလည်း တိုက်ရိုက်သက်ရောက်မှုရှိသည်ပင်။

ထို့ကြောင့် ကျန်းယွီသည် စျေးပေါသောဖိနပ်များဝယ်ပြီး ခဏခဏလဲစီးနေရတာထက် အကောင်းစားဖိနပ်တစ်ရံဝယ်ဖို့သာ ပိုက်ဆံစုပြီး အဲ့ဒါကိုပဲ အချိန်အကြာကြီး စီးချင်လေသည်။

ချူးလီသည် သာမန်ကာလျှံကာသာ ထပ်မေးလိုက်သည်။

“ဘယ်လောက်လဲ”

“ငါ့ AK ဖဲသားဖိနပ်ကတော့ အဲ့အချိန်တုံးက ယွမ်၂၀၀၀ ကျတယ်”

ကြားကြားချင်းပင် သူ့ခမျာ မယုံနိုင်စရာဖြစ်သွားလေသည်။

“ဒီဖိနပ်လေးတွေကိုလေ”

“နင်မသိပါဘူး”

ကျန်းယွီသည် သူ့ကိုစိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်သည်။

“ဖိနပ်က ဒီလောက်စျေးဆိုတာ အရမ်းကြီးမဆိုးသေးဘူး.. တကယ့်အရည်အသွေးအကောင်းစား ဖိနပ်တွေဆိုရင် သောင်းဂဏန်းလောက်ထိ ရှိတယ်”

ချူးလီသည် သူမလက်ထဲက ဖိနပ်ဟောင်းလေးတစ်စုံကို ကြည့်လိုက်သည်။ ကြည့်ရတာ အချိန်အတော်အကြာကြီး စီးခဲ့ပုံပေါ်နေလေပြီး အရောင်တောင် အတော်လေးမှိန်နေလေပြီဖြစ်သည်။

“ငါ့မှာပိုက်ဆံသာရှိရင် အသစ်လဲပါတယ်”

ကျန်းယွီသည် သူမဖိနပ်များကို အောက်ပြန်ချလိုက်ပြီး အမှုမဲ့အမှတ်မဲ့သာ ဆက်ပြောလိုက်သည်။

“ကျောင်းစရိတ်အတွက် လောက်တယ်ဆိုရုံလေးပဲရှိသေးတာ.. အဲ့ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ တစ်ခြားဟာတွေအတွက် ပိုက်ဆံမဖြုန်းနိုင်ဘူး။ အဲ့တော့ ဒီရက်တွေအတွင်းတော့ ငါဘာမှလုပ်နိုင်ဦးမှာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ်”

အခုတော့ ချူးလီတွင် တစ်ခြားအတွေးများပါ ရှိလာလေပြီ..။ အစားအသောက်က သူ့ကိုဆွဲဆွယ်နိုင်စွမ်းသည်လည်း သိပ်မကောင်းတော့ပေ။

ကျန်းယွီသည် ဖိနပ်ကြိုးချည်ရန် ကိုယ်ကိုကုန်းလိုက်လေသည်။ ဒါကိုချူးလီမြင်တော့ သူမလက်တွေကို ဖယ်ထုတ်လိုက်ပြီး သူမခြေဖဝါးဘေးနားက ဖိနပ်ကြိုးများကိုကောက်လိုက်ကာ သူမအတွက်ဖိနပ်ကြိုးကို သေသေချာချာလေး ချည်ပေးလိုက်လေသည်။

သူ့လက်ချောင်းများမှာ အတော်လှပလှပြီး လက်သည်းခွံများသည်လည်း ရှည်လျားလှပလှပေသည်။ သူမခြေကျင်းဝတ်အထိ ကြိုးလေးနှင့် သေချာချည်ပြီးပတ်ပေးလိုက်လေသည်။

သူလုပ်သမျှမှာ နုနုရွရွနှင့်လက်ဝင်လှပြီး သူ့မျက်နှာအမူအရာသည်လည်း အရင်ကတစ်ခါမှ မမြင်ဖူးသည့် နူးညံ့သိမ်မွေ့မှုများနှင့် ပြည့်နှက်နေလေသည်။

ကျန်းယွီတစ်ယောက် ရင်ခုန်သံတွေ ထိန်းမရဖြစ်လာတာကြောင့် သူမအကြည့်ရှောင်လိုက်လေသည်။

သူမကိုအိမ်ပြန်လိုက်ပို့ပြီးတော့ ချူးလီတစ်ယောက် ဆောင်းတွင်းကြီးမှာ လူခြေပြတ်တဲ့လမ်းများထက်တွင် တစ်ယောက်တည်း လမ်းလျှောက်ခဲ့လေသည်။

လမ်းမီးတိုင်ကို မှီပြီးရပ်နေစဉ်မှာပင် သူ့ဖုန်းကိုထုတ်လိုက်ကာ စျေးဝယ် app တစ်ခုကို download ဆွဲလိုက်လေသည်။

စျေးဝယ် app ကို download ဆွဲပြီးသည့်နောက်မှာတော့ ဘဲလေးဖိနပ်များကို သူရှာကြည့်လိုက်သည်။

ဖိနပ်စျေးများမှာ ရာဂဏန်းမှ ထောင်ဂဏန်းအထိရှိလေပြီး သောင်းချီတန်သောဖိနပ်များကိုတော့ ရှာမတွေ့ပေ။

ဒီလိုမဖြစ်သင့်ပေ။

ချူးလီသည် ခဏလောက် တွေးတောနေလိုက်ပြီး တစ်အောင့်နေတော့ လျူကျင်းဟွမ်ကို ဖုန်းခေါ်လိုက်လေသည်။

ခဏနေတော့ ဖုန်းကိုင်သော်လည်း အနောက်တွင်တော့ ကာရာအိုခေသီချင်းသံအကျယ်ကြီးနှင့် လူတစ်ယောက်၏ ‘အချစ်ရေ မင်းသာမရှိတော့ရင်’ ဆိုသည့်စာသားကို အော်ဟစ်နေသံ ကြားလိုက်ရသည်။

“ဟော... အနောက်အရပ်ကနေ နေထွက်ကုန်တော့မှာပဲ မင်းက အရင် ငါ့ကိုဖုန်းတွေဘာတွေခေါ်လို့ပါလား..။ မင်း ယွင်ရှီး အထက်တန်းကျောင်းကို ဝင်ပြီးတာနဲ့ သေတဲ့အထိ အရိုက်ခံရမှာလို့ ငါထင်ထားတာ”

လျူကျင်းဟွမ်သည် ချူးလီ၏ ငယ်ဘဝကစားဖော်ဖြစ်သည်။ ဒီ့အပြင် ဒီလောက်နှစ်တွေ အများကြီးအတွင်း သူငယ်ချင်းလို့ ခေါ်ရနိုင်သည့် တစ်ဦးတည်းသောလူလည်း ဖြစ်သည်။

ငယ်စဉ်တုံးက သူနှင့်ချူးလီသည် အိမ်နီးချင်းများဖြစ်ကြသောကြောင့် ချူးလီဘာတွေဖြစ်ခဲ့လဲဆိုတာ သူကောင်းကောင်းသိပေသည်။

ဒါကြောင့်သာမဟုတ်လျှင် ဘယ်သာမန်လူမှ ချူးလီနှင့် သူငယ်ချင်းဖြစ်နိုင်မည် မဟုတ်ပေ။

လျူကျင်းဟွမ်၏ မိသားစုသည် အတော်ဆင်းရဲပေသည်။ ထို့ကြောင့် သူ့မှာ ကျောင်းအစောကြီးထွက်ပြီး လူ့အသိုင်းအဝိုင်းထဲဝင်ကာ ရုန်းကန်ခဲ့ရသည်။ အချိန်အတော်ကြာအောင် အစစ်ကို တုပထားသောပစ္စည်းတစ်ချို့ရောင်း၍ သူ့ကိုယ်သူနှင့် နားမကျန်းနေသော သူ့အဖေကို ထောက်ပံ့ခဲ့ရသည်။

“ငါတစ်ခုမေးမယ်”

ချူးလီကတော့ တိုက်ရိုက်သာ ပြောလိုက်လေသည်။

“မင်းမှာ ဖိနပ်ဝယ်ဖို့ လမ်းကြောင်းရှိလား”

“ရှိတယ်လေ”

လျူကျင်းဟွမ်ကတော့ တုန့်ဆိုင်းမှုမရှိဘဲ ပြန်ပြောလိုက်သည်။

“မင်းဘာဖိနပ်လိုချင်လဲ.. Adidas, Nike, Converse ဘယ်လိုအရည်အသွေးမြင့်ပစ္စည်းမျိုး လိုချင်လဲ။ ငါ့မှာအကုန်ရှိတယ် စျေးကလည်းလှတယ်လေ။ မင်းဘယ်တစ်ခုလိုချင်လဲ”

“အကဖိနပ်”

ချူးလီမှ ပြောလိုက်သည်။

“ဘဲလေး”

ထိုစကားလုံးများထွက်လာသည်နှင့် ဖုန်းသည် စက္ကန့်၂၀လောက် တိတ်ဆိတ်သွားလေသည်။ ပြီးတော့မှ လျူကျင်းဟွမ်တစ်ယောက် ထအော်လိုက်လေသည်။

“သေလိုက်ပါတော့”

“...”

သူနားကြားမှားသွားသည်ဟုပင် ထင်မိသဖြင့် သေချာအောင် နောက်တစ်ခေါက်ထပ်မေးလိုက်လေသည်။

“ဘဲ..ဘဲလေး ဟုတ်လား? ဘယ်ရှုထောင့်ကကြည့်ကြည့် အဲ့ဒါမိန်းမစီးကြီးလေ”

“၃၆လောက်”

“မိန်းမစီးနော်!!”

လျူကျင်းဟွမ်သည် သူ့နားသူပင် မယုံနိုင်ဖြစ်နေလေသည်။

“မိန်းမစီးဖိနပ်ဝယ်မလို့ လုပ်နေတာလား? ပြီးတော့ အကဖိနပ်တွေလေ? နေဦးနော် မဖြစ်နိုင်တာ...”

“ကောင်မလေးအတွက်”

“လခွမ်း..မင်းမှာ ရည်းစားရှိတယ်!!!!”

ဒီကောင်မလေးက ရူးများနေတာလား.. ချူးလီလိုလူမျိုးနဲ့ ကြိုက်ရဲတယ်ပေါ့လေ။

ချူးလီသည် စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

“ရှိလားပဲပြော”

“အေး ငါ့မှာမင်းလိုချင်တာမှန်သမျှ အကုန်ရှိတယ်”

လျူကျင်းဟွမ်သည် သူ့လေသံထဲမှ မကျေမနပ်ဖြစ်နေတာကို သတိထားမိလိုက်သဖြင့် ရှော့ခ်ရနေတာကို ထိန်းလိုက်ကာ စီးပွားရေးအကြောင်းသာ ဆက်ပြောလိုက်သည်။

“ပြည်တွင်းထုတ်၊ ပြည်ပထုတ်.. နည်းနည်းစီရှိတယ်။ မင်းဘယ်တစ်ခုလိုချင်လဲ”

“အကောင်းဆုံးဟာ”

ချူးလီသည် တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်သည်။

“စျေးအကြီးဆုံးဟာ”

“ဒါဖြင့် ခဏစောင့်ဦး ငါ့သူငယ်ချင်းတွေကို ကူမေးပေးမယ်”

ချူးလီသည် ဖုန်းချလိုက်ပြီး လမ်းပေါ်တွင် ၁နာရီကျော်ကျော်လောက် စောင့်နေလိုက်ပြီးနောက်တွင်တော့ လျူကျင်းဟွမ်မှ ဖုန်းပြန်ခေါ်လာလေသည်။

“ငါမေးကြည့်လိုက်တာ ရှိတယ်တဲ့.. စျေးအကြီးဆုံးဟာလိုချင်တာ ကျိန်းသေလား”

“ကျိန်းသေတယ်”

“ငါ့သူငယ်ချင်းက ဟောင်ကောင်က နာမည်ကြီးနောက်ဆုံးပေါ်ဆိုင်ကနေ ပစ္စည်းတစ်ချို့ရထားတယ်။ မင်းသာ စျေးအကြီးဆုံးကို လိုချင်တာဆိုရင် Brand နာမည်တစ်ချို့ပြောပေးမယ်။ စျေးကတော့ ယွမ်၄သောင်းတဲ့”

စျေးကိုကြားပြီးနောက် ချူးလီသည် ခဏလောက် တိတ်ဆိတ်သွားပြီး ပြန်မေးလိုက်သည်။

“အဲ့ဒါကအကောင်းဆုံးပဲလား? အဲ့ဖိနပ်မျိုးထဲမှာလေ”

“ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးတစ်ခုကိုတော့ ငါယူလာပေးနိုင်တယ်။ အွန်လိုင်းပေါ်က ရာနဲ့ချီတဲ့ဟာတွေထက်တော့ လုံးဝကွဲပြားစေရမယ်။ ဖိနပ်အကြောင်းကို နားလည်တဲ့လူတိုင်း သဘောပေါက်ကြလိမ့်မယ်။ မင်းကောင်မလေးသာစီးလိုက်လို့ကတော့ သူလုံးဝမျက်နှာမငယ်စေရဘူးဆိုတာ ငါအာမခံတယ်ကွာ။ ငါတို့သူငယ်ချင်းဆက်ဆံရေးကြောင့် ငါပွဲစားခမယူတော့ဘူး ဆိုင်ဘက်က ဘယ်လောက်လိုချင်လဲဆိုတာသာ မေးပေးမယ်...”

လျူကျင်းဟွမ်ကတော့ သူ့ကိုလိမ်မှာမဟုတ်ဘူးဆိုတာ ချူးလီသိပေသည်။ ထို့ကြောင့် ပြန်ပြောလိုက်လေသည်။

“တစ်လအတွင်း ငါယူမယ်”

“ကောင်းပြီ ငါမင်းအတွက် လမ်းကြောင်းရှာပေးထားမယ်.. စရံချေထားဖို့ မင်းအဆင်ပြေလား”

“မပြေသေးဘူး”

ချူးလီပြန်ပြောလိုက်လေသည်။

“ငါနည်းလမ်းရှာလိုက်ဦးမယ်”

All Chapters