← Chapters

သူက ဘယ်သူလဲ

Vol. 11 Ch. 1049

သူက ဘယ်သူလဲ

Vol. 11 Ch. 1049

ပရိသတ်များထဲ၌ လူကြီး မျိုးဆက်များသာလျှင် အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၏ အဓိပ္ပာယ်ကို နားလည်ကြသည်။

“ဟမ့်... ငါ့အဘိုးက မသတ်ချင်လို့ အလျှော့ပေးနေတာကို အဟုတ်ထင် မနေနဲ့... နင့်လောက်ကို ငါတောင် နိုင်တယ်..”

ကျိုးမင်ကုန်းက ဒေါသတကြီး အော်ဟစ်ကာ စင်ပေါ်သို့ ပြေးတက်သွားသည်။ ထိုသူငယ်နာ မစင်သေးသော ကလေးမကား သူ့အဘိုး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာ ကျိုးမိသားစုကို အရှက်ရစေခဲ့၏။ ထိုအရာက သူ့အား ဒေါသ အကြီးအကျယ် ထွက်စေသည်။

“ဘုန်း...”

သူက လက်တစ်ဖက်အား မြှောက်လိုက်ရာ ကောင်းကင်၌ မြူအလင်းလုံး တစ်ခု ပေါ်လာ၏။ များစွာသော သားရဲများသည် မြူအလင်းလုံးထဲမှ ထွက်ပေါ်လာလေသည်။

ထိုအရာကား ချူကျိုးမြို့၊ ကျိုးမိသားစု၏ နာမည်ကျော် “အဖြူရောင် မြူလက်ဝါး” ပင် ဖြစ်ပေသည်။

“ဘုန်း...”

မိန်းကလေးက နတ်ဘုရားသတ်တူ သိုင်းကွက်ဖြင့် ကျိုးမင်ကုန်း၏ လက်ဝါးကို ဖျက်ဆီး ပစ်လိုက်၏။ သူကား ချက်ချင်းပင် အရိုးများ ကျိုးကြေကာ နောက်သို့ လွင့်စဥ်သွားသည်။

“ရိုင်းစိုင်းလိုက်တာ...”

ကျိုးတယောင်မှာ ဒေါသထွက် သွားသည်။ သူက လေထဲသို့ ပျံတက်ကာ လက်သီးအား ဆုပ်လိုက်၏။ ထိုအရာ မီတာ အနည်းငယ် ကြီးမားသော လက်ကြီး တစ်ခုမှ ကောင်းကင်၌ ပေါ်လာကာ ချန်းယောင်ယောင်ထံ ပြိုကျ လာသည်။

ယခုတစ်ကြိမ်တွင်မူ ကျိုးတယောင်မှာ အနည်းငယ်ပင် အလျှော့ပေးခြင်း မရှိတော့ချေ။ သူကား ခွန်အား အပြည့်အဝကို ထုတ်ဖော်နေခဲ့ပြီ ဖြစ်လေသည်။

“ကျိုးတယောင်... မြောက်ပိုင်းချုံးက နင့်ကို ကျင့်စဥ် တစ်ခုပေးခဲ့တဲ့ အပြင် ဝိညာဥ်ပင်လယ် အဆင့်ကို ရောက်အောင်ပါ ကူညီပေးခဲ့တယ်... အခု နင်က ဒီလိုပုံစံနဲ့ ကျေးဇူးဆပ်တယ်ပေါ့ ဟုတ်လား”

မိန်းကလေးက အော်ဟစ်လိုက်ရင်း လျှို့ဝှက် ကျင့်စဥ်များကို သုံး၍ ပြန်လည် ခုခံလိုက်၏။

“ဘာကြီး...”

မရေမတွက်နိုင်သော လူများမှာမူ သူမ၏ စကားကြောင့် အံ့အားသင့် သွားကြသည်။ သူတို့သည် ကျိုးတယောင် ရုတ်တရက် အစွမ်းထက်လာသည့် နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ယခုမှ သိခဲ့ရခြင်း ဖြစ်ပေသည်။

“မလောက်လေး မလောက်စား ကောင်မလေးများ...”

ကျိုးတယောင်မှာ ဒေါသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာ၏။

“ဘုန်း...”

ရုတ်တရက် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသည့် မြူလုံးမှာ ဓားများ အသွင် ပြောင်းလဲသွားသည်။ ကျိုးတယောင်သည် ထိုဓားများကို ထိန်းချုပ်ကာ မိန်းကလေးအား ခုတ်ထစ်ရန် ကြိုးစားလိုက်သည်။

ထိုမိန်းကလေးမှာ ဝိညာဥ် ပင်လယ် အဆင့် တစ်ဦး ကဲ့သို့ အစွမ်းထက်လိမ့်မည်ဟု ကျိုးတယောင် တွေးပင် မတွေးခဲ့မိချေ။ သူမကား ကျိုးမိသားစု၏ “အဖြူရောင် မြူလက်ဝါး” အပါအဝင် များစွာသော ကျင့်စဥ်များကို ကျွမ်းကျင် နေခဲ့သည်။

ကျိုးတယောင်မှာ မိန်းကလေးအား တစ်ယောက်တည်း ရင်မဆိုင်ဝံ့တော့ချေ။ သူက နောက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။

“ရောင်းရင်းလော့... ရောင်းရင်း ရွှမ်ကျင်း... မင်းတို့ ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား”

လော့ကောကျွင်းနှင့် ဆရာ ရွှမ်ကျင်းတို့မှာ သက်ပြင်းတစ်ချကာ တိုက်ပွဲအတွင်း ဝင်ရောက်လာကြ၏။ သူတို့ နှစ်ယောက်စလုံးကား အတွေ့အကြုံရင့် ဝိညာဥ် ပင်လယ် အဆင့်များ ဖြစ်သည်။ တန်ခိုးရှင် အဆင့် သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှု၌ ချန်းယောင်ယောင်မှာ ချက်ချင်းပင် အောက်စည်းသို့ ရောက်ရှိ သွားလေ၏။

“လော့ကောကျွင်း... အန်တီရှို့က နင့်ကို ထန်လုံ ခန္ဓာ သန့်စင်ခြင်း ကျင့်စဥ် သင်ပေးခဲ့တဲ့ အပြင် စစ်တပ်ကိုပါ ဝင်‌ရောက်နိုင်အောင် ကူညီပေးခဲ့တယ်... သူ့ကြောင့်သာ မဟုတ်ရင် နင် အခုလို နေရာမျိုးကို ရမယ် ထင်နေလား”

“နောက်ပြီး ရွှမ်ကျင်း... နင် တတ်ထားသမျှ အားလုံးက အန်တီရှို့ သင်ပေးထားတဲ့ ဟာတွေချည်းပဲ... နင်က ငါတို့ကို ခြေစုန်ကန်သွားတဲ့ အပြင် အန်တီရှို့ကို သတ်ဖို့ လူသတ်သမားတောင် လွှတ်လိုက်သေးတယ်... ငါ့အကိုကြောင့်သာ မဟုတ်ရင် အန်တီရှို့ ခုချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး... နင် ဘာကြံစည်နေလဲ ဆိုတာ ငါတို့ မသိဘူး ထင်နေလား”

ကျန်းယောင်ယောင်မှာ နောက်သို့ ဆုတ်ရင်း ဒေါသတကြီး အော်ဟစ်နေ၏။ မည်သို့ပင် ဆိုစေ သူမကား အသက် ဆယ့်လေးနှစ် အရွယ် ကောင်မလေးသာ ဖြစ်သည်။ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်သည့် ရင့်ကျက်သော အရွယ် မဟုတ်ပါချေ။

“အဲ့လိုတွေလားဟ...”

မရေမတွက်နိုင်သော လူများမှာ မိန်းကလေး၏ စကားကို နားထောင်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြလေသည်။ တစ်ချိန်တည်း၌ တီဗီ၊ ဖုန်း၊ ကွန်ပြူတာများမှ ကြည့်နေကြသော ပရိသတ်များမှာလည်း ဆွံ့အ နေကြ၏။ လူတိုင်း ကြည်ညိုရသော ဝိညာဥ်ပင်လယ် အဆင့်များ၏ နောက်ကွယ်၌ ထိုကဲ့ စက်ဆုပ်ဖွယ် ကောင်းသော လျှို့ဝှက်ချက်များ ရှိလိမ့်မည် ဟု မည်သူမျှ ထင်မှတ် မထားကြချေ။

“ဟမ့်... နင် လီဆယ်ပြီး ပြောတိုင်း ယုံမယ် ထင်နေလား... ရောင်းရင်းတို့ ဒီဟာမကို မြန်မြတ် အဆုံးသတ် လိုက်ရအောင်...”

ချူမိသားစုမှ ချူထျန်းဟောင်မှာ အော်ဟစ်ကာ စင်မြင့်ပေါ် ခုန်တက်လာသည်။

ကျင့်ကြံသူတို့ စိုးမိုးသော ကမ္ဘာ၌ ပိုမို အစွမ်းထက်သူများသာလျှင် အရှင်သခင် ဖြစ်သည်။ အကယ်၍ ရွှေအမြုတေ အဆင့် သို့မဟုတ် မူလ အဆင့် တစ်ယောက်၏ ကျောထောက်နောက်ခံ မရှိပါက မည့်သည့် အမှန်တရာမျှ သက်ဆိုး မရှည်နိုင်ချေ။

“ဟုတ်တယ်... ကလိန်ကကျစ်ဟာမလေး... သူ့ကို သင်ခန်းစာ မပေးရရင် ငါ ဝူမျိုးရိုး မဟုတ်တော့ဘူး”

ဝူမိသားစု၏ အကြီးအကဲ တစ်ဦးမှာလည်း အင်္ကျီလက်ကို ခါရင်း ပြောလိုက်၏။ ထို့နောက် ကျန်းပေ့နယ်ရှိ အခြား အကြီးအကဲ များမှာလည်း ချူထျန်းဟောင်တို့နှင့် သဘောတရားချင်းတူစွာ ပြောဆိုကြသည်။ သူတို့ အားလုံးသည် အတွေ့အကြုံရင့် ဝိညာဉ် ပင်လယ် အဆင့်များ ဖြစ်သလို တစ်ဉီးချင်းစီမှာ ဂိုဏ်းတစ်ခု သို့မဟုတ် မိသားစု တစ်ခုကို ကိုယ်စား ပြုထားကြသူများ ဖြစ်သည်။

အဆုံး၌ ကျန်းနန်နယ်၊ လုမိသားစုမှ အရှင်လု ပင်လျှင် ဝင်ပါလာ၏။

"မြောက်ပိုင်းချုံးဂိုဏ်းက မိစ္ဆာဂိုဏ်း တစ်ဂိုဏ်း ဆိုတာ လူတိုင်းသိတယ်… ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်ကလည်း ကမ္ဘာကို ဖျက်ဆီးဖို့ပဲ ကြိုးစားနေတဲ့ကောင်ပဲ… သူ့လို မိစ္ဆာလောင်းတွေ ကမ္ဘာမှာ ထပ်ပေါ်လာတာကို ငါတို့ ခွင့်မပြုနိုင်ဘူး"

သူကား ကျန်းနန်နယ်၏ လွှမ်းမိုးမှု အရှိဆုံး မူလ အဆင့် တစ်ယောက် ဖြစ်သည်။ သူနှင့် တန့်ယွမ်ချင်းတို့မှာ အမြဲလိုလို တိုက်ခိုက် နေတတ်ကြသူများ ဖြစ်သည်။ တန့်ယွင်ချင်းသည် မြောက်ပိုင်းချုံးနှင့် အလွန် ရင်းနှီးသူ ဖြစ်ရာ ဖြစ်ရာ သူတို့ ရန်သူများ ဖြစ်နေခြင်းက မထူးဆန်းချေ။

"ဟူး… ဟူး…"

ဝိညာဉ်ပင်လယ် အဆင့် ခြောက်ယောက်သည် တိုက်ပွဲ စင်မြင့်ပေါ်၌ ထပ်မံ တက်လာကာ ကျန်းယောင်ယောင်အား ဝန်းရံ လိုက်ကြ၏။ သူတို့သည် ဓမ္မ စွမ်းအားကို အမြင့်ဆုံး အထိ ထုတ်ဖော်ပကာ ကျန်းယောက်ယောင်ကို အဆက်မပြတ် ဖိအားပေး နေသည်။ ကျန်းယောင်ယောင်ကား မျက်နှာတစ်ခုလုံး ဖြူရော်ကာ အခြေအနေကောင်းခြင်း မရှိတော့ချေ။

"ဘာတုန်းဟ… သူတို့က ကောင်မလေး တစ်ယောက်ကို တကယ်ကြီး ဝိုင်းတိုက် နေတာလား… ဘာဝိညာဉ် ပင်လယ် အဆင့် တန်ခိုးရှင်လဲ… အရှက်မရှိလိုက်တဲ့ ကောင်တွေ"

"ဟုတ်တယ်… သူတို့ကများ မြောက်ပိုင်းချုံးကို မိစ္ဆာဂိုဏ်းလို့ ပြောသေးတယ်… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကဆို ချန်းပေ့ရွှမ်း ဖိနပ်တိုက်ခွင့် ရဖို့တောင် အလုအယက် တန်းစီနေတဲ့ ကောင်တွေ"

"မြောက်ပိုင်းချုံးက သူတို့ ဘဝတွေကို ပြောင်းလဲအောင် ထောက်ပံ့ပေးခဲ့တယ်… ခုလို ကျဆင်းနေတဲ့ အချိန်မှာ သူတို့က မကူညီတဲ့ အပြင် နောက်ကျောကိုပါ ဓားနဲ့ ထိုးလိုက်သေးတယ်"

အင်တာနက်ထက်၌ မှတ်ချက်များမှာ ပလူပျံ နေ၏။ အထူးသဖြင့် မိန်းကလေးများမှာ ပို၍ မခံမရပ်နိုင်အောင် ဖြစ်နေကြသည်။ အသက် ဆယ့်လေးနှစ် အရွယ် ကလေးစိတ် မကုန်သေးသော ကောင်မလေး တစ်ယောက်အား ခွေးအများ အလား ဝိုင်းကာ အမဲဖျက် နေခြင်းကို မည်သူက သဘောကျ မည်နည်း။

"သံဝေဂ ရစရာပဲ… ချန်းပေ့ရွှမ်းသာ ကမ္ဘာကနေ ထွက်မသွားခဲ့ရင် မြောက်ပိုင်းချုံး အနေနဲ့ ခုလောက်ထိ ကျဆင်းသွားမှာ မဟုတ်ဘူး…"

လူအချို့က သက်ပြင်းချ လိုက်ကြသည်။ ချန်းဖန် ပျောက်ကွယ်သွားသည်မှာ ဆယ်စုနှစ် တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် သူတို့ကား သတိရနေဆဲ ဖြစ်ပေသည်။

ထိုအချိန် ခန်းမ အတွင်းရှိ လေထုမှာ ပို၍ လေးလံ ထိုင်းမှိုင်း လာနေ၏။

အသက် ဆယ့်လေးနှစ် အရွယ် ကောင်မလေး တစ်ယောက်ကို ယခု ကဲ့သို့ ဆက်ဆံခြင်းက မတရားကြောင်း လူတိုင်း သိသည့်တိုင် မည်သူမျှ မကန့်ကွက်ရဲကြချေ။

လုယန်နှင့် ကျိုးမင်ကုန်းတို့က တစ်ယောက်ကို တစ်ယောက် ကျေနပ်စွာ ကြည့်ရင်း ပြုံးလိုက်ကြသည်။

"မြောက်ပိုင်းချုံးဂိုဏ်းချုပ်က သေပြီ… ဒါတောင် အဲ့ခွေးမလေးက ကျန်းပေ့ ညီလာခံကို လာပြီး နှောက်ယှဉ်ရဲ သေးတယ်… ခုလို ဖြစ်တာ နည်းတောင် နည်းသေးတယ်"

"အမှန်ပဲ… သေသင့်တယ်"

ကျိုးမင်ကုန်းမှာ ပို၍ပင် ဒေါသထွက် နေခဲ့သည်။ ချန်းယောင်ယောင်ကား သူ၏ လက်မောင်းများကို အားလုံး၏ အရှေ့၌ ချိုးပစ်ခဲ့သည်။ ထိုအရာက သူ့အား အကြီးအကျယ် အရှက်ရစေ၏။

ကျန်းဖေးဖေးမှာ တစ်ခုခု ပြောချင် နေသော်လည်း သက်ပြင်းချကာ ခေါင်းအား ခါယမ်းလိုက်သည်။ ကျန်းပေ့နယ် အကြီးအကဲများ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်စွမ်း သူမ၌ မရှိချေ။

ထိုအချိန် ခန်းမ အပြင်၌…

ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့သည် ထိုမြင်ကွင်းကို အထက်စီးမှ ကြည့်နေခဲ့လေသည်။

"မိန်းကလေးတန့်… ကျုပ်တို့ ဝင်ပါသင့်နေပြီ ထင်တယ်"

ချူမင်ဟွေ့က လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ သူကား ချူထျန်းဟောင်၏ အမူအရာကို ကြည့်ကာ အလွန် ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း တန့်ရီဖေးက သူ့အား လက်ကာပြ လိုက်၏။

"ငါတို့ ဝင်ပါလိုက်ရင် အားလုံး ဆုံးရှုံး သွားနိုင်တယ်… အမှောင်မျိုးနွယ်တွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတို့က သူတို့ရဲ့ လူတွေကို ဒီနေရာ ပို့မထားဘူးလို့ နင်ထင်နေလား… ဒီချင်းယန် စီရင်စုမှာ ဝိညာဉ် ပင်လယ် အဆင့်၊ မူလ အဆင့် ဘယ်လောက် များများ ပုန်းနေမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး… သူတို့ အားလုံးကလည်း မြောက်ပိုင်းချုံးဂိုဏ်းချုပ် ပေါ်လာမှာကို စောင့်နေကြတာ… တကယ်လို့ ခုအချိန် ငါတို့ ဝင်ပါလိုက်ရင် အခြေအနေ အားလုံး ပေါက်ကွဲ သွားနိုင်တယ်"

"ဒါဆို ဒီကလေးမလေးကို သူတို့ ဝိုင်းစော်ကားနေတာ ကျုပ်တို့က ဒီအတိုင်း ကြည့်နေရမှာလား… နောက်ပြီး သူက ချန်းမိသားစုရဲ့ နောက်ဆုံးမျိုးဆက်… သူ သေသွားရင် ကျုပ် ချန်းပေ့ရွှမ်းကို ဘယ်လို မျက်နှာချင်း ဆိုင်ရမှာလဲ"

ချူမင်ဟွေ့က ဒေါသတကြီး မေးလိုက်သည်။

"အဲဒါတော့ မပူနဲ့… သူတို့က ကလေးမလေးကိုတော့ မသတ်လောက်ဘူး… နောက်ပြီး ချန်းပေ့ရွှမ်း သေပြီလား၊ ရှင်နေသေးလား ဆိုတာကိုလည်း ဘယ်သူမှ သေချာ မပြောနိုင်ဘူးလေ"

တန့်ရီဖေးက ပြောလိုက်သည်။ သူမသည် မဖြစ်နိုင်သည့် အပြောင်းအလဲ တစ်ခုကို မျှော်လင့်နေခြင်း ဖြစ်၏။

ယခုအချိန်၌ မြောက်ပိုင်းချုံး၏ စီနီယာ ကျင့်ကြံသူများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ထို့အတူ မြောက်ပိုင်းချုံးနှင့် ဆက်စပ်နေသော လူများမှာလည်း သူမအား ပေါ်တင် ကာကွယ်ရဲလိမ့်မည် မဟုတ်ချေ။ ယခု အချိန်၌ ထိုမိန်းကလေးအား ကယ်တင်နိုင်သူ၊ ကယ်တင်ဝံ့သူမှာ တစ်ယောက်သာ ရှိပေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ချန်းယောင်ယောင်မှာ တန်ခိုးရှင် အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံရင်း ပို၍ အခြေအနေ ဆိုးလာခဲ့၏။ မည်သို့ပင် ဆိုစေ သူမကား ကလေးမလေး တစ်ယောက်သာ ဖြစ်ပေသည်။ အစွမ်းထက် ကျင့်စဥ်များကို ပိုင်ဆိုင်ထားသည့်တိုင် သူမသည် ဉာဏ်များသော မြေခွေးအိုကြီးများကို လုံးဝ မယှဉ်နိုင်ချေ။

"အဲဒါကက ဒီကမ္ဘာသားတွေ အမြဲ ပြောနေကြတဲ့ မြောက်ပိုင်းချုံး ဆိုတာလား… ဘာမှလည်း မဟုတ်ပါလား"

ဝူကျိဂိုဏ်း၏ တပည့် တစ်ယောက်က နှာခေါင်းရှုံ့ လိုက်သည်။

"စွန့်ပစ်ခံဂြိုဟ်နယ်မြေက ဒေသခံဂိုဏ်းလေး တစ်ခုကို မင်းက ဘယ်လောက် အထိ မျှော်လင့် နေတာလဲ…"

အရှင်ရှင်းက ခေါင်းခါကာ ကောင်းကင်ကို မော့ကြည့် နေလိုက်သည်။

ချူမင်ဟွေ့က လက်သီးအား တင်းတင်းဆုပ် လိုက်သည်။ ကျန်းဖေးဖေးမှာမူ မျက်နှာလွှဲနေ၏။ တစ်ချိန်တည်း၌ တန့်ရီဖေးကလည်း သူမ၏ မျက်လုံးများကို မှိတ်လိုက်သည်။

ထိုအချိန်မှာပင် ရုတ်တရက်…

"ဝှစ်.."

အနက်ရောင် ပုံရိပ် တစ်ခုမှာ ချန်းယောင်ယောင်၏ အရှေ့၌ ပေါ်လာခဲ့၏။ သူ မည်သည့် နေရာက မည်ကဲ့သို့ ရောက်လာကြောင်း မည်သူမျှ မတွေ့လိုက်ရချေ။

ထို့နောက် အေးစက်သော အသံတစ်ခုမှာ ထွက်ပေါ်လာ၏။

"မြောက်ပိုင်းချုံးဂိုဏ်းမှာ နောက်ထပ် ဂိုဏ်းဝင် မရှိတော့ဘူး လို့ ဘယ်သူပြောလဲ…"

ထိုအခိုက်၌ လူအားလုံးမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့သည် အနက်ရောင် ပုံရိပ်၏ နောက်ကျောကို ကြည့်ကာ မျက်လုံး အပြူးသား ဖြစ်နေကြလေသည်။

***

All Chapters