← Chapters

တံခါးကို ချောင်းကြည့်နေခြင်း (အပိုင်း ၆)

Vol. 14 Ch. 206

တံခါးကို ချောင်းကြည့်နေခြင်း (အပိုင်း ၆)

Vol. 14 Ch. 206

အနက်ရောင်ဝတ်စုံနဲ့ လူဟာ ဘေးတိုက် တိတ်တဆိတ်နဲ့ အဆက်မပြတ် လှုပ်ရှားနေတာကြောင့် ချန်ခွန်ရဲ့ ခေါင်းမွေးတွေ ထောင်သွားခဲ့ရလေသည်။

ဒီမြင်ကွင်းက ချန်ခွန်ကို ထိတ်လန့်စေခဲ့သည်။

သူက တံခါးကို မှီထားပြီး လက်မဝက်တောင် မလှုပ်ရဲဘဲ သူ့ရဲ့ မျက်လုံးအစုံကို ပြူးကျယ်ထားခဲ့သည်။ သူ့ရဲ့ ဓာတ်မီးဟာ သူ့ရှေ့ မလှမ်းမကမ်းက မြေပြင်ကို ထိုးထားပြီး ရွှေ့လျားနေတဲ့ ပုံရိပ်ကိုတော့ တိုက်ရိုက်မထိုးရဲပါချေ။

သူက အနက်ရောင်ဝတ်စုံနဲ့ လူဟာ အခန်းတစ်လျှောက် တိတ်တဆိတ် ရွေ့လျားသွားပြီး အကွာအဝေးရဲ့ တစ်ဝက်ကို လျင်မြန်စွာ ကျော်ဖြတ်သွားကာ သူ့ဆီကို ပိုပြီး နီးကပ်လာတာကို စိုက်ကြည့်နေခဲ့မိသည်။

“မဖြစ်သေးဘူး၊ သူ ငါ့ဆီကို မကြာခင် ရောက် လာတော့မယ်”

ချန်ခွန်ဟာ တုန်ယင်သွားပြီး နောက်ဆုံးအကြိမ် တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့ ဖွင့်လို့မရဘဲ အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ လမ်းလျှောက်ပုံကို အတုယူရင်း နံရံကို ကပ်ပြီး တုံ့ဆိုင်းနေခဲ့သည်။

တစ်မျိုးတည်းသော ကွာခြားချက်ကတော့ သူက အပြင်ဘက်ကို မျက်နှာမူထားပြီး နံရံကို ကျောပေးထားကာ အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့ပြီး ဆန့်ကျင်ဘက် အတိအကျဖြစ်နေခဲ့သည်။

မကြာခင်မှာပဲ သူတို့ဟာ အခန်းထဲမှာ နေရာလဲသွားခဲ့ရာ ချန်ခွန်ဟာ စမ်းသပ်ခန်းရဲ့ အတွင်းပိုင်းကို ပြေးနေပြီး အနက်ရောင်ဝတ်စုံနဲ့ လူကတော့ တံခါးဘက်ကို ရွေ့သွားခဲ့သည်။

ဒီအချိန်မှာတော့။

ယန်ကျွင်းဇဲဟာ စမ်းသပ်ခန်းတံခါးအပြင်ဘက်မှာ ရပ်နေပြီး သူခုလေးတင် ပိတ်ခဲ့တဲ့ တံခါးကို ကြည့်နေခဲ့သည်။

ချန်ခွန် ပျောက်ကွယ်သွားတာကို သတိထားမိပြီးနောက် သူက တံခါးကိုဖွင်ဖို့ ကြိုးစားခဲ့သည်။ ပထမဆုံး၊ သူက တံခါးကို လုံးဝပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ ဘာမှ ထူးခြားတာ မရှိဘဲ ချန်ခွန်ရဲ့ အရိပ်အယောင်လည်း မရှိပါချေ။

အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေခဲ့ပေသည်။

စဉ်းစားပြီးနောက် သူက ကျောင်းရဲ့ ဒဏ္ဍာရီကို လိုက်နာခဲ့ပြီး စမ်းသပ်ခန်းတံခါးကို ပြန်ဖွင့်ခဲ့ပေမဲ့ တံခါးကို နည်းနည်းလေး ဟထားပြီး ရပ်လိုက်သည်။

သူက အနောက်ကို နှစ်လှမ်းဆုတ်သွားပြီး သူဟထားခဲ့တဲ့ အက်ကြောင်းကို ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ။

စမ်းသပ်ခန်းအတွင်းထဲမှာ ချန်ခွန်က သူ ဘယ်လိုကြိုးစားသည်ဖြစ်စေ ဖွင့်လို့မရတဲ့ တံခါးဟာ ဖြည်းဖြည်းချင်း အက်ကြောင်းတစ်ခုကို ဖန်တီးပြီး ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။

အဲဒီနောက် တံခါးဆီကို ရွေ့သွားခဲ့တဲ့ အနက်ရောင်ဝတ်စုံနဲ့ လူဟာ အက်ကြောင်းကနေ အလွယ်တကူပဲ ဖြတ်သွားပြီး မျက်စိ‌ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

ဆယ်စက္ကန့်လောက်ကြာပြီးနောက် ချန်ခွန်ဟာ စမ်းသပ်ခန်းတံခါးကို ဂရုတစိုက် ချဉ်းကပ်သွားပြီး အပြင်ဘက်မှာ ရင်းနှီးတဲ့မျက်လုံးတစ်လုံး ပေါ်လာပြီး သူ့ကို ကြည့်နေတာကို မြင်လိုက်ရသည်။

ဒီအခြေအနေမှာတော့ သူက အဲဒီမျက်လုံးကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ခဲ့ပြီ ဖြစ်သည်။ ဒါပေမဲ့ အခန်းအတွင်းထဲက ထူးဆန်းမှုတွေနဲ့ တံခါးအဖွင့်အပိတ်လုပ်ပြီးနောက် ရုတ်တရက် ပေါ်လာတဲ့ အဖြစ်အပျက်တွေက သူ့ကို လုံခြုံမှုမရှိဘဲ နက်ရှိုင်းတဲ့ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေစေခဲ့သည်။

သူ လှုပ်ရှားဖို့ ပြင်လိုက်တဲ့အခါ ရုတ်တရက် ယန်ကျွင်းဇဲရဲ့ အသံကို ကြားလိုက်ရသည်။

“ချန်ခွန်၊ မင်း အခု ငါပြောတာကို ကြားလား”

ချန်ခွန်က အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ပေါ်လာခဲ့သည်။ သူက လျင်မြန်စွာ ပြန်ဖြေလိုက်ပြီး “ကြားပါတယ်၊ ကြားပါတယ်။ ယန်ကျွင်းဇဲ၊ မင်း ဘယ်မှာလဲ” လို့ ပြန်ပြောလိုက်သည်။

ယန်ကျွင်းဇဲက သူ့ရဲ့မေးခွန်းကို မဖြေဘဲ “အခု တံခါးကို သွား၊ စမ်းသပ်ခန်းတံခါးကို တိုက်ရိုက်ဆွဲဖွင့်ပြီး ထွက်လာခဲ့” လို့ ပြန်ပြောလိုက်သည်။

“မင်း… သေချာလား” လို့ ချန်ခွန်က တုံ့ဆိုင်းနေခဲ့သည်။

သို့သော် ယန်ကျွင်းဇဲ ပြန်ဖြေတာကို မစောင့်တော့ဘဲ သူက တမင်တကာပဲ အက်ကြောင်းထဲက မျက်လုံးကို လျစ်လျူရှုထားရင်း လမ်းလျှောက်သွားခဲ့ပြီး တံခါးလက်ကိုင်ကို ဆုပ်ကိုင်ကာ တံခါးကို ပြင်းထန်စွာ ဆွဲဖွင့်လိုက်သည်။

အက်ကြောင်းထဲက မျက်လုံးဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အနက်ရောင် မြူခိုးတွေ လှည့်ပတ်ပြီးနောက် တံခါးအပြင်ဘက်မှာ ယန်ကျွင်းဇဲ ရပ်နေခဲ့သည်။

အလားတူပဲ ယန်ကျွင်းဇဲက တံခါးအက်ကြောင်းကနေ အပြင်ဘက်ကို မြင်လိုက်ရတာက အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ မျက်နှာတစ်ခြမ်းနဲ့ မျက်လုံးတစ်လုံးပဲ ဖြစ်သည်။

ချန်ခွန် တံခါးကို ဖွင့်လိုက်တဲ့အခါ သူမြင်ခဲ့ရတဲ့ အရာကလည်း ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင် မီးခိုးအနည်းငယ် လျင်မြန်စွာ ကွဲလွင့်သွားပြီး ကြောက်ရွံ့နေတဲ့ ချန်ခွန်ကို ဖော်ပြနေခဲ့သည်။

ချန်ခွန်ဟာ လျင်မြန်စွာ ပြေးထွက်လာခဲ့ပြီး ယန်ကျွင်းဇဲကို အားရပါးရ ဖက်ထားခဲ့သည်။ သူ့ရဲ့ မျက်နှာပေါ်က ပုံစံကတော့ ကပ်ဆိုးတစ်ခုကနေ လွတ်မြောက်လာခဲ့တဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့သည်။ “ညီလေး၊ ငါ ဘယ်လို ထွက်လာခဲ့လဲဆိုတာ တကယ် သိချင်ပေမဲ့ ငါတို့ ဒီနေရာကနေ အရင် ထွက်သွားပြီးမှ စကားပြောလို့ ရမလား။ မင်း ငါ့ကို သေအောင် ရိုက်ရင်တောင် ငါ ဘယ်တော့မှ စမ်းသပ်မှုတွေ ထပ်မလုပ်တော့ဘူး!” လို့ ပြောလိုက်သည်။

“ကောင်းပြီ” ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်ပြီး “မင်း အရင် ထွက်သွားနှင့်၊ ခုလေးတင် ကော်ကျင်းထောင် လုပ်ခဲ့သလိုပဲ” လို့ ပြောလိုက်လေသည်။

ချန်ခွန်က အံ့အားသင့်သွားခဲ့ပြီး ယန်ကျွင်းဇဲပြောတာကို ကြားလိုက်ရသည်။ “အခု၊ ဒီဓာတ်ခွဲခန်းတံခါးကို ဖွင့်ပြီး အပြင်ဘက်က စင်္ကြံကို ရောက်ဖို့အတွက် ငါတို့ ချောင်းကြည့် သတ္တဝါဆန်းကို နှစ်ဖက်စလုံးကနေ မြင်နိုင်တဲ့ အခြေအနေကို ပြန်ဖန်တီးရမယ်နဲ့ တူတယ်။ ဒီလိုမဟုတ်ရင် ငါတို့ ထွက်လို့မရနိုင်သေးဘူး” လို့ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလိုဆို တစ်ယောက်ပဲ ထွက်လို့ရမယ်” လို့ ချန်ခွန်က လျင်မြန်စွာ ပြောလိုက်သည်။

“မှန်တယ်၊ မင်း သွားနှင့်၊ ငါ နေခဲ့ပြီး ဒီကောင်ကို ရှင်းလိုက်မယ်” လို့ ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်သည်။

“မဖြစ်သေးဘူး! ငါတို့ အတူတူ ထွက်သွားမယ်” လို့ ချန်ခွန်က သူ့ရဲ့ပခုံးကို ဆွဲကိုင်လိုက်သည်။

ယန်ကျွင်းဇဲက ခေါင်းခါလိုက်သည်။ “ငါ့မှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ မပူနဲ့။ အခု ငါပြောတဲ့အတိုင်း လုပ်” လို့ ပြန်ပြောလိုက်သည်။

သူက ဖွင့်ထားတဲ့ စမ်းသပ်ခန်းတံခါးကို မော့ကြည့်လိုက်သည်။ “အခု ငါ ဝင်သွားပြီး တံခါးကို နည်းနည်း ဟထားခဲ့မယ်။ ချောင်းကြည့် သတ္တဝါဆန်း ပေါ်လာတာနဲ့ မင်း ချက်ချင်း အပြင်ဘက်က တံခါးကို သွားဖွင့်လိုက်။ ဒါက စင်္ကြံနဲ့ ချိတ်ဆက်နေခဲ့ရင် ချက်ချင်း ထွက်သွားလိုက်ပြီး ငါ့အတွက် စိတ်မပူနဲ့တော့။ ဒါပေမဲ့ မင်း မထွက်ခင် အပြင်ဘက်တံခါးကို ဖွင့်ထားဖို့ သတိရပါ၊ ဒါက သူ့ဟာသူ ပြန်မပိတ်အောင် တစ်ခုခုနဲ့ ထောက်ထားတာက အကောင်းဆုံးပဲ” လို့ ပြောလိုက်လေသည်။

“ကောင်းပြီ၊ ကောင်းပြီ၊ မင်း ထွက်လာရမယ်” လို့ ယန်ကျွင်းဇဲက သူ့ကို အဲဒီလို လမ်းညွှန်နေတာကို ကြားတော့ သူက ထွက်သွားဖို့ ယုံကြည်မှုရှိရမယ်လို့ ခံစားလိုက်ရပြီး ဘာမှ ထပ်မပြောတော့ပါချေ။

ယန်ကျွင်းဇဲဟာ စမ်းသပ်ခန်းထဲကို ဝင်လာခဲ့ပြီး သူ့နောက်က တံခါးကို ပိတ်လိုက်ကာ ကျဉ်းမြောင်းတဲ့ အက်ကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ အဲဒီနောက် သူတို့နှစ်ဦးစလုံးဟာ အတွင်းထဲမှာ တစ်ယောက်၊ အပြင်မှာ တစ်ယောက် ရပ်နေရင်း အက်ကြောင်းကို စိုက်ကြည့်နေခဲ့သည်။

ဆယ်စက္ကန့်လောက်ကြာတော့ ချောင်းကြည့် သတ္တဝါဆန်းဟာ သူ့ရဲ့ အနက်ရောင်ဝတ်စုံနဲ့အတူ ပုံမှန်အတိုင်းပဲ ပေါ်လာခဲ့လေသည်။

“ငါ့ဘက်ခြမ်းမှာ ချောင်းကြည့် သတ္တဝါဆန်း ရောက်လာပြီ” လို့ ချန်ခွန်က သတိပေးလိုက်သည်။

အခန်းအတွင်းထဲကနေ ယန်ကျွင်းဇဲရဲ့ အသံထွက်လာသည်။ “ငါ့ဘက်ခြမ်းမှာလည်း ရောက်လာပြီ။ အခု၊ အပြင်ဘက်တံခါးကို အခုပဲ သွားဖွင့်လိုက်။ မင်း မထွက်ခင် ဒါကို ထောက်ထားဖို့ သတိရပ့” လို့ ပြောလိုက်သည်။

“ကောင်းပြီ”

ချန်ခွန်က လှည့်လိုက်ပြီး ဓာတ်ခွဲခန်းတံခါးဆီကို လှမ်းအနည်းငယ် လျှောက်သွားကာ တံခါးကို ဆွဲဖွင့်လိုက်သည်။

အပြင်ဘက်က မြင်ကွင်းကို မြင်ပြီးနောက် သူ့ရဲ့စိတ်က တည်ငြိမ်သွားပြီး သူက အခန်းဘက်ကို ပြန်လှည့်လိုက်သည်။ “တံခါးပွင့်နေပြီ၊ စင်္ကြံပဲ၊ မင်းတစ်ယောက်တည်းပဲ ဂရုစိုက်” လို့ ပြောလိုက်သည်။

အဲဒီနောက် သူက ချက်ချင်း လှည့်လိုက်ပြီး တံခါးနောက်က စိုစွတ်နေဆဲဖြစ်တဲ့ ကြမ်းတိုက်တံကို ယူလိုက်သည်။

ချန်ခွန်ဟာ ကြမ်းတိုက်တံရဲ့ အောက်ခြေကို ဇောက်ထိုးလှန်လိုက်ပြီး အစွန်းတစ်ဖက်ကို တံခါးရဲ့ အောက်ထောင့်ကို ထောက်ထားကာ အဝတ်စနဲ့ အစွန်းကိုတော့ ထောက်ထားခဲ့ပြီး တံခါးက သူ့ဘာသာသူ နောက်ပြန်မလှည့်ဘဲ မပိတ်သွားစေဖို့ သေချာစေခဲ့သည်။

အဲဒီလို လုပ်ပြီးနောက် သူက အတွင်းထဲကို “ယန်ကျွင်းဇဲ၊ ငါ တံခါးကို ထောက်ထားပြီ၊ မင်း သတိထားရမယ်” လို့ သတိပေးလိုက်သည်။

ဒီလိုပြောပြီးနောက် သူက စောင့်နေခဲ့ပေမဲ့ ယန်ကျွင်းဇဲရဲ့ အဖြေကိုတော့ မကြားခဲ့ရပါချေ။

ချန်ခွန်က အံ့ဩသွားခဲ့ပေမဲ့ အဲဒီအခန်းထဲကို ပြန်ဝင်ပြီး စစ်ဆေးဖို့တော့ မဆုံးဖြတ်ခဲ့ပါချေ။

တံခါးနားမှာ တုံ့ဆိုင်းနေရင်း သူက နောက်ဆုံးတော့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဒီအခြေအနေမှာ နောက်ထပ်လူတစ်ယောက် ဒီနေရာမှာ ရှိနေတာက အသုံးမဝင်သလို သူတို့နှစ်ဦးစလုံး အဖမ်းခံရဖို့တောင် ဖြစ်နိုင်ချေရှိသည်။ ယန်ကျွင်းဇဲက ချောင်းကြည့် သတ္တဝါဆန်းကို ရှင်းဖို့အတွက် ဒီလောက် ယုံကြည်မှုရှိနေတာကြောင့် ချန်ခွန်အနေနဲ့ နေခဲ့ပြီး ကူညီဖို့ အတင်းအကျပ်ပြောဆိုတာက ညဏ်ရှိတဲ့လူတစ်ယောက် ဖြစ်နေတာနဲ့ မတူပါချေ။

တံခါးက သူ့ဘာသာသူ မပိတ်ဘူးဆိုတာကို သေချာစေပြီးနောက် သူက စင်္ကြံတစ်လျှောက် လျင်မြန်စွာ လျှောက်သွားခဲ့သည်။

သူက လှေကားထစ်ကို ရောက်တဲ့အခါနဲ့ လှေကားအောက်ကို ဆင်းဖို့ ပြင်လိုက်တဲ့အခါ ချန်ခွန်က ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး ဖော်ပြဖို့ ခက်ခဲတဲ့ ကြောက်ရွံ့မှုက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း တွားသွားခဲ့ပြီး သူက ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

ဒီကြောက်ရွံ့မှုက ဒီလောက် ပြင်းထန်လွန်းလို့ သူက တုန်ယင်သွားရုံသာမကဘဲ အိမ်သာတက်ချင်တဲ့ စိတ်ပြင်းပြမှုကလည်း မထိန်းနိုင်လောက်နီးပါး ဖြစ်နေခဲ့သည်။

ချန်ခွန်က အံ့အားသင့်သွားပြီး ချက်ချင်း လှေကားအောက်ကို ကြည့်လိုက်သည်။

သူ့ရဲ့လက်ထဲမှာ ဓာတ်မီး ရှိနေသေးတာကြောင့် သူက အောက်ကို ထိုးလိုက်သည်။

သူက မီးခိုးရောင်ဝတ်စုံနဲ့ ရှည်လျားပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အမျိုးသမီးတစ်ယောက်ဟာ လှေကားတွေကို ဖြည်းဖြည်းချင်း တက်လာတာကို မြင်လိုက်ရသည်။ သူမရဲ့ ကိုယ်ဟန်အနေအထားက တောင့်တင်းနေပြီး သူမရဲ့ ခေါင်းကတော့ ထူးဆန်းတဲ့ အနေအထားနဲ့ ရှေ့ကို ငိုက်ကျနေခဲ့ပြီး လှေကားတွေကို အဆင်မပြေစွာ တက်လာ နေခဲ့သည်။

အမျိုးသမီးဟာ မှောင်မိုက်တဲ့ အငွေ့အသက် အနည်းငယ်နဲ့ ဖုံးလွှမ်းနေခဲ့ပေမဲ့ အခုတော့ ဒါက ကွဲလွင့်နေခဲ့ပြီ ဖြစ်သည်။

အဲဒီအချိန်မှာ ဆေးရည်ရဲ့ ထူးဆန်းတဲ့အနံ့က အောက်ကနေ လွင့်ပျံလာခဲ့လေသည်။

All Chapters