← Chapters

သူက ချန်းပေ့ရွှမ်း

Vol. 11 Ch. 1050

သူက ချန်းပေ့ရွှမ်း

Vol. 11 Ch. 1050

"သူက ဘယ်သူလဲ…"

"ငါလည်း မသိဘူး… သူပြောပုံ အရဆိုရင်တော့ မြောက်ပိုင်းချုံးက ဖြစ်မယ် ထင်တယ်… သူက အကြီးအကဲထဲက တစ်ယောက်များလား… ဒါပေမဲ့ သူ့ကို ကြည့်ရတာ ဘာစွမ်းအားမှ ရှိနေတဲ့ပုံ မပေါ်ဘူး… ဘာမှ မကျင့်ကြံနိုင်တဲ့ သာမန် လူတစ်ယောက်လိုပဲ… ဒါပေမဲ့ သူ ပေါ်လာတဲ့ ပုံကြီးက ဆန်းကြယ်လွန်းတယ်"

"ဟုတ်တယ်… ဘယ်လို ဖြစ်သွားတာလဲ"

အနက်ရောင် ပုံရိပ်၏ ရုတ်တရက် ထွက်ပေါ်လာမှုက ခန်းမ အတွင်းရှိ ကျင့်ကြံသူများကို သာမက တိုက်ရိုက် ကြည့်ရှုနေသော လူများကိုပါ စိတ်ဝင်စား သွားစေခဲ့သည်။

ထိုပုံရိပ်ကား အလွန် လျှင်မြန်လွန်းသည်။ သူသည် ရုတ်တရက် ဆိုသလို မိန်းကလေး၏ အရှေ့၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ချန်းချူရန်၊ အရှင်လုနှင့် အရှင်ရှင်းတို့ ပင်လျှင် သူ ဘယ်လို ရောက်ရှိလာမှန်း မသိလိုက်ချေ။

"ဘုန်း… ဘုန်း… ဘုန်း…"

အနက်ရောင် ပုံရိပ် ပေါ်လာသည်နှင့် ချက်ချင်းပင် ကျိုးတယောင်နှင့် အခြားလူများမှာ နောက်သို့ လွင့်စဉ်ကာ သွားကြသည်။ သူတို့သည် မည်မျှပင် ကြိုးစား စေကာမူ စင်မြင့်ပေါ် ခွေးကျ ဝက်ကျ ပြုတ်ကျ ကုန်ကြ၏။ အားအနည်းဆုံး တစ်ယောက် ဆိုလျှင် ဒဏ်ရာပင် အကြီးအကျယ် ရရှိသွားခဲ့လေသည်။

"သူက ဘယ်သူလဲ…"

တန်ခိုးရှင် အဆင့် အားလုံးမှာ အလူးအလဲ ပြန်ထလိုက်ကြ၏။ သူတို့၏ မျက်နှာများက ဒေါသကြောင့် ရဲရဲနီ နေသည်။ ထိုကဲ့သို့ ပုံပျက်ပန်းပျက် နောက်ဆုတ်လိုက်ရခြင်းက သူတို့အား အကြီးအကျယ် အရှက်ရစေသည်။

"သူက မြောက်ပိုင်းချုံးက နောက်ထပ် ကျင့်ကြံသူ တစ်ယောက်လား…"

ချူယွင်မှာ အနည်းငယ် အံ့အားသင့် နေ၏။

"ဘာပဲဖြစ်ဖြစ် အဲ့ခွေးကောင်လည်း သေမှာပဲ… အဘိုးကျိုးနဲ့ ဆရာ ရွှမ်ကျင်းတို့က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

လုယန်က ပြောလိုက်သည်။ ကျိုးမင်ကုန်း ကလည်း ခေါင်းညိတ်၏။

ချူကျိုး လူငယ်မျိုးဆက်များသည် ကျိုးတယောင်၊ ချူထျန်းဟောက်တို့ အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြသည်။ မူလ အဆင့်များမှ လွဲ၍ သူတို့အား မည်သူမျှ တားနိုင်လိမ့်မည် မဟုတ်ချေ။

"ထူးဆန်းတယ်… သူ့နောက်ကျောကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ"

ကျန်းဖေးဖေးက မျက်မှောင်ကြုတ်ရင်း ရေရွတ် လိုက်သည်။

ရှောင်ရွှမ်မှာမူ ချန်းဖန် ရုတ်တရက် ပျောက်သွားကြောင်း သတိထား နေမိ၏။ သူမက စင်မြင့်ထက်ရှိ လူအား နောက်တစ်ဖန် ကြည့်လိုက်သည်။ ထိုလူအား ချန်းဖန် ဆိုသော ကောင်လေးနှင့် အတော်လေး ဆင်တူပေသည်။

"သူတော့ မဖြစ်လောက်ပါဘူး…"

ရှောင်ရွှမ်က ခေါင်းအား ခါယမ်း လိုက်သည်။

"အဲဒါ သူပဲ…"

တန့်ရီဖေး၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ရီ သွား၏။ ချူမင်ဟွေ့၏ မျက်လုံးများမှာလည်း တဖိတ်ဖိတ် တောက်ပသွားသည်။ သို့သော်လည်း အနက်ရောင် ပုံရိပ်ကား သူတို့အား ကျောခိုင်းနေရာ သေချာ မမြင်ရသေးချေ။

အားလုံးသည် ချန်းဖန်၏ နောက်ကျောအား စူးစိုက်ကာ ကြည့်နေကြ၏။

"မင်းက ဘယ်သူလဲ"

ချူထျန်းဟောက်၏ အသံက ခန်းမ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်ပေါ် လာသည်။

သို့သော်လည်း ချန်းဖန်မှာမူ သူ့ကိုသာ မက၊ တစ်လောကလုံးကိုပါ လျစ်လျူထား၏။ သူက ချွေးများ တစ်ကိုယ်လုံး စိုရွှဲနေသည့် မိန်းကလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။

"ချန်းယောင်ယောင်… နင်က ကျင်းမြို့ရဲ့ ချန်းမိသားစုကလား…"

"ဟုတ်တယ်… ကျွန်မ အဖေက ချန်းရှောင်… ရှင်က သူ့ကို သိလို့လား"

ချန်းယောင်ယောင်မှာ ချန်းဖန်အား ကြည့်ကာ အံ့အားသင့်နေမိ၏။ သူမသည် ချန်းဖန်ကို အလွန် ရင်းနှီးသလို ခံစားနေရသော်လည်း ဘယ်သူဘယ်ဝါမှန်း စဉ်းစား မရခဲ့ချေ။

"သိတာပေါ့… နင် ငယ်ငယ်လေးတုန်းက ငါ နင့်ကိုတောင် ချီပြီး ထိန်းခဲ့ဖူးတယ်"

ချန်းဖန်က မိန်းကလေး၏ နဖူးကို ညင်သာစွာ တို့ထိလိုက်သည်။

"ငါ နင့် အတွက် သူတို့ကို သင်ခန်းစာ ပြန်ပေးပေးမယ်"

ထို့နောက် ချန်းဖန်က ဖြည်းညင်းစွာ လှည့်ကာ အခြားလူများကို မျက်နှာချင်းဆိုင် လိုက်သည်။ ထိုအခိုက်အတန့်၌ လူတိုင်းသည် ချန်းဖန်၏ မျက်နှာကို သေချာ မြင်လိုက်ရ၏။

"ဟမ်…"

မရေမတွက်နိုင်သော လူများမှာ အံ့အားသင့် သွားကြသည်။ ထိုလျှို့ဝှက် ဆန်းကြယ်သော ပုဂ္ဂိုလ်က ချောမောသော လူငယ် တစ်ယောက် ဖြစ်နေသည်လား။

ကျန်းဖေးဖေး၊ လုယန်နှင့် ရှောင်ရွှမ်တို့ကမူ သူတို့ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်သည့် အလား မျက်လုံးများ ပြူးကျယ် သွားကြလေသည်။

"သူက ချန်းဖန်မလား… သူက ဘယ်လိုလုပ်ပြီး စင်ပေါ်မှာ ရုတ်တရက် ပေါ်လာတာလဲ"

သူတို့သည် ထိုအနက်ရောင်ဝတ် လူမှာ ချန်းဖန် ဖြစ်လိမ့်မည်ဟု တွေးပင် မတွေးခဲ့မိကြချေ။

တစ်ချိန်တည်း၌ ကောပိုင်ရှင်း၊ ချူထျန်းဟောင်တို့မှာ တစ္ဆေ တစ်ကောက်ကို မြင်လိုက်ရသည့် အလား မျက်နှာများ ဖြူဖွေး သွားကြလေသည်။

"မင်း… မင်း…"

ချူထျန်းဟောင်မှာ ချန်းဖန်ကို လက်ညိုးထိုးကာ ဘာမှ မပြောနိုင်အောင် ဖြစ်နေခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား မထိန်းချုပ်နိုင်အောင် တဆတ်ဆတ် တုန်ရီ နေခဲ့လေ၏။

"မြောက်ပိုင်းချုံးက မိစ္ဆာဂိုဏ်းလို့ မင်း နောက်တစ်ခါ ထပ်ပြောပါဦး… ငါ ကြားချင်သေးလို့"

ချန်းဖန်မှာ တည်ငြိမ်စွာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ချူထျန်းဟောင်၏ ဒူးနှစ်ဖက်မှာမူ အားမရှိသည့် အလား ခွေယိုင် သွားခဲ့၏။

"မြောက်… မြောက်ပိုင်းချုံး ဂိုဏ်းချုပ်"

ပရိသတ်များထဲရှိ လူအချို့က တုန်တုန်ရီရီဖြင့် ရေရွတ် လိုက်ကြသည်။

သို့သော်လည်း များစွာသော လူများမှာမူ ထိုနာမည်ကို သိပ် မရင်းနှီးကြချေ။ အစိုးရ၏ သမိုင်းလိမ်မှု၊ ဖျောက်မှုကြောင့် လူကြီး မျိုးဆက်များ သာလျှင် မြောက်ပိုင်းချုံး ဂိုဏ်းချုပ် မည်မျှ အစွမ်းထက်သည်ကို သိကြပေသည်။

"မြောက်ပိုင်းချုံး ဂိုဏ်းချုပ်… ဟုတ်လား… မင်းက ဘာစောက်ဆင့်ရှိလို့ ကျန်းပေ့ ညီလာခံကို လာနှောက်ယှက် ရတာလဲ"

လော့ကောကျွင်းက ချန်းဖန်ထံ ပစ်ဝင်ကာ တိုက်ခိုက်လိုက်၏။ လောက၏ အစစ်အမှန် အမတေသည် လေဆင်နှာမောင်း အသွင်သို့ ပြောင်းလဲလေရာ မြေပြင်ပင်လျှင် တုန်လှုပ် လာ၏။

"မဟုတ်ဘူး… ရောင်းရင်းလော့… သူက ချန်း…"

ကျိုးတယောင်နှင့် ရွှမ်ကျင်းတို့က အော်ဟစ် တားဆီးရန် ကြိုးစားလိုက်ကြ၏။

"ဘုန်း…"

သို့သော်လည်း သူတို့၏ စကား မဆုံးခင်မှာပင် လော့ကောကျွင်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း၊ အစစ အဖြစ် ပေါက်ကွဲ သွားလေတော့သည်။ ပေါက်ကွဲမှု အပိုင်းအစများသည် အက်တမ်များထက်ပင် သေးငယ်ရာ လေ၏ သယ်ဆောင်မှုနောက်သို့ သွေးမြူ အဖြစ် လိုက်ပါ သွားရတော့၏။

"ဝိညာဉ် ပင်လယ် အဆင့် တန်ခိုးရှင်က ဒီလို လွယ်လွယ်ကူကူ အသတ်ခံလိုက်ရတာလား…"

များစွာသော လူများမှာ မိမိ၏ အမြင် အာရုံကို သံသယပင် ဝင်သွားကြသည်။ ကျန်းဖေးဖေး၊ လုယန်၊ ရှောင်ရွှမ်နှင့် ချူယွမ်တို့မှာလည်း ထိုအထဲ၌ အပါအဝင် ဖြစ်၏။

Mango live ၏ အစီအစဉ် တင်ဆက်သူ ကျန်းဟွာ ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

"သူက ချန်းပေ့ရွှမ်း…"

သို့သော်လည်း ကျိုးတယောင်၏ စကား အဆုံးသတ်က အားလုံး၏ အသိစိတ်နှင့် သံသယကို လုံးဝ ရှင်းလင်း သွားစေခဲ့ လေသည်။ သူတို့သည် "ချန်းပေ့ရွှမ်း" ဆိုသော နာမည် နောက်ကွယ်ရှိ ဒဏ္ဍာရီများကို မြင်ဖူး၊ ကြားဖူး ကြပေသည်။

ချန်းပေ့ရွှမ်း…

ကမ္ဘာ၏ အရှင်သခင်ကား နောက်ဆုံး၌ ကမ္ဘာကို ပြန်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters