← Chapters

သံသယ

Vol. 133 Ch. 1993

သံသယ

Vol. 133 Ch. 1993

“ ငါတို့ရော လိုက်ခဲ့ပေးရဦးမလား …” ချိုးယွီလော့ မေးမြန်းလိုက်သည်။

လင်းရီ ခေါင်းခါယမ်း၍ “ မလိုသေးဘူး… ငါ အရင် သွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်… ငါ့ဆီက သတင်းကို စောင့်နေလိုက် …”

“ အိုကေလေ… တစ်ခုခုလိုအပ်တယ်ဆိုရင် လှမ်းခေါ်လိုက် …”

သူမတို့ နှစ်ယောက်အား ရှင်းပြပြီးနောက် လင်းရီသည် တက္ကစီစီး၍ လေဆိပ်သို့ ထွက်လာခဲ့သည်။ ထို့နောက် သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဂျပန်ကျွန်းသို့ ပျံသန်းလာသည်။

ညဉ့်သန်းခေါင်ယံအချိန်တွင် တိုကျိုလေဆိပ်သို့ ဆင်းသက်လာပြီး စတိုးဆိုင် တစ်ဆိုင်မှ မာ့စ်နှင့် ဦးထုပ် ဝယ်ယူ၍ ရုပ်ဖျက်ကာ အာယာနဲ မစ်ဆူရှိနေသည့် ‘မစ်ဆူအထိမ်းအမှတ်’ ဆေးရုံသို့ ထွက်လာခဲ့သည်။

‘မစ်ဆူအထိမ်းအမှတ်’ ဆေးရုံက မစ်ဆူအုပ်စု လက်အောက်ရှိ အရေးပါသည့် ဆေးစင်တာ တစ်ခုဖြစ်ပြီး တည်ထောင်ကာလက နှစ်တစ်ရာသက်တမ်းခန့် ရှိပြီ ဖြစ်၏။ ဂျပန်တို့၏ အတိတ်သမိုင်းစာမျက်နှာတွင် မဏ္ဍိုင်နေရာတစ်ခု အဖြစ် နေရာယူထားပြီး ဤသည်က မစ်ဆူအုပ်စု၏ ကြွယ်ဝမှု မည်မျှ ရှိသည်ကို ပြသရာလည်း ရောက်နေသည်။

အတိတ်တွင်တုန်းက လင်းရီသည်လည်း ဆေးရုံတစ်ခု တည်ဆောက်ဖို့ကို အတွေးရှိခဲ့ဖူးသည်။

သူ၏ လုပ်နိုင်စွမ်းနှင့် အရင်းအမြစ်တို့ဖြင့် ပြည်ထောင်စု ဆေးရုံကဲ့သို့ အဆင့်မြင့် ဆေးရုံကြီး တစ်ရုံကို ငါးနှစ်အတွင်း တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။ သို့သော် သူ၏ အဆိုပါအကြံဉာဏ်အား ရှန်းရှုရီ သိရှိသွားသည်နှင့် ချက်ချင်းပဲ ဟန့်တားမြစ်ခဲ့သည်။

ဤကိစ္စ၏ ရှုပ်ထွေးသည့် အကြောင်းအရင်းများကိုတော့ အခြားလူတို့နှင့် ဝေမျှလို့ မဖြစ်နိုင်ချေ။

တက္ကစီပေါ်တွင် မိနစ်လေးဆယ်မျှ အချိန်ဖြုန်းပြီးနောက် မစ်ဆူအထိမ်းအမှတ် ဆေးရုံဝင်ပေါက်ဝသို့ ရောက်ရှိလာသည်။

လင်းရီ သူ၏ မာ့စ်ကို ချိန်ညှိ၍ ဆေးရုံ၏ ရှစ်လွှာမြှောက်သို့ ဓာတ်လှေကားစီးပြီး တက်လာခဲ့သည်။

ရှစ်လွှာမြှောက်က ဆေးရုံ၏ ဗွီအိုင်ပီများအတွက် အထူးဖွင့်လှစ်ထားခြင်းပင်။ မစ်ဆူမိသားစုပိုင် ဆေးရုံဖြစ်သည့်အတွက် အာယာနဲမစ်ဆူသည်လည်း ဤနေရာတွင် နေထိုင်ရခြင်းကို မိမိ၏အိမ်နှင့်မခြား ခံစားနေရသည်။

အာယာနဲ မစ်ဆူ ရှိနေသည့် လူနာခန်းက လူနာခန်းဟု ဆိုသည်ထက် အဆင့်မြင့် ဟိုတယ်တစ်ခု၏ ဇိမ်ခံအခန်းနှင့် ပိုပြီး ဆင်တူနေသည်။

ထိုအချိန်၌ သူမ၏ နဖူး၊ ညိုသကျည်းနှင့် လက်မောင်းတို့တွင် ပတ်တီးများ စည်းထားရသော်လည်းပဲ ဒဏ်ရာတို့က ပြင်းထန်ခြင်း သိပ်မရှိသဖြင့် စာရွက်စာတမ်းများကို ဆက်ပြီး ဖတ်ရှုနေနိုင်သည်။

“ လူကြီးမင်းလင်း …”

လင်းရီ ဝင်လာသည်ကို မြင်တော့ အာယာနဲ မစ်ဆူ မျက်လုံးအရောင်လက်သွားခဲ့ပြီး သူမ ချက်ချင်းပဲ သူ့အနားသို့ လျှောက်လှမ်းလာသည်။

သို့သော် လင်းရီမှာ အာယာနဲမစ်ဆူကို ချက်ချင်း မတုံ့ပြန်ဘဲ ခန်ဂျိနာခါတာထံသို့ အကြည့်တစ်ချက်ပို့လိုက်သည်။

ခန်ဂျိနာခါတာလည်း လင်းရီဆိုလိုချင်သည့် သဘောကို နားလည်၍ အခန်းထဲရှိ လူများအားလုံးကို အပြင်သို့ ထွက်သွားခိုင်းလိုက်သည်။

မကြာမီ ခန်ဂျိနာခါတာအပြင် လူတိုင်း အပြင်သို့ ထွက်ခွာသွားခဲ့ကြ၏။ သူက လင်းရီနှင့် အာယာနဲ မစ်ဆူကို သီးသန့်အချိန်လေး ဖန်တီးပေးလိုက်ခြင်းပင်။

“ တောင်းပန်ပါတယ်နော်… ကျွန်မ ရှင့်ကို ပင်ပန်းစေမိပြီ… ခန်ဂျိနာခါတာပြောတာ ရှင်က ဒီကို တကူးတက လာခဲ့တာတဲ့ …”

အာယာနဲ မစ်ဆူ၏ သွင်ပြင်က ဝမ်းနည်းနေပြီး သူမ၏ ချစ်သူကောင်လေးကို စောဒကတက်ချင်နေသည့် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

“ ဒါတွေ မလိုပါဘူး…” လင်းရီ ပြုံးလိုက်ပြီး “ ပြီးတော့ မင်းရဲ့ အနေအထားနဲ့ ဂျပန်မှာ ကားအက်စီးဒင့်ဖြစ်တယ်ဆိုတာ ရိုးရိုးသာမန်မှ မဖြစ်နိုင်တာ …”

“ တစ်ယောက်ယောက်က ဒီလို ဖြစ်အောင် တမင်လုပ်နေတယ်လို့ ရှင်က သံသယရှိနေတာလား …”

“ အဲ့လို ဖြစ်ဖို့ များတယ်….”

လင်းရီ အာယာနဲ မစ်ဆူ၏ တင်ပါးကို အသာတစ်ချက် ပုတ်လိုက်ပြီး “ မပြင်းထန်ဘူးဆိုရင်တောင် မင်းက ဒဏ်ရာရထားတဲ့လူလေ … ဘာလို့ အလုပ်တွေ လုပ်နေတာ .. သွားပြီး နားတော့ … ငါ ခန်ဂျိနာခါတာနဲ့ စကားသွားပြောဦးမယ်….”

“ အွန်း …”

အာယာနဲ မစ်ဆူက ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး လင်းရီ ခန်ဂျိနာခါတာကို အထဲသို့ လှမ်းခေါ်လိုက်သည်။

“ လူကြီးမင်းလင်း … အခုလိုမျိုး တကူးတက ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ အချင်းချင်းတွေကိုပဲ … ဒါတွေ မလိုပါဘူး … ခင်များက ကျုပ်ကို အပြင်လူလိုမျိုး ဆက်ဆံလွန်းနေပြီ … အရင်ဆုံး ဘာဖြစ်ခဲ့လဲ ကျုပ်ကို အသေးစိတ်ပြော ….”

“ ဒီလိုပါ … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါနဲ့ ဥက္ကဌ အိုယာကာကို အလုပ်ခရီးသွားခဲ့ကြတယ်… လေယာဉ်ပေါ်က ဆင်းတော့ ညနေခြောက်နာရီထိုးနေပြီ … ဒါပေမယ့် အိမ်ပြန်တဲ့လမ်းမှာ တိုရိုတာ ခရောင်း တစ်စင်းက လမ်းမျက်နှာချင်းဆိုင်ကနေ ရုတ်တရက်ထွက်ပေါ်လာပြီး ငါတို့ရဲ့ ကားကို ဝင်တိုက်သွားတာပဲ … ရုတ်တရက်ချည်းဆိုတော့ ငါလည်း အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘူး .. ကံကောင်းတာ နှစ်ယောက်လုံး ဒဏ်ရာနည်းနည်းလေးပဲ ရသွားလို့ပေါ့ ….”

“ ကားက ရုတ်တရက်ကြီး လမ်းကြောင်း ပြောင်းလာခဲ့တာလား ဟုတ်လား …” လင်းရီ မျက်မှောင်ကြုတ်ထားလျက် မေးမြန်းလိုက်သည်။

“ ဟုတ်တယ်… ငါလည်း တကယ်ကို တုံ့ပြန်လို့ မမီလိုက်ဘူး …”

“ ဒါဆိုရင်တော့ တမင်လုပ်တာပဲ …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဒရိုင်ဘာကို ရဲတွေ ဖမ်းထားပြီးရောပေါ့ …”

ခန်ဂျိနာခါတာ ခေါင်းညိတ်လိုက်သည်။ “ သူ အခု ရဲစခန်းမှာ …. ရဲဘက်က စစ်ဆေးနေတယ်ဆိုပေမယ့် ဘာမှ အတိအကျ မသိရသေးဘူး ….”

“ မပူနဲ့ … ကျုပ်သွားပြီး တစ်ချက်ကြည့်လိုက်မယ်… ခင်များက ဒီမှာနေပြီး အာယာနဲကို စောင့်ကြည့်ထားပေး …”

“ လူကြီးမင်းလင်းကို လိုက်ပို့ပေးဖို့ လူထည့်ပေးရဦးမလား …” ခန်းဂျိနာခါတာ မေးမြန်းလိုက်သည်။

“ အဲ့လိုဆို ကောင်းတာပေါ့ … ဘာပဲဆိုဆို ဒါက ဂျပန်မှာဆိုတော့ ခင်များတို့လူတွေ အနားမှ ရှိနေတော့ ပိုပြီး အဆင်ပြေတာပေါ့ ….”

ထိုအချိန်မှာပဲ အာယာနဲ မစ်ဆူ ရုတ်ချည်း မတ်တပ်ရပ်၍ လင်းရီအနားသို့‌ လျှောက်လှမ်းလာခဲ့သည်။

“ ဒီကိစ္စကို ကျွန်မတို့လူတွေ ကိုင်တွယ်တာက ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်… ရှင်က ဒီကနေပဲ အမိန့်ပေးလိုက် … ကိုယ်တိုင်သွားဖို့ မလိုပါဘူး ….”

“ မဟုတ်ဘူး … ကိစ္စက နည်းနည်းရှုပ်ထွေးတော့ ကိုယ်တိုင်သွားမှ အဆင်ပြေမှာ ….”

“ အွန်း … ဒါဆိုလည်း ဂရုစိုက်ဦးနော်… ကျွန်မ ဒီည အိမ်ပြန်ပြီး ရှင့်ကို စောင့်နေမယ်….”

“ အင်း‌…”

ဆွေးနွေးပြီးနောက် လင်းရီ အပြင်သို့ ထွက်ခွာသွားခဲ့ပြီး ခန်ဂျိနာခါတာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆင့်ခေါ်လိုက်သည်။

အမျိုးသားက အတော်လေး သာမန်ဆန်သော်လည်းပဲ အမျိုးသမီးမှာတော့ အထူးတလှယ် ဆွဲဆောင်မှု ရှိနေသည်။

နှစ်ယောက်အတူ မတ်တပ်ရပ်နေပါက ဂျပန်ရုပ်ရှင်ကားထဲရှိ သာမန်ကောင်လေးနှင့် ဆက်စီကျကျ ကောင်မလေး စုံတွဲကဲ့သို့ ခံစားချက်မျိုးကို ရရှိစေသည်။

လင်းရီ သူတို့နှစ်ဦးကို သာမန်လျှံကာ တစ်ချက် ကြည့်ပြီး E အဆင့်များ ဖြစ်နေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။

“ လူကြီးမင်းလင်း … မိတ်ဆက်ပေးပါရစေ …”

ခန်ဂျိနာခါတာက ဆက်ဆီကျသည့် အမျိုးသမီးကို ညွှန်ပြ၍ “ ဒီဘက်က မီနာအီတို … ပြီးတော့ ဒီဘက်က ဟီဒဲ ခါမဲတ … သူတို့နှစ်ယောက်က လူကြီးမင်းလင်းကို ကူညီပေးပါလိမ့်မယ်….”

“ ကောင်းပြီ .. ကျေးဇူးပဲ …”

နှစ်ယောက်လုံး လင်းရီအား ဦးညွှတ်၍ “ တွေ့ရသာဝမ်းသာပါတယ် လူကြီးမင်းလင်း … ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦးခင်ဗျ/ရှင့် …”

...........

စီစဉ်စရာရှိသည်များအား စီစဉ်ပြီးနောက် အုပ်စုမှာ ဆေးရုံထဲက ထွက်လာခဲ့ကြလေသည်။

ခန်ဂျိနာခါတာက အာယာနဲမစ်ဆူကို အိမ်သို့ ပြန်ပို့နေစဉ်တွင် လင်းရီက မီနာအီတိုနှင့် ဟီဒဲ ခါမဲတတို့နှင့်အတူ ရဲစခန်းသို့ ဦးတည်နေလျက် ရှိသည်။

ညဉ့်နက်ချိန် ဖြစ်သော်လည်းပဲ တိုကျိုမြို့ကြီးက လင်းထိန်တောက်ပနေလျက် ရှိဆဲပင်။

လင်းရီအဖို့ … တိုကျိုမြို့ကြီးက ညဘက်အချိန်အခါတွင် ဆွဲဆောင်မှု အော်ရာများကို တစ်ချိန်လုံး ထုတ်ဖော်ပြသနေသည့် ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးသဖွယ် ဖြစ်ပြီး နေ့ဘက်အချိန်၌ အေးတိအေးစက်နိုင်ပြီး ချဉ်းကပ်ရခဲယဉ်းသည့် အမျိုးသမီးတစ်ဦး အသွင်သို့ ကူးပြောင်းသွားသည်ဟု ခံစးနေရလေသည်။

လူရောမြို့ပါ ကိုင်တွယ်ရ ခဲယဉ်းလှသည်။

ထိုင်ခုံနောက်ကျောသို့မှီရင်း လင်းရီ နဖူးပေါ်လက်တင်လျက် အာယာနဲ မစ်ဆူ၏ ကားမတော်တဆမှုအကြောင်း အတွေးနက်နေခဲ့၏။

ဤကိစ္စက ဟုန်မန်ဂိုဏ်းနှင့် ဆက်စပ်နေခြင်း မရှိကြောင်းကိုတော့ သေချာသည်။

တစ်ဖက်သူ၏ ရည်ရွယ်ချက်က သိသာလှသည်။ သူတို့က အာယာနဲ မစ်ဆူကို လွန်လွန်ကျွံကျွံ ထိခိုက်စေမည့် တစ်စုံတစ်ရာ မပြုလုပ်ဝံ့သော်လည်း အခြားနည်းလမ်းတစ်ခုဖြင့် ခြိမ်းခြောက်သတိပေးနေခြင်းပင်။

သို့သော် ဤကဲ့သို့ သေးမွှားသည့် အပြုအမူလေးက အဖွဲ့အစည်းကြီး တစ်ခုအဖို့ အမှန်ပင် အဆင့်နိမ့်ပြီး အောက်တန်းကျသည်ဟုလည်း လင်းရီခံစားနေရ၏။

အကြောင်းအရာ အသေးစိတ်နှင့် ပတ်သက်၍ကတော့ သူ ရဲစခန်းသို့ သွားရောက်ပြီး စုံစမ်းကြည့်လျှင် အနည်းငယ် သိရှိနိုင်ပေမည်။

လမ်းမထက်တွင် မီးအလင်းရောင်တို့ ထိန်လင်းတောက်ပနေသော်လည်းပဲ ဖြတ်သွားဖြတ်လာပြုနေသည့် ကားတို့ကတော့ သိပ်အများကြီး မရှိပေ။ နာရီဝက်ခန့် ကြာပြီးနောက် သုံးယောက်မှာ တိုကျိုရဲစခန်းသို့ ရောက်ရှိလာသည်။

မီနာအီတိုနှင့် ဟီဒဲခါမဲတတို့နှစ်ဦးလုံး လင်းရီကို အထဲသို့ လိုက်ပို့ပေးလိုက်ကြသည်။

ဌာနရှိ ကိစ္စများကိုတော့ ခန်ဂျိနာခါတာက ကြိုတင်စီစဉ်ထားပြီးဖြစ်၏။

လင်းရီတို့ အထဲရောက်သည်နှင့် တစ်ဖက်က မည်သည်ကိုမျှ မေးမြန်းခြင်း မပြုဘဲ စစ်ကြောရေး အခန်းထဲသို့ လိုက်လံပို့ဆောင်ကာ တရားခံနှင့် တွေ့ဆုံစေသည်။

တရားခံ ဒရိုင်ဘာက ဆံပင်အဝါရောင် ဆိုးထားသည့် လူငယ်တစ်ဦးဖြစ်ပြီး အသက် နှစ်ဆယ်အစောပိုင်းမျှသာ ရှိဦးမည်ဟု ထင်ရ၏။ သူ၏ အမူအရာမှာ ကလေးဆန်ပြီး အနည်းငယ် ခပ်ဆိုးဆိုးနိုင်သည်ဟုလည်း လင်းရီ ခံစားနေရ၏။

ဖောင်ကို တစ်ချက်ကြည့်လိုက်တော့ ထိုလူငယ်၏ နာမည်က ရှိုဂါဝါ အီရှီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“ လူကြီးမင်းတို့ … တရားခံက ဒီမှာပါ … အခု သူ့ကို မေးချင်တဲ့ မေးခွန်းတွေ မေးလို့ရပါပြီ…”

ရဲအရာရှိက ယဉ်ကျေးစွာ ပြောဆိုပြီးနောက် ဘေးတွင် ရပ်နေလိုက်သည်။ သူ့တွင် အခန်းထဲက ထွက်ခွာသွားမည့် ရည်ရွယ်ချက်မျိုး မမြင်တွေ့ရချေ။

လင်းရီသည် ရှိုဂါဝါ အီရှီထံသို့ လျှောက်လှမ်းလာခဲ့ပြီး သူ့အား အပေါ်စီးမှ ငုံ့ကြည့်၍ တည်ငြိမ်စွာ ဆိုလိုက်သည်။ “ ကောင်းပြီ … အတိအကျ ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြော …”

“ အာယာနဲ မစ်ဆူရဲ့ ကားကို တိုက်ခဲ့တာ မင်းလား …”

All Chapters