← Chapters

သူနဲ့ စကားပြောမယ်

Vol. 133 Ch. 1995

သူနဲ့ စကားပြောမယ်

Vol. 133 Ch. 1995

ရှိုဂါဝ အီရှီ တစ်ကိုယ်လုံး ချမ်းစိမ့်၍ တုန်ယင်လာသည်။

ထိုအခါမှပဲ သူ့ရှေ့ရှိ လူ၏ အကျင့်စရိုက်သည် ယခင် သူထင်မှတ်ထားသည်နှင့် လုံးဝ ဆန့်ကျင်နေကြောင်းကို သိရှိလိုက်ရတော့သည်။

သူ၏ အက်ရှရှ အသံအတွင်းထဲ၌ ပြန်လည် မေးခွန်းထုတ်မရသည့် အမိန့်ပေးမှုတို့ ပါဝင်နေခဲ့၏။

ဤလူ၏ ရှေ့မှောက်၌ သူ့မှာ ပြန်လည် ဆန့်ကျင်ခုခံဝံ့သည့် သတ္တိများပင် ပျောက်ဆုံးသွားခဲ့မိတော့သည်။

“ ငါ … ငါလည်း ကားအက်စီးဒင့် မဖြစ်ချင်ပါဘူး … မင်းတို့ကိုယ်မင်းတို့ ပိုက်ဆံရှိတိုင်း ငါ့ကို ဒီလိုမျိုး ဆက်ဆံလို့ မရဘူးကွ …”

“ တကယ်လို့ ဒီတိုင်း သာမန် ကားအက်စီးဒင့် ဆိုရင် ငါတို့လည်း ဒီတိုင်း လွှတ်ပေးလိုက်လို့ရတယ်.. ဒါပေမယ့် ငါ့စိတ်ထဲ ..... ဒါက တိုက်ဆိုင်မှု သပ်သပ်လို့ မထင်ဘူး …”

လင်းရီ စင်မြင့်ထက်တွင် မတ်တပ်ရပ်နေပြီး ရှိုဂါဝါကို အထက်စီးက ငုံ့ကြည့်လိုက်သည်။ “ မင်းမှာ အခွင့်အရေး တစ်ခါပဲ ရှိတယ်… မင်းကို ဘယ်သူက ဒီလိုလုပ်ခိုင်းလဲ ဆိုတာ ငါ့ကို ပြော …”

“ ငါ .. ငါ တကယ်ကြီး ဘာမှ မသိပါဘူးဆို … မင်းတို့ ငါ့ကို အထင်လွဲနေကြပြီ …”

လင်းရီ လက်ဝှေ့ယမ်းပြီး နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။

ရှိုဂါဝါ အီချီမှာ ကြက်သေသေသွားခဲ့၏။ လင်းရီ၏ ဆိုလိုရင်းကို သူ နားမလည်နိုင်ဘဲ ဖြစ်နေသည်။

သို့သော် မကြာမီမှာပဲ သူ နားလည်သွားခဲ့၏။

ကျယ်လောင်သည့် အင်ဂျင်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှိုဂါဝါ လှည့်ကြည့်လိုက်သည်တွင် ဘိလပ်မြေဖျော်စက်က စတင်လည်ပတ်လာပြီး ၎င်း၏ လက်တံအရှည်ကြီးက သူ့ခေါင်းထက်သို့ ရောက်လာခဲ့ကာ လေးထောင့် သံတိုင် ထိပ်ဝသို့ ရောက်ရှိလာသည်။

ထို့နောက် ကျယ်လောင်သည့် ဆူညံသံတို့ ဆက်လက်ထွက်ပေါ်လာပြီး ဖျော်စက်ထဲရှိ ဘိလပ်မြေတို့က သံတိုင်အတွင်းထဲသို့ ရေစီးဆင်းသည့်နှယ် စီးဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

“ မင်း … မင်းတို့ …”

ရှိုဂါဝါ၏ မျက်လုံးတို့မှာ မျက်စိအိမ်ထဲကထွက်ကျလုနီးပါး ဖြစ်လာခဲ့၏။ လင်းရီမှာ သူ့ကို အရှင်လတ်လတ် မြုပ်နှံပစ်ချင်နေသည်ကို သူ နားလည်သွားခဲ့တော့သည်။

“ ဒီအလျင်နဲ့ဆိုရင် ကော်လံတစ်ခုလုံး ဖြည့်ဖို့က စက္ကန့်လေးဆယ်ပဲ … မင်းကတော့ . . . . . “ လင်းရီ ခေတ္တရပ်တန့်၍ “ ဒီရဲ့ အခိုက်အတန့်လေးကို ခံစားကြည့်ပေါ့ …”

ထိုသို့ ပြောပြီးသည့်နောက် လင်းရီ ထွက်ခွာသွားခဲ့ကာ ရှိုဂါဝါအား လျစ်လျူရှုထားလိုက်တော့သည်။

“ မဟုတ်ဘူး … မသွားနဲ့ …” ရှိုဂါဝါ နောက်မှနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ တစ်ယောက်ယောက်က ငါ့ကို ဒါမျိုး လုပ်ဖို့ ခိုင်းလာလို့ပါ … ငါနဲ့ ဘာမှမဆိုင်ဘူး … ကျေးဇူးပြုပြီး ရပ်ပေးပါတော့ ….”

လင်းရီနှင့် မီနာအီတိုတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြပြီး ဟီဒဲ ခါမဲတကို ရပ်တန့်ရန် အချက်ပြလိုက်သည်။

ကျယ်လောင်သည့် စက်သံက နောက်ဆုံး၌ ရပ်တန့်သွားခဲ့ပြီး ဆူညံမှုက သိသိသာသာ လျော့ကျသွားခဲ့လေသည်။

ရှိုဂါဝါ အီချီသည် မောဟိုက်စွာ အသက်ရှူနေရပြီး အင်္ကျီတစ်ခုလုံးလည်း ချွေးစေးတို့ ရွှဲနစ်နေခဲ့ကာ မိုးမိထားသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။

“ ပြော … အခုချိန် ရောက်မှတော့ အချင်းချင်း အချိန်မဖြုန်းတာ အကောင်းဆုံးပဲ …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

“ ဒါကို ငါ့ဝမ်းကွဲက စီစဉ်တာ … သူ ငါ့ကို ဒီလိုလုပ်ပေးဖို့ ယန်းငါးသောင်းပေးတယ်…”

ရှိုဂါဝါ အီချီ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါနေပြီး “ ကျေးဇူးပြုပြီး ငါ့ကို ဘာမှမလုပ်ပါနဲ့ … ငါ တကယ်ကြီး ဘာမှ မသိပါဘူး …”

“ မင်းရဲ့ ဝမ်းကွဲက ဘယ်သူလဲ….”

“ သူ့နာမည်က တာခူချီ ဖူဂျီတ … သူက ဂန်းစတားအဖွဲ့ဝင် တစ်ယောက်ပဲ … မနေ့က ငါ့ဆီလာရှာပြီး သူ့ကို ကိစ္စ တစ်ခု ကူညီပေးဖို့ ပြောတယ်… သူက လူတွေကို ရိုက်ခိုင်းမှာလည်း မဟုတ်ဘူး … ဒါကြောင့်မို့ ငါ လက်ခံလိုက်တာပဲ …”

“ မင်းက ဒီလို အလုပ်မျိုးတောင် လုပ်ရဲတယ်ဆိုတော့ လက်စားချေခံရမှာကို မကြောက်ဘူးလား …”

“ ငါ မေးခဲ့တယ်… သူပြောတာ ငါ့ကို ကာကွယ်ပေးမယ့်လူ ရှိတယ်တဲ့ … ပြီးတော့ ငါတို့ချင်း ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိတော့ ငါ့ကို ထိခိုက်အောင်လုပ်မယ်လို့ မထင်ဘူး .. ဒါကြောင့်မို့ သူ့ကို ယုံကြည်ပြီး သဘောတူလိုက်တာပဲ …”

ရှိုဂါဝါ အီချီမှာ နောင်တရနေသည့် မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။

“ ငါလည်း ရွေးချယ်စရာ မရှိဘူး … ဂိမ်းဆိုင်မှာ ငါ့ပိုက်ဆံတွေ အများကြီး ရှုံးထားတာ … အကြွေးတွေလည်း မဆပ်နိုင်သေးဘူး … ဒါကြောင့်မို့ ဒီလိုလုပ်မိတာပဲ …”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး … ထို့နောက် ရှိုဂါဝါ အီချီကို ကြည့်လိုက်သည်။

“ မင်းပြောတာ မင်းဝမ်းကွဲ လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ပြောတယ်နော်… ဘယ်ဂိုဏ်းကလဲ …”

“ ကျင်းရုံ အဖွဲ့အစည်းက … ငါ့ ဝမ်းကွဲမှာ အဲ့မှာ ခေါင်းဆောင်ငယ်လေးပဲ …”

“ ကျင်းရုံ အဖွဲ့အစည်း …”

မီနာအီတို ရေရွတ်လိုက်ပြီး သူမ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်လာခဲ့သည်။

“ ဘာဖြစ်လို့လဲ …” လင်းရီ မေးမြန်းလိုက်သည်။

“ ကျင်းရုံအဖွဲ့အစည်းက ရာမာဂူချီ ဂိုဏ်းအောက်မှာ ရှီတဲ့ အဖွဲ့အစည်း တစ်ခုပဲ … တကယ်လို့ သူ့ ဝမ်းကွဲက အဲ့ဂိုဏ်း အဖွဲ့ဝင်တစ်ယောက်ဆိုရင် ဒီကိစ္စကို ရာမာဂူချီဂိုဏ်းက စီစဉ်တာပဲ ဖြစ်ရမယ်….”

လင်းရီလည်း မီနာအီတို၏ စကားကို ထောက်ခံမိလိုက်သည်။

“ ကျင်းရုံ အဖွဲ့အစည်းကို ရာမာဂူချီဂိုဏ်းရဲ့ ဘယ်သူက ပိုင်တာ …”

ယခင်တုန်းက ရာမာဂူချီဂိုဏ်းကိစ္စနဲ့ ပတ်သက်ပြီး လင်းရီသည် အာယာနဲ မစ်ဆူနှင့် အနည်းငယ် ဆွေးနွေးခဲ့ဖူး၏။

ရာမာဂူချီဂိုဏ်းမှာ ယခင်ကကဲ့သို့ တန်ခိုးအရှိန်အဝါ မကြီးမားတော့သော်လည်းပဲ လွှမ်းမိုးမှုတချို့တော့ ကျန်ရစ်ဆဲပင်။

သို့သော် ဂိုဏ်း၏ သုံးပုံတစ်ပုံသည်သာလျှင် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီး ကျန်နှစ်ပုံတွင်တော့ ပြဿနာ ရှိနေဆဲဖြစ်၏။

“ လက်ရှိ ရာမာဂူချီဂိုဏ်းကို တာရို ခါရာဆာဝါ ဦးဆောင်တဲ့ အုပ်စု ၊ ရိုရှီဇာခီ ကျိုမိုတို ဦးဆောင်တဲ့ အုပ်စုနဲ့ ဆာတိုရူ ဦးဆောင်တဲ့ အုပ်စုဆိုပြီး သုံးပိုင်း ခွဲလို့ရတယ်…” မီနာအီတို ပြောလိုက်ပြီး “ အဲ့ဒီထဲမှာ တာရို ခါရာဆာဝါ ဦးဆောင်တဲ့ အုပ်စုက ဥက္ကဌရဲ့လက်အောက်ကို အညံ့ခံထားပြီးပြီ … ကျန်တဲ့ ရိုရှီဇာခီ အုပ်စုက မစ်ဆူဘီရှီ အုပ်စုနဲ့ မဟာမိတ်ဖွဲ့ထားတယ်.. နောက်ဆုံးကျန်တဲ့ ဆာတိုရူ အုပ်စုကတော့ နှိုတ်ဆိတ်နေနုတန်းပဲ … ပြီးတော့ စောနက ပြောတဲ့ ကျင်းရုံ အဖွဲ့အစည်းက ရိုရှီဇာခီရဲ့ လက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းပဲ … အမှန်တရားက အခု ရှင်းလင်းသွားပြီ ..”

“ မစ်ဆူဘီရှီ အုပ်စု …”

လင်းရီ ရေရွတ်လိုက်သည်။ စီးပွားရေး လောက၌ မစ်ဆူဘီရှီ အုပ်စု၏ အရွယ်အစားက မစ်ဆူအုပ်စုအောက် သေးငယ်ခြင်း မရှိလှဘဲ ဂျပန်၏ ထိပ်သီး အင်အားစုထဲက တစ်ခု ဖြစ်လေသည်။

သို့သော် ဤကိစ္စကို မစ်ဆူဘီရှီ အုပ်စုက ညွှန်ကြားခဲ့သည်ဆိုတာကိုတော့ လင်းရီအား အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

ဤသည်က သူ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌ ရှိမနေချေ။

“ ရိုရှီဇာခီ ဘယ်မှာရှိလဲ မင်းတို့သိလား …” လင်းရီ တိတ်တဆိတ် မေးမြန်းလိုက်၏။

“ ဒါပေါ့ .. ကျွန်မတို့သိတယ်….” မီနာအီတိုက လင်းရီကို ကြည့်လိုက်ပီဲး “ လူကြီးမင်းလင်းက သူနဲ့ သွားတွေ့မလို့လား…”

“ အင်း …”

“ ဒီကိစ္စက အသေးအမွှားလေး မဟုတ်ဘူးနော်… ရိုရှီဇာခီက သွားရှုပ်လို့ ကောင်းတဲ့ လူမဟုတ်ဘူး … ပြီးတော့ သူ့မှာ လက်အောက်ငယ်သားတွေလည်း အများကြီး ရှိတယ်… သွားမယ်ဆိုရင် လူတွေ အများကြီး‌ ခေါ်သွားမှ အဆင်ပြေမှာ …”

“ ရာမာဂူချီဂိုဏ်း ဘာလို့ ဒီလိုဖြစ်သွားခဲ့လဲ မင်းတို့သိလား …”

မီနာ အီတို၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး လင်းရီကိ ရှော့ခ်ရစွာ ကြည့်၍ “ ဒါ … ဖြစ်နိုင်တာ … လူကြီးမင်းလင်း . . . . .”

“ ငါ သူ့ကို မကိုင်တွယ်နိုင်ဘူးလို့ မင်း အခု ထင်သေးလား …”

“ ဟင့်အင်း … မထင်တော့ဘူး ….”

“ ဒါဆို ငါ့ကို လိုက်ပို့ပေး … ကျန်တာ မင်း ဘာမှ လုပ်ဖို့ မလိုဘး …”

“ ဟုတ်ကဲ့ … ဒါပေမယ့် ဒီလူက …..” မီနာအီတိုသည် ပြောရင်းဖြင့် ရှိုဂါဝါကို ကြည့်လိုက်သည်။

“ ငါ့အတွက် အသုံးမဝင်တော့ဘူး … မင်း စိတ်ကြိုက်လုပ်လိုက် …”

မီနာအီတို ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဝေးတစ်နေရာရှိ ခါမဲတထံ အချက်ပြလိုက်ပြီး ဘိလပ်ဖျော်စက်အား ဆက်ပြီး အလုပ်လုပ်ခိုင်းလိုက်၏။

အော်ဟစ်သံနှင့် ဆဲဆိုကျိန်ဆဲသံတို့က ကျယ်လောင်စွာ ညအမှောင်ထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။ သို့သော် စက္ကန့်ပိုင်းမျှသာ ကြာညောင်းပြီးနောက် မကြာမီ တိတ်ဆိတ်သွားခဲ့လေသည်။

လင်းရီတို့နှစ်ဦးမှာ ဆောက်လုပ်ရေးဆိုက်ထဲက ထွက်လာခဲ့ကြပြီး ရိုရှီဇာခီရှိသည့် နေရပ်သို့ ဦးတည်လိုက်ကြ၏။

…………

တစ်ချိန်တည်းတွင် ဟောင်ကောင်မှ ပျံသန်းထွက်လာသည့် လေယာဉ်တစ်စင်းက တိုကျိုလေဆိပ်သို့ ဆင်းသက်လာသည်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် အီဗန် သူ့အတတ်အစားကို ချိန်ညှိလိုက်ကာ ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် တာမင်နယ်သို့ တစ်ဦးတည်း ထွက်လာသည်။

တာမင်နယ် အပြင်ဘက်တွင် ငွေရောင် Lexus Gs တစ်စင်း ရှိပြီး ဝေါ်ကာ ၎င်းဘေးတွင် မတ်တပ်ရပ်နေခဲ့၏။ စီးကရက်တိုကို နှုတ်ခမ်းတွင်ခဲထားပြီး သူ့ကြည့်ရသည်မှာ ပျင်းရိနေပုံပင်။

မကြာမီ တာမင်နယ်ထဲက လူတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြပြီး ဝေါ်ကာလည်း လူအုပ်ထဲရှိ အီဗန်ကို လျင်မြန်စွာ မြင်တွေ့သွားခဲ့သည်။

“ ဘရို .. မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့ … ငါ မင်းကို စောင့်နေတာ အတော်တောင် ကြာနေပြီ…”

“ သွားစို့ …” အီဗန် လေးနက်သည့် လေသံဖြင့် ပြောဆို၍ “ ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး ….”

စာစဉ် (၁၃၃ ) ပြီး၏။

All Chapters