← Chapters

ဘီ အဆင့်တွေပဲ တောင့်ခံနိုင်လိမ့်မယ်

Vol. 133 Ch. 1986

ဘီ အဆင့်တွေပဲ တောင့်ခံနိုင်လိမ့်မယ်

Vol. 133 Ch. 1986

လီဟန် သူပြောသည့် စကား၌ ယုံကြည်ချက် မရှိသည်မှာ သိသာလှသည်။

လင်းရီ တောင့်ခံနိုင်ပါ့မလားဆိုတာကို သူလည်း သေချာ မသိပေ။ ထို့ကြောင့် ကြိုးစားကြည့်ဖို့သာ တတ်နိုင်တော့၏။

ရွှီလန်ကတော့ မည်သည်ကိုမျှ မဆိုပေ။ သူမ၏ အသင်းခေါင်းဆောင်က ယခုလို စကားမျိုး ပြောလာပြီ ဖြစ်ရာ သူမလည်း စောင့်ကြည့်ရုံသာ ရှိတော့၏။

မကြာမီ ရွှီလန်နှင့် ဖန်းကျင်းတို့ စားသောက်ပြီးသွားခဲ့ကြပြီး မွန်းလွဲပိုင်း အလုပ်လုပ်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

ထိုအချိန်မှာပဲ တံခါးအပြင်ဘက်၌ ခြေလှမ်းသံတို့ ထွက်ပေါ်လာခဲ့ပြီး လင်းရီနှင့် ကျန်နှစ်ဦးတို့ အထဲဝင်လာသည်။

“ ဟယ်လို ခေါင်းဆောင်လီ … ကျုပ်က လင်းရီပါ … ဒီနေ့တော့‌ ခေါင်းဆောင်လီကို အလုပ်ရှုပ်စေမိတော့မယ်…”

လင်းရီနှင့် ကျန်နှစ်ယောက် ဝင်လာသည်ကို မြင်တော့ လီဟန် အားတက်သရော မတ်တပ်ရပ်၍ ကြိုဆိုလိုက်သည်။

“ ဘယ်နားက အလုပ်ရှုပ်စေရမှာ … မင်းက ကျုံးဝေ့တပ်ဖွဲ့ အသန်မာဆုံး အသင်းရဲ့ ခေါင်းဆောင်ပဲဟာ … ငါတို့ဆီ လာပေးတာကိုပဲ ငါတို့ကတောင် ပြန်ပြီး ကျေးဇူးတင်ရဦးမယ်…."

“ အကုန်လုံးက အချင်းချင်းတွေကိုပဲ … အားနာနေစရာမလိုပါဘူး … ဟုတ်တယ်မလား အစ်ကိုလီ….” နင်ချဲ့ ပြောလိုက်ပြီး “ ဒီခု ဘာတွေဆက်လုပ်မှာ … ရှင်ပြောတာ ကျွန်မတို့ နားထောင်မယ်…”

“ ဟုတ်ပြီလေ… ငါတို့လည်း အဆင်သင့် ဖြစ်ပြီဆိုတော့ အခုပဲ စကြတာပေါ့ …”

“ အိုကေ …”

တစ်ချိန်တည်းတွင် ဖန်းကျင်းသည် ရွှီလန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တီးတိုးဆိုလိုက်၏။

“ လန်လန် … နင်ကြည့် … သူက အသင်း ၁ ရဲ့ ခေါင်းဆောင်ပဲ … အရမ်းချောတယ်ဟုတ် … ငါကြားတာတော့ သူ အကျိုးဆောင်ထားတာတွေက မနည်းဘူးတဲ့နော် … သူ့အသက်က အတော်လေး ငယ်နေတာကြောင့်သာ မဟုတ်ရင် စစ်တပ်ရာထူးက သည့်ထက်တောင် ပိုပြီး မြင့်နေဦးမှာ …”

ရွှီလန်၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ပြီး လီဟန်နှင့် ဖန်းကျင်းတို့ ချဲ့ကား ပြောဆိုနေကြခြင်း မဟုတ်သည်ကို တွေ့ရှိလိုက်ရသည်။

ဤလူ၏ သွင်ပန်းသဏ္ဌာန်က အမှန်ပင် မင်းသားရှုံးရလောက်၏။

ထို့ပြင် ကိုယ်ဟန် အမူအရာကလည်း ပြိုင်စံရှားဖြစ်ပြီး လူကို ကောင်းမွန်သည့် အမြင်တို့အား ဖြစ်ပေါ်စေသည်။ ဖန်းကျင်းကဲ့သို့ အိမ်ထောင်ကျပြီးသည့် အမျိုးသမီးတစ်ယောက်ပင် ရင်ခုန်မိသွားသည်က ထူးဆန်းသည်ဟု မဆိုသာပေ။

မကြာမီ လီဟန် အဆင်သင့် ဖြစ်သွားခဲ့၏။ ထို့နောက် အခြားသူများကို ခေါ်ကာ ရုံးခန်းထဲသို့ ထွက်လာခဲ့ပြီး မွန်းလွဲပိုင်း စစ်ဆေးမှုအတွက် စတင်ရန် ဟန်ပြင်လိုက်၏။

အုပ်စုမှာ စက်ကိရိယာများ စီစစ်ပိုင်းခြားသည့် အခန်းဝင်ပေါက်ဝသို့ ရောက်လာခဲ့ပြီး ရွှီလန်က တံခါးအရင်ဆုံး ဖွင့်လိုက်သည်။ အထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးက ကွန်ပျူတာရှေ့တွင် အလုပ်လုပ်နေပြီး သူတို့၏ အမူအရာများက စခရင်ကို ကြည့်၍ မျက်မှောင်ကြုတ်နေကြသည်။ ဘာတွေ ဖြစ်နေလဲဆိုတာတော့ သူမလည်း မသိရပေ။

“ အစောပိုင်းက နမူနာ စစ်ဆေးချက် ခုထိ မထွက်လာသေးဘူးလား …”

“ ထွက်လာပြီ … ငါ အခုပဲ ကော်ပီတစ်ခု ထုတ်ပေးမယ်…”

“ အင်း …”

မကြာမီ စစ်ဆေးချက်နှစ်ခု၏ ရလဒ်များကို ရွှီလန်၏ လက်ထဲသို့ ကမ်းပေးလိုက်၏။

“ အခြေအနေ ဘယ်လိုလဲ …”

ရွှီလန် မသိမသာ မျက်မှောင်ကြုတ်မိသွားခဲ့၏။ “ ပြောထားတာတော့ သူ့ရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အတော်လေး သန်မာတယ်လို့ ပြနေတယ်… ဒါပေမယ့် နမူနာ ရလဒ်ထဲမှာ မရှိနေသင့်တဲ့ ပစ္စည်းနှစ်ခုလည်း ရှိနေတယ်…”

ဤသည်ကို ကြားတော့ အသင်း ၈ ရှိလူများ အလိုအလျောက် စိုးရိမ်ကြောင့်ကြသွားခဲ့ကြသည်။

“ ဘယ်ဟာကို ထောက်လှမ်းမိတာ …” လျိုဟုန် အလျင်စလို မေးမြန်းလာခဲ့သည်။

“ တံတွေး နဲ့ လူလုပ်ဆိုးဆေး ( artificial dye ) “

( artificial dye က ဒီနေရာမှာ နှုတ်ခမ်းနီထဲ ပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဆိုလိုပါတယ်…)

“ တံတွေးနဲ့ လူလုပ်ဆိုးဆေး ဟုတ်လား ….”

လင်းရီ “ ….. “

သေစမ်း … စစ်ဆေးချက်က အဲ့လောက် တိကျရလားဟ …

ချိုးယွီလော့က လင်းရီနှင့် နင်ချဲ့ကို အကြည့်စူးစူး တစ်ချက် ပေးလိုက်သည်။

စစ်ဆေးချက် နမူနာနှစ်ခုက မည်သည့်အရာတွေလဲ ဆိုတာကို သူမ သိသည်။ ထို့ပြင် အဘယ်ကြောင့် တံတွေးနှင့် လူလုပ်ဆိုးဆေးကို ထောက်လှမ်းမိရလဲ ဆိုတာကိုလည်း သူမ သိသည်။

မည်သို့ပင်ဆိုစေ လူတိုင်းက အရွယ်ရောက်ပြီးသည့် လူကြီးများ ဖြစ်ကြ၏။ သူတို့ အကုန် နားလည်သည်။

“ နည်းနည်းတော့ ထူးဆန်းတယ်… အဲ့ဒီနှစ်ခုက ဘာလို့ ဒီထဲ ရှိနေရတာ …” နင်ချဲ့မှ သူမ မဟုတ်သလို အမူအရာနှင့် မေးမြန်းလိုက်သည်။

လင်းရီ “ … “

ဘာလို့ ရှိနေလဲ ဟုတ်လား … မင်းကိုယ်မင်း မသိဘူးလားကွ …

လူတိုင်း၏ အကြည့်က လင်းရီထံသို့ စုပြုံသွားခဲ့ကြပြီး သူ့အား ကိုးရို့ကားယားနိုင်သည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။

လီဟန် နှုတ်ခမ်းကိုက်လိုက်မိ၏။ အသင်းခေါင်းဆောင်ဆိုတော့ ထင်ထားတဲ့အတိုင်း တကယ်ကို ထူးခြားနေတာပဲ။

ထိုအချိန်တွင်တော့ လင်းရီမှာ နင်ချဲ့ကို လည်ပင်းညှစ်ပစ်ချင်စိတ်များပင် ပေါက်ဖွားလာခဲ့ရသည်။

ဒါတွေအကုန်လုံးက မင်းလုပ်တာ မဟုတ်ဘူးလား … ဘာလို့ ငါ့အပေါ်ချည်းပဲ အပြစ်လာပုံချနေတာလဲ။

“ ခေါင်းဆောင်လင်းရဲ့ ဆွဲဆောင်မှုက တကယ့်ကို တမူထူးခြားတာပဲ … တစ်စုံတစ်ယောက်က နမူနာကို ဒီလိုမျိုး စုဆောင်းပေးတယ်…” ဖန်းကျင်း တီးတိုးရေရွတ်လိုက်၏။ “ အဲ့မိန်းကလေးကတော့ တော်တော်ကံကောင်းမှာပဲ …”

ရွှီလန် “ …. “

“ နင် နည်းနည်းလေး လေးလေးနက်နက် ရှိလို့ မရဘူးလား …” ရွှီလန် အမှန်ပင် ပြောစရာ စကား ကင်းမဲ့နေမိ၏။

“ ဒါက သင့်တင့်လျောက်ပတ်တဲ့ အပြုအမူလို့ နင့်ကိုယ်နင် ထင်နေလား …”

“ ၂၁ ရာစုတောင် ရောက်နေပြီပဲဟာ ဒီလိုအရာမျိုးက အတော်လေး သာမန်ဆန်တဲ့ ကိစ္စရပ်ပဲ မဟုတ်ဘူးလား …” ဖန်းကျင်း အထင်တသေးဖြင့် ပြောလိုက်ပြီး “ နင်ထင်တာ လူတိုင်းက နင့်လိုမျိုး ရှေးရိုးဆွဲကြီးတွေ ဖြစ်နေမယ်လို့ ထင်နေတာလား ဟုတ်လား … ပျင်းဖို့ကောင်းလိုက်တာ ….”

ရွှီလန် ကူကယ်ရာမဲ့စွာဖြင့်‌ ခေါင်းခါရမ်းမိလိုက်သည်။ ဖန်းကျင်း ပြောသည့်စကားကို သူမ လက်မခံနိုင်ပေ။

“ သိပ်ပြီးမှ မသင့်လျော်ဘူးဆိုပေမယ့် ဒေတာတွေက အဆင်ပြေနေတာပဲလေ… ဒီလောက်ဆို ရပါပြီ …” လီဟန်က လင်းရီဘက်ကနေပြီး အကြောင်းပြချက် တစ်ခု ထုတ်ပေးလိုက်၏။

ထို့နောက် လင်းရီဘက်သို့ လှည့်ပြီး ညီကိုချင်းနားလည်တယ် ဟူသော အကြည့်တစ်ချက် ပေးပို့လိုက်သည်။

လင်းရီ ကိုးရို့ကားယား ပြုံးရယ်၍ ပြန်လည်တုံ့ပြန်နိုင်တော့သည်။

သူ တကယ်ကြီး နင်ချဲ့ကို နုပ်နုပ်စင်းပစ်ချင်မိတော့၏။

လူရှေ့သူရှေ့တွင် သူ့ဂုဏ်သတင်းမှာ ယခုလို ဖြစ်သွားရ‌ချေပြီ။

“ ခေါင်းဆောင်လင်း … စမ်းသပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ငါ မင်းနဲ့ ဆွေးနွေးချင်တာ ရှိတယ်…” လီဟန် ပြောလိုက်သည်။

“ ဟုတ် … ရတယ်လေ…”

“ ငါတို့တွေ မင်းရဲ့ ခန္ဓာကိုယ်ထဲက အယ်ဒီနလင်းတွေကို ပိုပြီး ညှစ်ထုတ်နိုင်အောင် အတွင်းအင်္ဂါရပ်တွေကို လျှပ်စစ်နဲ့ ရှော့ခ်တိုက်ပြီး လှုံ့ဆော်ဖို့ စီစဉ်ထားတယ်… အဲ့တာနဲ့ ပတ်သက်ပြီး မင်းဘက်က ပြဿနာ မရှိလောက်ဘူးမလား …”

“ ရတယ် … ကျုပ်ဘက်က အဆင်ပြေတယ်…”

အကုန်လုံးက ကျုံးဝေ့တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် လင်းရီ ထွေထူး စဉ်းစားမနေဘဲ တိုက်ရိုက် သဘောတူလိုက်သည်။

“ ဒါပေမယ့် နည်းနည်းတော့ နာကျင်နိုင်တယ်နော်… ဒီတော့ မင်းဘက်က စိတ်ကို သေချာလေး ပြင်ဆင်ထားတာ အကောင်းဆုံးပဲ …”

လီဟန်၏ စကားကို ကြားတော့ သုံးယောက်လုံး ခေတ္တ အေးခဲသွားကြသည်။

အကယ်၍ သာမန် စမ်းသပ်မှု သို့မဟုတ် သာမန်မျှသော နာကျင်မှုလောက်သာ ဆိုပါက လီဟန် ထိုစကားမျိုး ပြောမှာ မဟုတ်ချေ။

“ အဆင်ပြေတယ်… ကြိုးစားကြည့်ကြတာပေါ့ …” လင်းရီ စိတ်အားထက်သန်စွာ ဆိုလိုက်သည်။

နာကျင်မှုက မည်မျှ ပြင်းထန်နေပါစေ ၊ ပေါက်ကွဲမှုကြောင့် ရရှိလာသည့် ဒဏ်ရာများလောက်တော့ ပြင်းထန်နိုင်မှာ မဟုတ်ချေ။ ထို့ပြင် စီ အဆင့်သို့ ရောက်ရှိပြီးသည့် သူ့အခြေအနေကို ထည့်ပေါင်းလိုက်မည်ဆိုပါက သူ့ခန္ဓာကိုယ်၏ နာကျင်မှုအား တောင့်ခံနိုင်စွမ်းမှာ ကြီးစွာ တိုးတက်လာလေသည်။ ထို့ကြောင့် ပြဿနာ ရှိမည်လို့တော့ သူမထင်ချေ။

“ ခေါင်းဆောင်လင်းက ပြဿနာမရှိဘူးဆိုမှတော့ ငါတို့ စကြတာပေါ့ …” လီဟန် ပြောလိုက်ပြီး” ဒါပေမယ့် တကယ်လို့ မင်းမရတော့ဘူးဆိုရင် ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောလိုက် … ငါတို့ စမ်းသပ်မှုကို ရပ်နားပြီး တခြားနည်းနဲ့ စမ်းသပ်ကြတာပေါ့ …”

“ အစ်ကိုလီ .. ရှင်ဘာမှ စိတ်ပူနေစရာ မလိုဘူး … ရဲရဲသာလုပ် … ခေါင်းဆောင်လင်းရဲ့ ကာယာကြံ့ခိုင်မှုက သိပ်ကောင်းတာ …” နင်ချဲ့ ဝင်ပြောလိုက်၏။

လီဟန် ခါးသီးစွာ ပြုံးလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး ယူနစ် တပ်ဖွဲ့ဝင်တွေ အကုန်လုံးက အရည်အချင်း ရှိတဲ့လူတွေ ဆိုတာ ငါသိတာပေါ့ .. ဒါပေမယ့် ဒီရဲ့ စမ်းသပ်နည်းလမ်းက သာမန်လူတွေ တောင့်ခံနိုင်တဲ့ အာမဟုတ်ဘူး … တိရစ္ဆာန်တွေနဲ့ စမ်းကြည့်ဖူးသေးတယ်… လူနဲ့ တစ်ခါမှ မစမ်းကြည့်ဖူးသေးလို့ ပြောနေရတာ …”

“ ရတယ်… ကျွန်မတို့ ခေါင်းဆောင်လင်းရဲ့ ကြံ့ခိုင်မှုက လူမဆန်တဲ့ အဆင့်ထိ ရောက်နေပြီ …” နင်ချဲ့ လင်းရီ၏ ပခုံးကို ပုတလိုက်ပြီး “ သူ့ကို တိရစ္ဆာန်လို့သာ သဘောထားပြီး လုပ်စရာရှိသာတာလုပ် …”

“ လခွမ်း …”

ဘေးတွင် ရပ်နေသည့် ဖန်းကျင်းမှ ကူကယ်ရာမဲ့စွာသာ ရပ်ကြည့်နေမိသည်။

လင်းရီ ဤမျှ လိုလိုလားလားရှိနေသည်မှာ အမှန်တရားအား သေချာ သိနားလည်ခြင်း မရှိသေးသောကြောင့်ဟုသာ သူမ ယူဆမိ၏။

အကယ်၍ ယခု စမ်းသပ်နည်းလမ်း၏ နာကျင်မှု အဆင့်ကိုသာ သိရှိသွားခဲ့မည်ဆိုပါက ယခုလို ပြုမူနေနိုင်မှာ မဟုတ်ချေ။

“ လန်လန် … စောနတုန်းက နင်ပဲ အစ်ကိုလီရဲ့ နည်းလမ်းကို သဘောတူခဲ့တာ မဟုတ်ဘူးလား … အခုကျတော့ ဘာလို့ ဘာမှမပြောတော့တာလဲ ….”

“ သူတို့ကဖြင့် ဆုံးဖြတ်ပြီးနေပြီကို ငါက ဘာများ ပြောနိုင်ဦးမှာမို့ ….”

ဖန်းကျင်း အောက်နှုတ်ခမ်းကို ညင်သာစွာကိုက်၍ လင်းရီအား ကရုဏာသက်စွာ ကြည့်လိုက်မိသည်။

“ ငါ တွက်ချက်ထားတဲ့ အတိုင်းဆိုရင် ဒီရဲ့ စမ်းသပ်နည်းလမ်းကို ဘီ အဆင့်ကျွမ်းကျင်သူတွေပဲ တောင့်ခံနိုင်မှာ … ခေါင်းဆောင်လင်းက အခုမှ စီ အဆင့်ပဲ ရှိသေးတယ်ဆိုတော့ သူ လုပ်နိုင်ပါ့မလား မသိပါဘူး …”

“ ငါတို့ စမ်းကြည့်ရင် သိမှာပဲ မဟုတ်လား …” ရွှီလန် ပြောဆိုလိုက်သည်။

သို့ပေမယ့် လင်းရီအပေါ်တွင်တော့ မျှော်လင့်ချက် များများစားစား မရှိပါချေ။

အဘယ်ကြောင့်ဆိုသော် ဤသို့သော စမ်းသပ်မှုမျိုးကို သူမကိုယ်၌ပင် တိရစ္ဆာန်များ အပေါ်၌သာ စမ်းကြည့်ဖူးပြီး ထို့ပြင် ထိုစဉ်အချိန်က စမ်းသပ်ခံမှာ ဆိုက်ဘေးရီးယန်း ကျားသစ်ဖြစ်၏။ သို့သော် တစ်ကြိမ်သာလျှင် အောင်မြင်ဖူးသည်။

အကယ်၍ စီအဆင့်ရှိသည့် တစ်စုံတစ်ယောက်က စမ်းသပ်ကြည့်မည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့အား မြင်ယောင်ကြည့်၍ ရနိုင်သည်။

All Chapters