အာဏာအလွဲသုံးစား လုပ်မှု
Vol. 133 Ch. 1983
လင်းရီ၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သွားခဲ့ကြသည်။
ဟောင်ကောင်ရှိ အခြေအနေကို စောင့်ကြည့်ဖို့ လူလွှတ်ထားသည်က လိုကို လိုအပ်သည့် ကိစ္စရပ်တစ်ခုပင်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် လင်းရီ၏ အခြေအနေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး သူတို့ ရှစ်ယောက်လည်း လူစုခွဲလိုက်ကြ၏။
ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့က ဟောင်ကောင်တွင် ချန်နေရစ်ခဲ့ပြီး ဤနေရာရှိ အခြေအနေအား စောင့်ကြည့်လေ့လာနေမည်။
လင်းရီက ကျန်သည့် အသင်းသားများကို ဦးဆောင်ကာ ရန်ကျင်းသို့ ပြန်ရန် ဟန်ပြင်လိုက်၏။ လေဆိပ်သို့ သွားသည့်လမ်း၌ ယွီစီယင်ထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။
မတော်တဆမှု ဖြစ်ပြီးနောက် မကြာမီတွင် ဖန်းမိသာစုနှင့် ဟုန်မန်ဂိုဏ်း၏ အထက်ကြီးပိုင်းများ တောင်ပိုင်းခရိုင်ရှိ ဗီလာသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။
အတော်လေး အုတ်အောသောင်းနင်း ဖြစ်သွားခဲ့ပြီး ရဲအများအပြားလည်း နေရာ၌ စုဝေးလာကာ ဟောင်ကောင်တစ်ခွင်သို့ ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့၏။
ဤအရာများအားလုံးက လင်းရီ မျှော်မှန်းထားသည့် အတိုင်းအတာအတွင်း၌သာ ရှိလေသည်။
နာရီကြာ ပျံသန်းပြီးနောက်တွင် လေယာဉ်က ရန်ကျင်းလေဆိပ်သို့ ဆင်းသက်လာသည်။
အချိန်က မနက်ခင်း နှစ်နာရီ အချိန်ဖြစ်ပြီး
ထောက်ချိန်က သူတို့အုပ်စုကို ကားဖြင့် အသင့်လာကြိုပြီး ဟိုတယ်သို့ ပို့ဆောင်ရန် ဟန်ပြင်လိုက်သည်။ ဟိုတယ်သို့ ရောက်လာသည့် အချိန်၌ မနက်ခင်း လေးနာရီအချိန်သို့ နီးကပ်နေလေပြီ။
ဝေးလံသည့် ကောင်းကင်ထက်၌ ရောင်နီဦးတို့ ပေါ်ထွန်းစ ပြုနေပြီး နေ့သစ် တစ်နေ့လည်း စတင်လာပြီ ဖြစ်သည်။ သို့သော် လင်းရီကတော့ ကိုယ်လက်ဆေးကြောပြီး အိပ်ရာဝင်ရန် ဟန်ပြင်ခါစဖြစ်နေခဲ့၏။
အခြေစိုက် စခန်းသို့ သွားရောက်၍ အစီရင်ခံရန် လိုအပ်သော်လည်း လင်းရီ အလုပ်ရှုပ် မခံတော့ကာ ကောင်းစွာ အိပ်စက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
အပြည့်အဝ အနားယူပြီးနောက်မှသာ အစီရင်ခံဖို့ စီစဉ်ထား၏။
ကလင် ကလင် ကလင် …
မနက်ခင်း ခုနစ်နာရီ အချိန်တွင် လင်းရီ၏ဖုန်းက အသံမြည်လာသည်။ ယွီစီယင်က ဗွီဒီယိုကော ပြောရန် တောင်းဆိုလာခဲ့ခြင်းပင်။
လင်းရီ လက်ခံလိုက်၏။ ယွီစီယင် ရှိနေသည့် နေရာနောက်ခံကို ကြည့်ရသလောက်တော့ သူမက ကားထဲတွင် ရှိနေသည့်ပုံပင်။ သူမ ဘေးတွင်လည်း ဖြတ်သွားဖြတ်လာပြုနေသည့် ကားသံများကိုလည်း ကြားနေရသဖြင့် ကားမောင်းနေခြင်း ဖြစ်လောက်သည်။
“ ခေါင်းဆောင် … ကျွန်မ အသစ်တစ်ခု တွေ့ထားတာ ရှိတယ်….”
“ ဖြည်းဖြည်းပြော .. လောဖို့ မလိုဘူး…. ငါ့မှာ အချိန်တွေ အများကြီး ရှိတယ်….”
“ ဖန်းသားအဖ သေသွားပြီးတော့ သူတို့တွေ အပြင်ဘက်မှာ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပတယ်… ကျွန်မတို့နှစ်ယောက်လည်း အသွင်ယူပြီး လူအုပ်ထဲ ဝင်ရောလိုက်တော့ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက သံသယ ဝင်ဖို့ကောင်းတဲ့ လူမည်းတစ်ယောက်ကို တွေ့တယ်… သူက ဟုန်မန်ဂိုဏ်း ဒုဥက္ကဌ လီကျန်းချွမ်နဲ့ တစ်ခုခု ဆွေးနွေးနေတဲ့ပုံပဲ … ဒါပေမယ့် သူတို့က အတော်လေး လျှို့လျှို့ဝှက်ဝှက်နဲ့ ဆွေးနွေးနေတော့ ကျွန်မတို့လည်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မရခဲ့ဘူး …”
မှန်ပေသည်။ အဆိုပါ လူမည်းအမျိုးသားက ဖရီးမေဆင်၏ ကွပ်ကဲသူ ဆယ့်နှစ်ဦးအနက် တစ်ဦးဖြစ်သည့် အီဗန်ကလွဲ၍ အခြားသူ မဟုတ်ချေ။
လွန်ခဲ့သည့် ညက သူနှင့် ဝေါ်ကာတို့မှာ ဂျပန်သို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ ရောက်ရှိနေပြီး အာယာနဲ မစ်ဆူ၏ မိဘများကို သင်ခန်းစာပေး၍ ယာမာဂူချီဂိုဏ်းကို စုစည်းကာ ဂျပန်တွင်း ခိုင်မာသည့် ဖရီးမေဆင်၏ ခြေကုပ်အင်အားစု တစ်ခု အဖြစ် အသုံးပြုရန် ကြံရွယ်ထားသည်။
သို့သော် တိုကျိုသို့ ပျံသန်းထွက်ခွာပြီး သိပ်မကြာခင်မှာပဲ လီကျန်းချွမ်ထံမှ အသိပေးအကြောင်းကြားချက်ကို လက်ခံရရှိလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သတင်းမှာ ဖန်းသားအဖနှစ်ဦးလုံးက ဗီလာအတွင်း၌ သေဆုံးသွားခဲ့ကြ၏။
အဆိုပါ သတင်းကြောင့် အီဗန်နှင့် ဝေါ်ကာတို့ နှစ်ဦးလုံး အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြသည်။
သူတို့၏ အမြင်၌ ဖန်းသားအဖမှာ ဟောင်ကောင်တွင်း ရှိနေသရွေ့ ထိုကဲ့သို့ ကိစ္စရပ်မျိုးက ဖြစ်ပျက်လာမှာ မဟုတ်ဟူ၍ပင်။
ထို့ကြောင့် တစ်ခုတည်းသော အကြောင်းပြချက်က ကျုံးဝေ့တပ်ဖွဲ့ ရောက်လာခဲ့ခြင်းသာလျှင် ဖြစ်ရပေမည်။
မဟုတ်ပါက ဖန်းသားအဖကို မည်သူကမျှ သတိမပြုမိပါဘဲနှင့် သတ်ဖြတ်ဖို့ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မှာ မဟုတ်ချေ။
အဆိုပါ အကြောင်းအရင်းကြောင့် အီဗန်သည် ဝေါ်ကာကို တိုကျိုတွင် ချန်ထားရစ်ခဲ့၍ ဟောင်ကောင်ရှိ နောက်ဆက်တွဲ ကိစ္စရပ်များအား ကိုင်တွယ်ပြီး ရုံးချုပ်သို့ သတင်းပို့ရမည်။
“ တစ်ဖက်လူက အတော်လေး မသင်္ကာစရာကောင်းတယ်လို့ ဘာကြောင့်ထင်တာ …”
“ ဟုန်မန်ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အရဆိုရင် ဖန်းတောက်ဇူ သေပြီးတာနဲ့ တကယ့် စစ်မှန်တဲ့ အာဏာက ဒုဥက္ကဌဖြစ်တဲ့ လီကျန်းချွမ်လက်ထဲ ရောက်သွားရမှာ … ပုံမှန်ဆို ဒီကိစ္စတွေ အားလုံးကို ကိုင်တွယ်တဲ့ လူက သူပဲ ဖြစ်သင့်တယ်လေ… ဒါပေမယ့် အခုကြည့်ရတာ သူက အဲ့ဒီ လူမည်း ညွှန်ကြားတာတွေကို နာခံနေရတဲ့ပုံပဲ … အတော်လေးကို ပုံမှန်မဟုတ်ဘူး …” ယွီစီယင် ပြောလိုက်သည်။
“ ပြီးတော့ လီကျန်းချွမ် သူနဲ့ စကားပြောတဲ့ အချိန်မှာလည်း သူ့ရဲ့ ကိုယ်အမူအရာက အတော်လေး ယဉ်ကျေးနေတယ်… သူတို့ကြားမှာ ရာထူးအဆင့်အတန်း ကွာဟမှု မရှိဘူးဆိုရင် လီကျန်းချွမ်ရဲ့ အနေအထားနဲ့ အဲ့လိုမျိုး လုပ်စရာ မလိုပါဘူး …”
လင်းရီ ချက်ချင်း ပြန်မဖြေဘဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ယွီစီယင်၏ သုံးသပ်ချက်များက အခြေအမြစ် မရှိသည် မဟုတ်ပေ။
လက်ရှိ အနေအထားအရ … ဖန်းတောက်ဇူ သေဆုံးပြီးသည်နှင့် ဟုန်မန်ဂိုဏ်း ခေါင်းဆောင် ရာထူးက သဘာဝ အလျောက် လီကျန်းချွမ် အတွက်သာ ဖြစ်၏။
အဆိုပါ ထိုင်ခုံနေရာတွင် ထိုင်နိုင်သည်နှင့် သူ့တွင် အတိုင်းအဆမဲ့သည့် အာဏာနှင့် ကြွယ်ဝမှုကို လက်ဝယ်ပိုင်ဆိုင်လာနိုင်လိမ့်မည်။ တစ်နည်းဆိုရသော် … လက်ရှိအချိန်က လီကျန်းချွမ် တောက်ပရမည့် အချိန်ပင်။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျက်နှာလုပ် ခယနေစရာ အကြောင်း မရှိပေ။
ထို့ကြောင့် ယွီစီယင်၏ မှန်းဆမှုတို့က ယုတ္တိရှိသည်ဟု ပြော၍ ရသည်။
ထိုလူမည်း၏ အထောက်အထားက အတော်လေး သံသယဖြစ်ဖို့ ကောင်းလှ၏။
“ မင်း အခု ဘယ်ရောက်နေတာ … ဘယ်အချိန် ပြန်လာဖို့စဉ်းစားထားလဲ …”
“ အခု ဈာပနာအိမ်သွားပြီး တခြား အသုံးဝင်နိုင်မယ့် သတင်းအချက်အလက်တွေ ရမရ သွားကြည့်မလို့ …”
“ သေချာလေး စောင့်ကြည့်ထား … လိုအပ်ရင် ငါပါ ရောက်လာခဲ့မယ်…”
“ ဟုတ်ကဲ့ …”
ဖုန်းချပြီးသည့်နာက် လင်းရီသည် အိပ်ရာပေါ်သို့ ပြန်လှဲချ၍ နေ့လည် ရောက်သည်အထိ ဆက်လက် အိပ်စက်လိုက်သည်။
အကယ်၍ နင်ချဲ့က စောင်လာဆွဲလှန်သောကြောင့် မဟုတ်ပါက နေ့လည်ပင် လွန်သွားနိုင်လေသည်။
“ နေ့လည်ခင်းကြီး သူများစောင်ကို လာဆွဲလှန်တယ်ဆိုတော့ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ ….”
“ နင် အအိပ်လွန်ပြီး ဂန့်သွားမှာ စိုးလို့ဟေ့ …. သိရဲ့လား ….”
နင်ချဲ့ စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး “ ငါ ထင်တာ နင် ဒီမနက်ထဲ ဌာနချုပ်ကို သွားပြီး အစီရင်ခံမယ်ပေါ့ … ဒါပေမယ့် ဒီလောက် အိပ်နိုင်မယ် မထင်ထားဘူး …”
“ စီအဆင့် ဘဲကြီးနဲ့ ရင်ဆိုင်ပြီး မနက်လေးနာရီလောက်မှ ပြန်ရောက်တာ အခု ငါ့ကျောတွေလည်း ကိုက်ခဲပြီး အရိုးတွေလည်း ကျိုးကြေ မတတ်ဘဲ … လှုပ်ကို မလှုပ်ချင်ဘူး …”
“ ဟောင်ကောင်မှာ ဘာတွေ ဖြစ်ခဲ့လဲ ငါ ကြားပြီးသွားပြီ… နင်က စီအဆင့် ရောက်ခါစရှိသေးတာကို စီ အဆင့် အထွတ်အထိပ်တွေနဲ့ ရင်ဆိုင်နိုင်နေပြီပေါ့ … နင်လည်း တစ်ခုခုတော့ တစ်ခုခုပဲ …”
“ တကယ်တော့ ငါလည်း အဲ့လောက်ကြီးထိ စွမ်းမနေပါဘူးကွာ … ဒီတိုင်း စီအဆင့် သွေးရည်ကြည်ရဲ့ အကျိုးသက်ရောက်မှုတွေက ငါ့ကိုယ်ထဲ ရှိနေသေးတာနဲ့ ကွက်တိဖြစ်သွားလို့ပေါ့ … မဟုတ်ရင် ငါလည်း သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး …”
လင်းရီ သူ့ ခန္ဓာကိုယ် အကြောင်းကို ကောင်းစွာ သိသည်။ သိုက်ရုံရှင်းကို အနိုင်ယူသည့် အခန်းကဏ္ဍရပ်၌ အကြောင်းအရင်းမျိုးစုံ ပါဝင်နေသည်။ အဓိက အကြောင်းအရင်းကတော့ စီအဆင့် သွေးရည်ကြည်ကို သူ့ ခန္ဓာကိုယ်က ကောင်းစွာ မချေဖျက်နိုင်သေးဘဲ သူ့အတွင်း အင်္ဂါရပ်များနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုင်ရာ လုပ်ဆောင်မှုများအားလုံး လှုံ့ဆော်ခံလိုက်ရသည်။ သူ့ဘက်ကလည်း ဖြစ်နိုင်ချေ အလားအလာများအားလုံး ထွက်ပေါ်လာစေရန် အားထုတ်ကြိုးပမ်းခဲ့လေသည်။ သို့မှသာ နောက်ဆုံး၌ သိုက်ရုံရှင်းအာ အနိုင်ယူနိုင်ခဲ့၏။ မဟုတ်ပါက သိုက်ရုံရှင်အား အနိုင်ယူနိုင်စေဦးတော့ သူ၏ အခြေအနေက ယခုထက်ပင် ပိုမို ဆိုးရွားနေပေလိမ့်ဦးမည်။ အနည်းဆုံးတော့ သူ့လက်မောင်းနှင့် ခြေထောက်တစ်ခုခု ကျိုးကြေပျက်စီးသွားသည်မျိုး ဖြစ်နိုင်သည်။
“ အဲ့တာကလည်း နင့်ရဲ့ အဆင့်ကို သွယ်ဝိုက်ပြီး ဖော်ပြနေတာပဲ မဟုတ်လား …”
“ ကောင်းပြီ … ငါ့အကြောင်း ဆက်မပြောနဲ့တော့ …” လင်းရီ အညောင်းဆန့်၍ အိပ်ရာပေါ်က ထလိုက်၏။
“ ငါ့ဆီ ရောက်လာတယ်ဆိုတော့ စခန်းမှာ တစ်ခုခု ဖြစ်နေလို့လား ….”
“ စမ်းသပ်မှုအတွက် နင့်ရဲ့ နမူနာကို လိုလို့ … ငါနဲ့ လိုက်ခဲ့ …”
“ ဟင် … စမ်းသပ် နမူနာ ဟုတ်လား …”
“ နင်က စီအဆင့် သွေးရည်ကြည်ကို ထိုးသွင်းခဲ့တဲ့လူလေ … ပြီးတော့ ဆေးစွမ်းကို အပြည့်အဝလည်း မချေဖျက်ရသေးဘူး … အဲ့တာတွေအကုန်လုံးက သုတေသန လုပ်ဖို့ ဘယ်လောက်ထိ အဖိုးတန်လဲ သိလား … နင်လည်း ဆရာဝန်ပဲဟာ ဒီလောက်လေးတော့ နားလည်မှာပေါ့ ….”
“ ငါ သတိလစ်နေတုန်းက မင်းတို့ သွေးနမူနာတွေ ယူသွားခဲ့ပြီ မဟုတ်ဘူးလား …”
“ အင်း … ငါတို့ သွေးနမူနာတော့ ယူသွားခဲ့ပြီးပြီ … ဒါပေမယ့် လုံလောက်ဖို့က အဝေးကြီး …”
“ မလုံလောက်သေးဘူးပေါ့ …”
နင်ချဲ့သည် လင်းရီအား ကလူကျီစယ်သည့် အကြည့်တစ်ချက် ပေးရင်း “ ငါတို့ နင့်ရဲ့ ဆီးနမူနာနဲ့ အဖိုးတန်တဲ့ အရည်ကြည်တချို့လည်း လိုသေးတယ်လေ…”
ပြောပြီးသည်နှင့် နင်ချဲ့သည် အိပ်ရာပေါ်သို့ ခုန်တက်လာကာ လင်းရီ၏ ခြေထောက်နှစ်ချောင်းကို လက်နှင့် ဖြဲကားပစ်လိုက်၏။
“ မင်း လခွမ်းတွေ လုပ်နေတာလား …”
“ ဆီးနမူနာကိုတော့ နင့်ဘာနင် လုပ်လိုက် … တခြား နမူနာကိုတော့ ငါ ကူညီပေးမယ်…”
“ သေစမ်း …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ ဒါ အာဏာ အလွဲသုံးစား လုပ်နေတာပဲ ….”
“ အဲ့တော့ ဘာဖြစ်လဲ ….. ဘယ်သူ ငါ့ကို လာတားရဲလဲ …”
နာရီဝက်ခန့် ကြာပြီးနောက် နင်ချဲ့သည် ပါးစပ်သုတ်၍ အိပ်ရာထက်မှ ဆင်းလာခဲ့ကာ သူမ၏ အမူအရာမှာ အတော်လေး ကျေနပ်အားရနေဟန်ပင်။
“ မစ်ရှင် ပြီးပြီ … ဆီးနမူနာကို ကိုယ့်ဘာကိုယ်ယူခဲ့ … ကြားလား …”
“ သေစမ်း …” လင်းရီ ကျိန်ဆဲရင်း ကျိန်ဆဲနေတော့သည်။
“ နင် နေလို့ မကောင်းဘူးဆိုရင် ဆက်ပြီး ကူညီပေးလို့ ရတယ်နော်…” နင်ချဲ့ အရှက်ကင်းမဲ့စွာ ဆိုလိုက်၏။
“ မလိုဘူး .. ကျေးဇူးပဲ … ငါ့ဘာငါ ကြည့်လုပ်လိုက်မယ်… မင်း သေချာ မကိုင်နိုင်မှာ စိုးတယ်…”