← Chapters

လူသားမျိုးနွယ်၏ ကံကြမ္မာ အတွက် တိုက်ပွဲ

Vol. 11 Ch. 1061

လူသားမျိုးနွယ်၏ ကံကြမ္မာ အတွက် တိုက်ပွဲ

Vol. 11 Ch. 1061

“ဝှစ်... ဝှစ်...”

ကျန်းဖန်က ချက်ချင်းပင် သူ၏ အရှိန်အဝါကို ပြန်လည် သိမ်းဆည်း လိုက်သည်။ ကျန်းဖေးဖေးနှင့် အန်တီထန်တို့မှာ ကျင့်ကြံခြင်း အဆင့် နိမ့်ကျရာ အအေးဒဏ်ကို ခံနိုင်စွမ်း မရှိသေးချေ။ အခန့်မသင့်ပါက သေပင် သေသွားနိုင်ပေသည်။

“ဘယ်မျိုးနွယ် ရှစ်ခုလဲ... အတိအကျ ပြောပါဦး”

ချန်းဖန်က မေးလိုက်သည်။

“ရေနေလူသား မျိုးနွယ်၊ ရွှေရောင် ကလန်၊ သွေးမျိုးဆက်၊ သမန်း ဝံပုလွေ မျိုးနွယ်၊ နဂါးမိစ္ဆာ မျိုးနွယ်၊ မွန်းစတား မျိုးနွယ်၊ မိစ္ဆာ မျိုးနွယ်နဲ့ အလင်းမျိုးနွယ်တို့ပါ... သူတို့က အမေရိကန်၊ ဥရောပ နိုင်ငံတွေနဲ့ ရုရှားတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာပါ”

“သူတို့က ရှင့်ကို တစ်ပတ် အတွင်း အညံ့ခံဖို့ ရာဇသံပေးထားတယ်... မဟုတ်ရင် ရှင်နဲ့ ပတ်သက်သမျှ လူတွေ၊ ဂိုဏ်းတွေ၊ မြို့တွေ အကုန်လုံးကို ဖျက်ဆီးပစ်မယ်တဲ့”

ပျံလွှားနီလေးမှာ ပြောရင်း ဒေါသပင် ထွက် လာခဲ့သည်။ ထို့အတူ အခြားလူများမှာလည်း လက်သီးများကို တင်းတင်း ဆုပ်လိုက်မိကြ၏။

“တော်တော် မောက်မာတဲ့ တိရိစ္ဆာန်တွေပဲ... သူတို့က တကယ်ပဲ အဲဒီလို ပြောတာလား”

အန်တီထန်က အေးစက်စွာ ရေရွတ်လိုက်သည်။ တန့်ယွမ်ချင်းနှင့် ချူမင်ဟွေ့တို့မှာမူ ဖြူရော်စွာသာ ပြုံးလိုက်မိကြ၏။

ထိုမျိုးနွယ်များကား ယနေ့ခေတ် ကမ္ဘာကို စိုးမိုးထားသည့် မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့ မောက်မာသည်က သဘာဝ ကျသော အရာ ဖြစ်ပေသည်။

“ဟဟ... ရွှေရောင်ကလန်၊ ရေနေ လူသားမျိုးနွယ်နဲ့ မိစ္ဆာ မျိုးနွယ်တွေက ဘာမှ မဟုတ်ပါဘူး... သူတို့က စကြဝဠာထဲမှာ ဘာအဆင့်မှ မရှိဘူး... မွန်းစတားတွေနဲ့ အလင်းမျိုးနွယ်တွေကတော့ နည်းနည်း ကြီးမားတဲ့ မျိုးနွယ်တွေလို့ ပြောလို့ ရတယ်... တကယ်လို့ သူတို့ရဲ့ မဟာ ကျင့်ကြံသူတွေပါ ကမ္ဘာကို ရောက်နေတာ ဆိုရင်တော့ ငါ ကြောက်ချင် ကြောက်မိလိမ့်မယ်... ဂျူနီယာ ကျင်ကြံသူတွေကလောက်ကတော့...”

ချန်းဖန်က ‌ဂရုမစိုက်စွာ နှာခေါင်းရှုံ့လိုက်၏။

စကြဝဠာ အတွင်းရှိ မျိုးနွယ်များ၌ မွန်းစတား မျိုးနွယ်မှာ နံပါတ် ၅၀ ဖြစ်သည်။ အလင်းမျိုးနွယ်မှာမူ နံပါတ် ၃၉ ဖြစ်၏။ သူတို့သည် ဂလက်စီ အချို့ကိုပင် ထိန်းချုပ်နိုင်ကြရာ အစွမ်းထက် မျိုးနွယ်များဟု ဆိုနိုင်ပေသည်။  သို့သော်လည်း ကမ္ဘာသို့ ရောက်ရှိလာသော ကျင့်ကြံသူများမှာမူ ထိုမျိုးနွယ်စုကြီးများ၏ အကိုင်းအဖျားများသာ ဖြစ်ပေသည်။

ဥပမာ ဆိုရလျှင် လူသား မျိုးနွယ်သည် စကြဝဠာ၏ နံပါတ် တစ် မျိုးနွယ် ဖြစ်ပေသည်။ သို့သော်လည်း ကမ္ဘာပေါ၌ နေထိုင်ကြသော လူသားများမှာမူ လူသား မျိုးနွယ်စုကြီး တစ်ခုလုံး၏ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ပေသည်။

ထိုအကိုင်းအဖျားအနားများကို ချန်းဖန် ကဲ့သို့သော လူက အဘယ်ကြောင့် ကြောက်ရ ပါမည်နည်း။ သို့သော်လည်း တန့်ယွမ်ချင်း၊ ပျံလွှားနီလေးနှင့် ချူမင်ဟွေ့တို့ ကဲ့သို့သော လူများအတွက်မူ ထိုမျိုးနွယ်များမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်းက အဲဒီ မျိုးနွယ်တွေ ဘယ်လောက် အစွမ်းထက်သလဲ အင်အားကြီးသလဲ ဆိုတာ မသိသေးပါဘူး... သူတို့ရဲ့ ဘိုးဘေးတွေက အကုန်လုံး အခြေတည် ဝိညာဥ် အဆင့်တွေချည်းပဲနော်... ရွှေအမြုတေ အဆင့်နဲ့ အခြေတည် ဝိညာဥ် အဆင့်ကြားက ခြားနားချက်က အရမ်းကို ကြီးမားတယ်... ဝမ်ရှင်း တန်ခိုးရှင်ချန်း တစ်နေရာရာမှာ ရှောင်နေသင့်တယ်လို့ ကျွန်တော် ထင်တယ်”

တန့်ယွမ်ချင်းက ပြောလိုက်သည်။

“ဟုတ်တယ်... ရှင် အခြားလူတွေ အတွက် စိတ်ပူမနေနဲ့... ခွန်းလွန်က အန်တီထန်၊ စုမိသားစုနဲ့ လုမိသားစုတို့ကို ကာကွယ်ပေးနိုင်တယ်”

ပျံလွှားနီလေးကလည်း ဆို၏။

သို့သော်လည်း ချန်းဖန်က သူတို့၏ အကြံကို ခေါင်းခါကာ ပယ်ချလိုက်သည်။

“ငါ ဆုံးဖြတ်ပြီးပြီ... မျိုးနွယ် ရှစ်ခုကို အကြောင်းပြန်လိုက်... နောက် ခုနစ်ရက်မြောက်နေ့မှာ ငါ သူတို့ကို ယွင်ဝူတောင်ကနေ စောင့်နေမယ်... တကယ်လို့ မလာရင် ငါကိုယ်တိုင် သူတို့ မျိုးနွယ် တစ်ခုချင်းစီကို လာပြီး စာရင်းရှင်းမယ် လို့”

“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”

တန့်ယွမ်ချင်းနှင့် ပျံလွှားနီလေးတို့မှာ မျက်နှာပျက် သွားကြသည်။ တစ်ချိန်တည်း၌ ချူမင်ဟွေ့နှင့် အခြားလူများမှာလည်း ချန်းဖန်ကို စိတ်ရောဂါသည် တစ်ယောက် အလား ကြည့်လိုက်မိကြ၏။

သို့သော်လည်း ချန်းဖန်၏ ဝင်းဝင်းတောက် နေသော မျက်လုံးများက သူ့ကိုယ်သူ ယုံကြည်ချက် မည်မျှ ရှိနေကြောင်း ဖော်ပြနေသည်။ နောက်ဆုံး၌ တန့်ယွမ်ချင်း သားအဖ၊ ချူမင်ဟွေ့နှင့် ပျံလွှားနီလေးတို့မှာ ခေါင်းငိုက်စိုက်ချကာ ပြန်လည် ထွက်ခွာ သွားကြတော့၏။

သူတို့ ထွက်ခွာသွားပြီးနောက် ချန်းဖန်က အားရှို့ဘက်သို့ လှည့်လိုက်သည်။

“အားရှို့... သတင်းတစ်ခု ထုတ်လိုက်... ချန်းပေ့ရွှမ်းက မြောက်ပိုင်းချုံးရဲ့ တပည့်တွေကို ပြန်စုစည်း နေတယ်... ဆန္ဒ ရှိတဲ့သူ ပြန်လာနိုင်တယ်လို့... ငါတို့ မြောက်ပိုင်းချုံးကို ပြန် ထူ‌ထောင်ကြမယ်”

“ကောင်းပါပြီ ဆရာ...”

အားရှို့က ဒူးထောက်ရင်း လေးစားစွာ ဦးညွှတ် လိုက်သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များဖြင့် ပြည့်နှက် နေ၏။ ချန်းယောင်ယောင်မှာလည်း စိတ်လှုပ်ရှားစွာ ထခုန် လိုက်ခဲ့သည်။

မြောက်ပိုင်းချုံးဂိုဏ်းကား ခြောက်နှစ်ကြာပြီးနောက် ဒုတိယ အကြိမ်မြောက် ပြန်လာတော့မည် ဖြစ်သည်။ ဂိုဏ်းချုပ် ချန်းပေ့ရွှမ်းသည် ဂိုဏ်း၏ ဖွင့်ပွဲ အခမ်အနားကို မျိုးနွယ်စု ရှစ်ခု၏ သွေးဖြင့် စတင် ပေလိမ့်မည်။

ကျန်းဖေးဖေးမှာ ထိုမြင်ကွင်းကို ဘေးမှ ငြိမ်သက်စွာ ကြည့်နေခဲ့၏။ ထိုအခိုက်၌ မေးခွန်း တစ်ခုသာလျှင် သူမ၏ စိတ်ထဲ နေရာယူနေသည်။ ထိုမေးခွန်းကား “သူတို့က ရူးနေတာလား” ဟူ၍ပင်။

...

ယခုရက်ပိုင်း အတွင်း အင်တာနက် ပေါ်၌ အဟော့ဆုံး သတင်းမှာ ချန်းဖန်၏ ပြန်လည် ‌ပေါ်ထွက်လာမှုပင် ဖြစ်ပေသည်။ များစွာသော လူများသည် ချန်းဖန် အမှောင်မျိုးနွယ်များနှင့် နေနန်းတော်တို့အား မည်ကဲ့သို့ ရင်ဆိုင်မည်ကို ခန့်မှန်း နေကြသည်။

ချန်းဖန်နှင့် ထိုအဖွဲ့အစည်းများ အကြားရှိ ရန်ငြိုးမှာ နက်ရှိုင်းလွန်းလှသည်။ နောက်ဆုတ်ရန်လမ်း မရှိတော့ချေ။ မည်သို့ပင် ဆိုစေကာမူ မြောက်ပိုင်းချုံးမှာ အမှောင်မျိုးနွယ်များကြောင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်ပေသည်။

လူအများစုက ချန်းဖန် အနေဖြင့် အမှောင်မျိုးနွယ်နှင့် နေနန်းတော်တို့၏ တိုက်ခိုက်မှုကို လုံးဝ ယှဥ်နိုင်မည် မဟုတ်ဟု ခန့်မှန်းကြသည်။

“အမှောင်မျိုးနွယ် ရှစ်ခုကတော့ ချန်းပေ့ရွှမ်းကို တစ်ပတ် အတွင်း အညံ့ခံဖို့ ရာဇသံ ပေးလိုက်ပြီ... သူ ဘယ်လို တုန့်ပြန်မလဲ ကြည့်ရသေးတာပေါ့”

“ထိပ်တိုက် ရင်ဆိုင်ဖို့ ဆုံးဖြတ်တာနဲ့ ချန်းပေ့ရွှမ်းတော့ သေမှာပဲ... ထွက်ပြေးချင်ပြေး မဟုတ်ရင်လည်း အညံ့ခံ ဒါပဲ သူ့အတွက် ရွေးခြယ်စရာ ရှိတယ်”

“နှမြောစရာပဲ... တကယ်သူ သူ့အနေနဲ့ ရုပ်လုံး ထွက်မပြပဲ အချိန် တစ်ခု ကြာတဲ့အထိ သိုသိုသိပ်သိပ် ကျင့်ကြံနေရမှာ... သူသာ အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ဘယ် မျိုးနွယ်ကမှ သူ့ကို ထိရဲတော့မှာလဲ... အခုဟာက သူ့ကိုယ်သူ ဒုက္ခတွင်းထဲ ဆွဲချနေတာ”

များစွာသော လူများမှာ ချန်းဖန် အတွက် စိတ်မကောင်း ဖြစ်နေကြသည်။ ထိုကောင်လေးကား ကမ္ဘာ၏ ချွင်းချက်မရှိ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်ကို တက်ရောက်ရန် အခြေအနေ အကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် ထိုပါရမီရှင်လေးကား မည်ကဲ့သို့ သိုသိုသိပ်သိပ် နေထိုင်ရမည်ကို သိပုံ မရချေ။ သူကား ပေါ်လာလာချင်းပင် မျိုးနွယ်ခြားများကို တိုက်ခိုက်ခဲ့သည့် အပြင် နေနန်းတော် ကဲ့သို့သော အထွတ်အမြတ်မြေ တစ်ခုကိုပင် ရန်စခဲ့သည်။

“ဒီခေတ်က သူ ထင်တိုင်းကြဲခဲ့တဲ့ ခေတ် မဟုတ်တော့ဘူး...”

အထွတ်အမြတ် မျက်လုံး ဟူသော အကောင့် ပိုင်ရှင်က ရေးသားလိုက်သည်။ သူသည် ဥရောပ ခရစ်ယာန် မိသားစု တစ်ခုမှ ပေါက်ဖွားလာသည့် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်သည်။ အထွတ်အမြတ် မျက်လုံးသည် မစ္စတာ လေ့လာသူ ‌ပျောက်ကွယ်သွားပြီးနောက် အင်တာနက် ဖိုရမ်များပေါ်၌ သြဇာ အရှိဆုံး ဖြစ်လာသည့် လူတစ်ယောက် ဖြစ်ပေသည်။

လူအများ ချန်းဖန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေချိန်မှာပင် မယုံကြည်နိုင်စရာ သတင်းစကား တစ်ခုမှာ အင်တာနက် ထက်၌ ပျံ့နှံ့လာပြန်၏။ ထိုသတင်းကား ချန်းပေ့ရွှမ်းက အမှောင်မျိုးနွယ် ရှစ်ခုကို ပြန်လည် စိန်ခေါ်လိုက်ပြီ ဆိုသော သတင်းပင်။

ထိုသတင်းသည် ကမ္ဘာ တစ်ခုလုံးကို ပြင်းထန်စွာ ရိုက်ခတ် သွားခဲ့၏။

“ဘာလဲ... ချန်းပေ့ရွှမ်းက ရူးသွားတာလား...”

“ဘုရား ဘုရား... သူက မျိုးနွယ်စု ရှစ်ခုကို တစ်ယောက်တည်း တိုက်ခိုက်တော့မယ်ပေါ့... ဟိုက မလာရင် သူကိုယ်တိုင် လိုက်ရှာမယ်လို့တောင် ပြောလိုက်သေးတယ် ဆိုပဲ... သူက မျိုးနွယ်စု ရှစ်ခုကို ဘာထင်‌နေတာလဲ... ကျန်းပေ့ရဲ့ မိသားစု ရှစ်ခု ထင်နေတာလား”

“မျိုးနွယ်စု တစ်ခုက ‌ရွှေအမြုတေ အဆင့် တစ်ယောက်ကိုပဲ လွှတ်တယ် ဆိုစေဦးတော့... မျိုးနွယ်စု ရှစ်ခု ဆိုကတည်းက ရွှေအမြုတေ အဆင့် ရှစ်ယောက် ဖြစ်နေပြီ”

“ချန်းပေ့ရွှမ်းက တကယ်ကို ရူးနေပြီ...”

မရေမတွက်နိုင်သော လူများမှာ ခေါင်းခါ လိုက်ကြတော့သည်။

တစ်ချိန်တည်း၌ ချူကျိုးမြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့၏။ တစ်ပတ် အတွင်းမှာပင် မိုင်အနည်းငယ် ကွာဝေးသော ယွင်ဝူတောင်၌ တိုက်ပွဲများ ဖြစ်ပွားတော့မည် ဖြစ်သည်။ ‌ရွှေအမြုတေ အဆင့်များ၏ တိုက်ပွဲသည် မြို့အား အချိန်မရွေး ဖျက်ဆီး သွားနိုင်သည်။

ချူကျိုး၏ များစွာသော အင်အားစုများသည် ချန်းဖန်ထံ လာရောက်ကာ ဆုံးဖြတ်ချက်အား ပြင်ပါရန် တောင်းပန်ကြသည်။သို့သော်လည်း ချန်းယောင်ယောင်သစည် သူတိူ့ အားလုံးကို မောင်းထုတ်ပစ်ခဲ့၏။

ထိုလူများသည် ချန်းဖန်ကို မတွေ့ကြရသော်လည်း လက်မလျှော့သေးပဲ ခွန်းလွန်၊ ကျားနဂါးတောင်နှင့် ပါးကျီဂိုဏ်းတို့ကို သွားကာ တိုင်တောကြပြန်သည်။ သို့သော်လည်း ချန်းဖန်အား မည်သူက တားရဲပါမည်နည်း။

“ဝမ်ရှင်း တန်ခိုးရှင်ချန်းကတော့ ဘယ်လိုတွေ စဥ်းစားပြီး ဘယ်လိုတွေ လုပ်နေလဲ မသိတော့ပါဘူး...”

ပါးကျီဂိုဏ်း ဘိုးဘေးက သက်ပြင်းချသည်။

“ချန်းပေ့ရွှမ်း ဆိုတဲ့လူက ဘယ်တော့မှ မပြောင်းလဲဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်ရော ခုရော မောက်မာဆဲ မောက်မာနေမြဲပဲ”

ကူမိသားစု ခေါင်းဆောင် ကူရှီတုန်းကလည်း ထိုကဲ့သို့ ငြီး၏။

တစ်ချိန်တည်းမှာပင် မြန်မာ၊ စင်္ကာပူနှင့် ကမ္ဘာ တစ်ဝှမ်း၌ ပြန့်ကြဲနေသည့် မြောက်ပိုင်းချုံး၏ တပည့်များမှာ ချူကျိုးမြို့သို့ စုစည်း ရောက်ရှိ လာနေကြပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ကမ္ဘာ တစ်ခုလုံးသည် ယွင်ဝူတောင် တည်ရှိရာ ချူကျိုးမြို့ဘက်သို့ ဦးတည်၍ မျက်စိများ၊ နားများကို ဖွင့်ထားကြ၏။

မကြာခင်တွင် ထိုအရပ်၌ ကြီးကျယ်သော တိုက်ပွဲ တစ်ပွဲ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုတိုက်ပွဲသည် ကမ္ဘာနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို ဆုံးဖြတ် ပေးလိမ့်မည်။

အကယ်၍ ချန်းပေ့ရွှမ်း နိုင်ပါက မျိုးနွယ်ခြား၏ ကမ္ဘာ အပေါ် ဗိုလ်ကျ စိုးမိုးမှုများ ထာဝရ အဆုံးသတ် သွားပေလိမ့်မည်။ အကယ်၍ ချန်းပေ့ရွှမ်း ရှုံးနိမ့်ခဲ့လျှင်မူ လူသားတို့၏ ကံကြမ္မာမှာ ယခုထက်ပို နက်မှောင်ရုံမှ တစ်ပါ အခြား ရှိလိမ့်တော့မည် မဟုတ်ချေ။

***

All Chapters