← Chapters

တိုက်ပွဲ စတင်ခြင်း

Vol. 11 Ch. 1064

တိုက်ပွဲ စတင်ခြင်း

Vol. 11 Ch. 1064

ယွင်ဝူတောင်ထိပ်သည် အဖြူရောင်မြူများဖြင့် ဝန်းရံနေ၏။ မရေမတွက်နိုင်သော စွမ်းအင်များသည် ထိုနေရာ၌ စုစည်းကာ တင်းကြပ်သော လေထု တစ်ခုကို ဖန်တီးနေသည်။ လုံလောက်စွာ အစွမ်း မထက်သော လူများမှာ ထိုနေရာ၌ မတ်တပ်ပင် ရပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအခိုက်အတန့်၌ တန့်ယွမ်ချင်း၊ ချူမင်ဟွေ့၊ ချန်းချူရန်နှင့် ပါးကျီဂိုဏ်း ဘိုးဘေးတို့သည် ချန်းဖန်ကို ငေးကြည့် နေကြ၏။ မကြာခင် ချန်းဖန်၏ ပါးစပ်မှ ထွက်ပေါ်လာမည့် စကားလုံးမှာ လက်ရှိ အခြေအနေနှင့် ကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်ကြောင်း သူတို့ သိရှိထားသည်။

အကယ်၍ ချန်းဖန်သာ အချိန်တို အတွင်း အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာပါက ကမ္ဘာသည် ကောင်းကင်အရှင် တစ်ယောက်ကို ပိုင်ဆိုင် လာလိမ့်မည် ဖြစ်သည်။ အထွတ်အမြတ်မြေများနှင့် အမှောင် မျိုးနွယ်များကို ထပ်မံ ကြောက်စရာ လိုတော့မည် မဟုတ်ချေ။ ထို့အတူ ကမ္ဘာ၏ ကျင့်ကြံခြင်း လောကမှာလည်း မျိုးနွယ်ခြားများနှင့်  တန်းတူသော အခွင့်အ‌ရေး၊ အရင်းအမြစ်များကို ရရှိလာလိမ့်မည် ဖြစ်သည်။

အန်တီထန်၊ ချန်းယောင်ယောင်နှင့် တန့်ရီဖေးတို့ ပင်လျှင် ချန်းဖန်အား စိတ်လှုပ်ရှားစွာ ငေးမောကြည့် နေကြလေသည်။

ချန်းဖန်မှာ အချိန် အတန်ကြာ တိတ်ဆိတ်နေ၏။ မိနစ် အနည်းငယ်ကြာမှ သူက သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။

“အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းဖို့ ဆိုတာက ကျုပ်အတွက် အရမ်း လွယ်ကူပါတယ်... ဒါပေမဲ့ ဒီဂြိုဟ်ပေါ်မှာ ကျုပ် အဆင့် မချိုးဖျက်ချင်ဘူး”

“ဘာလို့လဲ...”

အဇူရာ နဂါးက လက်သီးအား တင်းတင်းဆုပ်ကာ ချန်းဖန်အား ကြည့်လိုက်၏။ သူ၏ မျက်လုံးများက တစ်စုံတစ်ခုကို သတိထားမိဟန် တဖျပ်ဖျပ် လင်းလက်နေသည်။

“အကြောင်းပြချက်ကို ခင်ဗျားလည်း သိထားပါတယ်”

ချန်းဖန်က သူ့အား ကြည့်လိုက်၏။ အဇူရာ နဂါးကား အန်တီထန်တို့ ကဲ့သို့သော သာမန် လူတစ်ယောက် မဟုတ်ချေ။ ခွန်းလွန်၏ လက်ရှိ ခေါင်းဆောင် ဖြစ်သလို ဂြိုဟ်သား ကျင့်ကြံသူများနှင့် ဆက်ဆံနေသည့် လူတစ်ယောက် ဖြစ်သည်။ သို့ဖြစ်ရာ စွန့်ပစ်ခံ နယ်မြေများရှိ ကောင်းကင် ဥပဒေသများမှာ မပြည့်စုံကြောင်း သူ သိပေလိမ့်မည်။

“မပြည့်စုံတဲ့ မဟာ တာအိုနဲ့ မပြည့်စုံတဲ့ အခြေတည် ဝိညာဥ် ကြောင့်ပေါ့ ဟုတ်လား...”

အဇူရာ နဂါးက မျက်မှောင်ကြုတ် လိုက်သည်။

“ဒါပေမဲ့ မပြည့်စုံတဲ့ အခြေတည် ဝိညာဥ်လည်း အခြေတည် ဝိညာဥ် အဖြစ် သတ်မှတ်နိုင်တာပါပဲ... တကယ်လို့ ခင်ဗျားသာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာရင် မြောက်ပိုင်းချုံးကိုရော ကမ္ဘာကိုပါ ကာကွယ်နိုင်စွမ်း ရှိလာမှာလေ”

“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ကမ္ဘာအတွက် ခင်ဗျား နည်းနည်းလေးလောက် အနစ်နာ မခံနိုင်ဘူးလားဗျာ”

အဇူရာ နဂါးက ခေါင်းအား ငုံ့ရင်း တောင်းပန် လိုက်သည်။ ထိုစစ်သားကြီးကား ဘဝ တစ်လျှောက်လုံး ခွန်းလွန် အတွက် မရေမတွက်နိုင်သော စစ်ပွဲများကို ဆင်နွှဲခဲ့သူ ဖြစ်သည်။ သူသည် တစ်ခါမှ ယခုကဲ့သို့ မတောင်းပန် ခဲ့ဖူးချေ။

သို့သော်လည်း ချန်းဖန်က တိတ်ဆိတ်စွာပင် ခေါင်းကို ခါပြလိုက်၏။ သူကား ဆုံးဖြတ်ချက် တစ်ခု ချပြီးတိုင်း ဘယ်တော့မှ ပြင်တတ်သည့်သူ မဟုတ်ချေ။

အဇူရာ နဂါးမှာ ချက်ချင်းပင် အိုစာကျ သွားသည်။ သူက ချန်းဖန်က ဆုံးဖြတ်ချက်ကို လေးစားသည့်နှယ် ခေါင်းတစ်ချက် ညိတ်ကာ နေရာမှ ထွက်ခွာသွား၏။

“ဆရာ...”

ပျံလွှားနီလေးက အဇူရာ နဂါး၏ နောက်ကို လိုက်ရန် ဦးတည်လိုက်၏။ သို့သော်လည်း သူမက ဆုံးဖြတ်ချက်ကို ပြင်ကာ ချန်းဖန်အား ကြည့်လိုက်သည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း... မပြည့်စုံတဲ့ အခြေတည် ဝိညာဥ် ဆိုတာ ဘာလဲ ကျွန်မ မသိဘူး... ဒါပေမဲ့ ကျေးဇူးပြုပြီး နောက်တစ်ခါ ပြန်စဥ်းစားပေးပါ... တကယ်လို့ ရှင်သာ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရင် အခြေအနေက လုံးဝ ပြောင်းလဲ သွားနိုင်တယ်... မြောက်ပိုင်းချုံးလည်း ဆက်တည်တံ့လိမ့်မယ်... ကမ္ဘာလည်း ဖျက်ဆီးခံရမှာ မဟုတ်ဘူး... အရာအားလုံးက ရှင့်အပေါ် မူတည်နေတယ်... ကမ္ဘာရဲ့ ကံကြမ္မာ အတွက် ရှင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးပါလား”

ချန်းဖန်က သူမကိုပါ ခေါင်းခါ ပြလိုက်သည်။

“ရှင်...”

ပျံလွှားနီလေးမှာ ဒေါသထွက် သွား၏။ သို့သော်လည်း သူမက ဘာမှ ဆက်မပြောတော့ပဲ ချန်းဖန်အား ကျောခိုင်းကာ အဇူရာ နဂါး၏ နောက်သို့ လျှင်မြန်စွာပင် လိုက်သွားခဲ့သည်။

တန့်ယွမ်ချင်း၊ ချန်းချူရန်နှင့် ပါးကျီဂိုဏ်း ဘိုးဘေးတို့မှာမူ ခေါင်းများကို ခါယမ်းကာ သက်ပြင်းသာ ချနေကြသည်။

ထိုအရာကား အခြေတည် ဝိညာဥ် အဆင့် ဖြစ်သည်။ အကယ်၍ သူသာ အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်ပါက ကမ္ဘာ၏ ထိပ်ဆုံး နေရာသို့ ရောက်ရှိ သွားလိမ့်မည် ဖြစ်သည်။ သို့တိုင်အောင် ချန်းဖန်သည် ထိုကဲ့သို့သော အခွင့်အရေးကို ပယ်ချခဲ့သည်။

သူတို့သည် ဖျောင်းဖြလိုကြသော်လည်း ချန်းဖန် ချန်းဖန်၏ ဆုံးဖြတ်ပြီးသော အမူအရာကို ကြည့်ကာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့သည်။

အားလုံး ထွက်ခွာသွားပြီးနောက် အားရှို့က ချန်းဖန်အား မေးလိုက်၏။

“ဆရာ... ဆရာက တကယ်ပဲ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုရင် အခု ဘာလို့ အဆင့် မတက်တာလဲ”

“ကလေးမ... စကြဝဠာကြီး ဘယ်လောက် ကျယ်ပြန့်တယ် ဆိုတာ နင်မသိသေးပါဘူး... အခြေတည် ဝိညာဥ် အဆင့်ဆိုတာက ဘာမှ မထူးခြားဘူး... ငါက နင့်ကိုတောင် အနည်းဆုံး အာကာသ အဆင့်လောက်ထိ ရောက်ဖို့ မျှော်လင့်ထားတာ”

ချန်းဖန်က မိန်းကလေး၏ ခေါင်းကို ပုတ်ရင်း ဆိုလိုက်၏။

“ကမ္ဘာနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးက အစစ်အမှန် နတ်ဘုရား အစီအရင်ရဲ့ ချိပ်ပိတ်ထားတာကို ခံထားရတာ... ဒီလို နေရာမျိုးမှာ အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းမယ် ဆိုရင် အခြေတည် ဝိညာဥ် အဆင့် အတုပဲ ဖြစ်လာလိမ့်မယ်... ဘယ်တော့မှ အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူး... နောက်ပြီးတော့...”

ချန်းဖန်က ခဏရပ်ကာ ပြုံးလိုက်၏။

“ငါတို့ ခုရင်ဆိုင်ရမှာက အမှောင်မျိုးနွယ်လေးတွေပဲလေ... သူတို့ရဲ့ မဟာ ကျင့်ကြံသူတွေ ရောက်မလာ သရွေ့ ဘာမှ စိုးရိမ်စရာ မရှိဘူး”

“အဲဒီလိုလား...”

အားရှို့မှာ အနည်းငယ် ယုံကြည်ချက် ရှိလာ၏။ သူမသည် ချန်းဖန်၏ စကားထဲမှ မောက်မာမှုကို ခံစား သိရှိ ရပေသည်။

မကြာခင်မှာပင် ယွင်ဝူတောင်ထိပ်၌ ချန်းဖန်နှင့် အဇူရာ နဂါးတို့ ပြောခဲ့သော စကားများမှာ အင်တာနက်ထက်၌ ပျံ့နှံ့သွား၏။ လူအများသည် မယုံကြည်နိုင်အောင် အံ့အားသင့် သွားကြရာ ဖိုရမ်များ၌ စတင် ဆွေးနွေး ကြတော့သည်။

“ချန်းပေ့ရွှမ်းက တကယ် လေကြီးတာပဲ... သူက အခြေတည် ဝိညာဥ် အဆင့်ကို အလွယ်လေး တက်လှမ်းနိုင်တယ် လို့ ပြောတယ် တဲ့... သူက အခြေတည် ဝိညာဥ် အဆင့်ကို ဘာထင်နေတာလဲ”

“ရှေးဟောင်း မှတ်တမ်းတွေ အရဆို အခြေတည် ဝိညာဥ် အဆင့်ကို ကောင်းကင်အရှင် လို့တောင် ခေါ်ကြတယ် တဲ့... ကောင်းကင်ဘုံကို အစိုးရသူ ဆိုတဲ့ အဓိပ္ပာယ်ပေါ့... သူတို့က ကမ္ဘာကိုတောင် ထိန်းချုပ်နိုင်ကြတယ်... အဲဒီလို မြင့်မားတဲ့ အဆင့်မျိုးကို ဘယ်လို လူမျိုးက လွယ်လွယ်နဲ့ ရောက်နိုင်မှာလဲ”

“ဟုတ်ပါ့... ချန်းပေ့ရွှမ်းက အမှောင်မျိုးနွယ်တွေကို ခြိမ်းခြောက်ဖို့ ပြောခဲ့တာလားတော့ မသိဘူး... ဒါပေမဲ့ အရမ်းကြီး ဟာသ ဆန်နေတယ်... သူသာ အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်ရင် ဘာလို့ ရွှေအမြုတေ အဆင့်မှာ ဆက်နေနေသေးလဲ... အခြေတည် ဝိညာဥ် အဆင့်နဲ့ ‌ရွှေအမြုတေ အဆင့်ကြားက ခြားနားချက် ဘယ်လောက်ကြီးတယ် ဆိုတာ လူတိုင်းသိတယ်”

“ဟုတ်ပါ့... ရဲ့နန်ထင်းတောင် ‌ရွှေအမြုတေ အလယ်ဆင့်မှာပဲ ရှိသေးတာ... သူက ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဆိုရင်တောင် ကြားကောင်းဦးမယ်... ခုတော့ ဘယ့်နှယ် အခြေတည် ဝိညာဥ် အဆင့်ကိုတောင် လွယ်လွယ်လေး တက်လှမ်းနိုင်တယ် ဆိုပဲ”

မရေမတွက်နိုင်သော ကွန်မန့်များမှာ မြေအောက် ဖိုရမ်များထက်၌ ပျံ့နှံ့နေသည်။ အတွေ့အကြုံရင့် တန်ခိုးရှင် အဆင့်၊ မူလ အဆင့် ကျင့်ကြံသူများမှာ လေးပင်စွာဖြင့် ခေါင်းများကို ခါယမ်း နေကြ၏။

အချို့က ချန်းဖန် အခြေတည် ဝိညာဥ် အဆင့်သို့ မဝင်ရောက်သေးခြင်းမှာ ကမ္ဘာ၏ ကောင်းကင် ဥပဒေသများကြောင့် ဖြစ်ကြောင်း ရှင်းပြကြသည်။ သို့သော်လည်း များစွာသော လူများက ထိုရှင်းလင်းချက်ကို သဘောမတူကြချေ။

အတုဖြစ်စေ၊ အစစ်ဖြစ်စေ အခြေတည် ဝိညာဥ် အဆင့်က အခြေတည် ဝိညာဥ် အဆင့်သာ ဖြစ်သည်။ ကမ္ဘာ၏ ထိပ်ဆုံး၌ ရပ်တည်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးကို မည်ကဲ့သို့သောလူက လက်လွှတ်ပါမည်နည်း။

“ချန်းပေ့ရွှမ်းကတော့ ဘဝင်လေဟပ်ပြီး ရူးနေပြီ ထင်တယ်...”

အထွတ်အမြတ် မျက်လုံးက ခေါင်းခါရင်း ရေးလိုက်၏။

ချန်းဖန်မှာမူ ထိုအကြောင်းအရာများကို သိရှိခြင်း မရှိပါချေ။ သူသည် ယွင်ဝူတောင်ထိပ်၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များနှင့် တွေ့ဆုံနေ၏။

လွန်ခဲ့သည့် ခုနစ်ရက် အတွင်း မြောက်ပိုင်းချုံး၏ လက်ကျန် ဂိုဏ်းဝင် အချို့သည် ချူကျိုးမြို့သို့ ‌ရောက်ရှိလာကြသည်။ သူတို့ကား ဂိုဏ်းအပေါ် အလွန် သစ္စာရှိသည့် တပည့်များ ဖြစ်သည်။ သူတို့သည် တိုက်ပွဲ၌ ချန်းဖန် မနိုင်လောက်ဟု ယူဆကြသည့်တိုင် အတူတကွ တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။

“မူလ အဆင့် နှစ်ယောက်၊ ဝိညာဥ် ပင်လယ် အဆင့် ခုနစ်ယောက်၊ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်က သုံးဆယ့် သုံးယောက်... အခြေခံ တည်ဆောက်ခြင်း အဆင့်က အယောက် နှစ်ဆယ်ပါ ဆရာ...”

အားရှို့က တပည့် စာရင်းကို ချန်းဖန်ထံ တင်ပြသည်။ သူမ၏ အသံမှာ အနည်းငယ် တုန်ရီလှိုင်းထ နေ၏။

အတိတ်၌ မြောက်ပိုင်းချုံးမှာ မည်မျှ အင်အားကြီးခဲ့သနည်း။

ချန်းဟွိုက်အန်း ဆိုလျှင် ရွှေအမြုတေ အဆင့် ဖြစ်သည်။ ထို့အတူ ဟွာရန်ဖန်း၊ ရှဲ့ရန်၊ ယူကီရှီရိုဆာ၊ ယုဝမ်ကျင်းတို့မှာလည်း မူလ အထွတ်အထိပ် အဆင့်များ ဖြစ်ကြသည်။

ထိုအဓိက တပည့်များ အပြင် မူလ အဆင့် ဒါဇင်ပေါင်းများစွာ၊ ဝိညာဥ် ပင်လယ် အဆင့်နှင့် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် တပည့် ထောင်ချီ... နောက်ဆုံး အခြေခံ တည်ဆောက်ခြင်း အဆင့် ဆိုလျှင် ‌သိန်းနှင့်ချီသည် အထိ ပိုင်ဆိုင်ခဲ့သည်။

သို‌သော်လည်း ယခုတွင်မူ ကျန်ရစ်သော ဂိုဏ်းဝင် အရေအတွက်မှာ တစ်ရာပင် မပြည့်တော့ချေ။ မြောက်ပိုင်းချုံးကား လမ်းဘေးဂိုဏ်းလေး တစ်ဂိုဏ်း၏ အင်အားလောက်သာ ရှိတော့ပေသည်။

“သူတို့နဲ့တင် လုံလောက်ပါတယ်...”

ချန်းဖန်၏ မျက်လုံးများမှာ အရောင် တဖျပ်ဖျပ် လက်နေ၏။

“သူတို့ အကုန်လုံးကို အတွင်းစည်း တပည့်တွေ အဖြစ် သတ်မှတ်ပေးလိုက်... ငါကိုယ်တိုင် သူတို့ကို သင်ကြားပြသ ပေးမယ်... ဒီနေ့ကစပြီး သူတို့က မြောက်ပိုင်းချုံးရဲ့ ပထမ မျိုးဆက် အကြီးအကဲနဲ့ တပည့်တွေပဲ... ငါ သူတို့ရဲ့ နာမည်တွေကို စကြဝဠာ အနှံ့ကျော်ကြားအောင် ယူဆောင်ပေးမယ်”

“ဟုတ်ကဲ့ပါ ဆရာ... “

အားရှို့က ခေါင်းညိတ် လိုက်တော့၏။

***

ခုနစ်ရကမြောက်နေ့...

ထိုနေ့၌ ဘီလျံပေါင်းများစွာသော လူများသည် တယ်လီဗေးရှင်း၊ ကွန်ပြူတာနှင့် ဆဲလ်ဖုန်းများကို အရှေ့၌ ချကာ တိုက်ပွဲကို ကြည့်ရန် အဆင်သင့် ဖြစ်နေကြသည်။ လူအချို့က ထိုတိုက်ပွဲကို “လူသားနှင့် ဂြိုဟ်သားများ အကြားမှ တိုက်ပွဲ” ဟု ‌ခေါင်းစဥ်တပ်ကြ၏။

ထိုတိုက်ပွဲသည် လူသားများက ပိုစွမ်းသလား၊ ဂြိုဟ်သားများက ပိုကြမ်းသလား ဆုံးဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်ပေသည်။

“ချစ်ခင် လေးစားရပါတယ် ပရိသတ်များရှင်... Mango live တိုက်ရိုက် ထုတ်လွှင့် တင်ဆက်မှုကနေ ကြိုဆိုပါတယ်... ကျွန်မကတော့ အစီအစဥ် တင်ဆက်သူ ကျန်းဟွာပဲ ဖြစ်ပါတယ်”

“အခု အချိန်မှာ ဆိုရင် မြောက်ပိုင်းချုံးရဲ့ ဂိုဏ်းချုပ် ဝမ်ရှင်း တန်ခိုးရှင်ချန်းဟာ ယွင်ဝူတောင်မှာ ရှိနေတာပဲ ဖြစ်ပါတယ်... တိကျ ခိုင်မာတဲ့ ရင်းမြစ်တွေ အရ ဆိုရင် သူက တောင်ထိပ် တစ်ခုရဲ့ ချောက်ကမ်းပါးစွန်းမှာ ထိုင်ရင်း မျိုးနွယ်စု ရှစ်ခုက လူတွေကို စောင့်နေတာပါတဲ့ရှင်”

“ဒါနဲ့ မျိုးနွယ်စု ရှစ်ခုမှာ ရွှေအမြုတေ အဆင့် အရေအတွက် ဘယ်လောက် များများ ရှိနေနိုင်မလဲ... စိတ်ဝင်စားရင် အောက်က QR ကုတ်လေးကို စကန်ဖတ်ပြီး လောင်းလို့ ရပါတယ်နော်”

ကျန်းဟွာသည် ချူကျိုးမြို့လယ်၊ ထျန်ရှန်း အဆောက်အဦးမှ နေ၍ တိုက်ရိုက် ထုတ်လွှင့်မှုကို တင်ဆက်နေ၏။

Mango live သာလျှင် မကချေ။ အခြားသော အင်တာနက် ပလက်ဖောင်းများ၊ ကာစီနိုများမှာလည်း ထိုကဲ့သို့သော လောင်းကစား ဂိမ်းများကို ဖွင့်လှစ်ထားကြသည်။ သူတို့သည် မျိုးနွယ်စု ရှစ်ခု အင်အား မည်မျှ ရှိလိမ့်မည်၊ တိုက်ပွဲ၌ မည်သူနိုင်လိမ့်မည် တို့ကို လောင်းကြေး တင်ထားကြ၏။

မျိုးနွယ်စု ရှစ်ခုကား ကမ္ဘာကို စိုးမိုးထားသည့် အင်အားစုများ ဖြစ်သည်။ သူတို့ တစ်ခုချင်းစီသည် အနည်းဆုံး ‌ရွှေအမြုတေ အဆင့် တစ်ယောက်မှ အများဆုံး ဆယ်ယောက်အထိ စေလွှတ်နိုင်သည်။

အခြား တစ်ဖက်၌ ချန်းဖန်မှာ ကမ္ဘာ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်ကာ မာယာ စစ်သင်္ဘောများကိုပင် ဖျက်ချခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် လွယ်ကူစွာ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။

“ဝှစ်...”

လူအများ စောင့်ဆိုင်းနေကြချိန်မှာပင် သွေးရောင် အလင်းတန်း တစ်ခုမှ ကောင်းကင်တွင် ပေါ်လာခဲ့၏။ ၎င်းကား မျိုးနွယ်စု တစ်ခုမှ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်များ‌ ‌အောက်တွင်ပင် ပိုမို များပြားသော အလင်းများမှာ ကောင်းကင်တွင် ပေါ်ထွက်လာခဲ့ပြန်၏။

တစ်၊ နှစ်၊ သုံး...

ထို့နောက်

တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ်...

အဆုံး၌...

ကြောက်မက်ဖွယ် အလင်း တစ်ရာမှာ ယွင်ဝူတောင်ထိပ်၌ ပေါ်ထွက်လာကာ ကောင်းကင်အား လွှမ်းခြုံ သွားလေတော့သည်။

***

All Chapters