ကောင်းကင်အရှင်ချန်း
Vol. 11 Ch. 1070
ရိုမေးနီးယား၊ အမှောင်တောအုပ်…
"ဘုန်း…"
လျှပ်စီးများသည် လင်းလက် နေကာ လေများမှာ ကြမ်းတမ်းစွာ ကြမ်းတမ်းစွာ တိုက်ခတ်နေ၏။ ပတ်ဝန်းကျင် မိုင်တစ်ရာသည် မိုးကြိုး တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသည်။ ချန်းဖန်သည် ကောင်းကင်၌ လက်နှစ်ဖက်ကို နောက်ပစ်လျှက် ရပ်ရင်း အမှောင် ရဲတိုက်ကို ကြည့်နေခဲ့၏။
"ဝှစ်…"
သွေးမျိုးဆက် အကြီးအကဲ တစ်ယောက်မှာ ရဲတိုက် အပြင်သို့ ပျံသန်း ထွက်ပေါ်လာ၏။
"ချန်းပေ့ရွှမ်း… မင်း ဒီနေ့ ငါတို့ကို သတ်ရဲရင် သတ်ပေါ့… ငါတို့ ဘိုးဘေးက နတ်ဘုရား ကုန်းမြေကနေ ထွက်တာနဲ့ မင်းနဲ့ မြောက်ပိုင်းချုံး တစ်ခုလုံး ပြန်ရှင်းပစ်လိမ့်မယ်"
ချန်းဖန်က ဘာမှ ပြန်မပြောပဲ လက်တစ်ဖက်ကိုသာ မြှောက်လိုက်သည်။
"ဘုန်း…"
အနက်ရောင် ကိုယ်ကြပ် ဝတ်စုံနှင့် ရွှေရောင်လိုင်း ခုနစ်ပါသော အပေါ် ဝတ်ရုံဝတ်ဆင်ထားသည့် ထိုရွှေအမြုတေ အဆင့်မှာ ချက်ချင်းပင် ပေါက်ကွဲ သွားခဲ့၏။
"ချန်းပေ့ရွှမ်း သိပ်လွန်မလာနဲ့… မင်း မိသားစုနဲ့ မင်းရဲ့ မိတ်ဆွေတွေကို ဖမ်းဖို့ ငါတို့ လူတွေ လွှတ်ပြီးပြီ… မင်း အသက်ရှင်သန်မယ် ဆိုရင်တောင် အနာဂတ်မှာ အမြဲ အထီးကျန်ရလိမ့်မယ်နော်"
အခြား သွေးမျိုးဆက် အရှင်သခင် တစ်ယောက်မှ ကောင်းကင်သို့ ထပ်မံ ပျံတက် လာပြန်၏။
"တကယ်လား…"
ချန်းဖန်က ရယ်မောလိုက်သည်။ သူသည် ထိုအကြောင်းအရာများကို ကြိုတင် သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ နောက်လိုက် အခြေတည် ဝိညာဉ် အဆင့် ခြောက်ယောက်ကို လုမိသားစု၊ စုမိသားစု စသည့် ပိုင်နက်များသို့ လူခွဲကာ လွှတ်ခဲ့ပြီး ဖြစ်သည်။ ထိုအခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ချင်းစီမှာ အမှောင်မျိုးနွယ် တစ်ခုကို လွယ်ကူစွာ ရှင်းလင်း နိုင်ပေသည်။
ထိုအချိန် လင်းမြို့တော်၊ လုမိသားစု ခြံဝန်း အတွင်း၌…
အနက်ရောင် အရေပြားကို ပိုင်ဆိုင်ထားသည့် ကြီးထွားကြံ့ခိုင်သော လူကြီး တစ်ဦးမှာ မတ်တပ်ရပ်နေခဲ့၏။ သူ၏ သွားများထက်တွင်မူ ရေနေ လူသား မျိုးနွယ်ဝင် အမျိုးသမီး တစ်ဦး၏ အပြာရောင် သွေးများက စီးကျနေသည်။ ထိုလူကြီးကား ချန်းဖန်၏ နောက်လိုက် ခြောက်ယောက် အနက်မှ "မူရှောင်" ပင် ဖြစ်ပေသည်။
တစ်ချိန်တည်း၌ အခြား အခြေတည် ဝိညာဉ် အဆင့် ၅ ယောက်မှာလည်း ချန်းဖန်၏ မိတ်ဆွေများအား လုပ်ကြံရန် လာရောက်ကြသော မူလ အဆင့်၊ ရွှေအမြုတေ အဆင့်များကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
"ကဲ… လိုရင်းကိုပဲ သွားရအောင်… မင်းတို့ အကုန်လုံး သေသင့်တယ်"
ချန်းဖန်သည် ရဲတိုက်ထဲရှိ သေဆုံးနေသော လူသား အချို့ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ အရာက ထိုသွေးစုတ်ဖုတ်ကောင်များမှာ အဆ တစ်ရာပြန် သေသင့်ကြောင်း ဖော်ညွှန်းနေ၏။
"ဘုန်း…"
ချန်းဖန်၏ မျက်လုံး အတွင်းရှိ ကိုးရောင်ခြယ် မီးသည် နဂါးနှစ်ကောင် အသွင်သို့ ပြောင်းလဲကာ ရဲတိုက်ဆီ တိုးဝင် သွား၏။
"ဂါး…"
မရေမတွက်နိုင်သော သွေးမျိုးဆက်များမှာ မြည်တမ်း လိုက်ကြသည်။ သူတို့သည် အနက်ရောင်မြူများနှင့် အထွတ်အမြတ် ရတနာများကို ထုတ်လွှတ်လျှက် မီးအား တားဆီးရန် ကြိုးစား လိုက်ကြ၏။ သို့သော်လည်း မီးနဂါး နှစ်ကောင်ကို မည်သည့် အရာက တားဆီးနိုင်ပါမည်နည်း။
လီရွှေရောင်မျက်လုံးကား ချန်းဖန် ပထမဆုံး စတင် ကျင့်ကြံခဲ့သည့် နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည်။ ထိုအရာသည် အဆင့်မြင့် နတ်ဘုရား စွမ်းအား တစ်ခု မဟုတ်သော်လည်း ချန်းဖန် နတ်ဘုရား စက်ဝန်း တစ်ခုကို အောင်မြင်တိုင်း နတ်ဘုရား မီးတောက် တစ်ခုကို ထပ်မံ ဖွဲ့စည်းသည်။ ထိုမီးတောက် တစ်ခုချင်းစီမှာ အခြေတည် ဝိညာဉ်ကို သန့်စင် နိုင်သည် အထိ အစွမ်းထက်ကြသည်။ ယခု၌ ၎င်းတို့ ကိုးခုကား အတူတကွ ပေါင်းစည်း နေလေရာ မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်း နိုင်ပေသည်။
"ဘုန်း… ဘုန်း…"
စက္ကန့်ပိုင်းမျှ အချိန် အတွင်းမှာပင် ရာပေါင်းများစွာသော မူလ အဆင့်များနှင့် ရွှေအမြုတေ အဆင့်များမှာ အဇူရာ မီးခိုးများ အဖြစ် ပြောင်းလဲ သွားတော့၏။ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်နေသော သွေးစုပ်ဖုတ်ကောင်များမှာလည်း ချန်းဖန်၏ သွေးကျိန်စာဖြင့် သတ်ဖြတ်ခြင်းအား ခံကြရသည်။
အဆုံး၌ သွေးမျိုးဆက် အချို့သာလျှင် ကျန်ရစ်တော့၏။ ချန်းဖန်သည် သူတို့အား စစ်ဆေး မေးမြန်းရန် အတွက် ချန်ထားခြင်း ဖြစ်ပေသည်။
"ဝှစ်… ဝှစ်…"
ချန်းဖန်က လူသား အစေခံ အားလုံးကို ကယ်ထုတ်လိုက်ပြီးနောက် ရဲတိုက် တစ်ခုလုံးကို ဖြိုချပစ်လိုက်သည်။ အားလုံးပြီးဆုံးသည်နှင့် သူသည် ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲကာ ချူကျိူမြို့သို့ ပြန်လည် ဦးတည် လိုက်တော့သည်။
ချန်းဖန်သည် ယွင်ဝူတောင်သို့ ပြန်လည် ရောက်ရှိ လာသော အခါတွင် လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များနှင့် ရင်ဆိုင် လိုက်ရသည်။ အဇူရာ နဂါး၊ ကျန်းဖေးဖေး၊ ချန်းယောင်ယောင်နှင့် အန်တီထန်တို့ အားလုံးမှာ ဆွံ့အ နေကြ၏။ သူတို့ကား ဘာစကားမှပင် မပြောနိုင်ကြချေ။
ဆယ်မိနစ်…
ထိုအရာက ဆယ်မိနစ်တည်းသာ ဖြစ်သည်။
ထိုအတောအတွင်းမှာပင် ချန်းဖန်သည် ကမ္ဘာကို တစ်ပတ်ပတ်ကာ ထောင်ချီသော မူလ အဆင့်များနှင့် ရာချီသော ရွှေအမြုနေ အဆင့်များကို ရှင်းလင်း သုတ်သင် ခဲ့သည်။ ထိုအရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ချန်းဖန်သည် မျိုးနွယ်စု ရှစ်ခုကို မည်သူမျှ မျှော်လင့် မထားသော နည်းလမ်းဖြင့် အနိုင်ယူပစ်ခဲ့ခြင်း ဖြစ်သည်။ အဇူရာ နဂါးသည် အချိန်မရွေး အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်သည် ဟူသည့် ချန်းဖန်၏ စကားကို ပြန်လည် ကြားယောင်နေမိသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ် သူ ကောင်းကင်နယ်မြေ ခြောက်ခုနဲ့ တိုက်ခိုက်တုန်းက ငါ သူ့ကို နားမလည် နိုင်ခဲ့ဘူး... ဆယ်နှစ်ကြာပြီးတဲ့နောက်လည်း ငါ သူ့ကို နားမလည်နိုင်သေးဘူး... သူက အဆုံးမရှိတဲ့ ရေတွင်းနက် တစ်တွင်းလိုပဲ”
အဇူရာ နဂါးက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ချန်းဖန်ထံ လျှောက်သွားကာ လေးစားစွာ ဦးညွှတ် လိုက်၏။
ထို့နောက် ချန်းချူရန်၊ တန့်ယွမ်ချင်း၊ ပျံလွှားနီလေးနှင့် တန်ဒြာ ဗုဒ္ဓဂိုဏ်း ဘိုးဘေးတို့ကလည်း ချန်းဖန်အား တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ် လိုက်ကြသည်။ သူတို့ ချန်းဖန်အား ဦးညွှတ်ကြခြင်းမှာ ချန်းဖန်၏ စွမ်းအားကြောင့် မဟုတ်ပါချေ။ အမှောင် မျိုးနွယ် ရှစ်ခုကို ရှင်းလင်းကာ ကမ္ဘာအတွက် အလင်းရောင် ယူဆောင်ပေးခဲ့သောကြောင့် ဖြစ်ပေသည်။
ပရိသတ်များထဲရှိ မရေမတွက်နိုင်သော လူများမှာလည်း တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ် လိုက်ကြ၏။ ကျေးဇူးတင်ခြင်း၊ လေးစားခြင်းတို့မှာ သူတို့၏ စိတ်ထဲ ယိုဖိတ်နေသည်။
သူကား လူသား မျိုးနွယ်၏ ကယ်တင်ရှင် ဖြစ်သည်။ လူသား မျိုးနွယ်၏ ဂုဏ်အယူရဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။
အန်တီထန်မှာ ပါးစပ်ကို ပိတ်ကာ တရှုံ့ရှုံ့ ငိုကြွေးနေ၏။ ချန်းဖန်ကား သူ၏ သားအရင်းလေး သဖွယ် ဖြစ်သည်။ သို့ဖြစ်ရာ ချန်းဖန်၏ အောင်မြင်မှုက သူမကို မည်ကဲ့သို့ စိတ်မလှုပ်ရှားစေပဲ နေပါမည်နည်း။
အားရှို့၊ တန့်ရီဖေးနှင့် ချန်းယောင်ယောင်တို့မှာလည်း ဝမ်းနည်းဝမ်းသာ ဖြစ်နေကြ၏။ ကျန်းဖေးဖေး တစ်ယောက် သာလျှင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့၏။ သူမ သာလျှင်မက ချန်းဖန်အား တီဗီမှ တစ်ဆင့် ကြည့်နေကြသော ချူယွင်နှင့် ရှောင်ရွှမ်တို့မှာလည်း အလားတူ ခံစားနေကြရသည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က သူတို့နှင့် အတူ ထျန်ရှန်း အဆောက်အဦ၌ စားသောက်ခဲ့သော လူငယ်လေးမှ ယခုကဲ့သို့ ကမ္ဘာပျက်မတတ် ဖြစ်ရပ်များကို ဆောင်ယူလာလိမ့်မည်ဟု သူတို့ တွေးပင် မတွေးမိခဲ့ကြချေ။
“ငါတို့ သူ့ကို အထင်သေးမိတာပဲ”
ချူယွင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
တစ်ချိန်တည်း၌ ကမ္ဘာပေါ်ရှိ ဘီလျပေါင်း များစွာသော လူများမှာ ရူးသွပ် မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လူသားများအား အနိုင်ကျင့် ဗိုလ်ကျနေသော အမှောင် မျိုးနွယ်များ ရှင်းလင်း ခံလိုက်ရခြင်းကို မည်သူက မပျော်ပဲ နေပါမည်နည်း။
လန်ဒန်၊ နယူးယော့ခ်၊ ချီကာဂို၊ တိုကျို၊ မွန်ဘိုင်း၊ ရန်ကုန်၊ ဘန်ကောက်...
များစွာသော မြို့ကြီးများမှာ အပျော်များဖြင့် ပြည့်နှက်နေ၏။ ကမ္ဘာ တစ်ဝန်းလုံးရှိ လူများသည် ပွဲတော်ကြီးများ ဆင်နွှဲသည့် အလား အောင်ပွဲခံနေခဲ့ကြလေသည်။
“ဆယ်စုနှစ် တစ်ခုလောက်လေး ကမ္ဘာက ထွက်သွားတာနဲ့ သူ ဒီလောက် အစွမ်းထက်လာမယ် လို့ ဘယ်သူက ထင်မိမှာလဲ... သူက ငါတို့ ဘယ်သူမှ မကြားဖူးခဲ့တဲ့ ကောင်းကင် အမြုတေကိုတောင် ဖွဲ့စည်းနိုင်ခဲ့တယ်တဲ့”
ကျင့်ကြံသူ တစ်ယောက်က ပြောသည်။ စီအိုင်အေ လျှို့ဝှက် ဖိုရမ် တစ်ခုလုံးမှာ ချက်ချင်းပင် သက်ဝင် လှုပ်ရှား လာ၏။
“အင်း... ငါ ခုနကလေးတင် အချက်အလက် အချို့ကို ရှာကြည့်ခဲ့တယ်... ကောင်းကင် ရွှေအမြုတေ ဆိုတာက စကြဝဠာ တစ်ခုလုံးမှာတောင် အရမ်းကို ရှားပါးတယ် တဲ့... ထျန်းဟောင်လို့ ခေါ်တဲ့ ဂြိုဟ်ကြီးမှာပဲ တစ်ယောက် နှစ်ယောက် ပေါ်ထွက် လာတတ်တာတဲ့”
သမိုင်းစဥ်လာ ကြီးမားသော ကျင့်ကြံခြင်း မိသားစုတစ်ခုမှ ဆင်းသက်လာသည့် မျိုးဆက် တစ်ယောက်က ဆိုသည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းက အဲဒီ ထျန်းဟောင်ဂြိုဟ် ဆိုတာကို သွားခဲ့တာဆို... သူက အဲဒီဂြိုဟ်မှာ ရှိတဲ့ ဂိုဏ်းကြီးတွေကနေ ကျင့်စဥ်တွေ သင်လာခဲ့တာလား”
အခြား တစ်ယောက်က ခန့်မှန်း လိုက်၏။
“ဖြစ်နိုင်တယ်...”
“ငါလည်း အဲ့လိုထင်တယ်...”
“အမှန်ပဲ...”
များစွာသော လူများမှာ သဘောတူ လိုက်ကြသည်။
“ငါတို့ သူ့ကို ဝမ်ရှင်း တန်ခိုးရှင်ချန်းလို့ ဆက်မခေါ်သင့်တော့ဘူး... သူ့ကို အခြား နာမည် တစ်ခု ပေးရမယ်... သူ့ရဲ့ စွမ်းအားက ဝမ်ရှင်း တန်ခိုးရှင် ဆိုတဲ့ ဂုဏ်ပုဒ်လောက်နဲ့ မဆီလျော်တော့ဘူး... နောက်ပြီး စီအိုင်အေ အနေနဲ့ X level ထက် ပိုမြင့်တဲ့ အဆင့် တစ်ခု ဖန်တီးသင့်နေပြီ... အခြေတည် ဝိညာဥ် အဆင့်နဲ့ ညီမျှတဲ့ အဆင့် တစ်ခုပေါ့”
တစ်ယောက်က အကြံပေး လိုက်သည်။
“အကြံကောင်းပဲ...”
လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။
“ကောင်းကင်မင်းသားချန်း ဆိုရင်ရော...”
“ဂိုဏ်းချုပ်ကြီးချန်း ဒါမှမဟုတ် မဟာ တန်ခိုးရှင် စိတ်တိုကြီးချန်း...”
များစွာသော အကြံပြုချက်များမှာ အစီအရီတက်လာသော်လည်း ထိုအရာအားလုံးမှာ ပယ်ချ ခံရ၏။ လူအများစုမှာ ကောင်းကင်မင်းသား ဟူသော ဂုဏ်ပုဒ်ပင်လျှင် ချန်းဖန်နှင့် မထိုက်တန်ဟု ယူဆ နေကြသည်။
လူအများ ဝေခွဲမရ ဖြစ်နေစဥ်မှာပင် ဆယ်စုနှစ် တစ်ခုခန့် ပျောက်နေသော မစ္စတာ လေ့လာသူမှာ ရုတ်တရက် ပေါ်လာခဲ့၏။
“ရှေးဟောင်းခေတ်တွေတုန်းက လူတွေဟာ အခြေတည် ဝိညာဥ် အဆင့်တွေကို ကောင်းကင်အရှင် ရယ်လို့ ခေါ်ခဲ့ကြတယ်... အဓိပ္ပာယ်ကတော့ လူသား ကမ္ဘာကို အစိုးရတဲ့ အင်ပါယာအရှင် ပေါ့လေ... ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အဆင့်ကိုတောင် သတ်နိုင်ခဲ့တယ် ဆိုတော့ အဲဒီ ဂုဏ်ပုဒ်နဲ့ ထိုက်တန် နေပါပြီ”
“ကောင်းကင်အရှင်...”
လူများမှာ နှုတ်မှ ထုတ်ဖော်ကာ ရေရွတ်လိုက်မိ၏။ မကြာခင်မှာပင် ထိုဂုဏ်ပုဒ်မှာ စီအိုင်အေ လျှို့ဝှက် ဖိုရမ်မှ တစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ သွားခဲ့လေတော့သည်။
***