← Chapters

စန့်ကွမ်းချိုးရယ်၏ အကြံအစည်

Vol. 020 Ch. 1922

စန့်ကွမ်းချိုးရယ်၏ အကြံအစည်

Vol. 020 Ch. 1922

အဝေးတစ်နေရာတွင် များပြားလှသော တန်ခိုးရှင်များက စုစည်းနေကြသည်။ တိုက်ပွဲက သူတို့အားလုံး၏ အာရုံကို ဆွဲဆောင်ထားပြီး ထိုတိုက်ပွဲအား အသေးစိတ်လေ့လာနေကြ၏။ သူတို့သည် ရီဖူရှင်းက ရန်ဟောင်အဖွဲ့တစ်ဖွဲ့လုံးကို တစ်ယောက်တည်း ရင်ဆိုင်နေသည်အား တွေ့မြင်လိုက်ကြရသည်။

"အဲဒီ ဆံပင်အဖြူနဲ့ ရန်ဟောင်က ဘယ်သူလဲ။" အချို့လူများက စတင်၍ တိတ်ဆိတ်စွာ တွေးတောလာကြသည်။ သူတို့သည် သူက မည်မျှ အားကောင်းသန်မာသည်ကို သိလိုနေကြ၏။

ရီဖူရှင်း ရင်ဆိုင်နေရသော တန်ခိုးရှင်များမှာ ဖန်းလိုင်ကုန်းမြေ၏ ကျွင်းမိသားစုမှ ဖြစ်ပုံရသည်။ သူတို့အားလုံးသည် လူတစ်ယောက်ကြောင့် တုန်လှုပ်နေပုံရပေသည်။

ထိုအချိန်၌ ယွင်ကျိမ်း၏ မျက်နှာသည်လည်း ဇဝေဇဝါအမူအရာတို့ ဖြစ်ပေါ်နေသည်။ ထိုတိုက်ခိုက်မှုသည် ဖန်းလိုင်နတ်ဘုရားဘုံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုနှင့် အလားတူပေသည်။ ရီဖူရှင်းသည် အသက်ရှင်ကျန်နေခဲ့ရုံမျှမက သူသည် တန်ခိုးရှင်အများအပြားကိုပင် ယှဥ်ပြိုင်တိုက်ခိုက်၍ သတ်ဖြတ်နိုင်ခဲ့သည်။

ယခုတွင် ဤနေရာ၌ ထိုသို့သော အဖြစ်အပျက်က တစ်ဖန် ဖြစ်ပျက်လာပြန်ပြီ ဖြစ်၏။

အဋ္ဌမဆင့် ရန်ဟောင်များသည်ပင် သူ့ကို မရိုက်နိုင်ကြပေ။

ထို့ပြင် ရီဖူရှင်း၏ ခွန်အားသည် ကျွင်းချိုးယွင်အား စောင့်ကြပ်ပေးနေသော အဋ္ဌမဆင့် တန်ခိုးရှင်များကိုပင် အလွန် သတိထားနေစေသည်။ သူသည် ရီဖူရှင်းထံမှ တိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် ကျွင်းချိုးယွင်အား သတ်ဖြတ်သွားနိုင်လိမ့်မည်ကို စိုးရိမ်နေ၏။ ရီဖူရှင်းပြသခဲ့သော အရည်အချင်းကို ချင့်ချိန်ရလျှင် ထိုဖြစ်နိုင်ချေက အလွန်မြင့်မားပေသည်။ ထို့ကြောင့် ထိုကိုယ်ရံတော်က နည်းနည်းလေးမှ ဂရုမမူဘဲ မပြုမူရဲချေ။

အခြားသော အဋ္ဌမဆင့် တန်ခိုးရှင်က ပေ့ကုံးအော့နှင့် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်သည်။ ထို့ပြင် တိုက်ပွဲ၌ ပေ့ကုံးအော့က အရေးသာနေပုံရသည်။ အရေးမပါသော အမည်မရှိ ကုန်းမြေပေါ်မှ ကျင့်ကြံသူတစ်ယောက်က ကျွင်းမိသားစု အကြီးအကဲတစ်ယောက်ကို အမှန်တကယ် ဖိအားပေးနိုင်ပေသည်။

သို့သော်လည်း သူတို့သည် ပေ့ကုံးအော့၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နေသော မိုးကြိုးရတနာကို ခံစားမိကြသည်။ ဤသည်ကပင် သူ့ကို မဟာလမ်းစဥ်မိုးကြိုးစွမ်းအားနှင့် ပိုမိုရင်းနှီးစေပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ဖျက်စီးခြင်းမဟာလမ်းစဥ်စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကြားတွင် သွေးရူးသွေးတန်းပြေးလွှားနေသော်လည်း မည်သူကမှ တိုက်ခိုက်မှုတွင် ဝင်စွက်ဖက်ရန် မကြိုးစားကြပေ။ သူတို့အားလုံးက ရီဖူရှင်းကို သတိထားနေကြသည်။ မကြာသေးခင်က သတ္တမဆင့်ရန်ဟောင် တစ်ယောက်အပါအဝင် ရန်ဟောင်အများအပြားက ရီဖူရှင်း လက်ထဲတွင် သေခဲ့ရသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်းအပေါ် အလွန် သတိထားနေကြခြင်း ဖြစ်သည်။

ဘေးမှကြည့်နေသူများက မည်သည့် လှုပ်ရှားမှုမှ မလုပ်သော်လည်း ရီဖူရှင်းက မရပ်တန့်ပေ။ သူက ဗုဒ္ဓ၏ ရောင်ဝါအလင်းများ ထုတ်လွှတ်နေပြီး လေထဲတွင် လှည့်လိုက်သည်။ ဗုဒ္ဓ၏ နက်နဲသော ကျမ်းစာရွတ်ဆိုသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး ကြည့်ရှုနေသူများ၏ အမြင်တွင် ရီဖူရှင်းသည် အမှန်တကယ် အသက်ရှိနေသော ရွှေရောင်ဗုဒ္ဓတစ်ပါးသဖွယ် ထင်မှတ်ကြလေသည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ လက်ထဲ၌ နတ်ဓားတစ်လက်ကို ကိုင်စွဲထားပြီး ဓားတွင် ပေါင်းစပ်နေသည့် ဓားတောင်ထွတ်မှ ဆက်ခံထားသော ဓားစွမ်းအားမျှင်များကို အပြည့်အဝ ထုတ်လွှတ်ထားသည်။ ထိုအချိန်တွင် ဓားအလင်းက တိမ်များကို ဖြတ်သန်းထိုးဖောက်သွား၏။

"ဒီတိုက်ခိုက်မှုပြီးလို့ မင်းအသက်ရှင်နေသေးတယ်ဆိုရင် ထွက်သွားလို့ရတယ်။" ရီဖူရှင်း ပြောပြီးသွားသည်နှင့် ရွှေရောင်ဗုဒ္ဓတစ်ပါးထံမှ ထွက်ပေါ်လာသော မဟာလမ်းစဥ် ဗုဒ္ဓကျမ်းစာရွတ်သံတို့က ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့နှံ့လာသည်။ သဏ္ဌာန်မဲ့အသံလှိုင်းများက အကန့်အသတ်မဲ့ လေဟာနယ်ကို ဖြတ်ကာ ရေတံခွန်ကဲ့သို့ အဆက်မပြတ် ထွက်ပေါ်လာပြီး ထိုပြင်းထန်သော တိုက်ခိုက်မှုက လူတိုင်းကို သူတို့၏ နတ်ဝိညာဥ်အား တိုက်ခိုက်ခံနေရသလို ခံစားကြရစေသည်။

နောက်တခဏတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ရပ်နေရာမှ ပျောက်ကွယ်သွားသည်။ ကြည့်ရှုနေသူများသည် သူ၏ မူလခန္ဓာကိုယ်နေရာတွင် ပုံရိပ်ယောင်အများအပြား ထွက်ပေါ်လာသည်အား မြင်တွေ့လိုက်ကြရသည်။ ပုံရိပ်ယောင်တိုင်းသည် ရီဖူရှင်း၏ အစစ်အမှန်ခန္ဓာကိုယ် သဏ္ဌာန်အတိုင်းသာ ဖြစ်လေသည်။

ထိုပုံရိပ်ယောင်များသည် မတူညီသော အရပ်မျက်နှာအနှံ့တွင် ပျံသန်းနေသည်။ ပထမဆုံး ၎င်းတို့က နှေးကွေးစွာ လှုပ်ရှားသော်လည်း အချိန်တိုအတွင်းမှာပင် ပုံရိပ်ယောင်အရေအတွက်က တိုးမြင့်လာကာ ဓားစွမ်းအားတို့က ပို၍ အားကောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထောင်သောင်းချီသော ဓားပုံရိပ်ယောင်များက ကောင်းကင်နှင့် မြေကြီးအကြား ဖြန့်ကျဲထားသလို ထင်မှတ်ရကာ နေရာတိုင်းကို လွှမ်းခြုံထားသည်။

"ကာကွယ်ကြ" ကျွင်းချိုးယွင်ဘေးရှိ အဋ္ဌမဆင့် ရန်ဟောင်က အော်ဟစ်လိုက်သည်။ သူ၏ လူများက မဟာလမ်းစဥ်ဗုဒ္ဓအသံကြောင့် အိပ်မွေ့ချခံထားရသလို ထင်မှတ်ရသဖြင့် သူသည် ထိုလူများကို ထိတ်လန့်သွားပြီး နိုးထလာစေသဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ သူတို့သည် မှော်ပညာ၏ တိုက်ခိုက်မှုအောက်တွင် ကျရောက်နေပြီး သေစေလောက်သော ဓားနည်းစနစ်ကို ထပ်ပေါင်းထည့်လိုက်သည့်အခါ သာမန်ရန်ဟောင်တစ်ယောက်က အဆက်မပြတ် တိုက်ခိုက်လာသော တိုက်ခိုက်မှုများကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

ရီဖူရှင်း၏ ပုံရိပ်ယောင်များက တဖြေးဖြေးမြန်ဆန်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပေသည်။ အချိန်တခဏအတွင်း ပုံရိပ်ယောင်တစ်ခုချင်းစီတိုင်းက အလင်းတန်းများအဖြစ်သို့ ကူးပြောင်းသွားပြီး ဓားအလင်းတန်းအတွင်းသို့ ပေါင်းစပ်သွားလေသည်။ လူအများသည် သူတို့ရှေ့မှ လေထုကို စက်ဝိုင်းခြမ်းပုံ ဖြတ်သန်းသွားသော ဓားအလင်းတစ်ခုကို မြင်လိုက်ကြရပြီး သွေးနီရောင်အလင်းတန်းတို့ ချက်ချင်း လွှတ်ထုတ်လာသည်။

အားလုံးသော တန်ခိုးရှင်များက မဟာလမ်းစဥ်စွမ်းအားများကို စုစည်းပြီး ကျရောက်လာသော တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့ပေမယ့် ဓားအလင်းက ဖြတ်သန်းသွားသောအခါ ၎င်းသည် လေဟာနယ်ကို တိုက်ရိုက်ဖြတ်တောက်သွားလေသည်။ ဓားအလင်းသည် မဟာလမ်းစဥ် လေဟာနယ်အား ဖြတ်သန်းသွားသည့်အခါ ခုခံခြင်းမရှိ ဖြတ်တောက်သွားပြီး ဓားနှင့် အသားကို လှီးဖြတ်လိုက်သော အသံများက အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ထို့နောက် ထောင်သောင်းချီသော ဓားပုံရိပ်များက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ရီဖူရှင်း၏ ပုံရိပ်သည်လည်း သူ ယခင်က ရပ်နေခဲ့သော နေရာ၌ တဖန်ထွက်ပေါ်လာသည်။ သူက ထိုနေရာမှ မည်သည့်နေရာသို့မှ ထွက်မသွားသကဲ့သို့ပင်။

ကျယ်ပြောသော လေဟာနယ်သည် တစ်ဖန် ပြန်၍ ငြိမ်သက်သွားသည်။ ရန်ဟောင်တစ်ပါးက လူအုပ်ကြားထဲတွင် မတ်တပ်ရပ်နေသည်။ သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။ သူက ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူ၏ မျက်ခုံးများကြားတွင် သွေးစီးကြောင်းတစ်ခု ပေါ်ပေါက်လာသည်။

"မလုပ်နဲ့…" သူက အော်ဟစ်လိုက်ပြီး နောက်တခဏတွင် သူ၏ ခန္ဓာကိုယ်က ဓားစွမ်းအားဖြင့် ဖျက်ဆီးပစ်ခံလိုက်ရပေသည်။

တစ်ချိန်တည်းတွင် ထိုးစိုက်သံ အော်ညည်းသံတို့က အဆက်မပြတ် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပေသည်။ မရေတွက်နိုင်သော ရန်ဟောင်များက အမှုန်များအဖြစ်သို့ ကြွေမွသွားကြပေသည်။ သူတို့အားလုံးက သတ်ဖြတ်ခြင်းခံလိုက်ရပေသည်။

ထိုအချိန်တွင် လေထဲ၌ ရပ်ကျန်နေခဲ့သော ရန်ဟောင်က အများကြီး မကျန်ရစ်ခဲ့ပေ။ တစ်ယောက်က သူ၏ မူလနေရာတွင် ရပ်ကျန်ခဲ့သည်။ သူ့ကို ဝိညာဥ်ရတနာတစ်မျိုးဖြစ်သော ရွှေရောင်ခေါင်းလောင်းက လွှမ်းခြုံထားသည်။ ရှေးဟောင်းခေါင်းလောင်း၏ မျက်နှာပြင်တွင် ငါးဖမ်းပိုက်ကွန်ကဲ့သို့ အက်ရာများ ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းက ဖုန်မှုန့်များအဖြစ် ပေါက်ကွဲထွက်သွားလေသည်။ လေထဲ၌ ရပ်နေသော ရန်ဟောင်၏ လက်မောင်းများက အနည်းငယ် တုန်ယင်နေသည်။ ရီဖူရှင်းကို ကြည့်နေသော သူ၏ မျက်လုံးများတွင် အကြောက်တရားများနှင့် ​ပြည့်နေ၏။

သူက တကယ်ပဲ အဆင့်နိမ့်ရန်ဟောင်လား။

သူက အတွေးတစ်ချက်နှင့်ပင် ရန်ဟောင်အားလုံးကို သတ်ဖြတ်နိုင်လုနီးနီးဖြစ်ခဲ့သည်။

ရီဖူရှင်းက သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး လက်ထဲမှ ဓားအား မြှောက်ကာ နတ်ဓား၏ ထိပ်ဖျားနှင့် ညွှန်ပြလိုက်သည်။ ရီဖူရှင်း၏ စကားကို မှတ်မိနေဆဲဖြစ်သည့် အသက်ရှင်နေသေးသော ရန်ဟောင်များ ရှိသည်။ သူတို့က သူ၏ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်လျှင် သူတို့ကို ထွက်သွားခွင့်ပြုမည်ဟူ၍ ဖြစ်သည်။ ရီဖူရှင်းက သူတို့်အား အသက်ရှင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။

ဆဋ္ဌမဆင့် အလယ်အလတ် ရန်ဟောင်တစ်ယောက်၏ ခန္ဓာကိုယ်က မှုန်ဝါးဝါးဖြစ်လာပြီး သူက အလျင်အမြန် ပြန်ဆုတ်ခွာလိုက်သည်။ သူက ရီဖူရှင်းကို မကြည့်ဘဲ ချက်ချင်း ​လှည့်ပြေးသွားတော့သည်။ သူက ကျွင်းချိုးယွင်ကိုလည်း တစ်ချက်ကလေးမှ မကြည့်ခဲ့ပေ။ သူက ကျွင်းမိသားစု၏ မိသားစုဝင်တစ်ယောက် မဟုတ်ပေ။ သူသည် ရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်၍ မဟာလမ်းစဥ် အမွေအနှစ်များ ကျွင်းချိုးယွင်မှ ငှားရမ်းလာသူသက်သက်သာ ဖြစ်သည်။

မမျှော်လင့်ဘဲ ထိုမျှ အားကောင်းသန်မာသည့် အဖွဲ့က ရီဖူရှင်း၏ လက်ချက်နှင့် ထိုမျှ သနားစရာကောင်းလောက်အောင် သုတ်သင်ခံလိုက်ရသည်။ သူက ကံကောင်းစွာနှင့် အသက်ရှင်ရန် ထွက်ပြေးနိုင်ခဲ့သည်။ အဆင့်မြင့်ရန်ဟောင် အောက်မှ လူတိုင်း ရီဖူရှင်း၏ တိုက်ခိုက်မှုအောက်တွင် အသက်မရှင်နိုင်ခဲ့ပေ။ သူက အခု ထွက်မသွားနိုင်လျှင် သူ၏ သေခြင်းကသာ စောင့်ခြင်းနေရပေလိမ့်မည်။

"ဒီလူအိုကြီးရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးပါ။" သတ္တမဆင့်ရန်ဟောင်က ကျွင်းချိုးယွင်ဘက်သို့ ပြောလိုက်ပြီးနောက် ပြန်ဆုတ်ခွာသွားကာ နောက်ထပ် ပါဝင်ပတ်သတ်လိုခြင်းမရှိတော့ပေ။ ပြီးခဲ့သည့်အချိန်မှ အဆင့်မြင့်ရန်ဟောင်၏ သေဆုံးခြင်းက သူ့ကို သင်ခန်းစာတစ်ခု ပေးခဲ့ပေသည်။

သူသည် ပေ့ကုံးအော့က သူ၏ ပြိုင်ဘက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နေသည်ကိုလည်း မြင်တွေ့​နေရသည်။ အဋ္ဌမဆင့်ရန်ဟောင် သုံးယောက်သည်ပင် ပေ့ကုံးအော့နှင့် ရီဖူရှင်းကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းက မလွယ်ကူချေ။ သူ၏ ကျင့်ကြံခြင်းအတွက် မည်သည့် မဟာလမ်းစဥ်အခွင့်အရေးမှ မရလျှင်ပင် သူက ဤနေရာ၌ မသေချင်သေးပေ။

သိပ်မကြာခင်မှာပင် တန်ခိုးရှင်အများစုက ထွက်ခွာသွားကြပြီ ဖြစ်သည်။ ဤနေရာ၌ လူနည်းစုသာလျှင် ကျန်ရစ်ခဲ့၏။

ထိုသူတို့မှာ ကျွင်းချိုးယွင်၊ အဋ္ဌမဆင့် ရန်ဟောင်သုံးယောက်၊ သတ္တမဆင့်ရန်ဟောင် နှစ်ယောက်နှင့် ရီဖူရှင်း၊ ပေ့ကုံးအော့တို့ ဖြစ်သည်။

သတ္တမဆင့် ရန်ဟောင်နှစ်ယောက်သည် ကျွင်းမိသားစု၏ တိုက်ရိုက်မျိုးဆက်များဖြစ်သည့်အတွက် သူတို့က ထွက်သွား၍ မရနိုင်ပေ။

အဋ္ဌမဆင့် ရန်ဟောင်သုံးယောက်တွင် နှစ်ယောက်က ကျွင်းမိသားစုမှ ဖြစ်သော်လည်း နောက်တစ်ယောက်မှာ ယခုခရီးစဥ်၌ လိုက်ပါရန် ကျွင်းချိုးယွင် ဖိတ်ခေါ်ထားခဲ့သည့် ကျွင်းမိသားစု၏ ဧည့်သည်ဖြစ်သည်။

ရီဖူရှင်း၏ အ​ကြည့်က ဆရာယန်၏ ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက အဆင့်ရှစ်ရန်ဟောင်တစ်ယောက်ပဲ။ ဒါပေမယ့် ကျွင်းချိုးယွင်ရဲ့ အမိန့်ကို နာခံနေမှာလား။"

ဆရာယန်သည် သူ့ကို ကြည့်ပြီး အဝေးမှ စန့်ကွမ်းချိုးရယ် ပြောသည်ကို ကြားလိုက်ရ၏။ "သူ့နာမည်က ဆရာယန်။ သူက ကျွင်းမိသားစုဝင်တစ်ယောက် မဟုတ်ဘဲ သူတို့ရဲ့ ဧည့်သည်တစ်ယောက်ပဲ။ သူက အဂ္ဂိရတ်ပညာရပ်ကို ကျွမ်းကျင်တယ်။"

သူက ပြောပြီးသွားသည်နှင့် သူမက ဆရာယန်ကို ပြောလိုက်သည်။ "ဆရာယန်… ကျွင်းချိုးယွင်က အရမ်းခေါင်းမာပြီး မောက်မာတဲ့လူမျိုးပဲ။ သူက ကိုယ့်ကျင့်ကြံရေးကိုယ် အာရုံမစိုက်ဘဲ ရန်ဟောင်ရီကို သတ်ဖို့ ကြိုးစားနေတယ်။ ဒီမှာဖြစ်သမျှအရာအားလုံးက သူ ရီဖူရှင်းအပေါ်ထားတဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် ဖြစ်လာရတာပဲ။ ရှင်က သူ့နောက်ကို လိုက်ပြီး ကာကွယ်ပေးဖို့က မထိုက်တန်ဘူး။ ကျွန်မတို့ စန့်ကွမ်းမိသားစုကို ဧည့်သည်အဖြစ် လာမယ်ဆိုရင်ရော ဘယ်လိုလဲ။"

ရီဖူရှင်းက စန့်ကွမ်းချိုးရယ်ကို ကြည့်လိုက်သည်။ ဤအမျိုးသမီးက အခွင့်အရေးကို အသုံးချ၍ လူများကို မည်သို့ ဆွယ်ရမည်အား ကောင်းစွာ သိရှိပေသည်။

"ကျုပ်တို့ကြားမှာ ဘာအာဃာတမှ ရှိမနေဘူး။ ဒါကြောင့် ခင်ဗျား အခု ထွက်သွားမယ်ဆို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ မဟုတ်ရင်တော့ ခင်ဗျားက အဆင့်ရှစ်ရန်ဟောင် ဖြစ်နေရင်တောင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ လေသံက အလွန် မောက်မာနေ၏။ သူသည် အဋ္ဌမဆင့် ရန်ဟောင်ဖြစ်သော ဆရာယန်ကိုပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အသက်ရှင်လျက် ထွက်ခွာမသွားနိုင်ဟု အခိုင်အမာ ကြေညာနေသည်။

ဤသည်က အလွန် မောက်မာလှသော စကားဖြစ်သည်။ အမှန်တကယ်လည်း သူသည် ထိုသို့ စိတ်ကြီးဝင်ရန် အခွင့်အရေးရှိပေသည်။ မကြာသေးခင်က သူတို့ကြားရှိ အချိန်ခဏလေး၌ပင် ဆရာယန်က ရီဖူရှင်းသည် ချောက်ကမ်းပါးထက် ချန်ရစ်ခဲ့သော မဟာလမ်းစဥ်စွမ်းအားတို့အား အသုံးပြုနိုင်သည်ကို သိရှိခဲ့သည်။ ထိုမဟာလမ်းစဥ်စွမ်းအားများကို အမွေဆက်ခံခဲ့ပြီးနောက် ရီဖူရှင်းသည် အဆင့်ရှစ်ရန်ဟောင်တစ်ယောက်အား ဆန့်ကျင်ရင်ဆိုင်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် မဟာလမ်းစဉ်၏မိစ္ဆာနှိမ်နှင်းခြင်းဗုဒ္ဓခွန်အားအပြင် ကြောက်မက်ဖွယ် ဓားစွမ်းအားများကိုလည်း ဆက်ခံခဲ့သေးသည်။

သူက ရီဖူရှင်းအား သတ်ဖြတ်ရန် ကျရှုံးသွားသည့်အတွက် ရီဖူရှင်းက ပေ့ကုံးအော့နှင့် ပေါင်းကာ သူတို့ကို ပြန်သတ်ရန် လုပ်ဆောင်နိုင်ပေသည်။

ဆရာယန်က မျက်ခုံးများကို စုကျုံ့လိုက်ပြီး ရီဖူရှင်းအား လှမ်းကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းနေရင်တောင် ဒီလူအိုကြီးကိုလည်း ပေါ့ပေါ့လေးတော့ တွေးမထားနဲ့။"

"ဆရာယန်၊ ဒီအဖြစ်တစ်ခုလုံးက ကျွင်းချိုးယွင်ကြောင့် ဖြစ်ခဲ့တာ။ သူက ရီဖူရှင်းကို သတ်ချင်နေခဲ့ပြီးတော့ စာနာတတ်ဖို့ မျှော်လင့်နေသေးတာလား။" စန့်ကွမ်းချိုးရယ်က ပြောလိုက်သည်။ "ဒီလိုအခြေအနေမျိုးမှာ ကျွင်းချိုးယွင်က ဘယ်လိုလူမျိုးလဲဆိုတာ ဆရာယန် သိသင့်နေပါပြီလေ။"

"ပါးစပ်ပိတ်ထား" ကျွင်းချိုးယွင်က အဝေးမှ လှမ်းကာ အော်ငေါက်လိုက်သည်။ သူ့အမူအရာက အတော်လေး မည်းမှောင်နေ၏။ သူက ဤတစ်ကြိမ်၌ အကြွင်းမဲ့ ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

"ကျွင်းချိုးယွင်၊ ရှင်က ဒီလောက် ရန်ဟောင်တွေအများကြီးကို ပါဝင်ပတ်သတ်စေခဲ့ပြီး သူတို့ကို သေစေခဲ့တယ်။ ရှင်သာ ငကြောက်မဟုတ်ရင် တခြားလူတွေနောက်မှာ ပုန်းနေတာကို ရပ်ပြီး ရီဖူရှင်းနဲ့ ကိုယ်တိုင်တိုက်လေ။ ဒါမှ သူတို့တွေရဲ့ သေခြင်းအတွက် တာဝန်ယူနိုင်မှာ မဟုတ်ဘူးလား။" စန့်ကွမ်းချိုးရယ်က ထေ့ငေါ့ပြောဆိုလိုက်သည်။ ကျွင်းချိုးယွင်က ထွက်လာရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ရီဖူရှင်းက သူ့ကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်နိုင်လိုက်ပေသည်။

ဆရာယန်က အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ပုံမှန်အားဖြင့် ကျွင်းချိုးယွင်က သူ့အား အလွန် လေးစားသည်။ သူက ကျင့်ကြံခြင်း၌ အလွန်အားထုတ်ကာ အရည်အချင်းသည်လည်း ချို့တဲ့ခြင်း မရှိပေ။ သို့သော် မည်သည့် နှိုင်းယှဥ်မှုမှမရှိဘဲ သူက မည်သို့သော လူမျိုးဖြစ်သည်ကို သိရန် မဖြစ်နိုင်​ပေ။ ဆရာယန်သည် ကျွင်းချိုးယွင် နှင့် ရီဖူရှင်းကြားမှ ပဋိပက္ခကို အနည်းနှင့်အများ သတိပြုမိသည်။ သူသည် ထိုအဖြစ်က ဖန်းလိုင်နတ်ရေကန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိပေသည်။

ထိုအခြေအနေတွင် ကျွင်းချိုးယွင်သည် ရီဖူရှင်းအား ယှဥ်နိုင်စွမ်း မရှိခဲ့ပေ။ ပြောရလျှင် ကျွင်းချိုးယွင်က ရီဖူရှင်းနှင့် နှိုင်းယှဥ်၍ပင် မရနိုင်ချေ။

"သူတို့က ဒီအလုပ်ကို ကျုပ်ဆီ ယုံယုံကြည်ကြည်နဲ့ အပ်နှံခဲ့တာဆိုတော့ သူတို့ရဲ့ ယုံကြည်မှုကို သစ္စာမဖောက်နိုင်ဘူး။" ဆရာယန်က ရီဖူရှင်းကို ပြောလိုက်သည်။ "မင်းက ဒီလူအိုကြီးကို ရှုံးနိမ့်စေမယ်ဆိုရင် ကျုပ် နောက်ဆုတ်ပေးမယ်။"

"ဘယ်လိုအလုပ်ကို လက်ခံထားလို့လဲ။" ရီဖူရှင်းက ထေ့ငေါ့လိုက်သည်။ သူ၏ နတ်ဓားက လေထဲတွင် ဝဲပျံနေပြီး နတ်ရောင်ဝါတို့နှင့် တောက်ပနေ၏။ "ပြောချင်တာက ခင်ဗျား ကျုပ်ကို အနိုင်ရရင် ကျုပ်အသက်ကို လိုချင်ပြီး ကျုပ်က ခင်ဗျားကို နိုင်ရင်ကျတော့ ခင်ဗျား အသက်ရှင်ချင်တာလား။"

ဆရာယန်၏ အမူအရာက လေးလံလာသည်။

"ခင်ဗျားက အဋ္ဌမဆင့် ရန်ဟောင်တစ်ယောက်ပါ။ အဲဒါတောင်မှ တတိယဆင့်ရန်ဟောင်တစ်ယောက်ကို စိန်ခေါ်ချင်တာလား။" ရီဖူရှင်းက ပြောလိုက်သည်။ ဆရာယန်က ထိုသို့သော အပေးအယူကို သူ့လက်ခံမည်ဟု မည်သို့မျှော်လင့်ရဲရသနည်း။

ရီဖူရှင်းက ပေ့ကုံးအော့ဘက်မှ တိုက်ပွဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ နတ်ဓားမှ နတ်အလင်းများ တောက်ပလာသည်။ သူက မဟာလမ်းစဥ်စွမ်းအားများကို ဆက်ခံထားလျှင်ပင် အဆင့်ရှစ်တန်ခိုးရှင်များကို ရင်ဆိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်မှ သူ့ကို သတ်ဖြတ်ရန်မှာလည်း လွယ်ကူမည်မဟုတ်ပေ။ သူက ပေ့ကုံးအော့နှင့် ပူးပေါင်းကာ သူတို့အား တစ်ယောက်ချင်း ရင်ဆိုင်၍သာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

"ဆရာယန်၊ ရန်ဟောင်ရီပြောတာ မမှားဘူး။ ရှင်က ကျွင်းချိုးယွင်ရဲ့ တောင်းဆိုချက်ကို လက်ခံပြီး ရီဖူရှင်းကို သတ်ပြီပဲ ထားပါတော့။ ရှင်က လက်လွှတ်ပေးဖို့ဆန္ဒမရှိရင် ရှင်တို့နှစ်ယောက်ထဲက တစ်ယောက် သေရလိမ့်မယ်။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားဖို့ ဘယ်လိုများ မျှော်လင့်နေတာလဲ။" စန့်ကွမ်းချိုးရယ်က ဆက်ပြောလိုက်သည်။ "ဆရာယန်သာ လက်လွှတ်ပေးဖို့ ငြင်းမယ်ဆိုရင် စန့်ကွမ်းမိသားစုက ဒီတိုက်ပွဲမှာ ဝင်ပါဖို့ကလွဲရင် ရွေးစရာမရှိတော့ဘူးပဲ။"

ဆရာယန်က မျက်လုံးများကို ကျဥ်းမြောင်းရင်း စန့်ကွမ်းချိုးရယ်အား ကြည့်လိုက်သည်။ စန့်ကွမ်းချိုးရယ်က ခေါင်းကို မော့ကာ ဆရာယန်၏ အေးစက်နေသော အမူအရာကို ကြည့်လိုက်သည်။ သူမသည် စကားလုံးများထဲမှ ခြိမ်းခြောက်မှုကို ချုပ်ထိန်းထားရန်ပင် မကြိုးစားပေ။

သူက ထိုကိစ္စအား လက်လွှတ်ပေးရန် သဘောမတူပါလျှင် စန့်ကွမ်းမိသားစုက ဤတိုက်ပွဲတွင် ပါဝင်လာပေလိမ့်မည်။ ထိုသို့ဖြစ်ပါက သူတို့ အနိုင်ရရှိရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ပေ။

သူ ရှုံးနိမ့်သွားလျှင် သူသည်လည်း အသက်ဆုံးရှုံးသွားပေလိမ့်မည်။

"စန့်ကွမ်းချိုးရယ်၊ မင်းက မိသားစုနှစ်ခုကြား ပဋိပက္ခတွေ တင်းမာလာဖို့ ကြိုးစားနေတာလား။" ကျွင်းချိုးယွင်က အေးစက်သော အသံနှင့် ပြောလိုက်သည်။ စန့်ကွမ်းချိုးရယ်က အလွန် အကြံအစည်ကြီးလှသည်။

ဤသို့သော အခြေအနေ၌ ဆရာယန်က ဒွိဟဖြစ်စေသော အခြေအနေအောက်တွင် ရောက်ရှိနေခဲ့သည်။ သို့ပေမယ့် သူက နောက်ဆုတ်ရန် ပို၍ သင့်တော်ပေသည်။ သူ ထိုသို့လုပ်လိုက်လျှင် ကျွင်းမိသားစုနှင့် ချည်နှောင်ထားသမျှကို ဖြတ်တောက်လိုက်ရမည်ဖြစ်ပြီး ကျွင်းမိသားစု၏ အင်အားကို အားနည်းသွားစေပေမည်။ ထို့ပြင် ကျွင်းချိုးယွင်နှင့်သူ့လူများက ရီဖူရှင်းတို့နှင့် ပဋိပက္ခများ ရှိနေသေးသည်။ သူမသည် ကျွင်းမိသားစုကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရှေ့တွင် အပြီးတိုင် သုတ်သင်ပစ်ချင်နေပေသည်။

***

All Chapters