← Chapters

Chapter 31

Vol. 4 Ch. 31

Chapter 31

Vol. 4 Ch. 31

ကျောင်းကထွက်လာတော့ ကျန်းယွီတစ်ယောက် ဘာစကားမှမပြောချေ။

ချူးလီသည် သူမအရိပ်လေးကို လိုက်နင်း၍ ခေါင်းကိုငုံံ့ကာ ဖြည်းဖြည်းချင်း သူမ နောက်ကနေ လိုက်လာခဲ့လေသည်။

လမ်းဆုံက မီးပွိုင့်ကိုရောက်တော့ ကျန်းယွီသည် ရပ်လိုက်ကာ သူမကျောပိုးအိတ်ထဲက VCI ဖိနပ်ကိုထုတ်လိုက်ပြီး ချူးလီကို ကမ်းပေးလိုက်လေသည်။

“အဲ့နေ့ညက ငါဖုန်းခေါ်ပြီးတာနဲ့... ဒီဖိနပ်တွေကို နင်မိနစ်၂၀လောက်တောင် မကြာဘဲ ယူလာခဲ့တာ”

ကျန်းယွီသည် သူ့ကိုကြည့်၍ တည်တည်ငြိမ်ငြိမ်နှင့် မေးလိုက်လေသည်။

“အဲ့တုန်းက နင်ဘယ်မှာလဲ”

“မင်း ငါ့ကို သံသယဝင်နေတာလား”

“ဟုတ်တယ်.. ငါ နင့်ကို သံသယဝင်တယ်”

ကျန်းယွီသည် ချူးလီ၏ သောင်းကျန်းတတ်တဲ့ မျက်နှာလေးကိုကြည့်ကာ မေးလိုက်သည်။

“ငါ့ဖိနပ်ကို ဖျက်ဆီးခိုင်းဖို့ နင်အန်တီကျိုးကို ပြောခဲ့တာလား”

ချူးလီကတော့ အရေးမကြီးသည့်ပုံစံဖြင့် ပြုံးလိုက်ကာ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။

“အဲ့တော့ ငါသာဆိုရင် ဘယ်လိုလုပ်မလို့လဲ”

“ဘာကိုအဲ့တော့လဲ? နင်ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ”

ကျန်းယွီသည် လုံးဝနားမလည်နိုင်သည့်ပုံစံဖြင့် သူ့ကိုမေးလိုက်လေသည်။

“နင့်ဖိနပ်တွေကို ငါစီးဖို့အတွက်လေးနဲ့ နင်အတော်ပြဿနာ ရှာခဲ့တာပဲ”

“ငါသာ ဒီလိုမလုပ်ခဲ့ဘူးဆိုရင် မင်းငါ့ကို အကူအညီတောင်းပါ့မလား? မင်းဖိနပ်တွေ ဘယ်လောက်ဆိုးရွားနေလဲပဲ ကြည့်လိုက်စမ်းပါ။ ဒီလောက်လူတွေအများကြီး မင်းနောက်ကွယ်မှာ လှောင်ပြောင်နေကြတာ.. မင်းမကြားဘူးလား”

“ဖိနပ်တွေက ဘယ်လောက်ပဲ ဆိုးရွားနေပစေ အဲ့ဒါက ငါကိုယ်တိုင် ခက်ခက်ခဲခဲနဲ့ ပိုက်ဆံစုပြီး ဝယ်ထားခဲ့ရတဲ့ဖိနပ်တွေလေ”

ကျန်းယွီ၏ မျက်လုံးများကတော့ အနည်းငယ် စိတ်ပျက်မှုကို ဖော်ဆောင်နေလေသည်။

“သူများတွေ ဘာတွေဘယ်လိုပဲ ဟားတိုက်ကြပစေ ငါစိတ်ထဲမထည့်ဘူး.. ဘာလို့လဲဆိုတော့ အဲ့အရာတွေက ငါ့အတွက် အရေးမကြီးလို့ပဲ။ ငါက နင်မဟုတ်ဘူး ချူးလီ.. နင့်အတွက် အရေးမကြီးပေမယ့် ငါ့အတွက်တော့ အရေးကြီးတယ်”

ချူးလီ၏ မျက်ဝန်းများထဲက အပြုံးများသည် အေးစက်သထက် အေးစက်လာပေသည်။

“မှန်တယ်... ဒါပေမယ့် မင်းသာ အသည်းအသန်ဖြစ်မနေဘူးဆိုရင် မင်း ငါ့ကို တွေ့မှာတဲ့လား"

သူဒါကိုပြောလိုက်သည့်အချိန်တွင်တော့ တကယ့်အရှုံးသမားက သူကိုယ်တိုင်သာ ဖြစ်လာပေတော့သည်။

သူမသည် စိတ်ကိုပြင်ဆင်ထားပြီးသား ဆိုသော်လည်း ချူးလီသည် တကယ့်အထိန်းအကွပ်မဲ့သည့် လူသတ်သမားတစ်ယောက်သာ မဟုတ်ပါလား..။ သူသာမန်လူတစ်ယောက် ဖြစ်လာနိုင်သည်ဆိုသည့် သူမ၏စိတ်ကူးယဉ်အိပ်မက်များသည် တော်ရုံတန်ရုံသာ ဖြစ်သင့်ပေသည်။

မည်သို့ပင်ဆိုစေ အချိန်အတိုင်းအတာတစ်ခုကြာသည်အထိ သူ့ကိုသိကျွမ်းလာပြီးသည့်နောက်မှာတော့ ချူးလီသည် အထီးတည်းနေတတ်ပေမယ့် စိတ်ကောင်းနှလုံးကောင်းရှိသော ကောင်ငယ်လေးတစ်ယောက်ပဲဆိုတာကို ကျန်းယွီသိလာပေသည်။

ဒီလိုမျိုး သူ့အပေါ် အထင်ကောင်းအမြင်ကောင်းတွေ တဖြည်းဖြည်းချင်း စရှိလာသည့်ဟာကို ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ သူမတကယ်ကို မမျှော်လင့်ထားပေ။

ဒီ့အပြင်ကို သူက သူလုပ်တာမမှားဘူးလို့တောင် ထင်နေလိုက်သေးသည်။

“လာဘ်ထိုးတာ၊ အကွက်ချတာ၊ ခြိမ်းခြောက်တာအထိ.. ချူးလီ နင်ဒါတွေကို ပုံမှန်လို့ ထင်နေတာလား.. ဒါနင့်ရဲ့ပုံမှန် အပြုအမူတွေလား”

“ငါ့ဖြစ်ချင်တာက နင့်ကို ဆက်ဆံပုံက..."

သူ၏သိမ်ငယ်တတ်မှုများက သူ့ကိုစကားဆက်မပြောနိုင်စေတော့ပေ..။

“ဟုတ်တယ်”

ဒီလိုနှင့် အဆုံးတွင်တော့ သူသည်အကြည့်လွဲလိုက်ကာ အနည်းငယ် သရော်ပြုံးလေး ပြုံးလိုက်လေသည်။

“ထားလိုက်တော့”

ဘာမှပြောစရာမလိုတော့ပေ။

ကျန်းယွီကတော့ သူ့ကိုလွယ်လွယ်လေး လွှတ်ပေးဖို့ မတွေးထားပါ။

“ချူးလီ နင်ငါ့ကို တောင်းပန်သင့်တယ်”

“မင်းကို လူရယ်စရာမဖြစ်စေချင်ခဲ့ရုံကို ငါက မင်းကို တောင်းပန်သင့်တယ်တဲ့လား?”

“မဟုတ်ဘူး.. ငါ့ဖိနပ်တွေကို ဖျက်ဆီးခိုင်းဖို့ တစ်ယောက်ယောက်ကို ပိုက်ဆံပေးခိုင်းခဲ့တာကြောင့် မဟုတ်ဘူး။ နင်မှားခဲ့တာရှိတယ်”

“မင်းက ဘယ်လိုတောင် ကိုယ်ကျင့်တရားကို စောင့်ထိန်းတတ်တာလဲ”

ချူးလီသည် သူမကိုကြည့်လိုက်ကာ အရွဲ့တိုက်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။

“မင်းက အရမ်းရိုးသားလွန်းနေတာပဲ ရည်းစားလေး”

ကျန်းယွီသည် ကိုယ်ကျင့်တရားကို ဦးထိပ်ထားလွန်းနေတာမဟုတ်ပေ..။ ဖိနပ်လေးတစ်စုံကြောင့် ဒီလောက်ထိ တနုံ့နုံ့ဖြစ်စရာလည်း မလိုပေ။ သို့သော် သူမသာ ချူးလီ၏ စိတ်ကို မပြောင်းလဲနိုင်ခဲ့လျှင် သူမ၏တာဝန်သည် ဘယ်တော့မှ အောင်မြင်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ပေ။

ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် သူမလုပ်နိုင်တာ မှန်သမျှ အကုန်လုပ်ရပေမည်။ ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ ချူးလီတစ်ယောက် ကျိန်းသေကို အမှားအကြီးကြီးတွေ လုပ်မိပေလိမ့်မည်။

ထို့ကြောင့် ဒီကိစ္စဘယ်လောက်လေးနက်တယ်ဆိုတာ သူ့ကိုအသိတရားဝင်လာအောင် သူမလုပ်ရပေမည်။

“နင်တောင်းပန်လိုက်တာနဲ့ ဒီကိစ္စကပြီးပြီပဲ”

“မလုပ်ဘူး”

ချူးလီ၏ ခေါင်းကြောမာလွန်းသော စရိုက်က ဒီလိုလွယ်လွယ်ကူကူ အားနာတတ်လိမ့်မည် မဟုတ်ပါ။ သူအမှားလုပ်မိတယ်ဆိုတာကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်သလို တောင်းပန်တတ်မှာလည်း မဟုတ်ပေ။

“ကောင်းပြီလေ.. နင်မတောင်းပန်ဘူးဆိုရင် ငါ့ကို နင့်ရည်းစားလို့ ခေါ်မနေနဲ့တော့”

‘လမ်းခွဲခြင်း’ ဆိုသည့် ခြိမ်းခြောက်မှုက အနည်းငယ် ကြောင်တောင်တောင်နိုင်လှသည်ဆိုပေမယ့် ထိုအရာသည် ကျန်းယွီနှင့် ချူးလီတို့ကြား ချည်နှောင်ထားသည့် တစ်ခုတည်းသော အရာသာဖြစ်ပေသည်။

ချူးလီ၏မျက်ဝန်းများမှာ မည်းနက်သွားပြီး သူ့ကြည့်ရတာ ပို၍ပို၍ကရော်ကမည် နိုင်လာလေသည်။

“မင်းက ဖိနပ်လေးတစ်ရံကြောင့် ငါနဲ့ပြတ်ချင်တယ်ပေါ့”

“ခြားနားချက်ရှိလို့လား ဟမ်? လျို့ဝှက်ကြံစည်ပြီး အကွက်ချတာ... ငါက နင့်မျက်လုံးထဲမှာ တကယ်ပဲ ဘာများလဲ”

အပြုံးသေးသေးလေးတစ်ခု သူ့နှုတ်ခမ်းထောင့်များတွင် ပေါ်ထွက်လာပြီး သူ့အသံမှာတော့ အက်နေလေသည်။

“ရှောင်ယွီရဲ့ နှလုံးသားထဲမှာရော ငါကဘာလဲ”

နောက်နေ့တွင်တော့ ကျန်းယွီသည် ဝူစီလင်းကို သွားရှာပြီး အဖြစ်မှန်ကို ရှင်းလင်းရန် သူမနှင့်အတူ လင်းချူက လင်းကျူဝမ်၏ ရုံးခန်းသို့ သွားလိုက်လေသည်။

ဝူစီလင်းတွင် ထိုသို့သော ရည်ရွယ်ချက်ရှိခဲ့သော်လည်း သူမ လုံးဝမလုပ်ခဲ့ချေ။

ထို့ကြောင့် ကျောင်းထုတ်ခံရသည့် ပြစ်ဒဏ်သည် သူမအတွက် ပြင်းထန်လွန်းလှပေသည်။

လင်းကျူဝမ်သည် အမှန်တရားကို သိသည့်အခါတွင်တော့ ဝူစီလင်းကို အိမ်ပြန်ပြီး ၂လလောက် သူမအမှားကို ပြန်သုံးသပ်နေခိုင်းလိုက်ကာ ထို့နောက်တွင်တော့ ကျောင်းတွင် ဘဲလေးကို ဆက်သင်ယူနိုင်ဖို့ ခွင့်ပြုလိုက်တော့သည်။

အန်တီကျိုးသည်လည်း ပိုက်ဆံယူပြီး လုပ်ခဲ့တယ်ဆိုပေမယ့် ခြိမ်းခြောက်ခံရမှုများ ပါဝင်နေသောကြောင့် သူမကိုလဝက်စာသာ လစာလျော့လိုက်လေသဖြင့် ဒီတစ်ကြိမ်တွင်တော့ ဒီလောက်နဲ့ပဲ ကိစ္စသည်ပြီးသွားလေသည်။

သူမရုံးခန်းထဲက ထွက်လာတော့ ဝူစီလင်းကြည့်ရတာ အနည်းငယ် ရှက်ရွံ့နေပုံရလေသည်။ ထို့နောက် ကျန်းယွီအား တွန့်တွန့်ဆုတ်ဆုတ်နှင့်သာ ပြန်မေးလိုက်သည်။

“နင်ဘာလို့ ဒီလိုလုပ်ပေးတာလဲ”

“ဘာကိုလဲ”

“နင် ငါ့ကို မုန်းတယ်မဟုတ်ဘူးလား.. ဘာလို့ ငါ့ဘက်ကနေ ပြောပေးရတာလဲ? ငါလင်းချူကနေ ထွက်သွားရတာ နင်ဝမ်းသာရမှာ မဟုတ်ဘူးလား”

“တစ်ချို့ မထင်မှတ်ထားတဲ့ အမှားတွေက နင့်အနာဂတ်ဘဝတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်တယ်။ ပြီးတော့ အဲ့နောင်တတရားတွေကို ပြန်ပြုပြင်နိုင်ဖို့ အခွင့်အရေးက လူတိုင်းမှာ ရှိနိုင်တာမဟုတ်ဘူးလေ”

ကျန်းယွီသည် ဝူစီလင်းကိုကြည့်ကာ ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။ “ငါ နင့်ကိုမုန်းတယ်။ ဒါပေမယ့် နင့်ဘဝကို သက်ရောက်မှုရှိလာနိုင်လောက်တဲ့အထိတော့ နက်နက်ရှိုင်းရှိုင်းမုန်းနေတာ မဟုတ်ဘူး”

ကျန်းယွီ၏ စကားများကို နားထောင်ပြီးချိန်မှာတော့ ဝူစီလင်းသည် သူမအပေါ် ပို၍ပင် အားနာလာတော့သည်။ ကိုယ်ကိုကိုင်းကာ သူမကို အလေးအနက် ဂါရဝပြုလိုက်ပြီး စိတ်ရင်းနှင့် တောင်းပန်လိုက်လေသည်။

“ကျန်းယွီ.. အရင်က နင့်ကိုအနိုင်ကျင့်ခဲ့မိတာတွေအတွက် ငါတောင်းပန်ပါတယ်။ ငါ့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်လို့ရလား။ နောက်ကျရင် နင်တစ်ခုခုလိုတာများ ရှိလာခဲ့ရင် ငါ့ကိုဘာမဆိုပြောလို့ရတယ်... ငါနင့်ကိုအကောင်းဆုံး ကူညီပေးမှာပါ”

ဝူစီလင်းသည် တကယ်ကို စိတ်ရင်းအမှန်နဲ့ ပြောနေသည်ဖြစ်ကြောင်း ကျန်းယွီသိသည့်အတွက် လှိုက်လှိုက်လှဲလှဲသာ သူမတောင်းပန်တာကို လက်ခံလိုက်လေသည်။

အတိတ်က နောင်တတရားတွေကို ဖြည်ဆည်လိုက်နိုင်ပြီပေါ့..။

ခဏကြာတော့ app မှ စာဝင်လာလေသည်။ ‘လင်း’ ပေးအပ်သော တာဝန်သည် ပြီးဆုံးသွားပြီဖြစ်တာမို့ ဝန်ဆောင်ခအနေဖြင့် ယွမ်၂၄၀၀၀ ရလာလေသည်။

ကျောင်းရှေ့ကနေ လမ်းလျှောက်ကာ ထွက်လာချိန်မှာတော့ ကျန်းယွီတစ်ယောက် ခံစားချက်ကောင်းနေလေသည်။

သူတို့တစ်ခုခု အမှားလုပ်ခဲ့မိပေမယ့် ဒီလိုမျိုး အမှားပြန်ပြင်ခွင့်ရတာပဲ.. ဘယ်လောက်တောင် အဖိုးတန်လိုက်လေလဲ။

ကျန်းယွီသည် app ၏ အရေးပါမှုကို တဖြည်းဖြည်းနားလည်လာပြီး သူမလုပ်ခဲ့သောအရာများ၏ အရေးပါမှုကို ဖြည်းဖြည်းချင်း နားလည်လာလေသည်။

သူမ၏ခွန်အားများကို အသုံးပြုကာ အချိန်နှင့် အာကာသ ဟင်းလင်းပြင်များကိုဖြတ်၍ လူတစ်ချို့၏ အနာဂတ်ကံကြမ္မာကို ပြင်ပြင်ပေးနေလေသည်။ ဒီလိုနှင့် ထိုသူများသည် ပြန်လည်မွေးဖွားလာဖို့ မလိုတော့ဘဲ သူတို့၏ နောင်တများကို ဖြေဆည်လိုက်နိုင်ကြပေသည်။

ဘယ်လောက်တောင် ရှားပါးလှတဲ့ အရာပေလဲ..။

ဝူစီလင်းတောင် ဒီလိုဖြစ်နိုင်တယ်ဆိုရင် ချူးလီသည်လည်း အတူတူပဲသာ ဖြစ်ရပေမည်။ ၂ ရက်ကြာပြီးနောက်မှာတော့ ကျန်းယွီသည် စကားသေချာပြောချင်သဖြင့် ချူးလီကို စာပို့လိုက်လေသည်။

တအောင့်လောက် စောင့်နေသော်လည်း ပြန်စာကတော့ ရောက်မလာပါ။

ဒီကောင်ချူးလီက တကယ်ကို စိတ်ဆတ်တာပဲ..။ ကိုယ့်အပေါ်ကောင်းနေရင်လည်း တကယ်အဆုံးစွန်အထိ ကောင်းပေးပြီး ကိုယ့်အပေါ် ပစ်ပစ်ခါခါ ဆက်ဆံတဲ့အခါကျရင်လည်း တကယ်ကိုသေလောက်အောင် အေးတိအေးစက်နိုင်ခြင်းပင်။

ကျန်းယွီသည် သူ့ပြန်စာကို ဆက်စောင့်မနေနိုင်တော့ဘဲ သူ့ရပ်ကွက်ကိုသာ တန်းသွားလိုက်ကာ သူ့အိမ်တံခါးကိုသာ သွားခေါက်ဖို့ ပြင်လိုက်လေသည်။

သို့သော် ကျန်းယွီသည် သူ့အိမ်တံခါးကိုခေါက်နေသော ဂျာကင်နှင့် အမျိုးသားတစ်ယောက်ကို အရင်တွေ့လိုက်တော့သည်။

“ချူးလီကို လာရှာတာလား?”

ထိုအမျိုးသားသည် ကျန်းယွီကိုကြည့်၍ ခေါင်းကိုငြိမ့်ကာ ပြောလိုက်လေသည်။

“မင်းက ဘယ်သူလဲ”

“ကျွန်မက... သူ့အတန်းဖော်ပါ”

“ရည်းစားပဲ”

ထိုသူက ပြောလိုက်သည်။

“ဒါဆိုရင် နောက်တစ်ခါ သူပိုက်ဆံလိုတယ်ဆိုရင် ဦးလေးကို လာရှာဖို့ ကူပြောပေးပါလား။ အခုသူက ငါတို့ကွင်းက ကြယ်ပွင့်ကစားသမားလေးပဲလေ.. အဲ့လောက်လူတွေ အများကြီးက သူ့ကိုစောင့်နေကြတာကို”

“ဘာကွင်းလဲ”

“တိုက်ခိုက်ရေးကွင်းလေ”

အမျိုးသားကြီးသည် ဆေးလိပ်ကို မီးညှိလိုက်ကာ သူ့မျက်လုံးများကတော့ ကျန်းယွီကို အကြည့်မခွာဘဲ ကြည့်နေလေသည်။

“မထူးဆန်းတော့ပါဘူး.. ဒီလောက်လှတဲ့ ကောင်မလေးရှိနေမှတော့ သွေးလေးနည်းနည်းမစွန်းဘဲနဲ့ သူ့ကိုဘယ်လိုပျိုးထောင်ပေးနိုင်မှာတဲ့လဲ”

ကျန်းယွီသည် အလောတကောနှင့် ပြန်မေးလိုက်သည်။

“အဲ့မှာ ရှင်နဲ့အလုပ်လုပ်ခဲ့တာလား သူက? သူဘာလုပ်တာလဲ?”

“လူသားပေါင်မုန့်လုပ်တာလေ”

ထိုအမျိုးသားသည် လှေကားနားကို ဖြေးဖြေးချင်းလျှောက်သွားကာ ပြောလိုက်လေသည်။

“ဒီကောင့်အရိုးတွေက တယ်မာတာ..။ သူ့ခေါင်းက သွေးတွေစီးကျနေတာတောင် ဝံပုလွေပေါက်တစ်ကောင်လို မျက်လုံးတွေနဲ့ လှုပ်လှုပ်ရွရွလုပ်နိုင်သေးတာလေ။ အဲ့တော့ ငါတို့ဧည့်သည်တွေကြားမှာ သူကအတော်နာမည်ကြီးတာ”

“ဒိန်” တံခါးပိတ်သွားပြီးနောက် ကော်ရစ်ဒါသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။

ကျန်းယွီ သဘောပေါက်သွားလေသည်..။ ထိုစျေးကြီးလှတဲ့ VCI ဖိနပ်ကိုဝယ်ဖို့ ပိုက်ဆံတွေ ခိုးလည်းမခိုးခဲ့သလို ငွေလိမ်တာမျိုးဘာညာလည်း မလုပ်ခဲ့ပေ။ တိုက်ခိုက်ရေးကွင်းကိုသွားပြီး သူများတွေအမျက်ဖြေဖို့ သွားအရိုက်ခံလာတာပဲ...

အဲ့ဒါကြောင့် ထိုနေ့က သူ့ကိုဒဏ်ရာတွေနဲ့ သူမမြင်လိုက်တော့ သူထွက်ပြေးသွားတာကိုး.. ဒါကြောင့်မို့လို့လည်း သူမဒီအကြောင်းမေးတိုင်း မဖြေဘဲကွေ့ပတ်ပြီး ရှောင်နေပြီး သူမကိုဆက်ပြီးပဲ အထင်လွဲခိုင်းထားတာကိုး..။ မထူးဆန်းတော့ပါဘူး...

ဒီကမ္ဘာပေါ်မှာ အခက်ခဲဆုံးအကြွေးက ငွေပမာဏအမြင့်ကြီး မဟုတ်ဘဲ တစ်ဖက်သတ်ရိုးသားခြင်းသာ ဖြစ်ပေသည်။

ကျန်းယွီသည် တစ်ကိုယ်လုံး အေးစက်လာတော့သည်။ သူမသည် နံရံကိုမှီကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမဒူးများကို ဖက်လိုက်သည်။ ထို့နောက် သူမတစ်ကိုယ်လုံး ထိန်းချုပ်မရစွာ ဆန့်တငင်ငင်လှုပ်လာလေသည်။

သူမအရမ်းဝမ်းနည်းမိသောကြောင့် တကယ်ကို ဘာလုပ်ရမှန်းမသိတော့ပေ..။

သူမကို ဘဲလေးဖိနပ်လေးတစ်ရံ ဝယ်ပေးဖို့အတွက် ချူးလီသည် သူ့တစ်ကိုယ်လုံး အချက်ပေါင်းများစွာ ထိုးနှက်ရိုက်ပုတ်ခံခဲ့ရသည်.. ကျန်းယွီတစ်ယောက် လူတွေလှောင်တာမခံရဖို့လေ...

သူမစင်ပေါ်မှာကနေတုံးက... သူ့အသားတွေပေါ်ကို တက်နင်းထားသလို ဖြစ်နေတာပါလား။

ချူးလီသည် သူမကိုအရမ်းချစ်လေသည်။ ချစ်လွန်းလို့ပင် ဒီလိုရူးမိုက်လှတဲ့ လုပ်ရပ်မျိုးတွေတောင် လုပ်နိုင်ပြီး ဒီလိုလျို့ဝှက်ကြံစည်မှုတွေရဲ့ အကျိုးဆက်တွေအကုန်လုံးကိုလည်း ခေါင်းခံနေခြင်းပင်..။

ကျန်းယွီသည် တကယ်ကို ကြောက်မိသွားပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာလေသည်။ သူမသည် တုန်ရီနေသောလက်များနှင့် ဖုန်းကိုကိုင်လိုက်ကာ app ကို ဖွင့်လိုက်လေသည်။

ထို့နောက် အတော်လေးကို စိတ်ထိခိုက်နေသော အသံဖြင့် အက်မင်အကောင့်ကို အသံမက်ဆေ့ချ်ပို့လိုက်တော့သည်။

“ငါ ချူးလီရဲ့တာဝန်ကို လက်လွှတ်လိုက်လို့ရလား.. တကယ်ကို အရမ်းခက်ခဲလွန်းလို့ ငါဆက်မလုပ်နိုင်တော့ဘူး။ ဒီလိုပုံစံမျိုးနဲ့ ငါတို့ဆက်ပတ်သတ်နေမယ်ဆိုရင် အနာဂတ်မှာ ငါသူ့ကိုထားခဲ့နိုင်တော့မှာ မဟုတ်ဘူး”

သို့သော်လည်း အက်မင်အကောင့်မှ အေးတိအေးစက် system အသံသာ ပြန်ရလာခဲ့သည်။

“ပြန်လည်မွေးဖွားလာသူက လက်ခံထားတဲ့တာဝန်ကို လက်လျော့မယ်ဆိုရင် ကာစတမ်မာဘက်ကို လျှော်ကြေးငွေ ယွမ်သန်း ၃ရာ ပေးဆောင်ရပါလိမ့်မယ်.. တကယ်ပဲ လက်လျော့မှာလားဆိုတာကို ကျေးဇူးပြုပြီး အတည်ပြုပေးပါ”

ကျန်းယွီ - ....

သူမ၏ ဘဏ်အကောင့်ထဲတွင် Esmeralda ၏ကျောင်းစရိတ်အတွက် လိုအပ်သော ယွမ်၂သိန်းထက် နည်းနည်းလေးပိုသည့် ပိုက်ဆံသာရှိပေသည်။ ဒီအချိန်မှာသာ သူမလက်လျော့လိုက်ရင် သူမအကောင့်သည် ယွမ်သန်း၃ရာတောင် အကြွေးတင်သွားမည် ဖြစ်သည်။ အကောင့်သာ အနှုတ်လက္ခဏာပြလာပါက သူမသည် ချက်ချင်းပျောက်ကွယ်သွားမှာပင်။ ဒါသည် မရိုးသားခြင်း၏ ပြစ်ဒဏ်သာ ဖြစ်ပေသည်။

ထို့ကြောင့် တာဝန်ကို လက်ခံပြီးသည်နှင့် ပြီးမြောက်အောင် အကောင်းဆုံး လုပ်ရပေတော့မည်.. သို့မဟုတ်ပါက ပြန်လမ်းမရှိပေ။

အကောင့်ထဲတွင် ပိုက်ဆံသာ လောက်လောက်ငငရှိနေလျှင် တာဝန်အသေးစားလေးတွေကို ပေးအပ်တတ်လေသည်။ သို့သော် (လူဆိုးလေးကို ကယ်တင်ခြင်း) က တာဝန်အသေးစားလေး မဟုတ်နေပေ..။

သူမဘဝတစ်လျှောက်လုံး တာဝန်တွေကို လုပ်သွားမယ်ဆိုရင်တောင် ယွမ်သန်း၃ရာဆိုသည့် ပမာဏကြီးကို သူမ ရှာနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင်တော့ အသက်ရှင်လိုသည့် စိတ်ဆန္ဒကသာ ကျန်းယွီကို ရွေးချယ်မှု ပြုလုပ်စေခဲ့သည်။

“လက်မလျော့လိုက်နဲ့”

ကျန်းယွီသည် အနာဂတ်က ချူးလီထံသို့ အကူအညီတောင်းသည့် စာတစ်စောင်လှမ်းပို့လိုက်ပြီး ဒီဘက်ကအခြေအနေများအကြောင်း အကြမ်းဖျဉ်းပြောပြလိုက်လေသည်။

“ငါသူ့ကို ဘယ်လိုကယ်တင်ပေးရမလဲဆိုတာ မသိတော့ဘူး.. သူက ငါ့ကိုကောင်းကောင်းဆက်ဆံတော့ အရာအားလုံးအတွက် ငါရှက်လာမိတယ်။ ငါ သူ့ကို မလိမ်ချင်ဘူး.. ဒါပေမယ့် ကြည့်ရတာ ငါအမြဲတမ်း လိမ်နေရတယ်”

ခဏကြာတော့ အနာဂတ်မှချူးလီသည် သူ့ကိုစာပြန်လာလေသည်။

“ပြသနာကဘာလဲ မင်းသိလား”

ကျန်းယွီ - “ဘာလဲ”

ချူးလီ - “သူဘာမှမသိဘူးလို့ မင်းတကယ်ကြီး ထင်နေတာလား? မင်းအကြင်နာတရားမရှိတဲ့ စကားတွေပြောတဲ့အခါတိုင်း.. လုပ်ယူပြီး ပြုံးလိုက်တိုင်း၊ မင်းဂရုတစိုက်နဲ့ သတိကြီးကြီးထားပြီး လုပ်နေသမျှ.. အကုန် အလိမ်အညာတွေချည်းပဲဆိုတာ သူသိတယ်။ အဲ့တော့ မင်းက သူ့နှလုံးသားကို ဖြည်းဖြည်းချင်း သတ်နေတာပဲ”

ကျန်းယွီလည်း ကြံရာမရကာ ပြန်မေးလိုက်လေသည်။

“ဒါဆို ငါဘယ်လိုလုပ်သင့်လဲ”

ချူးလီ - “မင်းစိတ်ကိုဖွင့်ပေးပြီး သူ့ကိုလက်ခံပေးကြည့်ရမှာ..။ ကုန်ကုန်ပြောရရင် ငယ်ငယ်တုန်းက ငါ့ရုပ်ရည်က အဲ့လောက်မဆိုးပါဘူး”

သူမသာ အထင်မမှားဘူးဆိုရင် သူမအမြတ်ထုတ်နေတာ မဟုတ်ပေဘူးလား?

ဒါပေမယ့် တကယ်ကြီး ဒါကပြဿနာဖြစ်နေတာလား?

အနာဂတ်က ချူးလီပြောတာ မှန်သည်ဆိုတာကိုတော့ ကျန်းယွီတစ်ယောက် သူမနှလုံးသားထဲမှာ သိနေလေသည်။ ဒီလိုလှည့်စားမှုတွေကို သူဘယ်လိုလုပ် မမြင်ဘဲ နေမှာတဲ့လဲ.. ဒီကောင်လေးရဲ့ မျက်ဝန်းနက်တွေက ငရဲကိုတောင် မြင်ဖူးခဲ့ပြီ မဟုတ်လား..။

အချိန်မရှိတော့သောကြောင့် ကျန်းယွီတစ်ယောက် မပြတ်မသားဖြစ်နေလို့ မရတော့ပေ။

သူ့ကိုကယ်တင်တာက သူမကိုယ်သူမလည်း ကယ်တင်နေခြင်းပင်။

တစ်ခါက အမေပြောဖူးသလို တန်ဖိုးမဖြတ်နိုင်သည့်ရတနာကို တောင်းဆိုဖို့က လွယ်သော်လည်း ရိုးသားဖို့ကတော့ အင်မတန် ခက်ခဲပေသည်။

၂ရက်နေတော့ ကျန်းယွီတစ်ယောက် ချူးလီကို ရှာတွေ့လေတော့သည်။

သူသည် မြေအောက်ဘတ်စကတ်ဘောကွင်းတွင် လူငယ်တစ်ချို့နှင့် ဘတ်စကတ်ဘောကစားနေလေသည်။

ဒီနေရာတွင် စည်းမျဉ်းဆိုတာမရှိပါ။ လူတိုင်းသည် စိတ်ကိုဖွင့်ဟဖို့ လာကြခြင်းသာဖြစ်သည်။ ထို့ကြောင့် ဂိမ်းကိုလည်း ကြမ်းကြမ်းတမ်းတမ်းသာ ကစားကြသည်ဖြစ်သည်။

လူတွေကိုတွန်းခြင်း၊ တက်နင်းခြင်း၊ ဘောလုံးနဲ့ လူကိုတိုက်ရိုက်ပစ်ခြင်းတို့မှာ ဒီနေရာတွင် ဖြစ်နေကျထုံးစံသာ ဖြစ်ပေသည်။

အေးချမ်းလှသည့် ဆောင်းရာသီတွင် ထိုဘတ်စကတ်ဘောကွင်းမှာတော့ ပူလောင်နေလေသည်။ ချူးလီသည် အနက်ရောင် ဘတ်စကတ်ဘောဂျာစီကို ဝတ်ဆင်ထားပြီး လူများကိုဖြတ်ကာ ဘောလုံးကို ပုတ်သွားလေသည်။ သူ၏ မျက်ဝန်းနက်များကတော့ ယုတ်မာမှုများဖြင့် ပြည့်နှက်နေလေသည်။

သူ့ကိုကာဆီးနေသည့် ကောင်လေးများမှာ လုံးဝကိုမကောင်းလှပေ။ တစ်ချို့ဆိုလျှင် အားကုန်သုံးပြီး သူ့ကိုတိုက်ချပစ်နေလေသည်။

ကွင်းနားကို ကျန်းယွီရောက်လာသည်နှင့် သူမ၏ ထင်းထွက်နေသော ပုံပန်းသဏ္ဍာန်ကြောင့် ချက်ချင်းဆိုသလို သူမကို သတိပြုမိလိုက်ကြလေသည်။ မကြာခင်မှာပဲ အဝါရောင်ဆံပင်နှင့် လူရမ်းကားတစ်ယောက်သည် သူမဘက်ကိုလျှောက်လာပြီး သူမကိုနီးကပ်စွာ လာကပ်လေသည်။

“မိန်းကလေး.. ပွဲလာကြည့်တာလား?" တစ်ယောက်ယောက်က အဖော်လုပ်ပေးဖို့ လိုသေးလား”

ကျန်းယွီကတော့ အလိုအလျောက်သာ သူ့ဘေးကနေ ရွေ့လိုက်လေသည်။

“ငါ့ရည်းစားက ပွဲထဲမှာ”

“တကယ်လား.. ဒီလောက်လှတဲ့ မိန်းမပျိုလေးကို သူက တစ်ယောက်တည်းထားခဲ့နိုင်တယ်ပေါ့လေ? မယုံပါဘူး”

သူပြောလို့ပင် မဆုံးခင်မှာပဲ ဟွမ်မောင်တစ်ယောက် သတိမထားမိခင်မှာပင် မြေပေါ်သို့ လဲကျသွားလေသည်။ ချူးလီသည် သူ့ကိုကန်လိုက်ကာ ပခုံးကိုနင်းထားပြီး အေးတိအေးစက် ဆိုလိုက်လေသည်။

“အခုရော ယုံပြီလား?”

ဟွမ်မောင်သည် ထပ်ခါတလဲလဲ တောင်းပန်နေသော်လည်း ချူးလီကတော့ နည်းနည်းလေးမှ ဂရုစိုက်ဟန်မပေါ်ပါ။ ဒီအတိုင်းလှည့်ထွက်သွားပြီး ကျန်းယွီကို ခေါ်သွားကာ မြေအောက်ဘတ်စကတ်ဘောကွင်းထဲက ထွက်လာပြီး လမ်းဘေးနားကို သွားလိုက်လေသည်။

“မင်းကို ဘယ်သူက လာခိုင်းလို့လဲ”

ချူးလီ၏ အသံမှာ နိမ့်လှပြီး မပျော်နေပုံပေါက်လေသည်။

“ဒါဘယ်လိုနေရာလဲရော သိရဲ့လား.. လူရမ်းကားတွေ ဘယ်လောက်များလဲရော သိရဲ့လား”

ကျန်းယွီသည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး တိုးတိုးလေးပြန်ပြောလိုက်သည်။

“နင်ဖုန်းမကိုင်ရင် နင်ဘယ်မှာရှိနေလဲဆိုတာ ငါသူများတွေကို လိုက်မေးရမှာပဲလေ”

“ဘာကိစ္စရှိလို့လဲ”

“ဘာမှမဟုတ်ပါဘူး.. ဒီအတိုင်းပဲ နင့်ကိုတွေ့ဖို့လာတာ”

ကြည့်ရတာ နှစ်သက်စရာကောင်းနေလှသော သူမ၏ မျက်ခုံးနိမ့်လေးများကိုကြည့်၍ ချူးလီသည် ဒေါသဖြင့် ပြန်မေးလိုက်သည်။

“မင်းနဲ့ပြန်ပြေလည်ဖို့ လာရှာတာပေါ့လေ?”

“ရန်ဖြစ်တာမှ မဟုတ်ဘဲ.. ဘာကိုပြန်ပြေလည်စရာရှိလို့လဲ"

“ရန်မဖြစ်ဘူး?”

“နင်ဘာအမှားမှ မလုပ်ခဲ့ဘူးလေ.. ငါက နင့်ကို ဝေဖန်ခဲ့ရုံပဲ။ အဲ့တော့ ဒါကိုရန်ဖြစ်တာလို့ သတ်မှတ်လို့မရဘူး”

ချူးလီသည် မိန်းမငယ်လေး၏ တရားနည်းလမ်းကျကျ ပေါ်ထွက်လာပုံကိုကြည့်ပြီး သူ့ရင်ထဲက မကျေနပ်မှုဒေါသအားလုံး ရုတ်တရက်ဆိုသလိုပင် လွင့်စင်ပပျောက်သွားလေတော့သည်။ သူမကို ဒီလိုမျိုး ခါးခါးသီးသီး သူ မဆက်ဆံနိုင်ပေ။

သူသည် လေသံကို ဆွဲဆန့်ကာ ပြောလိုက်သည်။

“ဟုတ်ပြီလေ.. အဲ့တော့ ရှောင်ယွီက ငါ့ကိုဝေဖန်ချင်တာပေါ့”

“နင်မှားတာလေး တစ်ခုလုပ်ခဲ့ရုံပါပဲ”

“အိုး”

“အနာဂတ်မှာရော သူများတွေကို ဒီလိုမျိုးပဲ အကွက်ရွေ့ပြီး ကျိတ်ကြံဦးမှာလား”

“အင်း”

“...”

ကျန်းယွီသည် သူ့ကိုတွေ့ဖို့ထွက်လာစဉ်တွင် ဆွယ်တာလေးသာ ဝတ်လာလေသည်။ အပြင်မှာကတော့ နှင်းများကျနေလေသည်။ သူမသည် သူ့ရှေ့ကိုလျှောက်လာလိုက်ပြီး သူ့ဖိနပ်များကို သူမခြေထောက်နဲ့ ဖွဖွလေးကန်လိုက်ကာ

“နင်မအေးဘူးလား? အာ..”

“မအေးပါဘူး”

“ငါထင်တာတော့ နင်အေးနေသလိုပဲ”

ချူးလီ၏ နှုတ်ခမ်းထောင့်လေးများသည် ကွေးတက်သွားကာ“ဒါဖြင့် ငါ့ကိုအနွေးဓာတ်ပေးပေးလေ”

ကျန်းယွီသည် ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ သူ့နားကိုလျှောက်သွားကာ သူ့လက်ကိုကိုင်လိုက်ပြီး သူ့လက်မောင်းကြားထဲကို တိုးဝင်လိုက်ကာ သူ့ကိုဖက်လိုက်လေတော့သည်။

“ဒါဆိုလည်း နင့်ကိုနွေးသွားအောင် လုပ်ပေးတာပေါ့”

ချက်ချင်းပင် ချူးလီ၏ဦးနှောက်သည် မီးပန်းများအလား ပေါက်ထွက်တော့မည့်အလားပေ..။

သူမဘက်က ဒီလိုပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိမ့်မည်လို့ သူတကယ် မမျှော်လင့်ထားပေ။ သူမတကယ်ကြီး...

သေစမ်း!

ကောင်မလေးသည် လိုလိုလားလားနှင့် သူ့လက်မောင်းများကြားထဲ တိုးဝင်နေပြီး သူမခေါင်းကို သူ့ရင်ပေါ်တွင် နစ်မြှုပ်ထားလေသည်။ ထို့အပြင် သူမ၏ သိမ်မွေ့သောအသက်ရှုသံငွေ့ငွေ့လေးကိုပါ သူခံစားလို့ရနေလေသည်။

လမ်းများသည် လူသူကင်းမဲ့နေကာ သူ့ကမ္ဘာကြီးသည်လည်း သူ့ကိုယ်ပိုင်နှလုံးခုန်သံလေး တစ်ခုတည်းကိုသာ ကြားနိုင်သည်အထိ တိတ်ဆိတ်နေလေသည်။

“ငါအဲ့ဖိနပ်တွေကို စီးမှာ။ နင့်ကို ကျေးဇူးတင်ပါတယ်တော့ မပြောဘူး.. ငါ နင့်ကို ပြန်ပေးမယ်”

ချူးလီသည် အချိန်အတော်ကြာအောင် ဘာမှပြန်တုန့်ပြန်မလာပေ။ နှင်းများကျလာသည့် အခါတွင်တော့ ချူးလီသည် မိန်းမငယ်လေး၏ ကျောပြင်ကို ပြန်ဖက်လိုက်ကာ သူ့လက်မောင်းများဖြင့် သူမကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်လိုက်သည်။ ထို့နောက် သူ့အသံလေးကိုနိမ့်ကာ ပြန်ပြောလိုက်လေသည်။

“ကိုယ်မှားသွားပါတယ်.. ကိုယ်ပြောင်းလဲမှာပါ”

ချူးလီသည် အတော်ကို ခေါင်းမာသူပင်..။ သူ့ကိုတောင်းပန်လာအောင်နှင့် သူ့အမှားသူဝန်ခံခိုင်းတာက သူ့ကိုသတ်လိုက်တာထက်ပင် ပိုခက်ခဲလေသည်။

သို့သော်ငြားလည်း ဒီအချိန်အခိုက်အတန့်လေးတွင်တော့ နှင်းများသည် သည်းသည်းထန်ထန် ကျဆင်းနေကာ ကောင်မလေးကလည်း သူ့ကိုကြင်နာမှုအပြည့်နှင့် ဖက်ထားလေ၏။ သူ့အမှားသူဝန်ခံဖို့ မဆိုထားနှင့် သူ့ဘဝကို ပေးဆပ်ရမည်ဆိုရင်တောင် ဒီကောင်မလေးအတွက် သူလုပ်ပေးနိုင်ပေသည်..။

All Chapters