← Chapters

Chapter 41

Vol. 5 Ch. 41

Chapter 41

Vol. 5 Ch. 41

ကျန်းယွီသည် ကာစတမ်မာအကြောင်းကို များများလိုအပ်နေတာဖြစ်သည့်အတွက် သူမနဲ့ စကားဆက်ပြောလိုက်သည်။

“နင်ရော အထက်တန်းတက်နေတုန်းပဲလား?”

“ငါက ပထမနှစ်လေ”

လင်းမြောင်သည် သူမ၏မျက်မှန်ကို ပြန်တည့်လိုက်ပြီး အပြုံးလေးနှင့် ပြောလိုက်သည်။

“ငါက ပေချန်တက္ကသိုလ်မှာ တက်နေတာ”

“မိုက်လိုက်တာ”

လင်းမြောင်ကတော့ ပြုံးလိုက်ပြီး ရှက်ရှက်နှင့် ပြန်ပြောလိုက်သည်။

“နင်ကရော?”

“ငါကတော့ အထက်တန်းတတိယနှစ်လေ”

“ဒါအတော်ဖိအားများမှာပဲ”

လင်းမြောင်သည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ကလည်းကရမှာကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်လည်း ပြင်ဆင်ရဦးမယ်”

“ငါ့ကျောင်းစာကတော့ အတော်ကိုသာမန်ပဲ.. ပြီးတော့ ငါ့ရဲ့အာရုံစိုက်မှုက အကမှာပဲလေ”

“Esmeralda ကိုဝင်ခွင့်ရပြီးမှတော့ တက္ကသိုလ်ဝင်ခွင့်က အရမ်းကြီးအရေးကြီးတဲ့အရာ မဟုတ်တော့ဘူးပဲ”

လင်းမြောင်သည် ဆက်၍ သံယောင်လိုက်လိုက်သည်။

“နင့်အနာဂတ်က တောက်ပနေပြီလေ”

“ဟုတ်တယ်နော်.. ဒါပေမယ့် ငါ့အမေကတော့ ငါ့ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အာရုံစိုက်စေချင်သေးတယ်”

လင်းမြောင်သည် သူမလက်ကို ခါရမ်းလိုက်သည်။

“မိဘတွေကတော့ ဒီလိုပါပဲ.. သူတို့ကို စိတ်ပူမနေနဲ့”

သူတို့စကားပြောနေစဉ်တွင် ဆံပင်ရှည်ရှည်နှင့် နေကာမျက်မှန်ဝတ်ထားသည့် ကောင်မလေးက သူမ၏လက်ဆွဲအိတ်နှင့် ရောက်လာပြီး လင်းမြောင်ကို ဒေါသတကြီးအော်လိုက်သည်။

“လင်းမြောင်.. ဘာလို့သူများနဲ့ စကားပြောနေသေးတာလဲ? ဒီကိုလာပြီး ငါ့လက်ဆွဲအိတ်ကို သယ်စမ်း”

လင်းမြောင်သည် ပြန်တုန့်ပြန်လိုက်ပြီး ခပ်မြန်မြန်လေး ခြေလှမ်းကျဲကျဲ လျှောက်သွားလိုက်သည်။ ထို့နောက် ထိုကောင်မလေးဆီက လက်ဆွဲအိတ်ကို ကူဆွဲပေးလိုက်သည်။ ထိုကောင်မလေးကတော့ လေ့ကျင့်ရေးဖိတ်စာကိုယူကာ စာရင်းသွင်းဖို့ သွားလိုက်သည်။

ကျန်းယွီသည် သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

“အဲ့ဒါ နင့်သူငယ်ချင်းလား?”

“မဟုတ်ဘူး.. ငါ့ညီမ”

“အမ်?”

သူမ၏ လင်းမြောင်အပေါ် အထက်စီးဆန်လှသော လေသံကိုနားထောင်ပြီး ဒါညီမဖြစ်နေလိမ့်မည်လို့ မထင်ခဲ့ပေ။

“ငါ့မိဘတွေက ကွာရှင်းထားကြတာလေ..သူ့အမေက ငါ့မိထွေးပေါ့။ သူတို့လက်ထပ်ကြတော့ သူ့အရင်ယောင်္ကျားနဲ့ရတဲ့ လင်ပါသမီးကိုပါ ခေါ်လာခဲ့တာလေ..။ ငါ့ညီမ လင်းရွှမ်အာတဲ့”

လင်းမြောင်သည် ကူရာမဲ့နေသည့်အလား ပြောလိုက်သည်။

“ငါ့အဖေကလည်း သူ့အမေစကားကိုပဲ နားထောင်တယ်လေ။ ငါ့ကိုကျတော့... ငါ့ညီမရဲ့ ကလေးထိန်းအဖြစ် ထားထားတာပေါ့”

“ဒါပေမယ့်လည်း နင့်ညီမပြောသမျှကို နင်နားထောင်နေစရာမလိုဘူးလေ”

“မရဘူးလေ.. ငါအကသင်ချင်တယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါ Esmeralda ကိုဝင်ခွင့်ရမှာမဟုတ်ဘူး”

လင်းမြောင်သည် ပခုံးကျုံ့လိုက်ရင်း ဆက်ပြောလိုက်သည်။

“အိမ်က ကျောင်းစရိတ်ပေးမှာ မဟုတ်ဘူးလေ..။ ငါကျောင်းကိုရောက်ပြီးလည်း သူ့ကိုဂရုမစိုက်ပေးရင်”

နောက်ဆုံးတော့ ကျန်းယွီလည်း (စင်ဒရဲလားကို ကယ်တင်ခြင်း) တာဝန်နှင့် ဘာတွေဖြစ်နေလဲဆိုတာကို သဘောပေါက်သွားလေသည်။

လင်းမြောင်၏ဘဝအတွေ့အကြုံသည် ခေတ်သစ် ‘စင်ဒရဲလား’ ပုံစံ ဖြစ်နေပေသည်။

မိဘများကွာရှင်းထားကြပြီး အဖေက နောက်အိမ်ထောင်ပြုထားသည်။ မိထွေးသည် အတော်အာဏာကြီးပြီး အဖေကတော့ ဩဇာမရှိကာ လင်းမြောင်ကို မကာကွယ်ပေးနိုင်ပေ။ ထို့ကြောင့် လင်းမြောင်သည် နေရာတကာတွင် သူ့ညီမကို အလုပ်အကျွေး ပြုနေရပေသည်။ Esmeralda ကိုဝင်ခွင့်ရခဲ့ပြီးတာတောင်မှ သူ့ညီမရဲ့အဖော်နဲ့ ကလေးထိန်းအဖြစ် နေပေးရဦးမည်။

ဒါအတော်လေးကို စိတ်ပျက်ဖို့ကောင်းတာပဲ။

ကျန်းယွီသည် သူမကို စာနာမိသွားပြီး ဆက်မေးလိုက်သည်။

“ဒါဆို နင့်ညီမကရော ဘယ်အခန်းရလဲ”

“C ခန်း”

လင်းမြောင်သည် သက်ပြင်းချလိုက်သည်။

“အစတုံးက တီချယ်ရွယ်ကျားယီက ငါ့ကို B ခန်းပေးချင်တာ။ ဒါပေမယ့် လင်းရွယ်အာက ငါသူ့ထက်ပိုသာတဲ့အခန်းရတာကို သည်းမခံနိုင်ဘူးလေ။ အဲ့ဒါနဲ့ပဲ အိမ်ကကျောင်းစရိတ်ပေးမှာ မဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်တာ။ အဲ့တော့ ငါ F ခန်းကိုပဲ ရွေးလိုက်နိုင်တယ်လေ”

ကျန်းယွီသည် လင်းမြောင်၏ မျက်နှာအမူအရာများကို လေ့လာဆန်းစစ်ကြည့်လိုက်သည်။ သူမကြည့်ရတာ ဒီအရာတွေကို လက်ခံလိုက်ရတာကို ဝန်လေးပြီး အင်တင်တင်ဖြစ်နေသော်လည်း ဒါတွေအကုန်လုံးကို ပြောပြနေစဉ်တစ်လျှောက်မှာတော့ သူမသည် အတိုက်အခံပြန်လုပ်မည့်ပုံလည်း မပေါ်သလို ဒေါသထွက်နေပုံလည်း မပေါ်ပါ။

ကြည့်ရတာ ဒီကာစတမ်မာသည် အတော်လေးကို မြိုသိပ်နေရပုံပင်။

ဒီလိုလူမျိုးသာ ‘စင်ဒရဲလား’ ဖြစ်နေသည့် အခြေအနေမှ လွတ်မြောက်ချင်သည်ဆိုလျှင် သူမကို အမြဲတမ်းဖိနှိပ်နေသည့် သူမညီမဖြစ်သူ လင်းရွမ်အာအား ဘယ်လိုငြင်းဆန်ရမည်ဆိုတာကို မဖြစ်မနေသင်ယူရမှာ ဖြစ်ပေသည်။

သိပ်မကြာခင်မှာတော့ အတန်းများ၏ စာရင်းပေးသွင်းမှုများအားလုံး ပြီးဆုံးသွားခဲ့လေသည်။ ထို့နောက် ကျောင်းသားများသည် သူတို့သက်ဆိုင်ရာအတန်းများရှေ့တွင် စုဝေးလိုက်ကြပြီး အဆောင်ကို စာရင်းသွင်းရန် စောင့်နေလိုက်ကြသည်။

လင်းမြောင်သည် ကျန်းယွီတစ်ယောက် သူမ စာရင်းသွင်းရမည့်အခန်းကို အခုထိရှာမတွေ့သေးတာကို တွေ့လိုက်သည်။ ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့် သူမလက်ကိုဆွဲသွားလိုက်ပြီး မေးပေးလိုက်သည်။

“မင်္ဂလာပါ.. ဒီဖိတ်စာလေးကို တစ်ချက်လောက်ကြည့်ပေးပါလား။ သူက ဘယ်မှာစာရင်းပေးသင့်လဲ မသိဘူး”

ဝန်ထမ်းသည် ကျန်းယွီ၏ ဖိတ်စာမှာ တစ်ခြားကျောင်းသားများနှင့် ခြားနားနေကြောင်း တွေ့လိုက်သည်။ စာရင်းပေးသွင်းရန် အချိန်မှလွဲ၍ ဘယ်အတန်းတွင် စာရင်းပေးသွင်းရမည်ကို မဖော်ပြထားပေ။

“ဒါက.. Esmeralda ရဲ့ဖိတ်စာရော ဟုတ်ရဲ့လား?”

ဝန်ထမ်းကတော့ အမျိုးသမီးငယ်လေးဖြစ်ပေသည်။ သူမသည် မျက်မှောင်ကျုံ့ပြီး ပြန်ပြောလိုက်သည်။

“ဒီလိုဖိတ်စာမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။ ပြောရမယ်ဆိုရင် စာရင်းသွင်းရမယ့်အခန်းတွေ ABCDEF ကို အမြဲတမ်း တစ်ခါတည်း ရေးထားတာပဲလေ”

ကျန်းယွီလည်း ပြန်ပြောလိုက်သည်။

“ကျွန်မ ရခဲ့တဲ့ဖိတ်စာမှာတော့ အဲ့လိုမျိုး ရေးမထားဘူး”

“နေရာမှားလာတာ ဖြစ်နေတယ်ထင်တယ်”

လင်းမြောင်၏ ညီမ လင်းရွမ်အာသည် ဒီနေရာကအခြေအနေကို သေချာနားထောင်နေပေသည်။ သူမ ပထွေးသမီး အစ်မဖြစ်သူက ကျန်းယွီနှင့် စကားသေချာပြောနေတာကို တွေ့လိုက်ရသည့်အတွက် ကျန်းယွီအပေါ်ကို သူမစိတ်ဝင်စားမိနေလေသည်။ ထို့ကြောင့် ထိုနေရာနားသို့ လျှောက်သွားလိုက်ကာ ဝင်ပြောလိုက်သည်။

“နင့်ရဲ့ဒီဖိတ်စာက အတုကြီးမလား ဟုတ်တယ်မလား?”

လင်းမြောင်ကတော့ အလောတကြီး ပြန်ပြောလိုက်သည်။

“ရွမ်အာ.. မဟုတ်တာမပြောနဲ့။ ဒီမှာအကုန်ရေးထားတာ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ”

“ပါးစပ်ပိတ်ထားစမ်းပါ။ ငါ့နာမည်ကို ခေါ်ဖို့ နင့်မှာဘာအရည်အချင်းတွေများ ရှိနေလို့လဲ? သတိထားနေနော်။ အဖေ့ကို ပြောလိုက်ရင် Esmeralda ကနေ ချက်ချင်းကျောင်းထုတ်ပစ်ခံရလိမ့်မယ်”

လင်းမြောင်လည်း ပြောစရာစကား ပျောက်ဆုံးသွားလေသည်။

လင်းမြောင်၏ အတော်လေး သူရဲဘောကြောင်နိုင်မှုကို ကြည့်ပြီး ပုံမှန်ဆိုရင် လင်းရွမ်အာဆီကနေ ဘယ်လောက်တောင် အနိုင်ကျင့်ခံနေရမလဲဟု ကျန်းယွီတွေးလိုက်မိသည်။

လင်းရွမ်အာသည် ကျန်းယွီအား အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အတော်ကို သာမန်ဆန်လှပြီး သူမလွယ်ထားသော ကျောပိုးအိတ်ပင် နာမည်ကြီးတံဆိပ်ဟုတ်မနေတာကို တွေ့လိုက်ရသည်။ ဘာတွေဖြစ်ခဲ့နိုင်လဲဆိုတာကို သူမအကုန်လုံးသိသွားသည့် အတိုင်းပင်။

“နင့်ဖိတ်စာက အတုပဲ ဖြစ်ရမယ်။ ဒီလိုလူမျိုးက Esmeralda ကိုဘယ်လိုလုပ် ဝင်နိုင်မှာတဲ့လဲ။ ကျောင်းစရိတ်မှ မတတ်နိုင်လောက်တာကို”

သူမ၏အသံသည် ပြတ်သားလှပြီး ဘေးနားတဝိုက်က ကျောင်းသားများ၏ အာရုံကိုပါ ဖမ်းစားလိုက်နိုင်သည်။ ထိုထဲတွင် ရှန်အုန်ချင်းနှင့် အခြားသော လူချမ်းသာအမျိုးသမီးလေးများလည်း ပါဝင်ပေသည်။

ရုတ်တရက်ဆိုသလိုပင် လူတိုင်း၏ အကြည့်သည် ကျန်းယွီ တစ်ကိုယ်လုံးကို ဓားများနှင့် ဟက်တက်ခွဲသလို ဆိုက်ရောက်လာပေသည်။

Esmeralda လိုနေရာမျိုး မဆိုထားနှင့်.. လင်းချူလို ကျောင်းမှာတောင်မှ ဆင်းရဲတဲ့လူတွေဆိုရင် ဖိနှိပ်ပြီး ချမ်းသာတဲ့လူတွေကိုတော့ ဖားရားတတ်တဲ့ အထက်ဖားအောက်ဖိလူစားမျိုးတွေ အများကြီးရှိခဲ့တာပင်။

Esmeralda ကိုဝင်ခွင့်ရသူများသည် သေချာပေါက်ပင် ပေချန်မြို့၏ အလယ်အလတ်တန်းစားထက် မြင့်သော အလွှာများက ဆင်းသက်လာကြသူများပင်။

သူမလိုမျိုး အောက်ခြေလူတန်းစားအလွှာက လူတစ်ယောက်က Esmeralda ကိုဝင်ခွင့်ရသည်မှာ သေချာပေါက်ကို ခဲယဉ်းသည့်ကိစ္စပေ။ ဝင်ခွင့်ရခဲ့လျှင်တောင်မှ ကျောင်းစရိတ်သည် ပြသနာကြီးကြီးမားမား ဖြစ်နေဆဲမို့ပင်။

ထို့ကြောင့် ဒီကျောင်းသားများသည် လူတစ်ယောက်ကို ပုံပန်းသွင်ပြင်နှင့် အကဲဖြတ်မည်ဆိုသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ..။

ကျောင်းသားများ သူမနားကို စုဝေးလာကြသည်ကို မြင်တော့ လင်းရွမ်အာသည် ချက်ချင်းကြီး ဖျတ်လတ်တက်ကြွလာပြီး လုံခြုံရေးအစောင့်များကို ဟောဟဲအော်ဟစ်ကာ ခေါ်လိုက်သည်။

“အစောင့်တွေ.. ဒီမှာတစ်ယောက်က အယောင်ဆောင်ပြီး ဝင်လာဖို့ လုပ်နေတယ်။ သူမကို ခေါ်ထုတ်သွားလိုက်ကြတော့”

ကျန်းယွီကတော့ တည်တည်ငြိမ်ငြိမ်သာ ဆက်နေလိုက်ပြီး လင်းရွမ်အာကို ပြန်မတုံ့ပြန်သလို သူမကို နည်းနည်းလေးမှ ဂရုမစိုက်ပြပါ။ သို့သော် အဲ့အစား ကျန်းယွီသည် လင်းမြောင်ကို လှမ်းကြည့်နေလိုက်သည်။

အခု သူမသည် (စင်ဒရဲလားကို ကယ်တင်ခြင်း) တာဝန်ကို လက်ခံထားပြီဖြစ်တာမို့ လင်းမြောင်တစ်ယောက် သူမ၏ သတ္တိမရှိမှုကို ကျော်လွှားနိုင်ဖို့ ကူညီရတော့မည်ဖြစ်သည်။

သူမသည် အစ်မကြီးဖြစ်သည်။ ထို့အပြင် သူမ၏ မရင့်ကျက်သည့်အပြင် ရိုင်းစိုင်းခက်ထန်သော ညီမကို ဂရုစိုက်ပေးဖို့ တံဆိပ်ရိုက်ခံထားရလေသည်။

လင်းမြောင်ကတော့ အတော်လေး ရှက်နေသည်။ ကျန်းယွီသည် Esmeralda တွင် သူမပထမဆုံးတွေ့သောသူ ဖြစ်ပေသည်။ အခုတော့ သူ့ညီမက သိသိသာသာကြီး သူ့ကိုအနိုင်ကျင့်နေလေသည်။ သူမသာ မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုနေလိုက်ရင် ဒါအတော်လေးကို မဖြောင့်မတ်ရာ ကျပေမည်။

သို့သော်လည်း လင်းရွမ်အာကို သူမပြန်အာမခံရဲပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် မိသားစုထဲတွင် မျက်နှာသာ အပေးခံထားရဆုံးသူဖြစ်သည်။ ထို့အပြင် လင်းရွမ်အာကြောင့်သာ သူမသည် Esmeralda ကိုဝင်ခွင့်ရခဲ့ခြင်းပင်။

လင်းမြောင်သည် လင်းရွမ်အာကို တိုးတိုးလေးကပ်ပြောလိုက်သည်။

“ဒီလိုမလုပ်ပါနဲ့.. ငါတို့အားလုံး ဒီရောက်လာတာပဲ။ သူကဘယ်လိုလုပ် အယောင်ဆောင် ဖြစ်နိုင်ရမှာလဲ။ အထင်လွဲနေတာ ရှိလိမ့်မယ်”

လင်းရွမ်အာသည် လင်းမြောင်ကိုကြည့်၍ ဒေါသတကြီး အော်ဆူလိုက်သည်။

“နင် ငါ့ကို ပြန်ခံပြောနေတာလား။ ဘယ်လိုတောင် လုပ်ရဲနေတာလဲ”

“ငါ နင့်ကို ပြန်ခံပြောနေတာမဟုတ်ဘူး။ ငါက.. ငါကဒီအတိုင်း ပြောပြရုံပဲ”

လင်းမြောင်၏ အသံသည် တဖြည်းဖြည်းချင်း တိုးဝင်သွားကာ အားပျော့လာပေသည်။

ကျန်းယွီလည်း သူမသာ လင်းရွမ်အာအပေါ် ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်မယ်ဆိုရင် သူမအတွက် အတော်ကို အရှက်ရစရာဖြစ်သွားမည်ကို မြင်နေရသည်။

လူတစ်ယောက်က အချိန်ကာလတွေအကြာကြီး ပတ်ဝန်းကျင်က ရိုက်သွင်းပေးထားတဲ့ စရိုက်မျိုးကို အလွယ်တကူ ပြောင်းလဲပစ်ဖို့ဆိုတာ တကယ်မလွယ်ပေ။

ကျန်းယွီသည် လင်းမြောင်ကို ကြည့်မနေတော့ဘဲ ရှင်းပြလိုက်သည်။

“ငါက အယောင်ဆောင်မဟုတ်ဘူး။ ငါကျောင်းကို ဝင်ခွင့်ရတာက တီချယ်ပိုင်ရှုယီကိုယ်တိုင် ငါ့ကိုခေါ်ခဲ့လို့ပဲ။ တီချယ်က ငါ့အတွက် အတန်းမစီစဉ်ရသေးတာပဲရှိတာ”

‘ပိုင်ရှုယီ’ ဆိုသည့်နာမည်ကို ကြားလိုက်သည်နှင့် ထွက်သွားတော့မည်လုပ်နေသော ရှန်အုံချင်းအပါအဝင် လူတိုင်းသည် ကျန်းယွီကို အံ့ဩမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

ပိုင်ရှုယီက ဘယ်လိုဆရာမျိုးမို့လို့လဲ..။ ရှန်အုံချင်းလို ဘဲလေးအကျော်အမော်တစ်ဦးပင် ပိုင်ရှုယီကို စကားတစ်ခွန်းပြောဖို့ အခွင့်အရေးမရခဲ့ဖူးပေ။

ဘယ်လိုလုပ်ပြီး သူမကို ပိုင်ရှုယီကိုယ်တိုင် ခေါ်ခဲ့တာတဲ့လဲ?

တစ်ခြားသော အတန်းဖော်များသည်လည်း တိုးတိုး,တိုးတိုးဖြင့် ပြောဆိုနေကြတော့သည်။

“သူက တီချယ်ပိုင်ရှုယီကိုယ်တိုင် ခေါ်တာကို ခံခဲ့ရတာတဲ့လား?”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တီချယ်ပိုင်ရှုယီလို Esmeralda ရဲ့ အဓိကနည်းပြတစ်ဦးက သူမကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ခဲ့တယ်ဆိုတာ ဖြစ်နိုင်လို့လား?”

“ငါလည်းပဲ တီချယ်ပိုင်ရှုယီ ခန့်အပ်တာကို ခံခဲ့ရတာပဲ။ ငါ့မျက်နှာကိုတောင် တီချယ်က မြင်ဖူးသေးတာမဟုတ်ဘူး”

“ငါကြားတာတော့ တီချယ်ပိုင်ရှုယီက ဒီနှစ် ကျောင်းသား၂ယောက်ခေါ်တယ်တဲ့။ တစ်ယောက်က ဝမ်လွန်လေ။ နာမည်ကြီးပြီးသားတစ်ယောက်။ နောက်တစ်ယောက်က..သူများဖြစ်နေမလား?”

“ငါလည်းမသိဘူး ဝါး”

မကြာခင်မှာပဲ အစောင့်၂ယောက်သည် အလောတကော ပြေးလာကြပြီး မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ?”

လင်းရွမ်အာသည် ကျန်းယွီကို လက်ညိုးထိုးကာ ပြောလိုက်သည်။

“ဒီမှာ တစ်ယောက်က ဖိတ်စာအတုကိုသုံးပြီး Esmeralda ကို ခိုးဝင်ပြီးတော့ ပြသနာရှာချင်နေတာလေ.. သူ့ကိုမြန်မြန်လေး ဆွဲထုတ်သွားလိုက်တော့”

အစောင့်များသည် ကျန်းယွီလက်ထဲက ဖိတ်စာကို လှမ်းယူလိုက်ပြီး တစ်ခြားကျောင်းသားများ၏ ဖိတ်စာနှင့် ယှဉ်ကြည့်လိုက်သောအခါ တကယ်ကို မတူနေကြောင်း တွေ့လိုက်ရသည်။

သူတို့လည်း ဒီလိုအရာမျိုး တစ်ခါမှ မကြုံဖူးသည့်အတွက် အရင်ဆုံး ကျန်းယွီကို ခေါ်ထုတ်သွားကာ အခြေအနေကို အတည်ပြုရန်အတွက် ရုံးခန်းကိုခေါ်သွားဖို့ လုပ်လိုက်သည်။

သို့သော်ငြားလည်း ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ယောက်၏ အေးစက်စက်အသံတစ်ခု ပေါ်ထွက်လာလေသည်။

“ဘာတွေအဲ့လောက်တောင် ဆူညံနေရတာလဲ?”

လူတိုင်းလှည့်ကြည့်လိုက်သည့်အခါတွင်တော့ ရွယ်ကျားယီ တစ်ယောက် လျှောက်လာတာကို မြင်လိုက်ရသည်။

သူမသည် အပြင်ကတော့ အနောက်တိုင်းဝတ်စုံနှင့် အထဲကတော့ ခဲရောင်ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ထုံးထားလေသည်။ ထို့အပြင် သူမတွင် ပရော်ဖက်ရှင်နယ်ဆန်သော အမျိုးသမီးတစ်ယောက်၏ စရိုက်လက္ခဏာအပြည့် ရှိနေပေသည်။

“အဆောင်ဝင်ဖို့ စာရင်းသွင်းရမှာမဟုတ်ဘူးလား.. ဒီမှာဘာတွေဖြစ်နေတာလဲ။ Esmeralda ရဲ့ ပထမဆုံးစည်းကမ်းက စည်းကမ်းရှိဖို့ပဲ။ ဒါကို မလိုက်နာနိုင်ဘူးဆိုရင် အခုကတည်းက ထွက်သွားလို့ရတယ်”

သူမသည် ဩဇာအာဏာအပြည့်ဖြင့် အသံကိုကျယ်ကျယ်ပြောကာ ခြိမ်းခြောက်ပြီး ဟန့်တားလိုက်သည်။

ရွယ်ကျားယီကို မြင်သည်နှင့် ဂနာမငြိမ်ဖြစ်နေသော ကျောင်းသားများလည်း ရုတ်တရက်ပင် အသက်ထွက်သလို ဖြစ်သွားကြသည်။

ရွယ်ကျားယီသည် Esmeralda တွင် စည်းကမ်းတင်းကြပ်လွန်းသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူ ဆိုသည်ကို သိရပေမည်။ အကယ်၍ တီချယ်ပိုင်ရှုယီသာ ‘နတ်သမီးလေး’ ဆိုလျှင် ရွယ်ကျားယီကတော့ ကျိန်းသေပေါက်ပင် ကြောက်စရာ ‘နတ်ဆိုး’တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် ရွယ်ကျားယီသည် အတော်လေးကိုမှ ခက်ထန်ရင့်သီးပေသည်။

သူမကို ရန်သွားစလျှင် သေချာပေါက်ကို ကောင်းကောင်းအဆုံးသတ်မည် မဟုတ်ချေ။

ရွယ်ကျားယီသည် ကျန်းယွီကို စိုက်ကြည့်လိုက်သည့်အခါမှာတော့ အရင်တုန်းက ပုထျန်းယန်ကို ပြန်မြင်လိုက်ရသလိုပင်။ ထို့ကြောင့် သူမသည် မျက်နှာသုန်မှုန်သွားကာ ကျန်းယွီကို လှမ်းပြောလိုက်သည်။

“ပြသနာရှာနေပြန်ပြီလား?”

ကျန်းယွီကတော့ တည်ငြိမ်အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။

“ကျွန်မ ဘာအမှားမှ မလုပ်ထားပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ကျွန်မကို မေးခွန်းထုတ်နေတယ်လေ။ ပြီးတော့ ကျွန်မက အခြေအနေရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး အယောင်ဆောင်ဝင်ဖို့ လုပ်နေတာတဲ့။ အဲ့ဒါနဲ့ပဲ အစောင့်တွေကိုခေါ်ပြီး ကျွန်မကို မောင်းထုတ်ခိုင်းနေတာလေ”

ရွယ်ကျားယီသည်လည်း ပင်ကိုယ်ကိုက မျက်နှာထားတည်သူတစ်ဦး ဖြစ်ပေသည်။ ထို့နောက် သူမဆက်ပြောလိုက်သည်ကား “ဘယ်သူကများ Esmeralda ကိုပြန်အာခံနိုင်လောက်တဲ့အထိ ဩဇာရှိနေတာလဲ ဟမ်?”

ထိုစဉ်တွင် တစ်ချိန်တည်းမှာပဲ လူတိုင်း၏အကြည့်သည် လင်းရွယ်အာဆီသို့ ရောက်သွားကြလေတော့သည်။

လင်းရွမ်အာလည်း ချက်ချင်းပြန်ရှင်းပြရတော့သည်။

“သူ့ဖိတ်စာက အတုကြီး! လူတိုင်းအာရုံများနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ခိုးဝင်ဖို့ကြံနေတာလို့ ကျွန်မတော့ သံသယဝင်တယ်”

ရွယ်ကျားယီသည် ကျန်းယွီကို အထင်သေးတာမှန်သော်လည်း လင်းရွမ်အာ၏ စကားများကတော့ သူမကိုအတော်လေး စိတ်ဆိုးသွားစေသည်။

“Esmeralda ကစည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်နေတဲ့နေရာ။ သူ့ဖိတ်စာက အတုလား အစစ်လားပြောရအောင် နင်ကဘာမို့လို့လဲ”

ထိုစကားများ ကြားလိုက်ရသည်နှင့် လင်းရွမ်အာ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားပေသည်။

ဟိုးငယ်စဉ်ကလေးဘဝထဲက အရွယ်ရောက်လာသည်အထိ သူမသည် နေရာတကာတွင် မိသားစု၏ မျက်နှာပေးခြင်း၊ အလိုလိုက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သူမကို ဘယ်သူကမှ ဒီလိုရင့်ရင့်သီးသီးလေသံမျိုးနှင့် မပြောဖူးကြပေ။ အိမ်တွင် သူ့အစ်မကပဲဖြစ်စေ၊ ကျောင်းတွင် ဆရာတွေ၊ အတန်းဖော်တွေဆီကပဲ ဖြစ်စေပေါ့..။

သူမပါးမို့လေးများမှာ ချက်ချင်းဆိုသလို နီရဲတက်လာပြီး မျက်ရည်များလည်း ကျလုနီးပါး ဖြစ်လာတော့သည်။

ဘေးနားတဝိုက်က အတန်းဖော်များကတော့ ပါးစပ်ပိတ်နေကြပြီး တိတ်တိတ်လေး တုန်လှုပ်နေကြပေသည်။ ဒီနေ့မှာတော့ Esmeralda ၏ နတ်ဆိုးခေါင်းဆောင်က ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ သူတို့အားလုံးမြင်ခဲ့ရပြီလေ။

ရွယ်ကျားယီသည် လုံခြုံရေးအစောင့်များကို ပြန်လွှတ်လိုက်ပြီး ကျန်းယွီ၏ ဖိတ်စာကိုယူကာ စိုက်ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

“နင်ကငတုံံးလား..အေးလေ နင်ကဘယ်လိုလုပ် အတန်းရမှာတဲ့လဲ။ နင့်ကို ပိုင်ရှုယီကိုယ်တိုင်က သူ့တပည့်လုပ်ဖို့ တိုက်ရိုက်ပြောခဲ့တာ မဟုတ်ဘူးလား? ဘယ်လိုလုပ် သူများတွေနောက် လိုက်လို့ရမှာလဲ? သူတို့အားလုံးက အတူတူပဲ။ အဲ့ဒါကြောင့် သက်ဆိုင်ရာအတန်းကိုယ်စီ ရှိကြပြီးသား”

“တီချယ်ရွယ်က ဘာကိုပြောချင်တာလဲ?”

“ပြီးတော့ နင်နဲ့ ဝမ်လွန်နဲ့နှစ်ယောက်လုံး အကခန်းမှာ ပိုင်ရှုယီကို တိုက်ရိုက်သွားရှာလို့ရတယ်လေ။ အဲ့ဒါကို ငတုံးတစ်ယောက်လို ဒီမှာထိုင်စောင့်နေတယ်ပေါ့။ တကယ်ပါပဲ...”

ရွယ်ကျားယီသည် သူတို့ကို ဂရုစိုက်မနေတော့ဘဲ သူမလုပ်စရာရှိတာတွေ ဆက်လုပ်ဖို့သာ ပြန်သွားလိုက်သည်။

ဘေးနားတစ်ဝိုက်က ကျောင်းသားများကတော့ မယုံနိုင်စွာဖြင့် ကျန်းယွီကို ကြည့်လိုက်ကြသည်။

ဒီလိုမျိုး အနုပ်စုတ်ကုပ်စုတ် ကောင်မလေးတစ်ယောက်က ဝမ်လွန်နဲ့အတူတူ ပိုင်ရှုယီရဲ့ အနီးကပ်တပည့်ဖြစ်နေလိမ့်မည်ဆိုတာ စဉ်းစားကြည့်ဖို့ပင် ခက်ခဲလှပေသည်။

A ခန်းကျောင်းသားများကိုတောင် ကျော်လွန်ပြီး ပိုင်ရှုယီရဲ့တပည့်ဖြစ်လာဖို့ဆိုတာ ဘယ်လိုအဆင့်မျိုးအထိ လိုအပ်တာပါလိမ့်..။

ရှန်အုန်ချင်းသည်လည်း အနည်းငယ် မှင်သက်နေလေသည်။ ထို့နောက် သူမကို သေချာစူးစူးစမ်းစမ်းကြည့်လိုက်လေသည်။ သူမ မျက်လုံးများကတော့ မကျေနပ်စိတ်များ အနည်းငယ် ပေါ်ထွက်နေလေသည်။ ဒီလိုနှင့် သူမလည်း မေးကြည့်လိုက်သည်။

“နင့်နာမည်က ကျန်းယွီလား?”

“အင်း”

“အရင်တုန်းက ဘယ်ကနေ လာခဲ့တာလဲ? ဆုတွေဘာတွေရော ရဖူးလား?”

“နိုင်ငံအဆင့်ပြိုင်ပွဲတွေဘာတွေရော ဝင်ပြိုင်ဖူးလား?”

“ဟင့်အင်း”

“ဒါဆိုရင် ဘယ်လိုလုပ်ပြီး တီချယ်ပိုင်ရဲ့ ကျောင်းသားဖြစ်လာတာလဲ...”

“ခန့်မှန်းကြည့်လေ”

“...”

ရှန်အုန်ချင်းသည် သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပြောစရာစကားပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထို့နောက် အနည်းငယ် ရှက်လာသော အမူအရာလေး သူမ မျက်နှာထက်တွင် ပေါ်လာပြီး လှည့်ထွက်သွားလေတော့သည်။

All Chapters