Chapter 43
Vol. 5 Ch. 43
လူတိုင်း၏ အကြည့်သည် လင်းမြောင်ဆီကို ကျရောက်သွားတော့သည်။ လင်းမြောင်ကလည်း အလကားသက်သက် နစ်နာသွားမှုကြောင့် အသံတိုးတိုးလေးနှင့် ရှိုက်ငိုစပြုလာလေသည်။
ကျန်းယွီသည် လင်းမြောင်ဘေးနားကို သွားရပ်လိုက်ပြီး သူမ၏လက်ကောက်ဝတ်လေးကို ပြေပြေလေး အရင်ကိုင်လိုက်ပြီးမှ ဆုပ်လိုက်သည်။
ပြန်ခုခံမလား မခုခံဘူးလားဆိုတာသည် သူမတွင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိပေသည်။ တစ်ခြားသူများက သူမကို ဖိအားပေးလို့မှ မရဘဲကို..။
ကျန်းယွီ သူမကို ကူညီနိုင်ဖို့ဆိုတာကလည်း သူမဆုံးဖြတ်ချက်ပေါ်တွင် လုံးလုံးမူတည်နေလေသည်။
လင်းမြောင်သည် ကျန်းယွီ၏ လက်ဖဝါးလေးမှတစ်ဆင့် နွေးထွေးမှုနှင့် ခွန်အားကို ခံစားလိုက်ရသည်။ သူမ၏ အောက်နှုတ်ခမ်းလေး စိထားတာကို ဖြေလျော့ချလိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့်သာ လင်းရွမ်အာကို ကြည့်လိုက်တော့သည်။ သူမခန္ဓာကိုယ်ကတော့ တုန်ရီနေတာ ဖြစ်သည်။
“နင်.. နင်ငါ့ကို တောင်းပန်သင့်တယ်။ အမှားလုပ်ခဲ့တာ နင်လေ”
လင်းရွမ်အာကတော့ သရော်ပြုံးပြုံးကာ ဆိုလိုက်သည်။
“ငါက နင့်ကို တောင်းပန်ရမယ်ပေါ့လေ.. အိပ်မက်မက်နေတာပဲ။ ငါနင့်ကို ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး!”
လင်းရွမ်အာသည် ပြောပြီးသည်နှင့် သူမနောက်က လင်းမြောင်ကို လစ်လျူရှုကာ အိပ်ခန်းထဲကနေ ခြေလှမ်းကျဲကျဲနှင့် ပြန်ထွက်သွားတော့သည်။
ဘေးနားက ကောင်မလေးများသည်လည်း ပွဲကြည့်ပြီးပြီ ဖြစ်တာမို့ လူစုခွဲလိုက်ကြလေသည်။
လင်းမြောင်သည် သူမ၏ ဒူးလေးကိုဖက်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ငိုရှိုက်နေရင်း ပြောလိုက်သည်။
“ငါငယ်ငယ်လေးထဲက ဒီလိုပဲဖြစ်နေတာ... အမြဲတမ်း ဒီလိုကြီးပဲ...။ ဘာလို့ သူတစ်ခုခုအမှားလုပ်တိုင်း ငါပဲခံနေရတာလဲ.. သူငါ့ကို ဘယ်တော့မှလည်း ပြန်မတောင်းပန်ဘူး..။ သူ့ကြည့်လိုက်ရင် မတောင်းပန်တတ်ဖို့ မွေးဖွားလာတဲ့အတိုင်းပဲ”
ကျန်းယွီသည် သူမ၏ကျောပြင်ကို အသာအယာလေး ပုတ်ပေးလိုက်သည်။
“ဒါကောင်းပါတယ်.. အနည်းဆုံးတော့ သူနင့်ကို တောင်းပန်ဖို့ နင်ပြောလိုက်နိုင်ပြီလေ။ ဒီအဆင့်ကနေစတာ တကယ်ကောင်းတယ်”
“ဒါပေမယ့် သူ ငါ့ကို တောင်းပန်မှာမဟုတ်ဘူးလေ.. သူအမှားလုပ်မိတာတောင်မှပဲ”
“သူနင့်ကို တောင်းပန်လာမှာပါ။ ပြီးတော့ တစ်နေ့ကျရင် သူလုပ်ခဲ့သမျှအရာတွေ အားလုံးအတွက် သင့်တော်တဲ့ တန်ဖိုးတစ်ခုကို သူပြန်ပေးဆပ်ရမှာပေါ့”
လင်းမြောင်သည် သူမ၏ ခေါင်းကိုထောင်ကာ မျက်ဝန်းထဲတွင် မျက်ရည်စများအပြည့်ဖြင့် ကျန်းယွီကို မော့ကြည့်လိုက်သည်။ ထို့နောက် စကားကို အားယူပြီး ပြောလိုက်တော့သည်။
“ငါ.. ငါစဉ်းစားပြီးပြီ။ ငါပြန်ခုခံချင်တယ်။ ဒီလိုမျိုး ဆက်မသွားနိုင်တော့ဘူး။ သူဘာလို့ ငါ့ကိုဆံပင်အရှည်ပေးမထားရတာလဲ.. ဘာလို့ ငါက F ခန်းကို ဝင်ခဲ့ရပြီး သူကျတော့ C ခန်းကိုသွားရတာလဲ!”
ကျန်းယွီသည် သူမ၏ပခုံးကို ထိလိုက်ကာ ဆက်ပြောလိုက်သည်။
“ငါကျိန်းသေပေါက် နင့်ကို ကူညီပေးမှာ”
“ငါရောပဲ!”
မုကျီရှန်းလည်း မြန်မြန်ဝင်ပြောလိုက်တော့သည်။
“ငါတို့တွေ နင့်ကိုကူညီပေးမယ်”
“နင်တို့ကို ကျေးဇူးတင်ပါတယ်"
လင်းမြောင်သည် မျက်ရည်တွေကိုသုတ်လိုက်သည်။ စကားကို လေလုံးထွားပြီး နောက်မှာတော့ တစ်ဖန်ထပ်၍ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာပြန်တော့သည်။
“ဒါပေမယ့် ငါဘာလုပ်ရမှာလဲ?”
ကျန်းယွီသည် တစ်အောင့်လောက် စဉ်းစားနေလိုက်ပြီးမှ စားပွဲပေါ်က ဖုန်းကိုယူ၍ သူမကိုကမ်းပေးလိုက်သည်။
“နင့်အဖေကို အရင်ဆုံး ဖုန်းဆက်လိုက်”
လင်းမြောင်တစ်ယောက် ကြက်သေသေသွားတော့သည်။
“ငါအဖေ့ကို ဖုန်းမဆက်ဖြစ်တာ အချိန်အရမ်းကြာနေပြီ။ ငါဘာပြောသင့်လဲ? ဒါအရမ်းရှက်ဖို့ကောင်းတာပဲ။ ငါတို့သားအဖ ဆက်ဆံရေးကလည်း ကောင်းတာမဟုတ်ဘူးကို”
“ခေါ်လိုက်ပါ”
ကျန်းယွီကတော့ အပျော့ဆွဲနှင့် ရအောင်ဆက်ပြောလိုက်သည်။
“အခုကစပြီး နင်တို့သားအဖကြားက ဆက်ဆံရေးကို ပြန်ပြေလည်အောင် လုပ်ရမယ်။ ဘာလို့လဲဆိုတော့ ဒီမိသားစုထဲမှာ နင့်ကိုတကယ်ကူညီနိုင်တာ သူတစ်ယောက်ပဲ ရှိလို့ပဲ”
“ဒီလိုကြောင့်ဆိုရင် ဒီလိုလုပ်တာ နည်းနည်းများနေမလား? သူ့ကိုအသုံးချသလိုကြီး ဖြစ်မသွားဘူးလား?”
လင်းမြောင်သည် မျက်မှောင်ကျုံ့ကာ ဆက်ပြောလိုက်သည်။
“ငါသူ့ကို အသုံးမချချင်ဘူး”
“သူက နင့်အဖေလေ.. လင်းရွမ်အာအဖေမှ မဟုတ်တာ”
ကျန်းယွီလည်း နည်းနည်းစိတ်မပျော်မရွှင် ဖြစ်သွားလေတော့သည်။
“လင်းရွမ်အာတောင်မှ နင့်အဖေကို ဒီလောက်နှစ်ပေါင်းများစွာ အသုံးချလာခဲ့လာတာလေ။ အဲ့လိုနဲ့ပဲ နင့်အဖေ နင့်ကို အထင်မကြီးတော့တဲ့အဖြစ်ထိရောက်အောင် သူကဆွဲညှစ်လာတာပဲ။ ဒါကြောင့်ပဲ နင်ဒီလိုမျိုး လူမသိသူမသိ ထောင့်လေးထဲမှာ ကြိတ်ခံစားနေရတဲ့ဘဝကို ရောက်လာတာပဲလေ။ နင်မမြင်နိုင်သေးဘူးလား?”
လင်းမြောင်သည် ကျန်းယွီ၏ စကားများကို နားထောင်ပြီးသည့်နောက် ရုတ်တရက်ကြီး အနည်းငယ် ရှိုက်တက်လာပြန်တော့သည်။
ဒါတကယ်မှန်တာပဲ..။ အဖေက လင်းရွမ်အာရဲ့ အဖေအရင်းမဟုတ်တာတောင် လင်းရွမ်အာက ကောက်ကျစ်လှည့်ဖြားပြီး အဖေ့အပေါ် ဆိုးသွမ်းဗိုလ်ကျနေတာလေ..။ အဖေ့အကြိုက် လိုက်ပေးပြီးတော့ သူမတို့ကောင်းကောင်းနေနိုင်ဖို့ အဖေ့ဆီက ရသမျှအကုန် ညှစ်ယူနေတာပေါ့။
ဒါကိုလည်း လင်းမြောင်က လုပ်ခွင့်ပေးထားလေသည်။
အဲ့လောက် တုံးအရမလားဆိုပြီး သူမကိုယ်သူမသာ အပြစ်တင်နိုင်ပေတော့သည်။
လင်းမြောင်သည် တွန့်မနေတော့ဘဲ ဖုန်းကိုကောက်ကိုင်လိုက်ပြီး သူ့အဖေ ဖုန်းနံပါတ်ကို ခေါ်လိုက်ကာ ဖုန်းစပီကာကို ဖွင့်လိုက်သည်။
ကျန်းယွီနှင့် မုကျီရှန်းကတော့ မျှော်လင့်ချက်အပြည့်ဖြင့် သူမကို ကြည့်နေကြသည်။
“ဟယ်လို...အဖေ...”
လင်းမြောင်သည် အနည်းငယ် ချီတုံချတုံဖြစ်နေလေသည်။ ဒီလိုနှင့် ကျန်းယွီကို တိုးတိုးလေး ပါးစပ်လှုပ်ပြလိုက်သည်။
“ငါဘာပြောရမှာလဲ?”
ကျန်းယွီကလည်း အသံတိုးတိုးလေးနှင့် ပြန်ပြောပြလိုက်သည်။
“အဖေ့ကို ဂရုစိုက်ကြောင်းပြော”
လင်းမြောင်၏ အဖေသည်လည်း အနည်းငယ် အံ့ဩနေပုံရလေသည်။ သူနဲ့ အမြဲတမ်း ခပ်တန်းတန်းနေတဲ့ သူ့သမီးလေးက ဒီလိုမျိုးအရင်စပြီး သူ့ကိုဖုန်းခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူလည်းမေးကြည့်လိုက်သည်။
“အနုပညာကျောင်းမှာ ဘာဖြစ်လို့လဲ သမီး”
“မဟုတ်ပါဘူး အဖေ..။ သမီးရောက်ပြီဆိုတဲ့အကြောင်း အဖေ့ကို လှမ်းပြောတာပါ”
“အိုး ကောင်းပြီလေ.. စာသေချာကြိုးစားနော်”
“အဖေရော ကျန်းမာရေးဘယ်လိုနေလဲ? နေကောင်းရဲ့လား? အဖေ့အရိုးအဆစ်တွေ နာနေတယ်လို့ သမီးထွက်လာတုံးက ကြားလိုက်မိတယ်။ အခုရော သက်သာရဲ့လား?”
လင်းမြောင်၏ အဖေသည် သူ့သမီး၏ စိုးရိမ်ပူပန်ပေးမှုကို ကြားလိုက်ရသည့်အခါမှာတော့ စိတ်ထဲအနည်းငယ် သောင်းသောင်းဖြဖြဖြစ်သွားလေသည်။
သူနောက်အိမ်ထောင်ပြုပြီးကတည်းက သူ့သမီးလေးသည် တစ်ခြားလူတစ်ယောက် ပြောင်းသွားသလို ဖြစ်သွားခဲ့သည်။ မိသားစုအရေးကိစ္စများတွင်လည်း အထီးတည်းနေကာ အတော်ပြောင်းလဲသွားခဲ့ပြီး သူ့သမီးအရင်းလေးနဲ့တောင် မတူတော့ပေ။
ထိုသောကသည် လင်းမြောင်အဖေအတွက်တော့ နှလုံးသားထဲတွင် အတော်ရှုပ်ထွေးခဲ့ရသည်။ သူ့လည်ချောင်းထဲက ဝမ်းနည်းမှုများကို မြိုသိပ်ဖိချလိုက်ရင်း စကားပြန်ပြောလိုက်ပေသည်။
“အဆင်ပြေပါတယ် သမီး.. ကြီးကြီးမားမား မဟုတ်ပါဘူး”
“အဖေ ဆရာဝန်ရော ပြပြီးသွားပြီလား.. ဆရာဝန်က ဘာပြောလဲ?”
“ဆရာဝန်ကတော့ အဖေ့ကို ဆေးပဲပေးလိုက်တယ်လေ။ ပြောတာတော့ နာတာရှည် အကြောအဆစ်ရောင်နာတဲ့။ ကောင်းကောင်းဂရုစိုက်ဖို့ပဲ မှာလိုက်တယ်”
“ဒါဆိုရင် အဖေ့ခန္ဓာကိုယ်ကို သေချာလေးဂရုစိုက်ရမှာပေါ့။ ပင်ပင်ပန်းပန်းတွေ အရမ်းမလုပ်နဲ့ဦးနော်”
“ကောင်းပါပြီ ကောင်းပါပြီ..။ အဖေ့ကျန်းမာရေးကို ဂရုစိုက်ပါ့မယ်။ သမီးလည်း အတူတူပဲ.. ကျောင်းမှာသေချာ ကြိုးစားနော်။ ပြီးတော့ တစ်ခုခုလိုတာရှိရင် အဖေ့ကို အမြန်ဆုံး ဖုန်းသာခေါ်လိုက်။ ညီမလေးကိုလည်း အနိုင်မကျင့်ဘဲ အဆင်ပြေပြေနေနော်”
“သမီး သူ့ကို ဘယ်တုံးက အနိုင်ကျင့်လို့လဲ?”
လင်းမြောင်တစ်ယောက် စိတ်ခံစားချက်တွေများလာပြန်တာကို တွေ့လို့ ကျန်းယွီလည်း သူမလက်ကို အမြန်လှမ်းကိုင်လိုက်ကာ အဖေနဲ့ အငြင်းအခုံမဖြစ်ဖို့ သတိပေးလိုက်သည်။
လင်းမြောင်သည် သူ့ဒေါသကို ထိန်းချုပ်လိုက်ပြီး ခဏလောက် အချိန်ယူပြီးမှ ပြန်ပြောလိုက်သည်။
“အဖေ.. သမီးသိပါတယ်။ သမီးသူနဲ့ ထပ်ပြီး ပဋိပက္ခမဖြစ်စေရပါဘူး”
“ကောင်းပါပြီ လိမ္မာလိုက်တဲ့သမီးလေး။ မိသားစုအချင်းချင်း စည်းလုံးညီညွတ်နေမှ အိမ်ကလည်း လာဘ်လာဘကောင်းမှာပေါ့..။ သမီးက အဖေ့သမီးအရင်းပဲ။ လင်းရွမ်အာက အဖေတို့အိမ်မှာ လာနေနေရတာမို့ သမီးကပဲ နည်းနည်းအလျော့ပေးလိုက်ပါ”
“သမီးသိပါပြီ အဖေ၊ အဖေ့ကိုစိတ်မပျက်စေရပါဘူး”
လင်းမြောင်သည် သူမဖုန်းမချခင် သူမအဖေဖုန်းအရင်ချမှာကို စောင့်နေလိုက်သည်။ သိပ်မကြာခင်မှာပဲ ဖုန်းကနေ စာတစ်စောင် ဝင်လာတော့သည်။ သူမအဖေမှ သူမဆီကို မုန့်ဖိုးအဖြစ် ယွမ်၁သောင်းလွှဲလိုက်သည့် အကြောင်းကြားစာလေး ရောက်လာခြင်းပင်။
လင်းမြောင်သည် ငွေလွှဲစာကို အံ့ဩတကြီးနှင့် ကြည့်နေလိုက်ပြီး အနည်းငယ် မယုံနိုင်ဖြစ်နေလေသည်။
အဖေကိုယ်တိုင် သူမကို မုန့်ဖိုးပေးခဲ့သည်မှာ အချိန်အတော်တောင် ကြာခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုထဲတွင် ငွေရေးကြေးရေးကို ကိုင်ဆောင်ထားသူက သူမ၏ မိထွေးသာဖြစ်သည်။ မိထွေးဆီကရသော မုန့်ဖိုးနှင့် ကျန်နေထိုင်စရိတ်များမှာ အစားအသောက်ဖိုးနှင့် အဝတ်အစားဖိုးလောက်သာဖြစ်ပြီး အကန့်အသတ်နှင့်ဖြစ်ပေသည်။ လင်းရွမ်အာနှင့် ယှဉ်လိုက်လျှင် သူမရသည့်ပမာဏမှာ စိုးစဉ်းမျှသာပင်။
သူမသည် အဖေ့ကို ပြန်တိုင်ပြောရင်လည်း မိထွေးမှာ ငိုယိုပြကာ သူမကိုယ်သူမ သတ်သေလိုက်တော့မည်ဟူ၍ ပြသနာရှာတတ်လေသည်။ လင်းမြောင်မှာ လိမ်နေတာဖြစ်ပြီး မဟုတ်တာတွေ လျှောက်ပြောနေတာဟု ပြန်စွပ်စွဲလေတော့သည်။
ဒါပေါ့..ဟုတ်တာပေါ့..။ လင်းမြောင်၏ ခပ်ညံ့ညံ့ မျက်နှာအမူအရာများနှင့် မိထွေး၏ ခံစားချက်ပါပါ ဟန်ဆောင်မှုများကို ယှဉ်လိုက်မယ်ဆိုရင် အဖေကတော့ မိထွေးကိုပဲ ယုံကြည်မိမှာပဲလေ..။
ဒီလိုမျိုး ကြိမ်ဖန်များစွာ ဖြစ်လာသည့်အခါမှာတော့ လင်းမြောင်ကသာ ဒီမိသားစုတွင် ‘ပြဿနာရှာတတ်သောကလေး’ ဖြစ်လာပေတော့သည်။ ထို့အပြင် ပြန်တိုင်ပြန်တော့လည်း အချည်းနှီးသာဖြစ်မည်ကို သိလာတာကြောင့် လင်းမြောင်သည် သူ့အဖေကို ပြန်လည်းတိုင်မနေတော့ပေ။
အခုလည်း အဖေက အရင်စပြီး သူမကိုမုန့်ဖိုးပေးတာမို့ ဒါအတော်လေးကောင်းတဲ့ ပထမဆုံးခြေလှမ်းဟု ဆိုရပေမည်။
“စောနက ငါလုပ်တာဘယ်လိုနေလဲ?”
လင်းမြောင်သည် ကျန်းယွီအား မြန်မြန်လှမ်းမေးလိုက်သည်။
ကျန်းယွီလည်း စဉ်းစားကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အောင်တယ်ဆိုရုံလေးပါပဲ.. အမှတ် ၆၀ လောက်တော့ ရတယ်”
“အောင်တယ်ဆိုရုံလေးလား?”
လင်းမြောင်သည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
“ငါကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်နေတာ။ အဖေက ပထမဆုံးအကြိမ် မုန့်ဖိုးပြန်ပေးတာလေ”
“အဲ့လောက်ကြီး ကိုယ့်ကိုယ်ကိုယ် မာန်စွယ်ချိုးမနေစမ်းပါနဲ့။ ဘွင်းဘွင်းပြောရရင် နင်ကသူ့သမီးအရင်း လင်းရွမ်အာကမှ မယားပါသမီးလေ။ သူနင့်ကိုကောင်းကောင်းဆက်ဆံတယ်ဆိုတာ ဖြစ်သင့်တာပဲလေ”
လင်းမြောင်သည် မျက်မှောင်ကြုံ့လိုက်တော့သည်။
“ဒါဆိုရင် နင်ပြောကြည့်ပါလား.. ငါလုပ်တာ ဘယ်နေရာမကောင်းသွားတာလဲ”
ကျန်းယွီသည် ကိုယ်တိုင်ကိုယ်ကျ လုပ်ပြဖို့ စိတ်အားထက်သန်နေပြီဖြစ်သည့် မုကျီရှန်းကို လှမ်းငေးကြည့်လိုက်သည်။
“ကျောင်းသူ မုကျီရှန်း တကယ့်ကြာပန်းဖြူလေးက ဘယ်လိုလဲဆိုတာ သူ့ကိုလာပြလိုက်စမ်းပါ”
မုကျီရှန်းသည် ကျန်းယွီ၏ အင်္ကျီလက်များကို ဆွဲလိုက်ကာ ငိုငိုပြီး ပြောပြလိုက်သည်။
“ဖေဖေရယ်.. ဒါတွေအကုန်လုံး သမီးအမှားတွေပါ။ သမီး ညီမလေးနဲ့ ရန်မဖြစ်ခဲ့သင့်ပါဘူး။ ဝူး... သူကအဖေ့သမီးမှ မဟုတ်ဘဲ.. ဘာပဲဖြစ်ဖြစ် အပြင်လူပဲကို။ ဒီမိသားစုရဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ သမီး ညီမလေးကို ပိုပြီးဂရုစိုက်ပေးရမှာပေါ့။ ဒါပေမယ့် ညီမလေးဒေါသက အရမ်းဆိုးတာပဲ။ ပြီးတော့ ညီမလေးက အမြဲလိမ်ပြောနေပြီး သမီးကိုလည်း အမြဲအနိုင်ကျင့်နေရောပဲ။ သမီးသိပါတယ်.. အစ်မကြီးတစ်ယောက်အနေနဲ့ သမီးသည်းခံရမယ်ဆိုတာကို.. ပြီးတော့ ဒီလိုမျိုး မပြောသင့်ဘူးဆိုတာလည်း သိပါတယ်..။ ဖေဖေရယ်.. သမီးမှားသွားပါတယ်။ ဖေဖေ ညီမလေးကို အပြစ်မတင်ပါနဲ့နော်.. သမီးကိုပဲ အပြစ်တင်ပါ”
လင်းမြောင်တစ်ယောက် အတော်လေး ဆွံ့အသွားတော့သည်။
ပြောရမယ်ဆို.. သူမ ဒါမျိုးကို လုပ်နိုင်ပါ့မလား။
ကျန်းယွီသည် ပြုံးလိုက်ကာ လင်းမြောင်၏ နဖူးလေးကို ပုတ်လိုက်သည်။
“သင်ယူလိုက်တယ်မလား”
“ဒါ..ဒါကအရမ်း.. အဲ့ဒါက!”
“နင့်အဖေလို လူရိုးလူဖြောင့်ကြီးတစ်ယောက်အတွက်တော့ ဒီလိုလှည့်ကွက်တွေက အလုပ်ဖြစ်မှာ။ သူများတွေ စမ်းလုပ်ကြည့်ပြီးသားမို့လေ။ နင်မယုံရင် စမ်းလုပ်ကြည့်လို့ရတယ်”
....
ညစာစားပြီးတော့ ကျန်းယွီသည် ပန်းခြံထဲက အစိမ်းရောင်မြက်ခင်းပြင် လမ်းရာပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။ အစာမြန်မြန်ကြေအောင် လမ်းလျှောက်နေခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း ချူးလီကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။
ဗီဒီယိုသည် ချိတ်ဆက်မိသွားသော်လည်း ဖုန်းတွင်ပေါ်နေသည့်ပုံကတော့ အနက်ရောင်ကြီးသာ။
သူမ၏ ဆင်းကဒ်လိုင်းကြောင့် ဖြစ်သည်ဟု ထင်လိုက်သောကြောင့် ကျန်းယွီလည်း ဖုန်းချလိုက်ပြီး နောက်တစ်ခေါက် ထပ်ခေါ်လိုက်သည်။ ထို့နောက် ညအမှောင်ယံကြားထဲမှ ယောင်္ကျားတစ်ယောက်၏ အသံနက်နက်တစ်ခု ပေါ်ထွက်လာလေတော့သည်။
“ကျောင်းပတ်ဝန်းကျင်က ကြည့်လို့ကောင်းတာပဲ”
“ကောင်းတာမဟုတ်ဘူး တော်တော်ကိုကောင်းတာ”
ကျန်းယွီသည် နေဝင်ချိန်တွင် နေတောက်နေတာလေးကို အခွင့်ကောင်းယူပြီး သူမဖုန်းကို အလျားလိုက်ချလိုက်ကာ သူမရှေ့က အစိမ်းရောင်မြက်ခင်းပြင်ကြီးကို ချူးလီအား ပြလိုက်သည်။
“ဟိုနားလေးမှာက ရေကန်အတုလေ၊ ပြီးတော့ ရေကန်ဘေးနားမှာက ဘဲငန်းရုပ်တုကြီးရှိတယ်၊ အဲ့ဒီရဲ့အရှေ့မှာက ငါတို့ရဲ့အနုပညာ အဆောက်အဦးကြီးပေါ့။ ရာထူးကြီးပုဂ္ဂိုလ်တွေ ရှိတဲ့နေရာလေ။ ဘေးနားက အဆောက်အဦးတစ်ချို့က အကစတူဒီယိုအဆောက်အအုံတွေပေါ့”
“ကောင်းတာပဲ”
“ချူးလီ.. နင်အိမ်မှာလား”
“အင်း”
“ဘာလို့အဲ့ဘက်မှာ အဲ့လောက်မှောင်မည်းနေရတာလဲ? မီးမဖွင့်ထားဘူးလား?”
သူ့ကြည့်ရတာ ခိုးခိုးခစ်ခစ် ရယ်လိုက်ပုံပေါ်သည်။ ခဏလောက်နေတော့ သူ့အသံက ထပ်ထွက်လာခဲ့သည်။
“မင်းရဲ့ဗီဒီယိုကောလ်က အချိန်မှားခေါ်လိုက်တာပဲ”
“ဘာဖြစ်လို့လဲ”
ကျန်းယွီသည် ဖုန်းစခရင်ကို လှမ်းကြည့်လိုက်သည်။
“၇နာရီပဲ ရှိသေးတယ်လေ။ အိပ်ဖို့အချိန်မှမရောက်သေးတာ နင်အဲ့လောက်အစောကြီး အိပ်ဖို့လည်း မလိုပါဘူး ဟုတ်တယ်မလား?
“ငါအိပ်နေတာ မဟုတ်ပါဘူး”
“ဒါဆိုရင် ဘာလို့မီးတွေ ပိတ်ထားတာလဲ”
“...”
“မီးဖွင့်လိုက် ငါ နင့်ကို ကြည့်ချင်တယ်”
“...”
သူဘာမှပြန်ဖြေသဖြင့် ကျန်းယွီလည်း ထပ်ခေါ်လိုက်သည်။
“ချူးလီ?”
အတော်လေးကြာတော့မှ ချူးလီတစ်ယောက် စိတ်မပါလက်မပါ ပြန်ဖြေလိုက်ပေသည်။
“အရင်ဖုန်းချလိုက်တော့ ပြီးမှငါပြန်ခေါ်လိုက်မယ်”
“မရဘူး!”
ချူးလီတစ်ယောက် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာဖြစ်လို့ သူမစိုးရိမ်လာပြီး နှိုက်နှိုက်ချွတ်ချွတ် သိချင်လာတော့သည်။ ဒီလိုနှင့် သူ့ကိုဖော်ထုတ်ဖို့ သူမတင်းခံလိုက်သည်။
“နင်ဘာတွေလုပ်နေတာလဲ!”
“ပြောရတာခက်တယ်.. ဖုန်းချလိုက်တော့”
ကျန်းယွီလည်း နည်းနည်းစိတ်တိုလာတော့သည်။
“ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်နေပြန်ပြီလား? နင် ငါ့ကို ဘာကတိပေးထားလဲ မေ့သွားပြီလား ဟမ်?”
“မဟုတ်ဘူး.. ကိုယ့်ဟာကိုယ် ထိခိုက်အောင် လုပ်နေတာမဟုတ်ဘူး”
“ဒါဆိုရင် ဘာဖြစ်လို့ ငါ့ကိုမပြတာလဲ”
“ငါဘောင်းဘီမဝတ်ထားလို့”
“...”
ကျန်းယွီသည် ခဏလောက်ကြာမှ ပြန်တုန့်ပြန်နိုင် ဖြစ်သွားပြီး ရုတ်တရက်ကြီး ဒီကောင် အမှောင်ထဲမှာ ဘာလုပ်နေလဲဆိုတာကို သဘောပေါက်သွားလေတော့သည်။
ဒီအရွယ် သူတို့ကောင်လေးတွေ ကျူးလွန်မွေ့လျော်တတ်သော တစ်ခုခုပင်။
လေပြည်ညှင်းလေးကလည်း တိုက်ခတ်သွားပြီး ကျန်းယွီသည် သူ့ပါးကလေးများ နွေးလာတာကို ခံစားမိလိုက်သည်။ ထို့နောက် ဖုန်းတွင်ပေါ်နေသော အနက်ရောင်ပုံကိုတောင် တည့်တည့်မကြည့်ရဲတော့ပေ။
သူမရှက်နေသော အမူအရာလေးနှင့် ပါးမို့နီနီရဲရဲလေးများကိုတော့ ဖုန်းစခရင်ထဲကနေ အတိုင်းသားမြင်နေရပြီး ချူးလီကတော့ မြင်ကွင်းလှလှလေးကို မြင်လိုက်ရသလိုပင်။
အစတုန်းက လုံးဝခံစားချက်မရှိခဲ့သော ထိုအပြုအမူသည် ရုတ်တရက်ဆိုသလို အရသာတစ်ချို့ကို မွေးထုတ်ပေးလိုက်တော့သည်။ သူ့ရင်ထဲတွင် ဂနာမငြိမ်ဖြစ်လာပြီး အာရုံခံစားမှုသိပ်မရှိခဲ့သော သူ့အာရုံကြောများကိုလည်း နှိုးဆွပေးနေလေသည်။
“ငါ..ငါချလိုက်တော့မယ်”
“မချနဲ့ဦး”
ချူးလီ၏ အသက်ရှုသံမှာ အနည်းငယ် ပြင်းလာလေသည်။
“မင်းကို ကြည့်ခွင့်လေးပေးပါဦး”
“ငါ့ကိုကြည့်မယ်..?”
“မင်းက ငါနဲ့ အဝေးကြီးရောက်နေတာ”
သူ့အသံကတော့ သေလောက်အောင် ရမ္မက်ကြွနေလေသည်။
“အရမ်းဝေးလွန်းတယ်။ ငါဘာမှ ခံစားလို့မရဘူး။ ပြီးတော့ အစားအသောက်တွေကလည်း အရသာမရှိဘူး။ တကယ်ကို နားမလည်နိုင်စရာပဲ...”
“နင့်စိတ်ကပဲ အရာအားလုံးကို လှည့်စားနေတာ”
ကျန်းယွီသည် သူမမျက်လုံးလေးကို မှေးလိုက်ပြီး သူမခြေဖဝါးအောက်က ကျောက်စရစ်လမ်းလေးကို ကြည့်ကာ ပြန်ပြောလိုက်သည်။
“နင့်ဟာနင်ပဲ ကျော်လွှားရမှာ”
“ငါမကျော်လွှားနိုင်ဘူး”