← Chapters

Chapter 54

Vol. 6 Ch. 54

Chapter 54

Vol. 6 Ch. 54

ချူးလီကတော့ မျက်ဝန်းနက်များဖြင့်သာ သူ့ကိုစိုက်ကြည့်လိုက်သည်။

ဝမ်လွန်၏ မျက်လုံးများကတော့ အနည်းငယ် ရှောင်တိမ်းနေပေသည်။ သူ့ကြည့်ရတာ တည်ငြိမ်ချင်ယောင်ဆောင်နေပေမယ့်လည်း သိသိသာသာကြီးကို အပြစ်ရှိစိတ် ပေါ်နေလေသည်။ ထို့အပြင် သူပြောသွားသလိုလည်း သူ့ကိုယ်သူယုံကြည်မှုရှိမနေပေ။

စိတ်ထဲတွင် အကြံအစည်ရှိခဲ့သူများသာ ဒီလိုအမူအရာမျိုး လုပ်ကြပေလိမ့်မည်။

ချူးလီကတော့ သူနှင့်မတူစွာပင် ပြတ်ပြတ်သားသားသာ ပြောလိုက်လေသည်။

“မင်းအခြေအနေတွေက ဘာလဲ?”

“ငါ.. ငါ့မှာဘာအခြေအနေမှ မရှိပါဘူး”

ဝမ်လွန်သည် အနောက်ကို ကျောလှည့်လိုက်ရင်း ပြောလိုက်သည်။

“ငါပြောခဲ့သလိုပဲလေ။ မိသားစုကနေ တောင်းဆိုထားတာမို့ ပြီးတော့ ငါ့ကိုယ်ငါလည်း အရမ်းလိပ်ပြာမလုံဖြစ်မိတယ်”

“ငါမင်းကိုခေါင်းညွတ်ပြီးပါ တောင်းပန်ပေးရမလား?”

ချူးလီသည် ခပ်တည်တည်ဖြင့် ပြောလိုက်လေသည်။

“ငါမင်းကို တောင်းဆိုနိုင်တယ်။ အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ ကတောက်ကဆအတွက်လည်း ငါမင်းကိုတောင်းပန်နိုင်တယ်”

ကျန်းယွီကောင်းဖို့သာဆိုရင် သူဘာမဆိုလုပ်နိုင်ပေသည်။

ဝမ်လွန်သည် သူ့ကိုပြန်လှည့်ကြည့်လိုက်သည်။ ဒီကောင်လေးက ဒီနေ့ မျက်နှာအောက်ကျခံပြီး သူ့ကိုလာရှာတယ်ဆိုတာကို ဝမ်လွန်သိလိုက်လေသည်။ ဒီလုပ်ရပ်က သူ၏ခိုင်မာသော စိတ်ဆုံးဖြတ်ထားမှုကို ဖော်ပြနေကာ ဒီလုပ်ရပ်အတွက် သတ္တိအတော်လိုအပ်ခဲ့မှာပင်။

ဝမ်လွန်သည် ခဏလောက် တိတ်ဆိတ်နေလိုက်ပြီး နောက်ဆုံးမှ ပြောလာတော့သည်။

“မဟုတ်ရင်လည်း မင်း သူနဲ့ပြတ်လိုက်လေ”

အင်္ကျီလက်အောက်က ချူးလီ၏ လက်များကတော့ ကျစ်ကျစ်ပါအောင် ဆုပ်သွားတော့သည်။

ဒီတော့.. သူက ဒါကိုစောင့်နေတာပေါ့။

“ငါသာ ရှန်အုံချင်းကို ငြင်းလိုက်မယ်ဆိုရင် အဲ့ဒါက ငါတို့မိသားစုတွေ ပူးပေါင်းမှုနဲ့ စီးပွားရေးကို ထိခိုက်စေလိမ့်မယ်။ သာမန်သူငယ်ချင်းတစ်ယောက်အတွက်ဆိုရင်တော့ ငါဒါကိုလုပ်နိုင်မှာ မဟုတ်ဘူး”

ချူးလီသည် ဝမ်လွန်ကို ငေးကြည့်နေလိုက်သည်။ ဝမ်လွန်၏ ဂနာမငြိမ်ဖြစ်နေသော မျက်လုံးများမှတစ်ဆင့် သူများရဲ့အခြေအနေကို အခွင့်ကောင်းယူနေတယ်ဆိုတာကို သူမြင်နေရပေသည်။

ကိုယ့်စကားကို ဒီလိုပြန်ရုတ်သိမ်းတတ်သော လူတစ်ယောက်က သေချာပေါက်ကို လူကြီးလူကောင်းဖြစ်လိမ့်မည် မဟုတ်ချေ။

ရုတ်တရက်ဆိုသလို ချူးလီသည် သရော်ပြုံးပြုံးလိုက်တော့သည်။

“လမ်းခွဲတာကတော့ ဖြစ်နိုင်မှာမဟုတ်ဘူးပဲ”

ဝမ်လွန်သည်လည်း မျက်နှာထားတင်းမာလာကာ ဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက် ဖျော်ဖြေမှုက ရှုံးထွက်ပြိုင်ပွဲပဲ။ အဆင့်အနိမ့်ဆုံးရတဲ့လူက ကျောင်းထုတ်ခံရမှာ”

“အဲ့တော့ မင်းက ငါ့မမကို ဂရုစိုက်ပေးပြီးပြီပေါ့”

ချူးလီ၏ အပြုံးမှာ ပျောက်ကွယ်သွားကာ သူ့မျက်လုံးများထဲတွင် ကျောချမ်းစရာ အေးတိအေးစက်အပြုံးလေး ဝင်လာတော့သည်။

“ဆင်ခြေတွေအများကြီး ရှာနေရတာ ပျော်ဖို့ကောင်းလား?”

“Esmeralda မှာရှိတဲ့လူတိုင်းက အရမ်းကြိုးစားကြပြီး အရမ်းတော်ကြတယ်။ အခုမှ စပြင်ဆင်မယ်ဆိုရင် ကျန်းယွီအတွက် အချိန်မရှိတော့ဘူး”

ဝမ်လွန်သည်လည်း ဟန်ဆောင်နေတာကို ရပ်ပြီး ဓားသွားကဲ့သို့ မျက်လုံးများဖြင့် ချူးလီကိုကြည့်လိုက်သည်။ ထို့နောက် သူ၏ အသစ်ပြုပြင်ထားသော ဖိနပ်လေးကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည်။

“မင်းသာတကယ်ပဲ သူကောင်းဖို့အတွက် လုပ်ပေးနေတာဆိုရင် သူ့လမ်းမှာဝင်မပိတ်နဲ့”

ချူးလီကတော့ လှည့်ထွက်သွားကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေတော့သည်။

အနောက်မှာတော့ ဝမ်လွန်က သူ့ကိုအော်ပြောလိုက်သေးသည်။

“ကျန်းယွီအတွက် Esmeralda ကိုဝင်ခွင့်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ငါ မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီရွေးချယ်စရာပေးမယ်။ မဟုတ်ရင်လည်း ကျန်းယွီကိုပဲ ကိုယ်တိုင်ရွေးချယ်ခိုင်းလိုက်လေ။ သူ Esmeralda ကိုရွေးမလား မင်းကိုရွေးမလားဆိုတာကို”

တစ်နေ့ခင်းလုံးမှာတော့ ချူးလီတစ်ယောက် စာကြည့်တိုက်တွင် စိတ်လေလွင့်နေတော့သည်။ ထို့နောက် သည်းမခံနိုင်လွန်းလို့ ပေါက်ကွဲထွက်ချင်နေပေသည်။

“သူ Esmeralda ကိုရွေးမလား မင်းကိုရွေးမလား ကြည့်လိုက်လေ”

ဝမ်လွန်၏ စကားများသည် သူ့နားထဲတွင် မန္တန်တစ်ခုလို ပဲ့တင်ထပ်နေပေသည်။

ကျန်းယွီတစ်ယောက် ဒီကိုလျှောက်လှမ်းလာခဲ့သည့် တစ်လျှောက်လုံးကို ချူးလီကိုယ်တိုင် မြင်တွေ့ခဲ့ရတာမို့ သူမဘဲလေးကို ဘယ်လောက်ချစ်တယ်ဆိုတာရော၊ Esmeralda ကိုဝင်ဖို့ သူမဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့လဲဆိုတာကိုပါ ချူးလီကောင်းကောင်းသိလေသည်

ကျန်းယွီကိုသာ ရွေးချယ်ခိုင်းမယ်ဆိုရင် ချူးလီသည် သူ့ကိုယ်သူအတွက် နည်းနည်းလေးတောင်မှ ယုံကြည်ချက်ရှိမနေပေ။

သူက အကောင်းဆုံးလည်း မဟုတ်သလို၊ ဆင်းလည်းဆင်းရဲပြီး ပညာသင်ထောက်ပံ့ကြေးပေါ်တွင် မှီခိုနေရသူဖြစ်ပေသည်။

သူမ၏ အိမ်မက်များနှင့် ယှဉ်နိုင်ဖို့ သူ့မှာ ဘာအရည်အချင်းမှ မရှိဘူးလေ။

ကျန်းယွီကတော့ Giselle ဒုတိယအပိုင်း၏ တစ်ကိုယ်တော် အပြောင်းအလဲကို လေ့ကျင့်နေလေသည်။

ဒီအပိုင်းမှာ အလွန်ခက်ခဲလှပြီး ပညာရပ်ပိုင်းဆိုင်ရာ လိုအပ်မှုများမှာလည်း အတော်လေးပြင်းထန်လှပေသည်။ သူမသည် ဒီအပိုင်းနှင့် ရင်းနှီးသည်ဆိုသော်လည်း တကယ်လုပ်ဖို့ကျတော့ မလွယ်ကူလှပေ။ ထို့အပြင် ဒီဟာသည် ထပ်ခါထပ်ခါ လေ့ကျင့်မှုကို လိုအပ်ပေသည်။

ကျန်းယွီကတော့ အကစတူဒီယိုထဲတွင် တစ်နေ့လုံး လေ့ကျင့်နေခဲ့သည်။ ညနေရောက်တော့ ကျောင်းသားများလည်း အကလေ့ကျင့်ဖို့ ရောက်လာကြသည်။ တစ်ခြားသူများ၏ သီချင်းများနှင့် အနှောင့်အယှက်မဖြစ်စေဖို့ ကျန်းယွီသည် ပထမထပ်က လူမရှိသောဟောခန်းထဲကို သွားခဲ့လိုက်သည်။

ဟောခန်းကြီးတွင် ၅မီတာလောက်ရှည်သည့် မှန်တစ်ခုရှိသောကြောင့် ဒီနေရာတွင် လေ့ကျင့်ဖို့ရန် သင့်တော်ပေသည်။

ဆောင်းရာသီအကုန်လေးတွင် သူမ၏ မျက်နှာလေးမှာ ချွေးလေးများ စိုရွဲနေပြီး သူမ၏ခန္ဓာကိုယ်မှာလည်း မောပန်းနွမ်းနယ်နေလေသည်။ သူမသည် ခြေဖျားထောက်၍သာ ရပ်နေရပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ပျံသန်းနေသယောင် ပေါ့ပါးအောင် လုပ်ထားရတာမို့ပင်။

ချူးလီသည် တံခါးအပြင်ဘက်မှန်ကနေ ကျန်းယွီ သူ့ကို မှန်ထဲကနေ လှမ်းမမြင်မချင်း အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။

သူမသည် ရပ်လိုက်ကာ ပဝါဖြင့် ချွေးများကိုသုတ်လိုက်ပြီး သူမ၏ရင်ဘတ်ကိုလည်း အပေါ်အောက် သုတ်လိုက်လေသည်။

“နင်ဘာလို့ဒီရောက်လာတာလဲ”

“မင်းလေ့ကျင့်တာကို အဖော်ပြုပေးဖို့လေ.. ငါများဘာကူညီနိုင်တာရှိမလဲဆိုပြီး ကြည့်ဖို့ပေါ့”

ချူးလီသည် သူမဘေးနားကို လျှောက်သွားလိုက်ပြီး သူ့အင်္ကျီနှင့် သူမ၏ ချွေးများကို သုတ်ပေးလိုက်သည်။

ကျန်းယွီသည် သူ့ဘေးကထိုင်ခုံတွင် ထိုင်လိုက်ပြီး ခဏလောက် အနားယူဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် အပူအအေးခံခွက်လေးကို ထုတ်လိုက်ကာ ရေတစ်ငုံသောက်လိုက်တော့သည်။

“နင်ကူညီနိုင်တာ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီအဆောက်အဦးကြီးထဲမှာ နင် ငါ့ကိုအဖော်ပြုပေးလို့ရတယ်လေ။ ဒီမှာ ငါတစ်ယောက်တည်း။ ပြီးတော့ ငါအမှောင်ကြောက်တယ်”

ဘေးတွင်ထိုင်နေသော ချူးလီသည် သူမအကကိုမှတ်ချက်ပေးလိုက်တော့သည်။

“စောနက ကသွားတဲ့အပိုင်းက အဆင်ပြေတယ်"

“အဆင်ပြေပါတယ်.. ထုတ်ခံနိုင်လောက်တဲ့ အဆင့်ပဲရှိသေးတယ်”

ကျန်းယွီသည် သူမခေါင်းကို ခါရမ်းလိုက်သည်။

“ဒီမှာ လူတိုင်းက ဘယ်လောက်ကောင်းကောင်းကနိုင်လဲ နင်မသိပါဘူး။ ခြေလှမ်းတိုင်းက အရမ်းကို တိကျတယ်။ အခန်းတံခါးကနေ ခဏလောက် ငါရပ်ကြည့်ခဲ့သေးတယ်။ ငါထုတ်ခံရမှာကို ကြောက်နေပြီ”

သူမသည် ခြေထောက်များကို ချိတ်လိုက်ကာ သူမ၏ နာနေသော ခြေဖဝါးလေးကို ပွတ်လိုက်သည်။ ချူးလီရှေ့တွင် သူမ၏ပုံရိပ်ကိုလည်း ဂရုစိုက်မနေတော့ပါ။

ချူးလီကတော့ သူ့ရှေ့တွင် သူမဒီလို စိတ်အေးလက်အေးရှိနေပုံကို သဘောကျလှပေသည်။ ဒါက သူမရင်ထဲကနေ သူ့ကို သူမအပိုင်အဖြစ် အသိအမှတ်ပြုထားတာကြောင့်ပဲလေ။

သူမ၏ ခြေချင်းဝတ်လေးကို လှမ်းဆွဲလိုက်ပြီး သူမ၏ ခြေထောက်ကို သူ့ဘက်ကို ဆွဲလိုက်ကာ သူမ၏ VCI ဖိနပ်လေးများကို ချွတ်၍ သူမခြေချောင်းလေးများကို အသာအယာလေး နှိပ်နယ်ပေးလိုက်တော့သည်။

ကျန်းယွီလည်း အစကတော့ သူမခြေဖဝါးကို ပြန်ရုတ်လိုက်ချင်ပေမယ့် ချူးလီသည် သူမကိုလှုပ်မရအောင် ခြေချင်းဝတ်အား တင်းတင်းဖိထားလေသည်။

သူမခြေဖဝါးထက်က သူ့လက်ဖဝါးလေးများ၏ ညင်ညင်သာသာ နှိပ်နယ်နေပေးတာကို ခံစားနေရသည်။

ယားတော့ယားပေမယ့် သက်တောင့်သက်သာဖြစ်လှပေသည်။

“ညစ်ပတ်သွားမှာ မကြောက်ဘူးလား?”

ကျန်းယွီကတော့ ရှက်ရှက်နှင့် ပြောလိုက်သည်။

“ငါတစ်နေကုန် ကထားတာ”

ချူးလီသည် မျက်လုံးများကို ပင့်လိုက်ကာ သူမကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် အောက်ကိုငုံ့ချလိုက်ပြီး သူမခြေဖမိုးကို အနမ်းဖွဖွလေး တင်ပေးလိုက်တော့သည်။

“နင်...!”

ကျန်းယွီလည်း သူဒီလိုမျိုးလုပ်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သူမအတော်ကို ဗျာများကာ ရှက်သွားတော့သည်။ ဒီလိုဖြင့် သူ့ခေါင်းကို တွန်းထုတ်လိုက်ပြီး ပြောလိုက်တော့သည်။

“နင်ဘာလား.. ညစ်ပတ်နေတာကို!”

ချူးလီသည် သူမခြေဖဝါးလေးကို ကိုင်လိုက်ကာ သူ့ပေါင်ပေါ်တွင်တင်လိုက်ပြီး သူချစ်ရသောရတနာလေးတစ်ခုလို ကိုင်ထားကာ ပြောလိုက်သည်။

“ဒီနေ့တစ်နေကုန် ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ မေးခွန်းတစ်ခုရှိတယ်။ မေးရတာ ကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိချင်တုံးပဲ"

ဒီလိုမှ မမေးလျှင် ဒီမေးခွန်းသည် သူ့နှလုံးသားကို အဆိပ်ရှိမြွေတစ်ကောင် ဆက်တိုက်ပေါက်နေသလို ဖြစ်နေပေလိမ့်မည်။

ဒီနေ့ ရုတ်တရက်ကြီး သဘောမနောကောင်းကာ လိမ္မာနေတာကို ကြည့်ရတာကြောင့် ကျန်းယွီလည်း မနေနိုင်တော့ဘဲ သူ့ဆံပင်လေးကိုထိကာ ပြောလိုက်သည်။

“မေးလေ”

“မင်းအမေနဲ့ ကိုယ်နဲ့မြစ်ထဲကို ကျသွားရင် ဘယ်သူ့ကိုကယ်မှာလဲ?”

“...”

“ငါ့အမေပေါ့”

သူမသည် ချင့်ချိန်စဉ်းစားကာပြောလိုက်သည်။

“နင့်ကို ငါ့အမေဘုရင်မကြီးနှင့် ယှဉ်ဖို့ ဘယ်သူကများ မြှောက်ပေးလိုက်တာလဲ”

ချူးလီသည် ဖွဖွလေးပြုံးလိုက်ကာ သူ့ခေါင်းကိုမော့၍ မျက်ဝန်းနက်နက်များဖြင့် သူမကို အလေးအနက်စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

“ဒါဆိုရင် Esmeralda နဲ့ ကိုယ်နဲ့ဆိုရင်ရော မင်းဘယ်ဟာကို ရွေးမှာလဲ?”

ချူးလီ၏ ကြောင်တောင်တောင်မေးခွန်းကို ကြားပြီးသည့်နောက် ကျန်းယွီလည်း အကျယ်ကြီးအော်ရယ်လိုက်ကာ သူ့ခေါင်းကို ပွတ်သပ်လိုက်တော့သည်။

“ဘယ်သူ့ကို ရွေးမှာလဲ”

ချူးလီလည်း ခေါင်းမာမာနှင့် မေးလိုက်တော့သည်။

“တစ်ခုရွေးကိုရွေးရမယ်”

ကျန်းယွီလည်း ဒီလိုမေးခွန်းမျိုးကို တစ်ခါမှမတွေးခဲ့ဖူးပေ။ Esmeralda ပဲဖြစ်ဖြစ် ချူးလီပဲဖြစ်ဖြစ် နှစ်ခုစလုံးက သူမအတွက် အလွန်အရေးပါပေသည်။

သူမ၏ တုန့်ဆိုင်းနေမှုက ချူးလီမျက်လုံးထဲက မျှော်လင့်ချက် အလင်းရောင်များကို မှေးမှိန်သွားစေတော့သည်။

“မေ့လိုက်တော့.. ငါဘာမှမမေးခဲ့ဘူးပဲ ထားလိုက်”

သူအနည်းငယ် မပျော်မရွှင်ဖြစ်သွားတာကို မြင်ရတော့ ကျန်းယွီလည်း သူမတံတောင်ဆစ်ဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်တော့သည်။

“နင်ပြောသလို ရွေးချယ်မှုမျိုးက ရှိလာမှာမဟုတ်ဘူး။ နင်နဲ့ Esmeralda ကိုယှဉ်ရွေးရမယ့်ကိစ္စဆိုရင် ငါနှစ်ခုလုံးကို လိုချင်တယ်။ ကလေးမဆန်စမ်းပါနဲ့”

“ငါကလေးဆန်တယ်”

ချူးလီသည် သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ထို့နောက် လွှတ်ချလိုက်လေသည်။

“ကိုယ် မင်းရဲ့ ရွေးချယ်မှုကိုသိတယ်”

ကျန်းယွီလည်း ဒါကိုမြင်လိုက်ရတော့ အတော်လေး စိတ်ဆိုးသွားလေသည်။ ဒီအချိန်မှာ သူမ သူ့ကိုရွေးချယ်တယ်လို့ ပြောခဲ့ရင်တောင် သူက သူမကို ယုံမှာမဟုတ်ဘူးလေ။

ကျန်းယွီလည်း ဒီကိစ္စဘယ်လောက်အရေးကြီးတယ်ဆိုတာကို မတွေးမိပါ။ ထို့အပြင် သူမ တွေးလည်းမတွေးချင်ပါ။

တစ်ခါတစ်ရံမှာတော့ ဘဝတွင် ရွေးချယ်လို့မရနိုင်ပေ။

သူမအမေ မေးခဲ့ဖူးသလို တစ်နေ့မှာ သူမဘဝတစ်လျှောက်လုံး လိုက်ခဲ့ရတဲ့ အိပ်မက်နဲ့ သူမတကယ်လိုချင်တဲ့လူနဲ့ကို ရွေးချယ်မှုပြုလုပ်ခဲ့ရမယ်ဆိုရင် သူမဘာကို ရွေးချယ်လိမ့်မလဲ။

ကျန်းယွီလည်း ဘာကိုရွေးရမှန်း လုံးဝမသိပါ။ ချောက်ကမ်းပါးအစွန်းမှာသာ ရပ်နေတာဆိုရင် သူမဘာကိုရွေးချယ်ရမလဲဆိုတာကို သိနိုင်လိမ့်မည်လား။

“ငါ့ရည်းစားလေးက စိတ်ဆိုးသွားတာလား?”

သူမသည် ချူးလီ၏ သုန်သုန်မှုန်မှုန်မျက်နှာကို ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်.. ဟုတ်တယ်မလား”

“မဟုတ်ဘူး”

“စိတ်ဆိုးနေတာပါ”

“မဟုတ်ဘူး”

ချူးလီ၏ မျက်နှာအမူအရာမှာတော့ အနည်းငယ် စိတ်ဆိုးမာန်ဆိုးဖြစ်နေပေသည်။

ကျန်းယွီလည်း သူ့ပါးနှစ်ဖက်ကို လှမ်းညှစ်လိုက်တော့လေသည်။

“ဒါဆိုရင် ပြုံးပြပါဦး”

ချူးလီလည်း သူမလက်ဟန်ခြေဟန်လေးကို လိုက်ပြီး ပြုံးပြလိုက်တော့သည်။

“ထားလိုက်တော့”

ကျန်းယွီလည်း ဆွဲထားသော သူ့ပါးလေးများကို လွှတ်ပေးလိုက်သည်။

“နင်ပြုံးပြတာက ငိုနေတာထက်တောင် ပိုရုပ်ဆိုးသေးတယ်”

လွန်ခဲ့သည့်၃ရက်လုံး အစာစားတာနဲ့ အိပ်တာကလွဲပြီး ကျန်တဲ့တစ်ချိန်လုံး ကျန်းယွီတစ်ယောက် အကကျင့်နေခဲ့ခြင်းဖြစ်သည်။

Giselle ဒုတိယပိုင်း တစ်ကိုယ်တော် အပြောင်းအလဲ၏ အသေးစိတ်များနှင့် စိတ်ခံစားမှုဆိုင်ရာ သရုပ်ဖော်ခြင်းများသည် အတော်ကို လိုအပ်ချက်များလှပေသည်။ ဒီလောက် အချိန်တိုလေးအတွင်း ကျန်းယွီလည်း သူမလုပ်နိုင်သလောက် အကောင်းဆုံး လေ့ကျင့်တာကလွဲ၍ မတတ်နိုင်တော့ပေ။

သူမသည် မွေးရာပါ ပါရမီပါသူဟု သူမကိုယ်သူမ အထင်ကြီးခဲ့မိတာပင်။

သို့သော်လည်း Esmeralda ကိုဝင်ရောက်ခဲ့သည့်အချိန်ကစပြီး ABC အတန်းများတွင်ရော DEF အတန်းများတွင်ပါ အတော်ကိုထူးချွန်သည့် ကချေသည်များကို တွေ့ခဲ့ရလေသည်။ သူမကိုယ်သူမ အလွန်အမင်း မျှော်လင့်မိသွားပြီဖြစ်ကြောင်း ထိုအချိန်ကတည်းက ကျန်းယွီသိလိုက်ပေသည်။

ဒီအချိန်မှာတော့ လူတိုင်းက ပါရမီပါတဲ့အဆင့်ထိ ရောက်နေကြတာမဟုတ်ပေမယ့် အားလုံးက အလွန်ကိုကြိုးစားလုပ်ကိုင်နေကြတာ ဖြစ်ပေသည်။

ဒါကြောင့်လည်း ဝမ်လွန် သူမကို ဒီလိုအကြပ်ရိုက်အောင် လုပ်သွားတာကို သူမအတော်လေး စိတ်ကသိကအောက်ဖြစ်နေရခြင်းပင်။

ပြိုင်ပွဲ၏ ဖိအားကို သူမအတော်လေး ခံစားနေရကာ ပြာနေမိတော့သည်။

မနက်ရောက်တော့ ကန်တင်းကိုသွား၍ ချူးလီလုပ်ပေးနေသော သူမအလုပ်များကို ကူညီပေးလိုက်တော့သည်။ လွန်ခဲ့သည့်၃ရက်လုံး ချူးလီသည် သူမလုပ်ရမည့် လူမှုဝန်ထမ်းတာဝန်များကို အကုန်လုပ်ပေးနေကာ သူမကို လေ့ကျင့်တာကလွဲပြီး တစ်ခြားဘာကိုမှ ခေါင်းထဲမထည့်စေခဲ့ပေ။

ကျန်းယွီလည်း ကံကြမ္မာကို တိုက်ခိုက်နိုင်ဖို့ အချိန်၃ရက်သာ ရှိခဲ့သည်လေ။

ဖျော်ဖြေရေးစစ်ဆေးမှုသည် မနက်၉နာရီတွင် စတင်ခဲ့သည်။ ချူးလီကတော့ ၇နာရီခွဲကတည်းက အိပ်ရာထပြီး သူ၏အသပ်ရပ်ဆုံး ရှပ်အင်္ကျီအဖြူလေးကို ဝတ်လိုက်ကာ သူ့ကောင်မလေး၏ ဖျော်ဖြေမှုကိုကြည့်ဖို့ Esmeralda ဟောခန်းဆီသို့သွားရန် အသင့်ပြင်လိုက်လေသည်။

ဝင်ပေါက်မှာ ဖိနပ်တွေကို လဲနေစဉ်မှာတော့ ကျောင်းအုပ်ကြီးဒုံဆီက ဖုန်းဝင်လာလေသည်။

“ရှောင်လီ.. ဆရာမင်းနဲ့ ဆွေးနွေးစရာလေးရှိတယ်”

“ဆရာဒုံ ပြောပါ”

ကျောင်းအုပ်ဒုံသည် သူ့စားပွဲတွင်ထိုင်နေသော ဟော့ချန်ကို လှမ်းကြည့်လိုက်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်ရသည်။

“ဒီနှစ်ရဲ့စကော်လာရှစ်က သားကိုပေးလို့မရတော့ဘူး”

ချူးလီလည်း စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးမှ ပြန်မေးလိုက်တော့သည်။

“ကျွန်တော် အကြောင်းပြချက်ကို သိလို့ရမလား”

“သားသိတဲ့အတိုင်းပဲ ဆရာတို့က ပုဂ္ဂလိကကျောင်းလေ။ အကုန်လုံးက အကျိုးအမြတ်အပေါ် မှီခိုနေရတာ”

ကျောင်းအုပ်ဒုံမှ အလေးအနက်ပြန်ပြောလိုက်သည်။

“ဒီနှစ် ကျောင်းက သိပ္ပံနှင့်နည်းပညာပြတိုက်အတွက် ပိုက်ဆံတွေအများကြီး သုံးခဲ့ရတာလေ။ အဲ့တော့ ငွေရေးကြေးရေးအခြေအနေက ဝင်ငွေထက်သုံးငွေပိုများနေတော့တာ။ အဲ့ဒါကြောင့် စကော်လာရှစ်ကို ဆိုင်းငံ့မှပဲရမယ်။ သားနားလည်မယ်လို့ ဆရာမျှော်လင့်ပါတယ်"

ချူးလီလည်း ခပ်တည်တည်သာ ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့ကြားမှာ သဘောတူညီချက်ရှိခဲ့တယ်လေ။ ကျွန်တော် အမှတ်၁၂ အလယ်တန်းကျောင်းကနေ ယွင်ရှီးကို ပြောင်းလာပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ ယွင်ရှီးဘက်က ကျွန်တော့်ကို ပညာသင်ထောက်ပံ့ကြေး ယွမ်၃သောင်းပေးရမယ်ဆိုပြီးလေ”

“သဘောတူညီချက်ရှိခဲ့တာပေါ့.. ဟုတ်တာပေါ့။ ဒါပေမယ့် မင်းမမြင်ဘူးလား။ ပထမစာသင်နှစ်ဝက် ၂ခုအတွက် ငါမင်းကို စကော်လာပေးခဲ့လား မပေးခဲ့ဘူးလား? ဒီတစ်ခေါက် ကျောင်းကထွက်ငွေပိုများနေလို့ ပိုက်ဆံမရနိုင်ဘူးဖြစ်နေတာ”

“သိပ္ပံနှင့်နည်းပညာပြတိုက်ဟုတ်လား။ ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲ့ငွေတွေကို ရှဲ့ယွမ်ရဲ့ နည်းပညာအုပ်စုက ရင်းနှီးမြှုပ်နှံမှုကနေ ရခဲ့တာပါ...”

ကျောင်းအုပ်ဒုံလည်း အနည်းငယ် စိတ်မရှည်ဖြစ်လာတော့သည်။

“ငါကမင်းကို စကော်လာရှစ်မပေးချင်လို့ တမင်လှည့်စားနေတယ်လို့ ထင်နေတာလာ။ ငါပြောပြီးပြီလေ။ ထွက်ငွေများနေတယ် ထွက်ငွေများနေတယ်လို့! ငါတကယ်ကို မဖြေရှင်းနိုင်တော့ဘူး”

“အဲ့တော့ ဆရာဒုံ.. ကျွန်တော်သိချင်တာက ဆရာသဘောတူညီမှုကို ဖျက်လိုက်တာလား?”

ကျောင်းအုပ်ဒုံလည်း မျက်နှာပျက်လာတော့သည်။ သူ့မျက်နှာချင်းဆိုင်က ဟော့ချန်ကိုကြည့်လိုက်ကာ ဒီလိုသာ ပြန်ပြောလိုက်နိုင်တော့သည်။

“မနှစ်တုန်းက စကော်လာကို ငါမဖျက်သိမ်းခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်တော့ ငါတကယ်မပေးနိုင်ဘူး။ ဆက်တက်ချင်သေးတယ်ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာဖြေချေ.. ဆရာတို့ကြိုဆိုတယ်။ ဒါပေမယ့် မလာချင်တော့ဘူးဆိုလည်း အမှတ်၁၂ကျောင်းကို ပြန်သွားလို့ရတယ်”

ထို့နောက် ကျောင်းအုပ်သည် ဖုန်းချလိုက်ကာ ဟော့ချန်ကို မျက်နှာသုန်သုန်မှုန်မှုန်နှင့် ကြည့်လိုက်သည်။

“ကျေနပ်ရဲ့လား သခင်လေးဟော့?”

All Chapters