Chapter 55
Vol. 6 Ch. 55
ဟော့ချန်၏ နှုတ်ခမ်းထောင့်လေးများမှာ ထောင်တက်သွားတော့ကာ သူ့လက်များကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
“ကျေးဇူးပါပဲ ကျောင်းအုပ်ဒုံ"
ကျောင်းအုပ်ဒုံကတော့ ရင်ဘတ်ထဲတွင် အသက်ရှုကြပ်လောက်တဲ့အထိ မွန်းကြပ်နေလေတော့ကာ အတော်ကို စိတ်မသက်မသာဖြစ်နေရတော့သည်။
ကျောင်းအုပ်တစ်ယောက်က ကျောင်းသားတစ်ယောက်ဆီကနေ ဒီလိုအတင်းအကျပ် စေခိုင်းခံရတာမျိုးက မဖြစ်သင့်ပေ။ သို့သော်လည်း သူ့မှာတစ်ခြားနည်းလမ်းမရှိပေ။ ဟော့မိသားစုအာဏာမှာ ပေချန်မြို့တွင် အတော်လေးကြီးမားလှပေသည်။ ဒီလိုစီရင်စုကျောင်းလေးတစ်ကျောင်းရဲ့ ကျောင်းအုပ်က အဲ့လိုဟော့မိသားစုကို ရန်သွားစဖို့ တကယ်ကိုမတတ်နိုင်ပေ။
“ကျောင်းအုပ်ဒုံက အကျိုးအမြတ်တွေ လိုချင်ရုံတင်မကဘူး နာမည်ကြီးတာကိုပါ လိုချင်တာပဲ"
ဟော့ချန်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဒဲ့တိုးသာပြောလိုက်လေသည်။
“စီနီယာနှစ်ကို နောက်ဆုံးစာသင်နှစ်ဝက်တစ်ခု ကျန်နေသေးတယ်လေ။ သူ့စကော်လာရှစ်ကို ဖျက်သိမ်းလိုက်ရင်တောင် သူထွက်သွားမှာမဟုတ်ဘူး။ ဒီကျန်တဲ့လအနည်းငယ်ကလည်း အရေးကြီးတာပဲ.. ပေချန်က တစ်ခြားကျောင်းတွေက ငါတို့ကျောင်းနဲ့ ယှဉ်နိုင်မှာတဲ့လား? ယွင်ရှီးရဲ့ ဆရာဆရာမတွေရော စာသင်ကြားရေးရောက အကောင်းဆုံးပဲ။ သူအဲ့လောက် မတုံးဘူး။ အမှတ်၁၂ ကျောင်းကို သူပြန်သွားဖို့ဆိုတာ ဖြစ်နိုင်မှာတဲ့လား? စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ ပြည်နယ်လူရည်ချွန်လေးက ဒီကနေမလွတ်မြောက်နိုင်ပါဘူး”
ကျောင်းအုပ်ဒုံသည် အံကိုကြိတ်ကာ ဟော့ချန်ကိုကြည့်လိုက်သည်။
“မင်း သူ့အကြောင်း ဘာမှမသိပါဘူး။ သူ့မှာ နေထိုင်စားသောက်ဖို့ ဝင်ငွေမရှိဘူး။ ဒီစကော်လာက နှစ်ဝက်ကိုယွမ်၃သောင်းပဲရှိတာ။ ပြီးတော့ အဲ့လောက်ပမာဏက ဒီမြောက်ပိုင်းမြို့မှာ အစားအသောက်နဲ့ အဝတ်အစားကို လောက်ဌနိုင်တဲ့အဆင့်ပဲရှိတယ်။ နောက်၆လလုံး ပိုက်ဆံသာမရှိဘူးဆိုရင် မင်းသူ့ကို ဘယ်လိုနေစေချင်လို့လဲ!”
“ချီးပဲ.. အချိန်ပိုင်းအလုပ်လုပ်ပြီး ပိုက်ဆံရှာလို့ရတာ သူမသိဘူးလား? ကျောင်းက သူ့ကိုထောက်ပံ့ပေးတာကိုပဲ မှီခိုနေတယ်”
ဟော့ချန်ကတော့ မထီမဲ့မြင်ပြုသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“ခင်ဗျားက သူ့ကို သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် အခုကတည်းက ကူညီပေးနေရုံပါ”
“ပြည်နယ်လူရည်ချွန်ဖြစ်ဖို့ဆိုတာ လွယ်တယ်များအောက်မေ့နေလား။ ဉာဏ်ကောင်းရုံနဲ့ လုံလောက်ပြီ ထင်နေတာလား? သူ့မှာ အချိန်ပိုင်းအလုပ်လုပ်ဖို့ ဘယ်မှာအချိန်ရှိမှာလဲ!”
“အိုး.. ဒါဆို တစ်ခြားနည်းလမ်းမရှိတော့ဘူးပဲ။ အစာငတ်ပြီးပဲ သေသွားပါစေတော့ပေါ့”
ဟော့ချန်သည် ထိုစကားအား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောသွားပြီး ကျောင်းအုပ်ရုံးခန်းကနေ လှည့်ထွက်လာခဲ့တော့သည်။
ချူးလီဖုန်းကိုချလိုက်ပြီးသည့်နောက် အိမ်အပေါက်ဝတွင် အချိန်အတော်ကြာအောင် သူတွေဝေနေခဲ့လေသည်။ ထို့နောက် သူ့ဖုန်းကိုထုတ်လိုက်ကာ မနှစ်ကငွေလက်ကျန်ကို စိုက်ကြည့်လိုက်မိသည်။
ယွမ် ၁၃၄၂.၂သာ ကျန်တော့တာပဲ။
အစကတော့ ဒီစာသင်နှစ်စလျှင် အကောင့်ထဲကို ယွမ်၃သောင်းရောက်လာမှာ ဖြစ်ပေသည်။ ပြည်နယ်လူရည်ချွန်အဖြစ် ကျောင်းဝင်ခွင့်ရခဲ့တာမို့ ကျောင်းက သူ့အတွက်တစ်နှစ်စာကျောင်းလခကို ပေးခဲ့ခြင်းဖြစ်သည်။
အခုတော့ ယွင်ရှီးဘက်က သဘောတူညီချက်ကို ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်တာမို့ စာချုပ်ချိုးဖောက်မှုနှင့် ကျောင်းကို သူတရားစွဲသင့်ပေသည်။
သို့သော်လည်း သူ့မှာဘယ်လိုလုပ် ဒီအတွက် အချိန်ရှိမှာတဲ့လဲ.. တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရဦးမယ်လေ။
ကျောင်းအုပ်ဒုံကလည်း သူ့မှာဘယ်မှသွားစရာမရှိဘူးဆိုတာကို ထောက်ပြသွားခဲ့သလိုပင်။ စကော်လာမရတော့ရင်တောင် ချူးလီသည် ယွင်ရှီးမှာ ဆက်နေရမှာဖြစ်ပေသည်။ ဒါကြောင့်လည်း သူဒီလိုမျိုး လက်လွတ်စပယ်ကြီး စာချုပ်ချိုးဖောက်နိုင်တာပေါ့။
ချူးလီ၏ စရိုက်သည် ကိုင်တွယ်ရခက်သည့်ထဲ ပါလေသည်။ ထို့ကြောင့် ချက်ချင်းပဲ အမှတ်၁၂ကျောင်းကို ဖုန်းခေါ်လိုက်ကာ အခြေအနေကို ရှင်းပြလိုက်တော့သည်။
ကျောင်းသားရေးရာ၏ တာဝန်ခံကတော့ အတော်ကို ပျော်မြူးသွားလေတော့သည်။ ထို့ကြောင့် ချူးလီပြန်လာမည်ဆိုသည့် စကားများကို မျှော်လင့်မိနေတော့သည်။
အမှတ်၁၂ကျောင်း၏ ဆရာများနှင့် ကျောင်းသားများမှာ အတော်လေး ဆင်းရဲကြပေသည်။ ထို့အပြင် စာသင်ကြားပုံကလည်း အရမ်းကြီးမကောင်းပေ။ တက္ကသိုလ်ကောင်းများကို ဝင်ခွင့်ရနိုင်မည့် ကျောင်းသားအရေအတွက်ကလည်း အကန့်အသတ်နည်းပါးလှပေသည်။
ထို့ကြောင့် ချူးလီသာ ပြန်လာမယ်ဆိုလျှင် ကျောင်းအတွက် အတော်ကို အထောက်အပံ့ကောင်းတစ်ခု ဖြစ်လိမ့်မည်ပင်။
ဒီလိုဖြင့် ပညာရေးတာဝန်ခံမှ ချက်ချင်းကတိပေးလိုက်တော့သည်။
“သားသာပြန်လာမယ်ဆိုရင် ဆရာတို့ဘက်က စကော်လာအတွက် ယွမ်၁သောင်းခွဲပေးနိုင်ပါတယ်။ ယွင်ရှီးလို အကောင်းစားကြီး မဟုတ်တာမို့ ဆရာတို့ဘက်မှာ ငွေရေးကြေးရေးက သိပ်မပြေလည်ဘူးဆိုတာ သားလည်းသိပါတယ်။ ဒါပေမယ့်လည်း ဒီဘက်ကပေးမှာကို သားစိတ်ချလက်ချနဲ့နေနိုင်ပါတယ်။ ဆရာတို့ဘက်ကတော့ ဘယ်တော့မှ စာချုပ်ကို ချိုးဖောက်မှာမဟုတ်ဘူး။ သားသာသဘောတူရင် ကျောင်းကိုလာပြီး လုပ်စရာရှိတာတွေ လာလုပ်တော့နော်”
သူသဘောတူလိုက်သင့်လား?
ချူးလီလည်း အတော်အကြပ်ရိုက်နေပေသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ ၅လလောက်သာ လိုတော့ပေသည်။ ဒီအချိန်တွင် ကျောင်းပြောင်းဖို့ ဟိုသွားဒီသွားလုပ်နေရမည်ဆိုလျှင် ဘယ်လိုလုပ် ပြည်နယ်လူရည်ချွန်ဖြစ်လာတော့မှာတဲ့လဲ။ သူ့အမေကို သွားတွေ့ဖို့ သူဂုဏ်အယူရဆုံးရလဒ်ကို ရလာတော့မှာတဲ့လဲ။
သူ မသွားဘူးဆိုရင်လည်း နောက်၅လကို သူဘယ်လိုနေထိုင်ရမှာလဲ?
အလုပ်သွားလုပ်လို့ရတယ်ဆိုပေမယ့်လည်း သူ့ပညာရေးကို နှောင့်နှေးစေမှာပင်။
ချူးလီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ နံရံကို အားပြင်းပြင်းနဲ့ ထုချလိုက်ပြီး အားကုန်မာန်ဖီလိုက်တော့သည်။
အရိုးကြေသွားသည့်အလား နာကျင်မှုက သူ့လက်မှတစ်ဆင့် အာရုံကြောများအဆုံးသို့ ရောက်ရှိသွားလေတော့သည်။
လောကကြီးကို စိတ်ထဲမထည့်ခဲ့သည့်အချိန်၊ သေတာရှင်တာကို ဂရုမစိုက်ခဲ့တဲ့ အချိန်တွေတုံးကဆိုရင် ဒါတွေကို သူဂရုစိုက်နေမည် မဟုတ်ပါ။
အခုတော့ ကျန်းယွီက သူ့ဘဝကို အားမာန်နှင့် ယုံကြည်မှုများ ပြန်အသက်သွင်းပေးခဲ့လေပြီလေ။ မြူများဆိုင်းကာ မှုန်ဝါးနေသော သူ့အနာဂတ်လမ်းမှာလည်း နောက်ဆုံးတော့ နေရောင်လေးကြောင့် တဖြည်းဖြည်းနှင့် ထင်ထင်ရှားရှားရှိလာခဲ့လေပြီ။
သူ့ငယ်ရွယ်နုပျိုမှုက သူ့ကိုယ်သူတန်ဖိုးထားခြင်းကို လာထိခိုက်သည့် ဒီလိုကျဆုံးခန်းကို ခံစားလိုက်ရတာ ဒီတစ်ကြိမ်ပဲ ရှိပေဦးမည်။
ကျန်းယွီသည် အမျိုးသမီးလော့ကာခန်းထဲကို လမ်းလျှောက်ဝင်လာခဲ့သည်။ လော့ကာခန်းကတော့ တိတ်ဆိတ်နေသည်ပင်။ ကောင်မလေးများအားလုံးသည် သူတို့၏ ဖျော်ဖြေမှုအတွက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြင်ဆင်နေကြပေသည်။ ပုံမှန်လို ရယ်ရယ်မောမော ဟီးဟီးဟားဟား မလုပ်နိုင်တော့သည့် အခြေအနေပင်။
သူမ ဖုန်းကိုစက်ပိတ်တော့မလို့ လုပ်လိုက်ချိန်တွင် ဖုန်းတစ်ကောလ်ဝင်လာလေသည်။ ကျန်းယွီလည်း သူနှင့်အတူထိုင်သော အတန်းဖော် ချန်ဝေးဆီက ဖုန်းဆိုတာကို မြင်လိုက်သဖြင့် ဖုန်းကိုင်လိုက်တော့သည်။
“ချန်ဝေး.. နင် ငါ့ကိုဖုန်းမခေါ်တာတောင် အတော်ကြာနေပြီနော်”
ချန်ဝေး၏ အသံကတော့ အတော်လေးတိုးနေပေသည်။
“ရှောင်ယွီ.. ငါ နင့်ကိုတစ်ခုပြောစရာရှိတယ်။ မနက်တုံးက ငါ့စကော်လာအတွက် အစီရင်ခံစာတင်ဖို့ ကျောင်းကိုသွားတုန်းက ကျောင်းအုပ်ဒုံရဲ့ရုံးခန်းရှေ့က ဖြတ်တုံး တစ်ခုခုကြားခဲ့တယ်.. ချူးလီက ကျောင်းပြောင်းတော့မယ်”
ချူးလီလည်း အချိန်အတော်ကြာအောင် တွေးတောနေခဲ့ပြီး နောက်ဆုံးတော့ မတ်တပ်ထရပ်လိုက်ကာ တန့်နေသော သူ့ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲလိုက်ပြီး ဖိနပ်စီးလိုက်ကာ ယွင်ရှီးအထက်တန်းကျောင်းသို့ ကျောင်းထွက်ရန်လုပ်ငန်းစဉ်များ လုပ်ဆောင်ဖို့ သွားလိုက်တော့သည်။
ဒီလိုဟာမျိုးကို သူလက်သင့်မခံနိုင်ပေ။
ကျောင်းအုပ်ဒုံလည်း သူလွယ်လွယ်လေး ကျောင်းထွက်မှာ မဟုတ်ဘူးလို့ ချိန်ဆပြီးလောက်တာမို့ ဒီလိုမျိုး သူ့ကိုအကွက်ချတာ ဖြစ်ပေလိမ့်မည်။
အမှတ်၁၂ကျောင်းကတော့ သူကြိုးစားနေသရွေ့ သူ့ကိုခေါ်ထားမှာ ဖြစ်ပေသည်။ ဘယ်လိုပတ်ဝန်းကျင်မှာဖြစ်စေ သူလိုချင်တဲ့အမှတ်ကို သူရနိုင်တာပဲလေ။
သို့သော်လည်း သူသာ ယွင်ရှီးမှာပဲ ဆက်နေမယ်ဆိုရင် သူမျက်နှာပျက်ရပေလိမ့်မည်။
သို့သော်လည်း ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် အဖြူရောင်ပုံသဏ္ဌာန်လေးက ပြေးထွက်လာတော့သည်။
ကျန်းယွီက သူ့ရှေ့တွင် ရပ်နေခြင်းပင်။ သူမ၏ပါးများလည်း အနည်းငယ် နီရဲနေကာ ကိုယ်ကျပ်ဆွယ်တာအင်္ကျီလေးက သူမ၏ ပိန်ပိန်ပါးပါးပုံသဏ္ဌာန်ကို သေချာပုံဖော်ပေးနေတော့သည်။ ထို့အပြင် သူမနဖူးပေါ်က ဆံမြိတ်ပါးပါးလေးများမှာလည်း လေကြောင့် ဖွာနေလေတော့သည်။
ထိုအချိန်တွင် သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားတော့သည်။
“ဘာလို့လဲ...”
ကျန်းယွီလည်း သူမနောက်ဆုံးတော့ အမှီလာနိုင်ခဲ့တာမို့ တင်းထားသော စိတ်ကိုဖြေလျော့ပစ်လိုက်တော့ကာ ချူးလီ၏ လက်ကို ဆွဲကိုင်လိုက်ပြီး ပုတ်ပေးလိုက်တော့သည်။
“နင်လုံးဝကို ကျောင်းမထွက်ရဘူး”
ချူးလီလည်း အတော်ကြာမှ ပြန်တုံ့ပြန်နိုင်တော့သည်။ ထို့နောက် သူမျက်နှာသည် ရုတ်တရက် စိတ်ဆိုးသည့်ပုံစံ ပြောင်းသွားရင်း ပြန်ပြောလိုက်တော့သည်။
“ကျန်းယွီ.. မင်းရူးနေတာလား! အခု ဘာလို့ဒီကိုရောက်နေတာလဲ!”
သူမသည် အခုချိန်တွင် Esmeralda ၏ ဖျော်ဖြေရေးစတိတ်စင်ထက်တွင် ရှိနေရမှာဖြစ်ပေသည်။ ဒီမှာမဟုတ်ပေ!!
“ငါပြောတာနားထောင်.. နင် လုံးဝကျောင်းမထွက်ရဘူး!”
ကျန်းယွီကြည့်ရတာ သူ့ထက်ပင် စိတ်လှုပ်ရှားနေပုံပေါ်လေသည်။ သူမသည် သူ့အင်္ကျီကော်လံကို လှမ်းဆွဲလိုက်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
“နင်စာကြိုးစားမှရမယ်။ နင်ပေချန်တက္ကသိုလ်ကို သွားရမှဖြစ်မယ်.. နင်တစ်ခြားလမ်းကို ရွေးလို့မရဘူး။ ဘဝမှာ ရှေ့ဆက်လျှောက်ဖို့ အများကြီးကျန်သေးတာ။ အဲ့ဒါကို လမ်းမှားသာလျှောက်လိုက်မိရင် အရာအားလုံး မှားယွင်းကုန်မှာ။ လိမ္မာတယ်နော်.. ငါ့စကားနားထောင် ဟုတ်ပြီလား!”
ချူးလီ၏နှလုံးသားမှာလည်း တလှပ်လှပ်ခုန်နေပေတော့သည်။ ကျန်းယွီမျက်ဝန်းများထဲက စိုးရိမ်သောကရောက်နေပုံများကို ကြည့်လိုက်ပြီး သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လမ်းပျောက်လာမိသည်။
“မင်း ဘာတွေလုပ်နေတယ်ဆိုတာရော သိရဲ့လား? ဒီနေ့အရမ်းကြီးတဲ့ ဖျော်ဖြေမှုရှိတယ်လေ!”
ကျန်းယွီ၏ မျက်လုံးများမှာတော့ နီရဲနေလေကာ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
“နင်ကကျောင်းထွက်တော့မယ့်ဟာကို ငါကဘယ်လိုလုပ်ပြီး ဖျော်ဖြေနိုင်ဦးမှာတဲ့လဲ! နင့်ကို ကျောင်းထွက်ခွင့်မပေးနိုင်ဘူး။ ပိုက်ဆံမရှိဘူးဆိုရင် ငါထောက်ပံ့ပေးမှာ။ ဒါပေမယ့် နင့်ကိုတော့ ကျောင်းထွက်ခွင့်မပြုဘူး”
ရုတ်တရက်ဆိုသလို ချူးလီ၏ နားထင်များ တုန်ခါလာလေသည်။ ထိုညက ရူးကြောင်ကြောင်မေးခွန်းအတွက် အဖြေကို သူဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။ ကျန်းယွီက သူမ၏ အဖြေကို လက်တွေ့ဖြင့်သာ သက်သေပြနေတာမို့ပင်။
“မင်း.. ကိုယ့်ကိုရွေးတာလား?”
ကျန်းယွီသည် ချူးလီ၏ ကော်လံကို တင်းတင်းကြပ်ကြပ်ဆွဲညှစ်လိုက်ကာ မျက်ရည်များဝဲလာပြီး ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။
“မေးနေစရာလိုသေးလို့လား.. အေးလေ ငါ နင့်ကိုရွေးတာပေါ့! အရူးရဲ့!”
ချူးလီ၏ နားသယ်လေးမှာ ရုတ်တရက် ခုန်တက်သွားလေတော့သည်။
နောက်စက္ကန့်မှာတော့ သူထလှည့်လိုက်ကာ သူမကို နံရံသို့ ဆွဲကပ်လိုက်ပြီး သူမ၏ နူးညံ့သောနှုတ်ခမ်းလေးများကို အားပါးတရ နမ်းလိုက်လေတော့သည်။
ချူးလီသည် သူမကို မာန်ပါပါဖြင့် ချည်းကပ်နေခဲ့သည်။ သူမ၏နှုတ်ခမ်းများသာ သေချာအရသာခံလိုက်ကာ အနည်းငယ်ကိုက်လိုက်ပြီး သူမ၏သွားဖြူဖြူလေးများထံသွားလို့ရအောင် ကော်နေခဲ့ပေသည်။
ကျန်းယွီကတော့ သွားကိုတင်းတင်းစိထားကာ သူ့ကိုအောင်မြင်ခွင့်မပေးခဲ့ချေ။
ချူးလီကလည်း သူမကို ဖိအားမပေးပါ။ သူမ၏ နှုတ်ခမ်းများကိုသာ ညင်ညင်သာသာနှင့် ထပ်ခါထပ်ခါနမ်းလိုက်တော့သည်။
မိန်းမငယ်လေး၏ ခန္ဓာကိုယ်မှာ မွှေးကြိုင်နေကာ အေးမြမြလေးနှင့် နူးညံ့လှပေသည်။ ထို့အပြင် သူမသည် သူ့လက်မောင်းများကြားထဲတွင် အတော်ကိုသေးသေးလေး ဖြစ်နေပေတော့သည်။ သူခန္ဓာကိုယ်ပေါ်က ကော်ဖီနံ့ဖျော့ဖျော့လေးကိုတောင် သူအနံ့ခံနိုင်နေပေသည်။
ကျန်းယွီကတော့ တစ်ကိုယ်လုံးတောင့်တင်းနေကာ သူမခြေထောက်များမှာလည်း တောင့်ခံမထားနိုင်ပေတော့ပေ။ ဒီလိုဖြင့် ပြတ်တောင်းပြတ်တောင်း အားပျက်လာပေတော့သည်။
ချူးလီကတော့ သူမကို အကြိမ်ကြိမ်ပင့်ပေးထားကာ သူ၏ မသမာသောကျူးလွန်မှုအား သူမကိုတောင့်ခံထားစေလေသည်။
နှုတ်ခမ်းများတင်မကဘဲ.. မျက်ရည်များစို့နေသည့်မျက်လုံးများ၊ နှာခေါင်းထိပ်လေး၊ နားရွက်များနှင့် လည်တိုင်လေးအထိ နမ်းရှုံ့နေခဲ့တာပင်...။ သူမခန္ဓာကိုယ်တစ်ခုလုံးကို သူတွေ့ကြုံခံစားကြည့်ချင်မိသည်။
လည်တိုင်တစ်လျှောက်ဆင်းသွားသည့်အချိန်မှာတော့.. ချူးလီ ရုတ်တရက်ကြီး ရပ်လိုက်တော့သည်။ သူမနှာခေါင်းလေးကို သူ့နှာခေါင်းထိပ်လေးဖြင့်ထိကာ စိတ်ရှည်လက်ရှည်ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ်”
ပထမဆုံးအကြိမ်အနေနဲ့ သူဒီလိုမျိုး အထိန်းအကွပ်မဲ့သွားခြင်းပင်။
ကျန်းယွီ၏ ကြည်လင်သော မျက်ဝန်းများထဲတွင်တော့ မိန်းမောတွေဝေနေမှု အရိပ်အယောင်လေးများ ရှိနေပေသည်။ ထို့အပြင် သူမ၏မျက်နှာဖျော့ဖျော့လေးပေါ်တွင် ရှက်သွေးဖြာနေသော အရိပ်အယောင်ဖျော့ဖျော့လေးကိုလည်း မြင်နေရပေသည်။ သူ့ကိုတစ်ချိန်လုံး အားပျော့ပျော့နှင့် တွန်းနေခဲ့သောလက်ကလေးက အခုတော့ သူ့ရင်ဘတ်ပေါ်သို့ ရောက်လာလေသည်။
သူမ၏ နူးနူးညံ့ညံ့နှုတ်ခမ်းလေးများကိုကြည့်ရင်း ချူးလီလည်း မနေနိုင်တော့ဘဲ ထပ်နမ်းလိုက်မိသည်။
စောနက အနမ်းများတုန်းကလို အကြာကြီးမဟုတ်တော့ပေမယ့် ဒီတစ်ခေါက်အနမ်းမှာ သူ့အာရုံကြောများကို လှုပ်ခါသွားစေပြီး စိတ်ကိုလှုံ့ဆော်ပေးနေသည့် လှိုင်းလုံးများ တလိပ်လိပ်တက်လာပေတော့သည်။
ခံစားလိုက်.. ဒီတစ်ခေါက်တော့ ခံစားလိုက်!
သူမလည်း လိုလားကာ၊ ပြန်ခုခံခြင်းလည်းမရှိ၊ ကိုယ့်ကိုယ်ကိုယ် တင်းထားတာမျိုးလည်းမရှိဘဲ ဒီတစ်ခေါက်တော့ လက်ခံပေးနေလေသည်။
သူမသူ့ကို လိုလိုလားလားနှင့် နမ်းချင်တာက သူ့အတွက်တော့ ခံစားချက်များကို ခံစားနိုင်ဖို့ ခွင့်ပြုလိုက်သည့်အတိုင်းပင်။
ချူးလီတစ်ကိုယ်လုံးက ဆဲလဲများလည်း နိုးကြွလာလေတော့သည်။
ခဏနေတော့ လွတ်ထွက်နေသည့် ဆင်ခြင်တုံတရားသည် လက်အပေါ်ပိုင်းသို့ ခက်ခက်ခဲခဲဖြင့် ပြန်ဝင်ရောက်လာတော့သည်။ အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ကာ ကျန်းယွီကို ဝတ်ပေးလိုက်ပြီး သူမကိုစကားတစ်ခွန်းမှမပြောဘဲ လက်ဆွဲ၍ ရပ်ကွက်ထဲက ထွက်လာလိုက်တော့သည်။
လမ်းပေါ်ရောက်တော့ ချူးလီသည် တက္ကစီတစ်စီးကို လက်ဌား၍တားလိုက်ပြီး ကျန်းယွီကို အရင်ဝင်ခိုင်းလိုက်ကာ ပြီးမှ သူမနောက်ကလိုက်ဝင်လိုက်သည်။
“သိပ္ပံမြို့ကိုသွား.. Esmeralda အနုပညာကျောင်း”
ကားဆရာအင်ဂျင်ကို စနှိုးလိုက်သည်နှင့် ချူးလီနှင့် ကျန်းယွီလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ဒီလိုဆိုတော့ ချူးလီလည်း မနေနိုင်တော့ဘဲ သူမကိုထပ်နမ်းချင်လာ၍ လုပ်လိုက်ပေမယ့် ကျန်းယွီကတော့ အမြန်ရှောင်လိုက်တော့သည်။
ဒါကမပြီးသေးဘူးလေ!
ချူးလီသည် သူမကိုကြည့်၍ ပြုံးသာပြုံးလိုက်တော့သည်။ သူအရမ်းကို ပျော်ရွှင်နေတာဖြစ်သည်။ ထို့အပြင် နဂိုက အေးတိအေးစက်ဆန်သော သူ့ရုပ်ရည်အသွင်အပြင်များမှာလည်း ဒီပြင်းပြနေသောအပြုံးများကြောင့် ပို၍ပင် တောက်ပလာလေတော့သည်။
“ဘာတွေပြုံးနေတာလဲ?”
“ဘာမှမဟုတ်ပါဘူး”
“...”
ကျန်းယွီသည် သူမဖုန်းကိုထုတ်ကာ လင်းမြောင်ကို ခေါ်လိုက်သည်။
“အခုဘယ်နားရောက်နေပြီလဲ”
“C ခန်းက အခုပဲ ဖျော်ဖြေမှုပြီးသွားတာ။ ဒါပေမယ့် B ခန်းက ပြင်ဆင်နေတုံးပဲ။ စိတ်မပူပါနဲ့။ သေချာပေါက် မှီမှာပါ။ နင်က A ခန်းပြီးမှ ဖျော်ဖြေရမှာမို့လို့လေ”
“AB ခန်းတွေမှာက လူ၁၂ယောက်လောက်ပဲ ရှိတာ။ ပြီးတော့ သူတို့တစ်ယောက်ချင်းစီရဲ့ ဖျော်ဖြေမှုကလည်း ၃မိနစ်ကနေ၅မိနစ်လောက်ပဲ ကြာမှာ။ မှီမယ်ဆိုတာ နင်သေချာလို့လား?”
“စိတ်မပူပါနဲ့။ ကျောင်းသားအများစုက အချိန်ပိုအထိသွားနေကြတာဆိုတော့ AB ခန်းတွေလည်း အချိန်ပိုယူကြမှာပါ”
“ကောင်းတာပေါ့”
ကျန်းယွီလည်း ဖုန်းချလိုက်ပြီး သိသိသာသာကို စိတ်သက်သာရာရသွားတော့သည်။
ချူးလီသည် ကားဆရာကို လှမ်းပြောလိုက်လေသည်။
“မြန်မြန်လေး မောင်းပေးပါလားဗျာ့။ ကျွန်တော့်ကောင်မလေးက အရေးကြီးကိစ္စရှိနေလို့”
ကားဆရာလည်း ချက်ချင်းပင် အမြန်လမ်းကိုတက်လိုက်ကာ သိပ္ပံမြို့ဆီသို့ အရှိန်မြင့်ကာ မောင်းလိုက်တော့သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြလေသည်။ ချူးလီကတော့ ထပ်ပြုံးလိုက်တော့သည်။
ကျန်းယွီ၏ ပါးလေးများမှာတော့ ရှက်သွေးဖြာနေဆဲပင်။ သူ့ကိုတွန်းလိုက်ကာ ပြောလိုက်သည်။
“ဘာတွေပြုံးနေတာလဲ?”
ချူးလီသည် သူ့လက်ကိုဆန့်ထုတ်လိုက်ကာ သူ့လက်ချောင်းထိပ်လေးများနှင့် သူမနှုတ်ခမ်းလေးကိုထိရင်း အောက်ကိုပွတ်ဆွဲလိုက်သည်။
“ကိုယ့်မမက အရမ်းအရသာရှိလို့လေ”
“...”
သူမ၏မေးလေးကို ဆွဲမော့လိုက်ပြီး သူကလည်း ကိုယ်ကိုသူမဘက်ကိုင်းလိုက်ကာ သူမမျက်လုံးများကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။
“မင်းကိုယ့်ကိုကြိုက်တာပဲ”
“ငါမဟုတ်...”
ကျန်းယွီသည် စကားကိုခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ဟုတ်တယ်.. ငါ နင့်ကိုကြိုက်ပြီးသား.. ကြိုက်လွန်းလို့ သေတော့မယ်”
“အရင်တုံးက ဒါကိုတကယ်မထင်ခဲ့ဘူး... ဒါပေမယ့် အခုတော့...”
ချူးလီသည် သူ့ပါးစပ်လေးကို အနည်းငယ် ပင့်လိုက်ရင်း“ကြည့်ရတာ မှန်တယ်ထင်တယ်။ မှန်တာပဲ..”
“နင်သိနှင့်ပြီးသားလား?”
“ကိုယ်သိပါတယ်”