← Chapters

Chapter 68

Vol. 7 Ch. 68

Chapter 68

Vol. 7 Ch. 68

ချန်ယဲ့ - “သူမ ငါ့ကိုလိမ်ခဲ့တာ.. သူမ ငါ့ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာက ငါ့ထက်သာတဲ့ နောက်တစ်ယောက် တွေ့ခဲ့လို့မဟုတ်ဘူး။ အဲ့နှစ်တွေတုံးက သူမ လုံးဝကို အိမ်ထောင်မကျခဲ့တာ”

ကျန်းယွီ - “ဒါဆို သူမက ဘာလို့ လမ်းခွဲခဲ့တာလဲ?”

ချန်ယဲ့ - “ငါမသိဘူး။ ဒါပေမယ့် ငါသေချာတာတစ်ခုကတော့ သူမ လမ်းခွဲတုံးက သူမ ငါ့ကလေးကို လွယ်ထားတာပဲ”

ကျန်းယွီ - “?”

ချန်ယဲ့ - “ငါ့သမီးကို သူမ တစ်ယောက်တည်း ဘာမှမပြောမဆိုနဲ့ ပျိုးထောင်ခဲ့တယ်လေ။ ငါဒါကိုတွေးမိတိုင်း.. အဲ့အချိန်တုံးက ငါ့ကိုယ်ငါ သတ်ပစ်ချင်မိတယ်။ ငါဘာလို့ အဲ့တုံးက အရမ်းတုံးအခဲ့ရတာလဲ? ဘာလို့ သူမကို ထွက်သွားခွင့် ပေးလိုက်ရတာလဲ?”

ကျန်းယွီလည်း ဘာပြောရမှန်း မသိတော့ချေ။

ဘာလို့ အမြဲ ဒီလိုပဲ ဖြစ်နေရတာလဲ.. အရင်တုံးကလည်း ရှဲ့ယွမ်တစ်ယောက် ဒီလိုဖြစ်ပြီးပြီ။ အခုတော့ ချန်ယဲ့..။

ကောင်မလေးက ထွက်ပြေးရတာကို အတော်ကြိုက်ခဲ့ကြတာလား? နောင်တရနေတဲ့ အဖေတွေက သူတို့သမီးတွေကို ပြန်လာရှာဖို့ လမ်းခွဲခဲ့ကြတာပေါ့လေ?

ကျန်းယွီ - “နင့်ကလေးကို သူ မွေးခဲ့တယ်လို့ နင်ကဘယ်လိုလုပ် သေချာနိုင်ရတာလဲ?”

ချန်ယဲ့ - “ငါ့ကလေးပဲ ဖြစ်ရမယ်။ သူမ အဲ့နှစ်တွေတုံးက လုံးဝအိမ်ထောင်မကျခဲ့ဘူး။ ပြီးတော့ အချိန်ကလည်း ကိုက်နေတယ်။ အဲ့ကလေးက ငါတို့ချစ်တုံးကြိုက်တုံးမှာ မွေးလာခဲ့တာ။ အချိန်ကကိုက်နေတယ်”

ကျန်းယွီလည်း ဆက်ပြီး သံသယဝင်မနေတော့ဘဲ မေးလိုက်သည်။

“ဒါဆိုရင် နင် ငါ့ကို ဘယ်လိုကူညီစေချင်လဲ?”

ချန်ယဲ့ - “လက်ရှိ ငါ့အချိန်မှာတော့ အရာအားလုံးက နောက်ကျသွားပြီ။ ငါ့ဘဝရဲ့အချစ်ဆုံးရော ငါ့ကလေးရော နှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပြီ။ ငါ သူတို့ကို ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူး။ ဒါပေမယ့် နင့်အချိန်မှာတော့ အရာအားလုံးက အချိန်ရှိသေးတယ်”

ကျန်းယွီမှ ပြောလိုက်သည်။

“ငါ့အချိန်မှာ နင်က ပြန်တွဲချင်နေတာလား?”

ချန်ယဲ့ - “ငါ သူ့ကို မုန်းခဲ့တယ်။ အချိန်အတော်ကြာအောင် သူ့ကိုတစ်ရက်လေးမှ မေ့လို့မရခဲ့ဘူး။ ငါအသက် ၃၀ ကျော်သွားပြီ ဒါပေမယ့် သူအဆင်မပြေနေဘူးဆိုတာကို သိတော့ အခုချိန်ထိ.. ငါ့နှလုံးသားတွေ တဆစ်ဆစ် နာကျင်နေတုံးပဲ”

“ငါသူ့ကို တစ်ခါဖုန်းခေါ်လိုက်တာကို မှတ်မိသေးတယ်။ သူအဆင်ပြေနေရဲ့လားဆိုတာကို မေးချင်လို့လေ။ ဒါပေမယ့် သူ့မှာကလေးရှိတယ်လည်း ကြားရော ငါအတော်ကို တုန်လှုပ်သွားခဲ့တာ။ သူ့အသံကတော့ အတော်ကို ပျော်ရွှင်နေတာပဲ။ အဲ့တော့ ငါသူ့ကို မနှောင့်ယှက်ရဲဘူးလေ”

ကျန်းယွီလည်း သူအဲ့လိုပြောတာကို ကြားတော့ သူဘာကိုဆိုလိုချင်လဲဆိုတာကို သိလိုက်လေသည်။ ထို့ကြောင့် သူ့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ပြီး

“ဒါဆိုရင် နင့်အခြေခံ အချက်အလက်တွေရယ်၊ နင့်ရည်းစားရဲ့ အချက်အလက်တွေရယ်၊ နင်သိထားသမျှ ငါ့ကိုအကုန် ပြောပြပေး”

ချန်ယဲ့ - “အဲ့မှာ ဒိတ်က ဘယ်နေ့ရှိပြီလဲ?”

ကျန်းယွီ - “ဇွန်၁၉”

ချန်ယဲ့ - “ဇွန်၂၃ကျရင် ဟိုင်ချန်မှာ ငါရှိုးပွဲရှိတယ်”

ကျန်းယွီ - “ရှိုးပွဲကိုသွားပြီး ငါ နင့်ကို လာတွေ့စေချင်တာလား?”

ချန်ယဲ့ - “အင်း”

ကျန်းယွီ - “...”

“နင့်ရှိုးပွဲနဲ့ ပတ်သတ်ပြီး ဘာအထင်မှားနေတာလဲ?”

ချန်ယဲ့၏ ရှိုးပွဲလက်မှတ်များသည် အချိန်တိုင်းဆိုသလို ၃မိနစ်နှင့် ရောင်းထွက်တတ်လေသည်။ ထို့ကြောင့် အခုဆိုလျှင် ဘာလက်မှတ်မှ ရနိုင်မည်မဟုတ်ချေ။ ရနိုင်ရင်တောင် ပွဲစားများပြန်ရောင်းသည့် မိုးထိုးနေသောနှုန်းနှင့် လက်မှတ်များသာ ကျန်တော့မည်။

ခြေလှမ်းပေါင်းတစ်ထောင်လောက် နောက်ဆုတ်ပြီး ကျန်းယွီတစ်ယောက် ရှိုးပွဲလက်မှတ်တွေကို ဝယ်နိုင်ခဲ့ရင်တောင် အရှေ့ဆုံးခုံလောက်ပဲရပြီး သူ့ကိုအနီးကပ်ကြည့်နိုင်ရုံပဲ ရမှာလေ။

သူ့ကို စကားပြောလို့မှ မရတာ။

နည်းနည်းလောက် ပြန်တွေးကြည့်လိုက်တော့ အစတုံးက ရှဲ့ယွမ်ကို တွေ့ဖို့ကလည်း အတော်လေးကို ခက်ခဲခဲ့တာလေ။ ဒါပေမယ့် အနည်းဆုံးတော့ သူနဲ့စကားပြောခွင့် ရခဲ့သေးတယ်။

ဒီချန်ယဲ့ကျ တကယ့် ထိပ်တန်းစတားတစ်ယောက်လေ။ သူမ ဘယ်လိုလုပ် တွေ့နိုင်မှာတဲ့လဲ?

ချန်ယဲ့ - “စိတ်မပူပါနဲ့.. ရှိုးပွဲပြီးသွားရင် နင်ဝန်ထမ်းတစ်ယောက်ယောက်ကိုရှာပြီး လျို့ဝှက်နံပါတ်ပေးလိုက်.. အဲ့ကျရင် ငါ့ကိုတွေ့ဖို့ ခေါ်လာပေးလိမ့်မယ်”

ကျန်းယွီ - “လျို့ဝှက်နံပါတ်လား?”

ချန်ယဲ့ - “အင်း.. ဒါငါ့ပထမဆုံးကောင်မလေးနဲ့ လုပ်ထားခဲ့တဲ့ ကတိပဲ။ တစ်နေ့မှာ ငါတို့နှစ်ယောက်ထဲက ဘယ်သူပဲ နာမည်ကြီးလာပါစေ တစ်ယောက်ရဲ့ရှိုးပွဲမှာ ဒီလျို့ဝှက်သင်္ကေတကို ပြောလိုက်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကျိန်းသေတွေ့နိုင်မယ်လို့။ ဘာအခက်အခဲမှ မရှိဘဲနဲ့လေ”

ကျန်းယွီ - “ဒါ.. အရမ်းကို ရိုမန့်တစ်ဆန်တာပဲ”

ချန်ယဲ့ - “ချိုမြပြီး စိတ်ကူးယဉ်ဆန်တဲ့ အတိတ်လည်း ရှိခဲ့တာပါပဲ”

သူပြောပြီးသည်နှင့် သူ့အသံလေးမှာ ပိုမို၍ သိမ်မွေ့လာခဲ့သည်။

ကျန်းယွီ - “ဒါဆိုရင် လျို့ဝှက်ကုဒ်က ဘာလဲ”

ချန်ယဲ့ - “လျို့ဝှက်ကုဒ်က အနာဂတ်မှာရလာမယ့် ငါတို့ကလေးရဲ့နာမည်။ ယောင်္ကျားလေးဆိုရင် ငါ့နောက်ဆုံးနာမည်ကိုယူပြီး ချန်ရီလို့ မှည့်မယ်။ မိန်းကလေးဆိုရင် သူ့နောက်ဆုံးနာမည်ကိုယူပြီး ကျန်းယွီ လို့ခေါ်မယ်”

ကျန်းယွီ - “??????????”

“စိတ်တော့မရှိပါနဲ့.. ရည်းစားရဲ့ နာမည်လေး မေးလို့ရလား?”

ချန်ယဲ့ - “သူကငါတွေ့ဖူးသမျှထဲမှာ ချစ်ဖို့အကောင်းဆုံး ကောင်မလေးပါပဲ။ သူ့နာမည်ကတောင်မှ ငါကြားဖူးသမျှထဲမှာ အလှပဆုံးပဲ။ ပြီးတော့ သူ့ကိုယ်ကျင့်စရိုက်ကလည်း ငါအကြိုက်ဆုံးပုံစံပဲလေ...”

ကျန်းယွီ - “အဲ့တော့ သူ့နာမည်ကဘာလဲ?”

ချန်ယဲ့ - “ကျန်းမန့်ယီ”

ကျန်းယွီ - “....”

.....

ညနေစောင်း ကျန်းမန့်ယီ အလုပ်ကနေအိမ်ပြန်ရောက်လာတော့ ကျန်းယွီကို စိတ်အားထက်သန်စွာအော်ပြောလိုက်သည်။ "ရှောင်ယွီ၊ ဒီနေ့ညစာအပြင်ထွက်စားကြစို့၊ အကောင်းဆုံးညစာအတွက် အမေ မင်းကို global center ဆီခေါ်သွားပေးမယ်! အောင်ပွဲခံကြစို့"

အေပရွန်ဝတ်ထားတဲ့ ကျန်းယွီက ကြက်သွန်ဖြူနံ့လေးမွှေးနေသည့် အရသာရှိလှသော ဝက်သားနှစ်ထပ်ပေါင်းဟင်းပွဲလေးကို လက်ထဲကိုင်လျက် မီးဖိုချောင်ကထွက်လာခဲ့သည်။

"အမေ၊ သမီးက ဟင်းပွဲတောင် ပြင်ပီးသွားပီလေ"

"ငါ့သမီးကိုယ်တိုင်ချက်ပေးတဲ့ ဟင်း‌ပွဲလေးစားရလောက်တဲ့အထိ ငါ့မှာအနာဂတ်ကောင်းရှိနေသေးတာပဲ!" ကျန်းမန့်ယီ အိတ်ကိုချကာ စားပွဲပေါ်က ဟင်းပွဲကိုကြည့်ပြီး ကျန်းယွီကို ချီးကျူးတော့သည်။ "လက်ရာအပြင်အဆင်ကတော့ မိုက်နေရော"

ကျန်းယွီက ပြန်ထွက်လာကာ သူမ့ဘေးကိုလာထိုင်ပြီး ပုခုံးကိုလာညစ်လေသည်။ "အမေက ဒီနှစ်တွေထဲအလုပ်တအားကြိုးစားလာခဲ့ရတာလေ၊ အနာဂတ်ကျရင်တော့ သမီးက အမေ့ကိုစောင့်ရှောက်ပေးမှာ"

"လုပ်စမ်းပါ၊ အမေ့ကို ဂရုစိုက်တယ်ဆိုရင် စိတ်ပူရအောင်သာမလုပ်ပါနဲ့"

ကျန်းမန့်ယီ တူကိုကောက်ကိုင်ပြီးဝက်သားနှပ်ကိုကောက်ယူနေတုန်း ကျန်းယွီက တိတ်တဆိတ် TV ကိုဖွင့်လိုက်ပြီး ချန်ယဲ့ရဲ့ပွဲဦးထွက်ရှိုးပွဲ၏ ၁၅နှစ်ပြည့်အခမ်းအနားကိုဖွင့်လိုက်သည်။

သူ့သီချင်းဆိုသံကိုကြားတော့ ကျန်းမန့်ယီရဲ့အမူအယာက အနည်းငယ်သဘာဝမကျစွာ မူပျက်သွားသည်။ "ဘာလို့ ဒါဖွင့်လိုက်တာလဲ"

"ဒီတိုင်းပဲ ဖွင့်လိုက်တာပါ"

ကျန်းမန့်ယီက ရီမုကိုကောက်ကိုင်ပြီး ပြောလိုက်သည်။ "ဒါဆို TV ဇာတ်လမ်းတွဲလိုင်း ပြောင်းလိုက်မယ်လေ"

"မလုပ်ပါနဲ့" ကျန်းယွီ ရီမုကို ပြန်လုလိုက်သည်။ "ချန်ယဲ့ရဲ့သီချင်းတွေမှာ အရည်အသွေးအပြည့်ရှိတယ်၊ သမီး သူ့ကိုအမြဲကြိုက်လာခဲ့ရတာ"

ကျန်းမန့်ယီ သူမ့ကိုယ်သူမထိန်းထားပြီး တိတ်တဆိတ်စားသောက်နေခဲ့သည်။

ချန်ယဲ့ရဲ့ရှိုးပွဲက အလွန်အသက်ဝင်နေခဲ့ပြီး သူက စူပါစတားနှင့်တူလေသည်။ သူ့အပြုံးလေးကဖြစ်စေ၊ သူ့သီချင်းသံလေးကဖြစ်စေ၊ သူ့သာမန်အပြုအမူလေးတွေကတောင်မှ ပရိသတ်တွေဆီက ချီးကျူးအားပေးသံတွေ အာမေဍိတ်သံတွေကို ပေါ်ထွက်လာစေသည်။ သူက ပုံမှန်အရည်အသွေးပြည့်မှီတဲ့ အုပ်စုကစားသမားပင်။

ကျန်းယွီက ပုံမှန်ကျကျ ထုတ်မေးလိုက်သည်။ "အမေ၊ ချန်ယဲ့ကို ဘယ်လိုထင်လဲဟင်"

ကျန်းမန့်ယီက ဆက်ဆပ်ထိမခံသလို ပြန်ပြောလာသည်။ "သူ့ကိုဘာထင်ရမှာလဲ"

"ဒီစတားက အမေတို့ ခေတ်ကအဆိုတော်ကြီးလေ၊ အမေ သူ့ကိုကြိုက်လားဟင်" ကျန်းယွီ သူ့အမူအယာသူပြန်ထိန်းလိုက်သည်။ "သမီးပြောချင်တာက သူ့သီချင်းတွေကိုကြိုက်လားလို့"

"သူ့သီချင်းတွေ အများကြီးနားမထောင်ဖြစ်ပါဘူး"

ကျန်းမန့်ယီ အနည်းငယ် စိတ်ဓာတ်ကျသလို ပန်းကန်ထဲက ထမင်းကိုတူနှင့်ထိုးဆွနေခဲ့သည်။

"အမေ သီချင်းတွေဆိုရတာကြိုက်ခဲ့မှန်း မှတ်မိပါသေးတယ်၊ သမီးတို့တွေ KTVကိုသွားကြရင် အမေပဲ အမြဲ မိုက်ကိုမောင်ပိုင်စီးထားခဲ့တာလေ"

"အင်း"

"ချန်ယဲ့ကို ဘယ်လိုထင်လဲဟင်"

ကျန်းမန့်ယီ တူကိုချလိုက်သည်။ "သမီးက သူ့ကိုတအားညွှန်းနေတာပဲ။ သူက ဘာတွေအဲ့လောက်ကောင်းနေလို့လဲ"

"သမီးက သူ့သီချင်းတွေကိုနားထောင်ရတာတကယ်ကြိုက်တာ၊ အဲ့တာကြောင့် ဒီတိုင်းပြောကြည့်တာပါ အမေရဲ့၊ ဘာလို့အဲ့လောက်ဆက်ဆက်ထိမခံဖြစ်နေရတာလဲ"

"အမေ ဘယ်မှာဆက်ဆက်ထိမခံဖြစ်နေလို့လဲ"

ကျန်းမန့်ယီ စင်ပေါ်ကတောက်ပနေတဲ့လူသားကိုဖျက်ခနဲကြည့်လိုက်ပြီးတော့ ချက်ချင်းအကြည့်လွှဲလိုက်ပြီး ခေါင်းသာငုံ့စားနေခဲ့သည်။ "သူ့ရဲ့အဆိုနှုန်းထားက အတော်ကျယ်ပြန့်တာ၊ သီချင်းအမျိုးအစားအကုန်လုံး သူအလွယ်လေးဆိုနိုင်လောက်တယ်၊ ဒါပေမဲ့ ဒီနှစ်တွေထဲ သူက Pop သီချင်းတွေနှင့် အချစ်သီချင်းတွေကိုဘဲ အဓိကအားစိုက်နေတာလေ။ တကယ်တမ်းကျ သူ့အတော်ဆုံးက...rockဖြစ်နေတုန်းပဲ၊ သူက rock နဲ့ပွဲဦးထွက်ခဲ့ပေမဲ့ ကံမကောင်းစွာဘဲ နောက်ကျလက်လျှော့သွားတာ"

"ဟုတ်တယ်၊ Popဂီတက အခုနောက်ပိုင်း အဓိကနားထောင်ကြရာဖြစ်နေတာကို"

"သူတို့ရဲ့ နဂိုမူလရည်မှန်းချက်နှင့် အိမ်မက်တွေကို ဂျောက်ချလုပ်ဖို့ရာမလွယ်ကူဖူးပဲ"

ချန်ယဲ့ရဲ့ အဓိကအချစ်သီချင်းဖြစ်သည့် ရင်နှီးတဲ့တေးသွားမှာ TVကနေ ထွက်ပေါ်လာသည်။ အဲ့တာက ပွဲဦးထွက်ထွက်ချင်းနှစ်မှာတင် သူ့ကိုချက်ချင်းပေါက်သွားစေခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်သည်။

ဒီသီချင်းက လက်ရှိဘဝရဲ့အချစ်ဦးဖြစ်သည့် နှစ်သက်ရတဲ့ကောင်မလေးတစ်ယောက်အတွက် ရည်ရွယ်ထားတဲ့သီချင်းပါဆိုပြီး သူ့ရှိုးပွဲတွေမှာ တစ်ကြိမ်မကပြောခဲ့ဖူးသည်။

ကျန်းမန့်ယီ ဒီနေ့ ဘယ်သူမှ မကိုင်လိုက်သည့်ဖုန်းကောလ်ကို တွေးမိသွားသည်။

နောက်မှ ထိုဟာက ဟိုင်ချန်ဆီက ဖုန်းကောလ်မှန်းသိလိုက်ရသည်။

ကျန်းမန့်ယီ TV ဖန်သားပြင်ပေါ်ကလူသားကို ထပ်ကြည့်လိုက်သည်။

အဲ့တာသူလား။

ဘယ်လိုလုပ်ပြီး သူဖြစ်နိုင်မှာလဲ...

နှစ်အနည်းငယ်ကြာပြီးနောက် သူ့အနေအထားကြီးနှင့် ဘာကိစ္စ သူမကိုဆက်သွယ်နေရသေးတာလဲ။

ကျန်းမန့်ယီ ခေါင်းပြန်ငုံ့ကာ ထမင်းကိုအရသာမခံဘဲ ဝါးစားလိုက်သည်။

ကျန်းယွီ ကျန်းမန့်ယီရဲ့စိတ်လွတ်နေတဲ့အမူအယာကိုတွေ့လိုက်ရတော့ ကျန်းမန့်ယီနှင့် ချန်ယဲ့က တစ်ခုခုပတ်သတ်ဖူးမှန်း ပိုသေချာသွားရသည်။

ချန်ယဲ့ ပြောခဲ့တာသာအမှန်ဆိုလျှင် ကျန်းမန့်ယီက သူ့ရဲ့အချစ်ဦးဖြစ်ပြီးတော့ သူကနောက်ထပ် ထပ်မချစ်မိတော့ဘူးပေါ့။

နောက်ပြီးတော့ ချန်ယဲ့က သူမ အဖေပေါ့!

ကျန်းယွီ TV ပေါ်က လူကို လှမ်းကြည့်လိုက်သည်။ အပြိုင်မရှိသည့်အရ အရောင်အဝါထုတ်လွှင့်ရင်း စင်ပေါ်မှာ ကခုန် သီဆိုနေခဲ့သည်။

သူမမှာအဖေရှိနေပြီးတော့ သူမ အဖေကလည်းချန်ယဲ့ပေါ့လေ...

ကျန်းယွီရဲ့မျက်ဝန်းများ အနည်းငယ်ရဲလာပြီး ရေချိုးခန်းသွားချင်သယောင်ဟန်ဆောင်ကာ တံခါးပိတ်လိုက်ပြီးမှ သူမမျက်ဝန်းထောင့်ကမျက်ရည်တွေကို သုတ်ပစ်လိုက်သည်။

နှစ်တွေအကြာကြီး အမေ့ကို သူမအဖေအကြောင်းမေးခဲ့ဖူးပေမဲ့ အဖေက ရှန်းကျန်းကိုအလုပ်သွားလုပ်နေတာ၊ အိမ်ထောင်ထပ်ကျသွားပြီး သူမရှိတာကိုပင်မသိဘူးလို့ ကျန်းမန့်ယီက အမြဲညာခဲ့သည်...

အဖေက နောက်အိမ်ထောင်မပြုခဲ့ဘူး၊ သူမ အကြောင်းကိုအမြဲတွေးနေခဲ့တာဖြစ်ပြီး ပြန်လိုချင်နေခဲ့တာ။

ကျန်းယွီ ရေပိုက်ခေါင်းကိုဖွင့်ကာ မျက်နှာကိုရေအေးနှင့်သစ်ပြီး သူမဖုန်းကိုထုတ်ကာ ချူးလီဆီ စာပို့လိုက်သည်___

"အားလီ၊ ဒီရက်ပိုင်း အားလား"

ချူးလီ - "ဂျူလိုင်လကုန်ရင်တော့ ကျူတာအဖြစ်လုပ်ပေးရမဲ့ အချိန်ပိုင်းအလုပ်ရှာတွေ့ထားတယ်"

ကျန်းယွီ - "ဘွဲ့ရခရီးစဉ်! စိတ်ဝင်စားလား"

ချူးလီ - "ဘယ်သွားမှာလဲ"

ကျန်းယွီ - "ဟိုင်ချန်က ရှိုးပွဲကိုသွားကြစို့"

ချူးလီ - "စိတ်မဝင်စားဘူး"

ကျန်းယွီ - "ဒါဆို ဘယ်သွားချင်တာလဲ"

ချူးလီ - "ဧဝရတ်တောင်?"

ကျန်းယွီ - "..."

"ဂျူလိုင်၂၇ရက်နေ့၊ ဟိုင်ချန်မှာ ချန်ယဲ့ရဲ့ရှိုးပွဲရှိတယ်၊ ငါသွားကြည့်ချင်လို့"

ချူးလီ - "ချန်ယဲ့ကဘယ်သူလဲ"

ကျန်းယွီ - "ကလေးဘဝကတည်းက သဘောကျလာရတဲ့အ‌ဆိုတော်၊ သူ့သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့တာလေ"

ချူးလီ - "ယောက်ျားလေးလား"

ကျန်းယွီ - "နာမည်ကြီးတွေနဲ့တောင် သဝန်တိုနေဦးမှာလား"

ချူးလီ - "..."

"ကိုယ်မသွားချင်ဘူး"

ကျန်းယွီ - "ဒါဆို ငါတစ်ယောက်ထဲသွားမယ်"

ချူးလီ - "အို့ရှ်"

ကျန်းယွီ - "ငါ့ဘာသာ တစ်ယောက်ထဲသွားမယ်၊ တစ်ယောက်ထဲစားမယ်၊ ရှိုးပွဲကိုတစ်ယောက်ထဲကြည့်မယ်၊ ရှိုးပွဲပြီးရင် အိမ်ကိုတစ်ယောက်ထဲပြန်လာမယ်..."

ချူးလီ - "ဟိုတယ်မှာ တည်းချင်လား"

ကျန်းယွီ - "ငါမှလမ်းပေါ်အိပ်လို့မရတာ"

ချူးလီ - "ဒါ‌ဆို တစ်ခန်းဘိုကင်ယူထားလိုက်မယ်"

ကျန်းယွီ - "?"

ညနေစောင်းတွင် ကျန်းယွီက နောက်နှစ်ရက်နေရင် သူမကောင်လေးနှင့် ဘွဲ့ရခရီးစဉ်ထွက်မယ်ဆိုတာ ကျန်းမန့်ယီကို ပြောပြလိုက်သည်။

ကျန်းမန့်ယီက ချက်ချင်းသဘောတူပြတော့ အဝတ်အိတ်ကူထုပ်ပေးကာ သက်ပြင်းတချချနှင့်ပြောလာသည်။ "အမေ တကယ်အားကျလိုက်တာ၊ ငယ်ရွယ်ရတာအရမ်းမိုက်တာပဲ၊ အချစ်ကြချစ်လို့ရနေပီး အခြားဘာမှတွေးစရာမလိုဘူး၊ သမီးအရွယ်လောက်တုန်းက အမေလည်း ကောင်လေးတစ်ယောက်ကိုကြိုက်ခဲ့ဖူးတယ်"

ကျန်းမန့်ယီက ထိုအကြောင်းကိုဦးစွာစပြောလာသည်ကိုတွေ့တော့ ကျန်းယွီက အခွင့်အရေးကိုလက်လွှတ်မခံဘဲ ချက်ချင်းမေးပစ်လိုက်သည်။ "အဲ့တာ သမီးရဲ့အဖေလား"

သူမ စကားတွေကိုကြားလိုက်ရတော့ သမီးရဲ့အဖေဘယ်သူလဲပြောမပြနိုင်တဲ့ သူမအဖို့ ကူကယ်ရာမဲ့ရသည်။

သို့သော် ကျန်းယွီက သူမ သမီးအရင်းမဟုတ်ဘဲ သူမ့ရဲ့အဖေအရင်းက ရှဲ့ယွမ်ဆိုတာ ကျန်းယွီကို ပြောပြဖို့မဖြစ်နိုင်‌ပေ။

သူမ ရိုးရှင်းစွာ လိမ်ပြောလိုက်သည်။ "ဟုတ်တယ်၊ သူက မင်းရဲ့အဖေ"

ကျန်းမန့်ယီ ဘေးမှာထိုင်နေတဲ့ ကျန်းယွီက သူမ လက်ကိုဆွဲယူကာ မေးလာသည်။ "အမေ၊ အမေနဲ့အဖေကဘယ်လိုတွေ့ခဲ့ကြတာလဲဟင်"

"ဘာလို့မေးတာလဲ"

"သိချင်လို့ပါ"

ကောင်မလေးရဲ့မျက်ဝန်းထဲမှာ သိချင်စိတ်တွေ အရောင်တောက်နေတာ တွေ့လိုက်ရတော့ ကျန်းမန့်ယီက လက်ထဲက အဝတ်တွေကိုအောက်ချလိုက်ပြီး ပြောပြလိုက်သည်။ "အဲ့ဒီ့အချိန်တုန်းက အမေက သမီးအရွယ်လောက်ပဲ၊ တက္ကသိုလ်အပြင် သီချင်းတွေဆိုရင်း ရောင်းရင်း ငွေရှာခဲ့ရတာ..."

သူမညီမက သူမကို ပညာသင်ခွင့်ပိတ်ပင်ထားခဲ့တာကြောင့် ကျန်းမန့်ယီက သူမ မွေးရပ်မြေကနေစောစောထွက်ခွာပြီး ပေချန်မြို့ကို အလုပ်လုပ်ဖို့ ထွက်လာရုံကလွဲလို့ ရွေးစရာမရှိခဲ့ပေ။

ငယ်ငယ်ရွယ်ရွယ်နှင့် ဘာကျွမ်းကျင်မှုမှမရှိဘဲ ဘုရားပေးထားတဲ့ အသံကောင်းကောင်းသာရှိတဲ့အတွက် တက္ကသိုလ်ရှေ့က အကခန်းမနှင့် ဘားတစ်ခုမှာ သီချင်းဆိုခဲ့ရသည်။

နောက်တော့ ကံကောင်းစွာနှင့် ကျောင်းက ဆောင်းဦးပွဲတော် ဖျော်ဖြေပွဲကျင်းပခဲ့သည်။ ကျန်းမန့်ယီက သူမ့အချစ်ဆုံးသူငယ်ချင်း ပုထျန်းယန်ဆီကို ဆိုဒါသွားပေးရင်း ထိုလူ ချန်ယဲ့ကိုတွေ့ခဲ့ရသည်...

ကျောင်းရဲ့ ဆောင်းဦးပွဲတော်ဖျော်ဖြေပွဲကြီးက စတုရန်းကွင်းကျယ်ကြီးမှာ ခေါင်းဆောင်တွေ၊ ကျောင်းသားကျောင်းသူတွေအပြည့်ဖြစ်သည်။ သူက အသက်လတ်ပိုင်းလူကြီးတွေ၏ ရသနှင့်ကိုက်သော ကပြသီဆိုပွဲပရိုဂရမ်နှင့်အပြိုင် ဖျော်ဖြေခဲ့သူဖြစ်သည်။

ချန်ယဲ့ရဲ့အဖွဲ့က တစ်ဖက်မှာ ယဉ်ကျေးမှု‌ဆိုင်ရာဖျော်ဖြေရေးစင်ရဲ့ဆန့်ကျင်ဘပ်မှာ ဒရမ်တစ်ခုစင်ထားပြီး သွေးကြွသစ်လွင်နေတဲ့ rock အဖွဲ့ဟာ ဆောင်းဦးပွဲတော်ဖျော်ဖြေပွဲကြီးကို တိုက်ရိုက်ယှဉ်ပြိုင်ခဲ့တာဖြစ်သည်။

All Chapters