← Chapters

Chapter 71

Vol. 7 Ch. 71

Chapter 71

Vol. 7 Ch. 71

ဟွမ်းဟိုင်သီးသန့်အခန်း၏တံခါးရှေ့တွင် မန်နေဂျာက ကျန်းယွီနှင့် ချူးလီတို့နှစ်ယောက်ကို ခေါင်းငုံ့တောင်းပန်ကာ ဖြစ်ကြောင်းကုန်စင်ရှင်းပြနေခဲ့သည်။

"ရွေ့ဟိုင်ရဲ့ ဥက္ကဌက ကျွန်တော်တို့ရဲ့ပုံမှန်ဖောက်သည်ပါ။ သူက ဒီနေ့ ဒီကိုအရမ်းအရေးကြီးတဲ့ဧည့်သည်တစ်ယောက်ခေါ်လာပါတယ်၊ သင်တို့သာ ဒီ360ဒီဂရီပင်လယ်ရှုခင်းနှင့် သီသန့်အခန်းကိုသာ ‌ပြန်အပ်ပေးမယ်ဆိုရင် သူက လူကြီးမင်းတို့ရဲ့ဒီညစရိတ်စခအကုန်ရှင်းပေးမှာပါတဲ့၊ ဒီတော့...နေရာထိုင်ခင်းလေး လဲပေးလို့ရမလားခင်ဗျာ"

ကျန်းယွီဘာမှပြန်မပြောရသေးခင် ချူးလီက တိုက်ရိုက်ငြင်းပစ်လိုက်သည်။ "မလဲပေးချင်ပါဘူး"

"ဒီ..."

"ကျွန်တော်တို့ကလဲ ပေချန်မြို့ကနေ ဒီထိလာခဲ့ရတာပါ ခင်ဗျားတို့ရဲ့ရေအောက်စားသောက်ဆိုင်ကို တွေ့ကြုံချင်ရုံတင်ပါ"

ကျန်းယွီ မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်သည်။ "ရှင်တို့ပြောနေကျအရဆို အရင်လာသူ၊ အရင်ဧည့်ဝတ်ကျေခံရမယ်ဆို၊ ဒီသီးသန့်အခန်းကို ပိုပြအရေးပါတဲ့ဧည့်သည်အတွက် လက်လျော့ဖို့ တိုက်တွန်းနေတာဆိုရင်တော့ ကျွန်မတို့တွေ ဒီမှာမစားတော့ဘူး"

ဒါပေါ့၊ မန်နေဂျာလည်း ဒီကိစ္စကိုသာသေချာမကိုင်တွယ်ဘူးဆိုရင် ဒီစားသောက်ဆိုင်က ပြဿနာကြီးကြီးရင်ဆိုင်ရနိုင်မှန်း သိသည်။ ဆိုးဝါးလှတဲ့ အနုတ်သဘောဆောင် ရီဗျူးတွေ...

Ono စားသောက်ဆိုင်က နဂိုကတည်းက အစားအသောက်ထက် ဧည့်ဝတ်ကျေပွန်မှုကို ပေးစွမ်တာဖြစ်တာကြောင့် ဒီစားသောက်ဆိုင်ထဲကို ခြေချလိုက်တဲ့ဘယ်စားသုံးသူမဆို သေချာကာကွယ်ခံရမည်ဖြစ်သည်။

VIP စောင့်ဆိုင်းနေရာကိုပြန်လာခဲ့ပြီး ရွေ့ဟိုင် Entertainment ရဲ့ ဥက္ကဌလုမုန့်ကို ပြန်ပြောလိုက်သည်။ "ဟိုကဧည့်သည်နှစ်ယောက်က တကယ်လဲမပေးချင်ပါဘူးတဲ့၊ မစ္စတာလု ကြည့်ပါဦး...ကျွန်တော်တို့ရဲ့အခြားသီးသန့်အခန်းတွေကလည်း အရမ်းကောင်းပါတယ်"

"ငါက သူတို့ကို ညစာဒကာခံမယ်ဆိုတာတောင်မှ အလကား မစားချင်ကြဘူးပေါ့လေ? အဓိပ္ပာယ်မရှိလိုက်တာ" လုမုန့်က ပေါ့ပျက်ပျက်က ရိုင်းဆိုင်းသူတစ်ယောက်ဖြစ်တာကြောင့် ဒေါသတကြီး ပြန်ပြောလိုက်သည်။ "သူတို့ကို လူတွေ့ပြောကြည့်မယ်၊ မယုံကြည့်နိုင်စရာဘဲ!"

ရှဲ့ယွမ်က သူ့ကိုတားကာပြောလိုက်သည်။ "မေ့လိုက်ပါတော့၊ ဂုဏ်သရေရှိလူကြီးမင်းတွေက လူတွေရဲ့အချစ်ကိုမဖျက်ဆီးရဘူး၊ အခြားသီးသန့်အခန်းတွေကလည်းအဆင်ပြေပါတယ်ကွာ၊ ဒီလိုကိစ္စတွေကို ကျုပ်ကသိပ်အာရုံမထားပါဘူး"

သူငယ်ငယ်တုန်းက အခြားသူတွေဆီက အနှိမ်ခံ၊အထင်သေးခံခဲ့ရတာကြောင့် ငွေနှင့်အနှိမ်ခံရတာ ဘယ်လောက်မသက်မသာဖြစ်ခဲ့ရလဲ သိ၍ သူဒီလိုအရာတွေပြန်မလုပ်ချင်ပေ။

လုမုန့်က လျင်လျင်မြန်မြန် ပြန်ပြောလာသည်။ "မစ္စတာရှဲ့၊ မင်းမသိလို့ပါဗျာ၊ ဒီစားသောက်ဆိုင်ရဲ့ အကြီးဆုံးပြယုဂ်က ပင်လယ်အောက်က 360 ဒီဂရီသီးသန့်အခန်းဘဲ၊ အခြားအခန်းတွေဆိုတာ ဒီအခန်းလောက်တော့မကောင်းဘူး၊ ဒီအခန်းကို မတွေ့ကြုံရဘူးဆိုရင် Ono စားသောက်ဆိုင်ရဲ့ တကယ့်အတွေ့အကြုံကိုရတယ်လို့မဆိုလိုဘူးဗျ"

ရှဲ့ယွမ်က VIP စောင့်ဆိုင်းခန်းက ဆိုဖာပေါ် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်သည်။ "ဒါ‌ဆို သူတို့စားလို့ပြီးအောင်စောင့်ကြတာပေါ့"

"ဒီ..."

ရှဲ့ယွမ် စိတ်ပိုင်းဖြတ်ပီးတာ မြင်လိုက်ရတော့ မစ္စတာလုက ရွေးစရာမရှိတော့ဘဲ သူ့ဘေးနားမှာထိုင်ချပြီးသာ မေးခွန်းထုတ်ရတော့သည်။ "မစ္စတာရှဲ့၊ ဘာလို့ဒီလိုလုပ်ရတာလဲဗျာ"

ရှဲ့ယွမ်က လက်ဖက်ရည်တစ်ငုံသောက်ကာ ပြန်ဖြေလိုက်သည်။ "အဲ့တာက မလွဲသင့်တဲ့အရာလို့ပြောနေမှတော့ ပစ္စည်းကောင်းတွေက စောင့်ဆိုင်းဖို့ထိုက်တန်တယ်လေ"

"တအား အငြင်းသန်တာဘဲဗျာ"

ရွေ့ဟိုင် Entertainment ရဲ့လုမုန့်က တဇွတ်ထိုးသမားမှန်း ရှဲ့ယွမ်သိပေမဲ့ ဒီလိုစိတ်ဓာတ်မျိုးနှင့်သာဆိုလျှင် တစ်ခုခုကိုတွေးတောရာမှာ အနည်းငယ်မစဉ်းစားမဆင်ခြေလုပ်မှာ ဧကန်ဖြစ်သည်။ သို့သော် ထိုအရာကလည်း ရှဲ့ယွမ်ကို ထိုလူနှင့်အပေါင်းအသင်းလုပ်ဖို့ မတားဆီးနိုင်ပေ။

ရှဲ့ယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "သူက သူ့ကောင်မလေးကို ဒီ‌ပင်လယ်အောက် စားသောက်ပွဲကိုသုံးဆောင်ဖို့ခေါ်လာပီး ပင်လယ်ပတ်လည် ဈေးအကြီးဆုံးအခန်းကို သီးသန့်ရွေးပြီးတော့တောင်မှလေ၊ သဘာဝကျပါတယ်၊ အဲ့ဒီ့ကောင်မလေးကို ပျော်ရွှင်အောင်လုပ်ပေးဖို့ဘဲလေ။ အဲ့လိုလူတွေနဲ့ ခုံယှဉ်လုဖို့‌ဆိုတာ ကျုပ်တို့အတွက် အတော်များပါတယ်ဗျာ၊ အဲ့တာကကြင်နာမှုမဟုတ်ဘူး လူငယ်တွေကို လေးစားမှုပေးတာပဲကွ"

ထိုစကားလုံးတွေကြားတော့ လုမုန့်က ရှဲ့ယွမ်ကို လက်မထောင်ပြလိုက်သည်။ "ဒါမှ လူပြောပွဲလုပ်တဲ့ အသိပညာရှင်မစ္စတာ ရှဲ့ယွမ်ပဲ"

"လူတွေရဲ့စကားပြောခြင်းပါ"

"ဟေး၊ ဒါကကြွားစရာမဟုတ်ဘူးနော်၊ မင်းကကော"

လုမုန့်ရယ်မောရင်း ရှဲ့ယွမ်ဘေးထိုင်လျက် စိတ်ရှည်ရှည်စောင့်ဆိုင်းနေတော့သည်။

သူနှင့် ရှဲ့ယွမ်က နှစ်အတော်ကြာခင်လာတဲ့ မိတ်ဆွေအရင်းကြီးတွေပင်။ နှစ်ယောက်လုံး ဖိနင်းခံတွေဖြစ်ခဲ့တုန်းက ညီအကိုအရင်းတွေလိုပေ။ တရုတ်စီးပွားရေးတိုးတက်မှုရဲ့ ရွှေခေတ်မှာ နှစ်ယောက်လုံး တဟုန်ထိုးတက်လာကြသည်။ တစ်ယောက်က နည်းပညာအဖွဲ့ကြီးတည်ထောင်နိုင်ခဲ့ပြီး နောက်တစ်ယောက်က Entertainment လုပ်ငန်းမှာ သိမ်းငှက်တစ်ကောင်ဖြစ်လာခဲ့သည်။

"ချန်ယဲ့ရဲ့ ဒီတစ်ခေါက်ရှိုးပွဲ တကယ်နာမည်ကြီးတာနော်၊ လက်မှတ်တွေအကုန် မိနစ်ပိုင်းအတွင်းရောင်းထွက်သွားတာတဲ့၊ လက်မှတ်တိုင်းကို တကယ့်ပရိသတ်အစစ်တွေလက်ထဲ အရောက်ထည့်ပေးနိုင်ဖို့ ဒီနှစ်ငါတို့တွေ အဓိကစီစစ်အကဲဖြတ်ခြင်း ပရိုဂရမ်ပါ ထည့်ထားတာ...နောက်ဆယ်စုနှစ်အတွင်းမှာ အကြီးစားအနုပညာရှင်တွေရှိလာမှာ ကျိန်းသေပေါက် ပြောရဲတယ်၊ လောင်ရှဲ့ entertainment လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ဒီက ကျုပ်က ဂိုက်လုပ်ပေးမယ်"

ရှဲ့ယွမ်က တစ်ခါတည်းငြင်းလေသည်။ "သီချင်းဆိုတာတွေ ကတာတွေကို စိတ်မဝင်စားပါဘူး"

"မဟုတ်တာ၊ မင်း ဘဲလေးအကစင်တာတစ်ခုမှာလည်းရင်းနှီးမြှုပ်ထားတယ်လို့ ကြားပါတယ်၊ နာမည်ဘယ်လိုခေါ်ပါလိမ့်...Esmera ဆိုလား"

ရှဲ့ယွမ်ရဲ့မျက်နှာက နက်ရှိုင်းသွားပြီး ပြန်ပြောလာသည်။ "အဲ့တာက ခြွင်းချက်ပါ"

"မင်းပြောဖူးတဲ့ ဘဲလေးအကသမား ချစ်သူလေးကြောင့်မဟုတ်ဘူးလား၊ သူမအတွက် ရှန်းကျန်းအထိတောင် အလုပ်သွားလုပ်ခဲ့တာလေ၊ နောက်တော့ သူမရဲ့မတော်တဆ ဆုံးပါးသွားမှုအကြောင်းကိုလဲ ပြောသေးတယ်မလား၊ ဘယ်လိုဖြစ်သွားခဲ့တာလဲ"

"ကျုပ်လဲ ဘာမှန်းမသိတာကြောင့်မလို့ပေါ့ဗျာ၊ ကျုပ်လဲပါဝင်ပြီး သေချာစုံစမ်းစစ်ဆေးဖို့လိုနေတာ"

ရှဲ့ယွမ်က အများကြီး ရှင်းမပြချင်တော့တာကြောင့် ခေါင်းစဉ်ပြောင်းလိုက်သည်။ "ဒါနဲ့ အခု၊ အဲ့စင်တာကျောင်းမှာ ကျုပ်အတွက် အရမ်း‌အရေးပါတဲ့သူတစ်ယောက်ရှိတယ်၊ သူမ ဆန္ဒတွေဖြစ်မြောက်သွားအောင် ကျုပ်လုပ်ပေးချင်တာမလို့ပါ"

"မင်း...၊ အဲ့တာက တအားကြီးနက်နက်ရှိုင်းရှိုင်းစွဲလမ်းနေတာမျိုးကြီးမလား" လုမုန့်က ရှဲ့ယွမ်ကိုကြည့်ကာ ကူကယ်ရာမဲ့သလိုခေါင်းခါမိသည်။ "နှစ်တွေအများကြီး ကြာပီမလား၊ ဘာလို့လွှတ်မချနိုင်သေးတာလဲ၊ မင်းကိုယ်မင်း ထောင်ချောက်ချဖို့ အဆိပ်ကိုဆွဲထားဖို့လိုလို့လား"

"မင်း နားမလည်ပါဘူး"

"ဟုတ်တယ်၊ ကျုပ်နားမလည်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျုပ်ယုံကြည့်တာကတော့ ပစ္စုပ္ပန်မှာ ရှင်သန်ပြီး ဘဝကြီးကိုပျော်ရွှင်ဖို့ပဲ"

လုမုန့်က အပြုံးနှင့်ပြောလာပြန်သည်။ "ချန်ယဲ့အကြောင်း ထပ်ပြောကြမယ်၊ ဘာဘဲဖြစ်ဖြစ် သူကလွန်ခဲ့တဲ့၂ရက်လောက်ကတည်းက ဟိုင်ချန်ကိုရောက်တာဆိုတော့၊ ဂိမ်းတစ်မျိုးလောက် ကစားချင်လား၊ သူ့ကို မင်းနဲ့အတူညစာစားဖို့ လှမ်းဖိတ်လိုက်ရအောင်လေ"

ရှဲ့ယွမ်က သူ့ကိုစိုက်ကြည့်လာသည်။ "ဘာလို့သူ့ကို ကျုပ်နဲ့ စားဖို့ဖိတ်မှာတုန်း"

"သူက စတားလေ"

လုမုန့်က မတူကွဲပြားစွာပြောလာပြန်သည်။ "အတိတ်တုန်းက ကျုပ်ကိုင်တွယ်ခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်ပါတနာတွေနဲ့ အမြဲညစာအတူစားတယ်၊ ကျုပ်ကိုအဖော်ပြုဖို့ နာမည်ကြီးတော်တော်များများကို ဖိတ်ခေါ်ခဲ့ပေမဲ့ ချန်ယဲ့လို လူမျိုးတွေကျတော့...သာမာန်လူတွေက သူတို့ကိုမဖိတ်နိုင်ဘူးလေ၊ မစ္စတာရှဲ့၊ မင်းသာသူနဲ့တွေ့ဆုံချင်ရင်တော့ ပြဿနာမရှိပါဘူး"

ရှဲ့ယွမ်က ချက်ချင်းငြင်းလိုက်ပြန်သည်။ "ကျုပ်မသိတဲ့လူတွေနဲ့ အတူညစာမစားချင်ဘူး"

"ကျုပ်ပြောချင်တာက မစ္စတာရှဲ့ရဲ့မိသားစုထဲက သူ့ကိုကြိုက်တဲ့ ဂျူနီယာလေးတွေရှိရင် လက်မှတ်ထိုးပြီးသား ပုံလေးဘာလေးတောင်းလို့ရတာပေါ့"

ရှဲ့ယွမ်က ဘာဂျူနီယာမှမရှိကြောင်း ပြောမလို့ပြင်လိုက်ပေမဲ့ ရပ်သွားပြီး သူ့နှလုံးသားထဲမှာ ပုန်းသျှိုးနေတဲ့ ကောင်မလေးကို တွေးမိသွားသည်---

"မလိုပါဘူး၊ ကျုပ်မိသားစုထဲက ကလေးတွေက တအားရည်မှန်းချက်ကြီးကြတာ...စတားတွေကို လုံးဝစိတ်ဝင်စားမှာမဟုတ်ဘူး"

ရှဲ့ယွမ်ရဲ့စရိုက်ကို လုမုန့်သိတာကြောင့် ထပ်ပြီးဖိအားမပေးတော့ပေ။

ကျန်းယွီနှင့် ချူးလီတို့မှာ ပျော်ရွှင်ဖွယ်ရာပင်လယ်စာစားသောက်ပွဲကြီးကို စားသောက်နေကြရင်း ကျန်းမန့်ဆီကိုတောင် တိုက်ရိုက် live လွှင့်ပြနေသေးသည်။ "အမေ၊ ကြည့်ပါဦး၊ ပင်လယ်အောက်စားသောက်ဆိုင်ရဲ့ 360 ဒီဂရီပတ်လည်အခန်းထဲမှာ လုံးဝအဆုံးသတ်မရှိဘူး၊ သန္တာကျောင်တန်းတွေ လှမ်းမြင်ရရဲ့လား"

"အာ၊ ကြည့်ဦး၊ ငါးမန်းကြီးလာနေပီ"

"တကယ်ကြီးလှတာပဲ၊ နောက်တစ်ခေါက်ကျ အမေပါသမီးတို့နဲ့ လိုက်ရမယ်!"

မှန်သားပြင်ထဲက ကျန်းမန့်ယီက မသတီသလိုပြန်ပြောလာလေသည်။ "တော်စမ်းပါ၊ ငါက မီးလုံးမှမဟုတ်တာ"

"မီးလုံးအကြောင်း မဟုတ်ဘူးလေ"

"ဘယ်သူက အဲ့ဒီ့ကြောင်တောင်တောင် ငါးတွေကို ထိုင်ကြည့်ချင်မှာလဲ၊ ကင်မရာကို လှည့်လိုက်စမ်း၊ ငါ့ရဲ့ လူချောလေးကိုဘဲ မြင်ချင်တယ်"

ကျန်းမန့်ယီက ရေအောက်ကမ္ဘာကို လုံးဝစိတ်မဝင်စားတာတွေ့တော့ စားပွဲတစ်ဖက်ခြမ်းက ချူးလီဘက်ကိုသာ ကင်မရာလှည့်ပေးလိုက်ရသည်။

"ဟယ်လို အန်တီ" ချူးလီက တူကိုချပီး ခါးမတ်မတ်ထိုင်ကာ ခေါင်းညွှန့်ပြလိုက်သည်။

ချူးလီကိုမြင်တော့ ကျန်းမန့်ယီက ကြည့်နူးသွားပြီး ပြုံးလွန်းလို့ ပါးစပ်ကို စိမရခဲ့ပေ။ "မင်းကို မတွေ့ရတာ လအတော်ကြာပီပဲ၊ ငါတို့ရှောင်လီလေးက ပိုပိုပြီးတောင်ချောလာသေးတယ်ကွာ!"

"အန်တီလည်း ပိုပိုနုပျိုလာပါတယ်နော်"

"မင်းက အပြောကောင်းသား၊ တကယ့်ကိုစံပြချန်ပီယံဖြစ်နိုင်တဲ့ ကလေးလေးပဲ"

ကျန်းမန့်ယီက မြင်ဖူးပုံရသည်။ "အခြားလူရဲ့ကလေးလေး" တန်ဖိုးထားသလို ပြောလာခဲ့သည်။ "ဘာလို့များ သားလိုထက်မြတ်တဲ့ ကလေးလေး မမွေးထားမိပါလိမ့်၊ ငါတို့မိသားစုက ဝက်လိုဉာဏ်တုံးတဲ့ ရှောင်ယွီကိုကြည့်လိုက်ပါဦး၊ ဘာလို့များ မင်းက သူမကိုချစ်သွားမှန်း မသိတော့ပါဘူး"

ကျန်းယွီက ဖြတ်ပြောလာခဲ့သည်။ "အမေ! ဘယ်လိုလုပ်ပြီး ကိုယ့်သမီးကိုယ် အဲ့လိုပြောနိုင်ရတာလဲ"

"အိုကေ၊ ဖုန်းချလိုက်တော့မယ်"

"ပြောလို့မပြီးသေးဘူးလေ"

ကျန်းမန့်ယွီက ချူးလီကို လှမ်းပြောလိုက်သည်။ "ရှောင်လီ၊ မင်းက ရှောင်ယွီထက်ပိုပြီး စဉ်းစားဉာဏ်ရှိတယ်၊ သူမကို ငါအမြဲအလိုလိုက်ခဲ့တာ၊ ဘာအိမ်အလုပ်မှ မလုပ်တတ်ဘူး၊ သား သည်းခံရမယ်နော်"

"စိတ်မပူပါနဲအန်တီ၊ သား ရှောင်ယွီကိုဂရုစိုက်မှာပါ"

"ကောင်းလိုက်တာ" ကျန်းမန့်ယီ ဖုန်းကိုချက်ချင်းချသွားသည်။

ကျန်းယွီ သူမဖုန်းကိုပြန်ယူလိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောလာသည်။ "ငါ့အမေက နင်က ငါ့ထက်ပိုပီးစဉ်းစားဉာဏ်ရှိတယ်လို့ တကယ်ကြီးထင်နေတာလား"

"မဟုတ်ရင်ကော?"

"သေချာပေါက် ကိုယ် မင်းကို ပိုပြီးဂရုစိုက်ပေးမှာပါ၊ အိုကေလား"

ချူးလီ သေချာအခွံချွတ်ထားတဲ့ ဂဏန်းခြေထောက်ဟင်းပန်းကန်ကို သူမဆီတွန်းပို့လိုက်သည်။ "အရိုးရှာတွေ့ရင်တော့ မစားနဲ့နော်"

ကျန်းယွီ သူမရှေ့က အသားနုနုကိုစိုက်ကြည့်နေခဲ့သည်။ ဂဏန်းခြေထောက် ဟင်းပွဲပန်းကန်ကြီးကို ကြည့်ရင်း လောဘတကြီး‌ သွားရည်မြိုချလိုက်ရသည်။ အရိုးတစ်ခုတစ်လေတောင် မပါပေ။ "အား...အရှုံးပေးပါတယ်"

ချူးလီက ပြုံးလျက် ပုဇွန်တွေ၊ ဂုံးကောင်တွေကို သူမ့အတွက် အခွံထပ်ချွတ်ပေးနေခဲ့သည်။

"နင်လဲ စားလေ"

"ဒါတွေကို ကိုယ်စားရင် အလကားပဲ ဖြစ်မှာပေါ့"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတာ မင်းသိပါတယ်"

ကျန်းယွီ သူ အရသာခံနိုင်စွမ်းနည်းတာကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် သူမ့ပန်းကန်ထဲက ပုဇွန်ကြီးကြီးတစ်ကောင်ကို တူနှင့်ညှပ်ကာ ချူးလီပါးစပ်ထဲခွံ့လိုက်သည်။ "လုပ်ပါ အရသာခံကြည့်"

ချူးလီက နာခံစွာ ကိုက်စားလိုက်သည်။

"အရသာရှိလား"

"အင်း"

ကျန်းယွီ သူ့ကိုအသားတွေ ထပ်ခွဲကျွေးကာ စိတ်ဓာတ်ကျသလို ပြောလာလေသည်။ "နင့်ကို ရုပ်ပိုင်းဆိုင်ရာအထူးကုနဲ့သွားပြဖို့ပြောသားပဲ၊ ဒီလိုဆက်ထားရင် ရေရှည်ကုသနေရလိမ့်မယ်"

"ဘာလို့မဖြစ်ရမှာလဲ၊ အဲ့တာရေရှည်ကုသမှုပဲလေ"

"ငါစားတာကိုပဲ လိုက်စားနေလို့မရဘူးလေ"

"ဘာလို့မရရမှာလဲ"

"ဒါမဲ့ ဒီတိုင်းသာဆို...နင် ငါ့ကို ဘယ်တော့မှ ထားသွားလို့ရမှာမဟုတ်ဘူး"

ချူးလီ လက်ထဲက တူကိုချပြီး မျက်ဝန်းနက်များကိုပင့်ကော့ကာ ကျန်းယွီကို စူးစိုက်ကြည့်ရင်း ပြောလာသည်။ "မင်းမရှိဘဲနဲ့ ကိုယ်က မရှင်သန်နိုင်ဘူးဆိုရင်၊ အဲ့တာက မင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလား"

"မဟုတ်ပေမဲ့ ငါမျှော်လင့်တာက...နင့်မှာ ကိုယ်ပိုင် အမှီအခိုကင်းတဲ့ ဘဝမျိုး ရှိစေချင်တာလေ"

ကျန်းယွီက တကယ်တော့ အရမ်းကိုသည်းခံတတ်သူဖြစ်၍ ချူးလီကို အကြောင်းပြချက်ပေးဖို့ ကြိုးစားနေခဲ့သည်။ "ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမှာ လူတိုင်းက အမှီအခိုကင်းတဲ့သူတွေဖြစ်နေရမယ်"

ချူးလီက တူနှင့်ပုဇွန်ကို ကောက်ယူလိုက်ပြီး အရသာမခံဘဲ ဝါးစားရင်း ပေါ့ပေါ့လေး ပြောလာသည်။ "နောက်ဆုံး ဆန်းစစ်ချက်အရကတော့ မင်းက ကိုယ့်ကိုတအားကြီး သဘောမကျနေဘူးဘဲ"

"..."

"အဆင်ပြေပါတယ်" သူ့နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ "ကိုယ်ကပဲ အရှုံးပေးပါတယ်၊ ရှောင်ယွီကို ပိုကောင်းကောင်းဆက်ဆံပါ့မယ်၊ ကိုယ်နဲ့ပတ်သတ်ရမှာစိတ်ကုန်သွားရင် နောက်ပိုင်းကျ ရှောင်ယွီ ကိုယ့်ကိုထားခဲ့ချင်သွားမှာဘဲ"

"..."

သူဘယ်တုန်းက ဒီလက်ဖက်စိမ်းစကားလုံးတွေသင်ထားတာပါလိမ့်? စိတ်ဒုက္ခတွေကို ရောင်းချရင်း သနားစရာလေးလို ဟန်ဆောင်နေတာလား။

တစ်ချို့စကားလုံးတွေက ကျန်းယွီကို နှလုံးသားမရှိတဲ့ ငါးဆားနူကြီးအဖြစ် ရောက်သွားစေသည်။

ပိုဆိုးတာက အဲ့ဒီ့နာကျင်နေဟန်မျက်ဝန်းလေးတွေက သူမနှလုံးသားကို တိုက်ရိုက်ခွဲသည်။

မေ့လိုက်တော့၊ သူမရှုံးသွားပြီ။

ကျန်းယွီ ချူးလီဘေးထိုင်ချလိုက်ပြီး ဆီမစိုလက်အိတ်လေးစွပ်ကာ သူ့အတွက်တိတ်တဆိတ် ပုဇွန်အခွံနွှာပေးပြီး သူ့ပန်းကန်လုံးထဲ ထည့်ပေးနေခဲ့သည်။

"အရသာရှိလား"

ချူးလီ တူကောက်ကိုင်လိုက်သညိ။ "အင်း"

"ဒါဆို များများစား"

"‌ရှောင်ယွီ..."

သူမက ပုဇွန်အခွံနွှာရင်း ပေါ့ပေါ့ပါးပါးလေး ပြောလာလေသည်။ "တကယ်တော့ ဒီရှောင်ယွီက နင့်ကို နင်ထင်ထားတာထက် အများကြီးပိုသဘောကျတယ်..."

နှစ်နာရီကြာညစာစားချိန်အတွင်း ယွမ် 8000 မတန်လောက်ဘူးလို့ ကျန်းယွီခံစားရပေမဲ့ ဆိုးတယ်လို့တော့မထင်ပေ။

သူမကော ချူးလီကော ပိုပိုအဆင်ပြေလာပြီး သူတို့အနာဂတ်ဘဝခရီးလမ်က ဒီ 8000 ထက် ပိုအဖိုးတန်တယ်လေ။

အဝေးကနေ ရှဲ့ယွမ် 360 ဒီဂရီပင်လယ်ရှုခင်းသီးသန့်အခန်းထဲကထွက်လာတဲ့ ကောင်မလေးကိုမြင်တော့ အနည်းငယ်အံ့ဩသွားသည်။

ဘယ်လိုလုပ်ပြီး ကျန်းယွီဖြစ်နေရတာလဲ...သူမလည်း ဟိုင်ချန်ကို ရောက်နေတာလား။

ချူးလီ အခန်းပြန်မအပ်ခင် 15 မိနစ်လောက်အလိုမှာ ဒီနေ့ကံစမ်းမဲရှိကြောင်း ကံစမ်းမဲမှာ သူတို့ပါဝင်ဆင်နွှဲနိုင်ကြောင်း အရှေ့ဧည့်ကြိုခုံကနေ လှမ်းပြောခံခဲ့ရသည်။

ချူးလီနှင့် ကျန်းယွီတို့ ယုံတစ်ဝက်မယုံတစ်ဝက်နှင့် နှစ်ယောက်သား အချင်းချင်းကြည့်လိုက်သည်။

ဒီလိုအဆင့်အတန်းမြင့် စားသောက်ဆိုင်ကြီးမှာ ဘယ်လိုလုပ် ကံစမ်းမဲရှိနေရတာလဲ။ အဲ့တာက လမ်းဘေးဟော့ပေါ့ဆိုင်တွေမှာပဲပေးတဲ့ ပရိုမိုးရှင်းတစ်မျိုးမဟုတ်ဘူးလား။

ဧည့်ကြိုခုံမှအမျိုးသမီးက သူတို့ကိုအခွံသုံးခုပေးပြီး အပြုံးကြီးကြီးနှင့် ပြောလာခဲါသည်။ "ဧည့်သည်တို့ ဒီထဲက တစ်ခုရွေးလို့ရပါတယ်!"

ကျန်းယွီ စမ်းကြိုးစားကြည့်ချင်စိတ် ပေါ်လာသဖြင့် အလယ်က အခွံလေးကို ရွေးလိုက်သည်။ "ဒီဟာလေး"

ဧည့်ကြိုအမျိုးသမီးက အခွံကိုဖွင့်ကာ အထဲကစာကိုဖတ်လိုက်သည်။ အစက "ပါဝင်ဆင်နွှဲပးလို့ ကျေးဇူးတင်ပါတယ်"‌ဆိုတာမျိုး တစ်ခုခုထင်ထားခဲ့ပေမဲ့၊ မမျှော်လင့်ထားစွာဘဲ ဝိတ်တာက အံ့ဩတကြီးအသံကျယ်ကျယ် အော်ဖတ်လိုက်မိသည်။ "အထူးစပယ်ရှယ်ဆု"

ကျန်းယွီ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "အထူးစပရှယ်ဆုက ဘာများလဲ"

"ဒီည ညစာကလည်း အလကားဖြစ်ပီး တစ်ချိန်တည်းမှာဘဲ Onoက သီးသန့်အခန်းတွေမှာ နောက်ထပ်သုံးကြိမ်စားခွင့်ကူပွန်လဲပေးဦးမှာပါ၊ နောက်၁၅ရက် ဒီလိုအချိန်မှာ Onoစားသောက်ဆိုင်ကို လာပြီး အလကားသုံးဆောင်နိုင်ပါတယ်"

ကျန်းယွီ ဆွံ့အသွားသည်။ "မဟုတ်တာ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ တစ်ခါမှလည်း မကြားဖူးပါဘူး... ဒီနေရာမှာ ဒီလိုလုပ်ငန်းစဉ်မျိုးရှိမှန်း မသိဖူးဘူး၊ ကျွန်မတို့ကို အဖွဲ့ဝင်တွေ ဖြစ်လာစေချင်တာလား"

"မဟုတ်ပါဘူး အဖွဲ့ဝင်ဖြစ်ဖို့မလိုပါဘူး၊ ဒီမှာအဖွဲ့ဝင်စနစ်မျိုးမရှိပါဘူး"

ဧည့်ကြိုအမျိုးသမီးကြီးက သူမလက်မခံမှာ ကြောက်ရွံ့နေပုံရပြီး ကျန်းယွီရဲ့ပိုက်ဆံအိတ်ထဲ စားသောက်ပွဲကူပွန်တွေကို တိုက်ရိုက်ထည့်ပေးလိုက်သည်။ "ကောင်းမွန်တဲ့ ရီဗျူးလေးသာပေးပါရှင်၊ နောက်တစ်ခေါက်လဲ လာခဲ့ပါဦး"

စားသောက်ဆိုင်ပြင်ပကို လျှောက်ထွက်လာရင်း ကျန်းယွီ မယုံနိုင်သလို ခံစားနေရသည်။ ဘယလိုလုပ်ပြီး ဒီလိုကောင်းခြင်းမျိုး ဖြစ်နိုင်မှာလဲ။

"ဒါပေါ့ ဒီလိုကံကောင်းခြင်းမျိုးက ရှိတာမဟုတ်ဘူး" ချူးလီက သေချာမြင်လိုက်ရတော့ တည်တည်ငြိမ်ငိ့မ်ပြောလာခဲ့သည်။ "တစ်ယောက်ယောက်က ကိုယ်တို့အတွက်ရှင်းပေးသွားတာ"

"ဘယ်သူကလဲ"

"ကိုယ်လဲမသိပေမဲ့ မကြာခင်သိရမှာပါ"

All Chapters