← Chapters

Chapter 72

Vol. 7 Ch. 72

Chapter 72

Vol. 7 Ch. 72

ညအခါတွင် ကျန်းယွီတစ်ယောက် ဖုန်းထဲက ဘဲလေးအကဗွီဒီယိုကိုကြည့်ရင်း အိပ်ယာအိအိပေါ်လှဲနေခဲ့သည်။

ထိုအချိန် သူမဖုန်းထဲကို တောင်ခနဲ ရှဲ့ယွမ်ဆီကနေမက်ဆေ့ကျလာသည်။ "ဟိုင်ချန်မှာလား"

"ဟုတ်တယ်၊ ဟေး၊ ဦးလေးရှဲ့ဘယ်လိုလုပ်သိတာလဲ"

"မင်းအမေပြောပြတာ"

ရှဲ့ယွမ် ကျန်းမန့်ယီနဲ့ ဖုန်းအကြာကြီးပြောခဲ့ကြပီး ဖုန်းထဲကနေ ရန်ဖြစ်လုနီးပါးပင်။

ကျန်းယွီကို သူကောင်လေးနဲ့ နှစ်ယောက်တည်းခရီးထွက်ခွင့်ပေးတာနဲ့ပတ်သတ်ပြီး ရှဲ့ယွမ် အလွန်မကျေမနပ်ဖြစ်ရပြီး ကျားပါးစပ်ထဲ သိုးကိုသံသယမရှိထည့်ပေးလိုက်သလို ခံစားနေရသည်။ အဲ့အချိန်ဆို ယောက်ျားတစ်ယောက်မှာ ဘာရည်ရွယ်ချက်ကောင်းတာရှိမှာလဲ။

ကျန်းမန့်ယီက သူ့သမီးက အရွယ်ရောက်နေပြီဖြစ်လို့ သူမအချစ်ရေးနဲ့ ဘဝကိုမဆွက်ဖက်သင့်ကြောင်းပြောကာ ရှဲ့ယွမ်ကိုဆူငေါက်နေခဲ့ပြီး သူ့သမီးကိုကောင်းကောင်းဆက်ဆံပေမဲ့ သူမဘဝထဲ တအားဝင်ရောက်စွက်ဖက်လွန်းတဲ့ ရှေးရိုးစွဲကြီးလို့ ထင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့ယွမ်က အချိန်အတော်ကြာစဉ်းစားလည်း စိတ်ပူနေဆဲဖြစ်၍ ကျန်းယွီကို ဆက်သွယ်လိုက်သည်။

အနည်းငယ် သတိပေးခံထားရသဖြင့် ဖုန်းခေါ်လို့မရသေးပေမဲ့ ဖုန်းနဲ့ပြောဖို့ရာလည်းခက်တာမလို့ စာနှင့်သာလှမ်းပို့လိုက်သည်။

ကျန်းယွီ ရှဲ့ယွမ်ရဲ့စာထဲက ထူးဆန်းတဲ့အရာကို ဖမ်းမိသွားသည်။ "ဟေး၊ ဦးလေးရှဲ့၊ ဦးလေးနဲ့အမေက မကြာခဏ ဆက်သွယ်ကြတယ်လား"

ရှဲ့ယွမ် - "အင်း၊ မကြာခဏ အဆက်အသွယ်လုပ်ဖြစ်ကြတယ်၊ အဲ့တာ...ရှောင်ယွီ၊ မင်းက အရမ်းငယ်သေးတာဆိုတော့ အချစ်ရေးကို တအားကြီး စိုးရိမ်ပူပန်စရာလိုမယ်မထင်ဘူး၊ အခုအရေးကြီးဆုံးအရာက မင်းရဲ့ကိုယ်ပိုင်ရင်ကျက်မှု ဆုံးဖြတ်မှုပဲ"

ကျန်းယွီ - "ဦးလေးရှဲ့၊ အမေကို မကြာခဏဆက်သွယ်ဖြစ်တယ်ဆိုရင် ဘာအကြောင်းတွေ ပြောကြတာလဲ"

ကျန်းယွီ ရှဲ့ယွမ် သူမကိုသတိပေးနေတာကို လုံးဝလျစ်လျူရှုကာ သူမအမေနဲ့ သူ့ဆက်ဆံရေးအပေါ် ထင်ချင်ရာ ထင်နေတော့သည်။

မဖြစ်နိုင်တာ၊ ဒီလူနှစ်ယောက်မှာ တကယ်ကြီးပတ်သတ်မှုရှိတယ်ဆိုတာ ဖြစ်နိုင်လို့လား။

ကျန်းယွီ သူမဘာသာ ပြန်မေးခွန်းထုတ်လိုက်မိသည်၊ ကျန်းမန့်ယီက မငယ်တော့ပေမဲ့ သူမက ကြင်နာတတ်သော မျက်ဝန်းတောက်တောက်တစ်စုံနှင့် လှပနေဆဲဖြစ်ပြီး လမ်းလျှောက်ထွက်ရင် ယောက်ျားတော်တော်များများ သူမကို လည်ပြန်မကြည့်ဘဲမနေနိုင်ကြပေ။

အမျိုးသမီးတွေ အသက်ငယ်ရွယ်နေချိန်မှာသာ လှပနိုင်တာမဟုတ်ဘဲ ကိုယ်ကိုယ့်ကိုယ်ဂရုစိုက်ပြီး စိတ်နုပျိုနေသေးသရွေ့ အသက်သုံးဆယ်ကျော်ကျော်၊ လေးဆယ်ကျော်ကျော် ဘယ်အသက်အရွယ်မှာမဆို လှပတင့်တယ်နိုင်မှန်း ကျန်းမန့်ယီဆီကနေ ကျန်းယွီလေ့လာသင်ယူနိုင်ခဲ့သည်။

အမေက ဒီလောက်မိန်းမဆန်တာကို သူမကလုံးဝအမွေမဆက်ခံတာမလို့ တခါ‌တလေ သူမက အမေ့ရဲ့သမီးအရင်းမဟုတ်ဘူးလို့တောင် ထင်မိသည်...

ရှဲ့ယွမ် သူမအမေကိုကြိုက်တာ သဘာဝကျသည်။

ရှဲ့ယွမ်လို လုပ်ငန်းရှင်ကြီးတစ်ယောက်မှာ မိန်းမငယ်လေးတွေ ဘယ်လောက်တောင် ဝန်းရံနေလောက်မလဲ။ နှစ်အတော်ကြာ single ဖြစ်လာခဲ့တာဆိုတော့ မိန်းကလေးငယ်ငယ်တွေကို သိပ်စိတ်မဝင်စားပေမဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတွေကိုပိုပြီး သဘောကျပုံရသည်။

အခု ကျန်းယွီ ဘေးကျပ်နံကျပ် အခြေအနေရောက်သွားသည်။

တစ်ဖက်မှာလည်း ရှဲ့ယွမ်ကို သူမ တကယ်လေးစားသည်။ ဒီတော့ ရှဲ့ယွမ်က သူမ ပထွေးဖြစ်လာလည်း ကောင်းမှာဘဲ။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဟိုးအရင်က ချန်ယဲ့နှင့် ကျန်းမန့်ယီ တို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းလေးက သူမကိုလှုပ်ခတ်စေသည်။ ချန်ယဲ့က သူမအဖေအရင်းကြီးတဲ့လေ!

ဒါကတကယ်...ခက်ခဲတာပဲ။

ကျန်းယွီ - "ဦးလေးရှဲ့၊ အမေနဲ့ဦးလေးက ပုံမှန်အကြောင်းအရာတွေပဲ ပြောဆိုကြတာလားဟင်"

ရှဲ့ယွမ် - "..."

ကျန်းယွီ - "စိတ်မပူပါနဲ့၊ သမီးကဉာဏ်အမျှော်အမြင်ရှိတဲ့ကလေးပါ၊ အမေရဲ့ပျော်ရွှင်မှုကို မတားဆီးပါဘူး"

ရှဲ့ယွမ် - "...မင်းနားလည်မှုလွဲနေပီ"

ကျန်းယွီ - "အဆင်ပြေပါတယ်၊ အိုကေပါတယ်၊ သမီးအခွင့်အရေး အပြည့်အဝ ရပီးသားပါ၊ ဦးလေး သမီးပြောတဲ့စကားတွေ ရင်ထဲတအားမထည့်ပါနဲ့၊ အမေကိုယ်တိုင် ဆုံးဖြတ်ပ်ုခွင့်ရှိပါတယ်"

ရှဲ့ယွမ် - "တကယ်မဟုတ်ဘူး"

ကျန်းယွီ - "အား၊ အိပ်ချင်ပီ၊ အိပ်ယာအရင်ဝင်တော့မယ်၊ ဦးလေးလဲ အိပ်ယာစောစောဝင်သင့်တယ်၊ ဉာဉ့်နက်တဲ့ထိမနေနဲ့၊ good night"

ထိုမက်ဆေ့ပို့လိုက်ပြီးတော့ ကျန်းယွီ အလျင်အမြန် WeChat ကနေထွက်ပြီး အိပ်ယာပေါ်လှဲချကာ မျက်နှာကျက်ကို ခဏလောက် စိုက်ကြည့်နေခဲ့သည်။

ရှဲ့ယွမ်သာ သူမအမေကို တကယ်ကြိုက်တယ်ဆိုလျှင် သူမ့အမေကလည်း သူ့ကိုကြိတ်ခရက်ရှ်နေတာဖြစ်ရမည်၊ ကျန်းယွီ ထပ်ပြီး ချန်ယဲ့ကို ဒီဆက်ဆံရေးကြားထဲ မဆွဲခေါ်သင့်ဘူး။

သူက သူမအဖေအရင်းဖြစ်နေရင်တောင်မှ အချိန်တွေအများကြီး ကုန်လွန်သွားပီလေ၊ ကျန်းမန့်ယီလည်း ဘဝအသစ်ထူထောင်ချင်မှာပေါ့။

ကျန်းယွီလည်း သူမ အဖေအရင်း၊ ချန်ယဲ့အကြောင်း လုံးဝသေချာမသိပေ။

ကိစ္စတွေက ပိုပိုရှုပ်ထွေးလာသည်။

အရမ်း အာရုံစားသည်။

ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာပြီး ချူးလီထွက်လာခဲ့သည်။

ကျန်းယွီ ဖုန်းကြီးကိုင်လျက် ကြောင်ကြောင်ကြီးမော့ကြည့်လာတော့ လူငယ်လေး၏ ကိုယ်အပေါ်ပိုင်းဗလာကို မြင်လိုက်ရသည်။

အဖြူရောင်ရေသုတ်ပုဝါလေးက သူ့လည်ပင်းမှာပတ်ထားပြီး ဖြူဖျော့ဖျော့အသားရောင်မှာ ရေစက်ရေပေါက်များ တွဲခိုနေကြကာ နောက်ကျောကြွက်သားများက အနည်းငယ်ဖုဖောင်းနေပြီး ခိုင်မာတောင့်တင်း အချိုးကျလှသော ဗိုက်ကြွက်သားများကိုလည်း တစ်ဖက်ခြမ်းကနေ မြင်နေရသေးသည်။

ကျန်းယွီရဲ့ပါးများ ထိန်းမရစွာ ပူလောက်လာပြီး ချက်ချင်းအကြည့်လွှဲပစ်ကာ ဘာမှမမြင်လိုက်သလိုဟန်ဆောင်ရင်း ဖုန်းငုံ့ကြည့်နေလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာဘဲ သူ့ကို မျက်လုံးထောင့်ကနေ ခိုးခိုးမကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဒီလိုပုံရိပ်မျိုးကို ဘယ်မိန်းကလေးမဆို တောင့်ခံဖို့ခက်မှာပင်။

ဒါကတကယ့်ကို...စောက်ရမ်းမိုက်သည်။

ချူးလီ ကျန်းယွီရဲ့အဝတ်အိတ်ထဲက အဖြူရောင်ဆံပင်အခြောက်ခံစက်လေး ထုတ်ယူလိုက်ပြီး မှန်ရှေ့ရပ်ကာ ဆံပင်အခြောက်ခံနေခဲ့သည်။

မှန်ပေါ်မှာပေါ်နေတဲ့ အိပ်ယာပေါ်က ကောင်မလေးက နီဆွေးနေသောပါးနှစ်ဖက်နှင့် ဖုန်းကို အသိစိတ်လွတ်နေသလိုကစားရင်း ဆက်တိုက် သူ့ကိုခိုးကြည့်နေသေးသည်။

ချူးလီ သူ့သွင်ပြင်သူ ငုံ့ကြည့်လိုက်သည်။

ချက်ချင်း ယုံကြည့်ချက်အပြည့်ဖြစ်သွားသည်။

ဘေးစောင်းလှည့်ကာ နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်။ "ရှောင်ယွီ၊ ဒီကိုလာပီး ဆံပင်လေမှုတ်ပေးပါလား"

ကျန်းယွီက အိပ်ယာကထဖို့ငြင်းဆန်ကာ အိပ်ယာခင်းစောင်ထဲ ခေါင်းမြှုပ်လိုက်သည်။ "နင်...နင့်ဘာသာ လေမှုတ်ပါ့လား၊ ဘာလို့ငါ့ လာခိုင်းနေတာလဲ"

"ကိုယ် ကောင်းကောင်း မလုပ်နိုင်လို့ပါ"

နောက်ဆုံးတော့ ကျန်းယွီထလာရကာ အတွင်းစီး ဖိနပ်အပါးလေးနဲ့ သူ့ဆီလျှောက်လာပြီး ‌ဆံပင်အခြောက်ခံစက်ကိုယူကာ ပွစီပွစီပြောတော့သည်။ "ကိုယ်ဘာကိုယ်တောင် ဆံပင် လေမမှုတ်တတ်ဘူးဆိုတော့၊ ငါ့ချစ်သူလေးက တကယ်ကြီး လက်တွေ့ဘဝထဲ မနေနိုင်လောက်ဘူးဘဲ"

ချူးလီက အခွင့်ကောင်းယူပြီး သူမကိုချီကာ အဝတ်အစားစားပွဲပေါ် တင်လိုက်ပြီး သူမအေးဆေး ဆံပင်လေမှုတ်ပေးလို့ရအောင် လုပ်ပေးလိုက်သည်။

"မို့ညှို့ချိန် လုံလောက်နေပါပြီ" ကလေးလေးသဖွယ် သရုပ်‌ဆောင်ကာ လည်ပင်းပေါ်မှီလှဲချလိုက်ပြီး လည်တံကို နှာခေါင်းနှင့်ပွတ်ကာ သူမ့ကိုယ်က သံပရိုနံ့ဖျော့ဖျော့ကိုရှူလိုက်သည်။ "မင်းက ကိုယ်ရဲ့ မျက်လုံး၊ နှာခေါင်း၊ နား..."

ကျန်းယွီ ယားယံလာသဖြင့် တခစ်ခစ်ရယ်ကာ သူ့ခေါင်းကိုပုတ်လိုက်သည်။ "တိတ်တိတ်နေ"

ချူးလီ သူမကိုစိတ်ကြိုက် လေမှုတ်ခွင့်ပြုထားသည်။ သူမပုခုံးထိ စင်းကျနေတဲ့ဆံပင်ရှည်များ၊ ဝိုင်းဝန်းလှသော ပုခုံးနှင့် စကတ်ချောင်ချောင်၊ လည်ပင်းကျယ်ကျယ်နှင့် ရေမြှုပ်ဒီဇိုင်း ညဝတ်ဝတ်စုံလေးဝတ်ထားသည်။

သူ့ရှုထောင့်ကနေဆိုရင် လည်တံကနေအထဲကိုအေးဆေးလေးလျှောကြည့်ပြီး လှပလှသောအသိုက်အမြုံလေးကိုမြင်တွေ့နိုင်သဖြင့်...စက္ကန့်မခြားဘဲ အကြည့်ချက်ချင်းလွှဲလိုက်သည်။

အခုချိန်သာ နှလုံးလျှပ်စစ်လှိုင်းကို တိုင်းတာရင် လိုင်းကဧဝရတ်တောင်လို ထောင်တက်နေလောက်သည်။

လူငယ်လေး၏ စိတ်ခံစားချက်အတက်အကျကို ကျန်းယွီသတိမထားမိခဲ့ပေ။ ဂရုတစိုက် သူ့ဆံပင်ကိုလေမှုတ်ပေးနေခဲ့ပြီး လေသံနုနုနှင့်ပြောလိုက်သည်။ "ခေါင်းလျှော်တဲ့အချိန်တိုင်း ဆံပင်ခြောက်အောင်လုပ်ရမယ်လို့ အမေက အမြဲပြောတယ်၊ မဟုတ်ရင် နောက်ပိုင်းကျ ခေါင်းကိုက်လိမ့်မယ်တဲ့"

ရုတ်တရက် ကောင်လေးရဲ့လက်က သူမကျောပေါ်သိုင်းဖက်လာပြီး ပါးရိုးကိုပါ ဖွဖွလေးပွတ်သပ်လာသည်။

ကျန်းယွီ လက်များရပ်တန့်သွားပြီး သူ့ကိုကြည့်လိုက်တော့ နက်မှောင်နေတဲ့မျက်ဝန်းထဲ တောက်လောင်နေတဲ့ဆန္ဒတွေကို တွေ့လိုက်ရသည်။

သူမ တစ်ခုခုကိုအာရုံခံမိသွားသောကြောင့် ‌ဆံပင်အခြောက်ခံစက်ကို အောက်ချလိုက်ပြီး မျက်လုံးစုံမှိတ်လိုက်သည်။

ကောင်လေးရဲ့အနမ်းတွေက သူမထင်ထားသလိုကြမ်းတမ်းမနေဘဲ နူးညံ့သိမ်မွေ့နေခဲ့သည်။

အသက်၁၈နှစ် အတွေ့အကြုံ အကန့်အသတ်နှင့် လားလားမျှမဆိုင်သလိုပင်။

ဒီလိုအရာတွေအတွက်ကျ၊ ကျန်းယွီမှာ ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးရှိသည်။

သူမသည် လုံးဝမတူကွဲပြားတဲ့ ဘဝတစ်ခုကိုဖြတ်သန်းခဲ့ရပြီးတော့ အိမ်ထောင်သည်ဘဝကိုပါ တွေ့ကြုံခဲ့ရသည်။

သူမအိမ်ထောင်သည်ဘဝမှာ သူမ့ကိုနေစဉ်စောင့်ကြိုနေတာက ကြောက်ရွံ့မှုတင်မက ရက်စက်ကြမ်းကြုတ်မှုတွေလည်းပါသည်။ အရင်းနှီးခဲ့ရဆုံးအရာတွေမှာတောင် မခံန်ုလောက်တဲ့ စော်ကားမှုတွေ၊ စူးစူးဝါးဝါးနာကျင်မှုတွေပါဝင်သည်...

တဖြည်းဖြည်းချင်း...ကျန်းယွီ စတင်ကြောက်ရွံ့လာပြီး စတင်ရုန်းကန်ခဲ့သည်။

အက်ရှင်ဇာတ်ကားတွေထဲက အဓိကဇာတ်ကောင်က ဘယ်လောက် ပျော်ရွှင်နေကြောင်းကို မကြာခဏတွေ့နေရပါစေ၊ အဲ့တာက ပျော်ရွှင်မှုလို့ သူမ တစ်ခါမှမတွေးမိပေ၊ ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့တောင် တွေးမိသေးသည်။

ချူးလီ နမ်းရှိုပ်နေရင်း နှုတ်ခမ်းတွေ သွားတွေ တဆတ်ဆတ်တုန်လာတာကို ခံစားမိတော့ ဖြည်းဖြည်းချင်း နမ်းတာကို ရပ်တန့်လိုက်ပြီးတော့ နားရွက်ထောင်ထောင်နှင့် စိုက်ကြည့်လိုက်သည်။ "ကြောက်နေတာလား"

ကျန်းယွီက ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း သူ့အကြည့်တွေကို ရှောင်ကာ ပြောလိုက်သည်။ "မဟုတ်...မဟုတ်ပါဘူး..."

"ဒီအချိန်မှာတောင် ဘာလို့ခေါင်းမာနေသေးတာလဲ"

"ငါတကယ် မကြောက်ပါဘူး၊ ရှောင်လီသာဆိုရင် ငါ ဘာကိုမှ မကြောက်ဘူး"

ချူးလီ သူမမေးလေးကို ဆုပ်ကိုင်လိုက်ပြီး သူနှင့်အကြည့်ဆုံစေလိုက်တော့ သူမ၏ပါးစပ်ထောင့်များတွန့်ချိုးနေတာကို တွေ့လိုက်ရသည်။ "မဟုတ်မှ ကိုယ့်ချစ်သူလေးက အခြားတစ်ယောက်နဲ့ အတွေ့အကြုံရှိဖူးတာလား"

"..."

ကောင်မလေး၏ ရင်အစုံက ဖောင်လိုက်ပိန်လိုက်နှင့် သူ့အကြည့်ကို ရှောင်ဖယ်သွားပြန်သည်။

သူမအခုကိုယ်က ငယ်ငယ်ကအတိုင်းဘဲဆိုပေမဲ့ သူမ့စိတ်ကတော့ ဒဏ်ရာတွေပြည့်နေလေပြီ...အဲ့ဒီ့မတောင့်ခံနိုင်စရာကိစ္စတွေက သူမ့နှလုံးသားကို ဆူးချွန်လိုထိုးစိုက်နေကြသည်။

လွှတ်ချလိုက်ဖို့ဆိုတာ အလွန်ခက်ခဲသည်။

အစက ဟာသအဖြစ်ပြောလိုက်ပေမဲ့ သူမ အမူအယာကိုမြင်တော့ မျက်ခုံးများ တဖြည်းဖြည်း မျက်မှောင်ကြုံ့လာခဲ့သည်။

သူမ့မျက်ဝန်းများကို အချိန်အတော်ကြာစိုက်ကြည့်တော့ ချူးလီ သဲလွန်စတစ်ချို့မြင်ရလာသဖြင့် မျက်နှာတည်တည်နှင့် မေးလိုက်သည်။ "တကယ်လား"

"နင်ထင်ထားသလိုမျိုး မဟုတ်ပါဘူး"

"အသက်ဘယ်လောက်တုန်းကလည်း၊ အဲ့အချိန်တုန်းက အရွယ်ကောရောက်ပြီလား"

"အဲ့လိုမျိုးမဟုတ်ပါဘူး!"

ချူးလီရဲ့နှလုံးသားက မီးတောက်တွေနှင့်ပြည့်နေပြီး လက်သီးများကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့ သွေးကြောများ ထောင်ထလာသည်။

ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ သူမအတွက် စိတ်မကောင်းဖြစ်လာရသည်။ သူချစ်ခင်မြတ်နိုးရတဲ့ ကောင်မလေးက အတိတ်တုန်းက အခြားသူစော်ကားခံရဖူးသည်...

ချူးလီ အတည်နားလည်မှုလွဲနေတာကို ကျန်းယွီမြင်နေရပေမဲ့ သူမ ဘယ်လိုရှင်းပြရမလဲမသိပေ။

အပျိုပဲရှိသေးတာပါဆိုပြီး ဘယ်လိုရှင်းပြရမလဲ၊ စိတ်မတိုလောက်ဘူးမလား။

သူမ ဘယ်လိုရှင်းပြရပါ့မလဲ။

ပီးတော့ အရေးကြီးဆုံးအချက်က ဒါမဟုတ်ဘူး!

ကျန်းယွီ ချူးလီရဲ့တုံ့ပြန်ပုံအမူအယာကြောင့် အနည်းငယ် စိတ်ပျက်အားလျော့လာရသဖြင့် သူ့ကိုတွန်းထုတ်ပစ်ပြီး တိုးတိုးလေးမေးလိုက်သည်။ "ချူးလီ၊ ဘာလို့လဲ...မကြိုက်တော့ဘူးလား"

ချူးလီက သူမ ကော်လံကို လက်တစ်ဖက်နဲ့ဆွံကိုင်ပြီး အကြမ်းပတမ်းမကာ အိပ်ယာခင်းနုနုပေါ်တည့် ပစ်ချလိုက်သည်။ "ကိုယ်က အချိန်အကြာကြီးသည်းခံလာခဲ့ရတာ၊ မင်းကို ဆံချည်တစ်မျှင်ထိဖို့တောင် မဝံ့ရဲခဲ့ဘူး"

ကျန်းယွီ မတ်တပ်ထဖို့လုပ်လိုက်ပေမဲ့ သူက သူမ့လက်ကောက်ဝတ်ကို အားပြင်းပြင်း ဖိဆုပ်ထားသလို သွေးတွေပေါက်ထွက်လာတော့မယောင် မျက်ရည်တွေပြည့်နေသည့် သူ့မျက်လုံးများကိုတွေ့လိုက်ရသည်။

"အသက်ဘယ်လောက်တုန်းကလဲ" ချူးလီရဲ့အသံက ပိုပိုအက်ကွံလာပြီး ဖိနှိပ်သလို ဆက်တိုက်ရေရွတ်နေခဲ့သည်။ "မင်းရဲ့ စောက်အသက်ဘယ်လောက်တုန်းကလဲလို့!"

"နင်ထင်သလိုမဟုတ်ဘူးလို့ ပြောနေတယ်လေ..."

"ဘယ်သူကမှ မလုပ်ဖူးဘူး"

"လွှတ်စမ်း!"

ရှောင်ယွီက ပိန်ပါးပုံပေါ်ပေမဲ့ သူမ အားကတော့ မသေးပေ။ နှစ်ယောက်လုံး ခဏလောက် လုံးထွေးကန်ကျောက်နေကြရာက အနည်းငယ်ပင်ပန်းလာကြသည်။

အဆုံးမှာတော့ ကျန်းယွီက အရှုံးပေးလိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။ "ရှောင်လီ၊ ငါ့ကို အရင်လွှတ်ပါအုံး၊ ငါ နင့်ကို အကုန်ပြောပြပါ့မယ်"

နောက်ဆုံးတော့ ချူးလီ ကျန်းယွီကိုလွှတ်ပေးလိုက်ပြီး နာကျင်နေသော မျက်ဝန်းများနှင့် သူမကိုကျောပေးကာ ကုတင်စွန်းတွင်ထိုင်နေလေသည်။

ကျန်းယွီ အစကတည်းက သူ့ကိုပြန်လည်မွေးဖွားလာတဲ့အကြောင်းတွေ [Knowledge] Appအကြောင်းကိုပါပြောပြဖို့ အစီအစဉ်ဆွဲထားပြီးသားဖြစ်သည်၊ နှစ်ယောက်လုံးက ဒီအချက်နဲ့ဘဲ ပတ်သတ်လာခဲ့တာဆိုတော့ ဖုံးထားစရာမလိုတော့ပေ။

သူမ ယုံကြည်လဲရပေမဲ့ သူမ ရိုးသားပွင့်လင်းရမည်။

သို့သော် ကျန်းယွီ သူမအတိတ်ဘဝအကြောင်းပြောပြတော့မဲ့အချိန်မှာ ရုတ်တရက် ဖုန်းထဲသို့ [Knowledge] Appရဲ့ ဝန်ဆောင့်မှုအကောင့်ကနေ မက်ဆေ့တစ်စောင်ပေါ်လာသည်-

"သတိပေးချက် - လုပ်ငန်းလုပ်နေစဉ်အတွင်းမှာ ပြန်မွေးဖွားလာသူက အတိတ်ဘဝအကြောင်းကို လျှောက်မပြောရပါ။ ဒီဘဝရဲ့ဖြစ်လာခြင်းအကြောင်းကိုလည်း ဖောက်သည်ကို ပြောမပြရပါ။ မဟုတ်ရင် အချိန်ကမောက်ကမဖြစ်သွားပြီး ပြန်မွေးဖွားလာသူရဲ့အကောင့်ထဲက ငွေကြေးတွေအနုတ်ခံရပြီး သုညအထိပြန်ရောက်သွားကာ ပြန်မွေးဖွားလာသူသည် ပျောက်ကွယ်သွားမည်"

ကျန်းယွီ - ...

သူမ ပြောမပြနိုင်တော့ပေ!

ချူးလီ အသိပြန်ကပ်လာပြီး သူမကို အေးစက်စက်စိုက်ကြည့်လာသည်။ "မင်း ရှင်းပြမှာကို စောင့်နေတယ်"

ကျန်းယွီ ဖုန်းကိုကိုင်လျက် ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးကာ တစ်ခုခုပြောဖို့စီမံရသည်။

ချူးလီက ထက်မြတ်လွန်းသည်၊ သူ့ဆီကနေဆို မျက်လုံးထဲကနေတောင် သဲလွန်စတစ်ခုမှ ဖုံးထားလို့မရဘူး၊ ဘယ်အလိမ်အညာမဆို သူ့အကြည့်အောက်မှာ ပေါ်သွားနိုင်သည်။

သူမမှာ အခြားရွေးစရာမရှိတော့ပေ၊ လုပ်နိုင်တာဆိုလို့...တရားခံက အရင်တရားစွဲမည်။

"ချစ်သူလေး၊ ငါပြောပြလို့မရဘူး၊ ဒါဘယ်နခုနှစ်တောင်ရှိနေပီလဲ၊ နင်က အပျိုကိုဘဲ တောင့်တတာလား"

ချူးလီရဲ့အမူအယာက တောင့်ခဲသွားပြီး မျက်နှာထားအေးအေးနှင့် ရှင်းပြလာသည်။ "ကိုယ်က အဲ့လိုသဘောမဟုတ်ပါဘူး၊ အဲ့လိုမျိုးတွေကိုလဲ ဂရုမစိုက်ဘူး"

"အဲ့တာဘဲလေ"

သူမရဲ့ ဂရုမပြုပေါ့ပျက်ပျက်ပုံစံက သူ့ကိုတဖန်စိတ်တိုလာစေသည်။ သူမအဖေနေရာဝင်ပီးတော့သာ ဒီကောင်မလေးကို သင်ခန်းစာကောင်းကောင်းသင်ပေးချင်မဲ့ သူ မလုပ်နိုင်တာကြောင့် သူမအဝတ်တွေကိုသာ အတွန့်တွေထပ်သွားတဲ့အထိ တင်းတင်းကြပ်ကြပ် ဆုပ်ချေနေခဲ့သည်။

"ရှောင်ယွီ...ကိုယ်နှလုံးသားနာကျင်နေမှန်း မင်းသိမှာပါ၊ ဘယ်လိုလုပ်ပြီး လျစ်လျူရှူနိုင်ရတာလဲ!"

အတိတ်တစ်ချိန်က သူမရဲ့ဆိုး‌ဆိုးဝါးဝါး အတွေ့အကြုံတိုင်းက သူ့နှလုံးသားပေါ် ကျရောက်နေပြီး အရိုးထဲထိပါ သွေးစတွေစွန်စထင်းလာသည်။

ကျန်းယွီ ချူးလီကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လာပြီး သူ့မျက်နှာတင်းတင်းကို ပွတ်သပ်ပေးလာသည်။ "ချူးလီ၊ ငါက နင်တွေးထားသလို ဖြူစင်လှပမနေဘူး၊ ကျောက်နန်းဆောင်ကြီးထဲက နတ်သမီးမဟုတ်သလို ဆိုးဝါးလှတဲ့လောကကြီးထဲ ဖြူစင်ရိုးသားပြီး ရိုမတ်တစ်ဆန်တဲ့ ကောင်မလေးလည်း မဟုတ်ဘူး"

ကလေးဘဝကတည်းက မိဘတွေဆီက အချစ်ခံရမှသာ၊ နွေးထွေးပြီး ချမ်းသာတဲ့ အသိုက်အဝန်းကြားမှာပျိုးထောင်ခံရမှသာ၊ အဲ့ကောင်မလေးက အရုပ်ကလေးလို ရိုသားဖြူစင်စွာ ကြီးပြင်းလာနိုင်မည်။

ကျန်းယွီက ရက်စက်လှတဲ့လောကကြီးကို ကြုံတွေ့ပီးပီ၊ လောကကြီးရဲ့မတည်မြဲခြင်းကိုလည်း မျက်မြင်တွေ့ပီးပီ၊ မကောင်ဆိုးဝါးတွေနဲ့တောင် ရင်ဆိုင်ပီးပီ...

ဒါ့ကြောင့်လည်း သူမက ချူးလီရဲ့ နွေးထွေးတဲ့နှလုံးသားကို အရမ်းမြတ်နိုးမိပြီးတော့ သူ့ကိုလက်ခံဖို့ ဒဏ်ရာရနေတဲ့ သူမနှလုံးသားကိုတောင် ဖွင့်ပေးခဲ့သည်။

သို့သော် သူကသာ သူမကို ဒီလိုမျိုးလက်မခံနိုင်ရင်၊ သူတို့နှစ်ယောက်က မသင့်တော်ကြဘူးလို့သာ အဓိပ္ပာယ်ဆောင်မှာဘဲ။

ကျန်းယွီ မတ်တပ်ရပ်လိုက်ပြီး သူမဝတ်စုံကို ပြန်ဖြန့်ကာ ပြောလိုက်သည်။ "ငါ နောက်အခန်းထဲ သွားအိပ်မယ်"

ချူးလီ ကုတင်ပေါ်တွင် သတိလက်လွတ်ထိုင်လျက်သားနှင့် ထွက်သွားတဲ့ သူမကို မတားဘဲ ကြည့်နေခဲ့သည်။

All Chapters