← Chapters

Chapter 73

Vol. 7 Ch. 73

Chapter 73

Vol. 7 Ch. 73

ကျန်းယွီက နောက်အခန်းတံခါး ဖွင့်ပြီး ကုတင်အလွတ်ကြီးပေါ်မှာ လှဲချလိုက်ကာ မျက်နှာကျက်ကို တွေတွေကြီး စိုက်ကြည့်နေခဲ့မိသည်။

အရင်အလုပ်ကိစ္စတွေတုန်းက အတိတ်နှင့် ပစ္စုပ္ပန်အကြောင်းတွေကို သူမ မှားပြောမိဖူးပေမဲ့ ဖောက်သည်တွေက အဓိပ္ပာယ်မရှိတာတွေ‌ ပြောတယ်ဆိုပြီး တစ်ခါမျှမယုံကြပေ။

အဲ့အချိန်တုန်းက [Knowledge] Appက သူမကို အပြစ်မပေးခဲ့ပါချေ။

အခြားသူတွေက မယုံပေးမှာ သေချာလို့များလား။

ချူးလီကိုကျ သေချာရှင်းပြရင် သူ ယုံပေးလောက်မှာ။

ဒီအကြောင်းပြချက်ကြောင့်ဆိုရင်တော့ App က သူမကိုပြောခွင့်ပေးမှာ မဟုတ်ပေ။

ကျန်းယွီ အဖြေမရှာနိုင်တော့တာကြောင့် စဉ်းစားတာရပ်ပစ်လိုက်ပြီး ခွင့်ပြုမထားမှတော့ မပြောတော့ဘူးပေါ့။ သူမအတိတ်ဘဝအကြောင်း ချူးလီကို ပြောပြဖို့လည်း မလိုပါဘူးလေ။

ကျန်းယွီ သူမဘာသာသူမ အတိတ်က ပြီးသွားပီဆိုတာ လက်ခံဖို့ကြိုးစားခဲ့ရပြီး အခုလည်း ဘဝအသစ်ပြန်ရနေပြီလေ။

သူမကိုယ်ကိုတောင် အသစ်တစ်ခုနှင့်အစားထိုလဲလိုက်ပြီးပြီဟာကို သူမမှတ်ဉာဏ်တွေကလည်း မခံမရပ်နိုင်လှသော အနိုင်ကျင့်ခံခဲ့ရတဲ့ အတိတ်ဘဝကြီးမှာ နစ်မြှုပ်မနေသင့်တော့ပေ။

ဒီညက သူမနှင့် ချူးလီအတွက် အရေးကြီးဆုံးညဖြစ်လာမယ်လို့ ထင်ခဲ့ပေမဲ့ အဲ့ဒီ့မှတ်ဉာဏ်ဆိုးတွေ ဖျပ်ဆီးနှောက်ယှက်တာခံလိုက်ရသည်။

ကျန်းယွီ အများကြီး အတွေးမလွန်တော့ဖို့ ဆုံးဖြတ်လိုက်ပြီးတော့ အိပ်ချင်လာ၍ အိပ်လိုက်တော့သည်။

နောက်တစ်နေ့တွင် နေမြင့်တဲ့အထိ အိပ်ပျော်နေခဲ့ပြီး သူမနိုးလာတော့ နေလည်တောင် ရောက်နေပြီပင်။ သူမဘာသာ ဆေးကြောသန့်စင်လိုက်ပြီး ညနေကျ ချန်ယဲ့ရဲ့ရှိုးပွဲကိုသွားရမှာမလို့ မိတ်ကပ်ပါးပါးကြည်ကြည်လေးလိမ်းလိုက်သည်။

ကျန်းယွီက သူမအဖေအရင်းနှင့် မကြာခင် တွေ့ရတော့မှာမလို့ အနည်းငယ်စိတ်လှုပ်ရှားမိသည်။

သူမကိုယ်တိုင် အထူးပြင်ဆင်ထားတဲ့ ဝတ်စုံလေးလဲလိုက်ပြီး သူမရှူးဖိနပ်ကိုတောင် အဝတ်စိုနှင့်ပြောင်နေအောင် သုတ်လိုက်သေးသည်။

သူအခန်းအပြင်ထွက်လာတော့ ကော်ရစ်ဒါတစ်ဖက်ကို မှီနေတဲ့ ချူးလီကိုမြင်လိုက်ရတော့ အချိန်အတော်ကြာစောင့်နေခဲ့ပုံပေါ်သည်။

သူက ရိုးရှင်းတင့်တယ်သည့် အဖြူရောင်‌ရှပ်အင်္ကျီကိုဝတ်ထားပြီး သူ အရင်က ဒီလိုမျိုးတွေဝတ်ခဲတော့ အရင်နဲ့မတူတဲ့ အရှိန်အဝါတစ်မျိုးထွက်နေသည်။

ကလေးကတည်းက ဆိုးဝါးလှတဲ့အရာတွေကို မတွေ့ကြုံခဲ့ရဘဲ ကျန်းမာပြီး ပညာရှိမိသားစုမှာသာ ကြီးပြင်းခဲ့ရလျှင်တော့ အခု သူဖြစ်နေတာထက်ပိုပြီး အကောင်းဆုံး သွင်ပြင်ဖြစ်မှာလို့ ကျန်းယွီ မတွေးဘဲမနေနိုင်ပေ။ 'အဆင့်ကောင်းကောင်းတွေ၊ ရယ်မောရတာနှစ်သက်မယ်၊ မို့ရှန့်လိုမျိုး gentleman တစ်ယောက်၊ ချောမောလှတဲ့ လူငယ်လေး၊ သိမ်မွေ့တယ်၊ ဖြူစင်တယ်'

ချူးလီက သူမကို စောင့်နေခဲ့ပုံပေါ်သည်။ သူမထွက်လာတာလည်းမြင်ရော လှည့်ထွက်သွားပြီး ဘာတစ်ခွန်းမျှမပြောဘဲ ဓာတ်လှေကားဆီလျှောက်သွားလေသည်။

ဓာတ်လှေကား တံခါးကိုဖွင့်ပြီးတော့ သူမကိုလှည့်ကြည့်လာသည်။

ကျန်းယွီ အလျင်အမြန် ခြေကုန်သုတ်ကာ ဓာတ်လှေကားထဲက သူ့နောက် မှီအောင်လိုက်ရသည်။

သူ့နောက်မတ်တပ်ရပ်လိုက်တော့ သူ့ပုခုံးပေါ်က သူမရဲ့ကာတွန်းများနှင့် အမျိုးသမီးလက်ဆွဲအိတ်ကို မြင်လိုက်ရသည်။ လက်ဆွဲအိတ်က ကြွကြွရွရွလေး သူ့ပုခုံးပေါ်မှာတွဲချိတ်နေတာက အနည်းငယ် ရှက်စရာကောင်းသည်။

ဓာတ်လှေကားကနေ ထွက်ပြီးတော့လည်း သူက သူမကိုလျစ်လျူရှူကာ လမ်းတစ်ဖက်ခြမ်းကိုတည့်တည့်လျှောက်သွားပြီး တက်စီငှားကာ တက်သွားသည်။

ကျန်းယွီလည်း သူ့နောက်က ဒုန်းဆိုင်းလိုက်ပြီး တက်စီထဲ ဝင်ထိုင်လိုက်သည် - "မစ္စတာ၊ အိုလံပစ်အားကစားစင်တားကိုသွားမှာ"

တက်စီက စတင်ထွက်ခွာလာပြီး ဘယ်တစ်ဖက် ညာတစ်ဖက် အကွာအဝေး တော်တော်ခြားပြီး တစ်ဖက်စီမှာထိုင်နေကြသည်။

ချူးလီက စကားတစ်ခွန်းမျှ မပြောသေးဘဲ မျက်နှာသေကြီးနှင့် ‌ပြတင်းပေါက် အပြင်ကိုကြည့်နေခဲ့သည်။

တကယ်ကြီး စိတ်ဆိုးသွားတာပဲ။

ကျန်းယွီ မဝံ့မရဲ သူ့ဘေးကိုလက်ချလိုက်သည်။ ပုံမှန်ဆိုရင် သူမက သူ့ကို ဖွဖွလေးထိလိုက်တာနှင့် အဲ့ဒီ့လူက လျှပ်စစ်ရှော့တိုက်ခံရသလို သေချာပေါက် ခံစားရပြီး တစ်ကိုယ်လုံးကတုံ့ပြန်လာသည်...

ဒါပေမဲ့ ဒီနေ့တော့ သူက အဲ့လိုခံစားရပုံမပေါ်ပေ။

ခံစားရပေမဲ့ မခံစားရသလို ဟန်ဆောင်နေတာဘဲ။

ကျန်းယွီ အသက်ပြင်းပြင်းရှူပြီး လက်ကိုဖယ်လိုက်သည်။

အဲ့ဒီ့ရှုပ်ရှပ်ခက်နေတဲ့ အတွေ့အကြုံတွေကြောင့်မဟုတ်ဘဲ ချူးလီက သူမကိုစိတ်ပူနေပြီး ချစ်တာကို သူမသိသည်။

ဒါပေမဲ့ သူမ ရှင်းမပြနိုင်ဘူးလေ၊ ရှင်းမှမပြနိုင်တာ။

ထားလိုက်တော့၊ သူ နောက်ကျနားလည်သွားမှာပါ။

နာရီဝက်လောက်ကြာတော့ တက်စီက အိုလံပစ်အားကစားစင်တာ ကွင်းကြီးရှေ့တွင် ထိုးရပ်သွားပြီ။

ကွင်းရှေ့တွင် လူတွေ ပင်လယ်ကြီးလောက် ရှိနေပြီး ပရိသတ်တွေအကုန်လုံးက လာပြီးတန်းစီပြီး ဝင်ဖို့စောင့်နေကြသည်။

ရှိုးပွဲလက်မှတ်တွေက အရောင်းတင်ပြီး မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတာက ချန်ယဲ့ရဲ့ပရိသတ်တွေက သူ့ကိုဘယ်လောက်ရူးသွပ်ကြောင်းပြနေသည်။

ချူးလီ လူအုပ်ထဲဝင်သွားပြီး အတိုးအဝှေ့မခံရဘဲ ရပ်စောင့်နိုင်မဲ့နေရာကို ရှာနေသည်။ သူ့လှည့်ကြည့်လိုက်တော့ ကောင်မလေး ကျန်းယွီရဲ့ပိန်ပိန်ပါးပါးပုံရိပ်လေးက လူအုပ်ကြီးကြောင့် ဟိုးးးမီတာအဝေးမှာကျန်နေခဲ့လေသည်။

စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီးတော့ မနေနိုင်ဘဲ ပြန်လှည့်မိကာ လူအုပ်ထဲတိုးခွေ့ပြီး သူမ့လက်ကောက်ဝတ်လေးကို သွားဆွဲပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် အိုလံပစ်အားကစားစင်တာရဲ့ တံစက်မြိတ်အထိ ဆွဲခေါ်သွားပြီးကာ အဖွင့်စောင့်ရန် တိတ်ဆိတ်သည့် ထောင့်တစ်နေရာကို တွေ့လိုက်ရသည်။

မတ်တပ်သေချာရပ်နိုင်တာနှင့် ချူးလီက မတုံ့ဆိုင်းဘဲ ချက်ချင်း ကျန်းယွီကို လွှတ်ပေးလာသည်။

သို့သော် ကျန်းယွီကတော့ သူ့လက်ကိုတွဲထားတုန်းဖြစ်သည်။

ချူးလီ ခါချဖို့လုပ်လိုက်ပေမဲ့ ကောင်မလေးက သူ့လက်ချောင်းတွေကို စုပ်ခွက်လို ခေါင်းမာမာနှင့် ဆုပ်ထားရင်း သူ့လက်ကိုကိုင်ထားဆဲဖြစ်သည်။

ချူးလီ ခဏလောက် တုံ့ဆိုင်းနေခဲ့ပေမဲ့ သူ့လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

ဘာပဲဖြစ်နေပါစေ နောက်ဆုံးကျတော့လည်း နှလုံးသားနုနေဆဲပေ။

သူမကို ဥပေက္ခာ မပြုနိုင်ပေ။

"ငါ နင့်ကို ထပ်ရှင်းမပြပေးနိုင်တော့ဘူး၊ ငါရှင်းပြလို့မရလို့ပါ" ကျန်းယွီက ဘေးနားယှဉ်ရပ်ရင်း နူးနူးညံ့ညံ့လေး ပြောလာသည်။ "ဒီကိစ္စကြောင့် နင် ငါနဲ့အငြင်းပွားချင်နေရင် ငါဘာလုပ်ရမှန်းမသိတော့ဘူး"

ချူးလီ ပြန်ပြင်ထားတဲ့ သူ့ခြေထောက်ပေါ်က AJ sneaker တစ်စုံကို ငုံ့ကြည့်ရင်း အေးအေးဆေးဆေးပြောလာသည်။ "မင်းက ကိုယ့်ကို အမှန်တရားသိခွင့်မပေးဘဲနဲ့ စိတ်ကျမတိုစေချင်ဘူးပေါ့၊ ကိုယ်ကဘာလဲ၊ မင်းက ခွေးမွေးထားတာလား"

"နင်က ခွေးပါလို့ ငါမပြောခဲ့ဘူး၊ တူကောင်းတူနေနိုင်ပေမဲ့ ငါက နင့်ကို ငါ့ချစ်သူလေးလို ဆက်ဆံတာလေ..."

"..."

"ငါပြောချင်တာက နင်က ခွေးလေးလိုကောင်းပေမဲ့ နင်...နင့်မှာ ငါမခံနိုင်တော့တဲ့အထိ နှာခေါင်းသွေးတတောက်တောက်ကျစေတဲ့ အဲ့ဒီ့ abs တွေနဲ့ ကောင်းမွန်လှတဲ့သွင်ပြင်ရှိတယ်လေ"

ချူးလီက သူမ့လက်ဖဝါးကို အားနှင့်ဖိဆိတ်လာသည်။ "စိတ်လှုပ်ရှားရတယ်မလား"

ကျန်းယွီက နာတာကိုတောင့်ခံပြီး အပြုံးကြီးနှင့် သူ့အင်္ကျီလက်ကို ဆွဲရမ်းလိုက်သည်။ "အခုစိတ်မဆိုးတော့ဘူးမလား"

"မဖြစ်နိုင်တာ"

ကျန်းယွီက စိတ်ပျက်အားလျော့စွာ ပြောလာသည်။ "ငါအရင်က ဆိုးဆိုးဝါးဝါးတွေကြုံတွေ့ခဲ့ရပြီးတော့ အဲ့ဒီ့အရာတွေက ငါ့မှတ်ဉာဏ်တွေထဲမှာ ထာဝရ ထင်းကျန်နေဦးမှာဘဲ။ ဒါပေမဲ့ ငါ နင့်နဲ့အသစ်ပြန်စချင်တယ်၊ ငါ့ကိုအခွင့်အရေးပေးလို့ရမလား"

"ကိုယ် မင်းအကြောင်းကို သေချာသိချင်တယ်၊ ခက်ခဲလို့လား"

"ဒါနဲ့ နင်လည်း ငါ မပြောချင်တဲ့အရာတွေမပြောဘဲနေလို့ရတဲ့ ငါ့အခွင့်အရေးကို လေးစားပေးရမယ်"

ချူးလီက လှောင်လေသည်။ "အိုကေ၊ အဲ့ဒါ့ဆိုရင် မင်းလည်း ကိုယ်စိတ်တိုချင်ရင် စိတ်တိုလို့ရတဲ့ အခွင့်အရေးကို လေးစားပေးလေ"

ပြောလို့ပြီးတော့ သူက သူမလက်ကိုခါချလိုက်သည်။

ကျန်းယွီ လူငယ်လေးရဲ့ကို့ယို့ကားယား အမူအယာလေးကိုမြင်လိုက်ရတော့ ဒီနေ့လည်း သူထပ်ပြီး သေတော့မလိုစကားများတော့မှာဆိုတာ သိလိုက်ရသည်။

ချူးလီက သူမ့အကြောင်းအကုန်လုံးကို သိချင်စိတ်ပြင်းပြနေတာသိပေမဲ့ သူမတကယ်ကြီး ပြောလည်းမပြနိုင်သလို ရှင်းလည်းမပြနိုင်ပေ။

မိနစ်အနည်းငယ်ကြာတော့ ချူးလီက လေသံနက်နက်နှင့်ပြောလာသည်။ "ရှောင်ယွီ၊ မနေ့ညက ကိုယ်တစ်ညလုံးအိပ်မရဘူး"

ကျန်းယွီ သူ့ကိုကြည့်လိုက်တော့ သူက ခေါင်းငုံလျက်သားနှင့် ခြေထောက်အောက်က ကျောက်တုံးလေးကို ကန်ထုတ်လိုက်ပြီး သူ့မျက်ဝန်းတွေထဲမှာ ဝမ်းနည်းရိပ်တွေ ထင်ဟပ်နေသည်။ "ကိုယ်အရင်က ဆိုးဝါးတဲ့ဖြစ်ရပ်တွေကြုံခဲ့ရပေမဲ့ မင်းလည်း ကိုယ့်လိုမျိုးကြုံခဲ့ရတာများလားလို့ တွေးမိရင် ကိုယ့်နှလုံးသားကြေကွဲရတယ်..."

"ချူးလီ"

"ဒါပေမဲ့ မင်းက ဘာမှမပြောပြဘူး" နောက်ဆုံးတော့ သူခေါင်းထောင်လာပြီး သူမကို တွေတွေလေးစိုက်ကြည့်လာပေမဲ့ သူ့အသံတွေက အက်ကွဲနေခဲ့သည်။ "မင်း ကိုယ့်နှလုံးသားကို သတ်ဖို့ကြိုးစားနေတာလား"

သူ့နောက်ဆုံးစကားက ကျန်းယွီကို ‌ထိုးနှက်လာသည်။

ဘယ်ယောက်ျားကမှ သူမကိုဒီလိုမျိုး နာကျင်အောင်မလုပ်နိုင်ခဲ့ဖူးဘူး။

"ချူးလီ၊ တစ်နေ့ကျ ငါ နင့်ကိုအကြောင်းစုံအကုန်ပြောပြပါ့မယ်၊ ဒါပေမဲ့ အခုကတော့ ငါတကယ် ပြောပြလို့မရလို့ပါ" ကျန်းယွီ ရိုးရိုးသားသား ပြောပြလိုက်သည်။ "ငါ နင်နဲ့အတူရှိတဲ့ အနာဂတ်ကို လိုချင်တယ်၊ အနာဂတ်မှာ ဟန်မဆောင်စတမ်း နင်နဲ့အတူတူရှိချင်တယ်"

သူမ မပြောချင်လျှင် သူဘယ်လောက်ဖိအားပေးပေး သူလိုချင်တာရမှာမဟုတ်မှန်း ချူးလီသိပါသည်။

သူပြန်ပြောလိုက်သည်။ "ဒီအငြင်းပွားတာ လုံးဝမလုပ်ရ"

အချိန်တစ်ခုလောက်တော့ ဒီအကြောင်းတွေကိုဘေးဖယ်ထားပြီး ဒါတွေထက်အရင် အရေးကြီးဆုံးအရာကိုလုပ်ပြီးကာမှ ပြောကြတော့မည်။ သူတို့မှာ အချိန်တွေအများကြီးရှိပါသေးသည်။

"အာ့ဆို စိတ်မဆိုးပါနဲ့‌တော့" ကျန်းယွီက သူ့နားကပ်လာပြီး သူ့လက်ဖမိုးကို မထိတထိလေး ထိကပ်လာသည်။ "စိတ်ဆိုးနေတုန်းလား"

ချူးလီရဲ့လက်က သူမ ပုခုံးခေါ်ရောက်လာကာ သူမ့ကို‌ဆွဲဖက်လိုက်ပြီးတော့ နက်နက်ရှိုင်းရှိုင်းနာကျင်နေရလည်း သူမ နဖူးကို ညင်ညင်သာသာလေးနမ်းရှိုက်လိုက်သည်။ "ကိုယ်မင်းကို ကာကွယ်ပေးမယ်"

သူမကိုနမ်းလိုက်တဲ့အခိုက်အတန့်မှာ...

သွေးစွန်းထင်းနေတဲ့ သူမရဲ့လက်တွေ၊ သွေးအိုင်ထဲကျနေတဲ့ ဓားမြှောင်တစ်ချောင်း၊ သူမဘေးက ဇကာပေါက်တွေလို ဓားထိုးခံထားရတဲ့ အပေါက်တွေနှင့် အလောင်းတစ်လောင်း...အလောင်းဘေးမှာ သူမရဲ့သွေးတွေစွန်းထင်းနေတဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီးတော့ သူမ လက်ဖမိုးကို ဖြေရှင်းပေးသလို ငုံ့နမ်းလာတဲ့ အမျိုးသားတစ်ယောက်...ပုံရိပ်အပိုင်းဆက်တွေကို ရုတ်တရက်ကြီး ကျန်းယွီမြင်ယောင်လိုက်ရသည်။

အဲ့ဒီ့နောက် သူမ နားထဲကို ရဲကားသံတွေဝင်လာသည်။

ယူနီဖောင်းအပြည့် အကြမ်းဖက်ထောက်လှမ်းရေး ရဲတွေလက်ကနေ ထွက်ပြေးရင်း သူမဘက်ပြန်လှည့်ပြီး ပြုံးပြကာ ပါးစပ်လှုပ်ပြောလာသည်။ "ကိုယ် မင်းကိုကာကွာ်ပေးမယ်"

ဒါက...?

ကျန်းယွီ အရင်က ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးပေမဲ့ အလွန်အကြူးဝမ်းနည်းလာမှုက သူမကို ထိန်းမရသိမ်းမရငိုကြွေးစေခဲ့သည်။

အလွန်လက်တွေ့ကျသည်၊ သူမကိုယ်တိုင် ကြုံခဲ့ရသလိုမျိုး တကယ်လိုကြီးဘဲ။

ကျန်းယွီ မျက်ရည်တွေ စီးကျလာတာမြင်တော့ ချူးလီ မျက်မှောင်ကြုံ့သွားရသည်။ "ဘာလို့ငိုနေတာလဲ"

"မသိဘူး၊ ခုနက နင်ပြောလိုက်တဲ့စကားကြောင့် အလိုလိုဝမ်းနည်းလာလို့" ကျန်းယွီနှာတရှုံ့ရှုံ့နှင့် တိုးတိုးလေးပြန်ဖြေလေသည်။ "နင်က ငါ့ကို အမြဲကာကွယ်ပေးခဲ့တဲ့ပုံပေါ်တယ်...အမြဲတမ်း..."

"အရူးမလေး" ချူးလီက ဒေါသတကြီး သူမမျက်လုံးထောင့်က မျက်ရည်တွေကို သူ့အင်္ကျီလက်နှင့်သုတ်ပေးနေသည်။ "ခဏနေ မင်းရဲ့အဖေကို သွားတွေ့ရတော့မှာကို မိတ်ကပ်တွေ ဖျက်မနေနဲ့လေ"

"အင်း!"

ကျန်းယွီက တဆတ်ဆတ် ခေါင်းညိမ့်ပြလာပေမဲ့ အကြောင်းကြောင်းကြောင့် သူမ မျက်ရည်အိတ်တွေကိုမထိန်းချုပ်နိုင်‌ခဲ့ပေ။

မျက်ရည်တွေက သူမရဲ့ဘဲဥမျက်နှာပေါ် မိုးရည်‌တွေလိုစီးကျနေခဲ့ပြီး တကယ့်ကိုဝမ်းနည်းမှုတွေ အလုံးလိုက်မြိုချထားပုံရသည်။

သူမကို ဒီလိုမြင်ရတာက ချူးလီကို စတင်ထိတ်လန့်လာစေသည်။

သူမကို ဒီလိုမျိုးစိတ်အနှောက်ယှက် ဖြစ်သွားစေဖို့ သူတစ်ခါမှ မမျှော်လင့်ဖူးပါပေ။ "မငိုပါနဲ့၊ မင်း မင်းမသက်မသာခံစားရရင် ကိုယ့်ကို ရိုက်ချင်ရိုက်ပစ်လိုက်ပါကွာ"

"ငါ နင့်ကိုမရိုက်ချင်ဘူး ချစ်သူလေးရဲ့၊ နင့်ကို...နင့်ကိုဖက်ထားခွင့်သာပေးပါ"

ကျန်းယွီက ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချရင်း သူ့ကိုဖက်ဖို့လက်လှမ်းနေတော့ ချူးလီက အလျင်အမြန်ထိုင်ချလိုက်ပြီး ကောင်မလေးကို ဖက်ခွင့်ပေးလိုက်ရသည်။

မျက်ရည်တွေကော နှာရည်တွေကောနှင့် သူ့အဖြူရောင်ရှပ်အင်္ကျီကော်လံပေါ် ဖိပွတ်လာသည်။

"ငိုချလိုက်ပါ ဘေဘီ" သူမ့ကျောလေးကိုပုတ်ပေးနေခဲ့သလို သူ့နှလုံးသားတွေကလည်း ကြေကွဲလုနီးပါးပေ။ "ဘာအကြောင်းအတွက်နဲ့များ ငိုရတာလဲကွာ"

"ငါ့ကိုကာကွယ်ပေးမယ်လို့ နင်ပြောခဲ့တယ်လေ"

"ကိုယ်မှားသွားလား"

"နင်ကိုယ့်နင်သာ ကာကွယ်စမ်းပါ၊ ကျက်သတုံးကောင်!"

"..."

"ဟုတ်ပါတယ်၊ ကိုယ်က ကျက်သတုံးကောင်ပါ"

ကျန်းယွီ စိတ်အခြေအနေ ပြန်ကောင်းလာဖို့ ချူးလီ ဘာမ‌ဆို ဖြစ်ပေးနိုင်ပါသည်။ "ကိုယ်တို့ရဲ့ရှောင်ယွီလေးက ဒီလောက်တော်တဲ့ဟာကို၊ ရှောင်ယွီလေးကို စိတ်ဆိုးနေသေးတဲ့ကိုယ်က ကျက်သတုံးကောင်ပါ"

မျက်နှာမှာ မျက်ရည်စီးကြောင်းနှင့် နှာထိပ်လေးကော မျက်လုံးတွေကော နီရဲနေရှာသည်။ သူမက အရင်ဦးဆောင်ပြီး မှီချကာသူ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်သည်။

အခုအခေါက်ကတော့ ချူးလီက အရင်ကလိုဦးဆောင်မတိုက်ခိုက်တော့ဘဲ ကောင်မလေး သူ့ကိုပေးအပ်လာတဲ့လက်ဆောင်ကို အပြည့်အဝခံစားနေရှာသည်။

ကျန်းယွီက သူ့ကိုစက္ကန့်အနည်းငယ်လောက် နမ်းရှိုက်ခဲ့ပြီး လေသံအေးအေးနှင့် ပြောခဲ့သည်။ "နင်အမြဲကောင်းပေးရမယ်နော်၊ ငါ့ကို ဘယ်တော့မှထားမသွားနဲ့"

"ကိုယ် မသေသေးသရွေ့ပေါ့"

"သေပြီးရင်တောင် မရဘူး"

သူ့နှုတ်ခမ်းမှာ တင်ကျန်နေတဲ့ မျက်ရည်ငံကျိကျိကိုယက်လိုက်ပြီး နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။ "ကိုယ် ကတိပေးတယ်"

ကျန်းယွီ ကမ်းပါးစွန်းမှာ ထိုင်နေခဲ့ရပေမဲ့ ခဏနေတော့ စိတ်ပြန်တည်ငြိမ်လာသည်။

ခုနလေးတုန်းက သူမမြင်လိုက်ရတဲ့ ပုံရိပ်တွေက တကယ့်လက်တွေ့ဘဝမှာ တစ်ခါမှမဖြစ်ဖူးပေ။ သူမ စိတ်ထင်ဘဲနေမှာပါ။ အတိတ်ဘဝတုန်းက သူမက ချူးလီနှင့် လုံးဝမရင်းနှီးခဲ့ဘူး၊ သူ ဖမ်းဆီးခံရတဲ့သတင်းကိုလည်း TVမှာမြင်ခဲ့ရတာဖြစ်သည်။

သူမတို့ကြားမှာ ဘာမှဆက်စပ်မှုမရှိပေ။

တစ်ခါမှမဖြစ်ဖူးတာတွေကို လေထဲတိုက်အိမ်ဆောက်မိတဲ့အထိ ဒီဘဝမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတိုးတက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရုတ်တရက်ကြီး၊ ညံ့သွားသလို...ခံစားရသည်။

တစ်ခါမှမဖြစ်ဖူးတဲ့ အရာအတွက်နဲ့ မြစ်ဝါမြစ်ကြီးရေကာတာကျိုးကျသလို ငိုကြွေးလိုက်ရတယ်လို့၊ ဘယ်လောက်တောင်တုံးလိုက်လဲ!

ကျန်းယွီ မိတ်ကပ်မှန်ထုတ်ကာ ရှုပ်ပွသွားလောက်တဲ့ သူမ မိတ်ကပ်အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်အားလျော့သလို ပြောလာသည်။ "သွားပါပြီ၊ ဒီလိုသရဲပုံစံနဲ့ အဖေ့ကို ဘယ်လိုတွေ့ရတော့မှာလဲ"

"ဘယ်သူက မင်းကို ဘူလီရဲမှာလံ၊ အငိုသန်လေးရဲ့"

"နင့်ကိုဘူလီမှာ!"

"..."

"အိုကေ ငါ့ကိုဘဲဘူလီတော့"

ချူးလီက သူမမျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေကို တစ်သျှူးစိုနှင့် သုတ်ပေးပြီး မိတ်ကပ်ပစ္စည်းဘူးလေးကိုထုတ်ကာ မိတ်ကပ်ပြန်ပြင်ဖို့ လုပ်ရသည်။ "ခဏနေ မင်းအဖေကို တွေ့ရတော့မှာ၊ ပထမဆုံးအကြိမ်တွေ့ရမဲ့ဟာကို ဒီလိုပုံမျိုးမမြင်စေနဲ့"

"ဒါပေါ့၊ တွေ့တွေ့ချင်း အမြင်ကောင်းအောင်လုပ်ရမှာ"

ချူးလီ ဖောင်ဒေးရှင်းတို့ဖက်လေးယူပြီး သူမ့မျက်နှာပေါ်ပုတ်ပုတ်လိမ်းပေးလိုက်သည်။ "မင်းကတော့ ဂရုမစိုက်ပေမဲ့ ပထမဆုံးအမြင်က အရေးကြီးတယ်"

"..."

ကိုယ့်ဘာသာကိုယ် ဒရမ်မာတွေခင်းနေတာ ရပ်ပေးနိုင်မလား။

All Chapters