Chapter 74
Vol. 7 Ch. 74
အိုလံပစ်အားကစား ပလာဇာရှေ့တွင် ရှိုးပွဲအကူကီရိယာတွေ၊ စတစ်ကာတွေ၊ မီးချောင်းတွေ၊ တလဲ့လဲ့တောက်နေတဲ့ ခေါင်းဆောင်းတွေကို ရောင်းချနေကြတဲ့ လပ်ပွေ့ရောင်းသူတွေ အများကြီးရှိသည်။
ကျန်းယွီ စိတ်ဝင်တစား ပတ်ကြည့်နေပေမယ့် စတစ်ကာတွေကို မဝယ်ခဲ့ပေ၊ အွန်လိုင်းပေါ်ကနေ ရယ်စရာစတစ်ကာတွေကိုအော်ဒါမှာယူပြီး ပြင်ဆင်ထားပြီးသားဖြစ်သည်။
သူမအတွက်ကတော့ ရှိုးပွဲကြည့်တာက ရှိုးပွဲကြည့်သလိုသာဖြစ်သင့်သည်။
ချူးလီ ကောင်မလေးတွေရဲ့မျက်နှာပေါ်မှာ "ချန်ယဲ့love" ဒါမှမဟုတ် "ကျစ်likesယန့်"...စတဲ့စတစ်ကာတွေကပ်ထားတာကို တွေ့ရသည်။
ကျန်းယွီရဲ့မျက်နှာပေါ်က စတစ်ကာကတော့ "ချန်ယဲ့ကငါ့အဖေ" တဲ့။
ပါးစပ်ထောင့်ကို တွန့်ကွေးလိုက်ပြီး ကောင်မလေးကို ပြန်ဆွဲကာမေးလိုက်သည်။ "သူ့ကို တွေ့ဖို့ ဘယ်လိုစီစဉ်ထားလဲ"
"ပထမဆုံး ပွဲထဲကိုဝင်မယ်၊ ဝန်ထမ်းတစ်ယောက်ကိုရှာမယ်၊ ငါ့နာမည်ကိုပြောရမယ်၊ ဒါဆိုသူတို့က ချန်ယဲ့ကိုတွေ့ဖို့ ခေါ်သွားပေးလိမ့်မယ်"
"ဒါပဲလား"
"အင်း" ကျန်းယွီ ရာဘာဓာတ်မီးချောင်းလေးနှင့် ချူးလီရဲ့ခေါင်းကိုပုတ်ကာ ရှင်းပြလိုက်သည်။ "ငါ့အဖေက ငါ့ကိုဟိုးအရင်ကတဘ်းက ကျန်းယွီလို့ နာမည်ပေးထားတာ၊ ဒီတော့ ငါ့နာမည်က ပတ်စပို့ပဲ၊ နာမည်သာပြောပြလိုက်ရင် သေချာပေါက် သူ့ကိုတွေ့လို့ရမှာ"
နေ့လည် ငါးနာရီတွင် ပရိသတ်တွေက တစ်ယောက်ပြီးတစ်ယောက် ပွဲထဲစဝင်နေကြပြီ ဖြစ်သည်။
ချူးလီ နောက်လွယ်အိတ်ကို ရင်မှာလွယ်ထားရင်း ကျန်းယွီကိုတံခါးနားတန်းစီဖို့ လက်ဆွဲခေါ်သွားရင်း မေးလိုက်သည်။ "ရှိုးပွဲအတွက် လက်မှတ်ယူလာတယ်မလား"
"ဟင့်အင်း"
ခေါင်းမော့ကာ မယုံသင်္ကာနှင့် မေးလိုက်မိသည်။ "လက်မှတ်တွေထည့်ယူလာဖို့မေ့နေတာလား"
"ဟင့်အင်း" ကျန်းယွီ ပုံမှန်လေး ဖြေသည်။ "သူ့လက်မှတ်တွေက အရောင်းတင်ပီး မိနစ်ပိုင်းလေးနဲ့ရောင်းကုန်သွားတာလေ၊ ငါတစ်စောင်တောင် မရလိုက်ဘူး"
"..."
ချူးလီ ပြောစရာစကားလုံးပင် မရှိတော့ပေ။ "ဒါဆို ကိုယ့်ချစ်သူလေးကို မေးချင်လို့ပါဗျ၊ ဘယ်လိုအထဲဝင်ကြမှာလဲ၊ နံရံကျော်တက်ပီးဝင်မှာလား"
ကျန်းယွီ ဝှေ့ကြည့်ရင်း လက်မှတ်ရောင်းသူတစ်ယောက်ကို ရှာနေသည်။ "ထူးဆန်းလိုက်တာ၊ အရင်က စတားရှိုးပွဲတွေမှာ လက်မှတ်ကောက်ဝယ်လို့ရပါတယ်၊ ဘာလို့ဒီမှာတစ်ယောက်မှမရှိရတာလဲ"
သူမက တန်းစီကျန်နေခဲ့ပြီး ကွင်းပတ်ရှာသည့် ချူးလီ ဘာမှမတွေ့၍ လက်ဗလာနှင့်ပြန်လာခဲ့သည်။ "လက်မှတ်ပြန်ရောင်းတာ ဘာမှမရှိဘူး"
"ထူးဆန်းလိုက်တာ"
"တရားဝင်လက်မှတ်အရောင်းက ပြန်ရောင်းတာကို ပိတ်ထားတာများလား" ချူးလီ ကျန်းယွီကိုကြည့်လိုက်သည်။ "အခြားနည်းလမ်းရှိသေးလား"
"နောက်ဆုံးတော့ ငါ့ဝှက်ဖဲကိုထုတ်ပြရတော့မယ်ထင်တယ်"
လူတန်းကြီး၏ အဆုံးတွင် လုံခြုံရေးစစ်ဆေးရေးနေရာရှိသည်၊ ကျန်းယွီ ရှေ့ဆက်လျှောက်သွားလိုက်ပြီး လက်မှတ်စစ်တဲ့ဝန်ထမ်းကိုပြောလိုက်သည်။ "ဟယ်လို၊ ငါက ကျန်းယွီပါ"
ဝန်ထမ်းက ငယ်ငယ်ရွယ်ရွယ် လူချောလေးဖြစ်သည်။ ကျန်းယွီကို ကြည့်ကာပြန်ပြောလာသည်။ "အို့ရှ်၊ လက်မှတ်က ဘယ်မှာလဲ"
လက်မှတ်စစ်သူက ကျန်းယွီကိုကြည့်တော့ မျက်နှာလှလှ၊ အချိုးအစားကျကျနှင့် ကောင်မလေးက သူ့ကိုချဉ်းကပ်လာပုံပေါက်တာမလို့ နည်းနည်း ရှက်သလိုလိုနှင့် ဖုန်းကိုထုတ်ကာ WeChat QR Codeကိုဖွင့်ပြီး ပြန်ဖြေလိုက်သည်။ "နာမည်က သွမ့်လီရှန့်ပါ၊ ဒီနှစ်ထဲ ၂၃နှစ်ပြည့်မှာပါ၊ လူလွတ်ပါ"
"..."
အထင်လွဲနေတာ တွေ့လိုက်ရတော့ ကျန်းယွီ အလျင်အမြန် သူမမျက်နှာပေါ်က စတစ်ကာကိုထိုးပြလိုက်ရသည်။ "မဟုတ်ဘူး၊ ချန်ယဲ့က ငါ့အဖေ၊ ငါ့ရဲ့ချစ်လှစွာသောအဖေ၊ ငါ့နာမည်က ကျန်းယွီ..." လက်မှတ်စစ်သူက ပြန်မတုံ့ပြန်နိုင်ခင် ချူးလီက သူမ့ကော်လံကိုဆုပ်ပြီး နောက်ပြန်ဆွဲလိုက်သည်။
"တော်လောက်ပီ"
ချူးလီ ကျန်းယွီကိုမလျက် အဝင်တန်းကြီးထဲကထွက်လာခဲ့ပေမဲ့ သူမကခေါင်းမာမာနှင့် ပြောနေတုန်းဖြစ်သည်။ "နောက်ဝန်ထမ်းကို စမ်းကြည့်ပါဦးမယ်၊ အဆင်ပြေမှာပါ၊ ငါ့အဖေနဲ့ငါ့အမေတွဲခဲ့ကြတုန်းက သူကိုယ်တိုင်ဒီနာမည်ရွေးပေးထားတာ၊ ငါ ဒီနာမည်ကိုသုံးနေသရွေ့၊ သေချာပေါက် သူ့ကိုတွေ့နိုင်မှာ"
ဒါက အနာဂတ်ကချန်ယဲ့ ကျန်းယွီကိုပြောခဲ့တာတွေဖြစ်ကြီး ဒါကသာ သူနှင့်တွေ့ဖို့ဖြတ်ကျော်နိုင်မှာပင်။
ကွင်းကဝန်ထမ်းတွေကို သူမ နာမည်ပြောပြနေသရွေ့ သူ့ကိုတွေ့ဖို့ မီးစိမ်းပြလမ်းဖွင့်ပေးခံရနိုင်သည်။
သို့သော် ချူးလီရဲ့စကားတွေက ကျန်းယွီရဲ့အစီအစဉ်လှလှကို ဖျက်ဆီးပစ်ခဲ့သည်။ "မင်းအဖေရဲ့စိတ်ကူးယဉ်မှုအကန့်အသတ်က မင်းကို တရုတ်မှာ နှစ်ခုမရှိတဲ့နာမည်ကို မပေးခဲ့တာဘဲ၊ မင်းတစ်ယောက်တည်းကဘဲ ကျန်းယွီဆိုတဲ့ နာမည်ရှိတာမဟုတ်ဘူး၊ ဒီနာမည်နဲ့လူတွေ သောင်းနဲ့ချီပီးရှိတာ ကိုယ်လောင်းရဲတယ်"
"..."
ကျန်းယွီ စိတ်ပျက်သွားရသည်။ ဖုန်းကိုဖွင့်ပြီး အနာဂတ်ကချန်ယဲ့ဆီ စာပို့လိုက်သည်။
ထိုအချိန်တွင် ရှဲ့ယွမ်ဆီက ဖုန်းကောလ်ဝင်လာခဲ့သည်။
ကျန်းယွီ ဖုန်းကိုင်ကာ အလန့်တကြား မေးလိုက်သည်။ "ဦးလေးရှဲ့၊ ဘာလို့ဖုန်းခေါ်တာလဲ"
"ရှောင်ယွီ၊ ဦးလေးက အခု ဟိုင်ချန်ကိုပရောဂျက်ရင်းနှီးမြှုပ်နှံဖို့ရောက်နေတာ၊ ဒီညအားတာမလို့ အတူတူညစာစားဖို့တွေ့ကြမလား၊ ဦးလေး မင်းကို ညစာအတွက် ဟိုင်ချန်က ထူးခြားတဲ့ ကောင်းကင်စားသောက်ဆိုင်ကိုခေါ်သွားပေးမယ်"
"အာ... ကံမကောင်းစွာဘဲ ဦးလေးရှဲ့ရယ် သမီး ဒီညရှိုးပွဲသွားကြည့်မလို့၊ မလာနိုင်လို့စိတ်မကောင်းပါဘူး"
"ရှိုးပွဲ?" ရှဲ့ယွမ် လေသံမြှင့်ပြောလိုက်သည်။ "ဘယ်သူ့ရှိုးပွဲလဲ"
"ချန်ယဲ့"
နာမည်ကိုကြားတော့ ရှဲ့ယွမ်အနည်းငယ် ရင်းနှီးနေသလိုခံစားရပြီး ရုတ်တရက် ဒါမနေ့ညက လုမုန့်ပြောခဲ့တဲ့အနုပညာရှင်မှန်း သတိရသွားသည်၊ ချန်ယဲ့က လုမုန့်ရဲ့ကုမ္ပဏီမှာ နာမည်ကြီးစူပါစတားဖြစ်လောက်သည်။
"ရှိုးပွဲသွားမှာ ဦးလေးကိုကြိုပြောရင် လက်မှတ်ရဖို့ဦးလေးကူညီပေးမှာပေါ့" ရှဲ့ယွမ်က နောင်တရသလိုပြောလာသည်။ "သူ့လက်မှတ်တွေက ဝယ်ဖို့မလွယ်ဘူးဆို၊ standလား infieldလား၊ stand ဆိုရင်လူကြပ်လွန်းတော့ သက်သောင့်သက်သာထိုင်လို့ရမှာ မဟုတ်ဘူး၊ infield ထဲဝင်လို့ရဖို့ ဦးလေးကို ကူညီပေးစေချင်လား"
"အာ!"
ဒီသတင်းကိုကြားတော့ ကျန်းယွီ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ဦးလေးရှဲ့၊ ဦးလေးက ဘယ်လိုနတ်သားမျိုးပါလိမ့်! သမီး...သမီးက မဝယ်ရသေးဘူး၊ လက်မှတ်ကဘယ်မှာရမလဲဟင်"
"အခုဘယ်နေရာမှာလဲ"
"သမီးက..." ကျန်းယွီဝင်ပေါက်သင်္ကေတကိုမော့ကြည့်လိုက်သည်။ "ဧရိယာBရဲ့ဂိတ်မှာ"
"ခဏလောက်စောင့်နေ"
ပြောလို့ပြီးတော့ ရှဲ့ယွမ်က ဖုန်းချသွားသည်။
ဆယ်မိနစ်လောက်နေတော့ ယူနီဖောင်းနှင့်ဝန်ထမ်းတစ်ယောက်က ကျန်းယွီဆီ ရောက်လာပြီး တလေးတစား ရိုရိုသေသေမေးလာသည်။ "သင်က မစ်စ်ကျန်းယွီလား"
ကျန်းယွီနှင့် ချူးလီ အကြည့်လျင်းဆုံမိသွားသည်။
"အင်း ငါပါ"
"ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါဗျ၊ သင့်ကိုသီးသန့်VIP ခုံတန်းဆီ ခေါ်သွားပေးပါ့မယ်"
ကျန်းယွီတို့ ဝန်းထမ်းနောက်ကလိုက်ပြီး ရူးကြောင်ကြောင် ပရိသတ်တွေ၏ အဝေးကနေ ဝန်ထမ်းလျှောက်လမ်းကိုဖြတ်ကာ အိုလံပစ်အားကစားစင်တာရဲ့ဟောခန်းဆီဝင်သွားသည်။ ထို့နောက် ပွဲရဲ့ရှေ့ဆုံးတန်းက သီးသန့်နေရာဆီ တိုက်ရိုက်ရောက်သွားသည်။
လက်မှတ်ခုံရှေ့ဆုံးတန်းမတိုင်ခင် စတိတ်စင်ရဲ့ရှေ့မှာ အထူးသီးသန့်ခုံတန်း၂တန်းလောက်ရှိပြီး ၁၀ခုံလောက်သာရှိသည်။
ပြီးတော့ ဒီနေရာက လက်မှတ်အရောင်းထဲမှာထည့်သွင်းမထားပေ။
ကျန်းယွီ ဝိုက်ကြည့်လိုက်တော့ သူမဘေးမှာထိုင်နေတဲ့သူတွေက အံ့ဩစရာကောင်းစွာ ရင်းနှီးနေတဲ့နာမည်ကြီးတွေပင်!
ဒီနေရာက...ချန်ယဲ့ရဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေအတွက်ဖြစ်ပုံရသည်။
ပြီးတော့ ကျန်းယွီနှင့်ချူးလီက အတန်းရဲ့အလယ်တည့်တည်မှာနေရာချထားခံရပြီးတော့ အထူးပေါ်လွင်နေသေးသည်။
ကျန်းယွီ ချူးလီနားကပ်ပြီး တိုးတိုးလေးမေးလိုက်သည်။ "ငါတို့ဘေးမှာထိုင်နေတဲ့ လူချောလေးက သျှိုးရိပိုင်မလား"
"မသိဘူး"
"အရည်အချင်းစစ်ပွဲကနေ အခုလတ်တလောကျော်ကြားနေတဲ့အိုင်ဒေါလေ၊ သူ့ကျော်ကြားမှုက အတဪ်မြင့်တယ်!"
ကျန်းယွီ ထပ်ပြောလိုက်သည်။ "ငါ့အချစ်ဆုံးသူငယ်ချင်းချန်ဝေ့က သူ့ကိုတအားကြိုက်တာ"
"အို့ရှ်"
ချူးလီက ဒီလူတွေကို လုံးဝစိတ်မဝင်စားပေ။
"ချစ်သူလေး၊ ငါ့ကိုလက်မှတ်တောင်းခွင့်ပေးပါနော်၊ ချန်ဝေ့ကိုသာ ပေးလိုက်ရင် သူမတအားပျော်သွားမှာ!"
ချူးလီက အသံထိန်းပြီး ပျင်းတိပျင်းရွဲပြောလာသည်။ "ဆိုရှယ်ကျသူကြီးရယ်၊ မင်း သွားစကားပြောချင်ရင် မင်းအတွက်မင်းပါ တောင်းခဲ့မှာမဟုတ်ဘူးမလား"
ကျန်းယွီက ပါးချိုင့်သေးသေးလေးပေါ်တဲ့အထိ ဖွဖွလေးပြုံးပြလာသည်။ "ငါ့ချစ်သူလေးက ငါက ကောင်လေးတွေနဲ့ လက်လွတ်စပယ်စကားသွားပြောတယ်လို့ ထင်မှာစိုးလို့ပါ"
"ကိုယ်က အဲ့လို စိတ်သဘောထားသေးသိမ်တဲ့ကောင်လေးလို့ထင်နေတာလား"
"နင်သာစိတ်မရှိရင် ငါတိုက်ရိုက်သွားမေးတော့မယ်နော်"
ကျန်းယွီ မှတ်စုစာအုပ်လေးနှင့်ဘောပင်တစ်ချောင်းကို လက်ဆွဲအိတ်ထဲက ထုတ်လိုက်ပြီး စိတ်လှုပ်ရှားမှုကိုထိန်းသလို အသက်ပြင်းပြင်းရှူကာ လှည့်ပြီး သျှိုးရီပိုင်ကိုစကားပြောမလို့လုပ်လိုက်ချိန်တွင် ချူးလီက သူမ့လက်ထဲကစာအုပ်အသေးလေးကိုလုသွားကာ သူမ့ရှေ့ကနေဦးအောင်လျှောက်သွားပြီး သျှိုးရိပိုင်ကို သွားမေးလေသည်။ "ဟိုင်း၊ တစ်ဆိတ်လောက်ပါ၊ မင်းသာအဆင်ပြေရင် ကျွန်တော့်ကောင်မလေးအတွက် လက်မှတ်လေးထိုးပေးလို့ရမလား"
ထိုကဲ့သို့ သူ့စိတ်ထားကိုမြင်တော့ သျှိုးရီပိုင်က ယဉ်ကျေးပျူငှာစွာ ဟာသများပင်ပြောကာ ပျော်ရွှင်စွာဘဲ ဘောပင်နှင့် မှတ်စုကိုယူသွားကာ မေးလာလေသည်။ "တစ်ယောက်ယောက်အတွက် နာမည်ပါရေးပေးဖို့လိုလား"
ကျန်းယွီဘာမှမပြောနိုင်ခင် ချူးလီက ဦးအောင်ပြောလိုက်သည်။ "ချန်ဝေဆီသို့ - အချစ်ဆုံးသူငယ်ချင်း ကျန်းယွီက မင်းအိုင်လ်ဒေါရဲ့အထူးအချစ်ကိုရဖို့ ကူညီပေးထားတာ၊ သူ့ကိုကောင်းကောင်းချစ်ပေးလိုက်ပါ"
ကျန်းယွီ - ...
ဘယ်သူက ဒီလိုမျိုးလက်မှတ်ရတာရှိဖူးလို့လဲ။
သျှိုးရီပိုင်က သူတို့နှစ်ယောက်ကိုစိုက်ကြည့်လာပြီး ပါးစပ်ထောင့်မှာ အပြုံးလေးနှင့် ထိုစာကြောင်းကိုစာတစ်လုံးချင်းစီ အတည်ချရေးပေးကာ အောက်ခြေတွင်လပ်မှတ်ထိုးပေးလိုက်သည်။
ကျန်းယွီက သူမမှတ်စုစာအုပ်ကိုပြန်ယူလိုက်ပြီး သျှိုးရီပိုင်ကို အလျင်အမြန်ကျေးဇူးတင်လိုက်သည်။
ကျန်းယွီဘေးမှာထိုင်နေတဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ဆံပင်တိုတိုကောင်မလေးက ကျန်းယွီကို သိချင်စိတ်ပြင်းပြစွာ မေးလာလေသည်။ "ချန်ယဲ့နဲ့ နင့်ရဲ့ဆက်ဆံရေးကဘာလဲ"
"ဒီတိုင်း..." ကျန်းယွီက သူမ့မျက်နှာပေါ်ကစတစ်ကာကိုညွှန်ပြလိုက်သည်။ "ငါ့အဖေ"
ကောင်မလေးက တခစ်ခစ်ရယ်လာသည်။ "မစပါနဲ့"
ကျန်းယွီက တုံးဆိုင်းမှုမရှိပြုံးပြလိုက်သည်။ "နင်ကကော"
"ရွေ့ဟိုင်Entertainmentရဲ့ ဥက္ကဌလုမုန့်က ငါ့အဖေလေ၊ ငါက ချန်ယဲ့ကို သဘောကျတာမလို့ အကောင်းဆုံးခုံရဖို့အတွက် သူ့ကိုအကူညီတောင်းလိုက်တာ၊ ဒါပေမဲ့ အခုတော့ နင်က အကောင်းဆုံးခုံရသွားတယ်၊ ဟီးဟီး သိချင်လို့ပါ"
ကျန်းယွီက ရိုးရိုးသားသားပြောပြလိုက်သည်။ "ဦးလေးရှဲ့ယွမ်က ငါ့ကိုကူပေးထားတာ"
"အာ၊ မအံ့ဩတော့ပါဘူး၊ ဦးလေးရှဲ့နဲ့ ငါ့အဖေက သူငယ်ချင်းကောင်းတွေလေ"
သူမဘေးက ချူးလီက လေသံနိမ့်နိမ့်ပြောလာသည်။ "မနေ့က ညစာစားပွဲနောက်ကွယ်ကလဲ သူဘဲနေမှာ"
"မသိဘူးလေ၊ ဖြစ်ချင်ဖြစ်နိုင်မှာပေါ့"
မဟုတ်ရင် ဘာလို့ မနေ့က သူမဟိုတယ်ကိုပြန်ရောက်ရောက်ချင်း ရှဲ့ယွမ်ဖုန်းခေါ်လာမှာလဲ။
ချူးလီက ရှဲ့ယွမ်အကြောင်း တွေးနေတုန်းဖြစ်သည်။ "သူက ဘာလုပ်ချင်နေတာလဲ"
ကျန်းယွီ ချူးလီနားတိုးပြီး နားနားကပ်ကာတိုးတိုးလေးပြောလိုက်သည်။ "အမှန်အတိုင်းပြောရရင် သူက ငါ့အမေကိုလိုက်နေတာနေမှာ"
"..."
ချူးလီက ဘာမှဆက်ပြောမလာပေ။ ရှဲ့ယွမ်က ကျန်းမန့်ယီအပေါ် အတွေးရှိတယ်လို့ သူ မထင်ပေ။
ယောက်ျားအချင်းချင်း ပင်ကိုသိစိတ်အရ ရှဲ့ယွမ်က ကျန်းယွီကိုပဲ အာရုံစိုက်ထားတာဆိုတာ အခိုက်အမာပြောရဲသည်။
ဒါပေမဲ့ ကျန်းယွီအပေါ်ထားတဲ့ ရှဲ့ယွမ်ရဲ့အချစ်က ယောက်ျား၊မိန်းမကြားက အချစ်မျိုးမဟုတ်ပေမဲ့ မိဘနှင့်သူ့ကလေးကြားက မေတ္တာလို့ပြောရင်ပိုသင့်လျော်သည်။
အရင်ပညာသင်ဆု အဖြစ်အပျက်တုန်းကလည်း နောက်ကွယ်ကလူက ရှဲ့ယွမ်မှန်း ချူးလီသိသည်။
ဒီတော့ သူ့အပေါ်ထားတဲ့ရှဲ့ယွမ်ရဲ့ဂရုစိုက်မှုက အရမ်းထူးဆန်းခဲ့သည်။ ..."အချစ်ပြိုင်ဘက်"ဆိုတာထက် အိမ်နှင့် ကျီးအတွက် အချစ်လို့ ပိုပြောလို့ရသည်။
ရှဲ့ယွမ်ရဲ့နည်းကို သူတကယ်ပုံဖော်လို့မရပေ။
ကောင်ကင်ကြီးက မှောင်လာပြီး ညရောက်သွားလေသည်။
မကြာခင် စတိတ်စင်ပေါ်သို့ စလိုက်မီးတွေအပြုံလိုက်ပေါ်လာပြီး ပြင်းပြသောဂီတသံနှင့်အတူ cyberpunk အဝတ်အစားနှင့် ချန်ယဲ့က တဖြည်းဖြည်းပေါ်လာပြီး စတိတ်စင်ပေါ်သို့ တက်လှမ်းလာသည်။
ဒိုင်းနမိုက်ဂီတကိုလိုက်၍ သိပ္ပံနည်းပညာရှင်တွေလိုဝတ်ထားတဲ့ အရန်အကသမားတွေနှင့် ချန်ယဲ့က စတိတ်စင်ပေါ်မှာ စက်ရုပ်အကကို ဖျော်ဖြေလိုက်သည်နှင့်ချက်ချင်း ကွင်းတစ်ခုလုံးကို ရုပ်လုံးကြွသွားစေခဲ့သည်။
သူပေါ်လာသည့်အခိုက်အတန့်မှာ ကျန်းယွီ ရင်ထဲကစိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပရိတ်သတ်တွေအားလုံးနှင့် အတူအော်ဟစ်အားပေးတော့သည်။
ကွာခြားချက်က ပရိတ်သတ်တွေက "ကိုကို" "ယောက်ျား" "အချစ်" လို့အော်ကြပေမဲ့...
ကျန်းယွီကတော့ "အဖေ" လို့အော်တော့သည်။
"အဖေကမိုက်လိုက်တာ!"
"ငါ့အဖေက တအားချောတာပဲ"
ချူးလီရဲ့ ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး ပြောစရာစကားမဲ့စွာ ပြောလိုက်သည်။ "နောက်ဆုံးအတည်ပြုချက်မလုပ်ပြီးခင်အထိ၊ မင်းဘာသာမင်း...ထိန်းချုပ်ရင်ကောင်းမယ်"
နှစ်အတော်ကြာ အဖေကို တောင့်တခဲ့တာကြောင့်ဖြစ်နိုင်ပေမဲ့ ကျန်းယွီကတော့ လုံးဝစိတ်မထိန်းနိုင်တော့ပေ။ စတိတ်စင်ပေါ်မှာ တောက်ပနေတဲ့လူကြီးနှင့် အရမ်းနီးကပ်နေပြီ။
ဒါက သူမ ကလေးဘဝကတည်းက တောင့်တခဲ့ရတဲ့အဖေဖြစ်သည်!
"သူက ငါ့အဖေ၊ သေချာပေါက်ပဲ!"
ကျန်းယွီ ချူးလီရဲ့ပုခုံးကို ရမ်းခါပစ်လိုက်သည်။ "ချစ်သူလေး၊ ငါက သူနဲ့တူတယ်ထင်လားဟင်"
ချူးလီ စတိတ်စင်ပေါ်က မျက်ရစ်နှစ်ထပ်နှင့် လူကြီးကိုကြည့်ပြီး သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။ "သူနဲ့စာရင် ရှဲ့ယွမ်က မင်းနဲ့ပိုတူတယ်လို့ တကယ်ပြောချင်နေတုန်းပဲ"