← Chapters

Chapter 75

Vol. 7 Ch. 75

Chapter 75

Vol. 7 Ch. 75

ရှိုးပွဲပြီးတော့ ရှဲ့ယွမ်က ကျန်းယွီကို‌ ဖုန်းဆက်ပြီးမေးလိုက်သည်။ "ဒီည ညစာစားပွဲရှိတယ်၊ ချန်ယဲ့လည်းလာမှာ၊ မင်းရဲ့အိုင်ဒေါနဲ့ ညစာတစ်နပ်လောက်စားချင်ရင် ဦးလေး စီစဉ်ပေးလို့ရတယ်"

ရှိုးပွဲအတွင်းခန်းမထဲ ဝင်နိုင်ရင်တောင်မှ ယေဘူယျအားဖြင့် ချန်ယဲ့ကိုစကားသွားပြောဖို့ မဖြစ်နိုင်သေးတာကြောင့် ကျန်းယွီ စိတ်ပူနေခဲ့ရသေးသည်။

အခုတော့ ရှဲ့ယွမ်က သူမကို အခွင့်အရေးကမ်းလှမ်းပေးလာတာမလို့ သေချာပေါက်ပျော်တာပေါ့။

"ဦးလေးရှဲ့ အဆင်ပြေပါ့မလား"

"မင်း လုပ်ချင်တာမှန်သမျှလုပ်ရသရွေ့ အကုန်အဆင်ပြေတယ်၊ ခဏနေ ကားအကြိုလွှတ်လိုက်မယ်နော်"

"ဦးလေးရှဲ့က တကယ်သဘောကောင်းတာဘဲ!"

ဖုန်းချပြီးလို့ ကျန်းယွီ ချူးလီကိုလှမ်းကြည့်လိုက်ချိန်တွင် ရုတ်တရက်ကြီး အနည်းငယ်စိုးရိမ်သွားရသည်။

"ချစ်သူလေး၊ ငါဘာလုပ်သင့်လဲ၊ ဒီလိုလုပ်နေရတာက ဦးလေးရှဲ့အပေါ် မကောင်းတာလုပ်မိနေသလို ခံစားရတယ်၊ သူကငါ့အမေကိုလိုက်နေတဲ့ဟာကို ငါက အမေနဲ့အဖေ ပြန်ပေါင်းဖို့အကောင်းဆုံးကြိုးစားနေတာလေ"

ချူးလီက သူမ့ဆံပင်လေးကိုသပ်ပေးရင်း ပြောလိုက်သည်။ "ရှဲ့ယွမ်က မင်းရဲ့အဖေဖြစ်ချင်နေတာက ဖြစ်နိုင်ပေမဲ့ မင်းရဲ့အမေကိုတော့ သူလုံးဝလက်မထပ်ချင်ဘူး"

"နင်ဘယ်လိုသိတာလဲ"

ချူးလီက သူ့မျက်လုံးသူ ညွှန်ပြလိုက်သည်။ "ကိုယ်မြင်နေရတယ်လေ"

ထိပ်တန်းအိပ်မွေ့ချနိုင်သူတစ်ယောက်အနေနှင့် ဘာလိုလျှို့ဝှက်ချက်ကြီးဖြစ်ဖြစ် ဘယ်လောက်အနက်ဆုံးထဲထိမြှုပ်ထားထား သူ့မျက်လုံးတွေအောက်က မပုန်းရှောင်နိုင်ပေ။

ဟော့ချန်ရဲ့သေဆုံးမှုကြောင့်သာမဟုတ်ရင် သူ့မှာအတောက်ပဆုံးအနာဂတ်ရှိလောက်သည်။

"ဒါဆို သေချာပေါက် နင့်ယူဆချက်ကြီးက မှားနေတာဘဲ" ကျန်းယွီက ယုံကြည့်ချက်ရှိရှိ ပြန်ပြောလိုက်သည်။ "ရှဲ့ယွဲ့က ကျိန်းသေပေါက် ငါ့အမေကို လိုက်နေတာ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူက ငါ့ကိုကောင်းကောင်းဆက်ဆံပေးမှာလဲ"

ချူးလီက သူမနဲ့ထပ်မငြင်းတော့ဘဲ သူမကိုကာထားပေးရင်း လူတွေပြည့်နေသည့် အိုလံပစ်အားကစားစင်တာဂိတ်ပေါက်‌ဆီ ဦးတည်လျှောက်ထွက်လိုက်သည်။

လမ်းပေါ်မှာ ရှဲ့ယွမ်လွှတ်လိုက်တဲ့ကားက အတော်ကြာရပ်စောင့်နေခဲ့လေသည်။

ကျန်းယွီနဲ့ချူး ကား‌ထဲဝင်လိုက်တာနှင့် ကားမောင်းသမားက သူတို့ကို ဟိုင်ချန်ဟိုတယ်ဆီ တန်းလိုက်ပို့ပေးသည်။

ဟိုင်ချန်ဟိုတယ်က ဟိုင်ချန်မြို့ရဲ့ ဈေးအကြီးဆုံးဟိုတယ်မဟုတ်ပေမဲ့ ဒါကနိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်းတွေက သူတို့ရဲ့အရေးကြီးဧည့်သည်တွေကို ဧည့်ခံတည်ခင်းတဲ့နေရာဖြစ်ပြီး သာမာန်ဧည့်သည်တိုင်းကို လက်မခံပေ။

ဒါ့ကြောင့် ပိုက်ဆံရှိလည်း ဝင်ချင်တိုင်းဝင်လို့မရတဲ့နေရာလို့ ပြောလို့ရသည်။

ရှဲ့ယွမ်က ဟိုင်ချန်ဟိုတယ်ရဲ့အဝင်ဝမှာရပ်စောင့်နေပြီး ကျန်းယွီအတွက် သူကိုယ်တိုင် ကားတံခါးဖွင့်ကာ ကြိုဆိုခဲ့သည်။

"မပင်ပန်းဘူးလား သမီး၊ မစားခင် နားဖို့လိုအပ်သေးလား"

"မပင်ပန်းပါဘူး၊ ကျေးဇူးတင်ပါတယ် ဦးလေး"

"ဒါဆို တန်းသွားကြမယ်လေ၊ မင်းရဲ့အိုင်ဒေါက ရောက်တောင်ရောက်နေပီ၊ လက်မှတ်လိုချင်တာတို့ ဓာတ်ပုံအတူရိုက်ချင်တာတို့ဆိုလည်း ပြဿနာမရှိဘူးနော်"

သူ့ဘေးမှာ တိတ်တဆိတ်ရပ်နေတဲ့ ချူးလီကို ဆွဲခေါ်ကာမိတ်ဆက်ပေးလိုက်သည်။ "ဦးလေးရှဲ့၊ ဒါကသမီးရဲ့ကောင်လေး ချူးလီတဲ့၊ ဦးလေး...သူ့ကိုအရင်က တွေ့ဖူးတယ်လေ"

ရှဲ့ယွမ်က ချူးလီကို ညင်သာစွာကြည့်လာသည်။ ယောက်ခထီးက အကဲဖြတ်နေသလို ချူးလီခံစားရသည်။

ကျန်းယွီ အလျင်စလို တီးတိုးလေး ကပ်ပြောလိုက်သည်။ "ဦးလေးလို့ ခေါ်လိုက်လေ"

ချူးလီက စိတ်မပါသလိုလုပ်နေခဲ့ပေမဲ့ သေချာနှုတ်ဆက်ခဲ့သေးသည်။ "‌ကျေးဇူးတင်ပါတယ် ဦးလေး"

ရှဲ့ယွမ်က ဘာမှပြန်မပြောဘဲ ဖွဖွလေးခေါင်းငြိမ့်ပြကာ ကျန်းယွီကိုသာ ဟိုင်ချန်ဟိုတယ်ထဲ ဦးဆောင်ခေါ်သွားသည်။

ဟိုင်ချန်ဟိုတယ်ရဲ့အတွင်းအပြင်အဆင်က တရုတ်စတိုင် ရှိခိုးကျောင်းပုံစံ အဆောက်အဦးနှင့် အလွန်လှပသော တံတားအသေးလေးကော အတွင်းတံတိုင်းထဲကနေ ရေတံခွန်ပုံ ရှုမျှော်ခင်းများနှင့် အထူးရသမြောက်သည်။ အတွင်းပိုင်းက အလွန်တိတ်ဆိတ်ကျော့ရှင်းတဲ့ စုကျိုးပန်းခြံကြီးလိုမျိုးဘဲ။

သီးသန့်အခန်းအတွင်းက စားပွဲဝိုင်းက အတော်ကြီးပေမဲ့ လူအများကြီးမရှိပေ။ ချန်ယဲ့က ခုနကမှရှိုးပွဲပြီးကာစဆိုတော့ အခုချိန်မှာ မိတ်ကပ်တွေမဖျက်ရသေးပေ။ အလင်းရောင်အောက်မှာ သူရဲ့မျက်နှာသွင်ပြင်က သူ့ဘေးက အသက်လတ်ပိုင်းအရွယ် လူကြီးတွေနှင့်ယှဉ်လျှင် 3Dပုံရုပ်လုံးကြွနေပြီး တကယ်ကြီးချောမောလှသည်။

ကျန်းယွီ ခုနကVIPခုံတန်းမှာ တွေ့ခဲ့တဲ့အဖြူရောင်ဝတ်စုံနှင့် ကောင်မလေး လုရှောင်ချန်ကို မြင်တော့ လက်ပြလိုက်မိသည်။ "ဟေး!"

"ဟယ်လို ထပ်ဆုံကြပြန်ပီ"

သူမ့ဘေးနားက အသက်လတ်ပိုင်းအရွယ်လူကြီးက သူမအဖေ လုမုန့်ဖြစ်မည်လို့ ကျန်းယွီထင်သည်။

ထိုသားအဖနှစ်ယောက်အပြင် တက်သစ်စအိုင်ဒေါ သျှိုးရီပိုင်က ချန်ယဲ့ရဲ့ဘေးမှာ တွဲဖက်ဧည့်သည်တစ်ယောက်အနေနှင့် ထိုင်နေသည်။

သျှိုးရီပိုင်က ချန်ယဲ့ရဲ့အလုပ်သင်တစ်ယောက်ကနေ ထောင်တက်လာခဲ့ပြီး ချန်ယဲ့က သူ့ကိုချင်ခင်တယ်ဆိုတာအနုပညာလောကထဲက လူတိုင်းသိကြသည်။ ဒါကြောင့်ရှိုးပွဲဘဲဖြစ်ဖြစ် အရေးကြီး ညစာစားပွဲဖြစ်ဖြစ် ချန်ယဲ့က သူ့ကိုခေါ်ခေါ်သွားသည်။

ညစာစားချိန်အတွင်းမှာ ကျန်းယွီက ချန်ယဲ့ကိုအကြည့်တစ်ချက်မခွာဘဲ ဆက်တိုက်စူးစမ်းနေခဲ့သည်။

ချန်ယဲ့က စကားပေါကာ ဖော်ရွေပုံရသည်။ သူပြုံးလိုက်တိုင်း ပါးစပ်‌ထောင့်မှာ ချစ်စဖွယ်ပါးချိုင်လေးနှစ်ခု ပေါ်ပေါ်လာသည်။

ရှဲ့ယွမ်နဲ့ ချန်ယဲ့မှာ ဘာမှပြောစရာမရှကြပေ။ ချန်ယဲ့ကလည်း သူ့ကိုတမင်တကာ မမြှောက်ပင့်သလို အာလပသလာပစကားကလည်း တစ်ခွန်းနှစ်ခွန်းပြီးတော့ ဆက်ပြောစရာမရှတော့ဘဲ ရပ်သွားသည်။

တစ်ဖက်မှာတော့ လုမုန့်နှင့် သူ့သမီးက ချန်ယဲ့နဲ့ သူရဲ့ပွဲဦးထွက် အတွေ့အကြုံအကြောင်းတွေ၊ သူတွေ့ဆုံဖူးတဲ့ထူးထူးဆန်းဆန်း ပရိသတ်အကြောင်းတွေ၊ အခက်ခဲဆုံး variety showရဲ့ဦးဆောင်သူအကြောင်းတွေနှင့် ပတ်သတ်ပြီး ပြောဆိုဆွေးနွေးနေကြသည်။

ကျန်းယွီက ဒီနှစ်တွေထဲ သူမအဖေ ဘယ်လိုတွေကြုံတွေ့လာခဲ့သမျှကို ‌လျှို့ဝှက်စွာသိနားလည်လညအောင် အသံတိတ်နားထောင်နေခဲ့သည်။

ဒါပေမဲ့ သားအဖနှစ်ယောက်ရဲ့စကားကြားကို ကျန်းယွီအမေးချင်ဆုံးမေးခွန်းကို ဝင်မေးခွင့်မရခဲ့ပေ။

သို့သော် အဲ့အချိန်မှာဘဲ တစ်ချိန်လုံးတိတ်နေခဲ့တဲ့ချူးလီက ရုတ်တရက်ကြီး ကောက်မေးလိုက်သည်။ "မစ္စတာချန်က နှစ်တွေအကြာကြီး လက်မထပ်ဘဲနေလာတာနော်၊ အလုပ်ကြောင့်များလား"

ရှဲ့ယွမ် အံ့ဩသွားတာထက် ချူးလီကို စိုက်ကြည့်မိသွားသည်။ နာမည်ကြီးတစ်ယောက်ရဲ့ဘဝကိုတကယ်သိချင်နေတဲ့ အတော်စပ်စုတဲ့ကလေးတစ်ယောက်ဆိုတာ သူ မပြောနိုင်ခဲ့ပေ။

အကြီးတစ်ယောက်‌အနေနှင့် ဝင်ပြောလိုက်ရသည်။ "ရှောင်လီ၊ မေးခွန်းတွေကို မေးတဲ့အခါမှာ မင်းဂရုစိုက်သင့်တယ်၊ မစ္စတာချန်ရဲ့ကိုယ်ပိုင်ဘဝအကြောင်းကိုမေးခွန်းမထုတ်ရဘူးလေ"

"Variety show အင်တာဗျူးတွေမှာ အကြိမ်ရေမနည်း ပြောဖူးပါတယ်၊ လက်မထပ်တာက ပရိသတ်တွေကြောင့်လည်း မဟုတ်သလို အလုပ်ကြောင့်လည်းမဟုတ်ဘူး"

"သိသားဘဲ!" လုရှောင်ချန်က အလောတကြီး ဝင်ပြောလာသည်။ "ဘာလို့လဲဆိုတော့ အစ်ကို့ရဲ့အချစ်ဦးကိုမေ့မရသေးလို့လေ"

လုမုန့်က သူ့သမီးရဲ့ခေါင်းကိုပုတ်လိုက်မိသည်။ "ဘာကိုအစ်ကိုလဲ၊ မင်းနဲ့ရွယ်တူမဟုတ်ဘူး၊ မင်းအဖေနဲ့တစ်ရွယ်တည်းနော်!"

"ရပါတယ်၊ ဖန်တွေက အဲ့လိုခေါ်ကြတာပဲ" ချန်ယဲ့က အပြုံးလေးနှင့်ဆက်ပြောလာသည်။ "ဘာလို့လဲဆိုတော့ မင်္ဂလာခန်းမထဲ ဝင်ချင်လာအောင်လုပ်နိုင်တဲ့သူမတွေ့သေးတာမလို့လေ၊ အရင်က အဲ့လိုတစ်ယောက်ကိုတော့ဆုံဖူးခဲ့ပေမဲ့...တစ်ခါတည်းပါ၊ ထပ်မရှိတော့ဘူး"

ကျန်းယွီ ချန်ယဲ့ကိုကြည့်ကာ သူမအမျိုးတွေကို‌မှတ်မိသွားအောင် တိုက်တွန်းချင်စိတ်ကို မထိန်းနိုင်တော့သလို ပြောပြချင်စိတ် ထက်သန်နေခဲ့သည်။

ဒါပေမဲ့ ချူးလီက သူမလက်ကိုဖိထားကာ အချိန်မကျသေးကြောင်း သတိပေးချင်နေသယောင်ရှိသည်။

ကျန်းယွီ စိတ်ပြန်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူလိုက်ရသည်။

ချူးလီက ထပ်မေးလိုက်သည်။ "မစ္စတာချန်က သဘောကျရတဲ့ မိန်းကလေးကို မမေ့နိုင်ဘူးဆိုရင် ဘာလို့ သူမကိုသွားမရှာတာလဲ"

"ပိုကောင်းတဲ့ အသစ်တစ်ယောက်ထပ်တွေ့ပီဆိုပီး လမ်းခွဲဖို့စပြောခဲ့တာက သူမကိုယ်တိုင်မလို့လေ"

ချန်ယဲ့ရဲ့မျက်ဝန်းများကျဉ်းမြောင်းသွားပြီး ဝိုင်တစ်ငုံယူသောက်ကာ ဝမ်းနည်းတကြီး ပြောလာသည်။ "အဲ့တုန်းက ကိုယ့်မှာဘာမှမရှိသေးဘူး၊ သူမကိုဆွဲထားနိုင်ဖို့ရာအရည်အချင်းမရှိခဲ့ဘူး"

လုရှောင်ချန်က ဒေါသတကြီး ဝင်ပြောလာသည်။ "ဒါဆို အစ်ကို တအားအောင်မြင်လာတာကိုသာသိရင် တော်တော်နောင်တရနေမှာ"

သူ့အချစ်အကြောင်းပြောနေရတော့ ချန်ယဲ့ရဲ့စိတ်ပါဝင်စားမှုက နစ်မြှုပ်နေရှာပြီး ပန်းကန်ထဲကထမင်းတွေကိုတူနှင့်ထိုးမွှေရင်း ပြောလိုက်သည်။ "အခုချိန်မှာ သူမ့ဆန္ဒတွေအကုန်ပြည့်မြှောက်နေတဲ့ ပျော်ရွှင်စရာဘဝလေးမှာနေနေဖို့ကော သူချစ်တဲ့အမျိုးသားနဲ့အတူပျော်နေဖို့ပါ မျှော်လင့်မိပါတယ်"

ကျန်းယွီ လည်ချောင်းထဲ တစ်ခုခုစို့နင်သွားသလို မသက်မသာ ခံစားလိုက်ရသည်။

သူမအမေက ချစ်ရတဲ့ယောကျ်ားကို မတွေ့ရသေးဘဲ အခုထိတစ်ယောက်တည်းဖြစ်နေဆဲဆိုတာ သူ့ကိုတကယ်ပြောပြချင်သည်။

ပြီးတော့ ရှဲ့ယွမ်ရဲ့အာရုံက ချန်ယဲ့ပြောတာအပေါ်မှာရောက်မနေဘဲ ချူးလီကိုသာ...

သူ မေးလိုက်တဲ့ မေးခွန်းတိုင်းက ချန်ယဲ့ပြောသမျှကို အကျအနကောက်ပြီး တမင်တကာမေးနေသလို ခံစားနေရသည်။

ဘာလို့ဒီလိုလုပ်ရတာလဲ။

ရှဲ့ယွမ် ထိလူတွေရဲ့စကားဝိုင်းထဲမပါဘဲ တိတ်တဆိတ်စူးစမ်းနေခဲ့သည်။

"ကျန်းယွီ ခဏနေကျရင် ချန်ယဲ့နဲ့ဓာတ်ပုံရိုက်ကြမယ်လေ၊ အဆင်ပြေလား"

ကျန်းယွီ သူပြောတာတွေက အနည်းငယ်မူမမှန်ဘူးလို့တွေးမိ၍ ချူးလီကို သင်္ကာမကင်းကြည့်လိုက်သည်။ အရင်က သူက သူမကို ‌အရှေ့နာမည်တို့၊ နောက်ဆုံးနာမည်တို့နှင့် တစ်ခါမှမခေါ်ခဲ့ဖူးတဲ့ဟာကို အခုတော့ တမင်တကာကြီးခေါ်လာသည်။

ဒါပေမဲ့ မကြာခင်မှာဘဲ ဘာလို့ သူက ရည်ရွယ်ချက်ရှိရှိ သူမနာမည်ကို ကျယ်ကျယ်အော်ခေါ်ရတာလဲဆိုတာ နားလည်လာသည်။

ချန်ယဲ့ကအဲ့တာကိုကြားတော့ မနေနိုင်မထိုင်နိုင် တန်းမေးလိုက်မိသည်။ "မင်းနာမည်က ဘာလဲ"

ကျန်းယွီက ချက်ချင်းတူကိုချကာ ယုန်ခုန်သလိုခုန်နေတဲ့နှလုံးနှင့် ပြန်ဖြေလိုက်သည်။ "သမီးနာမည်က ကျန်းယွီပါ"

ထိုနာမည်ကိုကြားတော့ ချန်ယဲ့ရဲ့အမူအယာက သိသိသာသာပြောင်းသွားသည်။

ခေါင်းမော့ကာ မယုံနိုင်သလို ကျန်းယွီကို ဂရုတစိုက်ကြည့်လာသည်။

"မင်း...မင်းနာမည်က ကျန်းယွီလား"

"ဟုတ်"

ကျန်းယွီကလည်း သူတစ်ခုခုမှတ်မိသွားဖို့မျှော်လင့်ချက်နှင့် သူ့ကိုစိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ချန်ယဲ့က ဘဝသက်တမ်းတစ်ဝက်လောက်ကို တွေ့ကြုံလာပြီးတဲ့ လူတစ်ယောက် ဖြစ်သည်။ ခံစားချက်တွေကို ပြန်ထိန်းလိုက်ပြီး စိတ်ရှည်လက်ရှည်နှင့် မဝံ့မရဲမေးလိုက်သည်။ "ဟိုင်ချန်ကဘဲလား"

"မဟုတ်ဘူး၊ ပေချန်ကပါ"

သူအတွေးများသွားရသည်။ "ပေချန်..."

ထိုအခါ တစ်လျှောက်လုံးအသံတိတ်လာတဲ့ရှဲ့ယွမ်က ကောက်မေးလိုက်သည်။ "ဘာလို့လဲ၊ မစ္စတာချန်မှာ ပေချန်နဲ့ ပတ်သတ်ပြီး ထူးထူးခြားခြားအမှတ်တရများရှိလို့လား"

ချန်ယဲ့ရဲ့အကြည့်တွေက ပိုနူးညံ့လာသည်။ "ကိုယ်က ပေချန်ကလေ၊ ပေချန်က တက္ကသိုလ်မှာပဲတက်ခဲ့တာ"

"အဲ့ဒီလိုကိုး"

ချန်ယဲ့က ကျန်းယွီကို ထပ်မေးလိုက်သည်။ "စကားမစပ်၊ မင်းအဖေရဲ့မျိုးရိုးက ကျန်းမျိုးရိုးများလား"

လုရှောင်ချန်က ရယ်လိုက်မိသည်။ "ဘာတွေမေးနေတာလဲ၊ သူမ မျိုးရိုးကကျန်းလေ၊ သေချာပေါက် အဖေ့မျိုးရိုးဘဲနေမှာပေါဘ၊ အစ်ကိုချန်ယဲ့ သောက်တာများသွားပီလား၊ ဘယ်လိုတောင်ရယ်စရာမေးခွန်းကြီးလဲ"

"အင်း၊ အတော်သောက်မိထားတာ" ချန်ယဲ့ရဲ့မျက်ဝန်းထဲမှာ ခါးသက်မှုတစ်ချို့ဖြတ်ပြေးသွားသည်။

ဒီကမ္ဘာမှာ နာမည်တူ မျိုးရိုးနာမည်တူတဲ့လူတွေအများကြီးရှိတာကို၊ ဘယ်လိုလုပ်ပြီး သူ့ရှေ့က ကောင်မလေးက သူ့မှတ်ဉာဏ်ထဲက အမျိုးသမီးနဲ့ ပတ်သတ်မှုတစ်ခုခုရှိတယ်လို့ မဟုတ်ကဟုတ်က တွေးမိသွားတာပါလိမ့်။

ချန်ယဲ့ ဝိုင်တစ်ငုံထပ်ယူသောက်လိုက်ပြီး စိတ်ထဲရီဝေလာကာ ပါးများပင်နီနေတော့သည်။

ချန်ယဲ့ အရက်မူးသွားပြီး ခဏနေအလုပ်ကိစ္စပြောမရတော့မှာ ကျန်းယွီ စိတ်ပူသွားတာကြောင့် အလျင်အမြန်ဝင်ပြောလိုက်ရသည်။ "မဟုတ်ဘူး၊ ကျွန်မမှာအဖေ့မျိုးရိုးနာမည်မရှိဘူး၊ အမေရဲ့မျိုးရိုးနာမည်ဘဲရှိတာ"

လုရှောင်ချန်က အံ့ဩတကြီးပြောလာသည်။ "အမေ့ရဲ့မျိုးရိုးနာမည်လား"

"အင်း၊ ငါ့မိဘတွေက သူတို့ချစ်နေကြတုန်းက သဘောတူညီမှုတစ်ခုလုပ်ခဲ့တာ‌တဲ့၊ ငါ့အဖေရဲ့မျိုးရိုးနာမည်က ယောက်ျားလေးတွေအတွက်ဘဲ ပိုသင့်လျော်ပုံရတာမလို့ သူမသမီးကို ကျန်းမျိုးရိုးနာမည်ပေးတာက အနာဂတ်မှာ မိန်းမလှလေးဖြစ်လာနိုင်တယ်ဆိုပီး တွေးမိလို့တဲ့လေ"

"နင့်ရဲ့မိဘတွေက စိတ်ဝင်စားစရာပဲ"

ကျန်းယွီရဲ့စကားတွေကိုကြားတော့ ချန်ယဲ့ရဲ့မျက်လုံးမှာ ပြူးကျယ်လာပြီး သူ့လက်ထဲကတူမှာ ထိန်းမထားနိုင်တော့သလို တုန်ရီနေသေးသည်။ "မေး...မေးလို့ရမလား၊ မင်းအမေရဲ့နာမည်ကို"

"အမေ့နာမည်က..."

ကျန်းယွီပြောလို့မပြီးခင် ရှဲ့ယွမ်က ဖြတ်ပြောလာပြန်သည်။ "မစ္စတာချန်၊ ဘာတွေ တအားစိတ်ဝင်စားနေတာလဲ၊ ကျုပ်တို့ကို ပြောပြပါလား"

ရှဲ့ယွမ်ရဲ့ရန်လိုမှုကို ချန်ယဲ့ ပင်ကိုသိစိတ်အရတန်းသိပေမဲ့ သူ မကြောက်မရွံ့ ပြန်ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကိုယ့်အချစ်ဦးကောင်မလေးနဲ့ ကျန်းယွီရဲ့မျိုးရိုးနာမည်က တူနေတာမလို့လေ၊ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ကိုယ်တို့သမီးလေးကိုအနာဂတ်မှာ 'ကျန်းယွီ' လို့မှည့်မယ်လို့ သဘောတူခဲ့ကြဖူးတာမလို့ မမေးဘဲမနေနိုင်ဘူးလေ"

"အဲ့ဒါက တကယ်ကြီးတိုက်ဆိုင်မှုသာသာပါပဲ၊ ကမ္ဘာကြက ဒီလောက်ကြီးတာ အံ့ဩစရာတွေများသလို ကျန်းမျိုးရိုးဆိုတာကလည်း သီးသန့်ရှိတာမှမဟုတ်တာ"

ကျန်းယွီ ရှဲ့ယွမ်ရဲ့တုံ့ပြန်ပုံကိုကြည့်လိုက်မိသည်။ သူကသိသိသာသာ မပျော်ရွှင်နေပုံဘဲ။

တစ်ခုခုကို သတိထားမိပုံရသည်...

သူသာ ကျန်းမန့်ယီကို တကယ်ကြိုက်တာဆိုရင် အခုသူမလုပ်ရမှာနဲ့ပတ်သတ်ပြီး တကယ်စိတ်မကောင်းပေ။

ပြီးတော့ ရှဲ့ယွမ်ရဲ့အကူအညီကြောင့်သာ ချန်ယဲ့ကိုတွေ့ခွင့်ရခဲ့တာလေ။

ကျန်းယွီ အတော်ကြာအတွေးများနေခဲ့ပြီး နောက်ဆုံးတော့ အသံတိတ်သာနေလိုက်သည်။

ကိုယ်စီအတွေးများနှင့် စကားဆက်မပြောကြတော့သည့် ညစာစားပွဲကြီးက တိတ်ဆိတ်သွားခဲ့သည်။

ချန်ယဲ့ကတော့ မသက်မသာခံစားရဆုံးဖြစ်သည်။ နှလုံးသားထဲက ရောထွေးနေသော ခံစားချက်များနှင့် ကျန်းယွီရဲ့မျက်နှာသွင်ပြင်တွေကိုကြည့်ရင်း ဆက်တိုက်အကြည့်မလွှဲနိုင်ခဲ့ပေ။

သူတကယ်ကြီး အတွေးလွန်နေတာလည်း ဖြစ်နိုင်ပါသည်။ နှစ်၂၀တောင်ကြာသွားပြီဘဲ၊ သူချစ်တဲ့ကောင်မလေးကလည်း အရင်ကတည်းကလက်ထပ်သွားခဲ့ပြီပဲလေ။

ဒါပေမဲ့ သူမကိုနက်နက်ရှိုင်းရှိုင်း စွဲလမ်းနေတုန်းဖြစ်ပြီး မမေ့နိုင်သေးပေ။ သာမန်နာမည်လေးတစ်ခုကတောင် သူမက သူ့ကိုသမီးလေးမွေးပေးခဲ့တယ်လို့ တွေးထင်စေခဲ့သည်။

အဓိပ္ပာယ်မရှိလိုက်တာ။

ညစာက သူ့အတွက် အရသာမဲ့လာကာ စကားပြောဖို့စိတ်ပါဝင်စားမှုမရှိတော့သဖြင့် ထကာပြောလိုက်သည်။ "အားလုံးဘဲ၊ ဒီညရှိုးပွဲကြောင့် နည်းနည်းပင်ပန်းနေတာမလို့၊ အရင်ပြန်နှင့်ပါမယ်၊ ကျေးဇူးပြုပီးနားလည်ပေးကြပါ"

ပြောလို့ပြီးတာနှင့် သျှိုးရီပိုင်ကိုခေါ်ပြီး ပြန်ဖို့ပြင်လိုက်သည်

ကျန်းယွီ သူထွက်သွားတော့မှာကိုကြည့်ရင်း စားပွဲအောက်က သူမ လက်များကို တင်းတင်းဆုပ်မိသွားသည်။

ဒီအကြိမ် သူ့ကိုထွက်သွားခွင့်ပေးလိုက်ရင် သူ့အဖေအရင်းနဲ့ ထပ်တွေ့ဖို့အခွင့်အရေး ရှိမလာလောက်တော့ဘူး။

နှစ်တွေအကြာကြီး မရေမတွက်နိုင်အောင် အိမ်မက်ကလန့်နိုးလာပြီး ငိုခဲ့ရပေါင်းမနည်းပေ၊ ဒါတွေအားလုံးက သူမအဖေကို တွေ့ချင်ခဲ့တာကြောင့်မလား။

သူမ အနိုင်ကျင့်ခံခဲ့ရတုန်းကလည်း သူမဘေးနားမှာ မားမားမတ်မတ်ရပ်ပြီး ဒီကမ္ဘာကြီးက မတရားမှုမှန်သမျှကို တိုက်ဖျက်ပေးမဲ့ သူမအဖေကိုအများကြီးတောင့်တခဲ့ရတာဖြစ်သည်။

အခု သူမအဖေက သူမရှေ့တည့်တည့်မှာလေ၊ သူမ့နှလုံးသားထဲကနေတောင် လွမ်း‌ဆွတ်နေသေးသည်။

ကျန်းယွီရဲ့မျက်ဝန်းများ အနည်းငယ်နီရဲလာပြီး သူမ့ဘေးက ချူးလီကိုကြည့်လိုက်သည်။

ချူးလီရဲ့အကြည့်စူးစူးတွေက သူမဘာဘဲလုပ်လုပ် ထောက်ပံ့ပေးမယ်ဆိုပြီး ပြောနေသည်။

ကျန်းယွီရဲ့နှလုံးထဲက သတ္တိတွေမြှင့်တက်လာပြီး သီးသန့်အခန်းအပြင်ကိုပြေးထွက်လိုက်သွားကာ ကော်ရစ်ဒါမှာသွားနေတဲ့ချန်ယဲ့နောက်ကနေ အော်ပြောလိုက်သည်။ "အမေ့နာမည်က ကျန်းမန့်ယီပါ၊ အဖေနာမည်က ချန်ယဲ့ပါ၊ ဒီတော့ ဦးက သမီးရဲ့အဖေမလား"

ချန်ယဲ့ရဲ့ ခြေလှမ်းတွေက တန်းရပ်သွားသည်။ အချိန်အတော်ကြာကာမှ တောင့်ခဲသွားတဲ့ကိုယ်ကပြန်လှည့်လာပြီး သူမကိုရှော့ရသလိုကြည့်လာသည်။

"မင်း...မင်းဘာတွေပြောနေတာလဲ?!"

"အမေက အခုထိ လက်မထပ်ရသေးပါဘူး၊ သူမဘဝက လုံးဝပျော်ရွှင်မနေရဘူး၊ သူမ အရမ်းအထီးကျန်နေရတာ၊ ဦးကသာသမီးရဲ့အဖေဆိုရင် သမီး...သမီးနဲ့အိမ်ပြန်လိုက်ပေးနိုင်မလား"

နောက်စက္ကန့်အနည်းငယ်အတွင်းမှာဘဲ ချန်ယဲ့က ယိုင်တိုင်တိုင်နှင့် ပြန်ပြေးလာကာ ကောင်မလေးကိုရင်ခွင့်ထဲထည့်ကာ မျက်ရည်များနှင့် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။ "သိသားပဲ! မင်းကတကယ်ကြီးအဖေ့သမီးမှန်း...သိလိုက်သားပဲ၊ သမီးလုံးဝ အဖေနဲ့တထေရာတည်းပဲ၊ မျက်လုံးလေးကော၊ နှာခေါင်းလေးကော...တိတိကျကျကိုတူတာဘဲ! ဘယ်လိုလုပ်ပြီး သမီးမဖြစ်နိုင်ရမှာလဲ! ရှောင်ယွီ၊ မင်းက အဖေ့ရဲ့ရှောင်ယွီပဲ"

"အဖေ၊ နောက်ဆုံးတော့ အဖေ့ကိုတွေ့ရပီ! ဟမ့်"

တံခါးကနေ သူတို့နောက်လိုက်လာတဲ့ ရှဲ့ယွမ်မှာ ရပ်တန့်သွားသည်။ "..."

All Chapters