← Chapters

Chapter 76

Vol. 7 Ch. 76

Chapter 76

Vol. 7 Ch. 76

ကျန်းမန့်ယီ ရှဲ့ယွမ်ဆီက ဖုန်းခေါ်လာတာကိုကိုင်လိုက်တော့ မှင်သက်သွားရသည်။

"နေစမ်းပါဦး၊ ရှောင်ယွီက သူမ အဖေကိုသိသွားပီလို့ပြောလိုက်တာလား၊ သူမ အဖေက ရှင် မဟုတ်ဘူးလား!"

ရှဲ့ယွမ်က ဒေါသကြီးနေခဲ့ပြီး သူ့စကား‌ပြောသံက ဗလုံးဗထွေးဖြစ်နေခဲ့သည်။ သူ့စိတ်သူပြန်ထိန်းလိုက်ပြီး သူ့သမီးရဲ့ဝန်ခံချက်အပါအဝင် ကျန်းမန့်ယီကို ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်သည်။

"သူခိုးကို အဖေမှတ်နေတာ" ဆိုတဲ့စကားကိုလည်း တမင်တကာ အလေးပေးပြောဆိုနေသေးသည်။

ချန်ယဲ့ရဲ့နာမည်ကိုကြားတော့ ကျန်းမန့်ယီ အံ့အားသင့်သွားရသည်။

ကျန်းယွီက ဘယ်လိုလုပ်ပြီး အတိတ်ကကိစ္စတွေကို သိနေရတာလဲ!

သူမကို ပြောပြခဲ့တုန်းက သိသိသာသာ အရေးကြီးကိစ္စတွေကို ထိန်ချန်ထားပြီး လှည့်စားဖို့ တချို့သတင်းအမှားတွေတောင် ထည့်ပြောထားသေးသည်။

ဘာပဲဖြစ်ဖြစ် ထိုဇာတ်ကြောင်းရဲ့ဟီးရိုးနဲ့ ချန်ယဲ့ကို ကျန်းယွီ ဆက်စပ်ပစ်လို့မရဘူးလေ!

ရှဲ့ယွမ်ရဲ့ဒေါသကိုရင်ဆိုင်ရတော့ ထိန့်လန့်တကြား ရှင်းပြလိုက်သည်။ "ကျွန်မတကယ်...တကယ်ကြီး သူမကိုချန်ယဲ့အကြောင်း ပြောပြမထားဘူး၊ ဒီလိုမျိုးကြီး သူမအထင်သွားမယ်လို့ တကယ်မျှော်လင့်မထားမိဘူး၊ သူမအိုင်ဒေါနောက်လိုက်ပြီး ရှိုးပွဲကြည့်ဖို့သက်သက် ဟိုင်ချန်ကို သွားမယ်ထင်ထားတာ၊ သူတို့အချင်းချင်းသတိပြုမိသွားဖို့ တကယ်တွေးမထားဘူး၊ တော်တော့်ကို အထင်မှားနေတာပဲ၊ တောင်းပန်ပါတယ်၊ မစ္စတာရှဲ့! တကယ်တောင်းပန်ပါတယ်!"

ရှဲ့ယွမ် မျက်ရည်လယ်ရွှဲနှင့် ကြင်ကြင်နာနာဖက်တွယ်ကာ အလွမ်းသယ်နေကြသော "သားအဖ" နှစ်ယောက်ကိုကြည့်ရင်း သူ့ဖြစ်တည်မှုကြီး ပျောက်သွားတော့မလိုပင်။

သူ့မျက်လုံးကိုပွတ်ကာ ကျန်းမန့်ယီကို စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။ "အခု သူတို့နှစ်ယောက်က သားအဖတွေပါဆိုပီး လုံးဝကိုအထင်လွဲနေကြပီ၊ အစကတည်းကသာ သူမကိုအသိမပေးဖို့ မင်းမတားခဲ့ဘူးဆိုရင် ဒီလိုမျိုး အဆုံးသတ်သွားမှာမဟုတ်ဘူး! လိုအပ်လာရင်တော့ တရားဝင်စစ်ချက်ကို သုံးရလိမ့်မယ်"

ဒါကိုကြားတော့ ကျန်းမန့်ယီက ချက်ချင်းတင်းမာလာသည်။ "ဘယ်လိုလုပ်ပြီး ကျွန်မက ကျွန်မသမီးကို ချန်ယဲ့နဲ့ ဆက်သွယ်ခိုင်းပါ့မလဲ၊ သူမက ရှိုးပွဲကိုပဲသွားတာလေ၊ လက်မှတ်တောင် မရဘူးလို့ ကြားထားတာ၊ သူမကိုလက်မှတ်ဝယ်ပေးလိုက်တာ ရှင် မလား၊ မစ္စတာရှဲ့! အဲ့တာ ရှင့်အမှားပဲမလား၊ အခုကျမှ ကျွန်မကို အပြစ်ပုံချချင်နေတာလား"

ရှဲ့ယွမ် မျက်လုံးထောင့်ကိုပွတ်သုတ်ရင်း စိတ်ထဲကနေ အကြိမ် ၈၀၀၀ လောက် သူ့ကိုယ်သူဆူနေခဲ့သည်။

အစက သူ့သမီးလေးပျော်အောင်လို့ အလိမ်အပတ်လေးလုပ်ပြီး သူ့အိုင်ဒေါနှင့်တွေ့ပီး ညစာအတူစားလို့ရအောင် လုပ်ပေးခဲ့တာဖြစ်သည်။ သူ့သမီးကို သူ့လက်နှင့်ကိုယ်တိုင် အရောက်ပို့ပေးဖို့ မျှော်လင့်မထားခဲ့မိပေ။

သူ့သမီးအရင်းက မဆီမဆိုင်အခြားယောက်ျားတစ်ယောက်ကို အဖေလို့ခေါ်နေတာကို ရှဲ့ယွမ် သည်းမခံနိုင်တော့တာကြောင့် ကျန်းမန့်ယီကို လေသံနိမ့်နိမ့်နှင့်ပြောလိုက်သည်။ "မင်းအခုချက်ချင်း ဟိုင်ချန်ကိုလိုက်လာပီး လူတွေ့သေချာရှင်းပြလိုက်"

"အာ ဒါက..."

ကျန်းမန့်ယွီ အနည်းငယ်ရှက်သွားသည်။ "သူ့ကိုမတွေ့ရတာ...နှစ်အတော်ကြာနေပီ၊ ကျွန်မ...ကျွန်မ မလုပ်နိုင်ဘူး"

"မင်းကလည်း ကျုပ့်ကို အဖေဖြစ်ခွင့် ပိတ်ပင်ထားခဲ့သေးတယ်!" ရှဲ့ယွမ် ဒေါသတကြီး ပြောလိုက်သည်။ "အခုကျတော့လည်း ကျုပ့်သမီးက အခြားတစ်ယောက်ကို အဖေထင်နေတာကိုလည်း ကျုပ်က ဒီတိုင်းလွှတ်ပေးထားရဦးမယ်ပေါ့၊ ကျန်းမန့်ယီ၊ အဲ့တာက ကျုပ့်အတွက်တရားတယ်လို့များ မင်းထင်နေတာလား!"

"ဟုတ်ပါပီ၊ ကျွန်မတောင်းပန်ပါတယ်" ကျန်းမန့်ယီလည်း မတရားသလိုခံစားနေရသည်။ "ကောင်းပီလေ၊ ကျွန်မသမီးကို ဖုန်းပေးလိုက်၊ သူမကို နှစ်ကိုယ်ကြားရှင်းပြလိုက်မယ်၊ သူမကို အထင်လွဲခွင့်မပေးပါဘူး!"

ရှဲ့ယွမ် မျက်နှာစူပုပ်ပုပ်နှင့် သီးသန့်အခန်းထဲကိုပြန်ဝင်ကာ ကျန်းယွီကိုဖုန်းထိုးပေးလိုက်သည်။ "မင်းအမေက ဖုန်းပြောချင်လို့တဲ့"

ကျန်းယွီ ရှဲ့ယွမ်ကိုကြည့်လိုက်တော့ မှုန်သိုးသိုးမျက်နှာထားကိုမြင်လိုက်ရကာ သူသိသိသာသာ စိတ်မပျော်မရွှင်ဖြစ်နေတာပင်။

ဘာပဲဖြစ်ဖြစ် အချစ်ပြိုင်ဘက်တွေ အချင်းချင်းတွေ့ကြရင်တော့ မနာလိုဖြစ်ကြတာဘဲလေ!"

ကျန်းယွီ ရှဲ့ယွမ်ရဲ့ဖုန်းကိုယူဖြေလိုက်ပြီး စိတ်ပူပန်စွာခေါ်လိုက်သည်။ "အမေ..."

"ရှောင်ယွီ၊ သမီးအထင်လွဲနေပီ၊ အဲ့လူက တကယ်ကြီး သမီးရဲ့အဖေမဟုတ်ဘူး၊ သူနဲ့ သမီးနဲ့က ဘာမှမဆိုင်ဘူး"

"အထင်လွဲနေတာမဟုတ်ဘူး" ကျန်းယွီ ရှင်းပြလိုက်သည်။ "သူကိုယ်တိုင် ဝန်ခံပြီးပြီ၊ ကျန်းယွီ‌ဆိုတဲ့နာမည်ကလည်း သူပဲပေးခဲ့တာတဲ့! သမီးရဲ့အသက်ကလည်း အချိန်ကွက်တိကိုက်တယ်လို့ပြောတယ်"

"သမီးတကယ်ကြီး အထင်လွဲနေတာ၊ တကယ်ပါ၊ အမေ့ကိုယုံတယ်မလား၊ အမေက မှားနိုင်ပါ့မလား၊ သူကတကယ်ကြီး မင်းအဖေမဟုတ်ဘူး!"

အစက ကျန်းယွီ သူမ အဖေကိုတွေ့ရလို့ ပျော်နေခဲ့ပေမဲ့ ကျန်းမန့်ယီရဲ့ငြင်းဆိုချက်ကိုကြားတော့ အလွန်ဝမ်းနည်းသွားရသည်။ "အမေ၊ အဖေဘယ်သူလဲဆိုတာ သမီးအမြဲမေးခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူက လက်ထပ်သွားပီလို့ဘဲ အမေအမြဲညာပြောတယ်၊ အခု သမီးရဲ့အဖေကို နောက်ဆုံးတော့ရှာတွေ့ပီ၊ သူက လက်လည်းလက်မထပ်ထားဘူး၊ ကလေးလည်းမရှိဘူး၊ ပီးတော့ သမီးရဲ့အဖေလည်းဖြစ်ချင်တယ်တဲ့၊ သမီးကိုလည်းဂရုစိုက်တယ်၊ သမီး...ဘာလို့ငြင်းနေရသေးတာလဲ!"

"ဘာလို့ငြင်းနေရတာလဲဆိုတော့ သူက လုံးဝ သမီးရဲ့အဖေမဟုတ်လို့ပေါ့!"

"အမေ၊ သမီး တကယ်ကြီးအဖေလိုချင်တယ်၊ အထူးသဖြင့်..." ကျန်းယွီ ဝမ်းနည်းစွာမေးလိုက်သည်။ "သူ မဟုတ်ဘူးဆိုရင်၊ သမီးကိုပြောပြပါ၊ သမီးရဲ့အဖေကဘယ်သူလဲ!"

ကျန်းမန့်ယီ နောက်ဆုံးအနေနဲ့ စိတ်ပြင်ဆင်နေရသလို အချိန်အတော်ကြာတိတ်ဆိတ်သွားသည်။ သူမစိတ်ဆုံးဖြတ်လိုက်ပြီးကာမှ ဖွင့်ပြောလိုက်သည်။ "ထားလိုက်တော့၊ အမေ သမီးကို ပြောပြလိုက်တော့မယ်၊ တကယ်တော့ သမီးရဲ့အဖေက ရှဲ့ယွမ်ပဲ"

ကျန်းယွီက ဘာမှပြန်ပြောမလာတော့ ဒီမယုံနိုင်စရာသတင်းကြီးကိုကြားပြီး ရှော့ရနေပီလို့ ကျန်းမန့်ယီထင်လိုက်ပေမဲ့ မမျှော်လင့်ထားစွာဘဲ ကျန်းယွီက ပြုံးလျက်သားပြန်ပြောလိုက်သည်။ "အမေ၊ အခုလက်တလော အမေနဲ့ ဦးလေးရှဲ့မှာ ဆက်ဆံရေးကောင်းတစ်ခုရှိနေတယ်ဆိုတာ သမီးသိပေမဲ့ ဒီလိုစကားတွေနဲ့တော့ သမီးကိုလာမလိမ်ပါနဲ့၊ စိတ်မပူပါနဲ့၊ အမေက အဖေ့ကိုတကယ်သဘောမကျတော့တာဆိုရင် နှစ်ယောက်အတူတူပြန်နေဖို့ကို ဖိအားမပေးတော့ပါဘူ၊ အမေ ဦးလေးရှဲ့နဲ့ပဲ ရှေ့ဆက်လို့ရပါတယ်၊ သမီး မတားပါဘူး"

"မဟုတ်ပါဘူး...ဒါလင်ရယ်၊ ဒါကအမှန်တရားပါ၊ သမီးက တကယ်ကြီး ရှဲ့ယွမ်ရဲ့ကလေးပါ၊ တကယ်ပါ၊ ရှဲ့ယွမ်နဲ့ အမေ့မှာ ဘာပတ်သတ်မှုမှမရှိပါဘူး"

"အမေ၊ အမေပြောနေတာကို အမေကိုယ်တိုင်တောင် ယုံနိုင်ရဲ့လား"

"..."

ကျန်းယွီ ဖုန်းချပစ်ကာ သီးသန့်အခန်းဆီ ပြန်သွားလိုက်ချိန် တံခါးပေါက်နားရပ်နေတဲ့ရှဲ့ယွမ်က မဝံ့မရဲမေးလာသည်။ "မင်းအမေက ဘာပြောလဲ

"ဦးလေးက သမီးရဲ့အဖေပါဆိုပီး ပြောတယ်"

ရှဲ့ယွမ်ရဲ့ မျက်လုံးများ နီရဲသွားပြီး ကျန်းယွီကိုဖက်မလို့ လက်လှမ်းလိုက်သည်။ "သမီးမှာ အဖေတစ်ယောက်ပဲရှိတယ်၊ အဲ့ဒါ ချန်ယဲ့ဘဲ၊ ဒါပေမဲ့ ဦးလေးတို့နှစ်ယောက်အတွက် သေချာပေါက်ကောင်းချီးပေးမှာပါ"

ရှဲ့ယွမ် - "..."

ဒီတစ်ခါတော့ သူတကယ်ကြီး ဓါးသွေးချင်လာပြီ။

ဟိုင်ချန်ဟိုတယ်ကထွက်တော့ ချန်ယဲ့က ချူးလီကိုဘေးတွန်းပို့ပီး ကျန်းယွီရဲ့လက်ကို တစ်လျှောက်လုံးကိုင်ထားသည်။ "ဟန်နီ၊ ဒီည အဖေ့ရဲ့အိမ်ကိုလိုက်နေလို့ရတယ်နော်၊ အဖေ မင်းကို ဟိုင်လုတောင်ကုန်းရဲ့အကြီးဆုံးတိုက်ခန်းဆီ ခေါ်သွားပေးမယ်၊ terrace ကနေပြီး ဟိုင်ချန်တစ်မြို့လုံးရဲ့ညမြင်ကွင်းကို ကြည့်လို့ရတယ်!"

ကျန်းယွီ "အိုကေ၊ အိုကေ" ဆိုပြီးပြန်ဖြေမလို့ လုပ်လိုက်ချိန် ရှဲ့ယွမ်က ချက်ချင်း မျက်နှာသေကြီးနှင့် ဝင်တားလာသည်။ "မရဘူး၊ သူမက မင်းနဲ့လိုက်လို့မရဘူး"

ချန်ယဲ့ သူမအပေါ်ထားတဲ့ ရှဲ့ယွမ်ရဲ့အချစ်ကိုခံစားရမိသည်။ သူကရန်လိုနေသလို ကျန်းယွီရဲ့တောင်းပန်သလိုမျက်နှာထားကိုကြည့်ရတာ တစ်ခုခုခန့်မှန်းမိသွားသည်။

ဒါ့ကြောင့် ရှဲ့ယွမ်ကို မျက်နှာသာပေးဖို့ သဘာဝအားဖြင့်မဖြစ်နိုင်တော့ပေ။ "ရှောင်ယွီက ကိုယ့်ရဲ့သမီးလေ၊ ဘာကိစ္စသူမကိုခေါ်သွားလို့မရရမှာလဲ"

"မိဘဖြစ်ကြောင်း ဆေးစစ်ချက်မပါဘဲနဲ့ မင်းရဲ့သမီးမဟုတ်သေးဘူး"

"ဘယ်လိုမိဘဆေးစစ်ချက်အမျိုးအစားလဲ" ချန်ယဲ့ကလည်း စိတ်မရှည်တော့ဘဲ ဒေါသတကြီး ပြောလာသည်။ "မိဘဆေးစစ်ချက်ရှိစရာ မလိုပါဘူး၊ သူမနာမည်ကို ငါကိုယ်တိုင်ပေးထားတာ!"

"နာမည်လေးတစ်ခုတည်းနဲ့၊ ဘာကိုမှသက်သေမပြနိုင်ဘူး"

"နာမည်က သက်သေပဲလေ"

"အဲ့တာကသက်သေမဟုတ်လည်း ငါ့သမီးရဲ့သွင်ပြင်က အကုန်လုံးကိုသက်သေပြနေတယ်" ချန်ယဲ့က ကျန်းယွီကို သူ့ဘေးနားဆွဲကာ ပြောလိုက်သည်။ "ငါ့သမီးရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ အကုန်ငါနဲ့တစ်ထေရာတည်းတူနေတာက သူမ ငါ့သမီးဖြစ်တယ်ဆိုတဲ့သက်သေဘဲ!"

"..."

ထိုစကားလည်း ထွက်လာရော ဘေးပတ်လည်ကလူတွေအကုန် ပြောစရာစကားပျောက်ရှသွားကြသည်။

ကျန်းယွီမှာ ဖီးနစ်မျက်ဝန်းတွေရှိပေမဲ့ ချန်ယဲ့မှာက မက်မွန်ပန်းပုံမျက်ဝန်းတွေရှိသည်။ ထိုအချက်တစ်ခုတည်းကိုကြည့်ရုံနှင့် နှစ်ယောက်လုံးရဲ့ဗီဇက လုံးဝဆက်စပ်မနေပေ။

ချူးလီ ချန်ယဲ့နှင့် ကျန်းယွီကိုတစ်လှည့်၊ တဖန် ကျန်းယွီနှင့် ရှဲ့ယွမ်ကိုတစ်လှည့် စိုက်ကြည့်နေခဲ့သည်...

ရုတ်တရက် သူတစ်ခုခုသဘောပေါက်သွားပုံရသည်။

သားအဖနှစ်ယောက်ပါလို့ တကယ်ကြီးပြောလို့ရလောက်သည်၊ ရှဲ့ယွမ်နှင့် ကျန်းယွီရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်...လုံးဝ တစ်ထေရာတည်းပေ။

ဒါပေမဲ့ အခု ချန်ယဲ့က "အဖေ" ဆိုတဲ့ဂုဏ်ပုဒ်ကိုယူထားပြီး အမှန်တရားကို လုံးဝလျစ်လျူရှူကာ ကျန်းယွီက သူ့သမီးအရင်းပါဆိုပြီး ခေါင်းမာမာနှင့် ယုံကြည်နေသည်။

ချန်ယဲ့ ရှဲ့ယွမ်ကို အေးစက်စက်ပြောလိုက်သည်။ "မစ္စတာရှဲ့၊ မင်းက အရမ်းနေရာတကာပါတာပဲ၊ ဒါကငါ့ကိစ္စပါ၊ မိဘဆေးစစ်ချက်စစ်စစ် မစစ်စစ် မင်းအပူတစ်ပြားမှမပါဘူး"

ရှဲ့ယွမ် နှစ်အတော်ကြာ စီးပွားရေးမှာကျင်လည်လာခဲ့တာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အလျောက် နှိပ်ချသလိုမျိုးလည်းမဟုတ် နှိပ်ကွပ်သလိုမျိုးလည်းမဟုတ် ပြန်ပြောလိုက်သည်။ "ကျန်းယွီရဲ့အမေက သူမကို ဟိုင်ချန်မှာရှိနေတုန်း ငါ့ဆီအလုံးစုံအပ်ထားတာမလို့ လူစိမ်းတစ်ယောက်နဲ့ လိုက်သွားခွင့်မပေးနိုင်ဘူး"

ကျန်းမန့်ယီကို ထည့်ပြောလိုက်တော့ ချန်ယဲ့ရဲ့အမူအယာကပိုအေးစက်လာပြီး သူ့မျက်ဝန်းတွေကို မနာလိုခြင်းတရားတွေဖုံးလွှမ်းလာသည်။ "မန့်မန့် နဲ့ မင်းက ဘာဆက်ဆံရေးလဲ"

"မင်းနဲ့ မသက်ဆိုင်ပါဘူး"

"ဘာကိစ္စမဆိုင်ရမှာလဲ၊ သူမက ငါ့ကလေးရဲ့အမေလေ၊ သူမကိစ္စက ငါနဲ့အလုံးစုံ သက်ဆိုင်တာပေါ့!"

"သူမကော၊ မင်းကောက မိဘတွေမဟုတ်ဘူး! ရှောင်ယွီက ငါ့သမီး"

"အိုကေ၊ ယွဲ့ဖုန့်ရဲ့ ဥက္ကဌကြီးက လမ်းပေါ်မှာ ငါ့သမီးကိုလုနေတာဘဲ၊ မင်းနားလည်မှာပါ၊ လုပ်စမ်းပါ၊ မင်းရဲ့ပုံကိုသာ ဖြန့်လိုက်ရင်၊ ငါ့ဖန်တွေက မင်းကိုသေတဲ့အထိဝိုင်းအပြစ်တင်ကြလိမ့်မယ်!"

ပြောလိုက်သလိုဘဲ ချန်ယဲ့က ဖုန်းထုတ်ကာ ရှဲ့ယွမ်ဆီကင်မရာချိန်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လမ်းမပေါ်မှာ အငြင်းပွားနေကြတဲ့ လူနှစ်ယောက်သည် ဟိုင်ချန်ဟိုတယ်တဝှိုက်မှာ ဥယာဉ်တွေ၊ ခြံစည်းရိုးတွေ ပတ်လည်ရှိနေတော့ ပါပါရာဇီသတင်းသမားတွေ လုံးဝမမြင်နိုင်လို့သာ တော်တော့သည်။ မဟုတ်ရင် ကင်မရာနှင့်သာ ပုံရိုက်မိလိုက်လို့ကတော့ ဒီညဟစ်ထသွားမဲ့ သတင်းဖြစ်သွားနိုင်သည်။

ဒီလူကြီးနှစ်ယောက်က ကျန်းယွီအတွက် အလွန်လေးစားစရာကောင်းသော လူနှစ်ယောက်ဖြစ်သည်၊ အထူးသဖြင့် သူမကိုအများကြီးကူညီထားတဲ့ ရှဲ့ယွမ်...

"အဖေ၊ သမီး ဒီညဟိုတယ်ဘဲ ပြန်အိပ်လိုက်မယ်၊ ဦးလေးရှဲ့နဲ့ ရန်မဖြစ်ပါနဲ့၊ သူက သမီးအပေါ် တကယ်ကောင်းတာ"

ချန်ယဲ့က ဘယ်သူပြောတာမှ နားမထောင်လည်းရပေမဲ့ သူ့သမီးပြောတာကိုတော့ နားထောင်ရမည်။

ထွက်မသွားခင် ကျန်းယွီရဲ့လက်ကိဆုပ်ကိုင်ကာ လေပြေလေးနှင့် စိတ်ရှည်လက်ရှည် ပြောလာသည်။ "ကလေးလေး၊ နောက်လကျရင် ပေချန်မှာ အဖေ ရှိုးပွဲလုပ်ရမှာ၊ အဲ့ရှိုးပွဲပြီးရင် နားရည်ရှည်ယူလိုက်မယ်၊ အဲ့အချိန်ကျ သမီးနဲ့ သမီ့းအမေဆီခရီးထွက်လာခဲ့မယ်နော်၊ အိုကေလား"

"ဟုတ်!"

နောက်ကနေ ရှဲ့ယွမ်က အေးတိအေးစက် ဝင်ပြောလာသည်။ "ခရီးမထွက်ခင် အရင်ဆုံး မိဘဆေးစစ်ချက်ကိုသာ စစ်စမ်းပါ"

"မစ္စတာရှဲ့၊ မင်းမှာ အာဏာရှိတယ်ဆိုတာ ငါသိတယ်၊ ငါ့ကိုပိတ်ဆို့ချင်တာ ဒါမှမဟုတ် ပုတ်ချချင်တာတို့ဆိုရင်...လွယ်လွယ်ကူကူလေး လုပ်လို့ရတာဆိုတော့ လုပ်ချင်တာလုပ် ငါ့မှာဘာမှပြောစရာမရှိပါဘူး၊ ဒါပေမဲ့ ရှောင်ယွီက ငါ့ရဲ့သမီး၊ ဒီကိစ္စကတော့ အတည်ဘဲ၊ မင်းဘာသာမင်း ဘာလုပ်လုပ် ဒီအမှန်တရားကိုတော့ ပြောင်းလဲလို့မရဘူး"

ကျန်းယွီက အလျင်စလို ဝင်ပြောလာသည်။ "ဦးလေးရှဲ့က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး၊ အဲ့လိုအလုပ်မျိုးလုပ်မှာ မဟုတ်ပါဘူး"

အားလုံးလူစုခွဲသွားတော့ ရှဲ့ယွမ်က Bentley မှာ ပြန်ဝင်ထိုင်လိုက်သည်။ "အနုပညာရှင်တစ်ယောက်ကို ပိတ်ဆို့ဖို့အတွက် ဘယ်လိုအကြောင်းပြချက်တွေလိုလဲ"

လုမုန့်ရဲ့နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး ပြောလာသည်။ "မူးယစ်ဆေး၊ ရူးဂါးမာမီ ဒါမှမဟုတ် အခြားတစ်ခုခု..."

"အခြားသူတစ်ယောက်ရဲ့ကလေးကို ပြန်ပေးဆွဲတာဆိုရင်ကော?"

"ဒါက..."

ညရောက်သော် ချူးလီက ကျန်းယွီရဲ့တံခါးကို လာခေါက်ခဲ့သည်။

ကျန်းယွီက တံခါးက အပေါက်ကလေးကိုလှပ်ပြီး အဲ့ကြားကနေ ချူးလီကို လှမ်းကြည့်လိုက်သည်။

သူက ညအိပ်ဝတ်စုံအဖြစ် အဖြူရောင်ရှပ်အပါးလေးနှင့် အောက်ပိုင်းတွင် အနက်ရောင်ဘောင်းဘီပွပွဝတ်ထားသည်။

သူ့ဆံပင်တွေက ခုနကမှခေါင်းလျှော်ထသလိုမျိုး အနည်းငယ်စိုထိုင်နေသည်။

"ငါ့ချစ်သူလေး တစ်ခုခုများဖြစ်လို့လား"

"အခန်းထဲက အဲယားကွန်းကပျက်နေတော့ နည်းနည်းပူလာလို့၊ ခဏလောက် အဲယားကွန်းသုံးရအောင်လို့ လာခဲ့တာ"

ကျန်းယွီက သူ့ရဲ့သနားစရာဆင်ခြေကြောင့် သူ့အစားရှက်လာပေမဲ့ ချူးလီကတော့ ခပ်တည်တည်ပင်၊ ကော်လံလေးဆွဲလျက် မျက်လုံးတွေပင်ကြည်တောက်နေသည်။ သူ့မျက်ဝန်းနက်တွေကအစ ပြုံးရိပ်ထင်နေသည်။ "ချစ်သူလေး၊ ကိုယ် တကယ်ပူနေပီ"

ကျန်းယွီ သူ့အပြုံးကြောင့်ရှော့ရသွားပြီး နောက်ဆုံးမှာတော့ ရှက်ရှက်နှင့် သူ့ကိုပေးဝင်လိုက်ရသည်။

"ဒီနေ့ နင့်ရဲ့ချစ်သူလေးက စိတ်ကောင်းဝင်နေတာမလို့ ဝင်ခွင့်ပေးလိုက်မယ်၊ အဲယားကွန်းသုံး‌ချည်လေ"

ဒါပေမဲ့ သူ့ကိုဝင်ခွင့်ပေးပြီးကာမှ တကယ့်ပြဿနာကိုသတိပြုမိသွားပြီး ကျန်းယွီချက်ချင်း နောင်တရသွားသည်။

ဘာဝတ်ရပါ့မလဲ...သူမမှာ ဘာမှဝတ်စရာမရှိတော့ဘူး

အဖြူရောင်ပိုးသားညအိပ်ဝတ်စုံက သူမကိုယ်ပေါ်မှာကပ်ချပ်နေပြီး သူ့ခါးနေရာက သိသိသာသာချိုင့်ဝင်နေပြီး သူမ့ရဲ့ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကောက်ကြောင်းက ထင်းနေသည်။

ချက်ချင်း ကျန်းယွီရဲ့ပါးနှစ်ဖက်က မီးတောက်လာ၍ အနည်းငယ် ခေါင်းငုံ့လျက်သားနှင့် ကုတင်ပေါ်တက်သွားပြီး သူမ ဒူးကိုသူမ သိုင်းဖက်ကာ ကာကွယ်မှုအနေအထားပုံစံ ထိုင်ချလိုက်သည်။

အစက ချူးလီမှာ အလွန်ဆွဲဆောင်မှုရှိစွာ ပန်းသွေးကြွနသည့်ပါးပြင်နှစ်ဖက်နှင့် ရှင်းမပြနိုင်စွာ ရှက်သွေးဖြူနေခဲ့သော ကောင်မလေးကို မမြင်ရခင်အထိ မူမမှန်တာကို သတိမထားမိခဲ့ပေ။

ဘေးကိုဝှေ့ကြည့်လိုက်တော့ ချိတ်တိုင်မှာ တန်းလန်းလေးချိတ်ဆွဲထားတဲ့ အဖြူရောင်ဇာဘော်လီလေးကိုမြင်လိုက်ရသည်။

ဘာမှမပြောဘဲ TV ဘီရိုပေါ်မှီလိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစိလျက် ကုတင်ပေါ်က ကောင်မလေးကို သူ့မျက်ဝန်းနက်များဖြင့် စိုက်ကြည့်နေခဲ့သည်။

"ဘာတွေလာကြည့်နေတာလဲ၊ မကြည့်နဲ့" ကျန်းယွီက အလွန်အကြူး ရန်လိုနေခဲ့ပြီး စောင်ကိုဆွဲကာ ကိုယ်ပေါ်ကိုလုံအောင်ခြုံလိုက်သည်။

"ကိုယ့်ချစ်သူကိုယ်ကြည့်တာက ဥပဒေချိုးဖောက်မိလို့လား" ချူးလီက ကုတင်ဘေးထိုင်ချကာ အနည်းငယ်မှီစောင်းလာပြီး သူမနားတိုးကပ်သွားရင်း ဖွဖွလေး ရှူလိုက်သည်။

သူမ့ကိုယ်ပေါ်က ရေချိုးဂျယ်ရဲ့လက်ဆတ်တဲ့လီမွန်အနံ့လေးနှင့်အတူ ကြောင်လေးလိုမာန်ဖီကာ တစ်ခုခုကိုပြင်းပြင်းပြပြ စောင့်ကြပ်နေသလိုမျိုးပင်...

ချူးလီလက်ဆန့်ကာ သူမ့နားထင်ကဆံပင်မွှေးလေးတွေကို နားနောက်သပ်ပေးလိုက်တော့ သူမ့ရဲ့ဘဲဥမျက်နှာလှလှက ပေါ်လွင်လာသလို သူတို့နှစ်ယောက်ကြားအကွာအဝေးက အလွန်နီးကပ်နေခဲ့သည်။ ကျန်းယွီ သူနှင့်အချိန်အတော်ကြာ အကြည့်ချင်းဆုံနေခဲ့ပြီး သူမ့ပါး‌နှင့်နားများ ပိုပိုနီရဲလာကာ သူမတစ်ကိုယ်လုံးပူလောင်လာရသည်။

သူ့ရဲ့စိတ်ထားကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့၊ ချူးလီရဲ့မျက်နှာသွင်ပြင်ကအတော် မာန်ပါလွန်းသည်။

ဒီလို ချောမောမှုမျိုးက ဂရုတစိုက် ပြုပြင်စရာလည်းမလိုသလို ဖုံးကွယ်ထားလို့လည်း မရပေ၊ ဘာအသေးစိတ်ပြင်ဆင်မှုမျိုးကိုမှမလိုအပ်ဘဲ သူကဒီတိုင်းချောမောနေတာ ဖြစ်သည်။ သေချာပေါက်ကိုချောတာ၊ ဝင့်ဝင့်ဝါဝါကို ချောမောခန့်ညားတာ။

သူ့ကိုပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့ကောင်မလေးတိုင်း နောက်တစ်ခေါက် လည်ပြန်မကြည့်ဘဲ မနေနိုင်လောက်ပေ။ သူနှင့်သာအကြည့်ချင်းဆုံသွားရင်တော့ နှလုံးသားက အငွေ့တထောင်းထောင်နှင့် ဆူပွက်နေတဲ့ဘွိုင်လာဖြစ်သွားသလိူမျိုးပင်။

ကျန်းယွီ သူ့နှုတ်ခမ်းပါးတွေက သူမရဲ့နှာခေါင်းထိပ်ကို ဖွဖွလေး လာထိတာကိုခံစားလိုက်ရတော့ အသက်ရှုပင်အောင့်မိသွားသည်။

မျက်တောင်တဖြတ်ဖြတ်ခတ်သွားပြီး သူမ့ဒူးကိုလက်နှစ်ဖက်နှင့် ပိုကြပ်ကြပ်ဖက်ပစ်သည်။

သို့သော် နောက်စက္ကန့်အနည်းငယ်အတွင်းမှာဘဲ ချူးလီက သူမရဲ့ခါးကိုဆုပ်ကိုင်ပြီး ဆွဲခွာပစ်လိုက်သည်။

"ဘာတွေဖုံးနေတာလဲ"

"ချူးလီ..."

ချူးလီ အောက်ငုံ့ကာ ဖျက်ခနဲငုံ့ကြည့်လိုက်သည်။

"ဒီညတော့ ကိုယ်ထွက်မသွားဘူး"

"..."

ကျန်းယွီ တောင့်ခဲသွားပြီး လှုပ်လည်းမလှုပ်ရဲတော့သလို ဘာမှလည်းမပြောရဲတော့ပေ။

"အိုကေ၊ မလုပ်ရဘူးလား" သူ သူမရဲ့ခွင့်ပြုချက်ကို မေးနေသေးသည်။ "ရှောင်ယွီ..."

ကျန်းယွီ သိသိသာသာလှိမ့်သွားတဲ့လည်စိကိုမြင်တော့ အကြည့်လွှဲပစ်ကာ ခြင်လောက်ပဲရှိတဲ့ အသံလေးနှင့်ပြောလိုက်သည်။ "ဒါဆို...ကောင်းပေးပါ"

ထိုစာကြောင်းက ချူးလီကို ခဏလောက်တောင့်သွားစေပြီးကာမှ ကိုယ်ကိုနည်းနည်းကြွကာ လည်စိလေးအပေါ်အောက်ရွေ့သွားပြီး မီးလှမ်းမှိတ်လိုက်သည်။

အခန်းကြီးက ရုတ်တရက် မှောင်မိုက်သွားသည်။

ကျန်းယွီ သူ့နှလုံးခုန်သံနှင့် ဘေးနားက သူ့ရဲ့အသက်ရှူသံကလွဲ၍ ဘာမှမမြင်ရ၊မကြားရပေ။

စောင်အောက်မှာ တွန့်ခါကာ သူမကိုယ်သူမလှည့်ကာ သူ့ကိုကျောပေးလိုက်သည်။

သူမဘေးမှာလှဲနေတဲ့ကောင်လေးက သူ့ရဲ့နွေးထွေးသောခန္ဓာကိုယ်နှင့် သူမကျောပေါ်ဖိထားသည်။

"ရှောင်ယွီ ဒီနေ့ပျော်ရဲ့လား"

ကျန်းယွီ မျက်လုံးမှိတ်ထားတုန်း သူမ့ကို သူစကားလာပြောတာကို ကြားလိုက်ရသည်။ မျက်လုံးပြန်ဖွင့်လိုက်ပြီး သူမ့မျက်စိရှေ့က အမှောင်ထုကို ကြည့်လိုက်သည်။ "အင်း၊ ငါတကယ်မျှော်လင့်မထားခဲ့ဘူး၊ ငါ့အဖေကိုဒီလိုလွယ်လွယ်လေးနဲ့တွေ့ခွင့်ရတာ တကယ်ပျော်တယ်၊ ငါ့အမေကိုပြန်လိုက်မယ်၊ ငါ့အမေနဲ့လက်ထပ်မယ်၊ ပြီးရင်ငါတို့မိသားစုလေးပြန်စုံဆည်းကြမယ်လို့တောင် ပြောသေးတယ်၊ ဒါတွေအကုန်လုံးက...အိမ်မက်လိုပဲ"

"တကယ်ပါ"

"အင်း၊ ငါကလေးဘဝတုန်းက ငါ့မိဘတွေရဲ့မင်္ဂလာဆောင်ကို ငါ တက်နေတာဆိုတဲ့ အိမ်မက်တွေခဏခဏမက်ခဲ့တာ၊ ငါ့ရဲ့အိမ်မက်က အမှန်တကယ်ဖြစ်လာမယ်လို့ တွေးမထားခဲ့ဖူးဘူး"

"တကယ်လို့၊ ကိုယ်ပြောချင်တာက၊ အကယ်၍ ချန်ယဲ့က မင်းရဲ့အဖေမဟုတ်ဘဲနဲ့ ဒါတွေအားလုံးက အထင်‌လွဲနေတာသက်သက်ဆိုရင်ရော မင်းရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးမသွားလောက်ဘူးမလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ကျန်းယွီက လှည့်လာပြီး အမှောင်ထဲက ကောင်လေးရဲ့ဝေဝေဝါးဝါးပုံရိပ်ကိုကြည့်ကာ တင်းမာစွာပြောလိုက်သည်။ "သူက ငါ့အဖေဘဲလေ၊ အချိန်ကာလ၊ နာမည်... အကုန်လုံးကမှန်နေတာပဲ"

"ဒါဆိုရင် ဘာလို့ မင်းအမေ့ကို မေးမကြည့်တာလဲ၊ မင်းကိုကိုယ်ဝန်ရကာမှ ဘာလို့သူ့ကိုထားသွားခဲ့ရတာလဲဆိုပီး"

"ငါ့...ငါ့မှာမေးချိန်မှမရှိခဲ့တာ ဒါမဲ့ သေချာပေါက်မေးလိုက်ပါ့မယ်" ကျန်းယွီ ခေါင်းမာမာနှင့် ပြောလိုက်ပြန်သည်။ "ချန်ယဲ့က ငါ့အဖေပဲ၊ သေချာတယ်၊ ဘာဘဲဖြစ်ဖြစ် ပြောင်းသွားမှာမဟုတ်ဘူး"

ချူးလီ သူမ့ရဲ့ကလေးဆန်တဲ့စကားတွေ ကြားလိုက်ရတော့ စိတ်ဓာတ်ပင်ကျသွားသည်။

သူမငယ်ငယ်ကတည်းက အဖေ့ကိုတောင့်တခဲ့ရသလို သူလည်း ညပေါင်းများစွာ အမေ့ကိုအော်ခေါ်ပြီး ညကြီးတရေးလန့်နိုးကာ ငိုခဲ့ရတဲ့ သူက သူမလိုပဲမလို့ သူမခံစားချက်တွေကို ကောင်းကောင်းနားလည်သည်။

"လာခဲ့"

ချူးလီ ခေါင်းအုံးဘေးကို လက်မောင်းချပေးလာတော့ ကျန်းယွီ ခဏလောက်တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ သူ့လက်မောင်းပေါ် ခေါင်းအုံးလိုက်ပြီး သူ့ရဲ့ရင်ခွင်နွေးနွေးထဲ ဝင်ခွေလိုက်သည်။

နူးနူးညံ့ညံ့ကောင်မလေးကို ရင်ခွင်ထဲထည့်ထားပြီးတော့ ချူးလီ မေးခွန်းဆက်မထုတ်နိုင်တော့ပေ။

"ချူးလီ၊ အခုငါဘာကိုမှမကြောက်တော့ဘူး" ကျန်းယွီက သူ့ပုခုံးပေါ်ခေါင်းမှီကာ နူးညံ့စွာဖွင့်ဟလိုက်သည်။ "ငါ့မှာ ဒီလိုအားကိုးရတဲ့ ချစ်သူလေးနဲ့ အဖေသာရှိမယ်ဆိုရင် ငါဘာကိုမှ တကယ်ကြီး မကြောက်ရတော့ဘူး၊ ဘယ်သူကမှလည်း ငါ့ကိုထပ်ပြီး အနိုင်မကျင့်ရဲလောက်တော့ဘူး"

ချူးလီ သူမကို တင်းကြပ်နေအောင် ဖက်ပစ်လိုက်သည်။

"အိပ်တော့"

All Chapters