Chapter 77
Vol. 7 Ch. 77
ကျန်းယွီ ပေချန်းကိုပြန်ရောက်တော့ နွေလယ်ညကပွဲအတွက် ပြင်ဆင်ရတော့သည်။
ဆရာမရွယ်ကျားရီကို သူမရဲ့တပည့်အဖြစ်နဲ့ ပြိုင်ပွဲမှာဝင်ပြိုင်ပီး ပိုင်ကျူးရီရဲ့တပည့်တွေနှင့် ယှဉ်ပြိုင်တိုက်ကာ Esmera's chief instructor ဂုဏ်ပြုဆုကိုဆွတ်ခူးနိုင်အောင်ကူညီပေးရမည်။
ချန်ယဲ့မှာ အခြားပြည်တွင်း tour နှစ်ခုရှိသေးတာမလို့ ကျန်းယွီနှင့်အတူ ပေချန်ကိုပြန်မလိုက်လာနိုင်သေးပေ။
ကျန်းယွီကို အရင်ပြန်ခိုင်းပြီး နောက်မှသူလိုက်လာကာ ကျန်းမန့်ယီကို သူမနှင့်အတူ ရင်ဆိုင်မယ်လို့ ပြောထားသည်။
ဟိုင်းချန်ဆီ သွားတဲ့ခရီးစဉ်ကြောင့် ကျန်းမန့်ယီ မုန်တိုင်းထန်နေတော့မည်ဆိုတာ ကျန်းယွီသိသည်။ ကြောက်ရတာကြောင့် သူမ့ရဲ့အဝတ်အိတ်ကို တိတ်တဆိတ်ထုပ်ကာ Esmera ရဲ့အဆောင်မှာသွားနေဖို့ပြင်လိုက်ပြီး သူမအမေဆီကို လုံခြုံစွာရောက်ရှိကြောင်းစာသာ ပို့လိုက်သည်။
ကျန်းယွီက လွယ်လွယ်နှင့် ယုံကြည်ပေးမည့်သူတစ်ယောက် မဟုတ်တာကြောင့် ကျန်းမန့်ယီ ရှင်းပြဖို့တောင်းဆိုနေသေးသည်။ ဖုန်းနှင့်အကြိမ်ပေါင်းများစွာ နှစ်ယောက်သားဆွေးနွေးပြီးတဲ့နောက်မှာ ကျန်းယွီက သူမကိုပြဿနာမရှိပါဘူးလို့ ပြန်ပြောလာသည်။ ချန်ယဲ့ကသာ သူမအဖေအရင်းဆိုလျှင် ချန်ယဲ့ကိုသူမအားအတူခေါ်သွားဖို့ ကျန်းမန့်ယီပြောပြီးပြီဖြစ်သည်။
သူမက ဖခင်မေတ္တာကို နှစ်အတော်ကြာတောင့်တလာခဲ့တာဖြစ်ပြီး ချန်ယဲ့က စံပြဖခင်တစ်ယောက်အဖြစ် သူမ့ရဲ့နှလုံးသား မျှော်လင့်ချက်နှင့် လုံးဝကိုက်ညီတဲ့ ကဏ္ဍပေါင်းစုံမှာ ပြည့်စုံသောသူဖြစ်နေသည်။
ကိစ္စအကုန်ရှင်းသွားဖို့ ချန်ယဲ့နှင့် ရှဲ့ယွမ်ကို အတူတူခေါ်ဆွေးနွေးဖို့ ကျန်းမန့်ယီ စီစဉ်ရသည်။
ချန်ယဲ့က သူ့ရှိုးပွဲနှင့် အလုပ်များနေပြီး ကျန်းယွီကလည်း အရေးကြီးပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ရတော့မည်။ သူမ့ရဲ့ဖျော်ဖြေပွဲကို မသက်ရောက်ဖို့ရာ ဒီပြဿနာကိုယာယီဆိုင်းငံ့ထားရသည်။
ပြိုင်ပွဲကတအားနီးကပ်နေတာကြောင့် [Knowledge] appက [ချန်ယဲ့]ရဲ့ အလုပ်ရှင်းခကို ဘာလို့မပေးသေးတာလဲဆိုတာ စဉ်းစားချိန်မရှိသေးပေ။
အလုပ်ကိစ္စက အောင်မြင်သင့်နေပြီလေ။
ဘာပဲဖြစ်ဖြစ် သားအဖနှစ်ယောက် အချင်းချင်းမှတ်မိသွားကြပြီလေ။ အလုပ်ကိစ္စက ပြီးမြောက်သွားပြီဟု အကြောင်းပြချက်ခိုင်လုံနေပေမဲ့ appက အတည်မပြုပေးသေးပေ။
တစ်ခုခုမှားနေတာ ဖြစ်ရမည်။
သူမ စိတ်ထဲမှာ တတွတ်တွတ် ရေရွတ်နေမိပေမဲ့ ဒီကိစ္စကိုမဖြေရှင်းခင် သူမ အလုပ်ကိုပြီးဆုံးအောင် လုပ်ရအုံးမည်။
နွေလယ်ညကပွဲက သာမာန်ပြိုင်ပွဲမဟုတ်ပေမဲ့ Esmera က ကျင်းပတဲ့ ဆိုရှယ်ပါတီပွဲကြီးဖြစ်သည်။
ကပွဲမှာ Esmera ရဲ့ ထိပ်တန်းအလုပ်အမှုဆောင်များ၊ ဘဲလေးအကအသင်းအဖွဲ့ကြီးရဲ့ အကြီးအကဲတွေ၊ နိုင်ငံခြား ဘဲလေးအကသမားတွေ အပါအဝင် အကလောကရဲ့ ထိပ်တန်းဘဲလေး နာမည်ကြီး အကသမားတွေက တက်ရောက်ကြမှာဖြစ်သည်...ကြယ်ပွင့်များစုဝေးရာလို့တောင် ပြောလို့ရသည်။
Esmeraရဲ့ကျောင်းသားတွေအတွက် ဒီလိုကပွဲကြီးမှာ သူတို့ဖျော်ဖြေပွဲကို တင်ဆက်နိုင်ဖို့က ကြုံ့တောင့်ကြုံခဲအခွင့်အရေးကြီးဖြစ်သည်။
ပြီးတော့ ဒီလိုကပွဲမျိုးမှာ လူတိုင်းဇာတ်ရုံထဲမှာထိုင်ပြီး ဖျော်ဖြေပွဲကြည့်ဖို့ မဖြစ်နိုင်ဖူးဆိုတာ သဘာဝကျပါသည်။
ဒါကြောင့် ပြိုင်ပွဲဖွဲ့စည်းပုံက အတော်ပေါ့ပါးသည်။ ကျောင်းသားအသီးသီးက ကွင်းထဲမှာ အလှည့်ကျဖျော်ဖြေရမည်။ သံစုံတီးဝိုင်းအဖွဲ့က သီချင်းတွေကိုကျပန်းတီးခတ်မည်ဖြစ်သည်။ အကကျောင်းသားတွေက မတူညီတဲ့ဂီတသံစဥ်တွေကိုလိုက်ပြီး အကစတိုင်အမျိုးမျိုးကိုဖျော်ဖြေရမည်ဖြစ်သည်။
ဒါက ကျောင်းသားတွေရဲ့ 'အကသံစဉ်နှင့်ရင်းနှီးကျွမ်းဝင်မှု၊ ပြောင်းလဲနေတဲ့ အခြေအနေတွေနှင့် အသားကျနိုင်စွမ်းရည်' ကိုစစ်ဆေးတာမျိုးဖြစ်သည်။
အရင်နွေလယ်ညကပွဲတွေတုန်းက များသောအားဖြင့် ဆရာမပိုင်ရှုယီရဲ့ ကျောင်းသားတွေကသာ ပထမဆုရခဲ့ကြတာဖြစ်သည်။
ဒီနှစ်တော့ ရွယ်ကျားယီ သူမကိုအနိုင်ရချင်သည်။
Esmera ရဲ့သင်တန်းသားတွေက ကပွဲဖျော်ဖြေဖို့အတွက် စားရင်ပေးထားသူမှန်သမျှ အလွန်ကြောက်ရွံ့နေကြသည်။
ဒီကပွဲမှာသာ သေချာမဖျော်ဖြေနိုင်ရင် သူတို့နည်းပြတွေရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်သည်။
ဒါ့ကြောင့် လဝက်လောက်ကြိုပြီး ရသလောက် အကနည်းလမ်းတွေကို ကျွမ်းကျင်အောင် ထပ်ခါထပ်ခါလေ့ကျင့်ဖို့ သူတို့စွမ်းရည်တွေ၊ အချိန်တွေကို အများကြီးရင်းနှီးမြှုပ်နှံထားကြသည်။
ရွယ်ကျားယီက ကျန်းယွီကို ဆရာစားမချန် မခြွင်းမချန် အသေးစိတ်ဂိုက်လမ်းညွှန်ပြီး မျှော်လင့်ချက်တွေပုံအပ်ထားသည်။
ရက်အနည်းငယ်အတွင်းမှာဘဲ ပိုင်ရှုယီ လဝက်အတွင်းသင်ပေးနိုင်တာထက်ပိုပြီး ရအောင်သင်ပေးခဲ့သည်။
ကျန်းယွီက အတတ်နိုင်ဆုံး စုပ်ယူအစာချက်နေရတဲ့ ရေမြှုပ်တုံးလေးနှင့်ပင်တူနေပြီ။
ဘာပဲဖြစ်ဖြစ် ရွယ်ကျားယီက နှစ်အတော်ကြာပြိုင်ပွဲအတွေ့အကြုံအများကြီးနှင့် ချန်ပီယံအကသမားဖြစ်သည်။ ကျန်းယွီရဲ့ အသေးစား ပြဿနာမှန်သမျှ အေးဆေးကူညီဖြေရှင်းပေးနိုင်တဲ့ စွမ်းရည်များစွာရှိသည်။
ပိုင်ရှုယီနှင့်ယှဉ်ရင် ကျန်းယွီကို ဘယ်လိုမျိုး က ပါ၊ ဘယ်လိုမျိူးလိုက်နာပါ ဆိုပြအထူးတလည် မပြောပေ။ သူမရဲ့သက်သောင့်သက်သာအရှိဆုံး အခြေအနေမှာသာ ကခိုင်းလိုက်သည်၊ ဒါပါဘဲ။
"ရှန်းအောင်းချင်နဲ့ ဝမ်လွန်တို့နှစ်ယောက်လုံးက အတွေ့အကြုံရင့်အကသမားတွေ၊ သူတို့နဲ့ စကေးချင်းယှဉ်ပီဆိုရင် အတော်ခက်မှာ၊ နင့်ရဲ့ခံစားချက်တွေအပေါ်မှာဘဲ မှီခိုနိုင်မယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် stage performance နဲ့ပဲ တိုက်ခိုက်လို့ရမယ်"
ရွယ်ကျားယီ သူမကိုနည်းပြလုပ်တိုင်း အဆုံးသတ်မှာ ကျန်းယွီက ခါးညွှန့်ပြီးပြင်းပြင်းပြပြကျေးဇူးတင်ခဲ့သည်။
"ငါ့ကိုကျေးဇူးတင်မနေနဲ့၊ ဘာပဲဖြစ်ဖြစ် ငါ chief နေရာကိုရဖို့ နင့်ကိုအသုံးချနေရုံပဲ"
ကျန်းယွီ သူမမျက်နှာကချွေးတွေကို စောင်နှင့်ပွတ်သုတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "သိပါတယ်၊ ဒါပေမဲ့ ဆရာမရွယ်ကို ကျေးဇူးတင်ချင်နေတုန်းဘဲ"
ရွယ်ကျားယီက သူမကိုတကယ်ကြီးဂိုက်လုပ်မပေးချင်ခဲ့ဘူးဆိုတာမှန်ပေမဲ့ သူတို့အတွေးတွေက မှားမနေသလိုဟန်ဆောင် ဖုံးကွယ်နေကြတဲ့သူတွေထက်တော့ ရွယ်ကျားယီက သူမ့ရဲ့တကယ့်ရည်ရွယ်ချက်ကို ချပြထားတဲ့ ဟန်ဆောင်ခြင်းကင်းသူဖြစ်သည်။
ဒါ့ကြောင့် သူမအပေါ်ထားတဲ့ ကျန်းယွီရဲ့မသတီမှုက အတော်လျော့ကျသွားသည်။
"တစ်ရက်တာဆရာက တစ်သက်စာဆရာပဲတဲ့၊ ဆရာမရွယ် Chief instructor နေရာရဖို့ အကောင်းဆုံးကြိုးစားပါ့မယ်"
ရွယ်ကျားယီက အကြည့်လွှဲသွားပြီး သာမှန်မဟုတ်တဲ့အမူအယာနှင့်ပြောလာသည်။ "နင် သူမနဲ့တစ်ထေရာတည်းတူနေတာကြီးက စိတ်ပျက်စရာကောင်းလိုက်တာ"
ပုထျန်းရန်အကြောင်းပြောနေတယ်ဆိုတာ ကျန်းယွီသိပါသည်။
"မစ္စစ်ရွယ်၊ ပုထျန်းရန်ကို သိတယ်ပေါ့၊ ပုထျန်းရန်ဘယ်လိုသေသွားတာလဲ"
"ဘာလို့သိချင်နေတာလဲ"
"သူမ့ရဲ့သေဆုံးမှုက ကျွန်မ့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းမြုပ်ဝင်နေတယ်၊ သူမက ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအရာတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ သိချင်တယ်"
အကခန်းထဲမှာ အခြားဘယ်သူမှ ရှိမနေတာကိုမြင်တော့ ရွယ်ကျားယီက ထိုင်ချပြီး ပြောပြလာသည်။ "သူမက နင့်အတိုင်းဘဲ၊ အရမ်းသန်မာတယ်၊ နောက်ဆုံးအချိန်တုန်းက "ငန်းရေကန်" ဆိုတဲ့ရာစုနှစ်ဖျော်ဖြေပွဲကြီးဖွင့်လှစ်ခဲ့တယ်၊ အဲ့ဒီ့ဖျော်ဖြေပွဲက သူမကို ဘုရင်မနေရာအနိုင်ရစေခဲ့ပေမဲ့ ပြိုင်ပွဲက တအားပြင်းထန်ခဲ့တယ်၊ ငါ၊ ပိုင်ရှုယီ၊ အခြားထူးချွန်တဲ့ အကသမားတွေ အကုန်လုံးက ငန်းဘုရင်မနေရာရဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေခဲ့ကြတာ"
"သူမက ပုထျန်းရန်ဖြစ်နေရင်တောင်မှ ဖိအားမများဘူးဆိုတာ မဖြစ်နိုင်ဘူးလေ၊ အဲ့အချိန်တုန်းက သူမရဲ့စိတ်ကျန်းမာရေးက အတော်ဆိုးရွားသွားတဲ့အထိ ဖိအားများတဲ့ဒဏ်ခံစားခဲ့ရတယ်လို့ ပြောလို့ရတယ်၊ ဆေးတွေတောင် သောက်နေခဲ့ရတာလို့ကြားတယ်"
"နောက်တော့ သူမက ရာစုနှစ်အဆုံးပိုင်းဖျော်ဖြေပွဲမှာ 'ငန်းဘုရင်မ' အဖြစ် ရွေးချယ်ခဲ့ရတယ်၊ ဒါပေမဲ့ ဆေးတွေအလွန်အကျွံ သုံးစွဲခဲ့တာကြောင့် စိတ်ကစဉ့်ကလျားရောဂါခံစားနေခဲ့ရတာမလို့ နောက်ဆုံးအနေနဲ့ သူမရဲ့ဘဝက "ငန်းရေကန်"အဆုံးမှာပဲ ခဲလျက်အဆုံးသတ်သွားခဲ့တယ်" ရွယ်ကျားယီက တည်တည်ငြိမ်ငြိမ်နှင့် ဖြစ်ကြောင်းကုန်စင် ရှင်းပြနေပေမဲ့ သူမမျက်ဝန်းတွေက ခံစားချက်တွေပြင်းထန်နေခဲ့သည်။
"ရာစုနှစ်အဆုံးဖျော်ဖြေပွဲမှာ သူမရဲ့အက က ဂန္တဝင်အဖြစ် တင်စားခံခဲ့ရတယ်၊ အဲ့ဒါက သူမရဲ့ပင်ပန်းစရာဘဝကြီးရဲ့နောက်ဆုံးအကလေ။ ကမ္ဘာကြီးက အဲ့အကကိုဘယ်လိုပဲ ပြန်တုပကြပါစေ၊ တုပချက်တစ်ခုသက်သက်ပဲ၊ လုံးဝ ပြန်ဖန်တီးလို့မရခဲ့ဘူး။ အဲ့အက က သီးသန့်အဖြစ်ပဲ ကျန်ရစ်နေတော့တာ"
သူမရဲ့မှတ်ဉာဏ်တွေကို ဖြည်းဖြည်းချင်းနားထောင်ရင်း၊ ပုထျန်းရန်က ဘာလို့ဘဲလေးအကလောကရဲ့ ဒဏ္ဍာရီလာဖြစ်လာတယ်ဆိုတာ ကျန်းယွီနားလည်သွားသည်။
သူမရဲ့သေဆုံးမှုကြောင့် ငန်းဘုရင်မဟာ သူမ့ရဲ့နောက်ဆုံးဘဲငန်းသီချင်းဖြစ်လာခဲ့သည်။
"သူမရဲ့ အလောင်းကို ပုမိသားစုက သယ်သွားပြီးတော့ ရုတ်တရက် သေဆုံးခြင်းအဖြစ် ထုတ်ပြန်ထားပေမဲ့ ဘယ်သူကမှ တကယ့်အခြေအနေကို မသိခဲ့ကြဘူး။ ပုထျန်းယန်က ဒီကမ္ဘာကြီးကနေ လုံးဝပျောက်ကွယ်သွားခဲ့တယ်။" ကျန်းယွီ ဒီကိစ္စကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်သက်ရောက်မှုကို ဖြေဖျောက်ဖို့ အသက်ပြင်းပြင်းရှူလိုက်ရသည်။
"အို့ရှ် စကားမစပ်၊ ပုမိသားစုကလူတွေလည်း ဒီနွေလယ်ညကပွဲကြီးကို လာကြလိမ့်မယ်"
ကျန်းယွီ ရွယ်ကျားယီကို ကြည့်လိုက်သည်။ "ပုမိသားစု? သူမရဲ့တူမကလည်း ပြည်တွင်းအနုပညာရှင်ပဲ၊ နောက်ပြီး မင်းရဲ့အကြီးဆုံးရန်သူက ရှန်းအောင်ချင်ကော ဝမ်လွန်ကော မဟုတ်ဘူး"
"ဆရာမ ဆိုလိုတာက..."
ရွယ်ကျားရီ သူမ့ကိုကြည့်ကာ တည်တည်တံ့တံ့ပြောလိုက်သည်။ "ဒီနေရာက လူတွေက ပုမိသားစုရဲ့လူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"
ကျန်းယွီ တိတ်တဆိတ် လန့်သွားရသည်။
"ဒီတော့ ပြင်းပြင်းထန်ထန်ကြိုးစား၊ အိပ်တာနဲ့ စားတာကလွဲရင် နင့်ရဲ့စွမ်းရည်တွေအကုန် အကထဲမှာဘဲအသုံးချ၊ နင်တို့ကောင်မလေးတွေရဲ့ လက်ရှိိအဆင့်နဲ့ဆို ပါရမီရှင်ဖြစ်ဖို့က အဝေးကြီးမှာ၊ လုံ့လဝီရိယက အရေးကြီးဆုံးအရာဘဲ"
ရွယ်ကျားယီက ပြောလို့ပြီးတော့ လှည့်ထွက်သွားသည်။
ဒါပေမဲ့ သူမပြောသွားတဲ့စကားလုံးတွေက ကျန်းယွီကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်သွားသည်။
သေချာတာပေါ့၊ သူမရဲ့လက်ရှိအဆင့်က အဝေးကြီးမှာဘဲရှိသေးတာ၊ လူအများစုကတောင် သူတို့ရဲ့လက်ရှိဘဝမှာ ပါရမီရှင်အဆင့်ကို မရောက်နိုင်ကြတာဆိုတော့ သူမအနေနဲ့လည်း ပါရမီအတွက် စင်ပေါ်တက်တိုက်ခိုက်လို့မရသေးပေ။
လုပ်နိုင်တာဆိုလို့ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်!
ကျန်းယွီ stereo ကနေ ပြင်ထားတဲ့သီချင်းကို ဖွင့်လိုက်ပြီး သံစဉ်နောက်ကိုစီးမြောရင်း ခဏလောက်လေ့ကျင့်နေလိုက်သည်။
နာရီဝက်လောက်ကြာတော့ အကလေ့ကျင့်ခန်းကရုတ်တရက် မီးပျက်သွားပြီး ပတ်ဝန်းကျင်က ချက်ချင်းကြီး အမှောင်ကျသွားသည်။
ဓာတ်အားပျက်တောက်တာလား။
ကျန်းယွီ ဖုန်းမီးကောက်ဖွင့်ပြီး အခြေအနေစစ်ဆေးဖို့ အခြားအခန်းတွေကို သွားဖို့ပြင်လိုက်သည်။
အခြားအခန်းတွေလည်း မှောင်ပိန်းနေပြီး အနုပညာအဆောက်အဦးတစ်ခုလုံး လျှပ်စစ်ပြတ်တောက်သွားပုံရသည်။ ကျောင်းသားတော်တော်များများ ကော်ရစ်ဒါမှာခေါင်းတွေ ပြုံနေကြပြီး အချင်းချင်းစကားပေါနေကြသည်။
ကြမ်းပြင်ကနေ မျက်နှာကြပ်အထိ မှန်ကာထားတဲ့အကအခန်းနားဖြတ်လျှောက်တော့ အခန်းထဲက ကောင်မလေးတစ်ယောက်ရဲ့ လှပသေသပ်လွန်းတဲ့အကပုံရိပ်ထံ သူမရုတ်တရက် ဆွဲဆောင်ခံလိုက်ရကာ ရောက်ရာနေရာမှာ ချက်ချင်းတောင့်ခဲသွားသည်။
လရောင်အောက်မှာ "Notre Dame de Paris"ရဲ့ Esmeralda Variation ကို ဖုန်းထဲမှာဖွင့်ထားရင်း အနီနှင့် အနက်ရောင် ဘဲလေးဇာဝတ်စုံကို ဝတ်ထားသော ကောင်မလေးကို တွေ့လိုက်သည်။
မှန်မှန်ထွက်ပေါ်နေတဲ့ ဒရမ်တီးချက်တိုင်းကို ခြေချောင်းတွေက အမှီလိုက်နင်းနေပြီး တီးခတ်နေတဲ့တေးသွားကို စီးမြောနေသည်။
ဒီအက ခြေမြင့်မြင့်မြှောက်ချက်တွေပါပြီး ရိုးရှင်းပုံပေါ်ပေမဲ့ တကယ်တော့ အကသမားတစ်ယောက်ရဲ့ အခြေခံစကေးကို စစ်ထားတာဖြစ်သည်။
ပြင်သစ်က လူတိုင်းကို ပါးစပ်ဟောင်းလောင်းဖြစ်သွားစေနိုင်သည့် နှစ်လိုဖွယ်ရှိသော တင့်တင့်တယ်တယ် ဂျစ်ပစီကောင်မလေးတစ်ယောက်ရဲ့ ပြယုဂ်လိုမျိုး ပတ်ချာလည်လှည့်သည်ဖြစ်စေ ဒါမှမဟုတ်၊ ကချက်တွေကို ပြောင်းသည်ဖြစ်စေ ကောင်မလေးရဲ့ကကွက်တိုင်းက အရမ်းတည်ငြိမ်သည်။
သူမ့ရဲ့ဆွဲဆောင်ချက်ကို အကြည့်မလွှဲနိုင်ဘဲ ကျန်းယွီ မှန်ပြတင်းပေါက်ရှေ့မှာ တွေတွေကြီးရပ်နေခဲ့သည်။
အရမ်းလှတာပဲ!
ထိုအခိုက်အတန့်မှာ ကျန်းယွီ ရှက်ရွံ့လာရသည်။
အနီရောင်ဝတ်စုံနှင့် ကောင်မလေးက ပြတင်းပေါက်အပြင်ကကျန်းယွီကို သတိပြုမိသွားတော့ ကတာကိုရပ်လိုက်ပြီး သူမ့ကိုလှည့်ကြည့်လာကာ သာယာချိုမြစွာ မေးလာသည်။ "အဆောက်အဦးတစ်ခုလုံး မီးပြတ်သွားတာလား"
ကျန်းယွီ ကြောင်ကြောင်ကြီး ခေါင်းညိမ့်ပြလိုက်သည်။ "ဟုတ်"
"အနုပညာအဆောက်အဦးရဲ့ လျှပ်စီးပတ်ကြောင်းတွေက တအားဟောင်းနေပီ၊ လျှပ်စစ်စီးကြောင်းပို့ဆောင်ရေးအတွက် တအားခက်ခဲနေပေမဲ့ သူတို့က လျှပ်စီးပတ်ကြောင်းအသစ်လဲဖို့ငြင်းဆန်နေကြတုန်းပဲ။ လေ့ကျင့်ရေးအခန်းတိုင်းက အဲယားကွန်းတွေ သုံးထားကြတော့ အကုန်မလည်ပတ်နိုင်ကြတော့ဘူး"
သူမပြောတာကိုနားထောင်ရတာ သူမက Esmeraကို ကောင်းကောင်းသိပုံရသည်။
"ဟုတ်တယ်၊ နာမည်ဘယ်လိုခေါ်လဲ" သူမက ကျန်းယွီကို မေးလာသည်။
"ကျန်းယွီ၊ ဂျင်းရဲ့ကျန်း မိုးရဲ့ယွီ၊ နင်ကကော?"
"ငါ့နာမည်က ပုရှီး၊ ပုထျန်းယန်ရဲ့ပု မျှော်လင့်ခြင်းရဲ့ရှီး " ပုရှီးက လေ့ကျင့်ခန်းတံခါးကို အပြုံးလေးနှင့်ဖွင့်ပေးကာ ကျန်းယွီကို အထဲဝင်လာစေသည်။ "နင်က Esmeraရဲ့ အခန်းအသစ်က ကျောင်းသူတွေထဲကလား"
"အင်း၊ အရင်နှစ်အဆုံးလောက်ကမှ ဝင်လာတာ၊ နင်ကကော?"
"ငါက အတန်းဟောင်က ကျောင်းသူပါ"
ထိုအချိန်တွင် အကလေ့ကျင့်ရေးအခန်းက ထိန်ထိန်လင်းသွားသည်။ အနည်းငယ် မျက်စိစူးသွားလို့ ကျန်းယွီ သူ့အလိုလို မျက်လုံးမှိတ်လိုက်မိသည်။
သို့သော် သူ့ကိုတည့်ကြည့်နေတဲ့ ပုရှီးက ဖွင့်ဟပြောဆိုလာသည်။ "ဝါး! နင်နဲ့ ငါ့အန်တီလေးက တူလိုက်တာ!"
"နင့်အန်တီလေးက ဘယ်သူတုန်း"
"ပုထျန်းယန်!"
"ပုထျန်းယန်! သူမက ငါ့အန်တီလေးပဲ!"
ကျန်းယွီကလည်း ဖွင့်ဟပြောလိုက်မိသည်။ "အားကျလိုက်တာ!"
ပုရှီးက ရယ်ချလိုက်သည်။ "နင်က ဘယ်အတန်းကလဲ"
"အတန်းF၊ နင်ကကော"
"ငါက အတန်းAက"
ကျန်းယွီ အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။ "ဟေး! နင့်ရဲ့အကက ဒီလောက်ကောင်းတာ၊ ဘာလို့ အတန်း Aမှာဘဲလဲ"
"ပြောချင်တာက ငါက ဘာလို့ chief instructor ပိုင်ရှုယီရဲ့ တပည့်ဖြစ်မလာတာလဲပေါ့?"
"ထိပ်တန်းကျောင်းသားတွေကို သူမက သီးသန့်သင်ပေးတာမဟုတ်ဘူးလား"
ကျန်းယွီ ခုနက ပုရှီးရဲ့ဖျော်ဖြေမှုကိုကြည့်ရတာ သေချာပေါက် ထိပ်တန်းအဆင့်အကလို့တောင် သတ်မှတ်လို့ရသည်။
ပုရှီးက တောက်ပစွာပြုံးပြကာ ကျန်းယွီနားကပ်ပြီး တိုးတိုးလေး ပြောလာသည်။ "ဘာလို့လဲဆိုတော့ သူမကငါ့ကိုနည်းပြပေးဖို့ မထိုက်တန်ဘူးဆိုပီး ငါ့အဘွားကပြောလို့လေ"