← Chapters

Chapter 78

Vol. 7 Ch. 78

Chapter 78

Vol. 7 Ch. 78

ဟိုင်ချန်းကပြန်ရောက်တော့ ချူးလီရဲ့အချိန်ပိုင်းဂိုက်အလုပ် အချိန်ဇယားက မနက်၊ နေ့လည်၊ ည ‌တစ်နေကုန်အပြည့် ဖြစ်သည်။

ကျန်းယွီ ချူးလီကို ညဉ့်နက်ချိန်တိုင်း ဖုန်းခေါ်ပြီး သူမ့ရဲ့တစ်နေကုန် လေ့ကျင့်ရေးအကြောင်းကို ပြောဖြစ်ကြပြီး သူရဲ့ထူးဆန်းတဲ့တပည့်တွေအကြောင်း ကွန်ပလိန်းတက်တာကို နားထောင်ပေးရသည်။

နှစ်ယောက်လုံး တွေ့ဖို့အချိန်ပင်မရှိကြပေ။

ကျန်းယွီနှင့် ပုရှီးကလည်း သူငယ်ချင်းတွေဖြစ်လာကြပြီး သေချာပေါင်းကြည့်လိုက်တော့ ပုရှီးမှာ အပေါင်းအသင်း အတော်ရှားတာကို ဖြည်းဖြည်းချင်းသိလာရသည်။

သူမက အရင်တစ်နှစ်လုံး နိုင်ငံခြားကို ခရီးပတ်ထွက်ခဲ့ပြီး အခုနှစ်မှ အိမ်ပြန်လာခဲ့တာဖြစ်သည်။ ပြီးတော့ Esmera အနုပညာစင်တာက ကောင်မလေးတွေက သူမ့ကိုအတော်လေးစားကြပြီး နတ်ဘုရားမလို ဆက်ဆံကြကာ သူမနှင့် လွယ်လင့်တကူ မဆက်ဆံရဲကြပေ။

ပေါင်းတာကြလာတော့ ပုရှီးက တကယ်တော့ အေးစက်ပြီးတော်ဝန်ဆန်တဲ့သူ မဟုတ်ပေ။ သူမလည်းဘဲ ကစားရတာကြိုက်ပြီး ပျင်းလည်းပျင်းတတ်တဲ့ အလွန်သာမာန်ဆန်တဲ့ ကောင်မလေးပင်။ နေ့လည်စာနားချိန်တွေဆိုရင်လည်း သူမကတောင် ကျန်းယွီကို အပြင်မှာရေခဲမုန့်ထွက်စားဖို့ ခေါ်သွားတတ်သေးသည်။

ပုရှီးက ကျန်းယွီကို သူမအိမ်ကို စနေတနင်္ဂနွေမှာ အလည်လာဖို့ ဖိတ်ခေါ်ထားသည်။

"ငါတို့မိသားစုမှာ အရမ်းရှားပါးပီး တန်ဖိုးရှိတဲ့ သံစုံတီးဝိုင်းအတွက် တေးသွားခွေချပ်ပြားတွေရှိတယ်၊ နင့်အတွက်ဖွင့်ပြပေးမယ်"

ကျန်းယွီက သဘောတူလက်ခံခဲ့ပြီး လာမယ့်စနေနေ့ နေ့လည်မှာ ပုရှီးတို့အိမ်ကို အလည်သွားခဲ့သည်။

ပုရှီးရဲ့အိမ်က အလွန်ခေတ်မီသော တိုက်ကြီးတွေဆောက်ထားသည့် ပေချန်းတောင်ပိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်ပြီး အဆင်မြင့်ဇုန်ရှိ နန်ကျင့်ရေကန်ဘေးက လူချမ်းသာဧရိယာရဲ့ အချက်အချာကျသော နေရာမှာရှိသည်။ အိမ်ဘေးပတ်ဝန်းကျင်က အလွန်ကောင်းမွန်ပြီး ရှုခင်းက လှပသည်။

ဒါပေမဲ့ ချောဆီမှာ ယင်ကောင်လေးတော့ နားနေသေးသည်၊ ပြောချင်တာက၊ အိမ်ဘေးနားက အဆင့်မြင့်ဗီလာဧရိယာက တိုးချဲ့နေဆဲဖြစ်တော့ ဆူညံ့သံက အနည်းငယ်ကျယ်လောင်သည်။

"ငါ ဒီကိုပြောင်းလာရတုန်းက အမေ့ကိုပြောခဲ့တယ်၊ အိမ်ဟောင်းလေးကမှ တကယ်ကောင်းတာဆိုပီးတော့ " ပြင်သစ်ပုံစံ ပြတင်းပေါက်နားရှိ ပုရှီးက နားနားကပ်လာကာ တိုးတိုးလေးကပ်ပြောသည်။ "ဒါပေမဲ့ ငါ့အမေက...အဘွားနဲ့ အတူမနေချင်ဘူးတဲ့လေ၊ ငါတရုတ်ကိုပြန်ရောက်ရောက်ချင်း အမေက သူမဘဝကြီးပြန်ခံစားရတော့မလိုမျိုး ပြောင်းလာတယ်၊ ဒါပေမဲ့ အဲ့ဒါက ဘယ်လောက်ပျင်းစရာကောင်းလဲဆိုတာ သူမ မေ့နေတယ်"

ကျန်းယွီရှေ့က စားပွဲအဖြူလေးပေါ် အဝေးကနေကြည့်နေရင်းတောင် လူတွေကိုသရေယိုစေတဲ့ ချစ်စရာပုံစံလေးတွေနှင့် အချိုပွဲအမျိုးအစားပေါင်းစုံတည်ခင်းထားသည်။

သူမ အံ့ဩသွားကာ ပုရှီးကိုမေးလိုက်မိသည်။ "နင့်မိသားစုက ဒီလောက်အချိုးတွေ အများကြီးစားဖို့ခွင့်ပြုတယ်လား"

"အမေအိမ်မှာမရှိလို့ မဟုတ်ပါဘူး၊ သူမ အက အနုပညာပြတိုက်ကို အဘွားနဲ့အတူသွားကြတယ်လေ" ပုရှီးကပြောပြီးပြီးချင်း ခရင်ကိတ်လေးကို ကောက်ယူကာ ကျန်းယွီပါးစပ်နားလာခွံသည်။

"ငါအများကြီး စားလို့မရဘူး၊ ငါက ဝိတ်တက်ဖို့ တအားလွယ်တာ"

"နည်းနည်းလေးတော့စားပါ၊ နည်းနည်းလေးဆိုအဆင်ပြေတယ်၊ ကိုက်ကြည့်လိုက်"

"ငါတကယ် မစားချင်ဘူး"

"စားလိုက်!"

"ဒါဆို...တစ်ကိုက်ဆိုရင်ကော?"

ကျန်းယွီ မထိုင်သာ မထသာပေ...

တစ်ကိုက်လိုက်ရုံကလွဲလို့ ရွေးစရာမရှိပေ...အံ့ဩတကြီး ပြောလိုက်မိသည်။ "အရသာရှိလိုက်တာ!"

" Chiffon ကိတ်က မဖြစ်မနေ စားသင့်တဲ့ဟာပဲ၊ လာပါ၊ အရသာခံကြည့်"

ကျန်းယွီ chiffon ကိတ်ကိုဇွန်းအပြည့်ကော်ကာ ပါးစပ်ထဲထည့်ငုံလိုက်တာနှင့် ချိုမြိန်မှုက သူမလျှာဖျားမှာ ပျံ့နှံသွားသည်။

သေချာတာပေါ့၊ အချိုပွဲတွေက လူတွေကိုချက်ချင်းပျော်ရွှင်စေသည်၊ အထူးသဖြင့် အချိုစားခဲသည့်သူတို့လိုအကသမားတွေအတွက် တစ်ကြိမ်လောက် နည်းနည်းလေး အရသာခံကြည့်ရုံနှင့် တကယ်တန်သည်။

"ငါ့ကောင်လေးကလည်း အချိုးတအားကြိုက်တာ၊ သူအတွက် ငါစားလိုက်တဲ့ဒီဟာလေး ထုပ်ယူသွားလို့ရလား"

ပုရှီးက ရယ်ချတော့သည်။ "နင်က ကိတ်စားတိုင်း နင့်ကောင်လေးကို အမြဲသတိရတာပဲ!"

ကျန်းယွီ ရှက်သွားတော့သည်။ "အဲ့ဒါက...သူကဒါတွေစားရတာကြိုက်တယ်လေ"

ပုရှီးက ချက်ချင်း ထကာ ဘူးအသေးသွားယူပြီး ပြောလာသည်။ "သူ့အတွက် အသစ်ထည့်ပေးမှာပါဟယ်"

"ရတယ်၊ ရတယ်၊ ငါက အများကြီး မစားနိုင်ဘူး၊ အလကားဖြစ်လိမ့်မယ်"

"အိုကေ" ပုရှီးက ရေခဲမုန့်ကို ဇွန်းကြီးနှင့်ကော်ကာ ထိုကိတ်လေးပေါ် ထပ်တင်ပေးပြီး သူမအတွက် သေသေချာချာ ထုပ်ပေးနေခဲ့သည်။

ပုရှီးနှင့် ဘဲလေးအကအကြောင်း ဆွေးနွေးကြတော့ ပုထျန်းယန်အကြောင်း မပါဖို့က မဖြစ်နိုင်ပေ။ "ပုရှီး၊ နင့်အဘွားက ပုထျန်းယန်ရဲ့အမေလား"

"ဒါပေါ့" ပုရှီးက သူမလက်က ရေခဲမုန့်တွေကို ယက်ရင်း ပြောလာသည်။ "အဘွားက သမီးနှစ်ယောက်မွေးထားတာ၊ တစ်ယောက်က ငါ့ဒေါ်လေးပုထျန်းယန်၊ နောက်တစ်ယောက်က ငါ့အမေ၊ ငါ့အဘွားရဲ့အကြီးဆုံးဆုတောင်းက သူမသမီးနှစ်ယောက်ကို ဘဲလေးအကပါရမီရှင်တွေ ဖြစ်လာဖို့ပဲ။ အန်တီပုထျန်းယန်က ငန်းဘုရင်မသရဖူကို ရခဲ့ပေမဲ့ ကံဆိုးစွာဘဲ...ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့တယ်၊ ငါ့အမေက ငါ့အဒေါ်လောက်မတော်တော့ ပြည်တွင်းချန်ပီယံပွဲစဉ်မှာပဲရပ်ခဲ့တာ၊ အဲ့တာကြောင့် ငါ့အဘွားကော၊ အမေကောက ငါ့အပေါ်တအား အားစိုက်ထားကြတာ"

"နင့်ရဲ့ဦးတည်ချက်ကော ငန်းဘုရင်မဖြစ်ဖို့လား" ကျန်းယွီက သိချင်စိတ်ပြင်းပြင်းပြပြနှင့် မေးလာသည်။

"ဒါပေါ့ဟ၊ ငါ ပုမိသားစုရဲ့အိမ်ပေါ်ကို ငန်းဘုရင်မဒိုင်းဆု သယ်လာနိုငမရမယ်!" ပုရှီးရဲ့မျက်လုံးတွေက တလဲ့လဲ့တောက်ပနေကြသည်။ "အဲ့ဒါ ငါ့အိမ်မက်ဘဲ"

ကျန်းယွီက ရယ်ကာမောကော ပြောလိုက်သည်။ "ဒါဆို ငါတို့က ပြိုင်ဘက်တွေဘဲ"

"ဟာမ်? နင်က အခန်း F က မဟုတ်ဘူးလား"

ကျန်းယွီ ဟာသလုပ်လိုက်သည်။ "ဘာလို့လဲ၊ အတန်း F ကလူတွေက အိမ်မက်မရှိရဘူးလား"

"ဟားဟား..." ပုရှီးက ကျန်းယွီရဲ့ကျောကိုပုတ်ကာ ပြောလိုက်သည်။ "သူငယ်ချင်းလေး၊ နင့်ရဲ့သတ္တိကတော့ ပြောင်မြောက်လှပါတယ်! လုပ်စမ်းပါ ကိတ်လေးနောက်တစ်ကိုက်လောက်ထပ်စား!"

"ငြင်းပါရစေ!"

နေ့လည်ခင်းရဲ့ ကြုံတောင့်ကြုံခဲနားချိန်လေးက တိုတောင်းလွန်းသည်။ ပုရှီးက ကျန်းယွီကို အပြင်လိုက်ပို့ပေးသည်။ "ဒီည အတူတူအကလေ့ကျင့်ရအောင် ကျောင်းကိုလာခဲ့နော်"

"အိုကေ"

ကျန်းယွီ သူမကိုလက်ဝှေ့ပြကာ သူမ့ကို အပြင်ထိလိုက်မပို့ဖို့ပြောပြီး အလျင်စလို လှည့်ပြန်ဖို့လုပ်လိုက်သည်။ "အပြင်မှာ နေပူတယ်လို့"

"အဲ့တာဆို နင်လည်းဖြည်းဖြည်းသွား"

ကျန်းယွီ ဂိတ်အပြင်ကိုထွက်လာရင်း လက်ထဲကကိတ်ဘူးလေးကိုကြည့်ကာ အလွန်အူမြူးနေခဲ့သည်။

ကလေးဘဝကတည်းက အရွယ်ရောက်တဲ့အထိ သူမ့မှာ သူငယ်ချင်းနည်းနည်းပဲရှိခဲ့တာပင်။ အလယ်တန်းကျောင်းတုန်းက သနားစရာ ချန်ဝေ့လေးကဘဲ သူမနဲ့ဆော့ပေးခဲ့တာ၊ Esmera ကိုဝင်လာပြီးတော့ လင်းမြောင်၊ မုကျစ်ရှန်းတို့နှင့် ဆုံတွေ့ခဲ့ပေမဲ့ သူတို့က ဒီနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ အလုပ်များနေကြပြီး သူတို့နဲ့ဆက်သွယ်ဖို့ ခဲယဉ်းလှသည်။

ပုရှီးက အတော်ထက်မြတ်တဲ့ ကောင်မလေးဖြစ်ပြီး သူမ့ထက် အများကြီးသာသည်။ တစ်ဖက်မှာလည်း ကျန်းယွီ သူမကို လေးစားအားကျမိသလို တစ်ဖက်မှာလည်း သူမ့ကိုရိုးရိုးသားသား သဘောကျမိသည်။ သူမနှင့်သူငယ်ချင်းဖြစ်ခွင့်ရတာက တကယ်ကြုံ့တောင့်ကြုံခဲပေ။

ဒီသူငယ်ချင်းဆက်ဆံရေးလေးကို အလွန်မြတ်နိုးမိသည်။

ကျန်းယွီ ဇုန်ဝန်းကြီးအပြင်က ပရုတ်အပင်တောလမ်းတလျှောက် ဖြတ်လျှောက်လာခဲ့သည်။ ဒီဧရိကာက ဇုန်ကြီးရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ မြက်စိမ်းလမ်းဖြစ်တာမလို့ ဒီနားကိုအပြင်အခြားကားတွေ ဝင်လာလို့မရတော့ လမ်းမကြီးကို ရောက်အောင် အတော်လျှောက်လိုက်ရသည်။

မြက်စိမ်းလမ်းအကျော် လမ်းမကြီးကိုရောက်တော့ ဗီလာဧရိယာတိုးချဲ့ဆောက်လုပ်ရေး လုပ်နေတာမလို့ မီးခိုးတွေ ဖုန်မှုန်းတွေ တစ်လမ်းလုံးတလုံးလုံးပေ။

သူမ့လက်ထဲက Chiffon က တစ်ညထားမရတော့ပေ၊ မဟုတ်ရင် ကြေမွသွားနိုင်တာမလို့ ကျန်းယွီ ချူးလီကိုခေါ်လိုက်သည်။

နွေရာသီပိတ်ရက်အကုန်လုံး ချူးလီက အလယ်တန်းကျောင်းသားတွေကို အိမ်စာတွေ ကူလုပ်ပေးသော အချိန်ပိုင်းဂိုက်ဆရာ အလုပ်လုပ်နေခဲ့ပြီး မနက် နေ့လည် ည လုပ်ချိန်အပြည့်ပေ။

စံပြနံပါတ်တစ်ပညာသင်ဆုက သူ့ကိုအလွန်ပေါ်ပြူလာဖြစ်သွားစေခဲ့ပြီး မူလတန်း၊ အလယ်တန်စကျောင်းကမိဘတွေအကုန်လုံးက သူ့ဆီအလုအယက်ကျောင်းလာအပ်ကြတာမလို့ စာသင်ချိန်တွေ အပြည့်ဖြစ်နေသည်။

နှစ်ယောက်သား အချိန်အတော်ကြာ မတွေ့ခဲ့ရပေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျန်းယွီက အမြဲသူ့ဘေးနားမှာ ရှိနေခဲ့တာကြောင့် အမြဲတမ်းတွေ့နေခဲ့ရတော့ အခုကျတစ်မျိုးကြီးခံစားနေရသည်။

အကြိမ်အနည်းငယ်လောက်မြည်ပြီးကာမှ ဖုန်းကိုင်လာသည်။ ချူးလီရဲ့လေသံနက်နက်က နူးညံ့ခြင်းတွေလည်းပါဝင်သည်။ "ရှောင်ယွီ"

"ဟေး၊ ဆူညံနေတာဘဲ" ကျန်းယွီ ညာဘက်နားကိုပိတ်ကာ ရှေ့က်လျှောက်လိုက်ရသည်၊ ဘေးပတ်လည်က ကရိန်းကားအသံတွေက အတော်ကျယ်ပုံရသည်။

"နင်ဘယ်မှာတုန်း"

"ဂိုက်လုပ်နေတာလေ"

ကျန်းယွီ စိတ်ဓာတ်ကျသလို ပြောလိုက်သည်။ "ဒီလောက်ပူတဲ့ရာသီကြီးမှာ ငါ့ချစ်သူလေးက နေ့တိုင်းစာသင်ပေးနေရတာပဲ တကယ်ခက်ခဲလိုက်တာ"

"မခက်ခဲပါဘူး၊ ကိုယ်ကအခု အအေးပတ်လုနီးပါး အဲယားကွန်းခန်းထဲမှာ အအေးပေးခံနေရတာ၊ ကျောင်းသားမိဘတွေကလည်း ကိုယ့်ကိုညတိုင်းညစာခေါ်ကျွေးကြတယ်၊ သရေစာတွေ အများကြီးလည်း ပေးကြတယ်"

သူပြောတာကြားကာမှ ကျန်းယွီစိတ်သက်သာရာရသွားသည်။

သူမနှလုံးက အခုတလော ဖန်နှလုံးသားလေးဖြစ်နေပုံရသည်၊ ချူးလီ တစ်ခုခုခံစားရမှာ သူမအရမ်းစိုးရိမ်နေမိသည်။

အတိတ်တုန်းက...သူ တအားခံစားခဲ့ရတာ၊ အနာဂတ်မှာ သူမနှင့်အတူရှိနေတဲ့သူ့ဘဝကြီးမှာ ဘာမှမရှိရင်တောင် ချိုမြိန်မှုတွေနှင့် ပြည့်နေပါစေလို့သာ မျှော်လင့်မိသည်။

သူတို့အတူတူအလုပ်ကြိုးစားပြီး အနာဂတ်ကို ပိုပိုကောင်းအောင်ပုံဖော်ကြမည်။

ကျန်းယွီ နောက်ကိုလှည့်ကြည့်မိချိန် သူမမျက်နှာပေါ်ကအပြုံးက ရုတ်တရက် တောင့်ခဲသွားသည်။

အဝေးက ဖုန်ထူနေတဲ့ဆောင်လုပ်ရေးထဲမှာ ပေချာနေတဲ့အဖြူရောင်စွပ်ကျယ်၊ ဦးထုပ်မာမာနှင့်ချူးလီက ဘိလပ်မြေအိတ်တွေ အပြည့်တင်ထားတဲ့တွန်းလှည်းကြီးကိုတွန်းနေရှာသည်။

နားနှင့်ပုခုံးကြားထဲ ဖုန်းညှပ်ထားပြီးတော့ မျက်ဝန်းများထဲကပါပြုံးနေကည လက်ကနေ အလေးလံဆုံးအလုပ်တွေလုပ်နေပေမဲ့ သူမကို အပေါ့ပါးဆုံးအကြောင်းအရာလေးတွေပြောနေရှာသည် __ "ကိုယ်တို့နောက်တစ်ခေါက်တွေ့ကြရင်၊ ကိုယ် ကျူရှင်လခနဲ့လက်ဆောင်ဝယ်ပီး ပြင်ဆင်လာခဲ့မယ်၊ အဲ့တာက အရမ်းကောင်းတဲ့လက်ဆောင်နော်၊ ဟိုနေ့က လမ်းလျှောက်ထွက်တုန်းက ဖြတ်ခနဲမြင်လိုက်တာနဲ့ မင်းအကြိုက်ကွက်တိဘဲ"

"..."

"ရှောင်ယွီ၊ နားထောင်နေရဲ့လား"

"..."

"ကျန်းယွီ?"

သူခေါင်းကိုမော့လာချိန်တွင် ကျန်းယွီ သူမနောက်ကငရုတ်ပင်ကြီးနောက်တွင် ကွယ်လိုက်ပြီး ပါးစပ်ကိုလက်နှင့်အုပ်ကို ကိုယ့်လက်ကို ဖိကိုက်ထားရသည်။

သူမ ပါးပေါ်ကိုမျက်ရည်တွေ လှိမ့်ဆင်းကျလာသည်။

ဘာကိုဂိုက်ပြတဲ့အလုပ်လဲ၊ အရာအားလုံးက အလိမ်အညာတွေ။

သူက ဘယ်တုန်းကမှ ဂိုက်ပြရတဲ့အလုပ်ကို မတွေ့ခဲ့ဘူး။ ဒါပေါ့၊ သူမက ညာတာကို ယုံပစ်လိုက်တဲ့အထိ တုံးအခဲ့မိသည်။

ပေချန်မြို့က စံပြကျောင်းသားချန်ပီယံက ကလေးဘဝကတည်းက အဖေ နိုင်နှင်းကျင့်တာ ခံလာရတဲ့ကလေးဆိုတာ မသိတဲ့သူရှိပါ့မလား၊ ပုံမှန်ထက်ထူးကဲတဲ့ IQ နောက်ကွယ်မှာ ဒီစံပြကျောင်းသားချန်ပီက ‌ဆိုးဝါးတဲ့စိတ်ကစဉ့်ကလျားဖြစ်နေတယ်ဆိုတာ ဘယ်သူကမသိဘဲနေမှာလဲ။

သူက နာကျင်မှု၊ ပျော်ရွှင်မှု၊ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းမှု...လူသားတစ်ယောက်ရဲ့ဘယ်စိတ်ခံစားချက်မျိုးကိုမှ မခံစားခဲ့ရပေ...

ဘယ်သူက အဲ့လိုလူမျိုးကို သူတို့သားသမီးတွေနဲ့ ထိတွေ့ပေးရဲပါ့မလဲ၊ ဘယ်သူက သူ့ကိုဂိုက်ဆရာခန့်ရဲပါ့မလဲ။

"ရှောင်ယွီ?"

ချူးလီ သူလုပ်နေတာကိုချလိုက်ပြီး ဖုန်ူကိုကိုင်ကာ စိတ်ပူတဲ့အသံနှင့်ပြောလာသည်။ "ဘာလို့ ဘာမှပြန်မပြောတော့တာလဲ"

ခဏကြာမှထွက်လာတဲ့ ကောင်မလေးရဲ့‌အသံက အက်ကွဲနေသည်။ "အဆင်ပြေပါတယ်၊ ငါဒီတိုင်း...လမ်းမ‌ပေါ်မှာ သေလောက်အောင်ကြောက်စရာကောင်းတဲ့ ကားတိုက်တာကြီး မြင်လိုက်ရလို့"

"အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်၊ ငါက အဝေးကြီးမှာ ရပ်နေတာပါ"

ချူးလီ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိပြီး သူမကို ပြောဖို့လည်းမမေ့ခဲ့ပေ။ "လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ မင်းကို နားကြပ်တပ်ခွင့်မပြုတော့ဘူး"

"အိုကေ"

"လျှောက်လမ်းထဲမှာပဲ လျှောက်နော်"

"အင်းပါ"

ကောင်မလေးရဲ့အသံက အခုတအားညှင်သာနေပြီး သူမက အတော်နာခံနေသည်။ "နင်ပြောတဲ့အတိုင်းအကုန်ပါဘဲ"

"ဒါဆို ဖုန်းချလိုက်တော့၊ ကိုယ် ဒီမှာအလုပ်များနေလို့"

"ခဏလေး ချူးလီ"

"ဒီညကျ ငါ နင့်ဆီလာခဲ့မယ်"

"ဒီညလား" ချူးလီက သူ့မျက်နှာကချွေးတွေကို မျက်နှာသုတ်ပဝါလေးနှင့် သုတ်ကာသန့်စင်လိုက်ပြီး ဖုန်းကိုကြည့်ကာမေးလိုက်သည်။ "ဘယ်ချိန်လောက်လဲ"

"နင်အလုပ်ဆင်းတဲ့အချိန်လောက်...နင်အတန်းတွေပြီးတဲ့အချိန်ပေါ့"

"အတန်းပြီးမှဆို နောက်ကျလိမ့်မယ်၊ မဟုတ်လည်း၊ နောက်တစ်ခေါက်မှ ‌တွေ့ကြရအောင်လေ"

"ဘယ်လောက်နောက်ကျကျ၊ ငါစောင့်နေမယ်"

ချူးလီက အခုအတော်အရှက်ရနေမိသည်၊ သူ့ခန္ဓာကိုယ်က ချွေးနံ့တွေထွက်နေပြီးတော့ နေအပူချိန်မြင့်မြင့်ကြောင့် အသားတွေပါညိုနေပြီ။ ကောင်မလေးက အရမ်းမထက်မြတ်ပေမဲ့ သူမက အရူးမှမဟုတ်တာ။

"ဒီည တကယ်အဆင်မပြေလို့ပါ၊ လိမ္မာပါနော်၊ ကိုယ် ဂိုက်အလုပ်တွေ အပြီးသတ်သွားကာမှ တွေ့ကြမယ်လေနော်"

"မရဘူး"

ချူးလီ သူမ့ရဲ့ခေါင်းမာတဲ့အသံကိုကြားရတာ သူမစိတ်မရှည်တော့ဘူး ထင်ပါရဲ့။ သူမျက်မှောက်ကြုံ့မိသွားသည်။ "ဘာလို့ ဒီညမှလဲ"

"ငါ လိုချင်လို့ပေါ့"

"ဘာလိုချင်လို့လဲ"

"ငါ နင့်ကို လိုချင်လို့ပေါ့"

All Chapters