← Chapters

Chapter 81

Vol. 8 Ch. 81

Chapter 81

Vol. 8 Ch. 81

ရှဲ့ယွမ် ကျန်းယွီကို ဖျော်ဖြေဖို့အတွက် လေ့ကျင့်ရေး အခန်းမှာ ပြင်ဆင်နေကြသော ကျောင်းသားများကြားတွင် ရှာတွေ့လိုက်သည်။

ကောင်မလေးက အားကစားဆွယ်တာလေးဝတ်ထားပြီး နားကြပ်လေးတပ်ထားကာ တေးသွားသံစဉ်မျိုးစုံကိုစစ်ဆေးပီး ဖြည်းဖြည်းချင်းလေး လိုက်ကနေပုံပေါ်သည်။

ကိုယ်တစ်ပတ်လှည့်ပတ်လိုက်ချိန်တွင် ရှဲ့ယွမ်ရဲ့ညာဘက်ရင်အုပ်ကို လက်မောင်းက တိုက်မိသွားသည်။

ကျန်းယွီ သူ့ကိုလှည့်ကြည့်လာကာ အနည်းငယ် ကြောင်အသွားပေမဲ့ အလျင်အမြန် တောင်းပန်လိုက်ရသည်။ "တောင်းပန်ပါတယ် ဦးလေးရှဲ့၊ ဦးလေးကို မမြင်လိုက်မိလို့ပါ"

"အရင်တုန်းက ပြောဖူးပါတယ်၊ သမီးရဲ့ဦးလေးမလို့လား၊ဦးက သမီးရဲ့..."

ရှဲ့ယွမ်စကားရပ်သွားပြီး ဆက်မပြောလိုက်တော့ပေ၊ သူမ ဖျော်ဖြေမှုအပေါ်မှာ တစ်ခုခုသက်ရောက်သွားမှာမလိုလားပေ။

"ကျန်းယွီ၊ ဦးကို မင်းရဲ့အဖေတစ်ယောက်လိုသာ ဆက်ဆံပါ"

ရှဲ့ယွမ်က သူ့သမီးလေးကို ရှာဖွေနေဆဲ‌ဆိုတာ ကျန်းယွီသိသလို သူမလည်း ဒီနှစ်များစွာကြာအောင် အဖေရှာလာခဲ့တာဆိုတော့ အဲ့တာဘယ်လိုမျိုးခံစားရလဲ သူမသိပါသည်။

"ဟုတ်ကဲ့" စိတ်အားထက်သန်စွာ ခေါင်းညိမ့်ပြလိုက်ပြီး ရှဲ့ယွမ်ကို တောက်ပစွာ ပြုံးပြလိုက်သည်။ "မစ္စတာရှဲ့သာစိတ်ရင်းနဲ့ သမီးကိုသမီးအရင်းတစ်ယောက်လိုဆက်ဆံချင်တာဆိုရင်၊ သေချာပေါက် အရမ်းပျော်ရပါတယ်၊ ဒါဆို သမီးမှာ အဖေနှစ်ယောက်တောင် ရှိသွားမှာ!" ရှဲ့ယွမ် ရဲနေတဲ့ သူမမျက်နှာကို ကြည့်လိုက်သည်။ ပါးတွေမို့တက်တဲ့အထိ ပြုံးနေတာမြင်တော့ သူ ရုတ်တရက် ဒါကလည်းမဆိုးပါဘူးဟူ၍ ခံစားလိုက်ရသည်။

သူမမှာ သူမကိုတကယ်ကြီးချစ်တဲ့အမေတစ်ယောက်၊ အဖေနှစ်ယောက်ရှိသွားမှာ။

ရှဲ့ယွမ် သူမ ပုခုံးပေါ်လက်တင်ကာ ဖွဖွ‌လေးညှစ်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ဒီပြိုင်ပွဲကိုတအားအတည်ကြီးတွေလုပ်မနေပါနဲ့၊ ဖျော်ဖြေပွဲသက်သက်လေ၊ အရေးကြီးဆုံးက ပျော်ရွှင်ရဖို့ပဲ"

ကျန်းယွီ ခေါင်းညိမ့်ပြလိုက်သည်။ "စိတ်မပူပါနဲ့၊ ဦးလေးရှဲ့၊ သမီး အလွန်အကျွံကြီးဂရုမပြုဘူးဆိုပေမဲ့ အကောင်းဆုံးလုပ်မှာပါ"

"မင်းအဆင်သင့်ဖြစ်တာနဲ့ အချိန်မရွေးစလို့ရတယ်"

"အာ"

ပြိုင်ပွဲက အချိန်အတော်ကြာတဲ့အထိ မစသေးတာက သူမကို စောင့်နေတာကြောင့်လို့ ကျန်းယွီ မမျှော်လင့်ခဲ့ဖူးပေ။

"မစ္စတာရှဲ့၊ သမီး အဆင်သင့်‌ဖြစ်နေပါပီ"

"အိုကေ"

ဘေးပတ်ပတ်လည်က ရှဲ့ယွမ်နှင့် ကျန်းယွီတို့စကားပြောနေကြတာကို နားစွင့်နေကြသည့် ပတ်ပတ်လည်က ကောင်မလေးတွေ အကုန်လုံး အလွန်အကြူး အောင့်သက်သက် ခံစားနေကြသည်။

ခုနက ကိုယ်ပျောက်လူသားလို သူတို့အဖက်မလုပ်ခဲ့ကြတဲ့ အတန်း F က ကောင်မလေးက ရှဲ့ယွမ်လို ပုဂ္ဂိုလ်မျိုးနဲ့ သိနေတာတဲ့။

မမျှော်လင့်ထားစွာဘဲ ပွဲစဖို့အတွက်တောင် ရှဲ့ယွမ်က ကျန်းယွီကို စောင့်နေသေးသတဲ့။

ခေါင်းဆောင်တစ်ချို့တောင်မှ အတော်ကြာအောင်စောင့်နေကြရသည်!

အတန်းF က ကောင်မလေးရဲ့ မူရင်းကဘာများလဲ။

ကျန်းယွီနှင့် ရှဲ့ယွမ်ကို ပိုင်ရှုယီ အေးစက်စွာကြည့်နေခဲ့သည်။

သွေးအေးစီးပွားရေးလုပ်ငန်းရှင်ကြီးက Esmera lda ကိုဝယ်ယူပြီး ရှယ်ယာခွဲဝေရေး အစည်းအဝေးမှာ စတွေ့ကတည်းက ရှဲ့ယွမ်ကို အချိန်အတော်ကြာအောင် ကြိုက်သဘောကျခဲ့ရသည်။

စးပွဲရှည်ကြီး၏ ထိပ်ဆုံးတွင်ထိုင်ကာ အနုပညာစင်တာရဲ့အနာဂတ် တိုးတက်ရေး အစီအစဉ်တွေအကြောင်း ရှယ်ယာရှင်တွေ ဆွေးနွေးတင်ပြနေတာကို အမူအယာကင်းမဲ့စွာနားထောင်နေခဲ့သည်။

ထိုမျက်ဝန်းနက်တွေထဲမှာ အေးစက်မှုကော၊ ဝမ်းနည်းမှုကော ရှိနေခဲ့သည်။

ဒီလူက Esmeralda ကို ကျသလောက် ဈေးနဲ့ဝယ်ခဲ့တာက သူရဲ့ယှဥ်ပြိုင်ဘက်တွေ အကုန်လုံးကို အံ့ဩသွားစေခဲ့သည်။ သူ့ရဲ့လုပ်ငန်းတွေမှာ ကြီးကြီးမားမားပြောင်းလဲမှုလုပ်တော့မှာလို့ အားလုံးထင်နေခဲ့ကြသည်။

သို့သော် သူက ဘာစကားတစ်ခွန်းမှတောင် မပြောသလို ဒီအနုပညာစင်တာကြီးရဲ့အနာဂတ်ကို ဂရုပင်မစိုက်ခဲ့ပေ။

တင်ဆက်သူက Esmeralda ရဲ့ကျောင်းသားဟောင်းတွေရဲ့ဂရုပုံတွေကို တင်ဆက်ပြသတဲ့အခါ ပိုင်ရှုယီတို့ အသုတ်က ကျောင်းသားအုပ်စုပုံကို မြင်လိုက်တဲ့အခါတွင်သာ ရှဲ့ယွမ်တုံ့ပြန်ခဲ့သည်။ သူရဲ့မျက်ဝန်းနက်တွေက ပုံထဲကကောင်မလေးတစ်ယောက်ထဲအပေါ် ကွက်တိကျရောက်နေခဲ့သည်။

"ပထမအတန်းရဲ့အတော်ဆုံးကျောင်းသားက ပိုင်ရှုယီပါ" စီနီယာအုပ်ချုပ်သူက ဂုဏ်ယူဝံ့ကြွားစွာမိတ်ဆက်ပေးခဲ့သည်။ "သူမက အခု အနုပညာစင်တာရဲ့ဆရာမလည်းဖြစ်တယ်၊ အခြား ရွယ်ကျားယီတို့၊ ပုထျန်းယန်တို့ကောဘဲ။ ကျွန်တော်တို့ အနုပညာစင်တာက အောင်မြင်တဲ့ဘဲလေးအကသမားတွေကို တစ်ခေတ်ပြီးတစ်ခေတ်မွေးထုတ်ပေးလာတာလို့ပြလို့ရပါတယ်၊ ဒီလိုမျိုးဘဲဆက်လက်..."

ရှဲ့ယွမ် လေသံမြှင့်မြှင့်ပြောပြနေတဲ့ စကားတွေကို လုံးဝမကြားတော့ဘဲ ဓာတ်ပုံကိုသာ စူးနစ်ပျော်ဝင်စွာ စိုက်ကြည့်နေခဲ့သည်။

နှစ်အတော်ကြာကာမှ အဲ့အချိန်တုန်းက ပုံကိုကြည့်နေခဲ့တဲ့သူရဲ့အကြည့်တွေက ပိုင်ရှုယီရဲ့နှလုံးသားကိုလှိုင်းထသွားစေခဲ့သည်။

'သူ ဘယ်သူ့ကိုများ ကြည့်နေခဲ့တာလဲ'

ပုံထဲက ကောင်မလေး အယောက်၂၀ထဲက ဘယ်သူကများ သူ့ရဲ့အာရုံစူးစိုက်မှုကို အရယူထားတာလဲ။

ပိုင်ရှုယီ ထိုအရာ‌ကိုတွေး‌နေခဲ့တာ၊ ၁၅နှစ်ကြာ ၁၅နှစ်လုံးလုံး တွေးတောနေခဲ့တာ။

သို့သော် အခုအခါတွင် ရှဲ့ယွမ်က လူအုပ်ကြီးကိုဖြတ်ပြီး ပုထျန်းယန်နဲ့ အတော်ဆင်တူတဲ့ ကောင်မလေး‌ဆီ ဦးတည်သွားတာကို သူမ မြင်လိုက်ရပြီး ဘယ်လိုလုပ်ပြီး သူ့အေးစက်တဲ့ မျက်ဝန်းတွေက နူးညံ့သွားရတာလဲ...အရင်တုန်းက ရှဲ့ယွမ် ဘယ်သူ့ကိုစိုက်ကြည့်နေခဲ့တာလဲဆိုတာ ပိုင်ရှုယီ ချက်ချင်းနားလည်သွားသည်...ပိုင်ရှုယီဆိုတဲ့ သူမလည်းမဟုတ်ဘူး၊ ရွှယ်ကျားယီလည်း မဟုတ်ဘူး...သေပီးသားမိန်းမကို!

နှစ်အတော်ကြာအောင် အိပ်နေရင်းတောင် ရှဲ့ယွမ် တစ်ခါမှ မေ့မရခဲ့တဲ့မိန်းမက ပုထျန်းယန်တဲ့လား။

ပိုင်ရှုယီ ခါးသက်သက်ဖြစ်သွားရသည်...

သူမ တည်ဆောင်ယူခဲ့ရတဲ့ ကျော်ကြားမှု၊ သူမ နှစ်အတော်ကြာ ကြိတ်သဘောကျရတဲ့အမျိုးသား ... အားလုံးကို အဲ့ဒီ့မိန်းမက အကုန်လုသွားတာဘဲ၊ သူမကသေပီးသားဆိုရင်တောင် လုံးဝအလွတ်မပေးနိုင်ဘူး။

နှစ်အတော်ကြာအောင် တစ်ကိုယ်တည်းနေပြီး သူ့ကိုပဲ စွဲစွဲလမ်းလမ်း ချစ်လာခဲ့ရတာ ဟာသတွေမှမဟုတ်တာ။

ဒါပေမဲ့ ပုထျန်းယန်က သေပီးသားဆိုပေမယ့် သူမနဲ့ရုပ်တူပီး အရည်အချင်းရှိတဲ့ ကျန်းယွီ၊ ရောက်လာပြန်ပီ၊ သူမနှစ်အတော်ကြာ ခက်ခက်ခဲခဲ ကြိုးစားလာခဲ့တဲ့အရာအားလုံး သူမချစ်ရသူကိုပါ ယူသွားဖို့ကြိုးစားနေပြန်ပီ။

သူမဘယ်လောက် ခက်ခဲအောင်လုပ်ထားထား သူမကိုရှယ်ယာဝင် အစည်းအဝေးထိခေါ်ကာ ရေရာသောအကြောင်းပြချက်ကို သေချာတောင်းကာ အရှက်ကွဲစေခဲ့ပြီး အရင်က ရှဲ့ယွမ်ကိုယ်တိုင် ကျန်းယွီကို ဘာလို့ အလကား နာမည်စာရင်းသွင်းပေးခဲ့လဲဆိုတာ မအံ့ဩမိတော့ပေ။

အရာအားလုံးရှင်းသွားပီ၊ အရာအားလုံးမှာ အကြောင်းပြချက်ရှိသည်။

ပိုင်ရှုယီ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး မသိမသာ တုန်ယင်‌နေရှာသည်။

ဒီကမ္ဘာကြီးက ဘယ်တော့မှ မမျှတဘူးဘဲ။

ပိုင်ရှုယီ လှည့်လိုက်တော့ ဝမ်လွန်နှင့် ရှန်းအောင်းချင်ကိုတွေ့လိုက်သည့်အခါ အေးစက်သောလေသံနှင့် မေးလိုက်သည်။ "အဆင်သင့်ဖြစ်ကြပီလား"

"ဆရာမပိုင်၊ အဆင်သင့်ဖြစ်ပါပီ"

"ကောင်းကောင်းကကြ၊ သုံးချီအတွင်းမှာ ကျန်းယွီ ထုတ်ပယ်ခံရသင့်တယ်"

ရှန်းအောင်းချင်ရဲ့ တိုက်ခိုက်လိုစိတ်က မြင့်တက်လာကာ ယုံကြည့်ချက်ရှိရှိ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ မစ္စစ်ပိုင်"

ဝမ်လွန်က ဘာမှဝင်မပြောခဲ့ပေ။ သူအရင်က ကျန်းယွီနှင့်တွဲလုပ်ဖူးသလို ကျန်းယွီရဲ့အဆင့်ကိုသိနေသည်လေ။

ရှိန်လောက်တဲ့ ပြိုင်ဘက်အဖြစ် မှတ်ယူလို့ရသည်။

ပြိုင်ပွဲကြီး တရားဝင်စတင်လေပြီ။ Esmeralda ရဲ့အကောင်းဆုံး အကသမားအဖြစ် သတ်မှတ်ခံထားရတဲ့ပုရှီးက ဖျော်ဖြေပွဲကို ပထမဆုံးစတင်ခဲ့သည်။ သံစဉ်က မြူးကြွသော ပီယာနိုသံနှင့်စတင်ပြီးမှ တယောသံနှင့် Cello သံတို့ ပေါင်းဝင်လာကာ တေးသွားက ပိုပိုပြီးပျော့ပြောင်းလာသည်။

စက္ကန့်အနည်းငယ်လောက် နားထောင်ကြည့်ပြီးတာနှင့် ဒါက "The Last Day of Bach"ဆိုတာကို အလျင်အမြန်တွက်ချက်မိသွားသည်။ အေးအေးဆေးဆေးပြုံး၍ ကွင်းပြင်အလယ်က ချောမွတ်တဲ့အကစင်ကြီးပေါ်ကိုသွားကာ သီချင်းရဲ့တေးသွားကိုလိုက်ပြီး မြူးမြူးကြွကြွအကကို ပုံဖော်လိုက်သည်။

လှုပ်ရှားမှုတိုင်းက လှပလွန်းပြီး အဆုံးသတ်မှာ သေသပ်လှပသော လှည့်ချက်များနှင့် အဆုံးသတ်သွားသည်။

ထောင်နှင့်ချီတဲ့ ချီးကျူးဩဘာပေးသံတွေထွက်ပေါ်လာသည်။

ပုရှီး စင်ပေါ်ကဆင်းသွားတော့ ပုထျန်းရှန့်က ကျေနပ်မှုနှင့်ခေါင်းတညိမ့်ညိမ့်လုပ်ကာ မျက်နှာသုတ်ပုဝါလေးထုတ်ပီး သူမနဖူးပေါ်က ချွေးတွေကိုသုတ်လိုက်သည်။

မစ္စစ်ပုရဲ့မျက်ဝန်းတွေကတော့ တင်းမာနေပြီး ခေါင်းတခါခါနှင့် မူမမှန်တဲ့လှုပ်ရှားမှုတစ်ချို့ကိုမြင်နေရ၍ အလွန်မကောင်းသေးပုံခံစားရပုံပေါ်သည်။

ဒီကောင်မလေးမှာ မရှိတာက ပါရမီမဟုတ်ပေ၊ သူမ့စကေးတွေက အလွန်ကောင်းမွန်လှပြီး အနည်းဆုံးတော့ လူငယ်ဘဲလေးအကသမားတွေထဲမှာ သူမကိုယှဉ်ပြိုင်နိုင်မဲ့သူမရှိပေ။

ဒါပေမဲ့...မပြည့်စုံသေးပေ။

မစ္စစ်ပုရဲ့မျက်လုံးထဲမှာ ပြည့်စုံခြင်းဆိုတာကိုအစစ်အမှန် ဆွတ်ခူးနိုင်တာတစ်ယောက်သာရှိသေးသည်...သေချာပေါက် ပုထျန်းယန်ပေါ့။

ဒါပမဲ့ ပုရှီးက သူမ အန်တီလေးလိုမျိုး လျင်မြန်သွက်လက်မှု၊ သဘာဝဆန်မှုတို့ လစ်ဟာနေသည်။

ပုံစံကျနပေမဲ့ စိတ်ဝိဉာဉ်က ပျောက်နေသည်။

ပုရှီး စင်ပေါ်က ဆင်းသွားပြီးတော့ သီချင်းက ဆက်သွားနေကာ နောက်ထပ် ရှင်းအောင်းချင်က စင်ပေါ်ကိုတက်လာသည်။

အရှေ့မှာတင်ကသွားတာ ပုရှီးဆိုတော့ ရှင်းအောင်းချင်ရဲ့အကကို အကောင်းဆုံး လက်သင့်ခံနိုင်ဖွယ်ရာအဖြစ်သာမှတ်ယူလို့ရပြီး အမှားတစ်စုံတစ်ရာရှာမတွေ့ကြပေမဲ့ ပုရှီးတုန်းကလောက်တော့ လက်ခုပ်ဩဘာသံမများခဲ့ပေ။

ရှန်းအောင်းချင် စင်ပေါ်ကဆင်းလာတော့ မျက်နှာအမူအယာက ဒေါသထွက်မနေခဲ့ပေမဲ့ သူမစိတ်ထဲမှာ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။

ဘယ်သူကများ သူမကို ပုရှီးနောက်ကပ်လျက်ထည့်ပေးလိုက်လဲ မသိပေ၊ ဒီလိုမျိုးအားပေးမှု နည်းနည်းလေးကတော့ လုံးဝမဖြစ်နိုင်ဘူး။

တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်စင်ပေါ်တက်သွားပြီး ယောက်ျားလေးကော၊ မိန်းကလေးကော ကျောင်းသားတော်တော်များများ ဖျော်ဖြေပြီးပေမဲ့ ပထမဆုံးစင်ပေါ်တက်ခဲ့တဲ့ ပုရှီးကို ဘယ်သူမှမကျော်နိုင်ကြသေးပေ။

ဝမ်လွန်က တကယ်ကို အရမ်းတော်ပါသည်။ ယောက်ျားတစ်ယောက်ရဲ့ melancholy ကို အကောင်းဆုံးပြသသွားနိုင်ခဲ့သည်။ ပုရှီးလိုမျိုး ခေါင်းဆောင်တွေဆီက ချီးကျူးမှုတစ်ချို့ရနိုင်ခဲ့တဲ့ ကျောင်းသားအနည်းငယ်ထဲက တစ်ယောက်အပါအဝင်ပေ။

ပထမအကြော့မှာတင် သီးချင်းသံစဉ်က နောက်ပြန်သွားသလို ပိုပိုရှုပ်ထွေးလာတာကြောင့် ကျောင်းသားတော်တော်များများ ထုတ်ပယ်ခံကြရသည်။

ထုတ်ပယ်ခံရတဲ့ ကျောင်းသားတွေက လှုပ်ရှားမှုမမှတ်မိတာတွေ၊ ကာရန်ကို လိုက်မမှီနိုင်တာမျိုးတွေ၊ သေချာခြေမလှမ်းနိုင်တာမျိုးတွေ၊ ဒါမှမဟုတ် တလွဲကကွက်အမှားတွေ ကနေတာမျိုးတွေပေ...

အတန်းF က ကျန်းယွီက အတန်းလိုက်တန်းစီရာတွင် နောက်ဆုံးအလှည့်ကျတာ သဘာဝပင်။

ပြီးတော့ သူမကျတဲ့သီချင်းက အစမှာသံစဉ်မရှိပေမဲ့ ခေါင်းလောင်းသံမျိုးလေးထွက်ပေါ်လာသည်။ ကျောင်းသားတွေ အချင်းချင်းကြည့်ကာ ဘာများဖြစ်မလဲခန့်မှန်းနေကြသည်။

သို့သော် အကသမားကတော့ ငါးစက္ကန့်သာစဉ်းစားခွင့်ရှိသည်။ ငါးစက္ကန့်ကျော်တာနှင့် အလိုလိုထုတ်ပယ်ခံရမည်။

အတန်းF က လူတွေက သေချာပေါက်ရှုံးမှာလို့ လူတိုင်းတွေးမိကြသည်။

ဘာပဲဖြစ်ဖြစ် စောနကအတန်း B၊ C ကကျောင်းသားတွေတောင် အထုတ်ပယ်ခံရပြီး အတန်း F က ကိုယ်ပျောက်လူသားလေးက ရှန်းအောင်းချင်နှင့် အခြားသူတွေကို စိတ်အနှောက်အယှက်ပေးဖို့ အမြှောက်စံလေးပင်။

လူတော်တော်များများက သီချင်းဘာလဲမသိကြသေးပေမဲ့ ကျန်းယွီက ခြေတစ်ချက်ကန်ကာ စတင်ကတော့သည်။

ဘယ်သူထက်မ‌ဆို အရင်တုံ့ပြန်ခဲ့သည်။ ကျော်ကြားတဲ့အကသီချင်း "Carmen"ရဲ့ prelude ဖြစ်ပြီး ဂန္တဝင်တေးသွားလေး ထွက်ပေါ်လာမှသာ လူတိုင်းချက်ချင်းသဘောပေါက်သွားကြသည်။

ဒီအကရဲ့ကာရန်က အလွန်မြန်သည်။ ပုရှီး ခုနက ကခဲ့တဲ့အကနှင့်ယှဉ်လျှင် တကယ့်ကိုပိုပြီးခက်ခဲလေသည်။

ပိုင်ရှီးရဲ့အကက အလွန်တရာနူးညံ့ပေမဲ့ ကျန်းယွီရဲ့"Carmen"ကတော့ စိတ်အားထက်သန်မှုအပြည့်ဖြစ်သည်။ သူမခြေဖဝါးလှမ်းလိုက်တဲ့ ခြေတစ်လှမ်းစီတိုင်းက လူတိုင်းရဲ့နှလုံးသားထိပ်တည့်တည့်ကိုတက်နင်းနေပြီး အဲ့ဒီ့လူကို Goodbye လို့ ပြောနေသယောင်ရှိသည်။

ပိုင်ရှုယီ သူမကိုသေချာစိုက်ကြည့်နေခဲ့သည်။ အရင်တုန်းက သူမအကက ဆွဲဆောင်မှုအပြည့်ဆိုပေမဲ့ အသေးစိတ် အချက်အလက်တွေ လစ်ဟာနေခဲ့သည်။

ဒီကပွဲထဲတွင် ပရိသတ်တွေထဲမှာ ပရော်ဖက်ရှင်နယ် ဘဲလေးအနုပညာရှင်တွေ အများကြီးပါဝင်ပြီး ပုမိသားစုရဲ့အမျိုးသမီးအိုကြီးလည်း ရောက်ရှိနေသည်။ ဒီလူတွေက ကျန်းယွီရဲ့"Wild Ways"ကို ဘယ်တော့မှခွင့်ပြုပေးမှာမဟုတ်ပေ။

ဒီလိုသီချင်းအတွက် အကမျိုးကို ကဖို့ အကသမားတွေရဲ့အသေးစိတ် အချက်အလက်တွေလိုအပ်ပြီး ကမ္ဘာနှင့်ချီပီးကျော်ကြားနေတဲ့ အကသမား‌တွေတောင်မှ ဒီလိုအကမျိုးကို လက်တန်းထိုးကဖို့ မတတ်နိုင်ကြတာကကြောင့် ကျန်းယွီအတွက် "Carmen"ကျဖို့ သူမသေချာ အထူးတလည် ပြင်ဆင်ထားရတာဖြစ်သည်။

ကျန်းယွီလိုမျိုး ပျံတတ်စငှက်ငယ်လေးက ဒီလိုအကမျိုးကို ကတော့မယ်ဆိုရင် သေမှာကိုစောင့်နေခဲ့တဲ့ရေဝေးခရီးလိုမျိုးပေ။

သို့သော် ကျန်းယွီရဲ့အကသည် အခြေခံအသေးစိတ်လိုအပ်ချက်အားလုံးပြည့်စုံပြီး လုံးဝအားနည်းမသွားတာမျိုးကို ပိုင်ရှုယီ လုံးဝမမျှော်လင့်ထားခဲ့မိပေ။

သူမက တကယ်ကြီး...လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာ။

မယုံကြည့်နိုင်လောက်အောင်မိုက်သည်!

ဘေးပတ်လည်ကလူတွေ အထူးသဖြင့် မစ္စစ်ပုနှင့် ပုထျန်းရှန့်တို့ကို ကြည့်လိုက်သည်။ ကျန်းယွီကို စိုက်ကြည့်နေကြပုံက ညီမျှစွာအသက်ဝင်လှသည်။

အထူးသဖြင့် မစ္စစ်ပု၊ ဘယ်လိုစိတ်ခံစားချက်မှ မဖော်ပြဘဲ တစ်လျှောက်လုံး တည်တံ့လာခဲ့တဲ့ အမျိုးသမီးအိုကြီးက ကျန်းယွီရဲ့အကကိုမြင်လိုက်တဲ့အခါမှာ သူမမျက်ဝန်းများထဲ အဆုံးမရှိသောခံစားချက်များပြည့်နေသည်။

သေချာတာပေါ့၊ ကျန်းယွီရဲ့အလွန်တရာတိုတောင်းလှတဲ့အကလေးက လူတိုင်းရဲ့စိတ်ထဲကို ထိုစကားလုံး၃လုံးကို ပြန်ထင်ဟပ်သွားစေခဲ့သည်၊ "ပုထျန်းယန်"

ပရိတ်သတ်တွေထဲက ပုရှီး မျက်နှာပေါ်က အပြုံးမှာ ပျောက်ကွယ်လာသည်။

ဒီတစ်ချိန်လုံး ကျန်းယွီရဲ့လှုပ်ရှားပုံတွေကို သူမစောင့်ကြည့်လာတာပါ။

အစပထမ ကျန်းယွီရဲ့အကမှာ တကယ့်ကိုအမှားတွေများလွန်းလို့ သူမအဆင့်က တကယ်ကြီး အတန်း F ကကျောင်းသားတစ်ယောက်မှန်း ပုရှီးလက်သင့်ခံထားမိခဲ့သည်...ဒါပေမဲ့၊ အချိန်ကာလတို လေ့ကျင့်ရေးလည်းပြီးသွားတော့ ကျန်းယွီက ရေမြှုပ်တုံးလို၊ စကေးတွေအားလုံးကိုစုပ်ယူ၊ ပိုကျွမ်းကျင်အောင်ပြုလုပ်၊ နောက်တော့ စင်ပေါ်မှာ အဲ့ဒါတွေအားလုံးကိုအသုံးချသွားသည်။

ဘယ်လိုပါရမီပါလိမ့်၊ ဘယ်လိုစွမ်းရည်မျိုးပါလိမ့်...ပုရှီးတောင်မှ လှုပ်လှုပ်ရွရွဖြစ်လာရသည်။

သူမ သူငယ်ချင်လေးကို ပြန်ဆန်းစစ်ရင်း တစ်ချိန်တည်းမှာ သူမနှင့် ငန်းဘုရင်မနေရာအပြိုင်လုမယ်ဆိုတဲ့ အရင်က ပြောခဲ့ဖူးတဲ့စကား‌လုံးတွေ ပြန်ကြားယောင်လာသည်။

အဲ့ဒီ့စကားက ဟာသမဟုတ်ဘူး။

အမှန်တရားပဲ။

All Chapters