← Chapters

Chapter 83

Vol. 8 Ch. 83

Chapter 83

Vol. 8 Ch. 83

ဈေးနှုန်းအတူတူနှင့် ကျန်းယွီနိုင်ခဲ့တဲ့ နွေလယ်ညစတားဆုတံဆိပ်ကိုပြန်ဝယ်နိုင်ဖို့ရာ ချူးလီ မျက်နှာတည်ကြီးနှင့် ကျန်းယွီကို crystal ဆိုင်ဆီ ဆွဲခေါ်သွားခဲ့သည်။

သဘာဝကျစွာဖြင့် crystal ဆိုင်က ပြန်မပေးချင်ခဲ့ပေ။ ဘာဘဲဖြစ်ဖြစ် ထို crystal က ဘာပြစ်ချက်ပြစ်နမှမရှိတဲ့ပစ္စည်းအသန့်ဖြစ်ပြီး လက်ရာမြောက်လှသော ရှားပါးပစ္စည်းလည်းဖြစ်သည်။ အဲ့တာက သေချာပေါက် အရည်အသွေးမြင့်အရာပေ။

ချူးလီရဲ့ ခက်ထန်လှတဲ့ မျက်နှာထားကိုကြည့်ရတာ ပစ္စည်းကို ဝယ်ထားတဲ့ငွေနဲ့ ပြန်ရောင်းမပေးရင် ဒီနေရာက အလွယ်တကူ မထွက်သွားပေးမယ့်ပုံပင်။

အရောင်းဝန်ထမ်းတွင် နွေလယ်ညကပွဲဆုကို ရောင်းခဲ့တဲ့ငွေအမောင့်အတိုင်း ကျန်းယွီကို crystal ဒိုင်းဆုလေးပြန်ရောင်းပေးလိုက်ရုံကလွဲ၍ ရွေးစရာမရှိခဲ့ပေ။

ချူးလီ သူ့ကတ်ကိုထုတ်ပြီး ငွေချေမလို့လုပ်လိုက်ချိန်မှာ ကျန်းယွီက အဆုံးအထိ သဘောမတူခဲ့ပေ။ သူကို သူမအခုပေးတဲ့လက်ဆောင်က crystal ဂီတသေတ္တာလေးကို စိတ်သန့်သန့်နှင့်ယူလို့ရအောင် ဝယ်ပေးတဲ့ဟာကြီးကို ဘယ်လိုလုပ်ပြီး သူကိုငွေထပ်ရှင်းခိုင်းရက်ရမှာလဲ။

ဒါကြောင့် သူမလျင်မြန်စွာဘဲ [Knowledge] ငွေ account ထဲကငွေသားကိုနှုတ်ပြီး crystalဆိုင်ရဲ့ ငွေ account နှင့် ချိတ်လွှဲပေးလိုက်သည်။

crystal ဆိုင်ထဲက ထွက်လာတော့ ချူးလီက သူ့ကျောတွင်ကွန်ပျူတာအိတ်ကို လွယ်ထားရင်း အေးစက်စွာပြောလာပြန်သည်။ "မင်း ကိုယ့်ကို လက်ဆောင်ပေးချင်ရင်တောင်မှ၊ crystal ဒိုင်းဆုကိုတော့ မရောင်းရဘူး။ အဲ့တာကို ဆွတ်ခူးနိုင်ဖို့ အချိန်အကြာကြီး မင်း လေ့ကျင့်ပြင်ခဲ့ရတဲ့ ဂုဏ်ထူးအမှတ်အသားပဲ"

ကျန်းယွီကတော့ ဂရုမစိုက်သလို ပုခုံးတွန့်ပြခဲ့သည်။ "ငါကတော့ အဲ့လိုဂုဏ်တွေ ဘာတွေမလိုပါဘူး၊ ငါ့ကြိုးစားအားထုတ်မှုရဲ့ အကောင်းဆုံး ထိုက်တန်မှုက ငါလိုချင်တာအကုန်ပဲ"

ချူးလီ လက်ဖဝါးအရွယ်လောက်ရှိသည့် အဖြူကြည်ရောင် crystal ဒိုင်းဆုလေးကို ကြည့်ရင်းပြောလိုက်သည်။ "မင်း မလိုချင်ရင် ကိုယ့်ကိုပေးလေ"

"အဲ့လိုအရာမျိုးက နင့်အတွက် အသုံးမဝင်ဘူးလို့ပြောထားတာ မဟုတ်ဘူးလား"

"အသုံးဝင်ပါတယ်၊ crystal က မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖယ်ထုတ်ပေးတယ်လို့ ငါ ကြားဖူးတယ်"

ကျန်းယွီက ဂရုမပြုသလိုနှင့် သူ့အား crystal ဒိုင်းဆုလေးကို ရက်ရက်ရောရော ပေးလိုက်သည်။ "ယူလိုက်! ယူလိုက်! အိမ်ပြန်ပြီး အိမ်လေးကိုဂရုစိုက်ကြရအောင်"

ချူးလီ crystal ဒိုင်းဆုလေးကို သူ့ကျောင်းလွယ်အိတ်ထဲ ဂရုတစိုက်ထည့်လိုက်သည်။

သူမရဲ့ဂုဏ်ထူးဆု အကုန်လုံးကို သိမ်းဆည်းပြီး ထာဝရတန်ဖိုးထားသွားမည်။ ကျန်းယွီ ဂရုမစိုက်ကောင်း မစိုက်နိုင်ပေမဲ့ သူ့အတွက် အရမ်းအရေးကြီးသည်။

crystal ဒိုင်းဆုကို အိတ်ထဲထည့်နေတာကိုကြည့်ရင်း ကျန်းယွီ အဲ့ဒီ့အကြောင်း တွေးကြည့်လေလေ တစ်ခုခုမှားနေသလိုခံစားရလေလေပင်။

သူက ကွန်ပျူတာကော crystal ကိုကော ယူသွားပြီ။ သူမက အလကားသက်သက် crystal ဖိုးကိုပါ ပိုရှင်းလိုက်ရတာပါ့ကော။

နှစ်ဆဒကာခံပြီးတော့...မမျှော်လင့်ထားစွာ အကြင်နာကင်းမဲ့တာဘဲ။

အစာပျော့တွေက စားရတာခက်ခဲလိုက်တာ။

နေ့လည်တွင် ကျန်းမန့်ယီ ရေနွေးနေချိုးခန်းကလပ်ဆီ အလုပ်သွားခဲ့ပြီး ‌ကောင်တာကနေ ဧည့်သည်တစ်ယောက်က ရုပ်ပိုင်းဆိုင်ရာကုထုံးအတွက် သူမကိုခေါ်ဖို့ တစ်နေ့လည်လုံးစောင့်နေခဲ့တာလို့ သတင်းပေးလာသည်။

"ဟုတ်၊ ဧည့်သည်စောင့်နေရင် ဘာလို့ကျွန်မကိုမခေါ်လိုက်ရတာလဲ"

ကျန်းမန့်ယီ အိတ်ကိုအလျင်စလို သွားထားပြီး အလုပ်ယူနီဖောင်းလဲဖို့ အဝတ်စားခန်းဆီ ပြေးသွားလိုက်သည်။ "နောက်တစ်ခါ ဧည့်သည့်လာရင်၊ ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန်အသိပေးပါ၊ ဟုတ်ပီလား၊ customer ကို အကြာကြီးစောင့်နေဖို့မပြောနဲ့"

ကောင်တာကအမျိုးသမီးကြီးက ကူကယ်ရာမဲ့သလိုပြန်ပြောလာသည်။ "မဟုတ်ပါဘူး၊ ကျွန်မတို့ ခေါ်မလို့လုပ်သေးတယ်၊ ဒါပေမဲ့ ရှင့် နေလည့်စာနားချိန်ကို မနှောက်ယှက်ဖို့ customer ကပြောလို့ပါ၊ ရှင် အလုပ်ပြန်လာတဲ့အထိ သူစောင့်နိုင်ပါတယ်တဲ့"

"ဘာလို့များ customer က အဲ့လောက်ကျိုးကြောင်းဆီလျော်ရတာလဲ၊ နောက်မှ အချိန်ပိုပေးရမယ်"

"ထူးဆန်းတဲ့ဧည့်သည်မျိုးပဲ"

ကောင်တာက အမျိုးသမီးကြီးက အတင်းတုတ်တော့သည်။ " နေပူကျဲတဲကြီးမှာ၊ သူက မျက်မှန်ကော၊ maskကော တပ်လို့၊ လျှာထိုးဦးထုပ်ကြီးပါ ဆောင်းထားတာ၊ မျက်နှာကို သေချာအကုန်မမြင်ရဘူး၊ မသိတော့ပါဘူး၊ စတားတစ်ယောက်များလားလို့တောင် ထင်မိတယ်"

"တကယ်လား"

ကျန်းမန့်ယီ စဉ်းစားနေချိန်မရှိပေ၊ အခန်းနံပါတ်မေးပြီးတာနှင့် အပြေးနှင်ရတော့သည်။

ဧည့်သည်တွေတန်းစီ စောင့်ဆိုင်း‌နေကျတြဲ Champs Hall ထဲကို သူမဝင်လာပြီး တံခါးကိုတွန်းဟလိုက်ချိန် ရင်းနှီးတဲ့အသံက နူးနူးညံ့ညံ့လေး ပျံ့လွင့်လာသည်။

ချိုသာနူးညံတဲ့ သီချင်းတေးသွားကပျံ့လွင့်‌လာပြီး အဲ့သီချင်းသံက... "Lover"

ဒီအသံကိုကြားတော့ ကျန်းမန့်ယီရဲ့နှလုံးသားလေး ရုတ်တရက် ထိတ်ခနဲဖြစ်သွားပြီး အလျင်စလို ကျောပေးလိုက်မိသည်။

ခဏလောက် စိတ်တစ်ခုလုံးဗလာဖြစ်နေပြီး နံရံကိုမှီရင်းစိတ်ဖြေနေရသည်။

ကျန်းယွီ ‌ဟိုင်ချန်ကို သွားကတည်းက ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်ဆိုတာ သိပြီးသား ဖြစ်သည်။

ဒါပေမဲ့ အခု တကယ်လက်တွေ့ဖြစ်လာတော့ ကျန်းမန့်ယီ ရင်ဆိုင်ဖို့ ခက်ခဲသေးသည်။

အဝတ်လဲခန်းဆီ အပြေးသွားကာ လော့ကာထဲက cosmetic အိတ်ကိုထုတ်ပြီး မိတ်ကပ်သေချာပြန်ဖို့ကာ ခရမ်းချဉ်သီးမှည့်ရောင် နှုတ်ခမ်းနီလေး ထပ်ဆိုးလိုက်သည်။

ဒီနှစ်တွေထဲမှာ အသားအရေ ထိန်းသိမ်းဖို့ အထူးတလည် အာရုံမစိုက်ခဲ့‌မိပေမဲ့ ရွယ်တူအမျိုးသမီးတွေနှင့်ယှဉ်ရင် ငယ်ရွယ်နုပျိုနေဆဲဖြစ်ပြီး ပိုပြီးတောင်လှပလာသေးသည်။

သူမ စိတ်ပိုင်းဆိုင်ရာက အစဉ်နုပျိုနေပြီး နေ့တိုင်း ပျော်ပျော်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ပိုအရေးကြီးတာက သူမက တစ်ခါမှ ကလေးမ‌မွေးဖူးတာကြောင့် အလွန်ကောင်းမွန်တဲ့ ကိုယ်လုံးအချိုးအစားကို အလွယ်တကူ ထိန်းနိုင်နေသေးသည်။

ဒါပေမဲ့ မှန်ထဲမှာ ကိုယ့်ဘာသာကိုယ်ကြည့်လိုက်ချိန်တွင် အိုနေပြီလို့သာ ကျန်းမန့်ယီ ခံစားနေတုန်းဖြစ်သည်။

ဟုတ်ပါတယ်လေ၊ ဘယ်လိုလုပ်ပြီး မအိုဘဲနေနိုင်မှာလဲ။ သူနှင့် ချစ်ခဲ့ကြတုန်းက ၁၈နှစ်အရွယ်ကောင်မလေးလေ။ မျက်စိတစ်မှိတ်စာအတွင်း ၁၉နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကျော်လွန်သွားပြီးလေပြီ။

မှန်ထဲက မျက်နှာကိုကြည့်ရတာ အတိတ်ကသွင်ပြင်ကိုပြန်ရောက်ဖို့ခက်ခဲလှသည်။ သူမ မျက်လုံးစွန်းမှာ အရေးကြောင်းအရာတွေ ရေးရေးလေး ပေါ်နေသလို ကောင်မလေး ငယ်ငယ်လေးတွေလို အသားအရေမှာ မတင်းရင်းတော့ပေ။

သူမ တကယ်ကြီး အသက်ကြီးလာပြီပဲ၊ အရင်တုန်းကလိုမျိုး ကောင်မလေး မဟုတ်‌တော့ပေ။

သူ့အတွက် တန်းမှတ်မိဖို့ အတော်အိုနေမှာပင်။

ချန်ယဲ့က အခု လူထောင်ချီဝိုင်းနေတဲ့ စတားကြီးဖြစ်နေပြီဖြစ်ပြီး သူက ကောင်မလေးငယ်ငယ်လေးတွေအများကြီး ကြိုက်နှစ်သက်ကြတဲ့ ကိုကိုနတ်ဘုရားလေ...အရမ်း နားလည်ရခက်ခဲတာဘဲ။

ဒါပေမဲ့ သူမ ကျတော့ကော၊ ကလေးတစ်ယောက်နှင့် အသက်လတ်ပိုင်းအရွယ် single mother တစ်ယောက်။

ကျန်းမန့်ယီ စဉ်းစားလေလေ မဖြစ်နိုင်ဘူးလို့ ပိုခံစားရလေလေပင်၊ သူနှင့်မျက်နှာချင်းဆိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။

သူမက အထက်တန်းကျောင်းပြီးတော့ ကိုယ့်ဝမ်းကိုယ်ထွက်ကျောင်းနေရချိန်မှာ ချန်ယဲ့က အနုပညာအကယ်ဒမီက ကျောင်းသူလေးတွေကြားမှာ အကျော်ကြားဆုံးနှင်းဆီခိုင်ကြီးပင်။

ထိုအချိန်က သူမရဲ့ ငယ်ရွယ်မှုနှင့် လှပမှုဆိုတာ သူမမှာရှိသည့် ယုံကြည်မှုတစ်ခုတည်းပင်။

ဒါပေမဲ့ အခုတော့ ဒီတစ်ခုတည်းသော ထောက်ပံ့မှုက မတည်ရှိတော့ပေ။

ကျန်းမန့်ယီ အခက်တွေ့နေချိန် သူမရဲ့လုပ်ဖော်ကိုင်ဖက် လျှိုရှောင်းချန် ဝင်လာတာမြင်တော့ အလျင်စလိုမေးလိုက်မိသည်။ "ချန်ချန်၊ ငါ့အစား ဧည့်သည်တစ်ယောက်ကို ဝန်ဆောင်မှုပေးပေးပါလား"

"ဘာအဆင်မပြေတာရှိလို့လဲ"

ကျန်းမန့်ယီ သက်ပြင်းချကာ ပြန်ပြောလိုက်သည်။ "မေ့လိုက်ပါတော့၊ အဆင်ပြေပါတယ်၊ ငါ့ဘာသာဘဲ သွားလိုက်ပါတော့မယ်"

ချန်ယဲ့က သူမဆီ တမင်တကာလာပြီး တစ်နေ့လည်လုံးစောင့်နေခဲ့တာဘဲလေ။

သူမ ပုန်းချင်ရင်တောင် သေချာပေါက် မပုန်းနိုင်ပေ။ ဒီနေ့လည်းမရဘူး၊ မနက်ဖြန်လည်းမရဘူး ဒါမှမဟုတ် သဘက်ခါလည်းမရဘူး...သူသေချာပေါက်လာနေမှာဘဲ။

လိုချင်တာမရမချင်း နောက်လှည့်မပြန်မယ့် ချန်ယဲ့ရဲ့စိတ်နေစိတ်ထားကို ကျန်းမန့်ယီ ကောင်းကောင်းကြီးနားလည်သည်။

သူမက အရွယ်ရောက်ပြီးသားသူ၊ ကလေးတစ်ယောက်နှင့် အရွယ်ရောက်ပြီးသားသူတစ်ယောက်၊ ထွက်ပြေးခြင်းက ဘာကိုမှမဖြေရှင်းနိုင်ဘူးဆိုတာ သူမ သိသည်။

သူမ ရင်ဆိုင်ရမယ်၊ သူကို အကုန်လုံးကို ရှင်းပြပေးရမယ်။

ကျန်းမန့်ယီ တံခါးနားမှာရပ်ပြီး အသက်ပြင်းပြင်းရှူလိုက်ပြီးမှ တံခါးကိုတွန်းဖွင့်လိုက်သည်။

အခန်းထဲကလူကြီးမှာ ရှိုးပွဲကနေ တန်းလာခဲ့ရတာမလို့ သူ့ဆံပင်ကို ဆေးပြန်မဆိုးရသေးပေ၊ အားကစားဝတ်စုံလေးဝတ်ထားပြီး အလွန်နုပျိုနေသည်။

ကျန်းမန့်ယီ ဝင်လာတာမြင်မှ ချန်ယဲ့က mask နှင့် လျှာထိုးဦးထုပ်ကို ချွတ်လိုက်ကာ သူမရဲ့နုပျိုနေသေးတဲ့မှတ်ဉာဏ်တွေထဲကလိုမျိုး ချောမောသည့်မျက်နှာထားမှာ အရင်လိုပါပင်။

သူ့မျက်နှာသွင်ပြင်‌တွေထဲက အလှပဆုံး ချယ်ရီပန်းမျက်ဝန်းတစ်စုံမှာ အတွင်းအပြင် မျက်ရစ်နှစ်ထပ်နှင့်ပင်။ မျက်ရစ်လေးက ခုံးထင်းနေပြီး မျက်လုံးစွန်းလေးကကော့တက်နေတာများ မရေတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့အသဲနှလုံးကို ဖမ်းစားနိုင်သည်။

သူက အသတ်လတ်ပိုင်းအရွယ် ရောက်နေပေမဲ့ အထူးဂရုပြုထိန်းသိမ်းမှုကြောင့် အသက်သုံးဆယ်အစောပိုင်းလောက်နှင့်တူနေသေးကာ အလွန်ဖြတ်လတ်သည်။

မိတ်ကပ်သာလိမ်းထားရင် အသက်နှစ်ဆယ်လို့ပြောရင်တောင် ဘယ်သူကမှ သံသယမဝင်လောက်ပေ။

သူမကို ပြုံးပြလာသည်။

ပင်ကိုနီတဲ့ သူ့နှုတ်ခမ်းပါးတွေက အခုလို ကော့တက်ပြလာတော့ ပိုပြီးတောင် ဆွဲဆောင်မှုအပြည့်နှင့် စွဲမက်ဖွယ်ကောင်းလှသည်။

အရင်က အနုပညာအကယ်ဒမီမှာ အရည်အချင်းရှိတဲ့လူချောလေးတွေ အများကြီး တက်ခဲ့တာဆိုပေမဲ့ ချန်ယဲ့တစ်ယောက်တည်းကိုသာ...နှစ်ယောက်မရှိတဲ့ ကျောင်းရဲ့မင်းသားလေးလို့ခေါ်နိုင်သည်။

အခုတောင်မှ ပြုံးဖြဖြနှင့် ကျန်းမန့်ယီကို ဆွဲဆောင်နိုင်သည်။

ကျန်းမန့်ယီ နှလုံးတွေ တဒုန်းဒုန်းခုန်လာပြီး သူရဲ့စူးရှလှတဲ့အကြည့်တွေကို ရင်မဆိုင်နိုင်တော့ဘဲ ဘေးကိုအကြည့်လွှဲလိုက်ရသည်။

သူမမှာ သတ္တိလုံးဝမရှိပေ၊ ယုံကြည်ချက်ဘဲ လွှတ်ထားရတာ။

ချန်ယဲ့က သူမ့စိတ်ထဲကအရာတွေကို နားလည်သွားပုံရသည်၊ လေသံမြင့်ကာ ချွဲချွဲပျစ်ပျစ် ပြောလိုက်သည်။ "ဒီမိန်းမလှလေးက ဘယ်သူပါလဲ၊ တံခါးများမှားဝင်လာတာလား၊ ကိုယ်တို့ ကလေးအမေက ဒီလောက်မငယ်ပါဘူး"

ဒီလေထုကို ဖြေလျှော့ဖို့ တမင်တကာပြောမှန်း ကျန်းမန့်ယီ သိသည်။

ဒီနေရာမှာ အခြားတစ်ယောက်သာဆိုရင် အပြုံးလေးညှစ်ထုတ်ပြီး တစ်ခုခုပြောမိမှာပင်...

ဒါပေမဲ့ အခုတော့ သူမ စကားတစ်ခွန်းမှမပြောထွက်နိုင်ပေ၊ လည်ချောင်းတစ်ခုလုံး ဆို့နင်နေသည်။

ကျန်းမန့်ယီ သူကိုစကားပြန်မပြောလာတာတွေ့တော့ ချန်ယဲ့ စိတ်လျှော့သလိုနှင့် အဝတ်တွေချွတ်တော့သည်။

နွေရာသီကြီးမှာ အားကစားဂျက်ကတ်ကြီး ဝတ်ထားရတော့ သူတစ်လွှာချင်းချွတ်ချတော့သည်။

ကျန်းမန့်ယီ လန့်ဖြတ်သွားကာ ဖြတ်ခနဲ ကျောပေးလိုက်မိသည်။ "ဘာတွေလုပ်နေတာလဲ!"

ချန်ယဲ့က မေးလာသည်။ "မင်းက ရုပ်ပိုင်းဆိုင်ရာကုထုံးဆေးခန်းဖွင့်ထားတဲ့ဟာကြီးကို ကိုယ်အဝတ်လဲစရာမလိုဘူးလား"

"အဝတ်လဲချင်လည်း မြန်မြန်သာလဲ"

ပြောလို့ပြီးတာနှင့် ဘီရိုထဲကနေ လက်တိုအင်္ကျီပွပွတွေထည့်ထားတဲ့အထုပ်ကို ထုတ်ယူဖွင့်လိုက်ပြီး သူနှင့်တော်မဲ့ဆိုဒ်ကိုတွေ့တော့ သူ့ဆီကမ်းပေးလိုက်သည်။

"ကျေးဇူးဘဲ"

ချန်ယဲ့က မထိတထိပြုံးလိုက်‌သည်။ "ဟိုဘက်လှည့်ပေးလေ"

ကျန်းမန့်ယီ လှည့်ကာ နံရံနှင့်မျက်နှာချင်းဆိုင်လျက်နေလိုက်ရင်း သူမနောက်မှာ ဘောင်းဘီချွတ်ချတဲ့အသံတွေပါကြားနေရသည်။

ရှင်းမပြနိုင်စွာ ပါးပြင်တွေနီရဲလာ၍ အခန်းအပြင်ကိုထွက်မလို့ လုပ်လိုက်ပေမဲ့ ချန်ယဲ့ပြောတာကိုကြားလိုက်ရသည်။ "အဝတ်လဲနေတာနော်၊ အခု တံခါးမဖွင့်လိုက်နဲ့၊ ဓာတ်ပုံအရိုက်ခံရရင် ငါတို့တွေ တရားဝင်ကြေငြာချက်ထုတ်နေရမယ်"

"..."

ကျန်းမန့်ယီ နံရံကိုခေါင်းမှီရင်း လက်သည်းတွေကိုစိုးရိမ်တကြီး ကုတ်ခြစ်နေသည်။

"အိုကေ"

ထိုလူကြီးက နာခံစွာ ကုတင်ပေါ်လှဲချလိုက်ပြီး သူမကိုတကယ်ကြီး ရုပ်ကုထုံးလုပ်ပေးစေချင်နေပုံရသည်။

"မစ္စတာချန်က ဘယ်လိုကုထုံးမျိုးလုပ်ချင်တာလဲ"

ခေါင်းကိုမော့ကာ ကလေးလေးလိုပြုံးပြလာသည်။ "ကိုယ်ဘယ်သူလဲ မှတ်မိသေးတယ်လား"

"..."

မျက်မှောက်ကြီးကြုတ်ကာ စကားတစ်ခွန်းမှပြန်ပြောမလာတော့ ချန်ယဲ့ မနောက်တော့ဘဲ နူးနူးညံ့ညံ့လေး မေးလိုက်သည်။ "ဒီမှာ ဘယ်လိုဝန်ဆောင်မှုတွေ ပေးတာလဲ"

"ခြေထောက်ဆေးပေးတာ၊ တစ်ကိုယ်လုံးနှိပ်နှယ်ပေးတာ၊ ပုခုံးနှင့် လည်ပင်း အကြောဖြေပေးတာ၊ လက်ခုပ်နှင့်နှိပ်..."

"ခန္ဓာကိုယ်နှိပ်နှယ်ပေးတာ၊ ကိုယ့်တစ်ကိုယ်လုံးကိုနှိပ်ပေးမှာလား"

"ဟုတ်ကဲ့"

"မင်းရဲ့လက်နဲ့?"

"မဟုတ်ရင်ကော"

ခြေထောက်နဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။

ချန်ယဲ့ကတော့ မျက်နှာမှာ အပြုံးမပျက်ပေ။ "ဒါဆိုရင် ကိုယ့်တစ်ကိုယ်လုံးကို နှိပ်ပေးစေချင်တယ်၊ မင်းရဲ့စကား မင်းတည်ရမှာနော်၊ ကိုယ့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး...မင်းနှိပ်ပေးရမှာ"

"တစ်နာရီကို ယွမ်၂၀၀ ထပ်ထည့်လိုက်ပါ"

"ယွမ်၂သန်းထပ်ပေးမယ်၊ မင်းကို တစ်ဘဝလုံးစာဝယ်ချင်လို့၊ အိုကေတယ်နော်"

"..."

အရင်တုန်းလို ရွှတ်နောက်နောက် ဖြစ်နေတုန်းပင်။ နှစ်တွေအကြာကြီး ကြာသွားတာတောင်မှ အောင်မြင်ကျော်ကြားတဲ့ စတားဖြစ်လာတာကလွဲလို့ ဘာမှမပြောင်းလဲသေးပေ။

သို့သော် ဒီအနေအထားက သူမကို အများကြီးစိတ်ပြေလျှော့သွားစေသည်။

"ကျွန်မမှာ တစ်ဘဝလုံးစာ အချိန်မရှိပါဘူး၊ မစ္စတာချန်"

သူမကို စိုက်ကြည့်ကာ အတည်ပေါက်ပြောလာသည်။ "ကိစ္စမရှိဘူး၊ မင်းမှာ ကျန်သမျှပဲ ကိုယ်လိုချင်တာပါ"

ကျန်းမန့်ယီ ဖြစ်ညှစ်ပြုံးပြလိုက်ပေမဲ့ သူမနှလုံးသားထဲမှာ အောင့်သက်သက်နှင့်ပင်။ "ဒါဆို မစ္စတာချန် တအားရှုံးသွားမှာပေါ့"

"မဟုတ်တာ၊ ကိုယ်အမြတ်ရမှာပါ"

ကျန်းမန့်ယီ ထိုအကြောင်းကိုဆက်မပြောတော့‌ဘဲ ဆောင့်ကြောင့်ထိုင်ချကာ သူ့ sneaker တွေကိုချွတ်ပေးလိုက်သည်။

ချန်ယဲ့ အလောတကြီးထထိုင်ကာ ခြေထောက်ကိုရုတ်လိုက်ပြီး ကိုယ့်ဘာသာ ဖိနပ်ကြိုးဖြေကာ ချွတ်ရင်း ပြောလိုက်သည်။ "မင်း ဒါမျိုးတွေ မလုပ်ပေးရဘူးလေ၊ ကိုယ့်ဘာသာ လုပ်ပါ့မယ်"

ဘာပဲဖြစ်ဖြစ် အဲ့တာက သူမြတ်နိုးရတဲ့လူသားလေ၊ ဘယ်လိုလုပ်ပြီး...သူမကို သူ့ခြေထောက်ကြီး ထိုးပေးရက်မှာလဲ၊ ပြီးတော့ သူမကိုမတွေ့ရတာ နှစ်အတော်ကြာပြီလေ။

ကျန်းမန့်ယီ ကူကယ်မဲ့သလိုဖြစ်နေတဲ့သူကိုမြင်တော့ ပြောလိုက်မိသည်။ "မစ္စတာချန်ရဲ့ ခြေထောက်တွေကိုဆေးပေးရမှာလေ၊ ကိစ္စမရှိပါဘူး၊ ကျွန်မ လက်အိတ်ဝတ်ထားတာပါ"

"ကျောကိုသာနှိပ်ပေးတော့"

ကျန်းမန့်ယီ ခေတ္တတိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ ပြောလိုက်သည်။ "ခြေဖဝါးကိုနှိပ်တာက...ပိုအကျိုးဖြစ်မှာ၊ ရှင်က ဒီနှစ်ပတ်အတွင်းရှိုးပွဲတွေအတွက် နိုင်ငံတွေအများကြီး သွားလာခဲ့ရတာလို့ ရှောင်ယွီဆီက ကြားထားတယ်"

အေးဆေးတည်ငြိမ်နေပါတယ်လို့ ဘယ်လောက် ဟန်ဆောင်ဆောင် သူမ နှလုံးသားကတော့ အေးဆေးမနေပေ။

အေးဆေးမနေရုံမကဘူး၊ အခန်းထဲဝင်လာကတည်းက အယောင်ယောင်အမှားမှားနှင့်ပင်။

နှစ်တွေအများကြီးကြာတဲ့အထိ သူမ ထပ်ပြီးတော့လည်း မလက်ထပ်ခဲ့ပေ၊ မသင့်တော်လို့လည်းမဟုတ်၊ ရှောင်ယွီကြောင့်လည်းမဟုတ်ပါ။

သူမ ဒီတိုင်း...ပင်လယ်ပြာကြီးကို စမ်းသပ်လာခဲ့တဲ့သူက ရေကန်ကိုပြန်ကူးဖို့ဆိုတာ အလွန်ခက်ခဲသည်။

(An: ချန်ယဲ့လို ရှယ်ကြီးနဲ့တွဲပီးမှ သာမာန်ကာလျှံကာတွေနဲ့ မတွဲနိုင်တော့တဲ့သဘောပါ)

ငယ်ရွယ်နေစဉ်မှာ ဒီလိုအံ့ဩစရာကောင်းလှတဲ့အမျိုးသားလေးနှင့် ချစ်ခဲ့တာဆိုတော့ ဘယ်လိုလုပ်ပြီး နောက်တစ်ယောက်နှင့် သာမာန်ရိုးကျ လက်ထပ်ပွဲကို လက်ခံနိုင်တော့မှာလဲ။

သူမကိုယ်သူမ လက်မလွှတ်နိုင်ဘူး။

ချန်ယဲ့က ခေတ္တတိတ်ဆိတ်သွားကာ ဖိနပ်ကိုချွတ်၍ ‌သူ့ခြေထောက်ကို ကြွေဇလုံထဲထည့်လိုက်ပြီး တုန်တုန်ချိချိပြောလိုက်သည်။ "မင်းကိုဒုက္ခပေးမိပြီ၊ မန့်မန့်"

ဒီနာမည်လည်းထွက်လာရော ကျန်းမန့်ယီ ဆောင့်ကြောင့်ထိုင်ချကာ ခေါင်းကိုငုံ့ချပစ်လိုက်ရသည်၊ မျက်ရည်တွေ စီးကျလာတော့မလိုပင်။

ဘယ်သူကမှ...သူမကို ဒီလိုမျိုး နူးနူးညံ့ညံ့‌မခေါ်ဖူးပေ။

ဘယ်သူကမှ သူမကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားအောင်မလုပ်နိုင်ပေ။ ညတိုင်း ဖုန်းထဲက သူတင်တဲ့ Weibo post တွေကို လိုက်ကြည့်ပြီး သူကိုအမြဲခိုးလွမ်းခဲ့ရသည် ... သူ့ Weibo ထဲက comment တစ်ခုစီကအစ သူမ လိုက်ဖတ်သေးသည်။

ချန်ယဲ့က သူမကို ငုံ့ကြည့်လာသည်။ "ကိုယ်မှန်းကြည့်မယ်၊ ဘယ် comment ကများ မင်းဆီက ဖြစ်လောက်မလဲ"

"မင်း ကိုယ့်ကို followထားရင်၊ messageတစ်ခုခုတော့ ချန်ခဲ့မှာပဲလေ၊ စာအားလုံးက မင်းဟာလိုမျိုး ခံစားရတယ်...Weibo ကို နှိပ်တာက မင်းအကြောင်း သဲလွန်စတွေကို ရှာဖို့ကြိုးစားရုံပဲ...."

မင်း ကိုယ့်ကို ချစ်နေသေးကြောင်း သဲလွန်စတွေပေါ့။

All Chapters