← Chapters

Chapter 84

Vol. 8 Ch. 84

Chapter 84

Vol. 8 Ch. 84

ချန်ယဲ့ အမျိုးသမီး၏ နူးညံ့သိမ်မွေ့သောလက်လေးက သူ့ခြေထောက်ကို ညင်ညင်သာသာလေး ပွတ်သပ်နှိပ်နှယ်ပေးနေတာကို ခံစားနေရသည်။

သူမ လက်အိတ်တွေ ဝတ်မထားပေ။

သူ့မှတ်ဉာဏ်တွေထဲကအတိုင်း နူးညံ့နေရော၊ သူ့ရှေ့ကအမျိုးသမီးအပေါ်ထားတဲ့ သူ့နှလုံးသားအနက်ရှိုင်းဆုံးထဲက နူးညံ့မှုတွေကိုပါ ခံစားနေရသည်။

ချန်ယဲ့ လက်ဆန့်ကာ ရေစိုနေတဲ့ သူမမျက်နှာကို ထိတွေ့လိုက်သည်။

"မန့်မန့်၊ မငိုပါနဲ့တော့၊ ကိုယ် ပြန်လာပီလေ"

"အဲ့တော့ အဲ့ဒီတော့ကော?"

"အစကနေ ပြန်စကြမလား"

ကျန်းမန့်ယီ ပြန်မပြေဘဲ သန့်စင်ခန်းဆီ ထသွားကာ လက်ဆေးရင်း မှန်ထဲက မိတ်ကပ်တွေ ပျက်ကာ ပေပွနေတဲ့ သူမမျက်နှာကိုကြည့်လိုက်သည်။

ဘယ်လို အစကပြန်စရမှာလဲ၊ သူတို့နှစ်ယောက်ကြားကကွားခြားချက်ကြီးက မိုးနှင့်မြေလိုကွာခြားနေပြီလေ။

တစ်ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျန်းမန့်ယီ သန့်စင်ခန်းထဲက ပြန်ထွက်လာပြီး မျက်လုံးထောင့်တွေနီရဲနေသေးပေမဲ့ မျက်ရည်တွေမရှိတော့သလို မိတ်ကပ်လဲပြန်ဖို့ပြီးသွားပြီဖြစ်သည်။

"မစ္စတာချန် ဒီနေ့နှိပ်နှယ်ကုသမှုခံယူဖို့ လာခဲ့တာမဟုတ်ဘူးမလား၊ တစ်ခုခုများပြောစရာရှိရင် ပြောလို့ရပါတယ်"

ချန်ယဲ့ အနားစိုနေတဲ့ဘောင်းဘီနှင့် ခြေထောက်တွဲလဲချလျက် ကုတင်စွန်းမှာထိုင်ရင်း ပြောလာသည်။ "မင်း ငိုရအောင် ကိုယ် မလုပ်ချင်ခဲ့ဘူး၊ ဘယ်တော့မှာဘဲ"

"သူငယ်ချင်းဟောင်းကြီးကိုတွေ့လို့ နည်းနည်းခံစားလွယ်သွားရုံတင်ပါ" ကျန်းမန့်ယီ အားတင်း ပြုံးပြလိုက်သည်။ "မစ္စတာချန့်၊ သိပ်အတွေးမလွန်ပါနဲ့"

"ရှောင်ယွီဆီကနေ ကြားခဲ့..."

"သူမက ရှင့်ကလေးမဟုတ်ဘူး"

"ကိုယ် သိတယ်" ချန်ယဲ့ ကူကယ်ရာမဲ့စွာပြုံးရင်းပြောလိုက်သည်။ "သူမကို စစတွေ့ကတည်းက သိလိုက်ပါတယ်၊ သူမက ကိုယ်နဲ့လုံးဝမတူဘူး၊ မင်းနဲ့တောင်မတူဘူး..."

ကျန်းယွီ ဟိုင်ချန်ကပြန်လာပြီးကတည်းက ဘယ်လောက် ပျော်နေတယ်ဆိုတာပဲ မြင်ခဲ့ရတာပါ။

"ရှင်သိတယ်..."

"ဒါပေမဲ့ သူမက ကိုယ့်ကို အဖေလို့ခေါ်တယ်"

ချန်ယဲ့ သူ့လည်ချောင်းထဲမှာ အလုံးကြီးတစ်ဆို့နေသလိုခံစားရသည်။ "သူမနာမည်က ကျန်းယွီတဲ့၊ သူမက ကိုယ်တို့သမီးမွေးရင် ပေးမယ့်နာမည်အတိုင်းပဲ၊ ကိုယ့်ကိုလည်း အဖေလို့ခေါ်တယ်၊ အဲ့တုန်းက သူမ ငိုနေခဲ့တာ၊ ကိုယ့်ကိုလွမ်းနေခဲ့တာတဲ့၊ ကိုယ် ဘယ်လိုလုပ်ပြောထွက်မှာလဲ။ မင်းမှားနေတာ၊ ဦးက မင်းရဲ့အဖေမဟုတ်ဘူးလို့ ပြောလိုက်သင့်တာလား၊ ကိုယ် မပြောနိုင်ဘူး၊ သူမဆန္ဒရှိသရွေ့ သူမကို ကိုယ့်သမီးအရင်းလို ဆက်ဆံမယ်၊ သူမကို ကိုယ့်သမီးလေးအဖြစ်ထားမှာ"

ဒီစကားလုံးတွေက ကျန်းမန့်ယီရဲ့စိတ်ပိုင်းဆိုင်ရာခုခံအားကို ပြိုလဲသွားစေခဲ့သည်။

သူမ့ခံစားချက်တွေကို ချုပ်တည်းကာ ဖြတ်ကျော်မသွားနိုင်တော့ပေ။

ချန်ယဲ့ လက်မောင်းနှစ်ဖက်ကိုဖွင့်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ "မန့်မန့်၊ မင်းရဲ့သူငယ်ချင်းဟောင်း‌ဆိုတဲ့သူနဲ့ ခင်ခင်မင်မင် ဖက်ကြရအောင်လေ"

ကျန်းမန့်ယီ သူ့ဆီလျှောက်သွားပြီး ဖက်ရမယ့်အစား ကော်လံလျော့ရဲရဲကို ဆောင့်ဆွဲကာ နမ်းပစ်လိုက်သည်။

သူ့နှုတ်ခမ်းတွေက ဆက်ကျော်သက်တုန်းကအတိုင်း နူးညံ့နေတုန်းပင်။ မျက်ရည်တွေရွှဲနေတော့ ငန်ကျိကျိခါးသက်သက် အရသာမျိုးရနေသည်။

ချန်ယဲ့က အလျင်အမြန် ပြန်ဦးဆောင်လိုက်ပြီး ပြောင်းပြန်လှည့်ပစ်ကာ သူမကိုထိုင်ခုံပေါ်ဖိချလိုက်သည်...

ကျန်းမန့်ယီ ထိုလူ၏ သိသာနေသောဦးတည်ချက်ကိုခံစားမိ၍ အားကုန်သုံးကာ တားလိုက်သည်။ "မဖြစ်နိုင်ဘူးလေ"

ချန်ယဲ့ ပြန်ထိန်းဖို့ အကောင်းဆုံးကြိုးစားနေပေမယ့် ရင်ဖွင့်နေစဉ်မှာ ကြုံ့နေတဲ့အညိုရောင်မျက်ခုံးသွယ်သွယ်က သူ့နှလုံးသားထဲက ထိန်းချုပ်ထားတဲ့ ခံစားချက်ကိုပြနေသည်။ "မန့်မန့်၊ ကိုယ် မင်းကလွဲပြီး အခြားမိန်းမ မထားဖူးဘူး၊ နှစ်တွေဘယ်လောက်ကြာကြာ မင်းကလွဲရင် အခြားမိန်းမ မရှိခဲ့ဘူး..."

"ဒီည ရှောင်ယွီ အိမ်ပြန်မလာဘူး၊ ရှင် အိမ်လာလို့ရတယ်"

သူ့ပါးစပ်ထောင့်လေး ကွေးတက်သွားသည်။ "အိုကေ"

ညနေခင်းတွင် ကျန်းမန့်ယီ အိမ်အပြေးပြန်ကာ ကောင်းမွန်လှသော ရေနွေးပူပူနှင့်စိမ်ချိုးပြီး မိတ်ကပ်ပါးပါးလေး လိမ်းထားလိုက်သည်။

သူမဘာသာ မှန်ထဲကိုကြည့်ရင်း စိတ်ထင်လားတော့မသိပေ။ ရေချိုးပြီးသွားတော့ သူမ အသားအရေက ပြန်တင်းသွားပုံရသည်၊ နောက်ဆုံးတော့ ပိုလှလာသည်။

ကျန်းမန့်ယီ ငယ်ငယ်တုန်းက သူမ သွင်ပြင်နှင့်ပတ်သတ်ပြီး သိပ်မပြောဖြစ်ခဲ့ပေ။ အဲ့အချိန်တုန်းက ပုထျန်းယန်ကိုယ်တိုင်ကတောင် သူမသာ ကောင်းကောင်းဝတ်စားလိုက်ရင် သူမနှင့် ပြိုင်နိုင်သည်ဟု ပြောခဲ့ဖူးသည်။

အဲ့တာက အားထုတ်စရာမလိုဘဲ ဆယ်ကျော်သက်သဘာဝ နုပျိုမှုကြောင့် အလိုလိုအားတက်ခဲ့ရတုန်းက‌ဖြစ်သည်။

ဒါပေမဲ့ ဘာကြီးပဲဖြစ်ဖြစ် အချိန်စာမေးပွဲကိုတော့ မဖြတ်ကျော်နိုင်ကြပေ။

ကျန်းမန့်ယီ သူမဘာသာအတွေးများပြီးနောက် အနည်းငယ် စိတ်လျှော့ပစ်လိုက်ပြီးကာမှ တွေးလိုက်မိသည်။ ဒီနေ့က တကယ့်ကို...အရမ်း ထကြွလွန်းတာပဲ။

အရွယ်ရောက်သူ တစ်ယောက်ရဲ့ပြယုဂ်က တစ်ခါတစ်ခါ မရှိတော့သလောက် ပျောက်ပျောက်သွားသည်။ သူက သူမ နက်နက်ရှိုင်းရှိုင်း ချစ်နေရတဲ့အမျိုးသားလေ...

ဒါပေမဲ့ အချစ်တွေ အများကြီး ကျန်နေသေးလည်း သူတို့နှစ်ယောက် ရှေ့ဆက်ဖို့မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် အကြောက်အလန့်မရှိ ရှေ့တိုးရမယ့်အရွယ်လည်း မဟုတ်တော့ချေ။ အရွယ်ရောက်ပြီးလူတွေက အရာအားလုံးကို လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ရမည်။

သူမတို့နှစ်ယောက်ကြားမှာ တအားကွာခြားလွန်းသည်။

ကျန်းမန့်ယီ ခေါင်းခါကာ စိတ်ထဲက ထိုအတွေးတွေကို ခဏခေါက်ထားပြီး တွေးလိုက်မိသည်။ ဘာကိစ္စပဲဖြစ်ဖြစ် ဒီညတော့...သူက သူမ အပိုင်ပဲ၊ ဒီနာရီနည်းနည်းလောက်က သူမ စွန့်လွှတ်ပေးဖို့အတွက် အထူးလက်ဆောင်လေးပေါ့။

ကျန်းမန့်ယီ ချန်ယဲ့ဆီ တည်နေရာပို့ပေးလိုက်ပြီး အိမ်နားက ဈေးဆီသွားကာ အသီးအရွက်အချို့ဝယ်လိုက်သည်။ ထို့နောက် ရိုမန့်တစ်ဆန်တဲ့ ညစာလေးချက်ဖို့ အိမ်ပြန်လာခဲ့သည်။

မကြာခင် တံခါးခေါက်သံကြားလိုက်ရ၍ ကျန်းမန့်ယီတံခါးဖွင့်ပေးလိုက်တော့ သူမ အမြဲရှောင်ခဲ့တဲ့ချန်ယဲ့မှာ သူမရှေ့တွင် ရပ်နေခဲ့သည်။

သူကပြန်သွားပြီး ပြန့်ပြူးနေအောင် တိုက်ထားတဲ့အဖြူရောင်ရှပ်အင်္ကျီ၊ သေသပ်စွာစည်းထားတဲ့ နက်ကတိုင်နှင့် သိမ်မွေ့ကာနန်းဆန်သော formal suit ကို လဲဝတ်ထားပြီး သူ့လက်ထဲမှာလည်း လှပစွာပွင့်အာနေကြတဲ့အနီရောင် နှင်းဆီပန်းစည်းကြီးနှင့်ပင်။

သူမကို ပြုံးပြလာပုံက အနည်းငယ် အရိုင်းဆန်သလိုဖြစ်နေပြီး suit ဝတ်ထားတော့ လူကြီးလူကောင်းဆန်တဲ့လူညစ်တစ်ယောက်လိုပင်။

လွန်ခဲ့တဲ့နှစ်၂၀ က ကမ္ဘာကြီးကို သူ့ကိုယ်ပိုင်ပါဝါ၊ ဂီတနှင့်တိုက်ပစ်မယ့် အဲ့ဒီ့အဆိုးအသွမ်းလေး၊ စိတ်တိုလွယ်တဲ့ punk ကောင်လေး ချန်ယဲ့က အခု လူအားလုံးဆီက ချီးကျူးဩဘာတွေရရှိနေပြီး လူထုအမြင်တွင် ဆိုရှယ်ကျလှကာ အကျော်ကြားဆုံးအဖြစ် ပေါ်လွင်နေပြီ ဖြစ်သည်။

ဒါပေမဲ့ ကျန်းမန့်ယီ သူ့မျက်လုံးထဲက မီးတောက်လေးကိုမြင်နေရပြီး သူမရဲ့punk ကောင်လေးက အဲ့ဒီ့မှာရှိနေသေးသည်။

အတိတ်တုန်းက သူနှင့်ပတ်သတ်သမျှ အရာအားလုံးကို သူ ပြောင်းလဲသွားပြီလို့ သူမကိုယ်သူမ လိမ်ထားပြီး ရှောင်ရှားခဲ့တာမဟုတ်ပေ။

ချန်ယဲ့ရဲ့ပြောင်းလဲမှုတွေကို သူမဘယ်တော့မှ မျက်မြင်မတွေ့နိုင်သလို အတူမလိုက်ပါနိုင်ခဲ့တာကြောင့်ပင်။ သူမ လွဲခဲ့တာ သူ့တစ်ဘဝလုံးပင်။

ဒါကြောင့် ကျန်းမန့်ယီရဲ့ နှလုံးသားလေးက အမြဲတမ်း ကျဉ်းထဲကျပ်ထဲ ကျရောက်နေခဲ့တာဖြစ်သည်။

ကျန်းမန့်ယီ သူ့အနောက်တိုင်းဝတ်စုံ ဂျက်ကတ်ကိုချွတ်ပေးကာ ဝင်ပေါက်ကကုတ်ချိတ်တဲ့နေရာမှာ ချိတ်ဆွဲလိုက်ပြီး သူ့ရှပ်အင်္ကျီက ကြယ်သီးနှစ်လုံးကိုချွတ်ပေးလိုက်သည်။ "ဒီအိမ်မှာ အဲယားကွန်းက သိပ်မကောင်းဘူး၊ နည်းနည်းပူတယ်၊ ရှင့်အတွက် ရှင့်အကြိုက် ဆိုဒါအေးအေးလေး ယူလာပေးမယ်"

ချန်ယဲ့ စကားပြန်မပြောအားဘဲ စတုရန်းမီတာ၈၀ထက်ကျဉ်းတဲ့တိုက်ခန်းလေးကို ပတ်ကြည့်လိုက်သည်။ တိုက်ခန်းက သိပ်မကျယ်ပေမဲ့ နွေးထွေးစွာအလှဆင်ထားသည်၊ ဗီရိုပေါ်မှာလည်း ပန်းလှလှလန်းလန်းတွေရှိသေးသည်။

ဒါပေမဲ့...အခန်းလေးက သေးငယ်ကာ ဆိုးရွားနေတုန်းပင်။

သူမက ဒီလိုတိုက်ခန်းအဟောင်း ကျဉ်းကျဉ်းလေးတွေထဲမှာ နှစ်အကြာကြီး နေလာခဲ့ရတာဆိုတော့ သူမ ဘဝက သိပ်မကောင်းခဲ့ဘူးဆိုတာ...ပေါ်လွင်နေသည်။

ချန်ယဲ့ သူမ ပြောခဲ့တာတွေ ပြန်တွေးမိသည်။ "ရှင့် ထက်သာတဲ့လူတစ်ယောက်ကို ရှာတွေ့ပီ" နှစ်တွေဘယ်လောက်ကြာကြာ မမေ့နိုင်သေးတာကြောင့် သူမ၏ လက်ရှိအခြေအနေကိုတောင် မစုံစမ်းရဲခဲ့ပေ။

သူမ တကယ် အခြားတစ်ယောက်နှင့် ပျော်ရွှင်နေတယ်ဆိုပြီး ကြားရမှာ အရမ်းကြောက်သည်။

ခံစားချက်တွေထဲမှာ ခြေချုပ်မိပီး လွတ်မြောက်ဖို့ခက်ခဲနေခဲ့တာ။ သူတစ်ယောက်ပဲ ကျန်တော့တယ် ထင်နေခဲ့တာ။

သူ အဲ့တာကို လက်သင့်မခံချင်ခဲ့ဘူး။

အခန်းဝက စင်ပေါ်မှာ သူမနှင့်သူမသမီးရဲ့ဓာတ်ပုံတွေ ထောင်ထားသည်။

ချန်ယဲ့ ထိုနေရာဆီလျှောက်သွားလိုက်ပြီး ဓာတ်ပုံတစ်ခုကို လက်ထိပ်လေးနှင့် ထိတွေ့လိုက်သည်။ အဲ့တာက သုံးနှစ်အရွယ်သမီးလေးနှင့် အမေတစ်ယောက်ရဲ့ပုံဖြစ်သည်။

ဓာတ်ပုံထဲမှာ အမျိုးသမီးက ချားရဟတ်ရှေ့မှာရပ်နေတဲ့ကောင်မလေးလက်ကို ဆွဲထားပြီး ထိုကောင်မလေးက အတောက်ပဆုံးပြုံးနေခဲ့သည်။

အဲ့အချိန်တုန်းက မန့်မန့် သူ့အချစ်ဦးရဲ့သွင်ပြင်လေး...

"ကိုယ့်ကိုထားခဲ့တာ ရှောင်ယွီကြောင့်လား"

တကယ်တော့ ဟိုင်ချန်မှာ ထိုညတုန်းက ရှဲ့ယွမ်က သူ့ကိုခေါ်တွေ့ပြီး အကုန်လုံးကို သေသေချာချာရှင်းပြထားသည်။

"ရှောင်ယွီနဲ့ ဘာမှမဆိုင်ဘူး"

အဲ့အချိန်တုန်းက ထွက်သွားဖို့ရွေးချယ်ခဲ့တာက သူမဘေးမှာ ပိုလာတဲ့ သက်ရှိလေးကြောင့်ချည်းမဟုတ်ပေ။

ထိုဆက်ဆံရေးက ကျန်းမန့်ယီ ဘယ်တုန်းကမှ ယုံကြည်ချက်မရှိခဲ့ပေ။

သူ မကောင်းတာကြောင့် မဟုတ်ပေ။ ကောင်းလွန်းနေတာကြောင့်ဖြစ်သည်၊ အစကနေ အဆုံးအထိ သူမဘယ်တော့မှ လှိက်မှီပြီး မပေါင်းဖက်နိုင်မှာစိုးလို့။

အဲ့တုန်းက ချန်ယဲ့က ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ထားပြီး နာမည်အသင့်အတင့်ရထားသည်။ သူ့အနာဂတ်ကို...တကယ်မျှော်လင့်လို့ရနေပြီ။

ဒါပေမဲ့ သူမကတော့၊ သူမ မိသားစုအရင်းကအစ သူမ့ဘဝကို ကန့်သတ်ထားပြီး ဘားတွေမှာ နှစ်အတော်ကြာသီချင်းဆိုခဲ့ရတာတောင် ကောင်းကောင်းမဆိုနိုင်ခဲ့ပေ။

သူမဘေးမှာ ကျန်းယွီပေါ်လာတာက ဒီဆက်ဆံရေးကိုအဆုံးသတ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့တာလည်း ဖြစ်နိုင်သည်။

သူ့မှာ ပိုတောက်ပရမယ့် အနာဂတ်ရှိသည်၊ သူမ ဆွဲမချထားရက်ပေ။

"ရှောင်ယွီနဲ့ ဘာမှမဆိုင်ဘူး" ကျန်းမန့်ယီ လည်ချောင်းရှင်းကာ ခက်ခက်ခဲခဲ ထုတ်ပြောလိုက်သည်။ "ရှင့်ကိုထားသွားချင်ခဲ့တာ ကျွန်မ ကိုယ်တိုင်ပဲ"

ဒီစာကြောင်းက ချန်ယဲ့ကို လက်မခံနိုင်အောင် လုပ်နေပြီး သူ့မျက်နှာကို နက်မှောင်လာသည်။ "ကိုယ့်ကိုထားသွားချင်တာလား"

"အင်း၊ ရှင့်ကိုထားသွားချင်ခဲ့တာ..."

သူကစားပွဲဘေးမှာထိုင်ရင်း အတော်ကြာတိတ်ဆိတ်နေခဲ့ပြီးမှ သူ့ပါးစပ်ထောင့်ကို ကို့ယို့ကားယားကွေးလိုက်သည်။ "မေ့လိုက်ပါတော့၊ နှစ်တွေအတော်ကြာနေပြီပဲကို၊ ဒီလိုမေးခွန်းတွေ မေးနေစရာမှ မလိုတော့တာ"

"အင်း မလိုတော့ဘူး"

ကျန်းမန့်ယီ လည်ချောင်းထဲ ခက်ခက်ခဲခဲမြိုချလိုက်ရသည်။ "ချန်ယဲ့၊ ကျွန်မတို့တွေ ဒီအသက်အရွယ်ကြီးလည်းရောက်နေပြီဟာကို၊ လွှတ်မချနိုင်စရာ ဘာမှမှမရှိတော့တာ"

သူ့အကြည့်တွေက သူမဆီ ရောက်လာပြီး စူးစိုက်ကြည့်နေခဲ့သည်။ "ကိုယ့်ကို လွှတ်ချနိုင်တာလား"

"ဒီတော့ ရှင့်ကို မလွှတ်ချနိုင်ရင်ကော၊ ရှင့် အခုအခြေအနေကြီးနဲ့...ကျွန်မနဲ့ ထပ်ချစ်ချင်နေသေးတာလား"

"ဘာကိုထပ်ချစ်မှာလဲ" ချန်ယဲ့ကို သူမကိုသူ့ဘေးဆွဲဆောင့်လိုက်ပြီး နှုတ်ခမ်းတွေကို အားပြင်းပြင်းဖိနမ်းလိုက်သည်။ "ကိုယ်က မင်းကို လက်ထပ်ချင်တာ"

ကျန်းမန့်ယီ သူ့ကိုမယုံနိုင်သလို မျက်ဝန်းများပြူးကျယ်သွားပြီး မျက်တောက်တွေက တုန်ခါနေခဲ့သည်။

သူ့နှုတ်ခမ်းတွေက အေးစက်နေပေမဲ့ လျှာဖျားလေးက ပူနွေးနေသည်။ သူမကို အကြမ်းပတမ်း ကိုက်စုပ်နေတာကြောင့် နည်းနည်းနာလာရသည်။ စကားပြောဖို့ရုန်းကန်ကာ ငြင်ဆန်ချင်ပေမယ့် သူမ မပြောရသေးတဲ့ စကားလုံးတိုင်း ညင်သာပေမဲ့ သိပ်မညင်သာတဲ့အနမ်းတွေအောက်မှာ...အကုန်အရည်ပျော်သွားသည်။

ကျန်းမန့်ယီ သူ့ဆီက လွတ်ဖို့ကြိုးစားနေပေမဲ့ သူကပိုပြီးတောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည်။ သူမ့ခါးသွယ်သွယ်ကို လက်နှစ်ဖက်နှင့် သိုင်းဖက်ထားပြီး ပူးနွေးကာအရိုင်းဆန်တဲ့ ထွက်သက်တွေက သူမ နားကိုလာလာရိုက်ခတ်နေသည်။ "နှစ်‌တွေအများကြီးကြာနေပြီ၊ မန့်မန့်...မင်းကို ကိုယ့်အပိုင်လုပ်ချင်ခဲ့တာ"

ကျန်းမန့်ယီ လုံးဝပျော်ကျသွားပြီး မျက်တောင်ကော့ကော့က တဖြတ်ဖြတ်ခါနေခဲ့သည်။

ချန်ယဲ့က သူ့ဘယ်ဘက်အိတ်ကပ်ထဲက ပစ္စည်းကို လှမ်းယူလိုက်ပြီး...ဖွင့်ဖောက်လိုက်သည်။

"လေတွေ မိုးတွေ ဘယ်လောက် ပြောင်းပြောင်း၊ အတက်အကျ ဘယ်လောက်များများ အချစ်တွေကိုပြောင်းလဲ မပစ်နိုင်ဘူး၊ လူပင်လယ်ကြီးထဲမှာ ပါနေရတာ ဘယ်လောက်နောင်တရမလဲ..."

"Lover"သံစဉ်ညည်းသံက သန့်စင်ခန်းထဲက ပျံ့လွင့်လာသည်။

ကျန်းမန့်ယီ စားပွဲပေါ်မှာလှဲလျောင်းရင်း စားပွဲပေါ်ကအေးစက်သွားတဲ့ ညစာကိုကြည့်ကာ ပါးနှစ်ဖက်ကိုအနားပေးရင်း သူမ စိတ်တွေဗလာဖြစ်နေခဲ့ပြီး လွင့်မြောနေခဲ့သည်။

သံသယမရှိစွာ၊ သူမကော သူကော နှစ်ယောက်လုံးလိုအပ်နေတာက ဘဝသက်တမ်းတစ်ဝက်လောက်ခံစားလာရတဲ့ ဝေဒနာတွေကို ဆေးချပစ်ဖို့ "ရေနွေးရေချိုးခြင်း" ကိုလိုအပ်နေတာပဲ။

ငယ်ရွယ်နေတုန်းကလို မပြောင်းလဲသေးတဲ့ သူ့အရသာကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေသေးသည်။

ဒါပေမဲ့ အခုနေလေးတော့ သူမကိုယ်သူမ အသက် ၁၈ နှစ်လို့ တကယ်ခံစားနေရသည်။

သူ့အတွက် ကောင်းကောင်းမပြင်ဆင်ထားခဲ့ပေမဲ့ ထိုလူအတွက် သူစိတ်ပါဝင်စားတာ အကုန်လိုက်လုပ်ပေးခဲ့သည်။

ရေချိုးခန်းတံခါးက သီသီလေးဟလာပြီး သူမကိုလှမ်းခေါ်လာသည်။ "မန့်မန့်"

"ဘာလိုလို့လဲ" ကျန်းမန့်ယီ ထရပ်လိုက်သည်။

"မင်း"

"..."

"ဝင်လာခဲ့"

"ပါးစပ်ပိတ်ထားလိုက်တော့"

ကျန်းမန့်ယီ သူကိုလျစ်လျူရှူလိုက်သည်။ သူမ အဲ့ဒီ့လူရဲ့ တကယ့်ပုံစံ သိသည်၊ သူက ဝုန်းဒိုင်းကျဲတက်တက်သူပင်။ အခု စတားဖြစ်နေရင်တောင်မှ သူက အရင်လိုဖြစ်နေတုန်းပဲ။

သူ့ကိုအခွင့်အရေး ပိုပေးလေလေ သူကပိုဆိုးလာလေဖြစ်သည်။

ချန်ယဲ့ သန့်စင်ခန်းထဲကနေ အင်္ကျီမပါဘဲထွက်လာပြီး အဖြူရောင် သဘက်လေးနှင့် သူ့ဆံပင်စိုစိုကို သုတ်ရင်း ကျန်းမန့်ယီဆီ လျှောက်ကာ အုပ်မိုးပြီး သူမကိုပြင်းရှတဲ့အနမ်းပေးလာသည်။

"ကိုယ်တို့မိသားစုရဲ့မန့်မန့်က အမြဲလိုလိုနွေးထွေးနေသေးတာဘဲ၊ ကျေးဇူးပါ"

သူငယ်ငယ်တုန်းကလည်း အဲ့တာပြီဆုံးတိုင်း သူကအမြဲ သူမကို ကျေးဇူးတင်သည်။

ယဉ်ကျေးတယ်ဆိုတာထက် သူမကို ကွန်ပလိန်းတက်ချက်နှင့် ပိုတူသည်။

"အခြားဘယ်သူ့ကို ဒီလိုကျေးဇူးတင်ခဲ့ဖူးလဲ"

"ဘယ်သူ့ကိုမှဘဲ" ချန်ယဲ့က အပြုံးလေးနှင့် ဆက်ပြောလာသည်။ "တစ်ယောက်ယောက်က ကိုယ့်ကို ဘတ်စကားပေါ်မှာ ထိုင်ခုံပေးရင်တောင် ကျေးဇူးပါမပြောခဲ့ဖူးဘူး"

"ရှင် ဆင်းရဲနေတာပေါ့"

ချန်ယဲ့ သူမကို သူ့ပေါင်ပေါ် ပွေ့တင်လိုက်သည်။ ထို့နောက် သူမလည်တိုင်ကြား ခေါင်းတိုးဝင်ပြီး ခွေးပေါက်လေးလို ပွတ်သပ်နေခဲ့သည်။

ကျန်းမန့်ယီ သူ့ခေါင်းကို တွန်းဖယ်ပစ်လိုက်ရသည်။ "ရှင်အသက် ဘယ်လောက်တောင် ရှိနေပြီလဲကော သိလား"

"ကိုယ်စဉ်းစားကြည့်မယ်...ဒီနှစ် ၁၉ပြည့်တော့မှာနဲ့တူတယ်"

ကျန်းမန့်ယီ ပြုံးလိုက်သည်။ "၁၉နှစ်လေးလိုလည်း မပြုမူနိုင်ဘဲနဲ့"

"မန့်မန့်က မကျေနပ်‌သေးဘူးနဲ့တူတယ်" ချန်ယဲ့က တစ်ဖန်ကြွလာပြန်သည်။ ကျန်းမန့်ယီ သူ့ကို အပြုံးဖြင့် တွန်းရှောင်ရင်း ထပ်ခါထပ်ခါ ပြောလိုက်မိသည်။ "မဟုတ်ဘူး၊ အဓိပ္ပာယ်မရှိတာတွေ ပြောမိတာပါ၊ ကျွန်မ ကိုကိုက အရမ်းကောင်းတာကို"

ချန်ယဲ့ သူမ သူ့ကို "ကိုကို"လို့ခေါ်သံကိုကြားတော့ နှလုံးသားထဲမှာ ဝမ်းနည်းလာပြီး သူမနားနား နူးနူးညံ့ညံ့လေး ကပ်ပြောလိုက်သည်။ "မင်း စိတ်ကျေနပ်တယ်ဆိုရင်၊ ကိုကို့ကို လက်ထပ်ကွာ"

"ဟာသတွေမပြောစမ်းပါနဲ့" ကျန်းမန့်ယီရဲ့အပြုံးလေးပျောက်ကွယ်သွားသည်။

ချန်ယဲ့ သူမကို ကြည့်လိုက်သည်။ "ကိုယ် မင်းကို ဟာသတွေအများကြီးပြောဖူးပေမဲ့ ဒီကိစ္စကတော့ လွန်ခဲ့နှစ်၂၀တုန်းကလို သေချာနေတုန်းဘဲ"

အခန်းထဲက မီးအလင်းရောင်ကိုမြင်တော့ ကျန်းယွီပုံမှန်အတိုင်း ဖိနပ်တွေ ကန်ချွတ်ရင်း အခန်းထဲဝင်လာခဲ့သည်။ "အမေ၊ အိမ်မှာရှိတယ်ပေါ့၊ ဒီည အိုဗာတိုင်ဆင်းမယ်လို့မပြောခဲ့ဘူးလား"

ကျန်းမန့်ယီ နံရံနားမှာ ကုန်းရပ်နေတဲ့ ချန်ယဲ့ရဲ့ခန္ဓာကိုယ်ကို တွန်းချပစ်သည်။ "ရှောင်ယွီ! သမီး...ဘာလို့ပြန်လာတာလဲ"

ချန်ယဲ့ကတော့ ဆိုဖာပေါ်မှာ အဖြူရောင်သဘတ်လေးနှင့်သာ ထိုင်နေရသည်။

လူတွေသောင်းနှင့်ချီတဲ့ မရေမတွက်နိုင်တဲ့ ရှိုးပွဲတွေမှာတောင် သူတစ်ခါမှ ဒီလိုမျိုး ကို့ယို့ကားယားမနိုင်ဖူးခဲ့တာကြောင့် ဖြစ်ညှစ်ပြုံးကာ သူမကိုလက်ပြလိုက်သည်။ "ကလေးလေး၊ အဖေ အိမ်ရောက်ပီ"

ကျန်းယွီရဲ့ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး အဝေးကိုထွက်သွားရှာသည်။ သူမ နောက်တွင် ချက်ဖို့ပြုတ်ဖို့ အသီးအရွက်ထုပ်နှစ်ထုပ်ဆွဲထားတဲ့ ရှဲ့ယွမ်က ရပ်နေခဲ့သည်။ "ကျောင်းအပြင်မှာ ဦးလေးရှဲ့နဲ့တွေ့လို့ အိမ်မှာညစာစားဖို့ဖိတ်ခဲ့တာကို"

All Chapters