← Chapters

Chapter 85

Vol. 8 Ch. 85

Chapter 85

Vol. 8 Ch. 85

ညစာစားပွဲတွင် ပတ်ဝန်းကျင်သည် ထူးဆန်းနေသည်ဟု ကျန်းယွီ ခံစားရသည်။

ရှဲ့ယွမ်သည် သူမ ဘေးနားထိုင်ကာ ချန်ယဲ့နှင့် သူမ၏ မိခင်သည် သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ အစကတော့ သူတို့နှစ်ဦးအတွက် ဖယောင်းတိုင်မီးများ၊ ဝိုင်ခွက်များဖြင့် ရင်ခုန်စရာ ညစာစားပွဲသပ်သပ်ဖြစ်သည်။ ယခုတွင်တော့ လေးဦး တူတူစားနေရသည်။

ရှဲ့ယွမ်နှင့် သူမ၏မိခင်အကြားတွင် ဆက်နွယ်မှုတစ်ခုခု ရှိနေမှန်း ကျန်းယွီသိသည်။ သူမသည် ချန်ယဲ့ကို သူမဖခင်အဖြစ် အလေးမထားခဲ့ပါ။ ထို့ကြောင့် ရှဲ့ယွမ်ကို သူမ၏ ဖခင်အဖြစ် အသိအမှတ်ပြုစေချင်တာ ဖြစ်နိုင်သည်။ ဒါဆို သူ့မိခင်နဲ့ ချန်ယဲ့ကရော...

ကျန်းယုသည် ဘေးဘက်စီသို့ အကြည့်လွှဲလိုက်သည့်အခါ ကျန်းမန့်ယီ၏ ဟနေသောတံခါးစီမှ ရှုပ်ပွနေသည့် စာရွက်များကို တွေ့လိုက်ရသည်။ ရေချိုးပြီးစဖြစ်၍ ချန်ယဲ့၏ ဆံပင်များသည် စိုစွတ်နေဆဲဖြစ်သည်။

ဒါဆို ကျန်းမန့်ယီနဲ့ ချန်ယဲ့က ဘယ်လိုတွေဖြစ်သွားမှာလဲ!ရင်ခုန်စရာကောင်းတဲ့ ညစာစားပွဲကရော ဖျက်သိမ်းလိုက်ရပြီလား?

ဒါဆို ရှဲ့ယွမ်က...ကျန်းမန့်ယီက စက်ဆုပ်စရာကောင်းနေပြီမလား?

ဆယ်မိနစ်အတွင်းမှာပင် မေးခွန်းပေါင်းတစ်သိန်းလောက် ကျန်းယွီ၏ အတွေးထဲတွင် ပြည့်ကျပ်လာသည်။ ပြောရလည်းခက်လှသည်။

ကျန်းယွီ ဘာမျှ မပြောရသေးခင်မှာပင် ချန်ယဲ့မှ ဦးဆောင်၍ စကားစလိုက်သည်။ "သမီးလေး၊‌ ဖေဖေနဲ့ သမီးမေမေနဲ့ လက်ထပ်ကြတော့မယ်။"

"ဘာ!"

ကျန်းယွီတင်မက ကျန်းမန့်ယီပါ ထိုစကားကြားသည့်အခါ လန့်သွားကြသည်။

ကျန်းမန့်ယီသည် ချန်ယဲ့၏ အင်္ကျီစကို စားပွဲအောက်မှ လှမ်းဆွဲလိုက်သည်။ သူမ၏ ကလေးရှေ့တွင် ထိုကဲ့သို့ မပြောသင့်သည့်စကားများကို မပြောရန် တားမြစ်လိုက်သည်။ “အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့။ဘာမှ မဟုတ်ဘူးနော် ရှောင်ယွီ။ သူ့စကားကို နားမထောင်နဲ့ သိလား။”

ဘယ်လိုများ ချန်ယဲ့ကို လက်ထပ်နိုင်မှာလဲ? သူကရော ဘယ်လိုလူမျိုးလဲ?သူတို့နှစ်ယောက်ကြား ကွာချမှုက ဒီလောက်ကြီးမားတာကို…နောက်ကျရင် သူ့ပရိတ်သတ်တွေကရော သူ့ကို ဘယ်လိုတွေးကြမလဲ?

ချန်ယဲ့သည် အသက်မပါစွာ ပြုံးကာ ကျန်းယွီကို ပြောလိုက်သည်။”သမီးမေမေက ခုထိ လက်မခံသေးဘူးလေ။ ဖေဖေ အချိန်ပိုယူရမယ် ထင်ပါတယ်။ သမီးကရော ကူညီပေးလေ။”

“ဒါပေါ့…”

သူ့စကားမဆုံးခင်မှာပင် ကျန်းယွီသည် သူ့ဘေးနားရှိ ရှဲ့ယွမ်ကို ကြည့်လိုက်သည်။ စကားလုံးများသည် အေးစက်နေသည်။”အာ…လာပါ။”

ချန်ယဲ့သည် သူမ၏ အဖေဖြစ်သော်လည်း အန်ကယ်ရှဲ့ကလည်း သူမအား အလွန်ကြင်နာပေးသူတစ်ဦး ဖြစ်သည်။ ရှဲ့ယွမ်သာ သူမ၏မိခင်ကို အမှန်တကယ် ချစ်မြတ်နိုးလျှင် သူတို့ချင်း သင့်မြတ်ကြမည်ဖြစ်သည်။ ကျန်းယွီသည်လည်း နောက်ထပ်ကူညီစရာ လိုတော့မည်မဟုတ်။

“အလုပ်မဖြစ်ပါဘူး။”ချန်ယဲ့သည် မပျော်မရွှင် ဖြစ်နေသည်။”ရှောင်ယွီ၊ သမီး ကူညီမှရမှာ။ သမီးမေမေကို သမီးမိဘတွေ တူတူနေတာ မြင်ချင်တယ်လို့ အမြဲနားသွင်းပေးပါအုံး။ အဖေတို့ မိသားစုသုံးယောက် နောက်ထပ်ဘယ်တော့မှ တကွဲတပြား ဖြစ်တော့မှာ မဟုတ်ဘူး။”

“ဒါပေါ့၊သမီးလည်း မိသားစု စည်းစည်းလုံးလုံး နေချင်ပါတယ်။ ဒါပေမယ့် မေမေလည်း အရွယ်ရောက်နေပြီဘဲလေ။ မေမေ့မှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတယ်။ သမီးက လေးစားပေးရမှာပေါ့။”

“ဒီလိုညမျိုးမှာ မပြောရဘူးလေ။”ချန်ယဲ့သည် လက်လှမ်းလာပြီး ကျန်းယွီ၏ပါးကို ညှစ်ရန်ရွယ်လိုက်သည်။”ဖြူစင်တဲ့ မြေခွေးမလေး။”

ရှဲ့ယွမ်သည် ကျန်းယွီအား ထိနေသော ချန်ယဲ့၏လက်ကို လှမ်းကာလိုက်သည်။ ချန်ယဲ့သည် ရှဲ့ယွမ်၏ အကြောင်းကို သိသည့်အတွက် မည်သည့်စကားမျှမပြောဘဲ လက်ပြန်သိမ်းလိုက်သည်။

“မေမေ အန်ကယ်ရှဲ့ရဲ့ ကောင်းကွက်တွေကိုလည်း မြင်အောင် ကြည့်ပါအုံး၊ သမီးကို အမှန်တိုင်းပြောပါ။”ကျန်းယုသည် ကျန်းမန့်ယီအား ဆက်မစားစေချင်သဖြင့် ဟင်းပန်းကန်ကို လှမ်းကြည့်လိုက်သည်။ ထိုမှသာ သူမ သေချာစကားပြောနိုင်မည် ဖြစ်သည်။ “မေမေ ဘယ်သူ့ကို ကြိုက်တာလဲ?”

ကျန်းမန့်ယီသည် မည်သည့်အမူအရာမှ မပြဘဲ “ဘယ်သူ့မှ မကြိုက်ဘူး”ဟု ပြောလိုက်သည်။

ချန်ယဲ့သည် ချက်ချင်းပင် စိတ်တိုသွားသည်။ “ဒါဆို မင်းက ဟန်ဆောင်ခဲ့တာပေါ့။ မင်းပြောတော့ ချစ်တယ်ဆို။ ဒါတောင် မပြောနိုင်ဘူးလား”

ကျန်းမန့်ယီကလည်း ချက်ချင်း သောင်းကျန်းတော့သည်။ “ကလေးရှေ့မှာ ဒီလိုစကားမျိုး မပြောနဲ့!”

ချန်ယဲ့သည် သူမ၏ပါးစပ်ကို လှမ်းပိတ်ကာ ကျန်းယွီအား တိုးတိုးပြောလိုက်သည်။ “သမီးအမေက အမြဲတမ်း ဒီလိုဘဲ လှည့်စားတတ်တာလား?”

“ဟုတ်တယ်။ များသောအားဖြင့်ပေါ့။”

“ဒါဆို သူမပြောင်းလဲဖို့ အဖေတို့ ကူညီရမယ်။ လူပီသဖို့အတွက် အရေးကြီးဆုံးအချက်က…ဘာပါလိမ့်?”သူသည် ကျန်းယွီကို မေးလိုက်သည်။

ကျန်းယွီသည် ခဏမျှ တွေးတောလိုက်သည်။ “ပျော်ရွှင်မှုလား?”

“အဲ့ဒါက ရိုးသားမှုဘဲ!သမီးသာ အဖေ့ဆီ မွေးလာရင် ဒါတွေက မပြောဘဲ သိနေမှာ” သူစိတ်တိုစွာ ပြောသည်။ “ပြောလက်စကို ပြန်ဆက်ပါအုံး။”

ကျန်းယွီသည် တခစ်ခစ်ရယ်နေသည်။ မျိုးရိုးကွာဟချက်သာမရှိလျှင် အဖေသည် ကလေးတစ်ယောက်လိုပင် ဖြစ်သည်။

သူမအဖေ၏ အသက်အရွယ်ကဲ့သို့ လူလတ်ပိုင်းယောက်ျားအများစုသည် လေးလံကာ ပျင်းရိတတ်ကြသည်။

ရှဲ့ယွမ်သာ ရှိမနေခဲ့လျှင် ဒီညစာလေးသည် မိသားစုသုံးယောက် ပျော်ရွှင်စွာပြန်လည်ပေါင်းစပ်သည် ညစာစားပွဲလေး ဖြစ်နေလိမ့်မည် ဖြစ်သည်။

ရှဲ့ယွမ်သည် လူပိုတစ်ယောက်လို ခံစားနေမိသည်။သူ့ဘေးတွင် ရယ်မောနေသော ကျန်းယွီနှင့် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသော ကျန်းမန်ယိနှင့် ချန်ယဲ့တို့အား တစ်လှည့်စီ ကြည့်နေမိသည်။

အချိန်အတန်ကြာ တိတ်ဆိတ်ပြီးနောက် သူသည် သူ့စိတ်ကို ပြင်ဆင်လိုက်ကာ ချန်ယဲ့ကို ပြောလိုက်သည်။ “ မင်း ကတိပေးလား?”

ချန်ယဲ့သည် နားမလည်နိုင် ဖြစ်သွားသည်။ “ဘာကို ပြောချင်တာလဲ?”

“မင်း တကယ်လက်ထပ်ချင်ရင် ငါ လက်လွှတ်ပေးမယ်။မင်း သူမကို သေချာဂရုစိုက်ပြီး စောင့်ရှောက်ရမယ်။ ငါ မင်းကို စောင့်ကြည့်နေမှာ…”

ချန်ယဲ့သည် ရှဲ့ယွမ်ဆိုလိုသည်ကို နားလည်သွားကာ အံ့ဩပြီးမခံမရပ်နိုင်ဖြစ်သွားသည်ကို ဖုံးကွယ်ရန် သူ၏မျက်နှာပေါ်တွင် အပြုံးတုတစ်ခု ဆင်မြန်းလိုက်သည်။

အတန်ကြာမှ သူ၏ခေါင်းကို ငြိမ့်ပြလိုက်သည်။ “ရှဲ့ယွမ်၊ သူမကို သေချာဂရုစိုက်မယ်ဆိုတာ ငါ့ဘဝနဲ့ရင်းပြီးတော့ကို ငါ သေချာပြောနိုင်တယ်။”

“သူမကို မင်းရဲ့သမီးအရင်းလို့ သဘောထားတယ်ဆိုရင် နှစ်ပေါင်းများစွာ မင်းလစ်ဟင်းခဲ့တဲ့ မိဘမေတ္တာတွေအတွက်ပါ ပေါင်းပြီး ပိုချစ်ပေးပါ…”

ကျန်းယွီသည် ရှဲ့ယွမ်စကားတွင်ပါသည့် “သူမ” ဆိုသည်ကို ကျန်းမန့်ယီအား ရည်ညွှန်းနေသည်ဟု ထင်ခဲ့သည်။

သူမသည် နေရခက်သွားပြီး အန်ကယ်ရှဲ့အတွက်လည်း စိတ်မကောင်း ဖြစ်သွားသည်။

ရှဲ့ယွမ်သည် ယခုအခါတွင် လူသိရှင်ကြားအသဲကွဲလိုက်ရခြင်း ဖြစ်သည်။

ကျန်းယွီသည် ရှဲ့ယွမ် ပန်းကန်ထဲသို့ ကြက်ပေါင်တစ်ချောင်းထည့်ပေးကာ ကျန်းမန့်ယီအား မကျေမနပ်ကြည့်လိုက်သည်။

လက်ရှိအခြေအနေကိုမြင်သည့်အခါ ကျန်းမန့်ယီသည် အမှန်တရားကို ထုတ်ပြောသင့်ပြီဟု ထင်သည်။ “ရှောင်ယွီ၊ အခု မေမေသမီးကို အမှန်အတိုင်း ပြောပြမယ်။တကယ်တမ်းက သမီးက မေမေနဲ့ လေးလေးချန်ယဲ့ရဲ့…”

သူမ၏ စကားမဆုံးသေးခင်ပင် ရှဲ့ယွမ်သည် သူမ၏စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “ရှောင်ယွီ၊ သမီး မေမေနဲ့ဖေဖေက လက်ထပ်တော့မယ်တဲ့။ ပျော်သွားပြီလား?”ဟု ကျန်းယုအား နူးနူးညံ့ညံ့ မေးသည်။

“ရှင်…သမီး…တကယ်တော့…သမီးလည်း အရမ်းပျော်ပါတယ်။”

“သမီးပျော်တယ်ဆိုရင် အကုန်အဆင်ပြေတယ်။နောက်ကျ သမီးအဆင်မပြေတာ၊ လိုအပ်တာရှိရင် အန်ကယ်ရှဲ့ဆီ အချိန်မရွေးလာခဲ့နော်။”

“အန်ကယ်ရှဲ့က အရမ်းကြင်နာတတ်တာဘဲ။”

ကျန်းမန့်ယီသည် ရှဲ့ယွမ်ကိုကြည့်ကာ အံ့ဩနေမိသည်။အရင်က အရမ်းဆိုးသွမ်းတဲ့ ယောကျာ်းတစ်ယောက်က သူ့သမီးဆီ ပြန်လာပြီး ဒီလိုစကားမျိုး ပြောနေတယ်။ သူသည် စူးစမ်းချင်စရာ အလွန်ကောင်းသော်ငြား ကျန်းမန့်ယီသည် ဘာစကားမျှ မပြောဘဲ နောက်ပြန်ဆုတ်လိုက်သည်။

ညစာစားပြီးနောက် ကျန်းမန်ယိသည် ရှဲ့ယွမ်အား လေသာဆောင်သို့ သီးသန့်ခေါ်ကာ မေးလိုက်သည်။ “ဆရာရှဲ့ရယ်၊ ရှင် ဘာဖြစ်ချင်နေတာလဲ? ရှောင်ယွီကို ရှင်းပြခွင့် ဘာလို့ ကျွန်မကို မပေးရတာလဲ။ ဒါ ရှင်အလိုချင်ဆုံးအရာ မဟုတ်ဘူးလား?”

“သူ့အမေက…အဝေးထွက်သွားပြီ။”ရှဲ့ယွမ်၏ အသံသည် ဆွေးမြေ့နေခဲ့သည်။

ည၏လေပြေသည် အေးမြကာ ကျန်းမန့်ယီ၏ ဆံနွယ်များကို ဝေ့ဝဲတိုက်ခတ်သွားကြသည်။

သူ့စကားများကိုကြားရုံဖြင့် ကျန်းမန့်ယီသည် ချက်ချင်းပင် နားလည်လိုက်သည်။

ရှဲ့ယွမ်သည် အရင်ကတည်းက ကျန်းယွီကို ဘာကြောင့်များ သေချာမရှင်းပြခဲ့ရတာလဲ။ သူမသည် ဘာစကားမျှ မပြောနိုင်ဘဲ ကြက်သေ သေနေခဲ့သည်။ ကျန်းယွီသည် အမေရှိပြီး အဖေမရှိဟု ထင်ခဲ့သည်။ ယခု သူပြောသလိုဆို အဖေဘဲရှိပြီး အမေ မရှိတာပေါ့!

သူမ ဘယ်လိုပဲ ရွေးချယ်ပါစေ ရလဒ်ကတော့ ပြည့်စုံခြင်းမရှိပါ။

ဒါကြောင့် ရှဲ့ယွမ်က ထပ်ခါတလဲလဲ နောက်ဆုတ်နေခဲ့သည်ကို..

သူမဘဝကို မပြည့်စုံအောင်လုပ်ခဲ့ပြီးမှ သူ လက်လွှတ်လို့မရဘူး။

ခုချိန်တွင်တော့ ကောင်မလေးတစ်ယောက်သည် နားလည်မှုလွဲသွားခဲ့ပြီ ဖြစ်သည်။ ရှဲ့ယွမ်က တွန်းအားမပေးပါဘဲ သူမ အသိအမှတ်ပြုနိုင်ရန်အတွက် DNA စစ်ရန် သူမ ရွေးချယ်ခဲ့သည်။

တကယ်တော့ သူမ လုပ်ချင်လျှင် သေချာပေါက် လုပ်နိုင်မည် ဖြစ်သည်။

ချန်ယဲ့နှင့် ကျန်းမန့်ယီ လက်ထပ်လိုက်လျှင် သူမသည် တရားဝင်အ‌ဖေ၊ အမေနှင့် မိသားစုတစ်ခု ပိုင်ဆိုင်ရမည်။

ရှဲ့ယွမ်သည် သူ၏မိသားစုနောက်ခံနှက့် ကျော်ကြားမှုမှတ်တမ်းအပါအဝင် ဖြစ်ကြောင်းကုန်စင် အားလုံးကို စုံစမ်းခဲ့သည်။ ထို့နောက် သူ၏ကိုယ်ရေးအကျဉ်းကို သူ့သီချင်းတိုင်းလိုလိုတွင် ဖော်ပြခဲ့သည်။

သူ၏မိသားစုနောက်ခံမှာ အလယ်အလတ်သာ ရှိသော်ငြား သူသည် အလွန်ထူးချွန်သူဖြစ်သည်။ သူသည် အလွန်တော်ပြီး အမှီအခိုကင်းသည့် တေးရေး၊တေးဆိုတစ်ယောက် ဖြစ်သည်။ သူသည် ကြယ်ပွင့်များအတွက် ဂန္တဝင်သီချင်းပေါင်းများစွာကိုလည်း ရေးစပ်ခဲ့သည်။

သူ့ကိုယ်ပိုင်ကြိုးစားမှုကြောင့်သာ လက်ရှိနေရာကို ရခြင်းဖြစ်သည်။ မကောင်းတဲ့မှတ်တမ်းများလည်း မရှိ။အဓိကဖြစ်စေ၊သာမညဖြစ်စေ အရေးမကြီးပါ။အတွေ့အကြုံနည်းနည်းနှင့် စိတ်ခံစားမှုအနည်းငယ် ပေါင်းစပ်ခြင်းဖြင့် ကုမ္ပဏီ၏စကားများကိုပင် နားထောင်စရာ မလိုအပ်တော့။ ထိုအချက်သည် သူ့အရိုးထဲထိ စွဲထင်နေသည့် ရောခ့်ဂီတသမားတို့၏ ပုန်ကန်ထကြွမှုဖြစ်သည်။

သို့သော် “ဖခင်”ဟူသောစကားလုံးသည် ဝန်ကြီးလှသည်။ ကျန်းယွီ အပူအပင်ကင်းစေရန်၊အမြဲတမ်း ခေါင်းမော့ရင်ကော့နိုင်ရန်၊ သူမ အမြဲတစေပျော်ရွှင်နိုင်ရန်…

သူမ၏ဖခင်ကို ရှာတွေ့ပြီဖြစ်သည့်အတွက် ဖခင်မရှိဟူ၍ နောင်တရနေစရာ မလိုတော့ပါ။

ဒီခံစားချက်က အရမ်းကောင်တာဘဲ။

ကျန်းမန့်ယီသည် ရှဲ့ယွမ်ကို ကြည့်ကာ အချိန်အတန်ကြာသည်အထိ စိတ်မအေးနိုင်ဖြစ်နေသည်။ ရှဲ့ယွမ်သည် ကျန်းယွီ ပျော်ရွှင်နိုင်ရန်အတွက် အဖေတစ်ယောက်လိုမျိုး သူ၏စိတ်နေသဘောထားထိ ပြောင်းလဲလာလိမ့်မည်ဟု သူမ ထင်မထားမိပေ။ မိဘတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အလွန်ပင် နက်ရှိုင်းလှသည်။

ရှဲ့ယွမ်သည် ကျန်းယွီကိုချစ်သည်။ သူမ၏ဘဝမပြည့်စုံမှာလည်း စိုးရိမ်သည်။ ထို့ကြောင့်ပင် သူမ၏ဘဝတွင် တစ်စုံတစ်ခု ပျောက်ဆုံးသွားရသည်။

…

ဧည့်ခန်းပြန်ရောက်သည့်အခါ ကျန်းမန့်ယီသည် သူမ၏သမီးအား လှမ်းခေါ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ရှောင်ယွီ၊ သမီး အန်ကယ်ရှဲ့ကို အဖေရင်းတစ်ယောက်လို သတ်မှတ်နိုင်လား။”

ကျန်းယွီ - “?”

ဘယ်လိုအခြေအနေကြီးလဲ!

ဆိုဖာပေါ်တွင် ထိုင်နေသော ချန်ယဲ့သည် မကျေနပ်စွာ ဝင်ပြောသည်။ “အဖေအရင်းတဲ့၊ ကြားရဆိုးတာ”

ကျန်းမန့်ယီ - “ရှင် တိတ်တိတ်နေ။”

ချန်ယဲ့သည် ပြုံးကာ “အဖေအရင်းဆိုတာ ကြားရမဆိုးဘူးလား။ ဖေဖေလို့ခေါ်တာ ပိုကောင်းတာပေါ့။ အနာဂတ်မှာ အဖေနှစ်ယောက်တောင် ရှိလာတော့မယ်။”

“အာ…ဒါက…”

“ဆရာရှဲ့ရဲ့ခံစားချက်ကိုရော ရှင် ထည့်တွက်ဖူးလား?”

ကျန်းယွီသည် သူတို့အား အပြစ်တင်စွာစိုက်ကြည့်ရင်း အဓိပ္ပာယ်မရှိတာတွေ မပြောရန် တားလိုက်သည်။ အန်ကယ်ရှဲ့က အချစ်မှာနစ်မွန်းသွားရုံဘဲ။ ဒီလိုပြောနေတာက သူ့နှလုံးသားကို ဓားနဲ့ထိုးနေတာမဟုတ်ဘူးလား?

သူမ ဘာဘဲလိုချင်၊ဖြစ်ချင်ပါစေ ရှဲ့ယွမ်သည် ဝမ်းသာစွာ သဘောတူမည်ဖြစ်သည်။ “ ရှောင်ယွီကသာ ဖေဖေလို့ခေါ်ရင်တော့ ကျွန်တော် အရမ်းပျော်မိမှာ”

“ဟမ်???”

ကျန်းယွီသည် ရှဲ့ယွမ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ဒါ…မဖြစ်နိုင်ဘူး။

“အန်ကယ်ရှဲ့ သေချာလား?”

“သေချာတာပေါ့။ ရှောင်ယွီကို သမီးအဖြစ် အသိအမှတ်ပြုရမှာ အရမ်းကျေနပ်မိတယ်။”

ကျန်းမန့်ယီသည် ပြုံးကာ ပြောလိုက်သည်။”ကောင်းတာပေါ့၊ ဒါဆို ကျွန်မတို့ မိသားစုမှာ ရှောင်ယွီက အဖေနှစ်ယောက် ရှိသွားပြီ…”

သူမသည် ပြောရင်းရပ်သွားသည်။ ထိုစကားသည် မပြောသင့်ဟု ထင်သည်။

ရှဲ့ယွမ်နဲ့ ချန်ယဲ့သည် အပြန်အလှန်နားလည်မှု ရသွားသော်ငြား ကျန်းမန့်ယီနှင့် ချန်ယဲ့ကတော့ လက်ထပ်ခွင့်မရသေးပါ။ ကျန်းယွီသည် ရှက်ကိုးရှက်ကန်းဖြင့် ရှဲ့ယွမ်အား ‘ဖေဖေ'ဟု ခေါ်လိုက်သည်။

ထိုစကားနှစ်လုံးကို ကြားလိုကရသည့်အခါ အချိန်သည် တိုတောင်းပေမယ့် ရှဲ့ယွမ်၏ မျက်လုံးများပင် ပူလာကာ ဘာပြန်ပြောရမည်မသိ ဖြစ်နေခဲ့သည်။ သူသည် ကျန်းယွီ ပခုံးကိုကိုင်ကာ ဘာစကားမှ ပြောမထွက်ပါ။

ဘာစကားမှမပြောပေမယ့် သူသည် သူ့အိတ်ထဲမှ ကာတွန်းပုံ သော့ချိတ်လေးကို ထုတ်ကာ ကျန်းယွီအား ပေးလိုက်သည်။ “ဖေဖေရဲ့အဖေ့ဆီကနေ နှုတ်ဆက်လက်ဆောင်ရခဲ့တာ။ သမီးကြိုက်မယ် ထင်ပါတယ်။”

သော့ချိတ်သည် တလက်လက် တောက်ပနေသောငန်းဖြူပုံစံလေးဖြစ်၍ သူ့အထဲတွင် တောက်ပနေသောစိန်တုံးအတုလေးများဖြင့် စီခြယ်ထားသည်။ အနုစိတ်ကာ တောက်ပလွန်းလှသည်။

“ဝါး၊ကျေးဇူးပါ ဖေဖေ။ သမီး အရမ်းကြိုက်တာပဲ။”

“‌သမီးကြိုက်တယ်ဆို ကောင်းတာပေါ့”

“ကျွန်မတို့ သမီးရှောင်ယွီကတော့ တောက်ပတာဆို အရမ်းကြိုက်”

ကျန်းမန့်ယီသည် ပြုံးကာ ကျန်းယွီခေါင်းကိုပုတ်ရင်း ပြောသည်။ “ငယ်ငယ်တုန်းကဆို ကျွန်မကို စိန်တုဆံထိုးလေးဝယ်ခိုင်းတာ။ မဝယ်ပေးလို့တဲ့ ငိုပြီး အာ့နေရာကနေ မရွေ့ဘူးလေ။ ဒီနေ့တော့ ဟောဒီက မိန်းမလှလေးကို အန်ကယ်ရှဲ့က ပေးလိုက်ပြီ။ ငန်းလေး။ ပျော်တယ်မလား”

ရှဲ့ယွမ်သည် ဖြတ်ပြောလိုက်သည်။”အာ့တာက စိန်တုမဟုတ်ဘူး”

“ဒါဆို ဘာလဲ?”

“အဲ့ဒါ စိန်အစစ်လေ”

ကျန်းမန့်ယီသည် သော့ချိတ်ကို တအံ့တဩကြည့်နေသည်။ ဒီကြီးမားတဲ့စိန်ပွင့်များသည် ငန်းငယ်လေး၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အမှန်ပင် စီခြယ်ထားသည်။

“ဒီငန်းရုပ်လေးက…အရမ်းဈေးကြီးမှာဘဲ!”ကျန်းယွီသည် သူမ၏ ခေါင်းကို ယမ်းလိုက်ကာ ရှဲ့ယွမ်အား ယဉ်ကျေးစွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊လက်တော့မခံပါရစေနဲ့”

ရှဲ့ယွမ်သည် ခနတွေးလိုက်ပြီး သော့ချိတ်မှ ငန်းပုံလေးကို ဖြုတ်လိုက်သည်။

“တကယ်တမ်း ဒါက အလှဆင်ထားတာသပ်သပ်‌ဘဲလေ။ မကြိုက်ဘူးဆိုရင် ဖြုတ်လို့ရတာပဲ။ သော့ကတ်ကတော့ အဖိုးပြင်ဆင်ထားတဲ့ လက်ဆောင်။‌ ပိုင်ချန်တက္ကသိုလ်နားက တစ်မိသားစုစာ ဗီလာအသေးလေးပါ။သမီး စာကြည့်ရတာ ပင်ပန်းလာတဲ့ချိန်ကျ အာ့ကိုသွားပြီး အပန်းဖြေပေါ့”

All Chapters