← Chapters

Chapter 101

Vol. 9 Ch. 101

Chapter 101

Vol. 9 Ch. 101

ဟိုတယ်သည် ဆိတ်ငြိမ်သော သီးသန့်ပင်လယ်အော်တွင် တည်ရှိပြီး နေရောင်အောက်တွင် အပြာရောင်ပင်လယ်ကြီးက ငါးအကြေးခွံကဲ့သို့ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။

ကျန်းမန့်ယီနဲ့ ချန်းယဲ့တို့က နှစ်ယောက်ခန်းမှာ နေကြသည်။ အခန်းက အလွန်ကျယ်ဝန်းပြီး အခန်းအပိုတွေရှိသည်။ ကျန်းယွီ ထိုနေရာတွင် နေလို့ရသည်။ ဒါပေမယ့် ချန်းယဲ့က သူမကိုNကြိမ်မြောက် မျက်စပစ်ပြပြီးနောက်တွင် စွမ်းအင်မြင့်အခန်းတစ်ခုမှာနေဖို့ သူမဆုံးဖြတ်ခဲ့သည်။ မီးသီးကိုဖွင့်ထားပြီး၊ ကျွန်မအတွက် သီးခြားနေသာတဲ့ ပင်လယ်ရှုခင်းအခန်းကို ဖွင့်လိုက်သည်။

အခန်းထဲမှာ ကျန်းမန့်ယီက သူမရဲ့ ခရီးဆောင်အိတ်ကို ဖွင့်တော့ ကျန်းယွီရဲ့သတိပေးချက်ကို ချန်ယဲ့က တွေးပြီး သူမဘေးနားကို အပြေးအလွှား ထိုင်ချလိုက်ပြီး ခရီးဆောင်အိတ်ကို ကူညီစီစဉ်ပေးခဲ့သည်။

"မန်မန် မင်းပြောကြည့် အခု ကိုယ်တို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲ။"

"မသိဘူး ချစ်ကြည့်တာလား"

"ကိုယ့်သမီးက အသက်အရွယ်ရလာပြီ ချစ်နေသေးတယ်ဆိုတာက အဲ့တာ မထူးဆန်းဘူးလား"

ကျန်းမန့်ယီက သူဘာတွေတွေးနေလဲဆိုတာ သိသည်။ ချန်းယဲ့ ကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ "ရှင်တကယ် ကျွန်မကို လက်ထပ်ချင်တာလား"

"ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ် မင်းကို နောက်ပြောင်နေတယ်လို့ မင်းထင်နေတာလား"

"ဒါပေမယ့် ရှင့် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ရှင်လည်း မြင်နေတာပဲ။"

"သူတို့ကို ဘယ်သူက ဂရုစိုက်မှာလဲ!" ချန်းယဲ့ ပြောလိုက်သည်။ "ကိုယ် ပရိသတ်တွေ မလိုအပ်ဘူး၊ နားထောင်တဲ့သူတွေကိုပဲလိုတယ်"

"အခုအဲ့တာက ကျွန်မတို့အတွက် ကောင်းနေပြီ မဟုတ်လား" ကျန်းမန့်ယီ ပြောလိုက်သည်။ "ရှင် ကျွန်မကိုလွမ်းရင် ကျွန်မကို လာတွေ့လို့ရတယ်။ လက်ထပ်ပြီးသွားရင် ရှင်အခုလောက် လွတ်လပ်တော့မှာ မဟုတ်ဘူး"

ကျန်းမန့်ယီက သူတို့နှစ်ယောက်ကြားက ခြားနားချက်ကို လက်မခံနိုင်သေးဘူးဆိုတာကို ချန်းယဲ့က သိထားပြီး သူ အေးစက်စွာပြောလိုက်သည်။ "ကိုယ့်ကိုပြောပြ မင်းကိုယ့်ကို မဲပေးချင်တယ်မလား ဟုတ်တယ်မလား"

ကျန်းမန့်ယီ - "..."

"အချိန်မရွေးရောက်လာတဲ့ ကြယ်ပွင့်ကြီးတွေရှိတယ်၊ပြီးတော့ မင်း ပိုက်ဆံပေးစရာ မလိုဘူး။ အဲဒါကောင်းတာပဲ"

ကျန်းမန့်ယီ သူ့ကို ထုလိုက်သည်။ "ကိုယ့်မျက်နှာကိုပဲလက်ညှိုးထိုးနေလိုက် "

ချန်းယဲ့ မျက်နှာမဲ့ကာ ပြုံးလိုက်သည်။ "ကိုယ်တို့ဆက်ဆံရေးအကြောင်း မင်းမှာနောက်ဆုံးပြောစရာစကားရှိနေတယ်"

"ကျွန်မမှာ နောက်ဆုံးပြောစရာ စကားရှိပါတယ် အဲ့ဒါက လက်ထပ်ဖို့မဟုတ်ဘူး" ကျန်းမန့်ယီ ပြောလိုက်သည်။ "အိမ်ထောင်ပြုပြီးသွားရင် ပြဿနာတွေ အများကြီးရှိတယ် အမွေကိစ္စလိုမျိုးပေါ့ ရှင်ရှာထားတဲ့ ပိုက်ဆံရဲ့တစ်ဝက်ကို ကျွန်မပိုင်တယ်၊ ကျွန်မတို့ရဲ့ဝင်ငွေကွာဟချက်က အရမ်းကြီးတယ်။ ရှင့်အတွက် အရမ်းဆိုးတယ်။ ရှင့်ကို ကျွန်မ အခွင့်ကောင်းမယူချင်ဘူး၊ ကျွန်မအနိုင်မကျင့်ချင်ဘူး။"

ကျန်းမန့်ယီသည် ဤအရာများကို တွေးနေသေးသောကြောင့် ချန်းယဲ့မှာ အသဲကွဲသွားသလို ခံစားရပြီး ခေါင်းကိုအပြင်းအထန် ကုတ်နေလေသည်။ "မင်းကို ပိုက်ဆံတွေ အကုန်ပေးထားတာကို၊ မင်းက ငွေအကြောင်းပြောနေတုန်းပဲလား"

"ကျွန်မတို့ အသက်က ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ် မဟုတ်တော့ဘူး။ ဒီလက်တွေ့ ဆန်တဲ့ကိစ္စတွေကို စဉ်းစားရမယ်လေ"

ချန်းယဲ့က ကျန်းမန့်ယီရဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး သူမကို ချွဲကာတိုက်ရိုက်ပြောခဲ့သည်။ " မန်မန်~မင်းကိုယ့်ကို အရာအားလုံးကို ကတိပေး၊ ဒီကိစ္စကိုလည်း ကတိပေးတယ် ဟုတ်တယ်မလား "

ကျန်းမန့်ယီ က သူ့ခေါင်းကို ပွတ်သပ်ပြီး ပြုံးကာပြောလိုက်သည် " ငါတို့အစ်ကိုက ကလေးပဲရှိသေးတာပဲ"

"ကိုယ့်ကို ကတိပေးပါ"

"သဘောတူဖို့ကျတော့ အဲ့တာကခက်တယ်။"

ချန်းယဲ့ အဆင်မပြေစွာ မတ်တပ်ရပ်လိုက်ပြီး ကုတင်ပေါ် လှဲကာ ခေါင်းကို စောင်နဲ့ အုပ်ပြီး စတင်စိတ်ကောက်ခဲ့သည် "မင်း က ကိုယ့်ခန္ဓာကိုယ်ကိုပဲ ကြိုက်တာ ကိုယ့်ကို လိုချင်တာမှမဟုတ်တာ"

"ဒါဆို ကျွန်မတို့က အခန်းဖော်ကောင်းတွေဖြစ်လာမှာ" ကျန်းမန့်ယီက သူ့ကို ဂရုစိုက်ဖို့စိတ်မပါဘူး " ရှောင်ယွီကို သွားကြည့်လိုက်ဦးမယ် "

"ခဏလေး မင်းအတွက် ကိုယ်ဝယ်ထားတဲ့ ရေကူးဝတ်စုံကို စမ်းဝတ်ကြည့်ကြည့်" ချန်းယဲ့မတ်တပ်ထရပ်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ကို အတင်းလှည့်ပြီးနောက် bikiniကို ထုတ်ယူလိုက်သည်- "မင်းလက်မထပ်နိုင်ဘူး။ အခန်းဖော်တွေဆို ဒါကို အမြဲဝတ်ကြည့်လို့ရတယ်။"

ကျန်းမန့်ယီ bikini ကိုကြည့်လိုက်သည် "ကျွန်မက အခု မိခင်တစ်ယောက်ဖြစ်နေပြီ၊ ဒီလိုအဝတ်အစားမျိုးကို ဝတ်ချင်ဦးမှာလား"

ချန်းယဲ့က အဝတ်တွေကိုကိုင်ကာ လမ်းလျှောက်လာရင်း ချွဲတဲ့လေသံနဲ့ နူးညံ့စွာပြောလိုက်သည် "အခန်းထဲမှာပဲဟာ။ ကိုယ့်အတွက် ဝတ်ပေးပါနော်။ ကိုယ်ကြည့်ချင်လို့ပါကွာ။"

ကျန်းမန့်ယီ သူ့ကို မငြင်းခဲ့ပါဘူး။ သူ့တောင်းဆိုချက်က အလွန်အကျွံမဟုတ်သရွေ့ ဘယ်အချိန်မဆို သူမ မငြင်းပါဘူး။

သူမက သူ့ကိုယ်သူ တခြားရှုထောင့်တွေမှာ ယုံကြည်မှုမရှိပေမယ့်လည်း သူမရဲ့ရုပ်ရည်အပေါ်မှာတော့ လုံးဝယုံကြည်မှုရှိသည်။

ဒီလိုအမိုက်စား ရေကူးဝတ်စုံနဲ့တောင်မှ အသက်တူတဲ့ တခြားအမျိုးသမီးတွေကို စက္ကန့်ပိုင်းအတွင်း သေသွားစေနိုင်သည်။

ကျန်းမန့်ယီ အဝတ်အစားလဲပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

"လဲပြီးပြီ"

ချန်းယဲ့သူ့အကြည့်တွေကို ဖုန်းထဲကနေ ဖယ်လိုက်ပြီး သူမဆီအကြည့်ရောက်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့မျက်နှာကို လှည့်လိုက်ပြီး မသက်မသာစွာ နှာခေါင်းသွေးထွက်လာသည်။

**

ကျန်းယွီက နွေရာသီမှာ အေးမြသော ဒေစီသေးသေးလေးဖြင့် နှစ်လွှာရေကူးဝတ်စုံကို လဲကာ ကမ်းခြေသို့ လမ်းလျှောက်သွားပြီး နူးညံ့သောသဲပေါ်တွင် ခြေချကာ ခါးရှည်ရှည်ကို ဆန့်လိုက်သည် အဲ့တာက နွေးထွေးလွန်းလှသည်။

မြွေဖြူကလေးကို သူမလည်ပင်းမှာ ချိတ်ထားပြီး အနီးကပ်မကြည့်ရင် လည်ဆွဲအဖြူရောင်လို့ ထင်မိကြမှာ။

လျှိုယိပိုင်ကလည်း သူမခြေလှမ်းတိုင်းနောက်ကို လိုက်သွားသည် ။ ချောမောတဲ့ကောင်လေးက အိုင်ဒေါ တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ့အသားအရည်က နို့လိုဖြူစွတ်ပြီး သူ့အပြုံးက အထူးသဖြင့် တောက်ပသည်

" ရှောင်ယွီ ၊ မင်း ရေကူးတတ်လား"

"ကူးတတ်တယ်"

"ဒါဆို ခဏနေ Bibi စလိုက်ရအောင်"

"ကောင်းပြီ၊ ရှင်ရှုံးရင် ကျေးဇူးပြုပြီး ဒီညသောက်ရမယ်"

"ပြဿနာမရှိဘူး။"

ချန်းယဲ့နဲ့ ကျန်းမန့်ယီတို့ ရေကူးဝတ်စုံဝတ်ကာ ထွက်လာခဲ့သည်။

ကျန်းယွီက ကျန်းမန့်ယီ ရဲ့ကိုယ်ပေါ်က တစ်လွှာတည်း ရေကူးဝတ်စုံကိုမြင်ပြီး ပြုံးကာပြောလိုက်သည် "အမေ၊ အမေဝတ်ထားတဲ့ ဒီရေကူးဝတ်စုံက အရမ်းခေတ်နောက်ကျနေပြီ!"

"အမေက အမေတစ်ယောက်ဖြစ်နေပြီလေ ၊ သမီးတို့လိုလူငယ်တွေနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ"

"အဖေက အမေ့ကို bikini ဝတ်ခိုင်းမယ်လို့ ထင်ထားတာ။" ကျန်းယွီဟန်လုပ်ပြီးသွားဖြီးပြလိုက်သည် "အမေက အရမ်းတော်တာပဲ၊ ရေကူးဝတ်စုံမဝတ်တာက အရမ်းဖြုန်းတီးတာ၊ အဖေက မပြင်ဆင်ပေးထားဘူးပဲ review မကောင်းဘူး။"

ချန်ယဲ့ကို လှည့်ကြည့်လိုက်တော့ ကျန်းယွီက သူ့နှာခေါင်းထဲထိုးထည့်ထားတဲ့ စက္ကူနှစ်ခုကို တွေ့လိုက်ရသည်- "အဖေ၊ ဘာဖြစ်လို့လဲ"

ကျန်းယွီရဲ့ အကြည့်ကို ရှောင်ရင်း သူ့ပါးပြင်ပေါ်ရှိ နီမြန်းမှုများ မှေးမှိန်မသွားဘဲ သဘာဝမကျစွာ ပြောလိုက်သည်။" ခုဏက နံရံကို ဝင်တိုက်မိသွားလို့"

"အို့"

...

ကမ်းခြေတွင် ကျန်းမန့်ယီက နေကာထီးဆောင်းကာ ကော်ဇောခင်းပြီး သူ့ကိုယ်သူ နေရောင်ကာခရင်မ်လိမ်းဖို့ ကမ်းခြေပေါ်တွင် ထိုင်ခဲ့သည် "ဘေဘီ လာ၊ နေရောင်ကာခရင်မ်လိမ်းပေးမယ်"

ကျန်းယွီမသွားခင်မှာ ချန်းယဲ့ကပြေးလာပြီး သူမပေါင်ပေါ်လှဲပြီး သူမကို နေရောင်ကာခရင်မ်လိမ်းပေးဖို့တောင်းဆိုနေသည်

"အမေက သမီးကို ခေါ်နေတာပါနော်!" ကျန်းယွီ မကျေမနပ်ဖြစ်ပြီးပြောလိုက်သည် "အဖေ့ကို မုန်းလိုက်တာ!"

"သွား၊ အဖေတို့နှစ်ယောက်ရဲ့ အချိန်ကို မနှောင့်ယှက်နဲ့။"

"အမေ့မိန်းမက အရမ်းစိတ်ညစ်နေပြီ!"

ကျန်းမန့်ယီက ပြုံးပြီး ချန်းယဲ့ ရဲ့ ဖြူဖွေးတဲ့ ကျောပြင်ပေါ် နေရောင်ကာခရင်မ် လိမ်းပေးပြီး သူမရဲ့လှုပ်ရှားမှုတွေက နူးညံ့သိမ်မွေ့သည်။

ကျန်းယွီက ဒီလူနှစ်ယောက်ကို တခြားအရာတွေအပြင် ရုပ်ပုံနဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့ သူတို့နှစ်ယောက် အရမ်းကောင်းကြသည်။

ချန်းယဲ့က အိုင်ဒေါ တစ်ယောက်ဖြစ်ထိုက်သည်။ သူသည် လှပသော ခန္ဓာကိုယ်နှင့် ကြွက်သားများ ပြည့်နှက်နေသော ကြံ့ခိုင်မှု ရှိသူဖြစ်သည်။အမေ့ကိုဆိုပြောမနေနဲ့ အမေက သူမကို မမွေးဖူးထားသလိုမျိုး သူမမှာ အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်၏ ပုံသဏ္ဍန်အတိုင်း ရှိနေသေးသည်။

"မန်မန် kiss "

ချန်းယဲ့ က သူ့ခေါင်းကို မော့ပြီး နမ်းခိုင်းနေသည်။ ကျန်းမန့်ယီက ကျန်းယွီ ကို ကြည့်ကာ သူ့ကို လျစ်လျူရှုခဲ့သည်။

"မြန်မြန် ၊ ကိုယ်နမ်းချင်တယ်"

ကျန်းမန့်ယီ သူ့နှုတ်ခမ်းကိုသာ လုပ်နိုင်ခဲ့သည်- "တော်တော့ ၊ဒီမှာ ကလေးရှိနေတယ်လေ"

"ဘေဘီ၊ ရှောင်ပိုင် နဲ့ ပင်လယ်ထဲ ဆင်းသွားလိုက် အဖေနဲ့သမီးအမေကို အချိန်ခဏလောက် ပေးပါဦး။"

ကျန်းယွီ ဤချောမောပြီး ကောက်ကျစ်သော ချစ်ခြင်းမေတ္တာကို မခံမရပ်နိုင်ဖြစ်ပြီး နုံချာသော သရဲချန်းယဲ့က ဖခင်ဖြစ်ရန် အနည်းငယ်ပဲ တည်ငြိမ်မှုရှိသည်။ရှဲ့ယွမ်ထက် ပိုဆိုးတယ်။

သူမ မျက်ဖြူလှန်လိုက်ပြီး ချန်းယဲ့ ရဲ့ ကျောပေါ် မြွေဖြူလေးကို ချလိုက်သည် "အားလီကို ကူထိန်းပေးထား"

"သွား!"

ချန်ယဲ့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခုန်ပေါက်လာပြီး မြွေဖြူလေးကို မြေကြီးပေါ်သို့ ခါယမ်းချလိုက်သည် "ငါ့အနားကို လာမကပ်စေနဲ့၊ ငါသေရမှာ ကြောက်တယ်!"

"အားလီကို သေအောင်လုပ်နေတာလား။" ကျန်းယွီက မြွေဖြူလေးကို စိတ်ဆင်းရဲစွာ ကောက်ယူပြီး ကျန်းမန့်ယီရဲ့လည်ပင်းပေါ် ချိတ်ပေးခဲ့သည်- "နူးနူးညံ့ညံ့လေးကိုင်ပါ"

"ဘယ်လို စွဲလမ်းမှုမျိုးကြီးလဲ။ ဒီလိုဟာမျိုးကို မွေးထားဖို့က တကယ်ကို ခက်တယ်။" ချန်းယဲ့ အလွန်မုန်းသည် "တကယ်လို့ အဲ့လိုဖြစ်နေရင်လည်း တစ်ယောက်ယောက်ကိုရှာပြီး မြွေကို ရည်းစားအဖြစ် ....."

ကျန်းယွီရဲ့ အပြုံးပျောက်ကွယ်သွားတာကိုမြင်တော့ ကျန်းမန့်ယီက ချန်းယဲ့ကို ကန်ထုတ်လိုက်သည် "ပါးစပ်ပိတ်ထား"

ကျန်းယွီ ရေကာမျက်မှန်ကိုဝတ်ကာ ရေထဲသို့ဆင်းသွားခဲ့သည်။

"အဝေးကြီးမသွားနဲ့နော်!" ကျန်းမန့်ယီ စိတ်မသက်မသာနဲ့ နှုတ်ဆက်လိုက်သည် " ရှောင်ပိုင်၊ သူ့ကို နည်းနည်းလောက်ကြည့်ပေးပါဦး!"

"စိတ်မပူနဲ့ အန်တီ။"

ကျန်းယွီ ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ချသွားကာ ငါးတစ်ကောင်လို နက်တဲ့နေရာဆီသို့ ကူးခတ်သွားကာ လျှိုယိပိုင် လည်း အလျင်အမြန်လိုက်ဖမ်းလိုက်ရသည်။

သူမက ရေကူးစွမ်းရည် အလွန်ကောင်းမွန်သည်။ ကားမှောက်သွားတဲ့ နောက်ဆုံးအကြိမ်ကို တွေးရင်း မြစ်ကမ်းစပ်မှာနေတုန်း ချူးလီက မြစ်ထဲကို ခုန်ဆင်းနေတာကို တွေ့ခဲ့သည်။ သူ့ကို ကယ်တင်ဖို့ သူမ ဆင်းသွားချင်ခဲ့သည်။ ရေစီးကြောင်းက အရမ်းမြန်မယ်ဆိုတာ သူမ မမျှော်လင့်ထားခဲ့တော့ လှိုင်းလုံးကြီးက သူမကို လွင့်စင်သွားစေခဲ့သည်။ အဲဒီအစား ချူးလီ က သူမကို ကယ်တင်ခဲ့သည်။

အဲဒီအမှတ်တရတွေ၊ တစ်ခုပြီးတစ်ခု စိတ်ထဲမှာ ပြန်ပေါ်လာသည်၊ အရမ်းရှင်းတယ်၊ အဲဒါတွေက ရှင်းရှင်းလင်းလင်း လွတ်သွားသင့်တာ၊ ဒါပေမယ့် ဒီလိုလွဲနေတဲ့ အတွေးတွေကို နံရံတစ်ခုက ပိတ်ဆို့ထားသလိုပဲ။

အရမ်းကျပ်ပြီး တင်းကြပ်နေသည်။

ကျန်းယွီ သူ့အတွေးများကို ဖယ်ထုတ်လိုက်ပြီး သန္တာကျောက်တန်းဆီသို့ ကူးခတ်သွားလိုက်သည်။

ဒီနေရာက ရေတွေက ထူးထူးခြားခြား ကြည်လင်နေသည်။ ရေကာမျက်မှန်တပ်ထားခြင်းဖြင့် လှပသောသန္တာကျောက်များနှင့် ရောင်စုံအပူပိုင်းငါးများကို ပင်လယ်နက်နက်မဟုတ်တဲ့ ပင်လယ်ကြမ်းပြင်တွင် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

ဒါပေမယ့်လည်း ကျန်းယွီ ရှေ့သို့ ဆက်၍ ကူးခတ်သွားသောအခါတွင်၊ ရေကာမျက်မှန်တပ်ထားသော ချူးလီနှင့် အလွန်ဆင်တဲ့ တစ်ဖက်ကမ်းရှိ လူငယ်တစ်ဦးကို ရုတ်တရက်တွေ့လိုက်ရပြီးသူက သူမဆီသို့ ကူးခတ်လာခဲ့သည်။

ရေအောက်တွင် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ကျန်းယွီက သူ၏ ချောမောသော အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

မှတ်ဉာဏ်ထဲကကောင်လေးဖြစ်ပုံရသည်။

သူတို့နှစ်ယောက်လုံးက ရေကာမျက်မှန်တွေတပ်ထားပြီး ရေအောက်အမြင်က သိပ်မကောင်းတာမို့ ကျန်းယွီ အဲ့တာကို သေချာကြီးမမြင်ရဘူး။သူမ အနီးကပ်ကြည့်လိုက်တဲ့အခါ သူမ လက်ပူးလက်ကြပ်ဖမ်းမိခံလိုက်ရပြီး တံတွေးသီးသွားခဲ့သည်။

လျီုယိပိုင်က သူမအနားမှာ ရှိနေသည်။ သူမ သီးနေတာကိုမြင်တော့ သူက ချက်ချင်းသူမကို ရေထဲက ဆွဲထုတ်ပြီး "အဆင်ပြေရဲ့လား" လို့ စိုးရိမ်တကြီး မေးလိုက်သည်။

"အဆင်ပြေတယ်။" ကျန်းယွီ မျက်နှာပြင်ပေါ်မှာ ပေါလောပေါ်လာပြီး အသက်ရှုကာ အမြန်လှည့်ကြည့်လိုက်သည်။

ရေမျက်နှာပြင်ကအလွန်ငြိမ်သက်နေပြီး ရေအောက်ထဲကကောင်လေး၏ ခေါင်းကို မမြင်ရပေ။ ကျန်းယွီ အသက်အနည်းငယ်ရှူလိုက်ပြီး ရေကာမျက်မှန်ကို ထပ်ဝတ်ကာ ရေထဲသို့ ကူးလိုက်သည်။

ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ မျက်နှာတွေရှိပေမယ့် ကောင်လေးကို မတွေ့ရတော့ပေ။

သူမသည် အလင်းရောင် တစေ့တစောင်းနှင့် မြင်လိုက်ရသလိုပင်၊ ဒါပေမယ့် သူမမှာ အံ့ဩစရာများရှိသည်။

" ရှောင်ပိုင် ၊ ငါနည်းနည်းပင်ပန်းနေပြီ ငါအရင် ကမ်းပေါ်တက်တော့မယ်နော်"

ဒီလိုပြောပြီးနောက် ကျန်းယွီကကမ်းခြေဘက်ကို ကူးသွားပြီး ကမ်းခြေမှာ တစ်ယောက်တည်းထိုင်ကာ မြွေဖြူလေးကို ကောက်ယူပြီး ဆော့ကစားခဲ့သည်။

မြွေဖြူလေးက သူမလက်ပေါ်တွင် နာခံစွာ နေနေသည်။

ကျန်းယွီ တစ်ယောက်တည်းပြန်လာတာကို ချန်းယဲ့ကမြင်တော့ အံ့သြသွားပြီး သူ မေးခဲ့သည် "ဘာဖြစ်လို့လဲ ယိပိုင်က သမီးကို စိတ်ဆိုးအောင်လုပ်လို့လား"

"မဟုတ်ပါဘူး၊ သမီး ရေထဲမှာသီးသွားလို့ ရေမကူးချင်တော့လို့ပါ။"

ချန်းယဲ့သွေးပူလှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် သူမကိုပြောလိုက်သည် “လာ၊ အဖေနဲ့ ရေကူးရအောင်”

"ဟင့်အင်း အဖေ၊ သမီး ရေမကူးချင်တော့ဘူး"

ချန်းယဲ့ရေထဲသွား အတင်းတွန်းအားမပေးတော့ပေ။

ကျန်းယွီ က လက်ထဲက မြွေဖြူလေးကို ကြည့်ပြီး ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသဖို့ လိုလိမ့်မယ် လို့ ခံစားနေရသည်

သူမစိတ်ထဲမှာ အမြဲသတိပေးနေတဲ့ အသံတစ်ခုရှိတယ်၊ ငါလက်လွှတ်လိုက်ပြီ။

ဒါပေမယ့် သူမ နှလုံးသားထဲမှာ အမြဲလိုလို နစ်မွန်းနေခဲ့သည်။

သန္တာကျောက်တန်း၏အစွန်းတွင်၊ ချူးလီ သည် စိုစွတ်နေသော ကမ်းစပ်ဆီသို့သွားကာ ကျောက်ဆောင်ပေါ်တွင် လဲလျောင်းရင်း အဝေးမှရွှေရောင်သဲသောင်ပြင်ကိုကြည့်နေသည်။

ကမ်းခြေမှာ အရောင်စုံလင်တဲ့ပုံသဏ္ဍာန်တွေ အများကြီးရှိသည် သူ ကောင်မလေးကို မရှာနိုင်ခဲ့ပေ

ချူးလိ အနက်ရောင်ကျောက်တုံးပေါ်တွင် လဲလျောင်းနေပြီး အပြာရောင်ကောင်းကင်ကြီးကို ကြည့်ကာ မျက်လုံးမှိတ်ထားပြီး စိတ်တွေ ညှိုးငယ်နေလေသည်။

သူနဲ့ထပ်တွေ့ရတယ် သူဘာတွေလုပ်နေတယ်ဆိုတာသူမသိသွားရင် သူမစိတ်ပျက်သွားလောက်တယ် ...

မျက်နှာမပါဘဲ နှုတ်ဆက်လိုက်ပါတယ်။

ချူးလီသည် လေထဲတွင် ပင်လယ်ဆား၏ အရသာကို ရှူရှိုက်ရင်း အသက်ပြင်းပြင်းရှူကာ သူမနှင့် တူညီသောလေကို ရှူရှိုက်ရင်း သူ စိတ်ကျေနပ်နေရပါပြီ၊ တခြားဘယ်အရာကို သူမျှော်လင့်ရဲမှာလဲ

ဒီအချိန်မှာ ဖုန်းမြည်လာသည်၊ အဲဒါက တရုတ်နိုင်ငံက နာမည်မသိရတဲ့ နံပါတ်တစ်ခု။

"ဘယ်မှာလဲ။" ထိုလူ၏ အသံကတိုးသည်။

"နိုင်ငံရပ်ခြားမှာ ၊ကျူတာနဲ့ အပန်းဖြေခရီးထွက်နေတယ်"

"တော်တော်လေးစိမ်ပြေနပြေရှိနေတာပေါ့"

"ကျူတာက ငါ့ကို သံသယဝင်နေတယ်။"

"ဘယ်တော့ပြန်လာမှာလဲ။"

"ဖြစ်နိုင်ရင်အမြန်ဆုံးပြန်လာမှာပါ"

"ပြန်လာတာနဲ့ ဆက်သွယ်လိုက်"

ချူးလီ ဖုန်းချလိုက်သည်။

...

ညနေပိုင်းတွင် မိသားစုသည် ကျော်ကြားသော ဒေသန္တရဘားလမ်းသို့ သွားကာ အလွန်အသက်ဝင်လှသည့် ဘားတစ်ခုသို့ ဝင်ရောက်ခဲ့သည်။

ချန်းယဲ့ သည် စင်မြင့်ပေါ်သို့တက်ကာ ဂစ်တာယူခဲ့ပြီး သီချင်းအနည်းငယ်သီဆိုကာ မြင်ကွင်း၏အငွေ့အသက်ကို အထွတ်အထိပ်သို့ရောက်စေခဲ့သည်။

ပရိတ်သတ်ထဲမှ ကျန်းမန့်ယီသည် သူ rock and roll ဆိုပြနေသည်ကို ကြည့်ရင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းကအချိန်ကို ပြန်ကြည့်နေရသကဲ့သို့ သူမသည် စင်မြင့်ပေါ်မှ မျှော်လင့်ချက်မဲ့တဲ့လူကို သဘောကျစွာ ကြည့်နေခဲ့သည်။

အချိန်က အလျင်အမြန်ဖြတ်သွားသော ရေနှင့်တူသည်။

လူလတ်ပိုင်းအရွယ်တစ်ယောက်က စင်ပေါ်မှာ ဆယ်ကျော်သက်ပဲရှိသေးပေမယ့်သူမကတော့ စင်ပေါ်မှာ innocent girlလေးတော့ မဟုတ်တော့ပါဘူး။

ကျန်းမန့်ယီက ကျန်းယွီ ကို မှီပြီး နားထဲကို တိုးတိုးလေးပြောခဲ့သည် "သမီးက ငယ်သေးတယ် ပေါ့ပေါ့တန်တန် အရှုံးမပေးလိုက်နဲ့၊ ဘာလို့လဲဆိုတော့ သမီးလက်လျှော့လိုက်ရင် သမီးတစ်သက်လုံး နောင်တရနေလိမ့်မယ်"

ကျန်ယွီ ကျန်းမန့်ယီ ကို ပြန်ကြည့်ကာ သူမ တစ်ခုခုကို ဆိုလိုကြောင်း တွေ့လိုက်ရသည်။

ဒီရက်တွေမှာတော့ ကျန်းယွီက သူမရဲ့အတွေးတွေကို ကောင်းကောင်း မြှုပ်နှံထားနိုင်ပြီလို့ ထင်ခဲ့ပြီး တခြားသူတွေကို နေ့တိုင်း ပြုံးရွှင်စွာ နှုတ်ဆက်ခဲ့သည်။

ဒါပေမယ့် တကယ်တော့ သူမဟာ ကောင်လေးကို လွမ်းဆွတ်နေပြီး အဲဒီအကြောင်းကို တွေးပြီး ရူးနေတယ်ဆိုတာကို လူတိုင်းပြောပြနိုင်သည်။

ဒီလိုမှမဟုတ်ရင် မိန်းမကောင်းတစ်ယောက်ဟာ ရည်းစားတွေ လျှောက်မထားဘဲ၊ လိုက်စားမှုအားလုံးကို ငြင်းဆန်ပြီး တစ်နေ့တာလုံး မြွေနဲ့ ခွဲလို့မရပါဘူး။

"အမေ၊ သမီးက လက်လျှော့ချင်တဲ့သူ မဟုတ်ဘူး၊ အဲ့တာကို သမီး ဘာမှ မလုပ်နိုင်ဘူး"

ကျန်းယွီ မျက်လျှာချပြီး လက်ထဲက မိုဂျီတိုခွက်နဲ့ ကစားနေသည်- "သူအခု အရမ်းကောင်းကောင်းလုပ်နိုင်နေပါပြီ၊ နောက်ဆုံးတော့ သမီးထက် တခြားတစ်ယောက်က သူ့ကို သဘောကျနေတယ်။ဒါ အရမ်းကောင်းပါတယ်၊ သမီး ခွင့်မပြုနိုင်ဘူးဆိုပြီး သူ့ဘဝကို မနှောင့်ယှက်သင့်တော့ပါဘူး...."

ဒါက သူ့အတွက် နောက်ဆုံးလုပ်ပေးနိုင်တာ ဖြစ်နိုင်တယ်။

"သမီးပြောတဲ့အတိုင်းသာဆိုရင် သူတကယ်ကောင်းကောင်းမွန်မွန်နေနေပြီဆိုရင် သမီး လွှတ်ပေးသင့်နေပြီ" ကျန်းမန့်ယီက ဖြောင်းဖြကာပြောခဲ့သည် "သမီးမှာ ပိုကောင်းသထက်ကောင်းတဲ့ ရည်းစားလည်း ရှိလာမှာပါ။ ရှောင်ပိုင်က အဆင်ပြေမယ်လို့ မေမေ ထင်တယ်။"

ကျန်းယွီ ရယ်လိုက်သည် "အမေ အဖေ့ကို လျှိုယိပိုင် ခေါ်ခိုင်းလိုက်တာမလား၊ သမီးကို blind date လုပ်ပေးဖို့ မဟုတ်လား"

"ဘာလို့လဲ မှားနေသေးလို့လား"

"အဲဒါ မမှန်ဘူး။" ကျန်းယွီ ရွှတ်နောက်နောက်ပြောလိုက်သည် "ဒါပေမယ့် အမေရဲ့ သားမတ်ဟောင်းလောက်တော့ သူ့အဆင့်တွေက မကောင်းဘူး ဟုတ်ပြီလား"

"ကြည့်၊ စကားလုံးနည်းနည်းပြောတာကို သူ မပါရင် မပြီးသေးဘဲနဲ့ သမီးပဲသူ့ကိုလွှတ်ပေးလိုက်ပြီဆို "

"ထားပါတော့။"

ကျန်းယွီ အလွန်ဒေါသထွက်နေသောကြောင့် ကျန်းမန့်ယီ နဲ့ စကားစမြည်မပြောတော့ပေ "သမီး အပြင်ထွက်ပြီး ဈေးဝယ်ထွက်လိုက်ဦးမယ်"

ကျန်းမန့်ယီ က လျီုယိပိုင်ကိုသူမနောက်လိုက်ဖို့ ကမန်းကတန်း တောင်းဆိုလိုက်သည်၊ နိုင်ငံရပ်ခြားကလာတဲ့ ကလေးမလေးက သူ့ဘာသာသူ လမ်းပျောက်မသွားသင့်ဘူး။

ဘားမှထွက်လာတော့ အပြင်ကလေတွေက ပူပြီး Bar Street ရဲ့လမ်းတွေမှာ လူတွေနဲ့ ပြည့်ကျပ်နေသည်။ ငယ်ရွယ်ပြီး ချောမောလှပတဲ့ အမျိုးသား၊ အမျိုးသမီး အများအပြားသည် လမ်းပေါ်ထွက်၍ စီးပွားရေးကို မြှူဆွယ်ကြပြီး ခရီးသွားများကို အင်္ဂလိပ်စာအားနည်းစွာ မိတ်ဆက်ပေးနေကြသည်။

ဤနိုင်ငံ၌ လုပ်ငန်းက တရားဝင်ဖြစ်ပုံရသည်။

အကွာအဝေးတစ်ခါမှာ လျှိုယိပိုင်က အမျိုးသမီး ကမ္ဘာလှည့်ခရီးသည်အချို့ရဲ့ အသိအမှတ်ပြုတာခံရပုံရပြီး သူ့ကို လက်မှတ်နှင့် အဖွဲ့ဓာတ်ပုံရိုက်ဖို့တွက် အော်ဟစ်နေကြသည်။

ကျန်းယွီက သူ့ကို လက်ယပ်ခေါ်လိုက်ပြီး သူ့ကိုယ်သူ ဂရုစိုက်ခွင့်ပေးပြီး သူမကို တစ်ယောက်တည်း ထားခဲ့ခိုင်းလိုက်သည်

သူမ အနည်းငယ် စိတ်ရှုပ်နေကာ လမ်းပေါ်တွင် ရပ်ပြီး အိတ်ထဲမှ အမျိုးသမီး စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။

ချက်ခြင်းပင် သူ့ဘေးနားတွင် ရုပ်ချောချော ကောင်လေးတစ်ယောက်ရောက်လာပြီး သူမကိုမီးခြစ်ပေးခဲသည်။

ချောမောသောကောင်လေးမှာ အာရှမျက်နှာရှိပြီး ရုပ်ရည်ချောမောကာ အနည်းငယ်ခုံးနေသော မျက်ခုံးနှင့် မျက်လုံးနက်နက်များရှိသည်။ မျက်ခုံးကြားတွင် စူးရှသောအနံ့ရှိသည်။

ကျန်းယွီ သည် အများအားဖြင့် ဒီလူ အရက်မူးပြီး စိတ်ရှုပ်နေကြောင်း ခံစားခဲ့ရပြီး ယခုအခါ လူတိုင်းကို ချူးလီကဲ့သို့ ခံစားနေရသည်။

ကျန်းယွီ သူ့ကို စေ့စေ့ကြည့်ကာ သွယ်ဝိုက်စွာ ပြုံးပြကာ သူမရဲ့ businessကတ်ပြားကို ပေးကာ သူ၏ ဆေးစစ်ချက်ပုံစံနှင့် လုပ်ငန်းလိုင်စင်ကို ထုတ်ကာ အင်္ဂလိပ်လို မိတ်ဆက်ခဲ့သည်။

ကျန်းယွီသည် သူက "ဝန်ဆောင်မှုလုပ်ငန်း" လုပ်နေတယ်ဆိုတာကို သူ့စကားမှကြားလိုက်ရသည်။ သူမ ပြုံးပြီး အင်္ဂလိပ်လို ကျွမ်းကျင်စွာ မေးလိုက်သည်- "သွားသောက်ဖို့ ကျွန်မနဲ့အဖော်လိုက်ပေးမလား၊ သောက်ဖို့ပဲ"

လူချောလေးက အလွယ်လေးပဲ သဘောတူခဲ့သည် "ကိစ္စမရှိပါဘူး"

ကျန်းယွီက လျှိုယိပိုင်ကို ပြန်ကြည့်သည်။ အဲဒီမှာ ပရိသတ် ပိုများလာသလိုပဲ။ ပရိသတ်တွေက သူ့ကို စိတ်အားထက်သန်စွာ ပိတ်ဆို့ထားခဲ့ကြပြီး ခဏလေးနဲ့ သူ အပြင်မထွက်နိုင်မှာကို သူမ စိုးရိမ်မိသည်။

နှစ်ယောက်သား ဘေးနားက တိတ်ဆိတ်ငြိမ်သက်တဲ့ စားသောက်ဆိုင်တစ်ခုဆီ တည့်တည့်သွားကာ အပြင်ဘက် ရင်ခုန်စရာကောင်းတဲ့ ပန်းခြံထဲက စားပွဲလေးတစ်ခုမှာ ထိုင်လိုက်ကြသည်။

လူချောက အရက်သောက်ဖို့ ဘားကိုသွားပေမယ့် ဒီအချိန်မှာ လူတစ်ယောက်ရောက်လာပြီး ဒေါ်လာစာရွက်ကြီးတစ်ရွက်ပေးကာ ထွက်သွားဖို့ ပြောခဲ့သည်။

လူချောက ပန်းခြံထဲက ကောင်မလေးကို ကြည့်ပြီးတော့ သူ့ရှေ့က ဒေါ်လာငွေစက္ကူတွေကို ကြည့်ရင်း ဒါက မကောင်းလောက်ဘူးဆိုပြီး တုံ့ဆိုင်းနေသည်။

ဤအခြေအနေကိုမြင်တော့ ချူးလီက သူ့ကို နောက်ထပ် သုံးရွက်ထပ်ထည့်ပေးလိုက်သည်။

လူချောက သူ့ကို မယုံနိုင်စွာ ကြည့်ကာ အလွယ်တကူ သဘောတူခဲ့သည်။ သူ ပိုက်ဆံယူကာ ထွက်သွားတော့မယ့်အချိန်မှာ ချူးလီ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းရဲ့အဝတ်တွေကိုဝယ်မှာ"

All Chapters