Chapter 102
Vol. 9 Ch. 102
ကျန်းယွီက ရုပ်ချောချောကောင်လေး ပြန်လာတာကို တွေ့လိုက်တဲ့အခါ သူ့ပုံက တခြားလူတစ်ယောက်လို ထင်ရပေမယ့် အနီးကပ်ကြည့်လိုက်တော့... ပြောင်းလဲသွားပုံမပေါ်ဘူး။ အခုထိဖန်စီဆန်တဲ့ကမ်းခြေအင်္ကျီနဲ့ ဘောင်းဘီနဲ့ပဲ။
ပိုလာတာကတော့သူ့မျက်လုံးတွေကို ကာထားတဲ့ ခေါင်းပေါ်က ဦးထုပ်တစ်လုံးပဲ။
ကျန်းယွီ အစပိုင်းတွင် မူးဝေနေပြီး အဲ့တာကို မကြည့်တော့ဘူး အလေးအနက်လည်းမထားပေ။
"ဖောက်လိုက်မလား"
"အင်း ဘီယာနှစ်ပုလင်း မင်းကိုဖိတ်ပါတယ်"
ကျန်းယွီ က သူ့ကို ပြုံးပြလိုက်သည် "ကျေးဇူးပါ"
ချူးလီက စားပွဲပေါ်ရှိ အမျိုးသမီး စီးကရက်ကို မြင်သောအခါတွင် သူ့မျက်နှာက မည်းမှောင်လာပြီး ၎င်းကို ကောက်ယူပြီး အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။
ကျန်းယွီ အံ့အားသင့်စွာဖြင့် မေးလိုက်သည် "ဘာလုပ်တာလဲ"
ချူးလီက အမူအရာ ဖော်ပြခြင်းမရှိဘဲ အင်္ဂလိပ်လိုပြောခဲ့သည် "ဆေးလိပ်သောက်တာက အထူးသဖြင့် မိန်းကလေးတွေကို ကျန်းမာရေး ထိခိုက်စေတယ်"
သူ့အသံကို နားထောင်ရင်း၊ သူက ချူးလီ နဲ့ ပိုတူတယ်လို့ ကျန်းယွီ ခံစားရသည်။
ဒီလူက သူမကို အရင်ကလိုပဲ အမြဲတမ်း ထိန်းချုပ်သည်။
"ဧည့်သည်တွေရဲ့ ပစ္စည်းတွေ ကို ပေါ့ပေါ့တန်တန် မပစ်နဲ့၊ အဲ့လိုမှ မဟုတ်ရင် နောင်မှာ စီးပွား ဖြစ်မှာ မဟုတ်ဘူး။"
ချူးလီ နှုတ်ဆိတ်နေသည်။ စားပွဲထိုးက ဝိုင်ယူလာပြီးနောက် သူက ကျန်းယွီ ကို ဝိုင် ကူထည့်ပေးပေမယ့် ကျန်းယွီ က သူ့ကို တားလိုက်သည် "ကျွန်မဘာသာလုပ်မယ်"
ဒါက ကြိုတင်သတိထားတာကို ချူးလီသိသည် ချူးလီက ဖန်ခွက်ကိုမကိုင်ဘဲ ကျန်းယွီက သူကိုယ်တိုင်အတွက်နဲ့ သူ့အတွက် ဘီယာနှစ်ခွက်လောင်းထည့်လိုက်သည်။
"ဒီနေ့ ကမ်းခြေရောက်သေးလား။" ကျန်းယွီ သူ့ကိုမေးလိုက်သည် "ဒါက Linton လမ်းမှာရှိတဲ့ ပင်လယ်အော်က ကမ်းခြေ။ ရှင်ကို ရေအောက်မှာ မြင်ဖူးလိုက်သလိုမျိုး ခံစားရတယ်။"
"အဲ့ကိုရောက်ခဲ့တာလား။"
"ဟုတ်တယ်"
"ဘာလို့ဒီလိုမေးတာလဲ။"
"ဒီနေ့ ရှင့်ကို ရေအောက်တွေ့လိုက်မိတယ်။ ရှင်က ကျွန်မသူငယ်ချင်းနဲ့ ရုပ်တင်နေလို့ ကျွန်မအမှားကို ဝန်ခံလုနီးနီးပဲ။"
"သူငယ်ချင်းလား"
" ရည်းစားဟောင်းပါ" လို့ ကျန်းယွီပြောလိုက်သည် "အသံက အရမ်းတူနေတယ်၊ ရှင် တရုတ်စကားပြောတတ်လား"
"မပြောတတ်ဘူး"
"အိုး"
ထိုအချိန်တွင်၊ ကျန်းယွီရဲ့မြွေက သူမ၏ လက်ကိုင်အိတ်ထဲမှ ခုန်ထွက်ပြီး စားပွဲ၏ခြေရင်းကနေ စားပွဲပေါ်သို့ တက်သွားသည်။ ချူးဠီက ချက်ချင်းတုံ့ပြန်လိုက်ပြီး မြွေရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ ဆွဲကိုင်ပြီး အသေသတ်ဖို့ ပြင်ဆင်လိုက်သည်
ကျန်းယွီ အာမေဋိတ်သံပြုလိုက်သည် "မလှုပ်နဲ့!"
ထိုလူက သူ့လက်ကို ခဏရပ်တန့်လိုက်သည်။
"အဲဒါ... ကျွန်မရဲ့အိမ်မွေးတိရစ္ဆာန်ပါ " ကျန်းယွီ ထိတ်လန့်သွားပြီး ရှင်းပြလိုက်သည် “သူက လူကို မကိုက်တတ်ဘူး၊ အိမ်မွေးတိရိစ္ဆန် မြွေတစ်ကောင်ပါပဲ”
ချူးလီ :...
မတွေ့ဖူးတာတောင်ကြာပြီ၊ ငါ့အိမ်မွေးတိရစ္ဆာန်လေးတွေက အရမ်းမာကျောတယ်။
ကျန်းယွီက သူ့ဆီကနေ မြွေကို ယူလိုက်ပေမယ့် ချူးလီ က သူမကို မပေးခဲ့ပေ။ သူမ အနည်းငယ်စိုးရိမ်နေပုံရသည်။ သူမ လွယ်အိတ်ကို လွယ်လွယ်လေး ယူပြီး မြွေကို အိတ်ထဲ ထည့်ခိုင်းလိုက်သည် "သူ့နာမည်က အားလီလေ"
"နာမည်ကဘယ်လို" ချူးလီ အဲ့တာကိုရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။
"အားလီ၊ ကျွန်မရည်းစားဟောင်း နာမည်"
ချူးလီ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး ဝိုင်ဖန်ခွက်ကို ကောက်ယူကာ စားပွဲဘေးရှိ ဖန်ခွက်ကို ညင်သာစွာ တို့ထိလိုက်သည်။
"မင်းဘာလို့ဒီလိုနာမည်ပေးထားတာလဲ"
ကျန်းယွီက သူ့လက်ကိုင်အိတ်ထဲကနေ ခေါင်းထွက်နေတဲ့ မြွေလေးကို ကြည့်လိုက်ပြီး သူမအမူအရာက ပိုညင်သာလာသည် "သူတို့ကတူကြတယ် သူတို့ကြည့်ရတာတော့ အရမ်းအေးတယ်၊ ဒါပေမယ့် သူတို့နဲ့ရင်းနှီးပြီးသွားရင် သူတို့က အရမ်းတွယ်ကပ်နေတတ်တယ်။ သွေးအေးတဲ့ တိရစ္ဆာန်တွေက သွေးအေးတယ်၊ တစ်နေ့ကျရင် ကျွန်မကို ကိုက်လိမ့်မယ်"
"ဒါဆို သူက.....သူက လူကောင်းမဟုတ်ဘူးပေါ့၊ဒါကြောင့် မြွေကို သူ့နာမည်ပေးပြီး အရှက်ရအောင်လုပ်တာပေါ့"
ကျန်းယွီ က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည် "ရှင်ပြောတာမှန်တယ် မြွေနဲ့ စော်ကားလိုက်တာ"
"ဟုတ်တယ်"
ကောင်မလေးက စားပွဲပေါ်နူးညံ့စွာလှဲနေလိုက်သည် "ဒါပေမယ့် ဒီနာမည်ကို ကျွန်မ ခေါ်လိုက်ရင် အဲ့တာက... သူ ကျွန်မနဲ့ အရမ်းကြီးမဝေးသလိုမျိုး ခံစားရတယ်"
ဖန်ခွက်ကို ကိုင်ထားစဉ် ချူးလီ၏လက်တွေက တုန်သွားသော်လည်း သူသည် စိတ်တည်ငြိမ်မှုကို အမြန်ပြန်လည်ရရှိကာ ဖန်ခွက်အတွင်းရှိ ဝိုင်အားလုံးကို သောက်လိုက်သည်။
သူက ဒီဖန်ခွက်ကို သောက်နေပြီး ငြီးငွေ့မှုကို ပြေလျော့စေရန် သူမနှင့် စကားစမြည်ပြောကာ သူမကို လုံးဝမတိုက်သလိုပင် သောက်လိုက်သော်လည်း အဲ့အစား သူသောက်ပြီးရင်းသောက်တာကို ကျန်းယွီကြည့်နေခဲ့သည်
သူမ မျက်လုံးတွေကို ဖြည်းဖြည်းချင်း အသုံးပြုကာ... သူ့မျက်နှာ၊ လှုပ်ရှားမှုနှင့် စိတ်နေစိတ်ထားတို့ကို စေ့စေ့စပ်စပ် ခြေရာခံမိခဲ့သည်။
သူ့ကို ပိုကြည့်လေ၊ သူက သူမ မှတ်ဥာဏ်ထဲမှာရှိတဲ့ ကောင်လေးနဲ့ ပိုတူလေပါပဲ။
သူနဲ့တကယ်တူနေတာလား ဒါမှမဟုတ် သူမ နေမကောင်းဖြစ်နေတာလားတော့မသိဘူး။
ကျန်းယွီ သူ့ကိုမေးလိုက်သည် "ရှင့်နာမည်ဘယ်လိုခေါ်လဲ"
ချူးလီ ပေါ့ပေါ့ပါးပါး လှောင်ရယ်လိုက်သည် "တွမ် "
"တွမ် က ကြောင်မဟုတ်ဘူးလား"
"မင်းကြိုက်သလိုဆက်ဆံပါ"
"ကောင်းပြီ ကြောင်လေး၊ ကျွန်မအနားမှာ လာထိုင်လို့ရမလား"
ချူးလိ ဝိုင်ဖန်ခွက်ကို ချလိုက်ပြီး စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက် ကျန်းယွီ ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
သူမ ချဉ်းကပ်လာသည်နှင့်အမျှ သူမ၏ အာရုံငါးပါးက ချက်ချင်း ကြည်လင်ပြတ်သားလာသည်။
အဖြူအမည်းကမ္ဘာသည် ရေဆေးရောင်ဖြင့် တဖြည်းဖြည်း လွှမ်းမိုးလာကာ သူ့နှလုံးခုန်မြန်လာတာကို မကူညီနိုင်ခဲ့ပေ
ကျန်းယွီက သူ့ဦးထုပ်ကို အမြန်ချွတ်လိုက်ပြီး သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အနီးကပ် ဂရုတစိုက် ကြည့်လိုက်သည်။
ချူးလီ ထိတ်လန့်သွားပြီး လျှာထိုးဦးထုပ်ကို ကောက်ကိုင်ကာ နောက်တစ်ကြိမ် ထပ်ဆောင်းလိုက်တော့မယ့်အချိန်မှာ မိန်းကလေးက အသက်ရှူထုတ်လိုက်တာalcoholနံ့ပါနေပြီး သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်ခဲ့သည် "ရှင်က ဘာလို့...အားလီ နဲ့ တူနေတာလဲ"
ဖန်လို ကြည်လင်တဲ့ မိန်းကလေး၏ မျက်လုံးတွေကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။
နောက်တစက္ကန့်မှာ ကောင်မလေးက မျက်နှာကို မော့ပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်ခဲ့သည် "အားလီ..."
ချူးလီ ၏ အာရုံငါးပါး ပေါက်ကွဲသွားသည်၊ သူ၏ စိတ်စွမ်းအား က မည်မျှပင် ပြင်းထန်ပါစေ၊ သူသည် ကောင်းကင်မှ လွှင့်ပစ်နိုင်ရုံမျှမက၊ သူ့ခန္ဓာကိုယ်က အဖြေထွက်နေပြီ ဖြစ်ပြီး သူ့ဦးနှောက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
သူ့ရှေ့က ကောင်မလေးကို ရူးသွပ်နေပြီး အခု သူ့စိတ်ထဲမှာ အသံတစ်သံပဲ ရှိတော့သည် .....လိုချင်တယ်
"အားလီ... ရှင်က အားလီလား။"
"မင်း ငါ့ကို အားလီဖြစ်စေချင်လား။"
"ကျွန်မမျှော်လင့်တယ်၊ ဒီစက္ကန့်၊ ရှင်ကကျွန်မကိုချစ်နေသေးတဲ့ကောင်လေးတစ်ယောက်ဖြစ်မယ်လို့....မျှော်လင့်တယ်"
"ဟုတ်တယ်"
မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ ဆဲလ်တိုင်း၊ ဆံပင်တစ်မျှင်စီတိုင်း မင်းကို ချစ်နေတုန်းပဲ။
သေတဲ့အထိ မလွှဲမရှောင်နိုင်ဘူး
နောက်ဆုံးတွင်၊ ချူးလီက သူ့ကိုယ်သူ ဖြေလျှော့ဆဲပင် သူမ၏ပါးပြင်ကို ကိုင်ကာ နှုတ်ခမ်းတွေကို ဖိလိုက်သည်။
ဤအနမ်းက ပြင်းထန်လာသည်။ လရောင်အောက်တွင် alcoholဓာတ်များအောက်တွင် ယောက်ျားတစ်ယောက်က သူမအား ပြင်းပြင်းထန်ထန် ကိုက်လိုက်ရာ ကိုက်လိုက်သည်က သူမကို အလွန်နာကျင်စေသည်။
ဒါပေမယ့် သူမ နောက်မဆုတ်ခဲ့ပေ။ နာပေမယ့်လည်း သူမ ခေါင်းကို မော့လိုက်ပြီး သူ့အား ဤအမူအရာဖြင့် အစွမ်းကုန် ဖြည့်ဆည်းပေးကာ သူ၏ သန်မာသောခါးကို လက်ဖြင့် ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။
သူ့နှုတ်ခမ်းတွေက နူးညံ့ပြီး ပါးလွှာကာ မှတ်ဉာဏ်ထဲက ကောင်လေးနဲ့ အရသာတူသည်။
နှုတ်ခမ်းနှင့်သွားတွေက နီးကပ်နေပြီး နှစ်ယောက်စလုံး အသက်ရှူမဝသည့်တိုင်အောင်ထိပင် ကျန်းယွီ သူ့ကြောင့် အောက်နှုတ်ခမ်း ထုံလာတော့မည်ဟု ခံစားလိုက်ရသည်။
သူမ သူ့လည်ပင်းကို ညင်သာစွာ ရစ်ပတ်လိုက်ပြီး နီမြန်းနေသော မျက်နှာကို လည်ပင်းထဲသို့ တိုးဝင်ကာ သူမစိတ်တွေ ဖရိုဖရဲ ဖြစ်နေသည်။
သိပ်မကြာခင်မှာပဲ သူမ တိုးတိုးလေး ရှိုက်နေခဲ့သည်
သူမ အရမ်းလွမ်းနေတယ်...
မျက်ရည်တွေက သူ့အဝတ်အစားကို လျင်မြန်စွာ စိုစွတ်လာေစပြီး အရေပြားထဲသို့ စိမ့်ဝင်သွားသည်။
ချူးလီသည် ငိုရှိုက်သံကြောင့် အနည်းငယ်တုန်ယင်နေတဲ့ မိန်းကလေး၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး သူမ၏ နားရွက်ပေါ်မှ ပြေးလွှားကာ သူမ၏ ဘဝ၏ နူးညံ့မှုကို ကုန်ဆုံးစေသည်။
"သူက ဆန်ကုန်မြေလေးပဲ"
သံလိုက်လိုအသံဖြင့် သူမနားထဲ တိုးတိုးလေးပြောခဲ့သည် "ဒါက ဒီကမ္ဘာကြီးက မင်း တခြားကြည့်ဖို့ မထိုက်တန်တာ"
သူ့အသံက မှော်ဆန်ပြီး ကောင်မလေးက ဘဝင်ကျပြီး ထုံထိုင်းနေသည်။
"သူက မင်းကို ရိုးရိုးသားသား ကြိုက်တာမဟုတ်ဘူး၊ သူ မင်းကို လိမ်နေတာ၊ သူက မင်းကို ရအောင်ယူဖို့ပဲ... မင်းသူ့ကိုပေးလိုက်တဲ့ ကမ္ဘာတစ်ခုလုံးကို ရအောင်ယူ"
ကျန်းယွီသည် သူ့အား ညှို့ယူနိုင်စွမ်းကို တိုက်ဖျက်ရန် လွတ်လပ်သောဆန္ဒကို အသုံးချသကဲ့သို့ မျက်လုံးမှိတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
စိတ်ညှို့ခံထားရသူသည် ခိုင်မာသောယုံကြည်ချက်ရှိသောအခါ အိပ်မွေ့ချခြင်းကို အဟန့်အတားဖြစ်စေလိမ့်မည်။
ဒါပေမယ့် ဒီနှစ်မှာတော့ ချူးလီ တိုးတက်မှုမရှိခဲ့ပါဘူး။ သူက စိတ်ရှည်ရှည်နဲ့ ဆက်ပြောခဲ့သည် "သူက မင်းကို သုံးနေတာ၊ မင်းကို လှည့်စားတယ်၊ မင်းနဲ့ ကစားတယ်... သူ မင်းကို တစ်ခါမှ မချစ်ဖူးဘူး။"
"မဟုတ်ဘူး မဟုတ်ဘူး..." ကျန်းယွီ အတတ်နိုင်ဆုံး ခုခံဖို့ ကြိုးစားတုန်းပင် "မဟုတ်ဘူး..."
ချူးလီ သူ့နည်းလမ်းကိုပြောင်းလိုက်ပြီး တက်ပြောခဲ့သည် "သူက မင်းစကားကို နားထောင်ပြီး နေရောင်ထဲမှာ ခြေလှမ်းတိုင်း လျှောက်လှမ်းခဲ့တယ်။ သူက ဘဝသစ်ကို လက်ခံခဲ့တယ်။ မင်းတစ်ယောက်တည်းကသာ အရမ်းမိုက်မဲပြီး အတိတ်ကို စွဲလမ်းနေတုန်းဖြစ်နေတာ"
ကောင်မလေးရဲ့ ခံနိုင်ရည်က နောက်ဆုံးတော့ လျော့သွားသည်။
ချူးလီ ဆက်ပြီး လမ်းညွှန်ခဲ့သည်- "သူ့မှာ သူသဘောကျတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူ မင်းကို မချစ်တော့ဘူး"
ကျန်းယွီရဲ့ မှိတ်ထားတဲ့ မျက်လုံးများတွင် မျက်ရည်တစ်စက် ထွက်လာပြီး မျက်ရည်တွေက သူမ၏ ဆံပင်တွေ အဆုံးဆီသို့ ဆွဲငင်သွားသည်။
ခုခံဖို့ သူမ စွန့်လွှတ်လိုက်သည် ။
အိပ်မွေ့ချခြင်းတွင်ပင် သူမသည် သူ ပျော်ရွှင်နေမည်ဟုသာ ယုံကြည်ချင်ပြီး သူပိုကောင်းလာမည်ဟုသာ မျှော်လင့်ထားသည်။
ချူးလီသည် ပြင်းထန်သော ဝမ်းနည်းကြေကွဲမှုနှင့် နာကျင်ကိုက်ခဲမှုကို သည်းခံပြီး သူမအား နမ်းလိုက်သည်။
"မင်းရဲ့ပျော်ရွှင်မှုက သူနဲ့မဆိုင်ဘူး။ အခုကစပြီး သူစိမ်းတစ်ယောက်လို...... မင်းတို့ ဆုံတွေ့ကြလိမ့်မယ်"
...
ကျန်းယွီ နိုးလာပြီး သူ့စိတ်တွေ ဖရိုဖရဲဖြစ်ကာ ညနေခင်းလေပြေညှင်းလေး တိုက်လာချိန်မှာတော့ သူမမျက်နှာက အနည်းငယ် အေးမြသွားသည်။
သူမ မျက်နှာကို ထိလိုက်သည်နှင့် စိုစွတ်နေသော မျက်ရည်တွေက ပါးပြင်ပေါ်မှာ ကျန်နေခဲ့သည် ။
ငြီးငွေ့မှုနှင့် ဝမ်းနည်းမှုတို့သည် ပျောက်ကွယ်သွားသော်လည်း သူမရဲ့ နှလုံးသားထဲမှာ ဘာမှမရှိနေတဲ့ခံစားမှုက ပို၍ပို၍ထင်ရှားလာသည်။
"ထူးဆန်းတယ်။"
ထိုအချိန်တွင် လျှိုယိပိုင်က အလျင်အမြန်ရောက်လာပြီး သူမအား အကြိမ်ကြိမ်တောင်းပန်ခဲ့သည် "တောင်းပန်ပါတယ် စောနက ကျွန်တော့်ကို ပရိတ်သတ်တွေက တားနေကြလို့ ။မင်း အဆင်ပြေရဲ့လား၊ ဘာလို့ မျက်လုံးတွေ အရမ်းနီနေတာလဲ"
"အဆင်ပြေပါတယ်။"
ကျန်းယွီ ခေါင်းကို လှည့်ကြည့်လိုက်တော့ လူချောလေးက ဘားအဝင်ဝမှာ ခြံစည်းရိုးကို မှီနေသေးတာကို တွေ့လိုက်ရပြီး သူမကို အနည်းငယ် ပြုံးပြနေသည်။
ကျန်းယွီကလည်း ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
အခု အဖြစ်အပျက်ကို သူမ မမှတ်မိတော့ဘူး။
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ သူမ မသိဘူး။
"မင်း နှုတ်ခမ်းက နည်းနည်း ရောင်နေသလိုပဲ။" လျှိုယိပိုင်က မိတ်ကပ်မှန်ကိုထုတ်ပြီး ကျန်းယွီကို ပေးလိုက်တယ် "ပင်လယ်စာနဲ့ ဓါတ်မတည့်လို့လား"
"ဟမ်"
ကျန်းယွီ မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်သည်၊ သူမ၏ နှုတ်ခမ်းတွေ အနည်းငယ် ရောင်နေကာ ဤကဲ့သို့ ရောင်နေတာက... အရင်က သူမ ချူးလီနဲ့ အတူရှိတုန်းပေါ်လာသလိုမျိုးလေ။
ဒါပေမယ့် သူမနှုတ်ခမ်းပေါ်က နှုတ်ခမ်းနီက ရှိနေသေးပြီး ဘာမှမဖြစ်ခဲ့ဘူးလို့ သူမကို သတိပေးနေသည်။
ကျန်းယွီ အချိန်ကို စစ်ဆေးကြည့်ရာ သန်းခေါင်ကျော်နေပြီ၊ သူမ အချိန်ဆွဲမနေတော့ဘဲ အိတ်ကိုယူကာ လျှိုယိပိုင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
လမ်းတစ်ဝက်မှာ ကျန်းယွီက သူမရဲ့ လက်ကိုင်အိတ်ထဲက မြွေဖြူလေး ပျောက်သွားတာကို တွေ့လိုက်ရသည်။ သူမ ဘားကို အမြန်ပြန်သွားပြီးရှာခဲ့ပေမယ့် မြွေဖြူလေးကို ရှာမတွေ့ခဲ့ပေ။
သူမ စိတ်ဓာတ်ကျလာသည်။
အများဆုံးကတော့ သူမ ခုဏက အိပ်ပျော်သွားပြီး မြွေဖြူလေးကို လွတ်သွားအောင် လွှတ်ထားမိလိုက်တာပဲ
မြွေကို ရှာမတွေ့တော့လို့ လျှိုယိပိုင် သူမကို နှစ်သိမ့်ပြီးသာ ပြောနိုင်ခဲ့သည် "အဆင်ပြေပါတယ်၊ မြွေရဲ့ ရှင်သန်နိုင်စွမ်းက အရမ်းသန်မာတယ်၊ စိတ်မပူနေနဲ့"
"ဒါက အိမ်မွေးမြွေလေးဘဲလေ အမှီအခိုကင်းကင်းနဲ့ ရှင်သန်နိုင်စွမ်းမရှိမှာကို ကျွန်မ ကြောက်တယ်။"
ကျန်းယွီဘားကိုရောက်လာပြီး ဆိုင်ကို အာရုံစိုက်ပြီး ကူညီပေးဖို့ တောင်းဆိုခဲ့သည်။ "မြွေဖြူလေးကိုရှာတွေ့ရင် ကျွန်မကို ဆက်သွယ်ပေးပါ၊ ကျေးဇူးအများကြီးတင်ပါတယ်"
အပြန်လမ်းတွင် ကျန်းယွီ စိတ်အခြေအနေမကောင်းပေ
ဒါပေမယ့် ဒါက ဒီလောက်ထိဝမ်းနည်းစရာမဟုတ်သလို လွဲချော်သွားသလိုမျိုးမဟုတ်ဘူး ဒါက နည်းနည်းတော့ဆိုးသည်။
ဖြစ်ကောင်းဖြစ်နိုင်တာက ... သူမတကယ်လက်လွှတ်ရတော့မည်။
ဘားလမ်းမှ ထွက်လာပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ဦး ရောက်ရှိလာကာ ကျန်းယွီကို ပုလဲနှင့် အခွံတွေကိုသီထားတဲ့ လက်ကောက်တစ်ကွင်းကို ပေးကာ တရုတ်စကားဖြင့် စကားထစ်ထစ်နဲ့ပြောခဲ့သည် "အစ်မ ကျေးဇူးပြုပြီး ပျော်ရွှင်ပါစေ!"
"ကျေးဇူးတင်ပါတယ်!"
ကျန်းယွီ လက်ကောက်ကို လက်ခံလိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်ကိုင်အိတ်ထဲက ပိုက်ဆံကိုယူပြီးပေးလိုက်ရာ ကလေးမလေးက သူမလက်ကို ဝှေ့ယမ်းပြခဲ့သည် "ပိုက်ဆံမယူဘူး ညီမရဲ့အစ်ကိုက ပေးခိုင်းလို့"
"အစ်ကိုလား"
ကျန်းယွီ မေးဖို့ အချိန်မရသေးခင်မှာ ကလေးမလေးက ပြုံးပြီး ပြေးထွက်သွားသည်။
သူမ လျှိုယိပိုင်ကိုကြည့်လိုက်တော့ လျှိုယိပိုင်လက်ကိုအကြိမ်ကြိမ်ဝှေ့ယမ်းကာ ငြင်းဖို့လုပ်ခဲ့သည် "ကျွန်တော်က ထမင်းစားတာ၊ ကျွန်တော့်နှလုံးသားထဲမှာ ပရိသတ်တွေပဲရှိတယ်"
ကျန်းယွီ သိပ်မစဉ်းစားတော့ဘဲ ပုလဲလက်ကောက်ကို ညာဘက်လက်ကောက်ဝတ်မှာ ဝတ်လိုက်သည်။
သူမရဲ့ လက်ကောက်ဝတ်တွေက သေးသွယ်သွယ်သွယ်လေး။ ဆက်စပ်ပစ္စည်းတစ်ခုခုကို ဝတ်ဆင်ခြင်းက တစ်ခုနဲ့တစ်ခု လိုက်ဖက်ပြီး အရမ်းလှသည်။
မနီးမဝေးက မီးရောင်ဆိုင်းဘုတ်အောက်မှာ၊ ချူးလီက မိန်းကလေးကိုအဝေးကနေ စိုက်ကြည့်နေပြီး သူမရဲ့ နက်မှောင်တဲ့မျက်လုံးတွေဆီကနေ အချိန်အကြာကြီး မဆုတ်ခွာနိုင်ခဲ့ပါဘူး။
မြွေငယ်လေးက သူ့လွယ်အိတ်ထဲမှ ခေါင်းကို ထုတ်ပြီး ပိုင်ရှင်ကို ရှာနေဆဲပင်။
ချူးလီ ကြည့်လိုက်တော့ သူ့ရဲ့ အေးစက်တဲ့ မျက်နှာက အနည်းငယ် ပျော့သွားသလိုပင် "မင်းနာမည်က ရှောင်လီလား "
"အဲ့တာငါ့နာမည်"
"ဒီနေ့ကစပြီး မင်းနာမည်က ရှောင်ယွီ ဖြစ်သွားပြီ "
မြွေ:?
**
လဝက်ခရီးတိုလေးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ။ တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက်၊ လူအများ၏ သဘောထား မုန်တိုင်းသည် နောက်ဆုံးတွင် ပျက်သုဉ်းသွားခဲ့ပြီး ချန်းယဲ့ရဲ့ ဉာဏ်ကောင်းတဲ့ ပရိတ်သတ်တွေက အသာစီးရခဲ့သည်။
ချန်းယဲ့သည် သူ့သမီးနဲ့သူ ချစ်ရတဲ့သူကို အင်တာဗျူးများနှင့် variety showများတွင် ချစ်မြတ်နိုးကြောင်း ပြသခဲ့ရာ ပရိသတ်များက ချန်းယဲ့ ၏ မိသားစုအဖြစ် သူတို့ကို တဖြည်းဖြည်း လက်ခံလာခဲ့ကြသည်။
အိမ်ထောင်ပြုဖို့ တိုက်တွန်းတဲ့ cp ပရိသတ်တွေတောင် ရှိသည်။
ကျန်းယွီရဲ့ ဂျူနီယာနှစ်၏ နောက်ဆုံးစာသင်နှစ်တွင်၊ သူသည် Esmeralda၏ ကမ္ဘာလှည့်ခရီးတွင် ပါဝင်ခဲ့ပြီး ကျော်ကြားလာခဲ့သည်။
သူမနဲ့ ပုရှီးတို့သည် ဘဲလေးစင်မြင့်ပေါ်တွင် အပြောင်မြောက်ဆုံး အမြွှာညီအစ်မများဖြစ်ကြပြီး ၎င်းတို့ရဲ့ ခွန်အားတွေက တန်းတူညီတူဖြစ်ခဲ့သည်။
ရာစုနှစ်၏ Esmeralda ၏ ဖျော်ဖြေတင်ဆက်မှုမှာ စတင်တော့မည် ဖြစ်ပြီး ယင်းဇာတ်ဝင်ခန်းသည် "Swan Lake" ကို တည်တံ့ဆဲပင်ဖြစ်သည်။
ဤတိုက်ပွဲကိုအနိုင်ရပြီးနောက်၊ ဘဲလေးဘုရင်မ၏ အနေအထားက ရောက်ဖို့နီးပြီ ဖြစ်သည်။
Esmeralda ကို ဒိုင်လူကြီးတွေနဲ့ ဆရာတွေက မဲပေးရွေးချယ်ခဲ့ကြပြီး ပုရှီးအား ငန်းဘုရင်မအဖြစ် ခန့်အပ်ခဲ့ပြီး ကျန်းယွီက သူမရဲ့ အစားထိုးဖြစ်သည်။
ကျန်းယွီ အဆင်သင့်သဘောတူခဲ့ပြီး သူမအတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်ခဲ့သည်။
သူမသည် ပုရှီးကို သူမ၏ပြိုင်ဘက်အဖြစ် အမြဲတမ်းမှတ်ထားသော်လည်း သူမသည် ပြိုင်ဘက်နှင့် ကိုယ်ချင်းစာတတ်သူဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက် တည်ရှိနေတာကြောင့် သူတို့ကိုယ်သူတို့ သန်မာစေသည်။
ကျန်းယွီသည် သူမကိုယ်တိုင် ရရှိလာခဲ့သည့် တိုးတက်မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စင်မြင့်အတွေ့အကြုံအရ ပုရှီးသည် သူ့ကိုယ်သူထက် များစွာ ပိုချမ်းသာသောကြောင့် Swan Queen အဖြစ် ထမ်းဆောင်ရခြင်းက အဓိပ္ပါယ်ရှိလှသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ငယ်ရွယ်သေးပြီး သူမ၏ အနာဂတ်က အကန့်အသတ်မရှိပေ။ သူမသည် ဤဘုရင်မ၏ ဆုဖလားအတွက် ပုရှီးနဲ့ ယှဉ်ပြိုင်ဖို့မလိုအပ်ပေ။