အရှက်ခွဲခြင်း
Vol. 020 Ch. 1924
ကျွင်းချိုးယွင်က မဖြေဘဲ ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ သူ့ရှေ့ရှိ အဋ္ဌမဆင့် အဆင့်မြင့်ရန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဒီတစ်ကြိမ် ကျုပ်တို့ကြားမှာ ဖြစ်ခဲ့တဲ့ သဘောထားမတိုက်ဆိုင်မှုက မင်းကို ဒီလောက်ကြီး ထိခိုက်နစ်နာစေတာမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ဆက်တိုက်နေမယ်ဆိုရင်တော့ နှစ်ဖက်လုံး ဆုံးရှူံးမှုတွေများလာဖို့ပဲရှိတယ်။ မင်းမှာ ပြိုင်ဘက်ကင်း အရည်အချင်းတွေ ရှိတယ်ဆိုရင်တောင် ကျုပ်တို့နဲ့ ဆက်တိုက်နေမယ်ဆိုရင် ဖန်းလိုင်ကုန်းမြေကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူးနော်။ ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ပြီးရင် အနာဂတ်မှာ ကျုပ်တို့တွေ တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ဘူးလို့ ကတိပြုကြရမယ်။" ရီဖူရှင်းက သူ့ပြိုင်ဘက်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် လှောင်ပြောင်ခြင်းအရိပ်အငွေ့တို့ ရှိနေသည်။
သူတို့က အခုမှလာပြီး တိုက်ခိုက်ခြင်းအား ရပ်စဲ၍ အချင်းချင်း ဝင်မစွက်တော့ရန် အကြံပေးနေသည်လား။
ထိုသည်က မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဤတိုက်ပွဲတွင် သူက သူတို့၏ ရန်ဟောင်အများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သူတို့ကြားမှ ရန်ငြိုးက ထိုသို့ လွှတ်ပေးလိုက်၍ မရနိုင်လောက်အောင် နက်ရှိုင်းနေခဲ့ပြီ ဖြစ်၏။
သူတို့က သူ့အား လွှတ်ပေးလိုက်လျှင်ပင် သူက ကျွင်းချိုးယွင်ကို လွှတ်မပေးလိုက်နိုင်ချေ။
သူတို့ပြောသည့်အတိုင်း မူလက ဤကိစ္စသည် ကြီးမားသော အဖြစ်မဟုတ်သော်လည်း သူတို့က သူနှင့် သူ့မိတ်ဆွေများကို သတ်ချင်ခဲ့သည့်အတွက် သူက ၎င်းတို့အား ပြန်ပေးဆပ်ခိုင်းရမည် ဖြစ်သည်။
"စိတ်မပူနဲ့။ ကျုပ်က ကျွင်းမိသားစုမှာ တချို့အရာတွေကို ပြောရေးဆိုခွင့် ရှိသူဖြစ်နေတုန်းပဲ။ ဖန်းလိုင်ကုန်းမြေက ကျင့်ကြံသူတွေကို မေးကြည့်ရင် မင်း သိလိမ့်မယ်။ ကျုပ်ဘက်က မင်းကို ကတိပေးပြီးပြီဆိုမှတော့ ကတိကိုတည်နိုင်အောင် ကျိန်းသေလုပ်ဆောင်ပြီး အနာဂတ်မှာ မင်းကိစ္စတွေကို လုံးဝစွက်ဖက်တော့မှာ မဟုတ်ဘူး။" အဋ္ဌမဆင့် ကျင့်ကြံသူက ဆက်ပြောလိုက်သည်။ သူက ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ သူတို့ထွက်ခွာသွားသည့်အခါ ကျွင်းမိသားစုမှ ရီဖူရှင်းကို လက်စားချေမည်အား စိုးရိမ်နေသည်ဟု ထင်သည့်အတွက် ထပ်၍ အတည်ပြုပြောဆိုလိုက်သည်။
ရီဖူရှင်းက ပြိုင်ဘက်အား တည်ငြိမ်စွာ ကြည့်လိုက်ကာ ပြောသည်။ "ခင်ဗျားတို့ အငြိုးထားမှာကို စိတ်ပူနေရင် ကျုပ်ဘက်က ကျွင်းချိုးယွင်ကို ဓားစာခံလုပ်ပြီးခေါ်ထားလို့ရတာပဲ။ ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ။ ဒါပေမယ့် ခင်ဗျားမှန်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမှ မဟုတ်တာ။ အခု ကျုပ်ဘက်က ခင်ဗျားကို တူညီတဲ့ အခွင့်အရေးပေးမယ်။ ခင်ဗျား ထွက်သွားလို့ ရတယ်။ ကျုပ်က ကျွင်းချိုးယွင်ကိုပဲ လိုချင်တယ်။"
အဆင့်ရှစ်တန်ခိုးရှင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါက မဖြစ်နိုင်ဘူး။ မင်းသာ သူ့ကို ဖမ်းထားရင် ဖန်းလိုင်ကုန်းမြေကနေ ထွက်သွားဖို့ မစဥ်းစားနဲ့တော့။"
"အဲဒါ ခင်ဗျား စိတ်ပူစရာမလိုဘူး။" ရီဖူရှင်း ပြောပြီးသွားသည့်အခါ သူ့ခန္ဓာကိုယ်ကို မဟာလမ်းစဥ် စွမ်းအားများနှင့် လွှမ်းခြုံလာပြီး ထိတ်လန့်ခြောက်ခြားဖွယ် အရှိန်အဝါတို့က အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံလာသည်။ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ဗုဒ္ဓ၏ ရွှေရောင်အလင်းများက ရစ်ပတ်ထားသည်။ ကြောက်စရာကောင်းလှသော အသံလှိုင်းတို့က လှည့်ပတ်နေပြီး ပြိုင်ဘက်၏ နတ်ဝိညာဥ်အား ကျူးကျော်သွားသည်။
အဆင့်ရှစ်ရန်ဟောင်သည် ရီဖူရှင်းက ထိုသို့တိုက်ခိုက်မှုမျိုး ပြုလုပ်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် အာရုံခြောက်ပါးကို ချိပ်ပိတ်လိုက်ပြီး သူနှင့် ကျွင်းချိုးယွင်တို့နှစ်ယောက်လုံးကို မဟာလမ်းစဥ်အလင်းတို့နှင့် ကာကွယ်ထားလိုက်သည်။ သူက အကြည့်များကို ရီဖူရှင်းထံ ရွှေ့လိုက်သော်လည်း ရီဖူရှင်းက ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ သို့သော်လည်း ရီဖူရှင်းက သူတို့ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ အခြားတစ်ဖက်သို့ ပျံသန်းသွားခြင်း ဖြစ်သည်။
"ဟင်…" အဋ္ဌမဆင့် ရန်ဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး ရီဖူရှင်းပျံသန်းသွားရာဘက်ကို ကြည့်လိုက်သည်။ ထိုနေရာ၌ သူသည် ပေ့ကုံးအော့က ပြင်းထန်သော တိုက်ခိုက်မှုနှင့် သူ၏ ပြိုင်ဘက်အား ဆင့်ကာ ဆင့်ကာ ထိုးနှက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ လျှပ်စီးအလင်းတန်းက မဟာလမ်းစဥ် ခုခံကာကွယ်ခြင်းစွမ်းအားကို ဖြတ်သန်းထိုးဖောက်သွားသည်။ ထောင်သောင်းချီသော လျှပ်စီးအလင်းများက ကောင်းကင်ပြစ်ဒဏ်ဓားသွားများထဲသို့ ပေါင်းစပ်သွားကာ သူ့ပြိုင်ဘက်ထံ ပျံသန်းသွား၏။
"သတိထား" သူက သူ့လူအား ကျယ်လောင်စွာ သတိပေးလိုက်သည်။ သို့သော်လည်း နောက်တခဏတွင် သူသည် ကောင်းကင်၌ ကြောက်မက်ဖွယ် လေပွေလှိုင်းများ လှည့်ပတ်နေသံကို ကြားလိုက်ရ၏။ ပေ့ကုံးအော့ နှင့် သူ့ပြိုင်ဘက်က ထိပ်တိုက်ရင်ဆိုင်နေကြပြီ ဖြစ်သည်။ မဟာလမ်းစဥ် လျှပ်စီးအလင်းများက ပေ့ကုံးအော့ပြိုင်ဘက်၏ ပုံရိပ်ကို ဝါးမျိုသွားပြီး အဆုံးမဲ့မိုးကြိုးလျှပ်စီးများက ထိုနယ်မြေကို ရစ်ပတ်လွှမ်းခြုံသွားသည်။
အဆင့်ရှစ်ရန်ဟောင်က သူရှိသမျှ စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ထိုအချိန်တွင် ဗုဒ္ဓ၏အသံက ပဲ့တင်ထပ်လာကာ သူ့နားအတွင်းသို့ အသံလှိုင်းများအဖြစ် ဝင်ရောက်လာပြီး သူ့နတ်ဝိညာဥ်အား တိုက်ခိုက်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး သူ့ပါးစပ် ပွင့်ဟလာကာ အသံတိတ်အော်မြည်လိုက်သည်။
ဝေါခနဲ ရွှပ်ခနဲ ထက်ရှသော မြည်သံတစ်ခုကို ထုတ်လွှတ်လာသည်။ နတ်ဓားသည် လေထဲ၌ ထွက်ပေါ်လာကာ သူ့အနောက်တွင် ရီဖူရှင်း ဖန်တီးထားသော ထောင်သောင်းချီသည် ဓားပုံရိပ်များက ဆင်းသက်လာပြီး ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားကာ သူ့ထံ တည့်မတ်စွာ ပြေးဝင်လာ၏။
သူက လှည့်၍ လက်ကို မြှောက်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။ အဆုံးမဲ့လမ်းစဥ်နှင့် ဓားနည်းစနစ် တိုက်ခိုက်မှုက သူ့ကို ထိမှန်သွားကာ သူ၏ လက်ဝါးပုံရိပ်ကြီးက အက်ကြောင်းများ ပေါ်ပေါက်လာသည်။ ဓားစွမ်းအားက သူ့ခန္ဓာကိုယ်သို့ တိုက်ရိုက်ထိမှန်လာသည်။
"သတ်ပစ်" ပေ့ကုံးအော့က တဖန်ထပ်ကာ တိုက်ခိုက်လိုက်သည်။ သူ၏ မိုးကြိုးဓားသွားက လေထုကို ဖြတ်သန်း၍ သူ့ပြိုင်ဘက်ခန္ဓာကိုယ်ဆီ ထိုးဖောက်သွားပြီး မျက်စိကျိန်းလောက်သော အလင်းများ ထုတ်လွှတ်လာသည်။ သူ့ပြိုင်ဘက်က ကြီးစွာသော ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ပြီးဖြစ်ကာ သူက ထိုနှစ်ဦး ပေါင်းကာ တိုက်ခိုက်သည့် တိုက်ခိုက်မှုကို ခံနိုင်ရည်စွမ်းရှိမည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်နေပြီး သူ့မျက်လုံးများတွင် စိတ်ဓာတ်ကျအားငယ်သော အမူအရာတို့ကို သယ်ဆောင်ထားသည်။
သူက ကျွင်းချိုးယွင်ရှိရာဘက်ဆီ ကြည့်လိုက်သည့်အခါ ကျွင်းချိုးယွင်ကို ကာကွယ်နေသည့် အဆင့်ရှစ်တန်ခိုးရှင်က ချက်ချင်း ပြန်လှည့်ကာ ဆုတ်ခွာသွားသည်ကို မြင်တွေ့လိုက်ရ၏။ ထိုလူက လေဟာနယ်သို့ ခြေလှမ်းလိုက်ကာ သူ့လူ သေသေရှင်ရှင် ဂရုမစိုက်ဘဲ ထွက်ပြေးသွားသည်။
ထိုအဋ္ဌမဆင့် ရန်ဟောင်က တိုက်ပွဲကို လက်လျှော့ကာ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။
တိုက်ပွဲ၌ တိုက်ခိုက်နေရဆဲဖြစ်သည့် အဆင့်ရှစ်ရန်ဟောင်သည် အဆက်မပြတ်ကျဆင်းလာသည့် လျှပ်စီးမိုးကြိုးစွမ်းအားများကြောင့် အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည်။ နတ်ဓားက တစ်ဖန် ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို တည့်မတ်စွာ ထိုးဖောက်ပြီး သူ့အား သတ်ဖြတ်လိုက်သည်။ အဋ္ဌမဆင့် အဆင့်မြင့်ရန်ဟောင်က သူရပ်နေသောနေရာ၌ပင် အသက်ဆုံးရှုံးခဲ့လေသည်။
"သွားစို့။" ရီဖူရှင်းက ပြိုင်ဘက်အား သတ်ဖြတ်ပြီးနောက် အမြန်ပြောလိုက်သည်။ သူက နတ်ဓားကို ပြန်ဆင့်ခေါ်လိုက်ကာ ဓားကို ပျံသန်းစေပြီးနောက် ထွက်ပြေးသွားသော သူ့ပြိုင်ဘက်နောက်သို့ လိုက်သွားလေသည်။
သူက ထိုသူတို့အား မည်သို့ လွှတ်ပေးနိုင်ပါမည်နည်း။
ဘန်း မိုးကြိုးက ဗုံကဲ့သို့ ပြင်းထန်စွာ အော်မြည်လာပြီး နေရာအနှံ့တွင် လျှပ်စီးများ လင်းလက်နေသည်။ ပေ့ကုံးအော့၏ ခန္ဓာကိုယ်က လျှပ်စီးတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် သူက လျင်မြန်လှသော အရှိန်နှင့် သွားခဲ့သည်။ သူက စစ်မှန်သော အဋ္ဌမဆင့်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ ထို့ပြင် သူက မဟာလမ်းစဥ် မိုးကြိုးစွမ်းအားကို ကျွမ်းကျင်သူ ဖြစ်သည်။
မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကို ကျင့်ကြံခြင်းက တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းစွမ်းအားများကို တိုးမြင့်လာစေပြီး အရှိန်နှုန်းကိုလည်း ကြီးစွာမြှင့်တင်ပေးသည်။ လျှပ်စီး၏ အရှိန်နှုန်းက ကြောက်မက်ဖွယ် မြင့်မားပေသည်။ ထိုမဟာလမ်းစဥ်စွမ်းအားကို ကျွမ်းကျင်ပြီးနောက် တစ်စုံတစ်ယောက်သည် အလင်းတန်းအဖြစ်ပြောင်းလဲကာ ဝေးကွာလှသော နေရာသို့ မျက်စိတစ်မှိတ်အတွင်း သွားရောက်နိုင်ပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က မလှုပ်ရှားပေ။ ထို့အစား သူက ဓားစွမ်းအားကို ရှေ့သို့ ပို့လွှတ်လိုက်သည်။ ယင်းသည် လျှပ်စီးကဲ့သို့ လျင်မြန်လှစွာဖြင့် ရှေ့မှ လျှပ်စီးအလင်းတန်းနောက်သို့ နီးကပ်စွာ လိုက်ပါသွားလေသည်။
"သွားကြည့်ကြရအောင်။" လူအများသည် သူတို့နောက်မှ လိုက်ကာ ထိုအရေးအခင်းကို အဆုံးထိ မျက်မြင်တွေ့လိုကြသည်။ သို့သော်လည်း မည်သူကမှ အဆင့်မြင့်ရန်ဟောင်နောက်သို့ အမီလိုက်ရန် မဖြစ်နိုင်ကြပေ။
သူတို့ထွက်သွားပြီးနောက် ကျွင်းမိသားစုမှ သတ္တမဆင့် အဆင့်မြင့်ရန်ဟောင်နှစ်ယောက် ကျန်ရစ်ခဲ့သည်။ သူတို့သည် မြင့်မားသော ကျင့်ကြံဆင့် အဆင့်မြင့်ရန်ဟောင်များ ဖြစ်နေလျှင်ပင် ယခုချိန်၌ သူတို့က လူတိုင်း၏ လျစ်လျူရှုခြင်းကို ခံရပြီး ထိုနေရာ၌သာ ကိုးရိုးကားယား ရပ်နေကြရပေသည်။
သူတို့က ပြန်လှည့်သွားပြီး တစ်ချက်ကြည့်လိုက်ကာ သူတို့နှလုံးသားထဲ၌ သက်ပြင်းချလိုက်ကြသည်။
ထိုသူက အပြေးထွက်သွားပြီ ဖြစ်သည်။ သူတို့ လုပ်နိုင်သည့်အရာက မည်သည်တို့ရှိသနည်း။
ထွက်သွားရုံသာ တတ်နိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ထွက်သွားကြပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က ပြန်ဆုတ်ခွာသွားသော်လည်း ဆန့်ကျင်ဘက်အခြေအနေတွင် ရီဖူရှင်းက သူတို့ကို လက်စားချေမည်ကို စိုးရိမ်နေသည်။
စန့်ကွမ်းချိုးရယ်က ထိုဆုတ်ခွာသွားသော သူများကို သတိပြုမိသော်လည်း မလှုပ်ရှားပေ။ ရီဖူရှင်းက ထွက်မသွားခင် သူ့သူငယ်ချင်းများကို ဂရုစိုက်ပေးရန် တောင်းဆိုထားသည့်အတွက် သူမက အလျင်စလို လှုပ်ရှားလိမ့်မည် မဟုတ်ပေ။ စန့်ကွမ်းချိုးရယ်က ထိုသို့သော အရည်အချင်းရှိ အလားအလာကောင်းသော ကျင့်ကြံသူမျိုးနှင့် မိတ်ဆွေဖြစ်လိုပြီး ထိုသို့မဖြစ်ခဲ့လျှင် အနည်းဆုံး ခင်မင်ရင်းနှီးရန် ဆန္ဒရှိပေသည်။
သူမသည် ကျွင်းမိသားစုနှင့် ရင်ဆိုင်ဖို့ရာ ရီဖူရှင်းအား အသုံးချရန် ကြိုးစားခဲ့သော်လည်း သူမက ထိုအဖြစ်အပျက်တွင် ပါဝင်ပတ်သတ်ခဲ့သည်။ ရီဖူရှင်းသည် ကျွင်းချိုးယွင်နှင့် ရင်ဆိုင်ရန် ဆန္ဒရှိနေပြီး သူမ၏ ရည်ရွယ်ချက်အား သူက စိတ်ထဲ ထားလိမ့်မည်မဟုတ်ဟု ယုံကြည်ပေသည်။
ဤတစ်ကြိမ်၌ ကျွင်းချိုးယွင် အဆုံးသတ်သွားပြီ ဖြစ်သည်။
ပေ့ကုံးအော့က အလွန် အားကောင်းသန်မာသော်လည်း ကျွင်းချိုးယွင်ဘက်မှ ရန်ဟောင်သည် ပြိုင်ဘက်နှင့် ယှဥ်လျှင် နည်းနည်းလေးမှ အားနည်းနေခြင်း မရှိပေ။ မဟာလမ်းစဥ်မိုးကြိုးစွမ်းအားက အသုံးပြုသူကို အလွန်ကြီးမားသော အရှိန်နှုန်းပေးစွမ်းပေမယ့် သူ့ပြိုင်ဘက်က တစ်ယောက်တည်းဖြစ်လျှင် သူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိပေသည်။ သို့သော် သူ့တွင် ဝန်ထုပ်ဝန်ပိုးက ပါရှိနေသေးရာ ထိုသည်က ခြားနားသော ကိစ္စဖြစ်သည်။ သူက ကျွင်းချိုးယွင်၏ အသက်အား ခြိမ်းခြောက်နိုင်သော ကိစ္စမှန်သမျှကို သတိထားရမည် ဖြစ်သည်။
ထို့ပြင် ရီဖူရှင်းကလည်း ရှိနေသေး၏။
သူ ခန့်မှန်းထားသည့်အတိုင်းပင် ပေ့ကုံးအော့က လူမဆန်လောက်အောင် လျင်မြန်ပေသည်။ သူ မရောက်လာခင်မှာပင် မိုးကြိုးလျှပ်စီးများက ထိုနေရာကို ကျဆင်းလာပြီးဖြစ်သည်။ ကောင်းကင်တွင် အမှောင်ထုက လွှမ်းမိုးထားပြီး နိမိတ်မကောင်းသော အမှောင်တိမ်တိုက်များနှင့် မိုးကြိုးလျှပ်စီးများက အဆင့်ရှစ်ရန်ဟောင်တန်ခိုးရှင်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာသည်။ ထိုတိုက်ခိုက်မှု စွမ်းအားများက သူ့အား မခြိမ်းခြောက်နိုင်လျှင်ပင် သူက ကျွင်းချိုးယွင်ကို အာရုံစိုက်ရဦးမည် ဖြစ်သည်။
"ဒါက ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ပဲ။ မင်းဘယ်ကို သွားနိုင်မယ် ထင်လဲ။" ပေ့ကုံးအော့က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ လျှပ်စီးများက ကောင်းကင်၌ မျက်စိကျိန်းလောက်အောင် ပြောလိုက်သည်။ ပတ်ဝန်းကျင်မှ ကြည့်ရှုသူအများအပြားက သူတို့အား စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့အားလုံးက ထိုမြင်ကွင်းအား အသားကျစွာကြည့်နေကြသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ထိုသို့သော အဖြစ်အပျက်မျိုးမှာ သာမန်ပင် ဖြစ်သည်။
အဆင့်ရှစ်ရန်ဟောင်က ကျွင်းချိုးယွင်ကို ခေါ်ဆောင်သွားပြီး မုန်တိုင်းထန်နေသော နေရာအား ဖြတ်သန်းသွားနေရင်းနဲ့မှ ကျွင်းချိုးယွင်အား ပြောလိုက်သည်။ "ချိုးယွင်၊ ဒီနေ့ဖြစ်ပျက်သမျှက မင်းကြောင့်စတင်ခဲ့တာဆိုတော့ မင်းတစ်ယောက်တည်း တာဝန်ယူနိုင်ရမယ်။"
"ဦးလေး" ကျွင်းချိုးယွင်၏ မျက်နှာက အေးခဲသွားသည်။ သူက သူ့ကို ကာကွယ်ပေးနေသော အဆင့်ရှစ်တန်ခိုးရှင်အား မော့ကြည့်လိုက်ရင် သူ၏ နှလုံးသားထဲမှာ အေးစက်သွားလေသည်။
"သူတို့ရဲ့ အင်အားက ငါ့အောက်ကို မနိမ့်ဘူး။ ငါ မင်းကို ခေါ်သွားမယ်ဆိုရင် ငါတို့ ဘယ်သူမှ ဒီပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကနေ ထွက်နိုင်မှာ မဟုတ်ဘူး။" အဆင့်ရှစ်တန်ခိုးရှင်က ဆက်ပြောလိုက်သည်။ "ငါ ထွက်သွားပြီးရင် အရှေ့ဘက်နတ်ဘုရားကျွန်းစုနယ်မြေရှေ့မှာ စောင့်နေတဲ့ ကျွင်းမိသားစု အစောင့်အရှောက်တွေကို အသိပေးလိုက်မယ်။ စိတ်မပူနဲ့... သူတို့ မင်းကို မထိရဲပါဘူး။"
ထိုအချိန်တွင် ကျွင်းချိုးယွင်သည် သူစွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်ပေသည်။
သူ၏ မျက်ဝန်းများက လှုပ်ခတ်သွားပြီး သူနှလုံးသားက အချွန်နှင့် ထိုးစိုက်ခံရသလို ခံစားလိုက်ရပေသည်။
ပြင်ပကုန်းမြေတစ်ခုမှ အဆင့်နိမ့်ရန်ဟောင်တစ်ယောက်က သူ့ကို ထိုသို့ စွန့်ပစ်ခံရစေရန် မည်သို့ဖိအားပေးနိုင်ရသနည်း။ သူက ဤကဲ့သို့ လက်လွှဲပေးခံရတော့မည် ဖြစ်သည်။
"မင်းမှာတစ်ခုခုဖြစ်သွားရင် မိသားစုက သူတို့ကို ကျိန်းသေသတ်ပစ်ပြီး သူတို့ ကလန်တစ်ခုလုံးကို ချေမှုန်းပစ်လိမ့်မယ်။ မိသားစုက မင်းအတွက် ကျိန်းသေလက်စားချေပေးမှာပါ။" အဆင့်ရှစ်ရန်ဟောင်က ဆက်ပြောလိုက်သည်။ သူက ထိုသို့ပြောလာသည်ဖြစ်ရာ ကျွင်းချိုးယွင်က ဤတစ်ကြိမ်၌ သူ့ကံကြမ္မာကို ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
"ကောင်းပြီ။" ကျွင်းချိုးယွင်က ခေါင်းညိတ်လိုက်သည်။ သူ့တွင် ငြင်းဆန်ရန် အခြေအနေ မရှိသည်ကို သိသောကြောင့် သူက ကန့်ကွက်ခြင်း မပြုတော့ပေ။
"အသက်ရှင်အောင် တောင့်ခံထားပါ။" ထိုသူက ဆက်ပြောလိုက်သည်။ ကျွင်းချိုးယွင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူ့ဦးလေးက အလင်းတန်းအဖြစ် ပြောင်းလဲကာ ရှေ့သို့ ဆက်သွားခဲ့ပြီး သူ့ကို နောက်တွင် ချန်ရစ်ထားခဲ့တော့သည်။
"ဟမ်"
လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲကာ လိုက်လာသည့် ပေ့ကုံးအော့သည် သူ့ပြိုင်ဘက်က ကျွင်းချိုးယွင်အား အနောက်တွင် ချန်ရစ်ခဲ့သည့်အား မြင်တွေ့လိုက်ရသည်။ မကြာခင်၌ သူသည် ကျွင်းချိုးယွင်က စွန့်ပစ်ခံလိုက်ရခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
သူ့ပြိုင်ဘက်က ကျွင်းချိုးယွင်ကိုပါ ဆက်၍ ခေါ်ဆောင်သွားနေလျှင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သိသည့်အတွက် ကျွင်းချိုးယွင်အား စွန့်ပစ်ကာ ထွက်ပြေးသွားပေသည်။
ပေ့ကုံးအော့က သူ့ပြိုင်ဘက်ကို ဆက်လိုက်ခြင်း မရှိတော့ပေ။ သူက အဆင့်ရှစ်ကျင့်ကြံသူဖြစ်သော်လည်း ပေ့ကုံးအော့က သူ့ပြိုင်ဘက်အား ဖမ်းဆီးနိုင်ခြင်းရှိမရှိကို မသေချာချေ။ ရီဖူရှင်း၏ ပစ်မှတ်က ကျွင်းချိုးယွင်ကိုသာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးနိုင်ရုံနှင့် လုံလောက်ပြီ ဖြစ်သည်။
သူက လေထဲတွင် ရပ်နေပြီး ကျွင်းချိုးယွင်ကို ကြည့်လိုက်သည်။ ယခင် ဖန်းလိုင်နတ်ရေကန်မှာရှိစဥ်က သူသည် ကျွင်းမိသားစုအပေါ် လေးစားမှုအချို့ပင် ရှိခဲ့ဖူး၏။ သူက ယခု ပြိုင်ဘက်အား ပြန်ကြည့်မိသည့်အခါ သူက အထင်အမြင်သေးခြင်းသာ ခံစားမိပေသည်။
ဤသဘောထားပြောင်းလဲမှုက သူတို့၏ ခွန်အားအပေါ်မူတည်ပုံရလေသည်။ သူပင် သတိမပြုမိပါဘဲ ပေ့ကုံးအော့၏ သဘောထားက ပြောင်းလဲသွားပေသည်။ သူက ကျွင်းချိုးယွင်အား ခြိမ်းခြောက်မှုဟု မမြင်တော့ဘဲ သနားစဖွယ် နုံချာလှသည်ပင် မြင်လာမိတော့သည်။
ရီဖူရှင်းက လျင်မြန်စွာ ရောက်ရှိလာပြီး ကျွင်းချိုးယွင်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
သူ့ထံတွင် ဇဝေဇဝါအမူအရာတို့ ဖြစ်ပေါ်လာသော်လည်း ထိုသည်က ခဏသာ ကြာမြင့်ပေသည်။ သူက ကျွင်းချိုးယွင်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲ၌ စာနာစိတ်တို့ ကိန်းအောင်းနေသည်။
"သနားစရာပဲ။" ရီဖူရှင်းက ပြောလိုက်သည်။ သူက ပြောပြီးသည်နှင့် သူ၏ ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်ကိို တဖန်လှည့်ပတ်လာကာ ရှေ့သို့ ထိုးထွက်သွားသည်။
"မင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ ထွက်သွားတဲ့အခါ ကျွင်းမိသားစု တန်ခိုးရှင်တွေ စောင့်နေလိမ့်မယ်။" ကျွင်းချိုးယွင်က ပြောလိုက်သည်။ သူက ပြော၍မပြီးခင်မှာပင် ဓားစွမ်းအားက သူ့ပေါ် ဆင်းသက်လာပြီး ဓားချီများက သူ့ ခန္ဓာကိုယ်ကို ထိုးဖောက်လာသည်။ ကျွင်းချိုးယွင်က နာကျင်စွာ ညည်းတွားလိုက်သည်။ သူက ခေါင်းကိုမော့ကာ ဒေါသနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ ရောနှောနေသော ခံစားချက်တို့ဖြင့် ရီဖူရှင်းအား ကြည့်လိုက်သည်။
ရီဖူရှင်းက မည်သို့ဖြစ်၍ သူ့ကို တွေဝေခြင်းမရှိ ထိခိုက်စေရသနည်း။
ဓားများက လေထဲတွင် အော်မြည်နေပြီး ကျွင်းချိုးယွင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ အဆက်မပြတ် ထိုးဖောက်လာကာ သူ့ခန္ဓာကိုယ်အတွင်းမှာ အကြီးအကျယ် ပျက်စီးလာစေသည်။ ကျွင်းချိုးယွင်သည် ပွက်ခနဲသွေးအန်လိုက်ရပြီး သူ၏ အရှိန်အဝါက တဖြေးဖြေး အားနည်းလာသည်။ သူက ရီဖူရှင်းကို အမုန်းတရားအပြည့်နှင့် ကြည့်လိုက်ကာ သူက ဒယိမ်းဒယိုင်နှင့် ရပ်နိုင်သည်ဆိုရုံမျှသာ ဖြစ်လာသည်။
"ကျွင်းမိသားစုက မင်းတို့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မယ်။" ကျွင်းချိုးယွင်က ရီဖူရှင်းကို စိုက်ကြည့်ပြီး ထိုစကားလုံးများအား ပြောဆိုလိုက်သည်။ ရီဖူရှင်းက မည်သည့်အတွက် သူ၏ ကျင့်ကြံမှုအား ဖျက်ဆီးရဲရသနည်း။
ရီဖူရှင်းက သူ့လက်ကို မြှောက်လိုက်သောအခါ အားကောင်းလှသော စုပ်အားတစ်ခုက ဖြစ်ပေါ်လာသည်။ ကျွင်းချိုးယွင်၏ ခန္ဓာကိုယ်က ရီဖူရှင်းထံသို့ ပျံသန်းလာသည်။ သစ်ရွက်နှင့် အကိုင်းအခက်များက ကျွင်းချိုးယွင် ခန္ဓာကိုယ်ကို ရစ်ပတ်ချည်နှောင်လိုက်သည်။ ထို့နောက် ရီဖူရှင်းက ပြန်လှည့်ကာ လှည့်ထွက်သွားပြီး ကျွင်းချိုးယွင်အား ကြိုးနှင့်ဆွဲလာခဲ့၏။
ကြည့်ရှုသူများက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ရီဖူရှင်းကို မြင်တွေ့သည့်အခါ သူတို့က အံ့သြနေသော အမူအရာများ ဖြစ်ကုန်ကြပြီး တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "အဲဒါ ဖန်းလိုင်ကုန်းမြေ ကျွင်းမိသားစုရဲ့ ဆက်ခံသူသခင်ငယ်လေး ကျွင်းချိုးယွင်မလား။"
"ဒါက..."
လူအများ၏ နှလုံးက ပြင်းထန်စွာ တုန်ယင်မှုကို ခံစားလိုက်ရသည်။ ဖန်းလိုင်ကုန်းမြေမှ သခင်ငယ်လေးက တစ်စုံတစ်ယောက်ကြောင့် ဒုက္ခိတ ဖြစ်သွားရသည်လား။
ထို့ပြင် သူက ထိုသို့သော အပြုအမူမျိုးနှင့် ဆက်ဆံခံရပေသည်။
ထိုအဖြစ်က လူအများကို အဖြူရောင်နှင့် လူငယ်က မည်သူဖြစ်ကြောင်း သိချင်လာစေပေသည်။
ကြည့်ရသည်မှာ ကျွင်းချိုးယွင်က ရက်စက်သော တန်ခိုးရှင်တစ်ယောက်ကို ရန်စမိပြီး ကျင့်ကြံခြင်းများ ဖျက်ဆီးခံလိုက်ရပုံရလေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အစွမ်းထက် တန်ခိုးရှင်အမြောက်အမြား ရှိပေသည်။
မရေတွက်နိုင်သော လူများက ကျွင်းချိုးယွင်ကို ကြည့်ပြီး ပြောဆိုနေကြသည့် အသံများက သူ့နားထဲ အဆက်မပြတ် ဝင်ရောက်လာသည်။ သူ့မျက်နှာက ဖြူဖျော့သွားသည်။ ထိုနာကျင်မှုက သေသည်ထက် ပို၍ ဆိုးဝါးပေသည်။
ကျွင်းချိုးယွင်သည် ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုများမှ တိုက်ရိုက်မျိုးဆက်များထဲတွင် အစော်ကားခံရသူဖြစ်ကြောင်း သမိုင်းတွင်သွားပေတော့မည် ဖြစ်သည်။
***