← Chapters

Chapter 103

Vol. 9 Ch. 103

Chapter 103

Vol. 9 Ch. 103

ကျန်းမန့်ယီပင်လျှင် ကျန်းယွီ၏ စိတ်က အထက်တန်းကျောင်းတက်ချိန်ထက် လွန်စွာရင့်ကျက်လွန်းသည်ဟု ခံစားမိသည်။

သူမကငယ်ငယ်တုန်းက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မိန်းကလေးပင်။

ဇာတ်ဆောင်မဟုတ်တဲ့သူက မခုန်ဘူးဆိုရင်တော့ သူက ပါရမီစမ်းချောင်း၊ သဘာဝရဲ့ဘုရင်တစ်ပါးလို့ တွေးထင်ပြီး ပထမနေရာကို မရတာက ရှက်စရာပင်...

ဒါပေမယ့်လည်း ယခုအချိန်တွင် ကျန်းယွီ သည် ကြီးမားသောဆုဖလားကို အားကိုးနေစရာမလိုတော့ဘဲ Swan Queen ၏ ထီးဆောင်းထားသည့် ကြောင်ကလေးတစ်ကောင်မဟုတ်ကြောင်း သက်သေပြရန် မလိုအပ်တော့ပေ။

သူမမှာ မမေ့နိုင်သော အချစ် နှင့် သူမကို ချစ်တဲ့ မိသားစုတစ်စု ရှိသည်..

တစ်ချိန်က အလွန်အရေးကြီးသည်ဟု ထင်ခဲ့သော ဂုဏ်သတင်းက ဒီအရာတွေနဲ့ နှိုင်းယှဉ်ရင် ဘာဖြစ်မှာလဲ

သူမသည်သူမရဲ့ဂုဏ်သတင်းအတွက် ရိုးသားမှုကို စွန့်လွှတ်မည်ကို ကျန်းမန့်ယီ စိုးရိမ်နေသည့် လူမျိုး ဘယ်တော့မှဖြစ်လာမည်မဟုတ်ပေ။

ဒါဟာ သူမရဲ့ အကြီးမားဆုံး အမြတ်အစွန်းနဲ့ တိုးတက်မှုပါပဲ။

များမကြာမီတွင် ကျန်းယွီ သည် ပု မိသားစုထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။

မစ္စစ်ပု၏ နှစ် ၇၀ ပြည့် မွေးနေ့ ညစာစားပွဲကို ကျန်းယွီ ဂုဏ်ပြုပေးလိမ့်မည်ဟု မျှော်လင့်သည်။

ပုရှီး က ကျန်းယွီ ကို ဖိတ်စာတစ်စောင် ပေးခဲ့ပြီး သူမကိုပြောခဲ့သည် "အရမ်းစိတ်ဖိစီးမနေနဲ့၊ ဒါက မိသားစု ညစာစားပွဲပဲ၊ မိသားစုဝင်တွေပဲ ပါမှာပါ၊ အပြင်လူလည်း မရှိဘူး"

"ဒါဆို ငါ... ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်လာရမလဲ"

ကျန်းယွီ က ဒီလိုပွဲမျိုးမှာ တစ်ခါမှ မပါဝင်ဖူးပေမယ့် ပု မိသားစုဟာ အရမ်းစည်းကမ်းရှိတဲ့ မိသားစုတစ်ခုဖြစ်ကြောင်း သူမ သိတဲ့အတွက် သူမ မေးခဲ့သည် "ဘယ်လိုလက်ဆောင်မျိုးက ရိုင်းတဲ့ပုံမပေါ်မှာလဲ"

"အို့"

ပုရှ်ိး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည် "လက်ဆောင်မလိုပါဘူး၊ ငါ့အဖွားကပြောတယ် နင် လာနေသရွေ့ နင်နဲ့ငါက မျိုးဆက်အတူတူပဲ၊ အိမ်မှာရှိတဲ့ ကလေးတွေလိုပဲ၊ အပြင်လူတွေလို တန်ဖိုးကြီးလက်ဆောင်တွေ ပေးစရာ မလိုပါဘူး"

"အိုကေပါ"

ဒါပေမယ့် ကျန်းယွီ အရမ်းသိချင်နေသေးသည်- "နင့်အဖွားက ငါ့ကို ဘာလို့ အထူးအနေနဲ့ဖိတ်တာလဲ။ ငါ သူ့ကို ကောင်းကောင်းသိတဲ့ပုံမပေါ်ဘူး"

"ဘာလို့လဲဆိုတော့ ငါတို့က သူငယ်ချင်းကောင်းတွေမို့လို့လေ!"ပုရှီးပြောလိုက်သည် "ငါ့မှာ သူငယ်ချင်းအများကြီးမရှိဘူးဆိုတာ နင်သိတာပဲဟာ။ ငါတို့ရဲ့ဆက်ဆံရေးအကြောင်း ကြားပြီးတော့ အဖွားက နင့်ကို အိမ်မှာလာကစားဖို့ အမြဲဖိတ်ချင်ပေမယ့် ဒီလိုအခွင့်အရေးမျိုးမရခဲ့ဘူး။ ဒီမွေးနေ့မှာ နင့်ကိုတွေ့ရအောင်လို့ လာဖို့ ဖိတ်တာ။"

ကျန်းယွီ သဘောတူသည်။ မစ္စစ်ပု၏ မွေးနေ့တွင် သူမသည် ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ပွဲသို့ အချိန်မှန်သွားခဲ့သည်။

အဆိုပါပွဲကို Universal Century City ၏ တရုတ်စတိုင် boxတွင် ကျင်းပခဲ့သည်။ ပုရှီး ပြောတဲ့အတိုင်းပဲ ဤပွဲသည် မိသားစုပွဲတစ်ခုမျှသာဖြစ်ပြီး ပွဲသို့တက်ရောက်သူအများအပြားမရှိသောကြောင့် ၎င်းတို့အားလုံးသည် ပု မိသားစု၏မိသားစုဝင်များဖြစ်သည်။

ဥပမာအားဖြင့်၊ ပုရှီး ၏အဖိုး၊ အဖေနှင့်အမေ၊ စသည်တို့မှလွဲ၍ အပြင်လူမရှိပေ။

ကျန်းယွီ သူတို့ကို မသိဘဲ ပုရှီးနောက် တစ်ချိန်လုံး ရိုးရိုးရှင်းရှင်း လိုက်သွားပြီး လူကြီးတွေကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။

မစ္စစ်ပုသည် ရိုးရိုး တရုတ် ကိုယ်ကျပ်သင်တိုင်းဝတ်စုံနှင့် လည်ပင်းတွင် ပုလဲလည်ဆွဲအစစ်ကို ၀တ်ဆင်ထားသည်။ သူမ၏ ဆံပင်တွေကဖြူနေသော်လည်း၊ သူမသည် အလွန်တက်ကြွပြီး သိမ်မွေ့သော အမူအရာရှိသည်။

မျက်ခုံးမွှေးပေါ်မှ အပြုံးတစ်ခုဖြင့် သူမသည် ကျန်းယွီ ကို အမြဲဂရုတစိုက်ကြည့်သည်။ ကျန်းယွီ ကိုတွေ့လိုက်ရတော့ သူမရှက်သွားပြီး ပုရှီး ကို လေသံတိုးတိုးလေးဖြင့်မေးလိုက်သည် "နင့်အဖွားက ဘာလို့ ငါ့ကို အမြဲကြည့်နေတာလဲ"

"အဖွားက လူငယ်တွေကို သဘောကျတယ်လေ၊ သူ နင့်ကိုသဘောကျနေလို့ဖြစ်မယ်"

"ဒီလိုလား…"

ကျန်းယွီ ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး အဖွားအား ဝိုင်တစ်ခွက်နဲ့ ယဉ်ကျေးစွာ ဆုတောင်းပေးခဲ့သည်"ဂုဏ်သရေရှိအမျိုးသမီးကြီး ၊ အရှေ့တရုတ်ပင်လယ်မှာ ကံကောင်းကောင်းနဲ့နေရပြီး အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်"

မစ္စစ်ပုက ပြောလိုက်သည်" ရှောင်ရှီး လိုပဲ အဖွားလို့ ခေါ်ပါ"

"အာ ဒါက..."

ပုရှီး ပြုံးပြီးပြောလိုက်သည် "ကိစ္စမရှိဘူး၊ ငါတို့ရဲ့ အပေါင်းအသင်းတွေအားလုံး ဒီလိုပဲ ခေါ်ကြတာ"

နောက်ဆုံးတော့ ကျန်းယွီ ခေါင်းညိတ်ပြီး "အဖွား" လို့ ခေါ်လိုက်သည်။

မစ္စစ်ပုက ထိုအသံကိုကြားလိုက်သောအခါတွင် သူမ၏မျက်လုံးတွေမှာ စကားမပြောနိုင်သော ရှုပ်ထွေးမှုအနည်းငယ်ပြသကာ ကျန်းယွီကိုမေးခဲ့သည် " ရှောင်ရှီးကပြောပြဖူးတယ် မင်းက ငယ်ငယ်ကတည်းကအမေနဲ့ အတူနေတာဆို။ မင်းအမေ ဘာအလုပ်လုပ်လဲ"

"မေမေက ကာယကုထုံးဆရာမပါ" ကျန်းယွီမဆိုင်းမတွပြောလိုက်သည် "အနှိပ်ခန်းမှာ အလုပ်လုပ်ပါတယ်"

မစ္စစ်ပု ရဲ့ လည်ချောင်းက တင်းကျပ် စွာဆုပ်ကိုင်ခံထားရသလိုဖြစ်သွားပေမယ့် သူမရဲ့မျက်နှာအမူအရာက အရမ်းကောင်းနေဆဲပင် "မင်းအဖေကကော ဘယ်မှာလဲ၊ သူက မင်းကို ဂရုမစိုက်ဘူးလား"

"ဖေဖေ့ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တွေ့တာ။ သူက ကျွန်မနဲ့ အမေ့အပေါ် အရမ်းကောင်းပါတယ်။"

"ငါကြားတာတော့ မင်းအဖေက အဆိုတော်ဆို"

"ဟုတ်ပါတယ်"

"သားအဖဖြစ်ကြောင်း စစ်ဆေးပြီးပြီလား"

"ဟုတ်.... ခုထိမစစ်ရသေးပါဘူး ဖေဖေကစစ်ဆေးနေစရာမလိုဘူးလို့ပြောတယ်"

"ဒါဆို မင်းနဲ့ ရှဲယွမ် ကြားက ဆက်ဆံရေးက ဘာလဲ၊ မင်း Esmeralda မှာနေတယ်လို့ကြားတယ်၊ သူက မင်းကို အရမ်းဂရုစိုက်တယ်။"

"သူကလည်း... သူကလည်း ကျွန်မဖေဖေပဲ၊ ဒါပေမယ့် ခေါင်းကိုင်ဖေဖေပါ "

"ဘုရားရေ" အဖွားပု၏ ပါးစပ်ထောင့်မှာ လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။

ကျန်းယွီ သည် ပုရှီး ကို နားမလည်နိုင်စွာ ချဉ်းကပ်ခဲ့သည် "အဖွားက ဘာကိုဆိုလိုတာလဲ"

ပုရှီး ကလည်း အရမ်းထူးဆန်းနေသလို ခံစားရသည်- "ငါ့အဖွားက ဒီလိုမျိုးမလုပ်တတ်ပါဘူး၊ သူ ဘယ်တော့မှ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်တတ်ဘူး။ ဘာကြောင့်မှန်းတော့မသိဘူး၊ ဒီနေ့က နည်းနည်းတော့ မူမမှန်ဘူး။"

ထိုအချိန်တွင် ပုရှီး ၏မိခင် ပုထျန်းရှန်းက ကျန်းယွီကိုပြောခဲ့သည် "မင်းအရင်က ဘဲလေးအကကိုဘယ်မှာသင်ခဲ့တာလဲ၊ နာမည်ကြီးဆရာမက မင်းကိုသင်ပေးခဲ့တာလား။"

ကျန်းယွီ က ပုထျန်းရှန်းကို သူ့ရဲ့ မူလတန်းကျောင်း ဘဲလေး ရဲ့ ကိုယ်ရေးအကျဉ်း အကြောင်း ပြောပြခဲ့သည်။ ပုထျန်းရှန်းက အဲ့တာကို နားထောင်ပြီးနောက်၊ သူမပြောလိုက်သည်"ဒါက ရှေးရိုးစွဲလေ့ကျင့်မှု မဟုတ်တဲ့ပုံပဲ။ မင်းကို ရှဲ့ယွမ် က ဆက်ဆံရေးအရ Esmeralda ကို ဝင်ခွင့်ပေးလိုက်တယ်လို့ ကြားတယ်။ "

"ကျွန်မကိုယ့်အားကိုကိုးပြီးရတာပါ" ကျန်းယွီ သည် သူမ၏ ရိုင်းစိုင်းသော စကားလုံးများကို လွန်စွာ မကျေမနပ် ဖြစ်နေသည်- "ဦးလေး ရှဲ့ က ကျွန်မကို အများကြီး ကူညီပေးခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့အထိ သူနဲ့ဆက်ဆံရေးကို ကျွန်မ အားမကိုးခဲ့ပါဘူး"

"အန်တီက ဒီအတိုင်း စကားနည်းနည်းပါးပါးလေးပြောလိုက်တာပါ၊ မင်းဒီလိုမျိုး ဂရုစိုက်နေစရာ မလိုပါဘူး" ပုထျန်းရှန်း ပြုံးလိုက်သည် "မင်းရဲ့ဒေါသက အန်တီ့ညီမအကြောင်း တွေးမိသွားစေတယ်"

ပုရှီး သည် အဖွားနှင့်အမေရဲ့ ယင် နဲ့ယန် စကားများကို ဒီနေ့မှာ စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း အဖွားပြောတာကို သူ မဆန့်ကျင်ရဲသော်လည်း အမေကလည်း ထိုအတိုင်းပင်တစ်ပုံစံတည်းပြောခဲ့သည်..

ပုရှီး မကျေမနပ်ဖြစ်သွားသည် "မေမေ၊ ကျန်းယွီ က သူ ငယ်ငယ်လေးကတည်းက ပရော်ဖက်ရှင်နယ် အခြေခံ လေ့ကျင့်မှု ထပ်ရဖို့အတွက် အခြေအနေတွေ မရှိပေမယ့် သူက အရမ်းသန်မာပြီး အရမ်းကြိုးစားခဲ့တာ။ ဒါကို Esmeralda က အသိအမှတ်ပြုထားတယ်။"

ပုထျန်းရှန်းသည် ရောင်းစားခံရပြီး ငွေရေတွက်ရန် ကူညီပေးနေသကဲ့သို့ ပုရှီးကို အေးစက်သောမျက်နှာဖြင့် ကြည့်လိုက်သည်။

ဒါပေမယ့် ဒီနေ့ မိသားစုက ဒီမှာရှိတော့ သူမ စကားသိပ်မပြောတော့ပေ။

မစ္စစ်ပုက ဆက်ပြောခဲ့သည်- " ကျောင်သူ ရှောင်ယွီ ၊ရှဲ့ယွမ် နဲ့ ငါ့သမီးငယ်လေးကြားက ဆက်ဆံရေးကို မင်းသိလား"

"အာ ဒါက..."

ကျန်းယွီသိပါတယ်၊ ဒါပေမယ့် ဒီကိစ္စက လျှို့ဝှက်ထားတာကြောင့် သူမ နှုတ်သီးကို အများကြီးမလုပ်ပါဘူး- "ကျွန်မ ကောင်းကောင်းတော့ မသိပါဘူး။"

"ဒါဆို မင်းသေချာ မသိဘူးပဲ၊ သူတို့ကြားမှာ ကလေးတစ်ယောက်ရှိတယ်၊ ဒီကလေးက မင်းနဲ့အသက်တူတူပဲ၊ ကလေးမလေးပဲ"

"ဂုဏ်သရေရှိအမျိုးသမီး၊ ဒါ ရှင့်မိသားစုရဲ့ ကိစ္စ"

"ဒါက ငါ့မိသားစု ကိစ္စသက်သက်ပဲမဟုတ်မှာ ငါကြောက်တယ်"

အသံထွက်သွားတာနဲ့ပဲ သက်တော်စောင့်နှစ်ယောက် တံခါးခေါက်ပြီး ဝင်လာသည်။ အဖွားကြီးနားတွင် တစ်စုံတစ်ခုကို တီးတိုးပြောခဲ့ကြသည်။ အဖွားကြီး၏ ပါးစပ်ထောင့်က အေးစက်စွာ ကွေးကောက်နေသည်- "ဒါက တကယ်အသက်ဝင်တာပဲ"

ပုထျန်းရှန်း မေးလိုက်သည် "မေမေ၊ ဘာကိစ္စရှိလို့လဲ"

မစ္စစ်ပုက မတ်တတ်ထရပ်ပြီး တည်ငြိမ်စွာပြောခဲ့သည် “မဖိတ်ထားတဲ့ ဧည့်သည်တွေ လာတာသူ့ကိုဝင်လာခိုင်းပြီး ဘာလုပ်မလဲဆိုတာ ငါကြည့်ချင်လိုက်တာ”

ကျန်းယွီ စိတ်ဝင်တစားနဲ့ ခေါင်းကို လှည့်ကြည့်လိုက်တော့ ရှဲ့ယွမ် ပြေးဝင်လာတာကို တွေ့လိုက်ရသည်၊ သူ့မျက်နှာ တင်းမာနေပြီး သူ့အမူအရာက အေးစက်ပြီး တင်းမာလွန်းနေတာကို တွေ့လိုက်ရသည်။

ရှဲ့ယွမ် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျန်းယွီ ကို တွေ့လိုက်ရသည်။ သူချက်ချင်း လျှောက်သွားပြီး သူမလက်ကို လှမ်းကိုင်လိုက်သည် "နောက်ကလိုက်ခဲ့"

"ဟေး"

ကျန်းယွီ မရှင်းလင်းနေပေ ဒါကြောင့် ရှဲ့ယွမ်က သူမကို စားပွဲဆီကနေ ဆွဲထုတ်သွားလိုက်သည်။

ထိုအချိန်တွင် မစ္စစ်ပုက တံခါးကိုပိတ်ရန် သက်တော်စောင့်အား ပြောလိုက်ပြီး အေးစက်စွာနဲ့ပြောခဲ့သည် " ရှဲ့ယွမ် ၊ ရှောင်ယွီ က ငါ့ဧည့်သည်။ မင်း သူ့ကို ဒီလိုဝင်လာပြီး သူ့ကိုဒီလိုမျိုးခေါ်သွားလို့မရဘူး ။ဒါ အရမ်းရိုင်းတယ် ဒါမှမဟုတ် မင်းထင်နေတာက၊ ငါ့သမီးသေသွားပြီးတော့ ငါ့မျက်နှာအိုကြီးကို မင်းအလိုလို နင်းသွားလို့ရတယ်ထင်နေတာလား"

ကျန်းယွီသည် ရှဲ့ယွမ်ရဲ့ သူမရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ခွန်အားကို ခံစားနိုင်သည်- "ခင်များ သူမကို ရှာနေတာလား"

"ကျောင်းသူ ရှောင်ယွီနဲ့ ငါတို့မိသားစု ရှောင်ရှီး က သူငယ်ချင်းတွေ။ ငါသူ့ကို ငါ့ပွဲတက်ဖို့ ဖိတ်ထားတာ။ ဒါက ထူးဆန်းနေလို့လား" အဖွားကြီး ပု သည် သူမ၏ သိမ်းငှက်လို မျက်လုံးများဖြင့် ရှဲ့ယွမ် ကို စိုက်ကြည့်နေသည်- "မစ္စတာ ရှဲ့ က ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ။"

ကျန်းယွီ လည်း အံ့ဩသွားသည်၊ ရှဲ့ယွမ်သည် ယနေ့ အဘွားကြီး၏ပွဲကို ဘာကြောင့် သူ့ဘာသာ လာတာလဲလို့ တွေးမိသည်။

ဒါက မူမမှန်ဘူး

ပုထျန်းယန် ကြောင့် သူနှင့်မစ္စစ် ပု တို့သည် မလိုမုန်းတီးမှုတွေဖြစ်ခဲ့ကြသော်လည်း အဲ့ကိစ္စက အဲ့လိုဖြစ်ပုံမပေါ်ပေ။

မစ္စစ်ပု ပြုံးလိုက်သည် "မစ္စတာ ရှဲ့ က ကျန်းယွီ ရဲ့ ဖြစ်တည်မှုကို.....ငါ့ကို အသိပေးဖို့ ဆန္ဒမရှိဘူးပဲ "

ရှဲ့ယွမ် အေးစက်စွာပြောလိုက်သည် "ကျုပ်က သူ့အုပ်ထိန်းသူ ပြီးတော့ သူ့အမေက သူ့ကို ခေါ်လာဖို့ အပ်ထားတာ"

"မင်းက သူ့အုပ်ထိန်းသူ" အဖွားကြီး ပုသည် သူ့ထံ တုတ်ကောက်ဖြင့် လျှောက်လာကာ သူ့ရှေ့တွင် ရုပ်ဆင်လုနီးပါးရှိတဲ့ သားအဖကို ကြည့်လိုက်သည် "မင်းက သူ့အဖေအရင်း ထင်တယ်"

ဒီလိုပြောလာတဲ့အခါ ကျန်းယွီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့ကိုမယုံကြည်နိုင်စွာပြောလိုက်သည် "ရှင်... ရှင်ဘာတွေပြောနေတာလဲ!"

"ရှင်းအောင်ပြောရရင် ကျန်းယွီ ၊ မင်းအမေ ကျန်းမန့်ယီ နဲ့ ငါ့သမီးက သူငယ်ချင်းကောင်းတွေ။ ငါ့သမီးက ငါတို့တစ်မိသားစုလုံးကို မပြောဘဲ ကလေးမွေးခဲ့တယ်။ ဒါပေမယ့် ကျန်းမန့်ယီ မှာ အိမ်ထောင်မရှိဘူး၊ ကလေးလည်း မရှိဘူး၊ မင်းနဲ့ သူက မွေးစားထားတဲ့ ဆက်ဆံရေးပဲရှိတာ။ မင်းက ငါ့မြေးလို့ ထင်စရာအကြောင်းပြချက်တွေရှိတယ်။"

ကျန်းယွီ ဤစကားကိုကြားသောအခါ အံ့အားသင့်သွားသည်- "ရှင်ပြောလိုက်တာက...မွေးစား..."

တစ်ခုခုမှားနေတာကိုမြင်တော့ပုရှီး က ကျန်းယွီ ကို ကူပြီးစကားပြောပေးဖို့ ခြေလှမ်းစချင်ခဲ့သည်။ ပုထျန်းရှန်း က ချက်ချင်းပင် သူမကို ဖမ်းကိုင်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။

"အဖွား၊ ကျန်းယွီက သမီးသူငယ်ချင်း!" ပုရှီး သည် ပုထျန်းရှန်း ၏ပါဝင်ပတ်သက်မှုမှလွတ်မြောက်ပြီး ခုခံကာကွယ်ခဲ့သည် "ဦးလေးရှဲ့က သူ့ကိုသမီးတို့မိသားစုပွဲကို မလာစေချင်တာကြောင့်မို့ သူ သူမကိုခေါ်သွားပါစေ!"

မစ္စစ်ပုက ပုရှီး၏စကားတွေကို နားစွင့်ကာ သူမမျက်လုံးတွေက ရှဲ့ယွမ် ကိုသာ စိုက်ကြည့်နေပြီး အချက်အလက်ရဖို့ကြိုးစားနေသည် "မစ္စတာ ရှဲ့က ပြင်ပကိစ္စတွေကို အမြဲဂရုမစိုက်တတ်ဘူး။ သူ ကလေးမလေးကို ဘယ်လိုမျိုး ကြင်ကြင်နာနာ နဲ့ သမီးဖြစ်ကြောင်း ဝန်ခံမှာလဲဆိုတာ သံသယဖြစ်စရာပဲ။"

"ခင်များရဲ့မိသားစုအရေးကို ကျုပ်ဘယ်တော့မှ ဂရုမစိုက်ဘူး၊ ဂုဏ်သရေရှိအမျိုးသမီး ခင်များလက်ကို အကြာကြီးမဆန့်နဲ့ ကျုပ်မိသားစုအရေးကို ဂရုစိုက်မယ်လို့ မျှော်လင့်တယ်။ အာ့ထျန်း ဆုံးပြီးကတည်းက ခင်များနဲ့ကျုပ်ကဘာမှမဆိုင်တော့ဘူး..."

"မင်းမှာ ရှောင်ယန် ကိုပြောဖို့ မျက်နှာရှိသေးတယ်ပေါ့" မဒမ်ပုက ရုတ်တရက် စိတ်လှုပ်ရှားသွားသည် "မင်း သူ့ကို မသွေးဆောင်ဘူးဆိုရင်၊ သူ အတောက်ပဆုံး အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ၊ သူက အကောင်းဆုံး ဘဲလေးအကသမား ဖြစ်လာမှာ၊ ဒါပေမယ့် မင်းအတွက်ကတော့..."

"ဒါက ကျုပ်အတွက်လား၊ ဒါမှမဟုတ် ခင်များရဲ့ အတ္တအတွက်လား။"

မစ္စစ်ပု ခေါင်းခါလိုက်သည် "မိသားစုဂုဏ်ကျက်သရေအတွက် တိုက်ပွဲဝင်ဖို့က ပုမိသားစုတိုင်းရဲ့ တာဝန်ပဲလေ။ မဟုတ်ရင် ငါတို့ဘာလို့ တည်ရှိနေရတာလဲ၊ သူမ ဘာစားလဲ၊ သာလွန်တဲ့ဘဝ၊ တခြားသူတွေရဲ့အားကျတဲ့စိတ်၊ ဂုဏ်ကျက်အသရေတွေ အရှိန်အဝါတွေ... အဲဒါက မိသားစုရဲ့ ဘဲလေးအကသမား မျိုးဆက်တိုင်းရဲ့ ကြိုးစားအားထုတ်မှုပဲ၊ သူ့နာမည်ကို သူဂုဏ်ယူသင့်တယ်။"

ရှဲ့ယွမ် အံကြိတ်ပြီးပြောလိုက်သည် "ဒါပေမယ့် သူမက ကနေတဲ့စက်မဟုတ်ဘူး၊ သူကလူ"

"ဒီရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း ငါမင်းကို အခုမပြောချင်တော့ဘူး၊ အဲဒါတွေက အဓိပ္ပါယ်မဲ့သွားပြီ" မစ္စ်ပုက ကျန်းယွီကိုကြည့်ခဲ့သည် "ငါ့မြေးမှာ အလားအလာကောင်းရှိတယ် ပြီးတော့ ရှောင်ယန် ကိုတောင် ကျော်သွားနိုင်တယ်"

ထိုညတွင် နွေရာသီညမှာ ကပြီးနောက် ကျန်းယွီ ၏ ရုပ်ပုံသည် မစ္စစ်ပု၏ စိတ်ထဲမှာ ရေးထွင်းထားသည်။

ညတိုင်းလိုလို သူမကို အိပ်မက်မက်သည်။

ပုထျန်းယန် ကွယ်လွန်ပြီးကတည်းက အခြေအနေကို လိုက်လျောညီထွေစွာ ရပ်တည်နိုင်တဲ့ အကသမား မရှိသေးပါဘူး။ ပုရှီး ရှိရင်တောင် ပုထျန်းယန်နဲ့ ယှဉ်ရင် ပုရှီးက အရည်အချင်းမရှိဘူးဆိုတာကိုသာ မစ္စစ်ပု ပြောနိုင်သည်။ မညံ့ပေမယ့် သေချာတာကတော့ အကောင်းဆုံးတော့ မဟုတ်ပါဘူး။

ကျန်းယွီက "အကောင်းဆုံး" ဆိုတဲ့စကားလုံးနဲ့ထိုက်တန်သည်။

ရှဲ့ယွမ် အစိုးရိမ်ဆုံးအရာက နောက်ဆုံးမှာ ဖြစ်သွားခဲ့သည်။ သူက ကျန်းယွီကို သူ့ဘေးနားကို အကာအကွယ်ယူကာ "သွားရအောင်" ဟု လေးနက်စွာ ပြောလိုက်သည်။

ကျန်းယွီ သည် ရှဲ့ယွမ်၏ ချုပ်နှောင်မှုကို ခံခဲ့ရပြီး ထွက်သွားခဲ့သည်။ မစ္စစ်ပုက အသံနက်နက်နဲ့ပြောခဲ့သည်။ " ရှောင်ယွီ၊ ငါ အဲ့တာကိုဂရုစိုက်မယ်။ သူက ရှောင်ယန် ထက် ပိုထူးချွန်လိမ့်မယ်"

ရှဲ့ယွမ် အေးစက်စွာ ပြန်ကြည့်ကာ "ကျုပ်သေသွားမှ" ဆိုတဲ့ စကားလေးလုံး ပြောလိုက်သည်။

" ရှောင်ယွီ၊ မင်း ဘုရင်မရဲ့ ဖလားကို အမြဲတမ်း လိုချင်နေခဲ့တာ မဟုတ်ဘူးလား"

မစ္စစ်ပုက ကျန်းယွီကို အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ " ဒီတစ်ခါ မင်းကို "Swan Lake" ရဲ့ သူရဲကောင်းဖြစ်အောင် လုပ်ပေးပြီး မင်းကို swan queen အဖြစ် ကရအောင်လုပ်ပေးမယ်"

ကျန်းယွီ ခေါင်းကို လှည့်ပြီး မယုံနိုင်စွာ ကြည့်လိုက်သည်။ "ဘာပြောလိုက်တာလဲ!"

ကျန်းယွီ သာမက ပုထျန်းရှန်းကလည်း ရုတ်တရက် ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားသည်။ "အမေ၊ ဒါကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ရှောင်ရှီးက Swan Queen ဇာတ်ရုပ်အတွက် လေ့ကျင့်နေတာ ကြာပါပြီ၊ ဘယ်လိုလုပ်ပြီးတော့လဲ... သူက အမေ့ရဲ့ မြေးနော်"

ပုရှီးက ပိုလို့တောင်တုံးသည်။

မစ္စစ်ပု အေးစက်စွာပြောလိုက်သည်။ "သူ ဘုရင်မကို မရနိုင်ပေမယ့် ကျန်းယွီကတော့ ရရမယ်။"

ဤဝါကျတိုလေးက ပုရှီး၏ ယုံကြည်မှုကို လုံးလုံးလျားလျား အနိုင်ယူသွားခဲ့သည်။

ငေးငိုင်စွာ ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး မျက်လုံးတွေနီရဲလာသည်။

အချိန်အတော်ကြာ ဝန်ခံလိုစိတ်မရှိသည့်အချက်ကို အဖွားဖြစ်သူက ရက်စက်စွာ ထုတ်ဖော်ခဲ့သည်။

သူမအမေက ပုထျန်းယန်ကို ဘယ်တော့မှ မယှဥ်နိုင်သလို သူမလည်း ကျန်းယွီနဲ့ မယှဥ်နိုင်ဘူး...

တကယ်တော့ ကျန်းယွီ သူတို့စကားဝိုင်းကနေ တော်တော်ကို မှန်းဆထားပြီးသားပါ။

ရှဲ့ယွမ် ဘာလို့ သူမကို ကောင်းကောင်း ဆက်ဆံပေးတာလဲ၊ သူမက ပုထျန်းယန်နဲ့ တူတယ်လို့ လူတွေက ဘာလို့ပြောကြတာလဲ သူ့အမေက ဘာလို့ အမြဲတမ်း တုန်ယင်နေတာလဲ၊ [knowledge] အက်ပ်က ချန်းယဲ့ရဲ့ ကော်မရှင်ကို ဘာလို့ ဘယ်တုန်းကမှ မပေးခဲ့တာလဲ...

ဤအကြောင်းများ အားလုံးကြောင့် တစ်ခုတည်းသာ ရှိပါတော့သည်။

သူမက ကျန်းမန့်ယီနဲ့ ချန်းယဲ့ တို့ရဲ့သမီးမဟုတ်ပေ၊ သူမရဲ့အဖေအရင်းက...

ကျန်းယွီက ရှဲ့ယွမ်ရဲ့ အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ညှစ်ထားခဲ့သည်။

သူကမှ အဖေ!

All Chapters