← Chapters

Chapter 105

Vol. 9 Ch. 105

Chapter 105

Vol. 9 Ch. 105

ကျန်းယွီသည် ထိုညတွင် ဟိုင်ချန်သို့ ပျံသန်းရန် လက်မှတ်ကို ကြိုတင်မှာထားသည်။

သူမ အိပ်မပျော်နိုင်တော့ဘဲ ဖုန်မှုန့်ထဲမှာ အကြာကြီးရှိနေတဲ့ crystal ဂီတသေတ္တာကို ရှာဖွေပြီး ဖွင့်ကြည့်လိုက်တော့ "Swan Lake" သီချင်းက တဖြည်းဖြည်း မြည်လာသည်။

Crystal နဲ့လုပ်ထားတဲ့ကောင်မလေးက လှပတဲ့တေးသွားဖြင့် ကပြနေသည်။

ထိုအမှတ်တရများသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ မြုပ်သွားကာ ဒီရေကဲ့သို့ သွန်ချပစ်လိုက်သည်။

ဟိုင်ချန်ရဲ့ညဘက်၌ ဘားတစ်ခုမှာ... သူမနားထဲတွင် သူ တမင်တကာပြောနေသည့် စကားများ၊ သူမကို လမ်းညွှန်ပေးပြီး သူမ၏ မသိစိတ်ကို ညှို့ယူနေသည့် စကားလုံးများ။

အားလုံးကို သတိရတယ်!

အဲ့ဆန်ကုန်မြေလေး ချူးလီ က သူမကို တကယ်ပဲ စိတ်ညှို့ထားတာ။

...

နောက်နေ့မနက်စောစော မိုးမလင်းခင် ကျန်းယွီသည် လေဆိပ်ကို တန်းတန်းမတ်မတ်သွားခဲ့တယ်။

လေဆိပ်သို့သွားရာလမ်းတွင် သူမသည် သူမ၏လက်ကိုင်ဖုန်းကိုထုတ်ကာ သူမရဲ့မိသားစုဖြစ်တဲ့ ချန်းယဲ့းကျန်းမန့်ယီနဲ့ ရှဲ့ယွမ် တို့ထံ မက်ဆေ့ချ်ပို့ကာ ဟိုင်ချန် သို့သွားရန် သူမ၏ဆုံးဖြတ်ချက်ကို အသိပေးခဲ့သည်။

ကျန်းမန့်ယီ : "အာ ! လုပ်လိုက် ဘေဘီ ။ သားမက်လီ ကို ပြန်ခေါ်လာခဲ့!"

ချန်းယဲ့: "သွား၊ သွား၊ဖေဖေ ကန့်လည်းမကန့်ကွက်ဘူးထောက်လည်းမထောက်ခံဘူး"

ကျန်းမန့်ယီ - "ငါ့ရဲ့သားမက်ကို အရမ်းစိတ်ကျေနပ်တယ်။ သူ့အဆင့်တွေကကောင်းပြီး ရုပ်ရည်ချောမောတဲ့အတွက် သူ့ကို ရွေးတယ်။"

ချန်းယဲ့ "အဆင့်ကောင်းပြီး ရုပ်ရည်ကောင်းတာက ဘာအသုံးဝင်မှာလဲ။ စာရိတ္တက အဓိကပဲ။ သူ့ကိုခေါ်လာပြီးရင် ငါပြန်စစ်ဆေးမယ်။"

ရှဲ့ယွမ်က သိပ်မမေးပေ။ သူက အုပ်စုရှိ ကျန်းယွီဆီ သို့ ငွေကြေးသက်မှတ်ချက်အကြီးကြီးများဖြင့် အနီရောင်စာအိတ်အနည်းငယ်ကို တိုက်ရိုက်ပေးပို့ခဲ့သည်- "သမီးမှာ ပိုက်ဆံမရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး ဖေဖေ့ကိုလာပြော"

ကျန်းယွီက [Love You] အီမိုတီကွန်အထုပ်ကို ပေးပို့ခဲ့ပြီး စာအိတ်အနီကို လက်ခံတော့မည့်အချိန် စနစ်မက်ဆေ့ချ်အချို့ကို တွေ့လိုက်ရသည်---

ချန်းယဲ့သည် ရှဲ့ယွမ်၏ စာအိတ်နီကို လက်ခံရရှိခဲ့သည်။

ချန်းယဲ့သည် ရှဲ့ယွမ်၏ စာအိတ်နီကို လက်ခံရရှိခဲ့သည်။

ချန်းယဲ့သည် ရှဲ့ယွမ်၏ စာအိတ်နီကို လက်ခံရရှိခဲ့သည်။

ကျန်းယွီ -...

ရှဲ့ယွမ် -...

ကျန်းယွီ - "ပြန်ထုတ်ပေး!!!"

ချန်းယဲ့ပြုံးလိုက်သည်။ "အာ တောင်းပန်ပါတယ် လက် ချော်သွားလို့ "

ကျန်းယွီ - "သမီးကို မြန်မြန်ပြန်ပေး၊ သမီးဖေဖေက သမီးကို ပေးတာ!"

ချန်းယဲ့ - "ဘာ သမီးအဖေလဲ၊ ငါက မင်းအဖေဘဲ၊ ငါလည်း စားဝတ်နေရေးစရိတ်တွေ ပေးတော့ သူက စိတ်လှုပ်ရှားနေတာ။"

စကားပြောပြီးသောအခါ ချန်းယဲ့သည် ကျန်းယွီဆီသို့ လျှို့ဝှက်လွှဲပြောင်းငွေ ယွမ် 100,000 ကို လွှဲပေးခဲ့သည်။ "ဟေး၊ ကုန်သွားတဲ့ရင် အဖေ့ဆ်ိ လာတောင်း"

ကျန်းယွီသည် စာအိတ်နီကို မထင်မှတ်ဘဲ လက်ခံရရှိခဲ့ပြီး သူ့ကိုလျှာထုတ်ပြခဲ့သည်။ " ရှဲ့ယွမ်က သမီးရဲ့pro-dad ဖေဖေက အကောင်းဆုံး ပထွေး"

"အာ! မျက်လုံးဖြူဝံပုလွေလေး၊ ငါ့ပိုက်ဆံ ပြန်ပေး!"

"မပေးဘူး။"

...

နှစ်များစွာကြာပြီးနောက် ကျန်းယွီ ဟိုင်ချန်သို့ ထပ်မံရောက်ရှိလာသည်။ ဟိုင်ချန်လေဆိပ်သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကကဲ့သို့ပင် ။ ကော်ဖီဆိုင်ကို ပြုပြင်မွမ်းမံခြင်းနှင့် အိပ်ဆောင်အသစ်များစွာမှလွဲ၍ ဟိုင်ချန်တက္ကသိုလ်၏ ကျောင်းဝင်းက ပြောင်းလဲခြင်းမရှိပေ။

ကျန်းယွီ သည် ကျောင်းဝင်းအတွင်း လမ်းလျှောက်ရင်း သူရှူရှိုက်ထားခဲ့ဖူးတဲ့ လေကို ရှုရှိုက်ရင်း လွန်ခဲ့သည့် နှစ်နှစ်က လမ်းခွဲခြင်းနှင့် မေ့ပျောက်ခြင်းတို့ကို မကြုံစဖူးမြင်ဖူးသည့် ရှုခင်းကို ကြည့်ခဲ့သည်။

နှစ်နှစ်ကြာအောင် အိပ်မွေ့ချပြီးနောက် အိပ်မက်မှ နိုးထလာကာ မနေ့ကကဲ့သို့ အထက်တန်းကျောင်းပြီးသည့်အချိန်ကလို သူမ သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေဆဲပဲ။

ကျန်းယွီ သည် ဘွဲ့ရကျောင်း၏ reference roomတွင် ကျန့်ရှု့ရှု့ကိုတွေ့ရှိခဲ့သည်။

ဒေတာအခန်း၏ကောင်းကင်အလင်းရောင်သည် နေရောင်နှင့်ပြည့်နေပြီး လေထုက ဖုန်မှုန့်များဖြင့် ပြည့်နေသည်။ ကျန့်ရှု့ရှု့သည် နေရောင်အောက်တွင် ရပ်နေပြီး ဘောင်ခတ်ထားသော မျက်မှန်အထူကြီးကိုတပ်ကာ လုရွှင် ၏ "A Brief History of Chinese Novels" မိတ္တူကို သူမ၏လက်ထဲတွင် ကိုင်ဆောင်ကာ မိခင်တစ်ယောက်လို တိတ်ဆိတ်ပြီး ကျက်သရေရှိနေသည်။

ယခု သူမသည် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးပြီဖြစ်သည်။

"ကျွန်မ ဒီအချိန်ဒီကိုလာတာက သူ့ကို ခေါ်သွားတော့မလို့" ကျန့်ရှု့ရှု့ စကားမပြောနိုင်ခင် ကျန်းယွီ က အရင်ပြောခဲ့သည် "ကျွန်မ သူ့ကို ခေါ်သွားချင်တယ်၊ ရှင်သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူ့ကိုခေါ်သွားချင်တယ်"

ကျန့်ရှု့ရှု့ ပြုံးလိုက်သည် "နင် စောစောလာခဲ့သင့်တာ"

"ဘာ"

ကျန်းယွီ ကိုချူးလီမှ စိတ်ညှို့ပြီးနောက်၊ ချူးလီ နဲ့ ကျန့်ရှု့ရှု့က သူမ၏ မသိစိတ်ထဲတွင် အတူရှိနေသည်ဟု အမြဲထင်ထားခဲ့သည်။ ထိုအချိန်တွင် ရန်ရှင်း သူမထံရောက်လာပြီး ဤအသိပညာက ပိုမိုနက်ရှိုင်းလာသည်။

"ငါတို့ တခါမှ မတွဲဖူးဘူး၊ သူ ငါ့ကိုဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူး၊ သူ့မျက်လုံးထဲမှာ နင်တစ်ယောက်တည်းပဲရှိတာ"

ကျန်းယွီ လွှတ်ချလိုက်ပြီးမှသာ သူ့မှာ ထိုသို့သော အပြုံးမျိုး ရှိသည်ကို မြင်လိုက်ရသည်။

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့သည့် နှစ်နှစ်တွင် သူမ၏ မသိစိတ်က မချစ်တော့ဘူး လက်လွှတ်တော့မယ်လို့ ဆက်တိုက်ပြောနေသော်လည်း..... ကျန့်ရှု့ရှု့ လို သူဘယ်တော့မှ မရယ်ခဲ့ရပေ။

"ဒီနှစ်နှစ်အတွင်း သူဘယ်လိုနေခဲ့လဲ"

ကျန့်ရှု့ရှု့ ခေါင်းခါလိုက်သည် "မကောင်းဘူး၊ အရမ်းဆိုးတယ်"

ကျန်းယွီ ၏နှလုံးက တင်းကျပ်လာသည်။

"သူ စိတ်ညှို့ပညာရှင် လက်မှတ်ကို အမြင့်ဆုံးလယ်ဗယ်ရထားတယ်။ သူ ဒီလက်မှတ်ကို ရတာ ကျောင်းမှာ တစ်ဦးတည်းသော ကျောင်းသားလို့ ပြောလို့ရတယ်။သူ အတန်းထဲမှာ စိတ်ညှို့ ကြီးကြပ်ရေးမှူးတောင် လုပ်နိုင်တယ်ဆိုတာ တခြားသူတွေဆီကနေ ငါကြားဖူးတယ်။ ကြီးကြပ်ရေးမှူးဆိုတာက စိတ်ပိုင်းဆိုင်ရာ အကြံပေးတွေရဲ့ တိုင်ပင်မှုဆိုတာ နင်းလည်းသိမှာပါ။ သူက အရမ်းတော်ပါတယ်၊ ဒါပေမယ့် တကယ်ကို စိတ်ညှို့နိုင်ပြီး ကြီးကြပ်နိုင်လွန်းတယ်။ဒါကတကယ်ကြောက်စရာကောင်းတယ်"

ကျန့်ရှု့ရှု့ အသက်ပြင်းပြင်းရှူလိုက်သည် "ဘွဲ့လွန်သုတေသနအတွက် သူ့လျှောက်လွှာကို ကောလိပ်က ပယ်ချလိုက်တယ်ဆိုတာကို ကျွန်မ ကြားတယ်..."

"ဘာအကြောင်းကြောင့်လဲ"

ကျန့်ရှု့ရှု့ က ကျန်းယွီရဲ့နားဆီ ကပ်လိုက်ပြီး တိုးတိုးလေးပြောခဲ့သည် "အကြောင်းပြချက်က သူ့ဆီမှာ ရာဇ၀တ်မှုမျိုး ဖြစ်နိုင်လို့..."

"......"

"ဒါက ပရော်ဖက်ဆာရဲ့ မှန်းဆချက်ပဲ၊ ရာဇ၀တ်မှုဆိုင်ရာ စိတ်ပညာစာမေးပွဲတွေ အားလုံးစစ်ဆေးပြီးသွားပြီ။ စာမေးပွဲရလဒ်တွေအရ သူက သာမန်လူတွေထက်တောင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းတယ်။ ဒါပေမယ့်... ပရော်ဖက်ဆာ စုန့်ယွီဟဲက သူ့ကို ဆက်ပြီးစာလေ့လာလို့မရအောင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ။ ငါတို့ကျောင်းက အကြံပြုထားတဲ့ ဘွဲ့လွန်ကျောင်းသားတွေက သူ့ကို တခြားကျောင်းတွေမှာ တက်ဖို့ အကြံပြုစာတစ်စောင်မှ မရေးထားဘူးလို့ ကြားတယ်။ သူ့ပန်းတိုင်ကို ရောက်ဖို့ ဘာကမှသူ့ကိုတားလို့မရဘူး"

ကျန်းယွီ က မှင်တက်စွာပြောလိုက်သည် "ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲက ....ကောင်းတဲ့ဟာပဲကို"

"ဒါက တကယ်ကောင်းတာပဲလား" ကျန့်ရှု့ရှု့ က ကျန်းယွီ ကို ကြည့်လိုက်သည် "နင်က သူ့ကို အသိဆုံးလူပဲ။ သူ့မှာ ရာဇ၀တ်မှု ကျူးလွန်ဖို့ စိတ်သဘောထား ရှိလားဆိုတာပေါ့"

"သူ…"

ချူးလီ သည် ရာဇ၀တ်မှုများကျူးလွန်ရန် သဘောထားရှိရုံသာမက မဝေးတော့သောအနာဂတ်တွင် သူသည် ကြီးစွာသော ဖျက်ဆီးမှုကို ဖြစ်စေလိမ့်မည်။ သူသည် ရာဇ၀တ်မှုများကို သွေးထိုးလှုံ့ဆော်ပြီး လူထုလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည့် ပြစ်မှုအတွက် သေဒဏ်ချမှတ်မည်ဖြစ်သည်။

ကျန်းယွီ တစ်မိနစ်လောက် နှောင့်နှေးမနေနိုင်တော့ဘဲ ကျန့်ရှု့ရှု့ကိုမေးလိုက်သည် "ချူးလီ အခုဘယ်မှာလဲဆိုတာ သိလား။ ကျွန်မသူ့အိပ်ဆောင်ကို အခုပဲရောက်ခဲ့ပြီးပြီ၊ သူ ကျောင်းမှာမနေတော့ဘူးလို့ပြောတယ်"

"သူကျောင်းကထွက်သွားပြီး သူ့အခန်းဖော် သွမ့်ပေါ် နဲ့ အပြင် မှာတိုင်ပင်ဆွေးနွေးခန်း ဖွင့်ထားပုံရတယ်။ အသေးစိတ်ကိုတော့ ငါမသိဘူး။ သူ့သတင်းတွေကို ငါ ဂရုမစိုက်တော့ဘူးလေ။"

"ကျေးဇူးတင်ပါတယ်။"

ကျန်းယွီသည် ဘွဲ့လွန်ကျောင်း၏reference roomမှ ထွက်လာပြီး စိတ်ပညာကျောင်းရှိ ယောက်ျားလေးအနည်းငယ်ထံမှ၊ ဖုန့်ကျားလမ်းမကြီးပေါ်ရှိ ချူးလီ ၏ တိုင်ပင်ဆွေးနွေးခန်း၏ တည်နေရာဆီ အလွယ်တကူသွားဖို့ မေးမြန်းခဲ့သည်။

သူမသည် ကျောင်းတံခါးဝတွင် တက္ကစီခေါ်ပြီး ဖုန့်ကျား လမ်းဆီသို့ တည့်တည့်မောင်းလာခဲ့သည်။

လမ်းတွင် သူမသည် မသိတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ဖုန်းလက်ခံရရှိပြီးနောက်တွင် တစ်ဖက်၏အသံကိုကြားရသောအခါ သူမ အနည်းငယ် အံ့သြသွားခဲ့သည်။

အဖွားကြီး ပု ဖြစ်နေသည်။

ကျန်းယွီ သည် ဟိုင်ချန် တွင် အကြာကြီး အားလပ်ရက်ခရီးထွက်ခဲ့သည်ကို မစ္စစ်ပု သိလိုက်သောအခါ သူမ ဒေါသတကြီးဖြစ်ကာ သူမအားတိုက်ရိုက်ဖုန်းဆက်ခဲ့သည် "" Swan Lake" ရဲ့ ဖျော်ဖြေတင်ဆက်မှုက မကြာခင်လာတော့မှာ။ အားလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီး တစ်မိနစ်လောက်လေးတောင် မနားရဲကြဘူး။မင်းကတော့ စာသင်ခန်းက ထွက်ကာ ဟိုင်ချန်ကို အကြာကြီး အပန်းဖြေခရီးထွက်နေတယ်၊ ဘုရင်မဖလားကို တကယ် မလိုချင်ဘူးလား။"

ကျန်းယွီ သည် မစ္စစ်ပုက သူမကို မြေးမလေးအဖြစ် လုံးဝမှတ်ယူထားကြောင်း ကျန်းယွီ သိရပြီး ကျန်းယွီ၏ မျှော်လင့်ချက်တွေက ပုရှီးကို ယခင်က သူမမျှော်လင့်ထားသလိုပဲ မြင့်မားခဲ့သည်။

"ပုရှီး swan queenအဖြစ် ကပြတာတောင် queen နေရာကို မရနိုင်ဘူး၊ ဒါပေမယ့် မင်းကတော့လုပ်နိုင်မှာ။"

မဒမ်ပု ၏မျက်လုံးတွေက ကြမ်းတမ်းလွန်းသည်၊။ပုရှီးက တကယ်တော်ပြီး သန်မာတယ်လို့ ကျန်းယွီ က ခံစားမိသော်လည်း ပုရှီး ၏ အပေါ်ပိုင်းကန့်သတ်ချက်ကို တစ်ချက်လေးနဲ့ကြည့်နိုင်သည်

" ရှောင်ယွီ စကားနားထောင် အခု ပြန်လာခဲ့၊ တခြားဟာတွေကို မတွေးနဲ့။ မင်း ဒီ queenဆုကို အနိုင်ယူနိုင်ရင် မင်းကသမိုင်းမှာ အငယ်ဆုံးဘဲလေးဘုရင်မ ဖြစ်လာလိမ့်မယ်၊ ဒီဂုဏ်သိက္ခာက ဘာအတွက်လဲ မင်းအမေက ချန်ပီယံဆုရခဲ့တာကို မင်းသိလား။ အဲဒီတုန်းက သူက အသက် နှစ်ဆယ့်ခြောက်နှစ်ရှိသေးတယ်၊ ဒါပေမယ့် မင်းက ဒီနှစ်မှာ နှစ်ဆယ့်တစ်နှစ်ပဲရှိသေးတယ်"

ကျန်းယွီသည် မစ္စစ်ပု၏ စကားများကို မနှောင့်ယှက်ဘဲ ငြိမ်သက်စွာ နားထောင်ပြီးနောက် ပြောလိုက်သည်။ “အဘွား၊ ဘုရင်မ ဆုဖလားက အဘွားအတွက် တကယ်အရေးကြီးလား”

"ကြီးတာပေါ့"

"အမေ့အသက်ထက် ပိုအရေးကြီးလား"

"......."

"အဲဒါက သူ ထွက်သွားရတာက မတော်တဆမှုဖြစ်ပြီး ဘယ်သူမှ အဲ့တာကို မမြင်ချင်ကြပါဘူး"

မစ္စစ်ပု စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည် "မင်းရဲ့ပန်းတိုင်က မင်းအမြဲတမ်းဘုရင်မဖြစ်ဖို့၊ မင်းရဲ့ ရှောင်ရှီး နဲ့ မင်းရဲ့ပြိုင်ဆိုင်မှုနဲ့ ညဥ့်နာရီအထိ လေ့ကျင့်မှုတိုင်းအတွက်က အဲ့တာရဖို့အတွက် မဟုတ်လား။ ဒါပေမယ့် တစ်နေ့တာရဲ့အဆုံးမှာတော့ မင်းလက်လျှော့လိုက်တယ်။ မင်းရဲ့ကြိုးစားအားထုတ်မှုကို နေ့ရောညပါ နေ့တိုင်းလုပ်နေတာက မှန်ရောရဲ့လား"

ကျန်းယွီ တည်ငြိမ်စွာပြောလိုက်သည်။ "ပန်းတိုင်တွေက အရေးကြီးပါတယ်၊ ဒါပေမယ့် ကျွန်မက လမ်းတလျှောက်က ရှုခင်းတွေကို ပိုဂရုစိုက်တယ်၊ အရေးကြီးတဲ့လူတွေကိုပဲ စောင့်ရှောက်ချင်တယ်"

ပုရှီး၊ ချူးလီ၊ အဖေနဲ့အမေ... ဒီလူတွေက သူမဘဝရဲ့ အနာဂတ်ခရီးမှာ အတောက်ပဆုံး ရှုခင်းတွေပါပဲ။

ဖုန်းမှတဆင့် ကျန်းယွီသည် မစ္စ်ပု၏ အံကြိတ်နေတဲ့အသံများကို ကြားနေရသည်။

"သေချာတာပေါ့၊ ဒါမှ သူမရဲ့ကလေးပဲ၊ မင်းနဲ့သူမက အတူတူပဲ ခေါင်းမာကြတယ်!"

စကားပြောပြီးနောက် သူမ ဖုန်း ချသွားသည်။

ကျန်းယွီ ပြုံးဖြဲဖြဲလုပ်နေခဲ့သည်။

ဒီအဖွား... စိတ်ဆိုးသွားပြီ အရမ်းကြောက်စရာကောင်းတာပဲ။

ပုရှီးက သူမကို ကြွက်နဲ့ကြွက်လို မြင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။

...

သူ့အတန်းဖော်တွေပေးတဲ့ လိပ်စာအရ ကျန်းယွီ သည် ဟိုင်ချန် ၏ မြို့ဟောင်းလမ်းဟု မှတ်ယူထားသည့် ဖုန့်ကျားလမ်းကြားသို့ ရောက်လာသည်။ အိမ်တွေက အတော်လေးနိမ့်ပြီး အနီးနားက ဈေးဆိုင်တွေက ဟောင်းပြီး မီးခိုးရောင်ဖြစ်သည်။

လိပ်စာအရ သူမသည် စိတ်ရောဂါကုဆေးခန်းတံခါးကို ရောက်လာသည်။ ဒီဆေးခန်းကို ဆိုင်နှစ်ခုနဲ့ ဖွဲ့စည်းထားသည်။ ၎င်းသည် ကြီးမားသည် သို့မဟုတ် အတော်လေးကြီးမားသော်လည်း အလှဆင်မှုမှာ အလွန်ကောင်းမွန်ပြီး အတွင်းပိုင်းအလင်းရောင်မှာ အတော်လေးမှိန်နေသည်။

ကျန်းယွီ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ဘေးရှိ ဆံပင်ညှပ်ဆိုင်က ဖန်သားပြင်မှန်ရှေ့တွင် ရပ်ကာ သူ့ကိုယ်သူ ကြည့်လိုက်သည်။

သူမသည် လန်းဆန်းပြီး ပေါ့ပေါ့ပါးပါးဆန်တဲ့စကတ်ရှည်နှင့် suitနှစ်ခုကို ၀တ်ထားသည်။ သူမကိုကြည့်ရတာ သွယ်လျလွန်းသည်။ သူမရဲ့ဆံပင်တွေက ပုခုံးထက်မှာ လှိုင်းကြီးပုံစံချထားသည်။ သူမသည် တမင်တကာ သူမ၏ ponytail ကိုဖြည်ထားပြီး သူမ၏ စိတ်နေစိတ်ထား ကို ရင့်ကျက်စေ သည်။

သူမသည် နှုတ်ခမ်းနီကို တစ်ဖန်ထုတ်ကာ သူ့ကိုယ်သူ ဆိုးလိုက်ပြီး သူမကို ပိုပြီးကြည့်ကောင်းသွားစေသည်

သူဘာပဲဖြစ်လာလာ ကျန်းယွီ သူ့ကိုတွေ့ရင် ကောင်းကောင်းဝတ်စားဆင်ယင်ရမယ်။

မိန်းမဆိုတာ ကိုယ့်ကိုကိုယ် သဘောကျနေရမယ့်သူ။

သူ့ကိုယ်သူ ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျန်းယွီ အသက်ပြင်းပြင်းရှူကာ သတ္တိထုတ်ပြီး ဤစိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခန်းထဲသို့ ဝင်သွားသည်။

အခန်း၏အတွင်းပိုင်းအလှဆင်မှုသည် တိုင်ပင်ဆွေးနွေးခန်းတစ်ခုလို ခံစားရသည်။ အနက်ရောင် ကန့်လန့်ကာများသည် နောက်ပြတင်းပေါက်မှ နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ ဧည့်သည်များအိပ်စက်ရန်အတွက် အထူးကုတင်တစ်လုံးနှင့် သက်တောင့်သက်သာရှိသော ဆိုဖာကုလားထိုင်များရှိသည်။

စားပွဲခုံတွင် မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးက မိုဘိုင်းလ်ဂိမ်းကို ကစားနေသည်။

စားပွဲနောက်မှာ စခရင်တစ်ခုရှိသည် ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး သူ့ခြေထောက်မှာ...aj sneakers အဟောင်းတစ်ရံကို ဝတ်ဆင်ထားသောကြောင့် စခရင်နောက်မှာ တစ်ယောက်ယောက် အိပ်နေတာဖြစ်မည်ဟု ကျန်းယွီ ခန့်မှန်းခဲ့သည်။

မျက်မှန်တပ်ထားသည့် အမျိုးသားမှာ ချူးလီရဲ့ အခန်းဖော် သွမ့်ပေါ် ဖြစ်သည်။ ဧည့်သည်ဝင်လာတာကိုကြားသောအခါ ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်သည်။ ခေါင်းလည်းမထောင်လာ ဂိမ်းကိုလည်း မရပ်ခဲ့ပေ။

"ထိုင်ပါ"

ကျန်းယွီ စားပွဲပေါ်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

သွမ့်ပေါ် မေးလိုက်သည် "မင်းမှာ မေးစရာရှိလား"

"ကျွန်မ ညှို့ယူခံထားရတယ်။"

ဒီအသံကိုကြားတော့ စခရင်နောက်က AJ sneakers ဝတ်ထားတဲ့ ခြေထောက်က ချက်ခြင်း ကျုံ့သွားသည်။

ကျန်းယွီကိုကြည့်ဖို့ သွမ့်ပေါ် က မျက်လုံးပင့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖုန်းကို ချက်ချင်းချလိုက်ပြီး သူ့မျက်လုံးတွေက သူမကို စိုက်ကြည့်နေကာ ပြန်မခွာနိုင်ခဲ့ပေ။

ဒီဧည့်သည် အမျိုးသမီးက အရမ်းလှတယ်။

ဒီမျက်နှာ၊ ဒီရုပ်၊ လုံးဝကြီးကိုလှတာ!

"မင်း... မင်းကိုဘယ်သူက စိတ်ညှို့တာလဲ "

"ကျွန်မရည်းစား။"

ကျန်းယွီ သည် ဖန်သားပြင်နောက်ဘက်ရှိ လူ၏ ဖြည်းညှင်းတဲ့ အသက်ရှုသံကို ကြားလိုက်ရသည်။

"မင်းရည်းစားလား။ သူက မင်းကိုဘာလို့ စိတ်ညှို့တာလဲ။ မင်းဆန္ဒကို ဆန့်ကျင်ပြီး တစ်ခုခုလုပ်ခဲ့တာလား..."

သွမ့်ပေါ်သည် ကြီးမားသော အက်ရှင်ဇာတ်ကားတစ်ကားကို စိတ်ကူးယဉ်ထားပြီးဖြစ်သည်။

"မဟုတ်ဘူး၊ သူ ကျွန်မကို စိတ်ညှို့ခဲ့တာက၊ သူ့ကို မကြိုက်တော့အောင် လုပ်တာ၊ သူ့ကို မေ့ပစ်လိုက်အောင်ပေါ့"

"အာအဲ့လိုလား..."

ထိုအချိန်တွင် စားပွဲရဲ့အံဆွဲအတွင်းမှ မြွေဖြူလေးတစ်ကောင်က ဟနေတဲ့နေရာမှ ထွက်လာသည်။

ကျန်းယွီသည် ရင်းနှီးပြီးသား မြွေဖြူလေးကို မြင်တော့ ရှောခ့်ရသွားပြီး မကျေမနပ်နဲ့ အံကြိတ်ခဲ့သည် "သူက ကျွန်မရဲ့အိမ်မွေးတိရစ္ဆာန်ကိုလည်း ခိုးသွားသေးတယ်!"

"ဒါက ဆိုးလွန်းအားကြီးသွားပြီ ဟုတ်တယ်မလား!" သွမ့်ပေါ် လည်း ဒေါသတွေနဲ့ ပြည့်နှက်နေသည်- "လမ်းခွဲပြီး ကလေးကို ဖမ်းသွားတာ အရမ်းလွန်သွားပြီ!"

"တော်တော့်ကိုလွန်တာ"

".......အဲ့တာ ကြောင်လား ခွေးလား"

"မြွေ"

ထို့နောက်တွင်တော့ လူနှစ်ဦး၏ မျက်လုံးတွေက စားပွဲပေါ်ရှိ မြွေဖြူလေးပေါ် တပြိုင်နက်တည်း ကျရောက်သွားပြီး သွမ့်ပေါ် ၏ ပါးစပ်ထောင့်တွေက တုန်လှုပ်သွားသည် "မြွေဖြူတော့မဟုတ်ပါဘူးနော်"

"အဖြူရောင်ပဲ"

"မဟုတ်သေးဘူး...... အဲ့အကောင်က စားပွဲပေါ်ကဟာတော့မဟုတ်လောက်ပါဘူးနော် ..."

ထို့နောက်တွင်၊ မြွေလေးက ကျန်းယွီ ၏လက်ကောက်ဝတ်ပေါ်ကနေတက်ကာ သူမ၏ပုခုံးပေါ်သို့ တွားသွားကာတက်သွားပြီး အလွန်ပျော်ရွှင်နေပုံရကာ သူမ၏မျက်နှာကို ချစ်ခင်စွာ ပွတ်သပ်ခဲ့သည်

"အမေ ဒီမှာရောက်နေပြီနော်"

သွမ့်ပေါ် - "..."

သူ တံတွေး မျိုချလိုက်ပြီး ခက်ခက်ခဲခဲ မေးခဲ့သည် "ဒါဆို မင်းကို စိတ်ညှို့ပြီး ကလေးကို ခိုးသွားတဲ့ မင်းရဲ့ ဆိုးသွမ်းတဲ့ ရည်းစားက... မဟုတ်လောက်ဘူးမလား..."

"ချူးလီ ထွက်ခဲ့"

All Chapters