← Chapters

Chapter 107

Vol. 10 Ch. 107

Chapter 107

Vol. 10 Ch. 107

အမှောင်ထဲမှာ ကျန်းယွီ က ချူးလီ ကို တွန်းလိုက်သည် "သွား circuit ပြင်ပေး"

"အဲဒါကောင်းတယ်။" ချူးလီက စားပွဲထောင့်ကို မှီပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည် " မင်းငါ့ကို မြင်သွားတာ ငါမလိုချင်ဘူး"

အခု သည်းမခံနိုင်လောက်အောင်ဖြစ်နေတဲ့ မင်းကို ငါ့ကိုမမြင်သွားစေချင်တော့ဘူး...

ကျန်းယွီ ပြောလိုက်သည် "ဒါပေမယ့် နင်ငါ့ကိုမြင်ရတာမျိုး ငါဖြစ်စေချင်တယ်"

"ဘာလို့လဲ"

"ငါ မိတ်ကပ်လိမ်းတာ အချိန်နှစ်နာရီလောက်ပေးထားရတာ။ နင် မကြည့်ဘူးဆိုရင် ငါ albino ဖြစ်သွားလိမ့်မယ်။"

"..."

"ဖေဖေယဲ့ ငါ့အတွက်ဝယ်ပေးခဲ့တဲ့ အလှကုန်တွေက အရမ်းဈေးကြီးတယ် တစ်ကြိမ်လိမ်းရင် ဒါဇင်နဲ့ချီတဲ့ အလှကုန်ပစ္စည်းတွေလိမ်းရသေးတာ။ နင်မကြည့်ရင် နင်ငါ့ကို ပိုက်ဆံ ပြန်ပေးရမယ်"

"..."

ချူးလီ၏ သနားစရာကောင်းတဲ့ စိတ်အခြေအနေက ကလေးမလေးအား ရုတ်တရက် ရယ်မောသွားစေသည်။

သူထပြီး အပြင်ထွက်ကာ electric boxကိုဖွင့်ကာ မီးခလုတ်ကို ပြင်လိုက်သည်။ ခဏကြာတော့ အခန်းထဲက အလင်းရောင်က တောက်ပလာသည်။

ချူးလီ အခန်းထဲသို့ ဝင်လာပြီး တစ်ကိုယ်တည်း ဆိုဖာပေါ်၌ ကွေးနေတဲ့ မိန်းကလေးငယ်လေးကို မိတ်ကပ်မှန်ဝိုင်းဝိုင်းလေး ကိုင်ထားကာ မိတ်ကပ်ပြင်နေသည်ကို တွေ့လိုက်ရသည်။

ချူးလီ သူမဆီသို့ လှမ်းလာပြီး မေးစေ့ကို လက်ချောင်းထိပ်များဖြင့် ပင့်လိုက်ကာ "ငါကြည့်ဦးမယ်၊ ဘယ်မိတ်ကပ်က အရမ်းစျေးကြီးလဲဆိုတာ" လို့ပြောပြီး သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။

ကလေးမလေးရဲ့ မျက်နှာပေါ်က မိတ်ကပ်လိမ်းခြယ်မှုက အရမ်းပေါ့ပါးတယ်၊ သူ့မျက်တောင်တွေကို ကော့ပြီး ခြယ်ထားတာဖြစ်မယ်၊ သူ့ပါးပြင်တွေက သဘာဝအတိုင်း နီမြန်းနေတယ်၊ သူ့ကို ချိုသာစွာ ပြုံးပြပြီး ပါးချိုင့်လေးတွေကနက်နက်လေးတွေ။

နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ မျက်နှာအသွင်အပြင်က ငယ်ငယ်တုန်းကလို ကလေးမဆန်တော့ဘဲ တောက်ပပြီး လှုပ်ရှားလာကာ ပိုပိုပြီး လှလာသည်။

ကျန်းယွီမှာ ယခုအခါတွင် မိန်းမဆန်သော စိတ်ထား အနည်းငယ်ရှိသည်။

"ကောင်းနေလား ဆိုးနေလား" ကျန်းယွီက သူ့ကို ချဉ်းကပ်ဖို့ အစပြုပြီး ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့မေးလိုက်သည် "ငါ့ချစ်သူက ဒါကို သဘောကျသေးရဲ့လား"

"အင်း...အဆင်ပြေပါတယ်"

ချူးလီ သည် သူ့အကြည့်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့စိတ်ထဲက စိတ်လှုပ်ရှားနေတဲ့ ဆန္ဒကို သူမမြင်သွားမှာကို စိုးရိမ်သဖြင့် သူမကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ပေ။

"အဆင်ပြေရုံပဲလား" ကျန်းယွီက အဖြေကို စိတ်တိုင်းမကျနေပေ "ငါ့ချစ်သူက ငါ့ကို မကြိုက်ဘူးလား"

"ငါမင်းရဲ့ရည်းစားမဟုတ်တော့ဘူး" ချူးလီ အမှန်ပြင်ပေးခဲ့သည် "ငါတို့ လမ်းခွဲပြီးပြီ၊ အဲ့နေ့ညက ငါတို့ အေးအေးဆေးဆေး လမ်းခွဲခဲ့တာကို မှတ်မိတယ်"

ထိုညအကြောင်းပြောလာတော့ ကျန်းယွီ စိတ်ကောက်သွားခဲ့သည် "ငါ့ကို စိတ်ညှို့ခဲ့တဲ့သူကနင်လေ!"

"မင်း မအိပ်ခင် ငါ စိတ်မညှို့ခဲ့ဘူး" ချူးလီ အေးအေးဆေးဆေး ရှင်းပြလိုက်သည်- " လမ်းခွဲမယ်လို့ မင်း ပြောတာ။ မင်းရဲ့ မသိစိတ်ကိုပဲ ငါ စစိတ်ညှို့လို့ရတာ မင်းရဲ့ဆုံးဖြတ်ချက်ကိုမဟုတ်ဘူး "

"နင် ငါ့ကို စိတ်ညှို့ခဲ့တာ!"

"ဟုတ်တယ် ငါ လုပ်တယ် "

"ဒါဆို လမ်းခွဲတာကို ထည့်မတွက်ဘူး"

"......"

ကလေးမလေးက လှည့်ကွက်တွေ သုံးနေတာမျိုးကို ချူးလီ မြင်လိုက်ရသည်။

တကယ်တော့ သူဒီနေ့တစ်နေ့ခင်းလုံး ဒီအကြောင်းကို တွေးနေပေမယ့် ဘာကြောင့် စိတ်ညှို့တာ ကျရှုံးသွားလဲဆိုတာကိုတောင် သူ မတွေးခဲ့မိပါဘူး။ သူ့ရဲ့ စိတ်ညှို့ခံထားရသူတွေက သူကိုယ်တိုင်ကိုယ်ကျ မနှိုးခဲ့လျှင် ၎င်းတို့သည် စိတ်ညှို့ခံထားရကြောင်းကို ဘယ်သောအခါမှ သဘောပေါက်မည်မဟုတ်ပေ။

အထူးသဖြင့် ကျန်းယွီကို သး နှစ်ကြိမ်တိုင်တိုင် စိတ်ညှို့ထားသည်။ ပထမအကြိမ်က လုံလောက်တဲ့ လေးနက်မှု မရှိခဲ့ဘူးဆိုရင်၊ ဒုတိယ အကြိမ်မှာ သူမ သူ့ကို လုံးဝ မေ့သွားလိမ့်မည်။

ဒါပေမယ့်... မအောင်မြင်ဘူး။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း သူ့ရဲ့ ပထမဆုံး ကျရှုံးမှုပါပဲ။

ကျန်းယွီရဲ့ ဗိုက်ထဲက အော်နေသည် သူမ တစ်နေ့လုံး ဘာမှမစားရသေးပေ။

ချူးလီက သူမဗိုက်ဆာနေမှာစိုးတာကြောင့် သူ အမြန်ပြန်လာကာ လမ်းတွင် သူမအကြိုက်ဆုံး ပြောင်းဖူးထည့်ထားတဲ့ ဝမ်တန်များကို ဝယ်လာခဲ့သည်။

သူက ဝမ်တန်တွေကို မိုက်ခရိုဝေ့ဖ်ထဲမှာ ထည့်ပြီး တစ်ချိန်တည်းမှာပြောလိုက်သည် "စားပြီးရင် မင်းကို ဟိုတယ်ကို ခေါ်သွားပေးမယ်။ လက်မှတ်က မင်းအတွက် ကြိုမှာထားပြီးသား။ မနက်ဖြန် နေ့လည် ပိုင်ချန်ကို ပြန် မနက်ခင်းတော့ အိပ်လိုက်"

ကျန်းယွီက ပါးစပ်တစ်ပေါက်တည်းနဲ့ ငြင်းလိုက်သည် "မပြန်ဘူး"

"ဘာလို့လဲ"

"ငါထွက်သွားရင် နင် သေလိမ့်မယ် ငါနင့်ကိုကြည့်နေပေးမှဖြစ်မယ်"

ချူးလီ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည် "ငါ ဘယ်မှာသေမယ်ဆိုတာ မင်းသိလား"

"ငါ့အိပ်မက်ထဲမှာ။"

"......."

ချူးလီ အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသည် "ဒါဆို မင်းက ငါ့ကို ဘယ်လို ကယ်တင်ဖို့ စိတ်ကူးထားလဲ၊ ငါ့ဆိုင်မှာ နေ့တိုင်း နေမို့လား။ တစ်သက်လုံးနေမို့လား"

"မဟုတ်ဘူး" ကျန်းယွီသူ့ကို လေးလေးနက်နက် ကြည့်လိုက်သည် "နင့်ရဲ့ ခြေလှမ်းတိုင်းကို လိုက်ဖို့ ငါစီစဉ်ထားပြီးပြီ နင့်ကို မျက်စိရှေ့ကနေပျောက်သွားခွင့်မပေးနိုင်ဘူး"

ပထမတော့ ချူးလီက သူမ ချဲ့ကားပြောဆိုမှာပဲလို့ထင်ခဲ့ပေမယ့် ကျန်းယွီက သူ့ကိုဘယ်တော့မှ ထွက်သွားခွင့်မပေးဘူးလို့ပြောမှာကို သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ အမှန်ပဲ… တစ်လက်မတောင်မခွာဘူး

သူ တူတွေယူကာ သူ့အဝတ်ထောင့်ကို ဆုပ်ကိုင်ထားသည်။ ရေခဲသေတ္တာထဲက အချိုရည်ဘူး ယူဖို့ အပေါ်ထပ်ကို တက်သွားတော့ သူမက အပေါ်ထပ်ကို တက်လိုက်လာသည်၊ သူအိမ်သာသွားသည့်တိုင် ကျန်းယွီက အိမ်သာတံခါးဘေးတွင်ရပ်နေကာ တံခါးကိုလောခ့်မချခိုင်းဘူး ဒါပေမယ့် သူ့နောက်ကိုလည်း ကြည့်နေသည်။

"....."

ချူးလီ အချိန်အတော်ကြာ မတ်တပ်ရပ်လိုက်သည်။ အရာအားလုံးက သူ့ကို မွန်းကျပ်စေသည်။

"ကျန်းယွီ ၊ တော်လောက်ပြီ။"

ချူးလီ သူ့ဘောင်းဘီဇစ်ဆွဲလိုက်ပြီး တည်ငြိမ်သောမျက်နှာဖြင့် အိမ်သာမှ ထွက်သွားသည် "ဒီလိုမိန်းကလေးမျိုး ဘယ်မှာရှိလို့လဲ တခြားသူအိမ်သာသွားတာကိုကြည့်နေတာ"

"ဘာဖြစ်လို့လဲ၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားပဲဟာ " ကျန်းယွီ ပြုံးပြီး ခြေဖျားထောက် မတ်တပ်ရပ်ကာ မေးစေ့ကို သူ့ ပခုံးပေါ်တင်ကာ သိမ်မွေ့သော အရှိန်အဝါဖြင့်ပြောလိုက်သည် "နင့်ဟာကိုမမြင်ပါဘူး"

ချူးလီ မျက်နှာရဲလာပြီး နားရွက်တွေတောင် ပန်းရောင်သန်းလာသည် " မင်းဘာလိုချင်လဲ "

"နင်ဘာတွေလုပ်နေလဲ ငါမသိဘူး၊ ဒါပေမယ့် မကောင်းတာတော့ဖြစ်မယ်။ ငါနင့်ကိုကြည့်ချင်တယ်" ကျန်းယွီ ခေါင်းမာမာနဲ့ပြောခဲ့သည် "နင့်ကို အမှားလုပ်ဖို့ အခွင့်အရေးမပေးဘူး"

ချူးလီ ဒေါသရေးရေးလေးထွက်လာသည် "မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်လဲ၊ မင်းဘာသာ လှုပ်ရှားနေတာလား၊ ငါ့ကို ကယ်တင်ချင်နေတာလား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ ငါမင်းကိုမကြိုက်တော့တာကြာပြီ"

သူက ရက်စက်ပြီး ကြောက်စရာကောင်းပုံရသည်။

ကျန်းယွီ သူ့ကိုကြည့်လိုက်သည် "တကယ်လား"

"ဟုတ်တယ် ငါမကြိုက်တော့ဘူး ထွက်သွားလိုက်တော့"

"......"

"လှိမ့်လိုက်တော့"

ကလေးမလေး၏ မျက်လုံးတွေက တခဏချင်း နီရဲလာပြီး သူမငိုပြီး ထွက်မသွားခင်လေးမှာပဲ ချူးလီ က လှည့်ပြီး lollipopတစ်ချောင်းကို ထုတ်ကာ အခွံ ခွာပြီး သူမ ပါးစပ်ထဲထိုးထည့်လိုက်သည် ဒုတိယကတော့-

"နောက်တာပါ ငါမှားသွားပါတယ်"

ကျန်းယွီ မျက်ရည်တွေကို သုတ်လိုက်ပြီး၊ lollipopငုံထားတဲ့ သူ့ပါးပြင်နဲ့ ပြောခဲ့သည် "ငါ့အဖေက ငါ့ကို မကန့်ကွက်ဘူး"

"နိုး၊နိုး နိုး ပြင်းထန်တယ် "

"ငါ့ကိုသွားခွင့်ပေးပါ"

"လှိမ့်လိုက်တော့ ဆိုတာမှာ အဓိပ္ပါယ်အမျိုးမျိုးရှိတယ်။ ဥပမာ၊ ခွေးလို မြေကြီးပေါ်မှာ လှိမ့်ပြတာက အရမ်းချစ်စရာကောင်းတယ်။မင်းကို ငါပြမယ်။"

အဲဒါနဲ့ သူတကယ် ကြမ်းပြင်ပေါ်မှာ လှဲကာ လှိမ့်ပြခဲ့သည်

"......"

ကျန်းယွီက သူ့ကို ကန်ထုတ်ပြီး ဒေါသတကြီးနဲ့ပြောခဲ့သည် "ငါ့ကို ဒေါသထွက်အောင်မလုပ်နဲ့ မဟုတ်ရင် ငါတကယ် စိတ်ဆိုးမိလိမ့်မယ်"

"စိတ်ဆိုးရင် ထွက်သွားမှာလား။"

"စိတ်ဆိုးနေရင် နင် အိမ်သာသွားရင် နေ့တိုင်း နောက်ကလိုက်ကြည့်မှာ"

"..."

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြတော့တဲ့နောက်မှာ ကလေးမလေးက အသားအရေ အများကြီး ကောင်းလာပြီး ပိုရွှင်လန်းတဲ့ စရိုက်ရှိတယ်လို့ ချူးလီ ခံစားခဲ့ရသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမကို လူများက အလိုလိုက်တာ ပိုများလာတာကြောင့် ဖြစ်နိုင်သည်။ အရင်တုန်းကတော့တစ်ခါမှ ချွဲပြတာတွေ ကွန်ပလိန်းတက်တာတွေမလုပ်ခဲ့ပေ။သူမက အမြဲတမ်း သန်မာခဲ့သည်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူမမှာ ဖခင်တစ်ယောက်ရှိခဲ့ပြီး နောက်ထပ် ဖခင် နှစ်ယောက်ဖြစ်သွားပြီး သူတို့နှစ်ယောက်က သူမရဲ့အားပေးတဲ့သူဖြစ်လာသည်။

သူမရဲ့ အပြောင်းအလဲကို မြင်တော့ ချူးလီ အရမ်းပျော်သွားသည်။

ဒီမိန်းကလေးက သူ့နောက်ကို လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ချူးလီက သူမကို ဟိုတယ်ကို ခေါ်သွားပြီး အခန်းဖွင့်ရုံပဲ လုပ်နိုင်ပါသေးသည်။

တိုင်ပင်ဆွေးနွေးခန်းထဲမှာ တစ်ညလုံး သူမကို အမှားလုပ်မိအောင် လုပ်လို့မရဘူး။ ညဘက်မှာ ကြွက်တွေရှိသည်။ မြွေဖြူလေးတောင်မှ ကြောက်ရတဲ့ ကြွက်အကြီးကြီးတွေ။

လမ်းခရီးမှာ လွယ်အိတ်နဲ့ ခရီးဆောင်အိတ်ကို သယ်သွားခဲ့သည်။

ခရီးဆောင်အိတ်က အလွန်လေးလံပြီး သူမဘယ်လောက် သယ်လာသည်ကို သိနိုင်သည်။ သူမ ဟိုင်ချန်မှာ အချိန်အကြာကြီး စခန်းချမယ့်ပုံရသည်။

သူ့ကို ဆုံးရှုံးရမှာကြောက်လို့ သူ့အဝတ်ထောင့်မှာ တွယ်ကပ်နေတဲ့ သူမကို ငုံ့ကြည့်လိုက်သည်။

"မင်းဒီလိုလုပ်စရာမလိုဘူး ငါမပြေးပါဘူး"

"ငါ နင့်ကို မယုံတော့ဘူး"

ဤလူတွင် ဖြစ်နိုင်ချေ မြင့်မားပြီး သတိမပြုပါက စိတ်ညှို့ခံရမည်။

ကျန်းယွီမှာ မြင့်မားသော အာရုံစူးစိုက်မှုရှိသော စွမ်းအင်ရှိရမည်ဖြစ်ပြီး ဇွဲလုံ့လဖြင့် မိမိကိုယ်ကို သတိရှိရှိ ထိန်းထားမည်ဖြစ်သည်။ သူ့ကို ဘယ်တော့မှ အောင်မြင်ခွင့် ပေးမှာမဟုတ်ဘူး။

သူမ သူ့ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ချူးလီမှာ သူမကို ခွင့်ပြုဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

"အဲ့အချိန်တုန်းက ထိုင်းမှာ နင်ရောရှိနေတယ် မလား" ကျန်းယွီသည် ကလဲ့စားချေသည့်အနေဖြင့် သူ့အရိပ်ကို တက်နင်းခဲ့သည်။

"ဟုတ်တယ်။" ချူးလီပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

"ငါမူးနေတုန်း နင် နမ်းခဲ့လား"

"မနမ်းဘူး"

"နင်ပဲဖြစ်နိုင်တယ်"

"ဘာလို့ဒီလိုပြောတာလဲ"

"နင်ကလွဲရင် ငါ့နှုတ်ခမ်းကို ဘယ်သူမှ ကိုက်မှာမဟုတ်ဘူး။"

"အဲဒါ ဘာမှ သက်သေပြစရာမရှိဘူး။"

"နင်ကလွဲရင် ငါ့ကိုနမ်းပြီးသွားရင် ဘယ်သူမှ နှုတ်ခမ်းနီပြန်ဆိုးပေးမှာမဟုတ်ဘူး" ကျန်းယွီ အံကြိတ်ပြီးပြောလိုက်သည် "အဲ့တာကြီးက ဝက်အူချောင်းလိုပဲ၊ ချူးလီ၊ နင် ကိုယ့်ကိုယ်ကို အရမ်းဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။"

"......"

"နင် ငါ့ရဲ့အားငါ့လီကိုလည်း ယူသွားတယ်" ကျန်းယွီ က သူ့ပခုံးပေါ်ရှိ မြွေလေးကို ကြည့်လိုက်သည် "ငါ သူ့ကိုယွမ်နှစ်ထောင်နဲ့ ဝယ်ခဲ့တာ နင်ကသူခိုးပဲ!"

"မင်းကို ဒီလောက် ဆိုးတဲ့နာမည်ပေးဖို့ ဘယ်သူက တောင်းဆိုလို့လဲ။"

"ဒါဆို နင်နာမည်လှလှလေးပေးလိုက်ပါလား"

" ရှောင်ယွီယ်ွီ"

"....."

ချူးလီ သည်ကျန်းယွီ ကို ကြယ်လေးပွင့်ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားကာ သူမ၏အခန်းကို တစ်ညတာဖွင့်ကာ သူမ၏ခရီးဆောင်အိတ်ကို အခန်းထဲတွင်ထားခဲ့သည်။

"ဒီည ရေချိုးပြီး အနားယူလိုက်။ မနက်ဖြန်နေ့လည် လေဆိပ် သွားဖို့လာခေါ်ပေးမယ်"

ကျန်းယွီ က သူ့အဝတ်အစားထောင့်ကို ဆွဲကိုင်လိုက်သည် "ငါ နောက်နေတာလို့ နင်ထင်နေတာလား"

ချူးလီက သူမလက်ကို ဆွဲဖယ်လိုက်တော့ ကျန်းယွီ က ထပ်ပြီး ဆုပ်ကိုင်လိုက်ပြန်သည်။

ထပ်ပြီးဆွဲဖယ်ရင် ထပ်ပြီးဆုပ်ကိုင်ထားသည် ...

ချူးလီအသက်ပြင်းပြင်းရှူပြီး သူမကိုကြည့်ကာ စိတ်ရှည်ရှည်နဲ့ပြောလိုက်သည် "ကျန်းယွီ ၊ မင်းဘာလိုချင်လို့လဲ"

"နင်ဘာလိုချင်လဲ"

"ငါ မင်းကို နာခံမှုအပြည့်နဲ့ အိမ်ပြန်စေချင်တယ်။ မင်းရဲ့ "Swan Lake" ဖျော်ဖြေမှုက လအနည်းငယ်တောင်မလိုတော့ဘူး။ မင်းအခုလုပ်ရမယ့်ဟာက ကောင်းကောင်းလေ့ကျင့်ပြီး အကောင်းဆုံးအခြေအနေမှာ စွမ်းဆောင်ဖို့ပဲ"

"ဒါဆို နင်ငါ့ကို အာရုံစိုက်နေသေးတယ်ပေါ့" ကျန်းယွီ သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည် "နင် ငါ့ရဲ့ ဖျော်ဖြေမှုကို လာကြည့်မှာလား။"

"ငါ မသိဘူး"

"ဘာလို့လဲ"

"ဘာဖြစ်လို့လဲဆိုတာ မင်း သိပါတယ် ငါတို့အဲ့လို လုပ်လို့မရနိုင်တော့ဘူး" ချူးလီ ပြတ်ပြတ်သားသားပြောလိုက်သည်- "မင်း အလိုလိုက်ခံထားတဲ့ ကလေးတစ်ယောက်လို ဘယ်လိုပဲ လှည့်စားပြီး ကစားနေပါစေ၊ ငါပေးနိုင်သမျှက ဒီဝါကျပဲ- အဲ့တာက မဖြစ်နိုင်ဘူး"

ကျန်းယွီ ၏ မျက်လုံးတွေ နီရဲလာကာ ချူးလီက ချက်ချင်းဆိုသလိုပြောလိုက်သည် "ငိုတာက အသုံးမဝင်ဘူး။ ငါဆိုတဲ့ ချူးလီက တစ်ခွန်းဆိုတစ်ခွန်းပဲ ပြောတယ်၊ ငါ စိတ်ပျော့နေမှာ မဟုတ်ဘူး"

သူမ နှာရှိုက်လိုက်ကာ လည်ချောင်းထဲက နာကျင်မှုကို မျိုချလိုက်ပြီး နှာသံဖြင့်ပြောလိုက်သည် “ကောင်းပြီ၊ ဒါဆို နင်ထွက်သွားလိုက်တော့”

ချူးလီက သူမ ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ သူ ထွက်သွားဖို့လှည့်လိုက်သည်။ ဤအချိန်တွင် သူမက ထပ်ပြောခဲ့သည် "နင့်ရဲ့ music boxကို ယူသွား။ နင့်ပစ္စည်းတွေကို ငါမလိုချင်တော့ဘူး"

ချူးလီ ခေါင်း လှည့်ကြည့်လိုက်တော့ ကုတင်ဘေးကဗီရိုပေါ်ရှိ crystal music boxကို တွေ့လိုက်ရသည်။

သူ တိတ်ဆိတ်နေပြီး ပြောလိုက်သည် "ဒါက အရမ်းဟောင်းပြီး တန်ဖိုးမရှိဘူး။ အမှတ်တရအဖြစ် သိမ်းထားလိုက်ပါ"

"အမှတ်တရဆိုတဲ့ စကားကိုပြောထွက်သေးတယ်နော် ။ ကောယင် မှာငါ့ရည်းစားဟောင်းရဲ့ဟာတွေ ငါ့မှာရှိသေးတယ်"

ချူးလီသည် ကလေးမလေး၏ အသံမှ ဒေါသ၏ အဓိပ္ပါယ်ကို ကြားလိုက်ရသည်။ သူ သူမနဲ့ စကားများရန်မဖြစ်ချင်တော့ သူပြောလိုက်သည်" မလိုချင်ရင် လွှင့်ပစ်လိုက်"

"ကောင်းပြီလေ လွှင့်ပစ်မယ်"

ကျန်းယွီ အိပ်ယာဘေးက ဗီရိုဆီသို့ လျှောက်သွားကာ music boxကို ကောက်ယူကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်ဖို့လုပ်လိုက်သည် ။

ထို့နောက်တွင် ချူးလီအမှိုက်ပုံးထဲသို့ music box ပစ်ထည့်တော့မည့် ကောင်မလေးကိုထပ်ပြီးမကြည့်နိုင်တော့ပေ။ သူ နောက်ပြန်ဆုတ်ပြီး ကျန်းယွီ ရဲ့လက်ထဲက music boxကို ယူလိုက်သည်။

ထိုအခိုက်တွင် "ကလစ်" အသံသာကြားရပြီး ပန်းနုရောင်လက်ထိတ်က ချူးလီ၏လက်ကောက်ဝတ်မှာ လက်ထိပ်ခတ်ထားပြီးနေပြီ။

သူ မတုံ့ပြန်သေးခင်မှာ တခြား လက်ထိတ်တစ်ဖက်ကို ကျန်းယွီ က ကုတင်တိုင်မှာ တိုက်ရိုက်ခတ်လိုက်သည်။

ချူးလီ - ?

ကျန်းယွီရဲ့ ငိုနေတဲ့အမူအရာက လွင့်ပြယ်သွားကာ မြေခွေးမလေးလို ကောက်ကျစ်သည့်အပြုံးဖြင့် အစားထိုးသွားပြီး သူ့မျက်နှာကိုပုတ်လိုက်သည် "ချစ်သူ ၊ နင် ငါ့ကို နောက်နေတာလား"

"ဘာကိုဆိုလိုတာလဲ"

"ငါ နင့်ကို စိုက်ကြည့်ချင်တယ်လို့ ငါပြောခဲ့တယ်နော်၊ တစ်လက်မလေးတောင်မခွဲနိုင်ဘူး အဲ့အဓိပ္ပါယ်က ခြေလှမ်းတိုင်းမခွာဘူးဆိုတာ နင် သိပါတယ်၊ အဲဒါက ငါတို့ တစ်မိနစ်လေးတောင် မခွဲနေသင့်ဘူး"

အချိန်အတော်ကြာပြီးနောက်၊ ချူးလီ အနည်းငယ် တုံ့ပြန်ပြီး ကျန်းယွီကို မယုံကြည်နိုင်စွာ ကြည့်ခဲ့သည် "ကျန်းယွီ"

"ဒါက ကြောက်စရာတော့ မကောင်းပါဘူး။နင့်ကို ထာဝရ ပိတ်လှောင်ထားမှာတော့ မဟုတ်ဘူး။ ငါနင့်ကို ခဏခဏအပြင် ခေါ်သွားမှာပါ။"

"....."

ချူးလီ ခေါင်းကို ငုံ့ထားပြီး ဘယ်ဘက်လက်က ပန်းနုရောင် လက်ထိတ်ကြီးကို ကြည့်လိုက်သည်။

ဒါကတကယ်ရယ်စရာကြီး။

All Chapters