Chapter 109
Vol. 10 Ch. 109
နောက်နေ့မနက်စောစောမှာ တိုင်ပင်ဆွေးနွေးခန်းအဝင်ဝမှာ သွမ့်ပေါ်က သမ်းဝေပြီး တံခါးကိုဖွင့်ခဲ့သည်။ လျှောက်ကြည့်လိုက်တော့ ကျန်းယွီ နဲ့ ချူးလီတို့ လက်ထိပ်ခတ်ပြီး လမ်းလျှောက်နေတာကို တွေ့လိုက်ရပြီး သူ့ရဲ့ သမ်းဝေမှုဟာ သေလုမတတ် သီးသွားခဲ့ရသည်။
သူတို့နှစ်ယောက်၏ ဘယ်ညာလက်နှစ်ဖက်ရှိ ပန်းနုရောင်လက်ထိတ်ကို ကြည့်ပြီး တံတွေး မျိုချလိုက်သည် "အသစ်စက်စက်အိမ်ထောင်သစ်နဲ့ ထိုက်တန်ရဲ့လား မင်းတို့တွေ... မနေ့ညက အရမ်းစိတ်လှုပ်ရှားစရာတွေလုပ်ခဲ့ကြတာလား"
ချူးလီက ရှင်းပြဖို့ ပျင်းလွန်းသဖြင့် အတွင်းခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
သွမ့်ပေါ်က ကျန်းယွီကို မျက်စပစ်ပြပြီး စိတ်ဝင်တစား မေးလိုက်သည် "အစ်ကို လီ ရဲ့ ကွန်ဖူးက ဘယ်လိုနေလဲ"
ကျန်းယွီ ကို ချူးလီ က အခန်းထဲ ဆွဲခေါ်သွားတော့ သူမက ပြုံးပြီး လက်မထောင်ပြခဲ့သည် "ဒါပေါ့ ဒါက အစ်ကိုလီပဲလေ"
"အား! အရမ်းကောင်းတယ်"
ချူးလီ မကျေမနပ်ဖြစ်ပြီး ကျန်းယွီ ကို သူ့ဘက်သို့ ပြန်ဆွဲကာ အေးစက်သော မျက်လုံးများဖြင့် ခြိမ်းခြောက်ကာ အဓိပ္ပါယ်မရှိတဲ့ စကားများကို တားခဲ့သည်။
ကျန်းယွီလျှာ ထုတ်ပြီး မေးလိုက်သည် "အစ်ကိုလီ၊ ဒီနေ့ ဘယ်လိုစီစဉ်ထားလဲ၊ ငါ့ကိုခေါ်သွား၊ ငါနင်နဲ့အတူ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်တယ်"
ချူးလီ သည် စင်ပေါ်မှ "ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲများအတွက် အင်္ဂလိပ်စာဖတ်ခြင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း" ကော်ပီစာအုပ်အထူကြီးကို ယူကာ သူမရဲ့ခေါင်းကို ခေါက်လိုက်သည် "ကျောင်းသွားပြီး ကိုယ့်ဘာသာစာလေ့လာမှာ"
ကျန်းယွီ ပခုံးတွန့်ကာ ကန့်ကွက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူဘယ်သွားသွား သူမ သူ့နောက်ကို လိုက်သွားလိမ့်မည်။
ချူးလီက သူ့လက်ကို မြှောက်ပြီးပြောခဲ့သည် "မင်း ဒါကိုဖြေရှင်းပေးလို့ရမလား"
"ဘာလို့လဲ"
"သန့်စင်ခန်းသွားမို့"
ကျန်းယွီကလည်း ယုတ္တိမတန်သော လူတစ်ယောက်ဖြစ်ပြီး သော့နဲ့ လက်ထိတ်ကိုဖွင့်ပေးကာ ချူးလီနောက်ကို အိမ်သာတံခါးအထိ လိုက်သွားခဲ့သည်။
ချူးလီက သူမကို ပြန်ကြည့်နေတဲ့အခါ သူ့အတွက် သူမက တံခါးပိတ်ပေးဖို့ အစပြုခဲ့သည် "စိတ်မပူနဲ့၊ ငါတို့လို နတ်သမီးတွေက အိမ်သာသွားတဲ့ လူတွေကို ဘယ်တော့မှ ချောင်းမကြည့်ဘူး"
ကျန်းယွီ အိမ်သာတံခါးကိုပိတ်ပေးပြီးနောက်၊ ချူးလီက အိမ်သာအဖုံးကို ချက်ချင်းပိတ်လိုက်ပြီး အဖုံးပေါ်တွင်ရပ်ကာ ခေါင်မိုးရှိလသာပေါက်ကိုဖွင့်လိုက်သည်။
လသာပေါက်က ကြီးလည်းမကြီးသေးလည်းမသေးပေ ၊ လူတစ်ယောက်ထွက်သွားဖို့ လုံလောက်သည်။ မျက်နှာစာ၏ အပြင်ဘက်တွင် နောက်ဖေးလမ်းများ နှင့် လမ်းကြားများတွင် လူမရှိပေ။
ချူးလီသည် သူ၏လက်တွေနဲ့ ထောက်ကာ ချောမွေ့စွာ ခုန်တက်သွားသည်။ တံခါးအပြင်ဘက်က ကောင်မလေး၏ အသံကိုကြားလိုက်တော့ သူ လန့်သွားသည်..။
"အင်း......နင်သေသွားတော့ ငါ တစ်ညလုံး ငိုနေခဲ့တာ"
"......"
"အဲ့တာက အနာဂတ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ပဲ ဖြစ်ဖြစ်၊ ဒီကမ္ဘာကြီးက မရက်စက်ဘူးလို့ ငါထင်ထားတယ်တကယ်တော့ ငါ ဘာလုပ်ရမှန်းမသိဘူး"
ကျန်းယွီက သူမရင်ထဲက ဝမ်းနည်းမှုကို အေးအေးဆေးဆေး ပြန်ပြောပြခဲ့သည် "အားလီ ၊ နင်သေသွားရင် ငါဘယ်လိုလုပ်ရမလဲ။ ငါ့ကို စိတ်ညှို့ဖို့အတွက် ပိုတော်တဲ့ ဆရာဝန်ကို ရှာပြီး နင့်ကို မေ့လိုက်ရမလား"
ဒီစကားတွေက ချူးလီအား လသာပေါက်တွင်ထိုင်ကာ ပြတင်းပေါက်ဘောင်ကို သူ့လက်ချောင်းထိပ်များဖြင့် ပွတ်ဆွဲကာ သူ့ရဲ့စိတ်ကို သုန်မှုန်သွားစေသည်။
"တကယ်လို့ စိတ်ညှို့ပညာက နင်ဆိုတဲ့လူယုတ်မာကို မေ့နိုင်သွားအောင်လုပ်နိုင်ခဲ့ရင် ငါ.....ငါ လွတ်မြောက်သွားမှာပါ"
"အားလီ၊ ငါ့နှလုံးသားကို ထိခိုက်အောင်တော့မလုပ်ပါနဲ့"
နှစ်မိနစ်လောက်ကြာတော့ အိမ်သာခန်းတံခါးပွင့်လာပြီး ချူးလီ က အေးစက်တဲ့မျက်နှာနဲ့ ထွက်လာကာ သူ့လက်ကို သူမရှေ့ကိုကမ်းပေးလိုက်သည်
ကျန်းယွီက လူနှစ်ယောက်ကို လက်ထိပ်ခတ်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပြောခဲ့သည် "တော်တော်ကြာတာပဲ ငါ နင် ခိုးထွက်သွားမယ်ထင်နေတာ"
ချူးလီ ဘာမှ မပြောဘဲ နှုတ်ခမ်းကိုဖိကာ နှစ်ယောက်သား ဟိုင်ချန်တက္ကသိုလ်သို့ ထွက်ခွာသွားကြသည်။
ပိုင်ချန် တက္ကသိုလ်၏ ရာစုနှစ်တစ်ခုကျော် ကျော်ကြားသော ကျောင်း၏ရှေးဟောင်းဗိသုကာပုံစံနှင့် ကွာခြားသည်မှာ ဟိုင်ချန် တက္ကသိုလ် သည် ကျောင်းဝင်းပြင်ဆင်ခြင်းနှင့် ဗိသုကာပုံစံအရ ပိုမိုခေတ်မီသည်။
သင်ကြားရေး အဆောက်အအုံတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိရှိတဲ့ ပြတင်းပေါက်များ ပါရှိပြီး ထမင်းစားခန်းမှာလည်း အဖြူရောင် သုံးထပ် အဆောက်အအုံ ဖြစ်သည်။ ၎င်းသည် ဒီဇိုင်းသဘောတရားရှိပြီး အဝေးကနေဆိုရင် ရွက်လှေနှင့်တူသည်။
ကျန်းယွီ သည် ကော်ဖီဆိုင်အပြင်ဘက်ရှိ အချိုပွဲရေခဲမုန့်ဆိုင်ကိုတွေ့ပြီး ချူးလီ ကို အမြန်ဆွဲလိုက်သည် "ရေခဲမုန့်စားချင်တယ်၊ ငါ့ရည်းစားက ကျေးဇူးပြုပြီး ကတ်နဲ့ဖြတ်ပေးပါနော် "
ချူးလီ ပြောလိုက်သည် "ဒီနေ့တော့ မရဘူး"
"ဘာလို့လဲ နင် ကတ်မယူလာလို့လား"
"မင်း…"
သူက ခေတ္တရပ်လိုက်ပြီး "မင်းဒီနေ့ ရာသီလာနေတယ် အအေးစာမစားနဲ့" ဟု သဘာဝမကျစွာ ပြောလိုက်သည်။
"!"
"နင်ဘယ်လိုသိတာလဲ"
"ငါ မနက်မိုးလင်းလို့ ရောက်လာတော့ မင်းအိပ်ရာက နိုးလာပြီး ငါ့ကိုစောင် မ မခိုင်းဘူးလေ။ ငါငတုံးမဘူး။" အချိန်အတော်ကြာအောင် သူသည် ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်- "ကံကောင်းတာက ငါ မနေ့က ဘာမှ မလုပ်ခဲ့ဘူး"
မူလက ချူးလီ က အဲဒါကို မဖော်ထုတ်ချင်ပေမယ့် ကလေးမလေးက ဒါကို မသိဘူး ဒီအချိန်မှာ သူ သူ့ပါးစပ်ကို မတားနိုင်ခဲ့ပေ။
"......"
ကျန်းယွီ အရမ်းအံ့ဩသွားပြီး ရှက်သွားခဲ့သည်။ မျက်နှာကို အုပ်ဖို့ လက်ကို ဆန့်လိုက်ပြီး ခြေဆောင့်ကာ လှည့်ထွက်သွားသည်- "မဝယ်နဲ့တော့ ငါမစားတော့ဘူး!"
သူမတကယ်ဒေါသထွက်နေတာကိုမြင်တော့ ချူးလီက သူမကို အချိုပွဲရုံဆီဆွဲခေါ်သွားပြီး vanilla cone ဝယ်ဖို့ သူ့ကတ်ကိုပွတ်ဆွဲပြီး နှုတ်ခမ်းစူနေတဲ့သူမရဲ့ပါးစပ်ဆီ တေ့ပေးခဲ့သည်- "တစ်ကိုက်ပဲရမယ်"
"မစားဘူး မစားဘူး!"ကျန်းယွီ ချက်ချင်းပင် ဒေါသထွက်လာသည်။
"ငါ့ကိုဘာလို့ရှက်နေတာလဲ"
"မုန်းတယ်!" ကျန်းယွီ သူ့ကို ဒေါသတကြီး ကန်လိုက်သည်"ဘာရည်းစားလဲ၊ အမှိုက်ပုံးကမှ နင့် ထက် ပိုကောင်းဦးမယ်"
ချူးလီ က အသိအမှတ်ပြုပြီး စိတ်ရှည်ရှည်နဲ့ ချော့ခဲ့သည် "ငါတောင်းပန်တယ် တစ်ကိုက်လောက်စားလိုက်ပါ"
"မစားချင်ဘူး!"
"ငါ စားချင်တယ်" သူက ကျန်းယွီ ၏အင်္ကျ်ိလက်ကိုဆွဲလိုက်သည် "ကောင်းပြီ"
ကျန်းယွီမျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်ကာ တုံ့ဆိုင်းစွာမေးလိုက်သည် "နင် စားချင်လား"
ချူးလီ ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
သူမမစားရင် သူ အနံ့အရသာကို ခံစားနိုင်မှာမဟုတ်ဘူး။
ကျန်းယွီ နှုတ်ခမ်းတွန့်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည် "ဒါဆို အစ်မကို တောင်းဆိုလေ တစ်ကိုက်လောက်ကိုက်ဖို့အစ်မကိုတောင်းဆို "
"ကျေးဇူးပြုပြီး တစ်ကိုက်လောက်စားပါနော် အစ်မ "
ကျန်းယွီက သူအရမ်းနာခံနေတာကိုမြင်တော့ သူမ ဒေါသလျော့သွားကာ နာခံပြီး သူမက သူ့လက်ထဲက cone cream ကို လျက်လိုက်သည် "အင်း။ နင်တို့ကျောင်းက ရေခဲမုန့်က အရမ်းအရသာရှိတာပဲ"
သူမ စားချင်နေသေးတယ်လို့ ပြောသော်လည်း ချူးလီ က သူ့လက်ကို ဖယ်လိုက်သည် " တစ်ကိုက်ပဲ"
"နောက်တစ်ကိုက်လောက်" ကျန်းယွီက သူ့လက်ကို ဖက်ပြီး ချွဲနေသည် "တစ်ကိုက်လေးပဲ"
ချူးလီသည် အခြေခံမူများကို အလွယ်တကူ ချိုးဖောက်နိုင်သူမဟုတ်သော်လည်း သူ၏မူတွေက ကျန်းယွီ နေရာဖြစ်ပြီးအဲ့တာတွေက အခြေခံအားဖြင့် ဖြည့်ဆည်းမှု ဖြစ်သည်။
"နောက်ဆုံးတစ်ကိုက်ပဲ၊ သေးသေးလေးပဲကိုက် " သူ့အသံက အားကိုးရာမဲ့နေသည်
ကျန်းယွီ အထပ်ထပ်အခါခါ ခေါင်းညိတ်ပြတော့ ချူးလီက ရေခဲမုန့်ကို ကမ်းပေးခဲ့သည်။ မထင်မှတ်ပဲ ကောင်မလေးက ရေခဲမုန့်တစ်ဝက်လောက်နီးပါး ကိုက်သွားသည်။
"မင်း…"
ချူးလီ အနည်းငယ် ဒေါသထွက်နေသည်မှာ သိသာထင်ရှားသည် - "မင်း ဒီနေ့ အအေးစာတွေ အရမ်းစားလို့မရဘူးလို့!"
"ဒါလေးပဲစားတာကို"
ကလေးမလေးက အောင်ပွဲခံကာ မျက်ခုံးပင့်ပြီး တုံ့ပြန်ခဲ့သော်လည်း သူမ တုံ့ပြန်လို့မပြီးသေးခင်မှာ ယောက်ျားက သူမ၏နောက်ကို ဆွဲကိုင်ကာ သူမရဲ့ နှုတ်ခမ်းကို တိုက်ရိုက်ပိတ်ပစ်လိုက်သည်။
ပူနွေးသောလျှာသည် ပါးစပ်ထဲရှိ ချိုမြိန်သောရေခဲမုန့်များကို သုတ်သင်ပစ်လိုက်သည်။
ကျန်းယွီ လက်ပူးလက်ကြပ်ဖမ်းခံလိုက်ရပြီး သူ့ကို ခက်ခက်ခဲခဲ တွန်းထုတ်လိုက်သော်လည်း ခွန်အားကြီးစွာဖြင့် သတ်ပစ်ခံရမည့် သိုးသငယ်ကဲ့သို့ သူ့ရင်ခွင်ထဲတွင် ထားခံလိုက်ရကာ ခုခံနိုင်စွမ်းမရှိတော့ပေ။
လူနှစ်ယောက် အချိန်အတော်ကြာ လုံးထွေးပြီး နောက်ဆုံးမှာတော့ ခရင်မ်ကြောင့် ပါးစပ်တွေ ပေပွကုန်သည်။
ချူးလီ က သူမကို လွှတ်ပေးလိုက်ပြီး သူမရဲ့ ခရင်မ်တွေပေနေတဲ့နှုတ်ခမ်းထောင့်တွေကိုသုတ်ပေးခဲ့သည်
ကျန်းယွီမှာ အစားအသောက် လုယက်ခံလိုက်ပြီး အခွင့်ကောင်းယူခံလိုက်ရသည်။ သူမ အထူးစိတ်ဆိုးမိသည်။သူမ သူ့ကိုကြည့်လိုက်သည် " လမ်းခွဲပြီးပြီလို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား!"
"ကွဲသွားပြီလေ"
"လမ်းခွဲပြီးတာကို တစ်စုံတစ်ယောက်ရဲ့ ပါးစပ်ထဲကဟာကို စားရလား!"
ချူးလီ ပွင့်ပွင့်လင်းလင်းပြောခဲ့သည် "ဒါဆို မင်း လမ်းခွဲခဲ့ပြီး ငါ့ကို အိပ်ဖို့ဖိအားပေးတာကျတော့ရော "
"ဘယ်သူကလဲ...ဘယ်သူက နင့်ကိုအတင်းဖိအားပေးလို့လဲ!"
သူ လက်ထိပ်ခတ်ထားတဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်သည်– “ဒါတွေအားလုံးက လက်ထိတ်တွေ”
ကျန်းယွီက သူ့ခြေဖဝါးအောက်က ကျောက်စရစ်ခဲတွေကို ကန်ထုတ်လိုက်ပြီး မကြည်လင်တဲ့အသံဖြင့်ပြောခဲ့သည် "ဒါကလည်း နင့်ကြောင့်ပဲ... အလှတရားကို တပ်မက်ပြီး နင့်ဘာသာတစ်ယောက်တည်း လျှောက်သွားလို့မရဘူး"
"....."
ချူးလီသည် အချိန်အတော်ကြာအောင် သူမရဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ပွတ်သပ်ခဲ့သည် “ငါ့အစ်မက တကယ်ကြီးလာပြီပဲ၊ သူ လူတွေကို လှည့်စားလိမ့်မယ်”
ကိန်းယွီခေါင်းလှည့်လိုက်သည် "ဒါဆို အားလီက အစ်မကို ဘယ်လောက်ပေးမှာလဲ"
"၆၀"
"ဒါပဲလား"
"ဒါပဲ"
"ဘာလို့လဲ" ကျန်းယွီက သူ့လက်ကို အေးအေးဆေးဆေး ဆုပ်ကိုင်ထားသည် "အစ်မက မလှဘူးလား၊ဒါမှမဟုတ် လှတာကမလုံလောက်သေးတာလား "
မနေ့ညက အဝတ်အစားလဲထားတဲ့ ကောင်မလေးရဲ့ နောက်ကျောကို ချူးလီက ပြန်သတိရမိသွားသည်... သူက အဲဒါကို မတွေးဝံ့ဘဲ အတွေးပြောင်းလိုက်သည် "ငါ အဲ့တာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး"
"အိုး.." သူမက ပေါ့ပေါ့ပါးပါးပြောလိုက်သည် "ဒီည ရှင်းရှင်းလင်းလင်းမြင်ရအောင်ပြမယ်"
"......"
သူမ လက်ဆန့်ပြီး သူ့မျက်လုံးတွေကို ထိလိုက်သည်- "နင် မြင်ရုံတင်မကဘူး"
ချူးလီ မျက်လုံးတွေကိုမှိတ်ထားရင်း ကောင်မလေး၏လက်က နှာတံပေါ်မှ ရွေ့လျားသွားသည်ကို ခံစားလိုက်ရကာ သူမ၏ အသံက ဆွဲဆောင်မှုရှိသော အသံဖြစ်သည်...
"အဆင်ပြေသေးလား…..."
သူမ၏လက်က သူ၏ နူးညံ့သော နှုတ်ခမ်းပေါ်သို့ရောက်လာသည်။
ချူးလီက လေထုကို နှောင့်ယှက်ခဲ့သည် - "မင်းအန်တီ ဒီမှာ"
ကျန်းယွီ က သူ့ကို ပါးရိုက်လိုက်သည်။
စာကြည့်တိုက်တွင် ကျန်းယွီ ရဲ့ စိတ်ဆွခြင်းကြောင့် ချူးလီ စိတ်တိုသွားသည်... စိတ်အေးအေးထားပြီး စာအုပ်ဖတ်ရန် နည်းလမ်းမရှိတော့ပေ။
ကျန်းယွီက သူမလုပ်လိုက်သည့်အရာအတွက် တာဝန်မယူဘဲ နားကြပ်တပ်ကာ သူ့ဘေးတွင်ထိုင်ပြီး ဘဲလေးဗီဒီယိုကို ကြည့်နေသည်။
ချူးလီ အသက်ပြင်းပြင်းရှူရင်း စိတ်ကိုတည်ငြိမ်အောင်ကြိုးစားခဲ့သည်။
ကလေးမလေးက ကျီစားခြင်းကိုသာ နှစ်သက်သည်၊ မီးကို ဘယ်သောအခါမှ ခံနိုင်ရည်မရှိပေ၊ အလေးအနက်ထားလျှင် သူ ရှုံးလိမ့်မည်။
စာအုပ်လှန်သံကြားထဲမှာ အချိန်တွေ တိတ်တဆိတ် ကုန်ဆုံးသွားပြီး သူတို့နှစ်ယောက် အထက်တန်း တတိယနှစ်ကို ပြန်ရောက်သွားပုံရသည်။ စာကြည့်တိုက်ထဲတွင် သူတို့သည် အလွန်နွေးထွေးပြီး ဆိတ်ငြိမ်ပြီး ဘုံအနာဂတ်အတွက် ကြိုးစားခဲ့ကြသည်။
အဲဒီတုန်းကတော့ အရမ်းကောင်းတယ်။
ချူးလီ က သူ သူမကို အလွန်ဖြူစင်ပြီး ပြင်းပြစွာ ချစ်နေသေးသည့်နှစ်ကို ပြန်သွားချင်ခဲ့သည်။
ဒါပေမယ့် ငါ ပြန်မသွားနိုင်တော့ဘူး...
ငရဲတွင်ရှိနေသည့် ရှောင်က ၎င်းကို မတွေးဝံ့ပေ။
ကျန်းယွီက ချူးလီ ကိုကြည့်ဖို့ ခေါင်းစောင်းလိုက်သည်။ ပြတင်းပေါက်က စားပွဲမှာ သူထိုင်နေသည်။ နေရောင်က သူ့ကို လွှမ်းခြုံထားသည်၊ သူ့အသားအရည်က ဖြူပြီး ဆံချည်မျှင်သွေးကြောလေးတွေက ထင်းနေသည်။ သူ့မျက်နှာက နတ်ဘုရားကဲ့သို့ လှပနေ၏။
စိုက်ကြည့်ရုံမှတပါး မကူညီနိုင်ခဲ့ပေ။
ကလေးမလေး ချောင်းကြည့်နေတာကို ချူးလီ သတိပြုမိပြီး သူမကို မျက်စိစွေကြည့်လိုက်သည်။
သူမ ချက်ချင်းပဲ သူမရဲ့နှုတ်ခမ်းကို ညွှန်ပြပြီး “ငါ့ကို နမ်း” လို့ ညင်သာစွာ ပြောလိုက်သည်။
ချူးလီ က လက်ဆန့်ပြီး သူမရဲ့ပါးစပ်ကို ဘဲနှုတ်သီးလိုထော်သွားအောင်ဖျစ်လိုက်သည်။
ကျန်းယွီက သူ့လက်ကို ဖယ်ပြီး သူ့ထံတွယ်ကပ်ရန် အစပြုကာ သူ့မေးစေ့ကို နမ်းလိုက်ပြီး ကျေနပ်စွာဖြင့် သူမရဲ့နေရာသို့ ပြန်သွားကာ ဗီဒီယိုကို ဆက်လက်ကြည့်ရှုခဲ့သည်။
ချူးလီက သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းကာ စိတ်ကြိုက်မေးခွန်း နှစ်ခုကို ဖတ်ပြပြီးနောက် လက်ထိတ်ချွတ်ထားတဲ့ ကလေးမလေးအား တွေ့လိုက်သည်၊ သူမ၏ ကျောင်းလွယ်အိတ်ထဲမှ သန့်စင်သော လက်သုတ်ပုဝါကို ထုတ်ကာ သူမအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
တောက်လောင်နေသော သူ့အကြည့်ကို ပြန်မြင်လိုက်ရတော့ သူမကယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်သည် "ဘာလို့လဲ၊ ရှင်လည်း လိုက်ချင်လို့လား"
ချူးလီ အဝေးကို လှမ်းကြည့်ကာ ရေခွက်ယူပြီး ရေနွေးတစ်ခွက်ယူရန် လက်ဖက်ရည်ဆိုင်သို့ သွားဖို့လှည့်လိုက်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာပြီး အမည်မတပ်ထားသော နံပါတ်တစ်ခုထံမှ စာတိုတစ်စောင် ပေးပို့ခဲ့သည်။
"မစ္စတာ ဟော် ဒီရောက်နေတယ် ၊ သူ့ကို မိတ်ဆက်ပေးရအောင်၊ နောင်မှာ မင်း သူ့ကို ကူညီချင်ရင် အခုချက်ချင်း လာခဲ့လိုက်"
ချူးလီ ဖုန်းကိုချလိုက်ပြီး တည်ငြိမ်နေတဲ့အမူအရာက ရုတ်တရက် ပျောက်ကွယ်သွားသည်။
...
ကျန်းယွီ စာကြည့်ခန်းသို့ ပြန်လာခဲ့သော်လည်း မူလထိုင်ခုံမှာ လွတ်နေသည် ချူးလီ ... ပြေးသွားပြီ။
စားပွဲပေါ်ရှိ အပူထိန်းခွက်က အငွေ့ထွက်နေဆဲဖြစ်ပြီး ဝက်ခေါင်းပေါ်မှာ ဆေးခြယ်ထားသော စောင်ပေါ်တွင် မှတ်စုတစ်စောင် ကပ်ထားကာ မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့သည်။
"ရေနွေးသောက်"
ချူးလီသည် ကျောင်းတံခါးမှ ထွက်လာပြီး ကျောင်းတံခါးရှိ သဖန်းပင်အောက်တွင် သူ၏ ကျူတာ စုန့် စုန့်ယွီဟဲ က အချိန်အတော်ကြာအောင် စောင့်နေခဲ့ပုံရသည် " ရှောင်လီ ၊ မင်းမှာ စကားပြောဖို့ အချိန်ရလား"
"ဆရာ စုန့် ၊ အခုတော့အချိန်မရဘူး"
စကားပြောပြီးနောက် ချူးလီက သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်သွားခဲ့သည်။
"မနေ့က ကျောင်းသူ ကျန့်ရှု့ရှု့ နဲ့ ငါ စကားပြောခဲ့တယ်၊သူကပြောတယ် မင်းရဲ့ရည်းစားက ဒီမှာရှိနေတယ်ဆို"
ချူးလီ၏ ခြေလှမ်းတွေ အနည်းငယ် ရပ်တန့်သွားသည်။
သူ့နောက်မှာတော့ စုန့်ယွီဟဲ ကဆက်ပြောခဲ့သည် "ပထမတော့ ကျောင်းသူ ကျန့် ကို မင်းရဲ့ရည်းစားလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် ငါမမျှော်လင့်ထားဘူး... မင်းတို့လူငယ်တွေရဲ့ စိတ်ခံစားမှုကမ္ဘာက တော်တော်ရှုပ်ထွေးတာပဲ "
ချူးလီ လှည့်ပြီး သူ့ကို ဗြောင်ကျကျကြည့်ခဲ့သည် "ဆရာစုန့် ၊ ဘာပြောချင်တာလဲ"
" ချူးလီ ၊ မင်းဘာလုပ်နေတယ် မင်းဘယ်သူနဲ့အဆက်အသွယ်လုပ်နေတယ်ဆိုတာ ငါ မသိဘူး ထင်နေလား"
စုန့်ယွီဟဲ က သူ့ကို အမှန်တကယ် စုံစမ်းစစ်ဆေးနေကြောင်း ချူးလီ သိသော်လည်း အထောက်အထားမရှိဘဲ သူ အဲ့တာကို မကူညီနိုင်ဘူးဆိုတာ သူသိသည်။
စုန့်ယွီဟဲ လုပ်နိုင်တဲ့တစ်ခုတည်းသောအရာမှာ ဘွဲ့လွန်ပရိုဂရမ်တွင် ၎င်း၏နေရာကို ပယ်ဖျက်ရန်ဖြစ်သော်လည်း ချူးလီ ဂရုမစိုက်ပေ။
"လီယန်ဟွေ့ က မင်းကိုအသုံးချပြီး သူ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် မင်းရဲ့စိတ်ညှို့မှုကိုအသုံးပြုနေတာ မင်းမမြင်ဘူးလား "
"ကျွန်တော်သိတယ်"
"မင်းသိသေးတာလား..."
ချူးလီ လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်"ဒီကမ္ဘာမှာ အားနည်းသူတွေကို အနိုင်ကျင့်တဲ့ လူထူးဆန်းတွေ အများကြီးရှိတယ်၊ တော်တော်များများက သူများကို အနိုင်ကျင့်ကြတဲ့သူတွေ၊ တော်တော်များများက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ တခြားသူတွေကို နာကျင်စေချင်နေကြတဲ့ မကောင်းဆိုးဝါးတွေချည်းပါပဲ... ဆရာ စုန့် မှာက တရားမျှတမှုရှိတယ်၊ ဒီလူတွေကို လွှမ်းမိုးဖို့ မလိုဘူး၊ ဒီမှာကျွန်တော်နဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောပါနဲ့"
"ချူးလီ ၊ မင်းအတိတ်မှာ တွေ့ကြုံခဲ့ရသမျှကို ကိုယ်ချင်းစာဖို့ ငါ့မှာ နည်းလမ်းမရှိဘူး၊ ဒါပေမယ့် မင်းပြန်လှည့်ကြည့်ချင်သေးတာကို ငါသိတယ်"
ချူးလီကို အောင်မြင်စွာ ညှို့ယူနိုင်ခဲ့သည့် တစ်ခုတည်းသော အချိန်မှာ ထိုင်းနိုင်ငံတွင် ချူးလီ အရက်မူးနေတဲ့အချိန်ဖြစ်သည်။
အဲဒီ ညှို့ယူမှုအပြီးမှာ စုန့်ယွီဟဲ က ချူးလီ အကြောင်း အများကြီး လေ့လာခဲ့သည်။
အမျိုးသမီးအိမ်သာထဲမှာ ဟိုကြည့်ဒီကြည့်လုပ်တဲ့ ဖြစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ပြီး အိမ်သာထဲမှာ အမြဲချောင်းကြည့်ဟန်ဆောင်တဲ့ နှာဘူး အမျိုးသားကို တွေ့ရှိခဲ့သည်။
အမျိုးသမီး ကျောင်းသူတွေကို နှောင့်ယှက်ပြီး ကျောင်းအစည်းအဝေးတစ်ခုမှာ အသုံးချခဲ့တဲ့ ကောလိပ်ပါမောက္ခတစ်ယောက်က သူ့ရဲ့ ပြစ်မှုတွေကို လူသိရှင်ကြား ရုတ်တရက် ထုတ်ဖော်ပြောဆိုခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ လျင်မြန်တဲ့ မျက်လုံးများနှင့် လက်များဖြင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် သွေးလွှတ်ကြောကို ဖောက်ထားသည့် ဘောပင်ကို လုယူသွားခဲ့သည်။
...
စုန့်ယွီဟဲသည် သူ့ကို အချိန်တိုအတွင်း စိတ်ညှို့ယူပြီးနောက် ဤအဖြစ်အပျက်များ အားလုံးသည် သူနှင့် သက်ဆိုင်ကြောင်း သိလိုက်ရသည်။
ချူးလီ၏ကိုယ်ပိုင်ဆန္ဒသည် အလွန်ခိုင်မာပြီး လီယန်ဟွေ့ နှင့်ပတ်သက်သည့်ကိစ္စကဲ့သို့သော အခြားအရာများကို သူရှာဖွေတွေ့ရှိနိုင်တော့မည်မဟုတ်ပေ။
ဒါပေမယ့် ဒီပစ္စည်းနှစ်ခုက ချူးလီ ကို လက်ထိတ်ခတ်ဖို့ လုံလောက်သည်။
"ချူးလီ ၊ မင်းဘာလုပ်နေတယ်ထင်လဲ၊ လမ်းသန့်ရှင်းရေးသမားလား။ ဒီကမ္ဘာကြီးမှာ တရားမျှတမှုကို မင်း ကျင့်သုံးသင့်တယ်လို့ ထင်လား"
"တရားမျှတမှု ။ ဒီကမ္ဘာမှာ ဘယ်တရားမျှတမှုဆိုတာဘာလဲ " ချူးလီ၏ ပါးစပ်ထောင့်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်- "ဆရာပြောတာက ကိစ္စတွေက ကျွန်တော်နဲ့ သက်ဆိုင်တယ်ပေါ့ ၊ ကျွန်တော် နားမလည်ဘူး"
"ဟန်ဆောင်မနေနဲ့၊ ငါကမင်းရဲ့supervisor ၊ မင်းငါ့ကိုလှည့်စားလို့မရဘူး။ ငါမင်းကို ဒီနေ့တော့ မစစ်ဆေးတော့ဘူး၊ ဆရာတစ်ယောက်အနေနဲ့ မင်းပြန်လှည့်လာမယ်လို့ ငါမျှော်လင့်တယ်။"
"ဆရာစုန့်ရဲ့ စိတ်ညှို့တာက လူတွေကို သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရှင်းပစ်ဖို့ ကူညီပေးတာလား"
"မင်းငါ့ကိုယုံဖို့ဆန္ဒရှိသရွေ့ ငါလုပ်နိုင်တယ်"
"ကျွန်တော်မယုံဘူး။"
ချူးလီ စကားပြောပြီးတာနဲ့ သူ လှည့်ထွက်သွားသည်။ သူ့နောက်တွင်၊ စုန့်ယွီဟဲက သူ့ကိုအော်နေခဲ့သည် "မင်းပတ်ဝန်းကျင်ကလူတွေကို နှောင့်ယှက်ချင်တာလား။ သွမ့်ပေါ် က အပြစ်ကင်းတယ်။ ပစ်မှတ်ကိုရှာဖို့ မင်းက မင်းရဲ့ တိုင်ပင်ဆွေးနွေးခန်းကိုသုံးတယ်။ဒီနှစ်တွေမှာ သူ မင်းနောက်လိုက်လာတာ သူ အဲ့တာကို ရှင်းနိုင်မယ်ထင်လား"
ချူးလီ နောက်ပြန်လှည့်မကြည့်ပေ
အခြားသူတွေရဲ့ဘဝနဲ့သေခြင်းက သူနဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ။
စုန့်ယွီဟဲ ထပ်ပြောလိုက်သည် "ဒါဆို မင်းရည်းစားကကော၊ မင်းသူ့ကို ငရဲထဲဆွဲချချင်လို့လား။"
ချူးလီ ၏လက်က ရုတ်တရက် လက်သီး ဆုပ်သွားခဲ့သည်။
မင်းသူ့ကို ငရဲထဲ.....ဆွဲချချင်လို့လား။
သူရပ်သွားတာကိုမြင်တော့ စုန့်ယွီဟဲ ရဲ့စကားက သက်ရောက်မှုရှိပုံပေါ်တာကြောင့် သူ ဆက်ပြောလိုက်သည် "ချူးလီ ၊ အဲဒါက နဂိုအတိုင်းပြန်ဖြစ်မှာမဟုတ်ဘူး ၊ ငါ မင်းကို ကူညီပါရစေ"
“ကျွန်တော် နောက်ပြန်မလှည့်နိုင်ဘူး ဆရာစုန့်” ဟု လေးနက်စွာပြောလိုက်သည်။
ဒီနှစ်တွေအကုန်လုံး သူ နောက်ပြန်လှည့်ဖို့ မစဉ်းစားခဲ့တာ မဟုတ်ဘူး။
လောက၏မတရားမှုကို လက်စားချေရန်အတွက် သူသည် စိတ်ညှို့ခြင်းကို အသုံးပြုကာ လူအများ၏နှလုံးသားကို တီးခတ်ပြီး သူအလိုရှိသမျှကို လုပ်ဆောင်ခဲ့သည်။
သူပထမဆုံးလုပ်ခဲ့တဲ့ အမှားကနေ နောက်ပြန်လှည့်မကြည့်နိုင်တော့ဘူး။
"မင်းတွေ့မယ့်လူက ဟော်ရှန်းလင် ။ သူနဲ့ လီယန်ဟွေ့ ကြားက ပူးပေါင်းဆောင်ရွက်မှုအကြောင်း ငါ နည်းနည်းသိထားတယ်။"
ချူးလီ သူ့ကိုကြည့်လိုက်သည်။
“သူတို့က ထိုင်းနိုင်ငံကနေတဆင့် ယဉ်ကျေးမှုအမွေအနှစ်တွေကို စျေးကြီးတဲ့ မှောင်ခိုသယ်ယူဖို့အတွက် ပြည်ပကို ကူးသန်းရောင်းဝယ်ရာမှာ အသုံးပြုခဲ့တယ်။ ရဲတွေ သူ့ကို ခိုးယူလာတဲ့ အထောက်အထားတွေကို မတွေ့နိုင်ဲ့တာ ကြာပြီ"
စုန့်ယွီဟဲက ချူးလီ ဆီကို လျှောက်သွားပြီး သူ့ရဲ့ ရဲအရာရှိ ID ကို ထုတ်ခဲ့သည်"ငါ ရဲတွေနဲ့ ပူးပေါင်းပြီး စစ်ကြောရေး ကိစ္စတွေကို တာဝန်ယူထားတယ်။ အဲဒီအချိန်က မင်းအဖေကို ငါကိုယ်တိုင် ပို့လိုက်တာ"
"....."
"မင်းလုပ်ခဲ့တဲ့အမှားကို ပြန်ကြည့်ဖို့က တကယ်ခက်တယ်" စုန့်ယွီဟဲ က သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ခိုင်ခိုင်မာမာပြောခဲ့သည် "ဆရာက မင်းကို တခြားနည်းလမ်းရှာဖို့ ကူညီပေးရင် မင်းပြန်လာဖို့ ဆန္ဒရှိမှာလား"
"ပွင့်လင်း ရိုးသားလိုက်စမ်းပါ ပြီးတော့ ကိုယ်ချစ်ရတဲ့သူဆီ ပြန်သွားလိုက်”