Chapter 112
Vol. 10 Ch. 112
ကျန်းယွီက ချူးလီရဲ့ ကာရိုက်တာကို သိသည်၊ သူ မပြောချင်ဘူးဆိုရင် သူမရဲ့သံသယများကို ဖြေဖျောက်ရန် နည်းလမ်းပေါင်း ရာကျော် ရှိနေပေလိမ့်မည်။
ဒါပေမယ့် ကျန်းယွီက အရူးတစ်ယောက်လိုမျိုး နောက်တစ်ကြိမ် ထပ်မကစားချင်တော့ဘဲ အမှန်တရားကို သူ့ဘာသာသူ ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။
အဲဒီနှစ်ရက်အတွင်းမှာ ကျန်းယွီက ချူးလီကို လက်ထိပ်ခတ်တာ ရပ်လိုက်သည်။ သူချစ်မိသွားသည်နှင့် သူ ဘယ်သွားသွား သူမ သူ့နောက်ကို လိုက်မနေတော့ပေ။ နေ့တိုင်း သူမက တိုင်ပင်ဆွေးနွေးခန်းတွင် သွမ့်ပေါ်နှင့် ဂိမ်းကစားသည်။
တကယ်တော့ ချူးလီ ထွက်သွားတိုင်း ကျန်းယွီနဲ့ သွ့မ်ပေါ် တို့က ကွန်ပျူတာရှေ့မှာ ထိုင်ပြီး Dongbu ကနေဝယ်ထားတဲ့ anti-derailment GPS တည်နေရာကို ဖွင့်ထားကြသည်။
ခြေရာခံစနစ်အား ကျန်းယွီ မှ သူ၏ဂျာကင်အင်္ကျီအတွင်းပိုင်းအိတ်ကပ်အတွင်းတွင် ထည့်သွင်းထားပြီး ပုံမှန်အားဖြင့် ရှာမတွေ့ပေ။
ဒါပေမယ့် ဤခြေရာခံစနစ်က ချူးလီ ၏တည်နေရာက ပုံမှန်ဖြစ်နေတာကိုပြသနေသည် များသောအားဖြင့် ကျောင်းစာကြည့်တိုက်နှင့် တိုင်ပင်ဆွေးနွေးခန်း နှစ်နေရာထဲမှတစ်နေရာမှာဖြစ်သည်
သွမ့်ပေါ်က ကွန်ပြူတာမြေပုံကို လက်ညှိုးထိုးပြပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည် " ကြည့် ကျွန်တော် ပြောသားပဲ၊ နှစ်လအတွင်း စာမေးပွဲဖြေတော့မှာလို့။ကျွန်တော်တို့အစ်ကို လီ က နေ့တိုင်း စာကြည့်တိုက်ကို ပြေးပြီး စာမေးပွဲအတွက် ပြင်ဆင်နေပြီး အလုပ်ရှုပ်နေတာ။ မရီး တွေးနေသလိုမျိုးလုပ်ဖို့ သူ့မှာအချိန်ကိုမရှိတာ"
တခါတရံတွင် ကျန်းယွီက သူမပဲ အလွန်အမင်းအတွေးလွန်နေသလားလို့လည်း တွေးမိသည်။
သူတကယ် မကောင်းတဲ့အရာတွေမလုပ်ပါဘူး ၊ ဒါပေမယ့် ဒါကပုံမှန်ဆိုရင် နှစ်ပေါင်းများစွာကြာပြီးရင် သူဘာလို့ သေဒဏ်ချမှတ်ခံရမှာလဲ။
တစ်ခုခု မှားနေတာပဲဖြစ်ရမယ်။
ကျန်းယွီရဲ့ သံသယက မမှားကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။
GPS တည်နေရာခြေရာခံစနစ်အား ခြေရာခံပြီးနောက် စာကြည့်တိုက်သို့ သူမရောက်လာသောအခါ စာသင်ခန်း၏ နေရာဟောင်းတွင် အနက်ရောင်လေကာအင်္ကျီကို ကုလားထိုင်ပေါ်တွင် တွဲလောင်းချိတ်ထားသည်ကိုမြင်လိုက်ရသည် ။
စားပွဲပေါ်တွင် တစ်ဝက်ဖွင့်ထားသော အင်္ဂလိပ်စာဖတ်ခြင်းမေးခွန်းများ ရှိနေပြီး လက်သည်းအရွယ်အစားရှိသည့် GPS ခြေရာခံကိရိယာက အင်္ဂလိပ်စာဖတ်စာအုပ်ပေါ်တွင် အနီရောင်နှင့် အစိမ်းရောင်ကို စည်းချက်ညီညီ မှိတ်တုတ်မှိတ်တုတ်ပြသနေသည်။
ခြေရာခံကိရိယာ၏ဘေးတွင် သူသည် ချစ်စရာကောင်းသည့် ကာတွန်းခွေးခေါင်းကို ဆွဲထားသည်။
လူကတော့ သွားပြီ။
...
ချူးလီ ဟော်ရှန်းလင် ကို ထပ်တွေ့နေပြန်သည်။
ဒီတစ်ခါတော့ ပင်လယ်ကမ်းစပ်က အပျော်စီးသင်္ဘောရဲ့ ခန်းထဲမှာ။ အခန်းက မကြီးဘူး၊ စားပွဲတစ်လုံးနဲ့ သက်တော်စောင့်အနည်းငယ်ရှိသည်
စားပွဲပေါ်တွင် အလိမ်ဖော်စက်ကိရိယာတစ်ခုရှိသည်။
ဒီပိုလီဂရပ်က မနေ့ညက ပြဿနာဖြစ်အောင် သွမ့်ပေါ်နဲ့ ကျန်းယွီ သုံးတဲ့ဟာထက် ပိုမှန်ကန်သည်။
ဟော်ရှန်းလင် က သူ့ရဲ့လက်ကိုဖွင့်ပြီး သူ့ကိုပြောလိုက်သည် "မင်းကိုငါမယုံလို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် စီးပွားရေးလုပ်တဲ့အခါ ငါအမြဲသတိထားရမယ်။ မင်းရဲ့အရည်အချင်းကို ပြီးခဲ့တုန်းကသက်သေပြခဲ့တယ်၊ ဒီတစ်ခါ မင်းငါ့ရဲ့ယုံကြည်မှုနဲ့ထိုက်တန်လားဆိုတာကို သက်သေပြဖို့လိုတယ်။"
ချူးလီက ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာထိုင်လိုက်ပြီး ဟော်ရှန်းလင် က ၎င်းကိုလက်ခံပြီး သူ့ကို ပိုလီဂရပ်လိုင်းကို တင်ခိုင်းလိုက်သည်။
ဟော်ရှန်းလင် က သူ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူ့ကို စေ့စေ့ကြည့်နေသည်။
သူ၏ စိတ်ညှို့ဓာတ်က မည်မျှပင် ပြင်းထန်နေပါစေ၊ သူလိမ်နေသရွေ့၊ သူသည် ပေါ်လီဂရပ်ရဲ့ စောင့်ကြည့်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"မေးခွန်းနံပါတ်တစ်၊ မင်းငါ့အပေါ်သစ္စာရှိလား"
ချူးလီ : "မရှိဘူး"
ECG ကြိမ်နှုန်းက ပုံမှန်အတိုင်း ရှိနေသည်။
ဟော်ရှန်းလင်က ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ကလစ်နှိပ်ရန် ကြိမ်နှုန်းမျဉ်းကွေးကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေကို ပြန်မရုတ်နိုင်တော့ပေ။ သူရုတ်တရက် မေးလိုက်သည် “သစ္စာမရှိဘူး ၊ ရူးကြောင်ကြောင်လာလုပ်ရင် ဘယ်လိုလုပ်မလဲ”
ချူးလီ တည်ငြိမ်စွာပြောလိုက်သည် "ကျွန်တော်က ငွေအပေါ်သစ္စာရှိတယ်"
ဟော်ရှန်းလင်က သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ချူးလီကို ကြည့်ကာ ခက်ထန်စွာပြုံးလိုက်သည် "စိတ်ဝင်စားစရာပဲ၊ ဒုတိယမေးခွန်းက မင်းက ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်သူလျှိုလား"
"မဟုတ်ဘူး"
electrocardiogram က ပုံမှန်ပင်။
"တတိယမေးခွန်းက ပိုက်ဆံနဲ့ မိန်းမ၊ မင်း တစ်ခု ရွေး"
ချူးလီက ခေတ္တရပ်လိုက်ပြီး ပြောလိုက်သည် “ကျွန်တော်က မိန်းမအတွက် ပိုက်ဆံရှာနေတာ”
ဟော်ရှန်းလင် က လူတွေကို ပိုလီဂရပ်ကို ဖြုတ်ခိုင်းလိုက်သည်။
နောက်ဆုံးမေးခွန်းမှာ polygraph နဲ့ ဘာမှမဆိုင်ပေ။ ချူးလီ အရှေ့တစ်ခုကို ရွေးရင် ဟော်ရှန်းလင် က သူ့ကို အမှောင်ထဲမှာ ချက်ချင်းသတ်ပစ်ပြီး ပင်လယ်ထဲ ပစ်ချလိမ့်မည်။
သူက လိမ်ညာနေပြီး သူ၏လိမ်ညာမှုများကို ပေါ်လီဂရပ်ဖြင့်ပင် မတွေ့နိုင်သောကြောင့် ထိုကဲ့သို့သောလူကို သူဘယ်လိုအသုံးချနိုင်မှာလဲ။
ပိုက်ဆံရလာတော့ အမျိုးသမီးအတွက် ဈေးကြီးတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေဝယ်တဲ့ အမျိုးသားက ပိုက်ဆံရွေးမယ်ဆိုတာကို ဟော်ရှန်းလင် မယုံဘူး။
သူ့ကိုယ်သူ သစ္စာမရှိနိုင်ပေမယ့် ငွေအပေါ်သစ္စာရှိသရွေ့တော့ အရာအားလုံးက ပိုလွယ်လာပါလိမ့်မည်။
ထို့နောက် ဟော်ရှန်းလင် မှ ချူးလီအား သူ့ အစီအစဉ်ကို ပြောပြခဲ့သည်။
"အချိန်က ဒီည 1:23 သတ်မှတ်ထားတယ် ငါတို့ အချိန်မှန်မှာပဲ ထွက်ခွာမယ်"
"ဒီညလား"
"ဘာလို့လဲ ယာယီသတိပေးချက် မသုံးဘူးလား"
ချူးလီ ပြောလိုက်သည် "နည်းနည်းတော့သုံးဖူးတယ် "
"ဒါဆို မင်းဒါကို ကျင့်သားရမှာပါ။ မင်းကို ပြင်ဆင်ဖို့အချိန်ကို ငါကြိုပြောမယ်ဆိုတာက ဖြစ်နိုင်ပါ့မလား"
ဟော်ရှန်းလင် က သူ့ကို အပြည့်အဝ မယုံကြည်သေးကြောင်း ချူးလီ သိသည်။
"ငါတို့က ငါးဖမ်းလှေတွေလို ဟန်ဆောင်မယ်။ ပင်လယ်ပြင်ထဲ ဝင်ပြီး အရောင်းအဝယ် ပြီးမြောက်အောင် လွှဲပြောင်းပေးမယ့် သင်္ဘောတွေ လွှဲပြောင်းပေးမယ့် လှေတွေ ရှိနေမယ်။ လုပ်ငန်းစဉ် တစ်လျှောက်လုံး လှေနောက်လိုက်ပြီး ပြဿနာ တစ်စုံတစ်ရာ မဖြစ်ဖို့က အကောင်းဆုံး ဖြစ်ပေမယ့် ရေကြောင်း ရဲတပ်ဖွဲ့နဲ့ ကြုံလာရင် ...."
ဟော်ရှန်းလင် က ချူးလီ ကိုကြည့်လိုက်သည် " ဘာလုပ်ရမယ်ဆိုတာ မင်း သိပါတယ်၊ ဒီပစ္စည်းတွေ မလွဲသွားစေဖို့ သေချာစေချင်တယ်"
"ကျွန်တော် ကတိပေးနိုင်တယ်။"
ဟော်ရှန်းလင် က ချူးလီရဲ့ လက်ကိုင်ဖုန်းကို ယူသွားဖို့ သူ့လက်အောက်ငယ်သားတွေကို ခိုင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်းကို တခြား ဆက်သွယ်ရေး ကိရိယာတွေ မရှိဘူးဆိုတာကို သေချာစစ်ဆေးလိုက်တဲ့အတွက် သူ စိတ်သက်သာရာ ရသွားသည်။
"ဒီမှာ ခဏစောင့်။ မင်း ပျင်းရင် ရေကူးကန်ဆီ လာကစားလို့ရတယ်။"
စကားပြောပြီးနောက် သူသည် ချူးလီ ကို ဖျော်ဖြေရေးခန်းထဲသို့ ခေါ်သွားသည်။
ချူးလီ က ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ဟော်ရှန်းလင် က ရေတစ်ခွက် ပေးလိုက်သည် " မင်းဒါတွေကို ပထမဆုံးအကြိမ် လုပ်ရမှာဆိုတော့ မင်း ကြောက်နေမှာ မလွဲမသွေပဲ။ အဆင်ပြေသွားမှာပါ။ မင်းပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ရင် မင်းရဲ့ အပေါင်းအသင်းတွေက မင်းရဲ့ အနာဂတ်မှာ မလွဲမသွေ ကံကြမ္မာတွေ ယူဆောင်လာလိမ့်မယ်။"
"ဒီအချိန်မှာတော့ ကျွန်တော် ရေသောက်ဖို့ အဆင်မပြေဘူး"
"ဟုတ်တယ်၊ နောက်မှ ဒုက္ခသက်သာအောင် ရေနည်းနည်းပဲသောက်"
ချူးလီက ခွက်ကိုချလိုက်ပြီး သူ့လျှာဖျားနောက်ရှိ သွားဖုံးများအား ဖိကာ သူ့သွားများထဲတွင် ထည့်ထားသည့် အာရုံခံကိရိယာကို ဖိလိုက်သည်။
သင်္ဘောသည် ရေဒီယိုလှိုင်းများ၏ စွက်ဖက်မှုလှိုင်းကို ဖွင့်ထားကြောင်း သူသိပြီး မည်မျှသေးငယ်သည်ဖြစ်စေ မည်သည့်နေရာချထားမှုစနစ်မဆို ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။
ကံကောင်းထောက်မစွာ စုန့်ယွီဟဲက အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ပြီး ချူးလီ ၏ သွားဖုံးနောက်ဘက်တွင် အာရုံခံကိရိယာတစ်ခုကို တပ်ဆင်ခဲ့သည်။ ၎င်းသည် radio လှိုင်းကို မပို့သော်လည်း သွားများ၏တုန်ခါမှုမှတစ်ဆင့် အကန့်အသတ်ရှိသော အချက်အလက်များကို အကွာအဝေးတစ်ခုဆီ ပေးပို့နိုင်သည်။ ထို့အပြင်၊ ဤအချက်အလက်သည် လုံးဝလုံခြုံပြီး radioချန်နယ်မှ ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။
တစ်ဖက်တွင် စုန့်ယွီဟဲ သည် ချူးလီ၏အာရုံခံကိရိယာactivated လုပ်သည်ကို ၎င်း၏အသင်းဖော်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ သူက သူ့မိန်းမနဲ့ အတူစားသောက်နေသည်။ ဖုန်းချပြီးတာနဲ့ ယူနီဖောင်း အမြန်လဲပြီး ရဲစခန်းကို ရောက်လာသည်။
ဒီအမှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိရဲ့နာမည်က ချန်းယန် ဖြစ်သည်။ သူနဲ့ သူ့လူတွေက သူတို့ရဲ့ စက်ပစ္စည်းတွေကို လဲပြီး အချိန်မရွေး ခရီးထွက်ဖို့ အသင့်ဖြစ်နေပါပြီ။
လှည့်ကြည့်လိုက်တော့ စုန့်ယွီဟဲ အပြေးအလွှား ပြေးလာတာကို တွေ့လိုက်ရသည် " သတင်းပေးသူ ဆီကရထားတဲ့ frequencyကို လတ္တီတွဒ်နဲ့ လောင်ဂျီတွဒ် အနေအထားအတွက် ပဏာမကို တွက်ချက်ထားတယ်။ အမှားအယွင်းမရှိရင် ဒီည အရောင်းအဝယ်လုပ်မယ့် အနေအထားပဲ"
"ဆက်လိုက်ပြီး စောင့်ကြည့်ထား၊ တည်နေရာအပြောင်းအလဲတွေကို သတိထားကြည့်ပေး။"
"ရဲအရာရှိ စုန့်၊ ခင်များက နောက်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုမှာ တာဝန်ရှိတယ်၊ လှုပ်ရှားတဲ့ကိစ္စမှာ ခင်များ ပါဝင်ဖို့ မလိုဘူး။"
"ကျွန်တော် လှေနောက် လိုက်မှရမယ်။" စုန့်ယွီဟဲ ခိုင်မာစွာပြောလိုက်သည် "သူက ကျွန်တော့်တပည့်"
"ဒီည လှုပ်ရှားသင့်တယ်။ အချိန်အတိအကျတော့ မသိရသေးဘူး။ ရေတပ်က ရဲတပ်ဖွဲ့တွေ စီစဉ်ပြီးသွားပြီ။ ဒီည လိပ်တွေဖမ်းဖို့ သူတို့ကို အရိုးပြာတွေပေးရလိမ့်မယ်။"
စုန့်ယွီဟဲ အချိန်ကိုကြည့်လိုက်တော့ ည 9:43 ရှိပြီ။
သူ ချန်းယန် ကို မေးလိုက်သည် " ကျွန်တော် ခင်များကို အရင်ကပြောဖူးတယ် ... ချူးလီရဲ့ ချစ်သူ ဟိုင်ချန်ကို လာလည်တဲ့ အကြောင်းကို ခင်များ တယောက်ယောက်ကို အဲ့ကိုပို့ထားသေးလား။"
"တော်တဲ့ ရဲနှစ်ယောက်ကို ပို့ထားပြီးပြီ၊ ၊ ဒီနှစ်ရက်အတွက် ၂၄ နာရီ ကာကွယ်ထားတယ် သူမ ကျောင်းစာကြည့်တိုက်မှာ တစ်ရက်နေတယ်၊ ဟိုတယ်ကို ပြန်ရောက်နေပြီ လုံခြုံမှုက အဆင်ပြေတယ်။"
စုန့်ယွီဟဲ စိတ်မသက်မသာဖြစ်နေတုန်းပဲ - "တိုင်ပင်ဆွေးနွေးခန်းထဲက အခြေအနေကိုကြည့်ဖို့ တခြားတစ်ယောက်ကို ပို့ထားလိုက်ဦး"
နံနက်စောစောတွင် ဟော်ရှန်းလင် သည် ချူးလီ နှင့် ၎င်း၏လက်အောက်ငယ်သားအချို့ကို Sea Shark ဟု အမည်ပေးထားသည့် ငါးဖမ်းလှေပေါ် ခေါ်ဆောင်သွားခဲ့သည်။
ဒီနေ့ညနေက လေပြင်းတိုက်ပြီး သင်္ဘောအနည်းငယ်သာ ရွက်လွှင့်နေသည်။ မှောင်မိုက်သောညတွင် "Sea Shark" သည် လှိုင်းတံပိုးများဆီသို့ ချီတက်နေသည့် တစ်ခုတည်းသော သစ်ရွက်နှင့်တူသည်။
ထိုကဲ့သို့ မုန်တိုင်းထန်သောနေ့သည် ဟော်ရှန်းလင် အား ကောင်းမွန်သည်ဟု ကာလရှည်ကြာ ယူဆထားခဲ့သော နေ့တစ်နေ့ဖြစ်ပြီး ရွက်လွှင့်ရောင်းဝယ်မှုများအတွက် အသင့်တော်ဆုံးနေ့ဖြစ်သည်။
ဟော်ရှန်းလင် က သူ့ကို အောက်ထပ်ကို ခေါ်သွားပြီး မှန်ထဲကနေ ခိုးသွင်းလာတဲ့ ကြေးဝါရောင်ယဉ်ကျေးမှု အမွေအနှစ်တွေကို တွေ့လိုက်ရသည်။
သူတို့မှာ အဲ့တာတွေသည် အများကြီးရှိတယ်။ သေးငယ်သောပစ္စည်းများကို လမ်းတစ်လျှောက်တွင် အဖုအထစ်များမဖြစ်စေရန် ဆန်ဖြင့်ဖုံးအုပ်ထားပြီး ဆန်အပြည့်ထည့်ထားသော အိတ်များဖြင့် ထုပ်ပိုးထားသည်။ ကြီးမားသောပစ္စည်းများကို ကင်းဗတ်များဖြင့် ဖုံးအုပ်ထားပြီး အတွင်းခန်းထဲမှာ အပြည့်ပင်။
ဟော်ရှန်းလင်က ချူးလီ ကို တစ်ချက်ကြည့်လိုက်ပြီး အောက်ထပ်မှထွက်ကာ ဒုတိယထပ်ရှိ ဧည့်ခန်းသို့သွားခဲ့သည်။
ချူးလီက ဟော်ရှန်းလင် ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ဒီကောင်က တစ်ခါတလေ ဆိုဖာပေါ်မှာ ဖဲကစားဖို့ ထိုင်ပြီး တစ်ခါတလေ ဆေးလိပ်သောက်ဖို့ ကုန်းပတ်ကို တက်သည်။ အလွန်ခေတ်မီချင်ယောင်ဆောင်နေသော်လည်း၊ ချူးလီသည် ထိုကဲ့သို့သောအရာကို ပထမဆုံးအကြိမ်ပြုလုပ်ရန် ကြောက်ရွံ့လွန်းနေသည်ကို တွေ့မြင်နိုင်သည်။
ဟော်ရှန်းလင် နှင့် ချူးလီ တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့ရဲ့နှုတ်ခမ်းကို ပင့်ထားကြသည်။
ဟော်ရှန်းလင်က ဤလူကို သူ့စိတ်ထဲမှာ မြင်ဖူးသည်ကို သိခဲ့ပြီး ထိုထိုးထွင်းသိမြင်မှုက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး တစ်ချိန်တည်းမှာပင် သူ့ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဒါပေမယ့် သူ မပြင်ဆင်ထားတာတော့မဟုတ်ပေ။
ဟော်ရှန်းလင် ဆိုဖာပေါ်ပြန်ထိုင်ကာ လက်တော့ကိုဖွင့်ပြီး ချူးလီရှေ့တွင် ကွန်ပျူတာကို တွန်းပို့လိုက်သည်။
ချူးလီကွန်ပြူတာစခရင်ကို တစ်ချက်ကြည့်လိုက်တော့ သူ့နှလုံးသားက တခဏအတွင်း တင်းကျပ်လာသည်။
ဖန်သားပြင်သည် အနက်ရောင်လည်ပင်းကျယ်လေကာအင်္ကျီကို ၀တ်ဆင်ထားပြီး သူမ၏လက်တွေကို ကုလားထိုင်ပေါ်တွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားကာ ပါးစပ်ကို တိတ်တွေနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး မည်းနက်တဲ့ မျက်လုံးတစ်စုံက သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ချူးလီ လက်သီးကို တင်းတင်းဆုပ်ထားလိုက်ပြီး ရှေ့ကို တိုး ကာ သူ့ကို ရိုက်ဖို့ သူ့ရဲ့လက်ကို မြှောက် လိုက်သည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူအများအပြား၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မလှုပ်ရှားနိုင်အောင် ရုန်းကန်နေခဲ့ရသည်။
"မင်း သူမကို ထိရဲထိကြည့်!"
အကယ်၍ သူ့မျက်လုံးတွေက လူတွေကို သတ်နိုင်ရင် ဟော်ရှန်းလင်ဟာ ယခုအချိန်မှာ သူ့ရဲ့ နှိပ်စက်ခြင်းကိုခံနေရပေလိမ့်မည်။
ဟော်ရှန်းလင် နောက်ဆုံးတွင် ခံစားရတာ ပိုကောင်းလာသည်။ ဒီလူ ပြုံးနေတာကိုမြင်ရတာကို သူ မကြိုက်ဘူး။ သူပြုံးလိုက်သောအခါတွင် ဟော်ရှန်းလင် က သူ့နှလုံးသားထဲတွင် ကျင်တက်သွားသည် ။
"စိတ်မပူပါနဲ့၊ ဒီညကိစ္စမှာ မင်းအဆင်ပြေပြေနဲ့ ငါတို့ရဲ့ အရောင်းအဝယ်ကိစ္စ အဆင်ပြေသွားရင် ငါ သူ့ကို ချက်ချင်း လွှတ်ပေးမှာပါ"
ဟော်ရှန်းလင် သည် ဖန်သားပြင်ပေါ်မှာ မိန်းကလေး၏ မျက်နှာကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ခဲ့သည် "မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်တော့ မင်းမသေခင် မင်းရှေ့မှာ သူမသေသွားစေရမယ်။"
ချူးလီ အသက်ရှုမဝတော့သလို စခရင်ကို ကြည့်ရင်း ရုတ်တရက် နှလုံးခုန်သံကရှုပ်ထွေးသွားသည်။
သူမ၏မျက်လုံးတွေက ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။
ချူးလီက သူ့ရှေ့က ကွန်ပြူတာကို ကိုင်ထားပြီး နူးညံ့စွာပြောခဲ့သည် "အစ်မ၊ ဘာမှ မမှားစေရဘူး၊ ငါ့ကို ယုံ၊ ဘာမှ မမှားစေရဘူးနော်"
ကျန်းယွီ ၏ ပါးစပ်ကို အလုံပိတ်ထားပြီး စကားမပြောနိုင်သောကြောင့် ခေါင်းကိုသာ ခါယမ်းကာ သူ့အဝတ်အစားများကို ပြသရန် မျက်စခတ်ပြခဲ့သည်။
သူမသည် စောစောက သူ စာကြည့်တိုက်မှာထားခဲ့သော အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ထားသည်။
ချူးလီက နူးညံ့သောလေသံကို အသုံးပြု၍ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ကာ နူးညံ့စွာပြောခဲ့သည်။ "ဒီညပြီးသွားရင် ငါ မင်းကို ဘယ်တော့မှ ထားမသွားတော့ဘူး၊ ဟုတ်ပြီလား"
ကောင်မလေး၏ မျက်လုံးများ နီမြန်းသွားပြီး သူမ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အခု... အစ်မ၊ နွေးနွေးထွေးထွေး အိပ်ယာပေါ်မှာ လှဲနေပြီး ပိုးထည်အခင်းလေးက ငှက်မွှေးလေးလို အရေပြားကို ပွတ်သပ်နေတယ်လို့မြင်ယောင်လိုက်။ မျက်လုံးကိုမှိတ်လိုက်ပြီးရင် မင်းခန္ဓာကိုယ်က လေးလံပြီးရင်း လေးလံလာမယ်။ လှဲချပြီး အိပ်ငိုက်လာလိမ့်မယ် ဖြည်းဖြည်းချင်း အိပ်ပျော်သွားပြီး ဦးနှောက်ကိုအနားပေးလိုက်တော့"
ကောင်မလေးက သူ့မျက်လုံးတွေကို နာခံစွာမှိတ်လိုက်ပြီး တစ်ချိန်တည်းမှာမျက်လုံးတစ်ဖက်ကို ဖွင့်လိုက်ပြီး သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။
ချူးလီ ဆက်ပြောလိုက်သည် "အခြားသူတွေရဲ့ အသက်ရှုသံကို မင်းကြားနေရလိမ့်မယ်၊ ဒါပေမယ့် အဲဒါကို ဂရုမစိုက်နဲ့။ မင်းရဲ့ အသက်ရှူသံကို ထိန်းပြီး အိပ်မက်ကမ္ဘာထဲကို ဖြည်းဖြည်းချင်း ဝင်သွားလိုက်"
ထိုအချိန်တွင်၊ ဟော်ရှန်းလင် သည် အကြာကြီး မောပန်းနွမ်းနယ်ကာ အိပ်ပျော်သွားတော့မည်ဟု ခံစားရသဖြင့် ပက်လက်လန်ကာ ဆေးလိပ်သောက်လီုက်ပြီး စိတ်ကို လန်းဆန်းအောင်လုပ်ခဲ့သည်။
ချူးလီက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
...
ရဲတပ်ဖွဲ့ဝင်တွေက အုပ်စုနှစ်စုခွဲထားသည်။ တစ်ဖွဲ့မှာ ယဉ်ကျေးမှု အမွေအနှစ်များ ခိုးသွင်းသည့် သင်္ဘောကို ပင်လယ်ထဲမှာ တိုက်ရိုက် လိုက်ရန် စုန့်ယွီဟဲ မှ ဦးဆောင်ခဲ့ပြီး ကျန်တစ်ဖွဲ့မှာ ချန်းယန် ကဦးဆောင်ပြီး ချူးလီ၏ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခန်းကိုသွားခဲ့သည်။
သွမ့်ပေါ်က ရဲအရာရှိ ဝင်လာသည်ကို မြင်လိုက်တော့ တုန်လှုပ်သွားသည်။
အရာရှိ ချန်းယန်က ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြပြီး ကျန်းယွီ နေနေတဲ့နေရာကို သိလားလို့ မေးခဲ့သည်။
"သူ အစ်ကိုလီရဲ့စာအုပ်ကို ပြန်ယူပြီးတော့ ဟိုတယ်ကို တိုက်ရိုက်ပြန်သွားခဲ့တာတော့ မှတ်မိတယ်။ အဲဒီအချိန်က သူ အရမ်းဒေါသထွက်နေပြီး သူ့ကိုလှည့်စားသွားပြန်ပြီလို့ ပြောခဲ့တာကို ကျွန်တော်မှတ်မိတယ်။"
"ပြီးတော့ကော"
"နောက်တော့ သူ ဟိုတယ် ပြန်သွားပြီး အစ်ကိုလီရဲ့ အဝတ်အစားတွေကို ပြန်ယူသွားခဲ့တယ်။" သွမ့်ပေါ် စိုးရိမ်တကြီး မေးလိုက်သည် "ရဲ ဦးလေး၊ သူတစ်ခုခုဖြစ်နေတာတော့ မဟုတ်ဘူး မလား!"
"သူ ပြန်ပေးဆွဲခံရတယ်လို့ ကျွန်တော်တို့ သံသယရှိတယ်။"
"ဘာ!"
သွမ့်ပေါ် ဘာလုပ်ရမှန်း မသိလောက်အောင် စိတ်ပူနေသည်- "သွားပြီ။ အစ်ကိုလီကို ကောင်းကောင်း ဂရုစိုက်ထားပေးမယ်လို့ ကတိပေးထားတာ၊ သူ ဘယ်လိုလုပ် ပြန်ပေးဆွဲခံရတာလဲကွာ ဘယ်သူလုပ်တာလဲ!"
"အဲဒါကို စဥ်းစားကြည့်ရင် သူမပြန်လာတော့ ခါတိုင်းနဲ့မတူတာမျိုး ထူးခြားတာ တစ်ခုခု ရှိလား။ သူ့နောက်ကို ကားတစ်စီးဖြစ်ဖြစ် လိုက်လာသေးလား၊ လိုင်စင် နံပါတ်ကို မှတ်မိလား"
"ဟင့်အင်း ကျွန်တော်ဘာမှမတွေ့ခဲ့ဘူး"
ရဲအရာရှိ ချန်းယန်က သွမ့်ပေါ်မှာ သဲလွန်စမရှိသလို အချိန်ဖြုန်းမနေတာကို မြင်လိုက်ရတဲ့အတွက် Skynet စနစ် ဗီဒီယိုကို ရယူဖို့နဲ့ ကျန်းယွီ ရဲ့ ကျောင်းကနေ ဟိုတယ်ကို ပြန်ရောက်ဖို့ စီးသွားတဲ့ ယာဉ်ဌာနကိုသာ သွားစစ်ဆေးဖို့လုပ်ခဲ့သည်။
ထိုအခိုက်တွင် သွမ့်ပေါ်က သူ့နဖူးကို ရိုက်ကာ ရုတ်တရက်ပြောခဲ့သည် "အာ့၊ သူ အစ်ကိုလီရဲ့အဝတ်အစားကို ကိုင်ထားတယ်!"
"ပြီးတော့ကော"
"အစ်ကိုလီရဲ့အဝတ်အစားထဲမှာ လမ်းချော်မှုကနေကာကွယ်ဖို့ micro GPS ခြေရာခံကိရိယာတစ်ခုထည့်ထားတယ်"
အရာရှိ ချန်းယန် ပြုံးလိုက်သည်။
ဒီကစားနည်းကို လူငယ်တွေ အားလုံး သိကြတာလား။
သွမ့်ပေါ် ကွန်ပျူတာကို အမြန်ဖွင့်ပြီး ယခင်တည်နေရာကို ရှာဖွေခဲ့သည်။
မကြာမီတွင် ကျန်းယွီ၏ တည်နေရာကို မြို့ပြင်ရှိ ဝေးလံခေါင်သီသော ဟိုတယ်ငယ်လေးတစ်ခုမှာရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။