← Chapters

Chapter 114

Vol. 10 Ch. 114

Chapter 114

Vol. 10 Ch. 114

ဒါပေမယ့် ဟော်ရှန်းလင် အံ့သြသွားသည်မှာ ချူးလီရဲ့ မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် ပြုံးနေသေးပြီး သူက လှုပ်တောင်မလှုပ်ပေ။ သေနတ်မှန်သွားတဲ့ ဒူးခေါင်းရဲ့ စူးရှတဲ့ နာကျင်မှုကို သူ လုံးဝ မခံစားနိုင်ချေ!

သူက လူတောင် ဟုတ်မယ့်ပုံမပေါ်ဘူး ငရဲကလာတဲ့ တမန်ဖြစ်သည်။

လက်တွေ့ကမ္ဘာတွင် ကျည်ဆန်ထိမှန်ပြီးနောက် ဤမျှတည်ငြိမ်သောအပြုံးကို ဘယ်သူမှ ထိန်းထားနိုင်မည်မဟုတ်ပေ၊ သူ နာကျင်မှုလုံးဝ ခံစားရပုံမပေါ်နေပေ။

ထိုညမှာ ချူးလီ၏နှလုံးကို သေနတ်ဖြင့်ပစ်မည်ဟု သူတွေးကာ ထိုကဲ့သို့ ပြုံးလိုက်သည်။

ဒါတွေအားလုံးက အတုဖြစ်နိုင်ပါ့မလား။

"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး!" ဟော်ရှန်းလင်ရဲ့ သေနတ်ကိုင်ထားတဲ့လက်က တုန်ခါသွားပြီး မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည် "ငါ စိတ်ညှို့မခံထားရဘူး။ ဒါအမှန်ပဲ၊ အတုမဟုတ်ဘူး!"

အသံထွက်သွားသည်နှင့် ကျည်ဆန်အနည်းငယ်ကို ထပ်မံပစ်ခတ်ခဲ့သော်လည်း တုန်ရီနေသောလက်တွေကြောင့် ကျည်ဆန်က ရွက်တိုင်ကိုထိမှန်သွားခဲ့သည်။

ဟော်ရှန်းလင် ရဲ့ စိတ်ဓာတ်က ပြိုကျလုနီးပါးပါပဲ- "ဒါက အမှန်ပဲ၊ အတုမဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ချူးလီက သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

"မဟုတ်ဘူး! မလာနဲ့!"

ချူးလီက သူ့နောက်ကမဝေးတော့တဲ့ သင်္ဘောတစ်ဖက်ကို မြင်လိုက်ရသည်။ စုနွယွီဟဲနဲ့ အခြားသော အထူးရဲတွေက ကုန်းပတ်ပေါ်သို့ တက်ခဲ့ပြီး ဟော်ရှန်းလင် ၏ နောက်ဘက်မှ ဖြည်းညှင်းစွာ ချဉ်းကပ်ခဲ့သော်လည်း သူ သတိမထားမိခဲ့ပေ။

ချူးလီ ထူးမခြားနားစွာပြောလိုက်သည် "ကျွန်တော့်ကို ခုထိ မယုံသေးဘူးလား၊ ခင်များ တောင်တရုတ်ပင်လယ်မှာ လုံးဝမရှိဘူး၊ ခင်များရဲ့ အစီအစဉ် မအောင်မြင်သေးဘူး ဟော်ရှန်းလင် "

"မင်းငါ့ကိုလိမ်နေတာလား!"

သူစကားမဆုံးခင်မှာ ဟော်ရှန်းလင်ရဲ့ သေနတ်ကိုင်ထားတဲ့လက်ကို ကျည်ဆန်ထိမှန်ခဲ့သည်။

ပြင်းထန်သော နာကျင်မှုကြောင့် သူ့လက်ကို လွှတ်ချလိုက်ပြီး ခလုတ်က ကြမ်းပေါ်သို့ ပြုတ်ကျသွားကာ စုန့်ယွီဟဲ လှမ်းယူလိုက်သည်။

ဟော်ရှန်းလင် က အဲဒါကို ပြန်ယူချင်တုန်းပဲ၊ အထူးရဲတွေက ဝိုင်းအုံလာပြီး မိနစ်ပိုင်းအတွင်း လက်နက်ချခိုင်းလိုက်ကြသည်။

မကြာခင်မှာပဲ ရေကြောင်းရဲနဲ့ အထူးရဲတွေက Sea Shark ကို သိမ်းပိုက်ခဲ့ကြသည်။

ညနှင့်နေ့များ ဆုံသည့် ပင်လယ်နှင့် ကောင်းကင်မျဉ်းကြားတွင် အေးစက်သော လရောင်သည် ကောင်းကင်ပေါ်မှ နို့ရည်တွေလို စီးကျနေတဲ့ တိမ်မှုန်များကို လင်းလက်တောက်ပစေသည်။

ချူးလီ၏ မျက်နှာက ဖြူဖျော့လာပြီး ဒူးတစ်ဖက်ထောက်ကာ သူ့တစ်ကိုယ်လုံး သွေးအိုင်ထဲတွင် လဲကျသွားခဲ့သည်။

အရောင်မှသည် သူမြင်နေတဲ့ လခြမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူပထမဆုံးမြင်ဖူးခဲ့တဲ့ ထိုညကဲ့သို့ပင်။

ပြောင်လက်တောက်ပကာ ဖြူစင်နေသည်။

သူ့အသိစိတ်က တိမ်မြုပ်နေပြီး သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ပြေးနေတဲ့ ခြေသံတွေနဲ့ အသံတွေက အဝေးကနေ အနီးကို၊ အနီးမှအဝေးကို ရွေ့နေသည်။

သူ့ကမ္ဘာက ဆူညံပြီး တိတ်ဆိတ်နေသည်။

စုန့်ယွီဟဲ သူ့ရှေ့မှာ ပေါ်လာပြီး စိုးရိမ်စိတ်တွေ၊ တင်းမာမှုတွေ၊ ဝမ်းနည်းမှုတွေ ခံစားရတဲ့ ခံစားချက်တွေကို သူ့မျက်လုံးတွေကနေ မြင်လိုက်ရသည်- "ထိန်းထားဦး၊ ဆရာဝန် ချက်ခြင်း ရောက်လာလိမ့်မယ်။အဆင်ပြေသွားပြီ၊ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး!"

ချူးလီ က ကောင်းကင်မှာ တောက်ပနေတဲ့ လကို ကြည့်လိုက်တော့ သူ့ပါးစပ်ထောင့်မှာ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့သည်။

"ဆရာ၊ ကျွန်တော် သန့်ရှင်းရဲ့လား"

...

ကျန်းယွီက သူမ အိပ်ပျော်နေလား နိုးနေလားဆိုတာကို မသိခဲ့ပေ။ ဒီပရမ်းပတာ ခံစားချက်က ထပ်ပြီး စိတ်ညှို့ယူထားပုံရသည်။

သူမသည် ယခင်ဘဝက ချူးလီ ကိုပင် အကြောင်းအရာများစွာကို အိပ်မက်မက်ခဲ့သည်။

ထိုလူကို သူမပထမဆုံးမြင်သောအခါ မိုးရွာပြီးနောက် ပထမဆုံးနေသာသော နံနက်ခင်းဖြစ်သည်ကို သူမ သတိရမိသည်။

ထိုလူသည် မိုးနှင့် နှင်းများဖုံးလွှမ်းနေသော မြက်ခင်းစိမ်းစိမ်းပေါ်တွင် ခြေလျင်လျှောက်လာကာ ဆင်ခြေဖုံးရှိ ဟော် မိသားစုအိမ်သို့ ရောက်လာသည်။

ထိုအချိန်တွင် သူမက ခြေဗလာဖြင့် ဒုတိယထပ်ရှိ ပြင်သစ်ပြတင်းပေါက်၏ အဖြူရောင် ကန့်လန့်ကာနောက်တွင် ရပ်ကာ မြက်ခင်းပြင်ပေါ်ရှိ လူကို တိတ်တဆိတ် ကြည့်နေသည်။

ထိုလူသည် အနက်ရောင် သာမန်ဂျာကင်အင်္ကျီကို ၀တ်ထားပြီး နေပူထဲတွင် ရပ်နေသော်လည်း သူ့ပုံစံက မိမိုက်နေသေးသည်။

သူက အရမ်းကိုမှချောတယ်၊ ကျန်းယွီက သူ့ထက် ပိုချောတဲ့ ယောက်ျားကို တစ်ခါမှ မမြင်ဖူးဘူး၊ တီဗီမှာ အိုင်ဒေါချောချောလေး လို့ ခေါ်တဲ့သူနဲ့တောင် ဒီလူမှာ နှိုင်းယှဥ်လို့ရတဲ့ ရုပ်ရည်မျိုးရှိသည်

"သူက မစ္စတာဟော် ရဲ့ စိတ်ကြွရောဂါကို ကုသဖို့ မစ္စတာ ဟော် ဖိတ်ကြားထားတဲ့ ပုဂ္ဂလိက စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ယောက်ပါ။"

သူ့နောက်မှာ အိမ်စောင့်ရဲ့ အသံထွက်လာသည် "မစ္စတာ ဟော်ရဲ့ ညွှန်ကြားချက်အရ အိမ်ထဲမှာ အပြင်လူ နေလို့ရတယ်။ မဒမ် က ဒုတိယထပ်မှာ နေပြီး ဘာမှ လုပ်စရာ မရှိရင် အောက်ထပ်ကို ဆင်းမလာပါနဲ့ "

"ငါ ပန်းခြံထဲကိုသွားလို့မရဘူးလား။"

"မသင့်တော်ပါဘူး၊ မဒမ်ကို ဒုတိယထပ်မှာပဲ နေဖို့ မစ္စတာဟော်က တိုက်တွန်းထားပါတယ်။"

ထိုအချိန်တွင် မြက်ခင်းပေါ်ရှိ အမျိုးသားက ရုတ်တရက် ခေါင်းကို မော့ပြီး ဒုတိယထပ်ရှိ လသာဆောင်ဆီသို့ ကြည့်ခဲ့သည်။

သူ့ရဲ့အကြည့်များက ကျန်းယွီဆီ ပြေးဝင်လာသည်။ အေးစက်တဲ့အကြည့်တွေက သူမကို ထိတ်လန့်စေကာ အမြန်ပြန်လှည့်ပြီး နံရံနောက်မှာ ပုန်းနေလိုက်သည်။

ပြတင်းပေါက်ကို စူးစမ်းချင်စိတ်ဖြင့်ကြည့်လိုက်တော့ ထိုလူ မရှိတော့ပေ။

"သူက စိတ်ရောဂါကု ဆရာဝန်လား"

"ဟုတ်ပါတယ် မဒမ်"

"ငါ့ရဲ့အိပ်မပျော်တဲ့ရောဂါကို သူ့ကိုကူညီခိုင်းလို့ရမလား"

"မရပါဘူး မဒမ်။ မစ္စတာ ဟော် က သူအိမ်မှာမရှိရင် မဒမ် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ရဘူးလို့ တစ်ခါတုန်းက ပြောထားတယ်လေ"

ဟိုးအရင်တုန်းက ကျန်းယွီက သူ့ရှေ့ရှိ အိမ်တော်ထိန်းက စက်ရုပ်တစ်ရုပ် သို့မဟုတ် စိတ်ခံစားမှုမရှိတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ထောင်အစောင့်တစ်ဦးကဲ့သို့ပင် သူမ၏ဘဝကို လုံးလုံးလျားလျား ပိတ်ဆို့ထားသည်ဟု ကျန်းယွီ အချိန်အတော်ကြာ သံသယဝင်ခဲ့မိသည်။

ကျန်းယွီ သည် လွန်စွာမှ လွတ်မြောက်လိုသော်လည်း ဟော်ရှန်းလင် ၏ ပစ္စတိုသေနတ်ဖြင့် အသတ်ခံရလျှင်ပင် နောက်စက္ကန့်တွင် သူလေ့လာထားခဲ့တဲ့ သေနေတဲ့လမ်းအတိုင်း ရှင်သန်နေထိုင်ခြင်းက ပိုကောင်းမည်ဖြစ်သည်။

စိတ်ရောဂါကု ဆရာဝန်က သူမကို ကူညီပေးနိုင်သည် ။

...

ကျန်းယွီ နိုးလာပြီး သူမစိတ်ထဲမှာ အရင်ဘဝက အမှတ်ရစရာတွေ အများကြီးရှိခဲ့သည်။ သူမ ပြန်လည်မွေးဖွားလာပြီးနောက် ထိုအမှတ်တရများကို အနက်ရောင်သေတ္တာတစ်ခုက တံဆိပ်ခတ်ထားပုံရသည်။

အခုတော့ မှတ်ဉာဏ်ရဲ့ အနက်ရောင်သေတ္တာက ကွက်လပ်တစ်ခုကို ပွင့်သွားစေပြီး၊ သူမ အရင်က မတွေးဖူးတဲ့ အရာတွေ အများကြီးကို သတိရသွားသည်။

ဥပမာအားဖြင့် သူမနဲ့ ယောက်ျားတစ်ယောက် သူမ ပထမဆုံးတွေ့မြင်လိုက်တော့ ပါးလွှာတဲ့ အဖြူရောင်ပိတ်သား ကန့်လန့်ကာမှတဆင့် ရင်သပ်ရှုမောဖွယ် အကြည့်တစ်ချက်က သူမ၏ ငြိမ်သက်တည်ကြည်နေတဲ့ နှလုံးသားရေကန်ထဲကို ကျောက်တုံးလေးတစ်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းတွေပေါ်လာစေသည်

ကျန်းယွီသည် အိပ်မက်အပိုင်းအစများထဲမှ ရုတ်တရက် ရုန်းထွက်ပြီး မျက်လုံးဖွင့်လိုက်သည်။

လူနာခန်းထဲတွင် နေရောင်က တိတ်ဆိတ်ပြီး နွေးထွေးနေပြီး ခေါင်းအုံးဘေးရှိ ဗီရိုပေါ်တွင် လှပသော အဝါရောင် နှင့် အဖြူရောင် နှင်းဆီပန်းများအပြင် တောက်ပစွာ ဆေးကြောထားသော ချယ်ရီသီးနှင့် စတော်ဘယ်ရီသီးများ ရှိသည်။

သူမ မျက်တောင်ခတ်ပြီး အခန်းထဲက လူကို တွေ့လိုက်ရသည်။

မျက်လုံးကို ဖမ်းစားနိုင်တဲ့ ပထမဆုံးအရာကတော့ ကျန်းမန့်ယီ ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာ : " ရှောင်ယွီ "

"မေမေ၊ မေမေဘာလို့ဒီရောက်နေတာလဲ..." ကျန်းယွီရဲ့အသံက အားမရှိနေပေ "ဒါကဘယ်မှာလဲ..."

"ဘေဘီ! နောက်ဆုံးတော့ နိုးလာပြီပေါ့ ၊ ဘယ်နေရာကသက်တောင့်သက်သာမရှိဖြစ်နေလဲ"

ချန်းယဲ့က စိုးရိမ်တကြီးနဲ့ ဆိုဖာပေါ်ကနေ ထလာပြီး ကျန်းယွီ ရှေ့မှာ သူ့ကိုယ်သူ ပစ်လှဲချလိုက်သည်။ အဖေတစ်ယောက်ရဲ့ အချစ်က သူမရဲ့လက်ကို တောင်ကဲ့သို့ ဆုပ်ကိုင်ထားသည် "သမီး အိပ်နေတာ ရက်တော်တော်ကြာသွားပြီ!"

"ဘာ"

ကျန်းယွီသည် ချန်ယဲ့ကိုမြင်သောအခါ သူ အလွန်ဆုံးရှုံးသွားခဲ့သည်။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်နားက တစ်ယောက်ထိုင် ဆိုဖာပေါ်မှာ ရှဲ့ယွမ် တင်းမာနေတာကို တွေ့လိုက်ရသည်။ "ဖေဖေ၊ မေမေနဲ့ ဖေဖေတို့... ဒီမှာရှိနေကြတယ်!"

" ဒီလောက် ကိစ္စကြီးဖြစ်သွားတာ။ ရဲအရာရှိ ချန် ငါတို့ကို ဆက်သွယ်လာတော့ ငါ့နှလုံးတောင် ရုတ်တရက် ရပ်သွားတယ်။ လေယာဉ်စီးဖို့တောင် မစောင့်နိုင်တော့ဘူး။ မင်းအဖေရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာခဲ့တာ"

ကျန်းမန့်ယီက သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး ရှောခ့်ရစွာပြောခဲ့သည် "ဒီကလေး ချူးလီက ဒီလောက်အန္တရာယ်ကြီးတဲ့ဟာကိုလုပ်နေတာ မေမေ သိတယ်။ မေမေသေသွားတဲ့အထိ သမီးကို ဟိုင်ချန်ကို သွားခွင့်မပြုဘူး!"

"ချူးလီ!" ကျန်းယွီ ရုတ်တရက်နိုးထလာသည် "သူဘယ်လိုနေလဲ"

သူ့အဝတ်အစားကိုသယ်ပြီး သူမ ကျောင်းထဲကထွက်လာတာကိုတော့ သတိရတယ် ပြီးတော့ လိုင်စင်မဲ့ အနက်ရောင် မာစီးဒီးကားက သူမရှေ့မှာ လာရပ်ပြီး သူမကို အမြန်ခေါ်တင်သွားခဲ့တယ်။ အရမ်းမြန်လွန်းတာကြောင့်မို့ သူမ တုံ့ပြန်ဖို့ ရုန်းကန်ရန် စက္ကန့်ဝက်ပင်မရလိုက်ပေ။

မာစီးဒီးကားက သူမအား ဟိုတယ်ငယ်လေးတစ်ခုဆီ ခေါ်ဆောင်သွားပြီး သူမအား ကြိုးဖြင့် ချည်နှောင်ထားသည်။ နောက်တော့ တစ်ဖက်က ဗီဒီယိုကောခေါ်ခဲ့ပြီး ချူးလီဘာလုပ်နေတယ်ဆိုတာ သူမသိလိုက်ရသည်။

တစ်ဖက်က သူမကို အသုံးပြုပြီး သူ့ကိုခြိမ်းခြောက်အကြပ်ကိုင်ဖို့ လုပ်တာ။

မကြာခင်မှာပဲ ချူးလီရဲ့ စိတ်ညှို့မှုအောက်မှာ သူမ အိပ်ပျော်သွားသည်။ ကံကောင်းထောက်မစွာ သူမ၏အဝတ်ထဲမှာ သွမ့်ပေါ် ၏ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော GPS တည်နေရာပြစနစ်တစ်ခုရှိနေသည်။ ထို့ကြောင့် သူမ အိမ်မက်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေချိန်တွင် တံခါးကိုရိုက်ချိုးပြီး ရဲတစ်ယောက် ဝင်လာသည်ကို သူမမြင်လိုက်ရပုံရသည်။

နောက်တော့...သူမ တကယ်မမှတ်မိတော့ဘူး။

သူမဒဏ်ရာမရခဲ့ဘူး အိပ်ပျော်သွားတာ၊ ဒီတစ်ခါတော့ သူမ ဘယ်နှစ်ရက်လောက် အိပ်ပျော်သွားမှန်း သူမ မသိဘူး။

ကျန်းယွီ လုံးဝနိုးလာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည် " သူဘယ်လိုနေလဲ ၊ သူ ပြစ်မှုကျူးလွန်ခဲ့လား။သမီး မှတ်မိတယ် ... အဲဒီလူတွေ သူ့ကို လှေပေါ်တင်ပြီး ခြိမ်းခြောက်နေကြတာကို မှတ်မိတယ် ... သူ့ကို သေဒဏ်ပေးကြတော့မှာလား "

ချန်ယဲ့ပြောလိုက်သည် "စိတ်မပူပါနဲ့၊ ရဲအရာရှိ ချန် ကပြောတယ် သူက လျှို့ဝှက်သတင်းပေးတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလုပ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်မှာ မဟုတ်ဘူး၊ သေနတ်နဲ့တော့ ပစ်သတ်လိုက်ရတယ် သူ အသက်ရှင်လာ သေလားတော့ ဖေဖေ မသိဘူး။"

ကျန်းယွီရဲ့ မျက်နှာက ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး ထိတ်လန့်သွားသည်။

"ဒါက ဘယ်အချိန်လဲ၊ သူ့ကို ကြောက်နေသေးတာလား"

ကျန်းမန့်ယီ က ချန်ယွီကို ချော့မော့ပြီးပြောခဲ့သည် "စိတ်မပူပါနဲ့ ရှောင်ယွီ၊ သူ အသက်အန္တရာယ်တော့ မရှိပါဘူး၊ ဒါပေမယ့် သူ့ဘယ်ဘက်ခြေထောက်ကတော့...သွားပြီ ။ ဆရာဝန်က သူ့ကို ဘီးတပ်ကုလားထိုင် ယူစေချင်တယ်"

သူ့အသက်အန္တရာယ်မကျရောက်ဘူးလို့ကြားတော့ ကျန်းယွီ သက်ပြင်းတစ်ချက်ချပြီး တုန်တုန်ယင်ယင်နဲ့မေးခဲ့သည် "ဘယ်ဘက်ခြေထောက်ကတော့... သွားပြီ... အဲ့တာ....အဲ့တာက...မသန်စွမ်းတော့တာလား"

"ဟုတ်လိမ့်မယ်ထင်တယ် ၊မေမေလည်း စိတ်ဆင်းရဲနေလို့ အဲ့တာကိုသေချာတော့ မသိဘူး"

ရှဲ့ယွမ် နောက်ဆုံးတော့ ထပ်ပြီး နားမထောင်နိုင်တော့ပေ။ သူက ရှေ့ကိုလှမ်းလာပြီး ကျန်းယွီ ကို နှစ်သိမ့်ကာပြောခဲ့သည် "စိတ်မပူပါနဲ့ ရှောင်ယွီ ၊ အဲဒါက မပြင်းထန်ပါဘူး။ ဒူးခေါင်းကို ပစ်မိတာ၊ ဆရာဝန်က ပြန်ကောင်းလာဖို့ အလားအလာ အရမ်းကောင်းနေသေးတယ်လို့ ပြောတယ်။ စိတ်မပူနဲ့၊ ဖေဖေ သေချာပေါက် ကူညီပေးမှာပါ၊ မင်း မသန်မစွမ်းချစ်သူနဲ့နေရမှာ မဟုတ်ပါဘူး။"

"......"

ချန်းယဲ့: "ဒါကို ကားပြုပြင်မှုတစ်ခုလို သဘောထားတာလား၊ မပြင်နိုင်ရင် ဘယ်လိုလုပ်မလဲ။"

ရှဲ့ယွမ်- "ကားပျက်နေသရွေ့တော့ ကုန်ကျစရိတ် ဘယ်လောက်ပဲရှိရှိ ကောင်းကောင်း ပြုပြင်နိုင်မှာပဲ"

ချန်းယဲ့ : "မပြုပြင်နိုင်ရင် ဘယ်လိုလုပ်မလဲ"

ရှဲ့ယွမ်: "ဒါဆို တစ်စီးပြောင်းလိုက်"

ချန်းယဲ့ : "ငါ့ရဲ့ အကြံပြုချက်ကတော့ ညစ်ပတ်တဲ့ ဒီကောင်လေးနဲ့ နောက်တစ်ယောက်ကိုပြောင်းဖို့ အကြံပြုချင်တာပဲ၊ ငါတို့သမီးက သူနဲ့ ပြန်လည်သင့်မြတ်ဖို့ ခရီးအတော်ကြာသွားခဲ့ပြီးပြီ၊ ဒါပေမယ့်ငါ သူ့ကို တစ်စုံတစ်ယောက်ကို ပေးနိုင်တယ် အဲ့ဒီသူက... တကယ်ကို Infernal Affairs ကစားတဲ့သူဖြစ်နိုင်တယ် !"

ကျန်းမန့်ယီ ထပ်ပြီးတော့ နားမထောင်နိုင်တော့ပေ- "ရှင်တို့နှစ်ယောက် စကားနည်းနည်းပဲပြောလို့ရမလား၊ ရှင်တို့ တောက်လျှောက် ငြင်းခုံနေကြတာကို ရပ်ပေးလို့ရမလား!"

ဖခင်နှစ်ဦးကြား ရန်ဖြစ်နေစဉ် ကျန်းယွီက ကုတက်ပေါ်မှထကာဖိနပ်စီးပြီး တံခါးနားသွားလိုက်သည် "ချူးလီ ဘယ်မှာလဲ၊ သူ့ကို တွေ့ချင်တယ်"

ကျန်းမန့်ယီ အလျင်အမြန် ဖမ်းလိုက်သည်- "အာ၊ အခုတော့ အဆင်မပြေနိုင်သေးဘူး။ မနေ့က အရိုးအထူးကုခန်းမှာ သူ့ကို မေမေတို့ သွားတွေ့ခဲ့ကြပေမယ့် သူနာပြုတွေက သူ့ကိုကြည့်ဖို့ တားခဲ့တယ်။"

"သမီး တံခါးနားကနေ တစ်ချက်လေးပဲကြည့်မယ်လေ။"

ကျန်းယွီ သည် မဆိုင်းမတွ လူနာခန်းထဲမှ ထွက်လာပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဟိုင်ချန်မှ မရင်းနှီးသော နံပါတ်တစ်ခု ဝင်လာခဲ့သည်။

ကျန်းယွီ ဖုန်းပြန်ဖြေလိုက်သည်။

" ရှောင်ယွီ နိုးလာပြီလား"

ဖုန်းထဲက ရင်းနှီးတဲ့အသံ၊ သူမရဲ့နှလုံးကို လွင့်မျောသွားစေပြီး နောက်ဆုံး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်- "နိုးလာပြီ......"

"အချိန်ကိုရေတွက်လိုက်တော့ နိုးဖို့အချိန်ရောက်နေပြီမို့"

ဖုန်းထဲကလူ ပြုံးနေတဲ့ ဒီအခိုက်အတန့်ကို သူမ စိတ်ကူးကြည့်နိုင်ပုံရသည်- "အားလီ၊ နင်ဘယ်မှာလဲ၊ ငါ နင့်ကို အခုရှာနေတာ"

"ဒီကိုမလာနဲ့" ထိုလူက တိုးလျတဲ့ အသံနဲ့ ဖြည်းညှင်းစွာပြောခဲ့သည်။ " ရှောင်ယွီ၊ ငါ ဒူးကို သေနတ်မှန်ထားတယ်"

ကျန်းယွီရဲ့ မျက်လုံးတွေ နီရဲလာပြီး နှလုံးသားကြေကွဲသွားခဲ့သည်။ "မြို့တော်ဆေးရုံရဲ့ တတိယထပ်က အရိုးအထူးကုခန်းမှာ မလား။ ငါ အခု ဓာတ်လှေကားစီးလာမယ်။"

"သူ သေနတ်နဲ့ ပစ်လိုက်တဲ့အချိန်တုန်းကလေ ဟော်ရှန်းလင်ဆိုတဲ့ အဲ့အရူးက သူတကယ်ကို ငါ မနာဘူးလို့ ထင်နေတာ၊ သူ တကယ်ကို စိတ်ညှို့ခံထားရတယ်လို့ ထင်နေခဲ့တာ။"

ဖုန်းထဲကလူက ပြုံးနေတုန်းပဲ၊ သူ့ရဲ့ လေးနက်တဲ့အသံနဲ့ ဖြည်းညှင်းပြောခဲ့သည် "ဒါပေမယ့် ငါတကယ်နာတယ်။ ရှောင်ယွီ ငါ့အနားမှာ မရှိရင်တောင် ငါ့နှလုံးသားက နာကျင်လွန်းလို့ နှလုံးရပ်သွားတယ်။ တစ်သက်လုံး ဒီလိုနာကျင်မှုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးထင်တယ်။ ရှောင်ယွီ နဲ့ လမ်းခွဲခဲ့တာကလွဲလို့..."

"ငါ ဓာတ်လှေကားပေါ် ရောက်နေပြီ!"

"ဒင်" ဆိုတဲ့အသံဖြင့် ဓာတ်လှေကားတံခါးက ဆယ်မီတာအကွာအဝေးတွင် ပွင့်လာသည်။ ထိုလူသည် ဓာတ်လှေကားဘေးဘက်ရှိ လက်ကိုင်ကို မှီကာ လက်တစ်ဖက်နှင့် သူ့ခန္ဓာကိုယ်ကိုထိန်းကာ အခြားတစ်ဖက်က ဖုန်းကို ကိုင်ထားသည်။ ဘယ်ဘက်ခြေထောက်ကို ကျောက်ပတ်တီးစည်းထားပြီး ပတ်တီးထူထူနဲ့ ပတ်ထားတုန်းပင်။

သူအရမ်း ဆိုးဆိုးရွားရွား နာနေပြီး သူ့ရည်းစားကိုသွားတွေ့တာတောင်မှ အဖြူသန့်သန့်ရှပ်အင်္ကျီကို ၀တ်ထားပြီး ကြယ်သီးတွေကို ကော်လာပေါ်ထိ စေ့စေ့စပ်စပ် တပ်ထားလိုက်သေးသည်။

သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်တွေမှာ ခြောက်သွေ့နေကာ နှုတ်ခမ်းအရေခွံလန်နေသည်။ ဖုန်းကိုယူကာ စင်္ကြံရှိ ကောင်မလေးကို လှမ်းကြည့်လိုက်သည်..

"နည်းနည်းလေး ပိုနာမယ်လို့ ထင်တယ်။ မတ်တပ်ရပ်ဖို့ အရည်အချင်း ပိုရှိတယ်... တစ်လှမ်းပြီးတစ်လှမ်း မင်းရှေ့ကို လျှောက်လာခဲ့မယ်။ သန့်သန့်ရှင်းရှင်းနဲ့... မင်းရှေ့ကို လျှောက်လာမယ်"

သူ့ရဲ့ပါးစပ်ပေါ်မှ အပြုံးဖျော့ဖျော့လေးဖြင့် ဓါတ်လှေကားထဲမှ ထွက်လာကာ နံရံပေါ်ရှိ လက်ကိုင်ကို ခက်ခက်ခဲခဲ ကိုင်ပြီး သူမဆီသို့ ခြေလှမ်းတလှမ်းချင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"အားလီ..."

မျက်ရည်ပူတွေက သူ့ပါးပြင်ပေါ်သို့ စီးကျလာသည်။

ငယ်ရွယ်တဲ့ ကျန်းယွီ၏မျက်နှာပေါ်တွင် နေရောင်ခြည်က တောက်ပနေပြီး သူမ၏အသားအရေက ဖြူဖွေးတောက်ပနေပုံရသည်။

ကောင်းကင်ကြီးက တောက်ပနေပြီး သူမရဲ့မျက်လုံးတွေအောက်က နှစ်ရှည်လများရှိနေခဲ့တဲ့ အနက်ရောင်စက်ဝိုင်းတွေ လွင့်စင်သွားခဲ့သည်။

သူမအမြဲတမ်းမျှော်လင့်ထားသည့်အရာဖြစ်လာပုံရသည်။

နေပူထဲမှာ အမြဲလိုလို ဖြူစင်သန့်ရှင်းစွာ လမ်းလျှောက်တာ။

ယခုအချိန်တွင်၊ ဖုန်းက "တင်" ဆိုတဲ့အသံ ဖြင့် တကယ်ပဲ [knowledge] အက်ပ်မှ မက်ဆေ့ခ်ျတစ်ခုဖြစ်သည်။

ထိုသတင်းကို အနာဂတ် [ချူးလီ] မှပေးပို့ထားတာဖြစ်သည် - " ရှောင်ယွီ၊ ငါအဆင်ပြေပါတယ်။"

ကျန်းယွီက သူပေးပို့လိုက်တဲ့သတင်းကို ကြည့်ပြီး လက်တွေတုန်နေသည်၊ ပျော်ရွှင်မှု၊ စိတ်တက်ကြွမှာ၊ စိတ်ပြေလျော့မှု၊ ဝမ်းနည်းမှုတွေ လှုပ်ရှားလာပြီးနောက်...

ခံစားချက်တွေ အားလုံးက ချက်ချင်းပဲ သူမ နှလုံးသားထဲ ပြေးဝင်လာပြီး ငိုလိုက် ရယ်လိုက် ဖြစ်နေသည်။

နောက်ဆုံးတော့!

နောက်ဆုံးတွင် သူသေခြင်းတရား၏ ကံကြမ္မာကို ပြောင်းလဲခဲ့သည်။

သူတို့က အနာဂတ်မှာ ပိုကောင်းလာလိမ့်မယ်၊ အားလုံးလည်း ပိုကောင်းလာလိမ့်မယ်။

ချူးလီ ရပ်လိုက်ပြီး သူ့ရှေ့က ဖုန်းကို စိုက်ကြည့်နေတဲ့ ကောင်မလေးကို ကြည့်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ "ငါက ဒီလိုပဲ၊ ပထမဆုံး အကြိမ် ငါ မင်းဆီ လာချင်ပေမယ့် မင်းက ဖုန်းကိုကြည့်နေတာလား"

ကျန်းယွီက သူမရဲ့မျက်လုံးထောင့်မှ မျက်ရည်တွေကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြည်းညှင်းစွာဖွင့်ကာ ပြုံးကာ အော်လိုက်သည်။

"ပေါင်ပေ့၊ ဒီကိုလာပြီး ငါ့ကို ပွေ့ဖက်ပေးပါဦး"

All Chapters