← Chapters

Chapter 117

Vol. 10 Ch. 117

Chapter 117

Vol. 10 Ch. 117

နှစ်သစ်ကူးအကြိုတွင် "Swan Lake" ရာစုဖျော်ဖြေပွဲအား ဖွင့်လှစ်ခဲ့ပြီး ကျန်းယွိ ပိုင်ချန် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Swan Queen ၏နောက်ဆုံးအခန်းကဏ္ဍကို အပြီးသတ်ပြီး ပုရှီလိုင် မှ တာဝန်ယူမည်ဖြစ်သည်။ ကျန်းယွီသည် ပုရှီး အတွက် အစားထိုးရုံသာဖြစ်ပြီး ၎င်းကို အစားထိုးရန် အခွင့်အလမ်းမှာ သေးငယ်သော်လည်း၊ ၎င်းသည် ဤရှိုး၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်သည်။

ချူးလီသည် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ၎င်း၏အိမ်စာများကို ပြန်လည်သုံးသပ်ရန် ဟိုင်ချန် တွင်နေခဲ့သည်။

ကျန်းမန့်ယီက တက္ကသိုလ်မြို့အပြင်ဘက်ရှိ ဘားလမ်းတွင် စာပေနှင့် အံဝင်ခွင်ကျရှိသော စားသောက်ဆိုင်တစ်ခုဝယ်ရန် သူမ၏စုဆောင်းငွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။

သူမသည် စားသောက်ဆိုင်ကို "Wandering" ဟုအမည်ပေးထားသည်။

သူမ အဆင်ပြေတဲ့ ပိတ်ရက်နေ့တွေမှာ အချိန်ဖြုန်းဖို့ စားသောက်ဆိုင်မှာ သီချင်းဆိုသည်။

ချန်းယဲ့လို သူမ၏ ဂီတအိပ်မက်များကို လိုက်မလျှောက်နိုင်သော်လည်း၊ သူမ၏ကိုယ်ပိုင် စားသောက်ဆိုင်ရှိခြင်းနှင့် နေ့တိုင်းသူမ၏သီဆိုမှုကို နားထောင်ရန် မတူညီသော ပရိသတ်များရှိခြင်းသည် သူ့ကိုယ်သူ ဖြည့်ဆည်းပေးမည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။

ကျန်းမန့်ယီ ဒီလိုဘဝမျိုးကို အရမ်းသဘောကျသည်။

တက္ကသိုလ်သည် အနီးနားတွင်ရှိပြီး စားသောက်ဆိုင်က အလွန်ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ညတိုင်း ဧည့်သည်တွေနဲ့ ပြည့်နှက်နေသည်။

ရှဲ့ယွမ်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၏သူငယ်ချင်းများ၊ သူငယ်ချင်းများ၏ သူငယ်ချင်းများသည် စားသောက်ဆိုင်၏ လုပ်ငန်းကို မကြာခဏလာရောက်လေ့ရှိသည်။ ဤနည်းအားဖြင့် "Wandering" သည် ဤလမ်းပေါ်ရှိ အတက်ကြွဆုံးနှင့် လူကြိုက်အများဆုံး စားသောက်ဆိုင်ဖြစ်လာခဲ့သည်။

ပုထျန်းယန်နဲ့ သူ၏ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ်အဖြစ် ကျန်းမန့်ယီမှ "Walking" ဟူသောအမည်ကိုပေးခဲ့သည်။

ကောလိပ်တွင် ကျန်းမန့်ယီသည် ဘားတစ်ခုတွင် သီချင်းဆိုကာ အလုပ်ရှာပြီး သူ့ကိုယ်သူ ထောက်ပံ့ခဲ့သည်။ တစ်ခါက လုပ်ခလစာ ဖြတ်တောက်မှုကြောင့် ဘားမန်နေဂျာနှင့် ရန်ဖြစ်ခဲ့ဖူးသည်။

ပုထျန်းယန်က သူ့ကို ရိုက်ခဲ့ပြီး သူမကို ကယ်ထုတ်ဖို့ ဆိုင်ထဲကို ပြေးလာခဲ့သည်။ သူမ အကောင်းဆုံးကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် နုတ်ယူထားသောလစာကို မရခဲ့ပေ။

နှစ်ယောက်သား ဘားမှ ထွက်လာသောအခါ ကျန်းမန့်ယီ က တစ်လမ်းလုံး ဆဲဆိုမိကာ ဒေါသတကြီးဖြစ်နေပြီး ပုထျန်းယန်က သူမကို ပုခုံးပေါ်ကိုပုတ်ကာ ပြောခဲ့သည်။ "အနာဂတ်မှာ နင့်ဆီမှာ ငါရင်းနှီးမြှုပ်နှံမယ်။ ငါတို့ ဘားတစ်ခုဖွင့်ကြမယ်၊ နင်က ကိုယ်ပိုင်ဘားမှာ သီချင်းဆို။ တခြားသူတွေ လာအနိုင်ကျင့်တာ ခံစရာ မလိုတော့ဘူး!"

ညလေညင်းက အနည်းငယ်အေးလာပြီး နှစ်ယောက်သား ဘီယာ နဲ့ဘဲလည်ပင်းဝယ်ပြီး မြစ်ကမ်းစပ်တွင် ထိုင်ကြသည်။ ဘား၏အပြင်အဆင်၊ ချောမောလှပသော ဘားဆိုင်ထိုင်တဲ့သူနှင့် ဘားအမည်ကဲ့သို့သော စားသောက်ဆိုင်အမျိုးမျိုးကို စိတ်ကူးကြည့်ခဲ့ကြသည်။

၎င်းသည် လူနှစ်ဦး၏ ဖက်စပ်လုပ်ငန်းဖြစ်သောကြောင့် ဤဆိုင်သည် ၎င်းတို့နှစ်ဦးစလုံးပိုင်သည်။ ပုထျန်းယန်က "Walking" ဟုခေါ်သော ဘား၏အမည်အဖြစ် ၎င်းတို့နှစ်ဦး၏အမည်ကို အသုံးပြုရန် အဆိုပြုခဲ့သည်။

နောင်တွင် သူမကသီချင်းဆိုပြီး မြို့ခံအဆိုတော်အဖြစ် "Walking"မှာ ဖြစ်လာမည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင် ဘားမှာ သူဆိုချင်သလောက် သီချင်းတွေ များများဆိုလို့ရသည်။

ကျန်းမန့်ယီက သူမကို ရယ်ခဲ့သည်။ "နင်က လူသတ်သမားပဲ" ငါ့ရဲ့ စားသောက်ဆိုင် မကြာခင် ပိတ်လိုက်ရမှာကို ငါကြောက်တယ် ပြီးရင် ဧည့်သည်တွေ လာကြတော့မှာ မဟုတ်ဘူး"

"ငါက သူဌေးပဲ၊အချစ်က လာလာ မလာလာ ဘာမှမဖြစ်ဘူး ငါ တခြားသူတွေကိုတော့ ဂရုစိုက်ပါတယ်ဟ"

အချိန်က ရေနှင့်တူသည်။ ယခုအချိန်တွင် ကျန်းမန့်ယီ သည် စားသောက်ဆိုင်ရှေ့တွင် ရပ်ကာ အစိမ်းရောင်တောက်ပနေသော မီးချောင်းလေးထဲတွင် "Walking" ဟူသော စကားလုံးကို ကြည့်ပြီး အဆုံးမရှိ စိတ်မကောင်းဖြစ်မိနေသည်။

"အားယန်၊ ငါတို့ အရက်ဆိုင်ဖွင့်နေပြီလေ နင် သီချင်းဆိုဖို့ ဘယ်တော့ ပြန်လာမှာလဲ"

"နင်ပြန်လာသရွေ့ နင်အသံမထွက်လည်း အရေးမကြီးဘူး။"

ဤအခိုက်အတန့်တွင် မိုင်ပေါင်းတစ်ရာ့ရှစ်ထောင်ကျော်ဝေးသောနေရာက မိန်းကလေး၏အသံက အရက်ဆိုင်မှထွက်လာပြီး Beyong ၏ "Really Love You" ကို သီဆိုနေသည် ---

"နွေဦးလေပြေလေးက မိုးရေဘက် လှည့်ပြီး ငါ့နှလုံးသားကို တစ်သက်လုံး နွေးထွေးစေခဲ့တယ်၊ ငါ စကားတစ်ခွန်းမှမပြောဘဲ လက်ဆောင်အဖြစ် ပေးခဲ့တယ်"

"မင်းမျက်လုံးတွေက နွေးနွေးထွေးထွေးနဲ့ လမ်းကို ပြတ်ပြတ်သားသားကြည့်တတ်အောင် သင်ပေးတယ်။ ငါလဲကျတဲ့အခါ လက်မလျှော့နဲ့လို့ပြောခဲ့တယ် "

"မင်းရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ ငါရှင်းပြလို့ မရဘူး။ အချစ်ရဲ့ ခွင့်လွှတ်မှုက အကန့်အသတ်မရှိ၊ ငါ့ကိုပြောခွင့်ပြုပါ၊ ငါမင်းကို တကယ်ချစ်တယ်"

မင်းမျက်လုံးတွေမှိတ်ထားလိုက်ရင် ဒါက ကျန်းယွီ ရဲ့အသံဆိုတာကို သေချာပေါက်သိသည်။

သူမမှလွဲ၍ ဤကမ္ဘာပေါ်တွင် ဘယ်သူကမှ ရိုးရှင်းပြီး သာယာတဲ့ တေးသီချင်းကို မသီဆိုတတ်ပေ။

သူမက ပုထျန်းယန် ၏သမီးအရင်းဖြစ်သည်။ ဒီgongလေသံက တစ်လိုင်းတည်းပင်။

ဘားရှိဧည့်သည်များစွာသည် ကျန်းယွီ၏သီဆိုမှုကို မခံနိုင်ဘဲ တယောက်ပြီးတယောက် ထွက်ခွာသွားကြသည်။ ရှဲ့ယွမ်က ပထမတန်းတွင်ထိုင်ကာ သူမအား အားကြိုးမာန်တက် လက်ခုပ်တီးနေသည် သူက ပရိသတ်ထဲမှ တစ်ဦးတည်းသောသူဖြစ်သည်။

"ဟေ့ နောက်ထပ်သီချင်းတစ်ပုဒ်လောက်!"

"အသံကောင်းတယ်!"

ကျန်းယွီ က စင်ပေါ်မှာ ရပ်ပြီးရှက်ရှက်နဲ့ပြောခဲ့သည် "ဒါဆို နောက်တစ်ပုဒ်ဆိုရမလား"

ရှဲ့ယွမ် - "ငါတို့မိသားစုက သဘာဝရဲ့သံစဉ်ပဲ၊ သီချင်းတစ်ပုဒ်တည်းက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါဆို နောက်ထပ် သီချင်းလေးတွေ ရှိသေးတယ်။ ကျွန်မတို့နဲ့ joinပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။"

ကျန်းမန့်ယီက သူ့နဖူး သူရိုက်လိုက်မိသည်။

ဒီအဖေနဲ့သမီးက တကယ်ကို သီချင်းဆိုရဲပြီး တစ်ယောက်က ချီးကျူးရဲတယ်။ သူတို့နှင့်အတူ၊ "Walking" စားသောက်ဆိုင်သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပိတ်ရပါတော့မည်။

...

ဧည့်သည်တွေ ဘားထဲကနေ ဆက်တိုက်ထွက်သွားတော့ ကျန်းမန့်ယီက တံခါးဝမှာ ရပ်ပြီး ကျန်းယွီ ကိုအော်လိုက်သည် "တော်လောက်ပြီ၊ သီချင်းမဆိုနဲ့တော့၊ အလုပ်ကခုထိမစရသေးဘူး!"

ရှဲ့ယွမ်က သတ္တိရှိရှိနဲ့ပြောခဲ့သည် "ငါတို့မိသားစုရဲ့ သီချင်းဆိုတဲ့အသံကို နားထောင်ပေးတဲ့ ဧည့်သည်တွေအားလုံးအတွက် ငါ့မှာ သောက်စရာတွေ အကုန်ပေးမယ်။ ကြိုက်တဲ့ဟာ မှာလို့ရတယ်။"

ကျန်းမန့်ယီ "..."

သူမ အလွန်စကားမပြောနိုင်ဖြစ်ကာ ဘားမှ ထွက်ခွာသွားသော ဧည့်သည်တွေကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့သည်။

ထိုအခိုက်တွင် ဘား၏တံခါးဝတွင်ရပ်နေသော အမျိုးသမီးတစ်ဦးအား ဘားရှိ "Walking" ဆိုင်းဘုတ်ကို လှမ်းကြည့်နေသည်ကို သတိပြုမိခဲ့သည်။

ဤအမျိုးသမီးက သူမရဲ့အသက်နဲ့ရွယ်တူလောက်ရှိပြီး လှပသောခြေထောက်များဖြင့် cardigan နှင့် အနက်ရောင် pencil pants ကို ၀တ်ဆင်ထားသည်။

ကျန်းမန့်ယီက သူမ၏ ရှည်လျားသော ခြေတံရှည်များဖြင့် တစ်ချက်ကြည့်လိုက်သည်။

သွယ်လျသောခြေထောက်တွေက သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့် အလွန်တူသည်.....

ပုထျန်းယန်ကလွဲရင် ကျန်းမန့်ယီ ဒီလိုလှပတဲ့ခြေထောက်ပုံစံကို တစ်ခါမှမမြင်ဖူးပေ။

ဒါပေမယ့် ထိုအမျိုးသမီး၏ မျက်နှာမှာ အလွန်ထူးဆန်းသည်။ ကျန်းမန့်ယီ ဒီအမျိုးသမီးကို သူမ မသိတာ သေချာသည်။ “Walking” ဆိုင်းဘုတ်ကို သူမ ငေးကြည့်နေတာကို မြင်လိုက်ရတော့ သူမက ရှေ့ကို လှမ်းသွားပြီး နှုတ်ဆက်လိုက်သည် “မင်္ဂလာပါ အထဲဝင်ထိုင်ချင်လားရှင့် ကျွန်မတို့ ဘားက ဒီည freeပေးထားပါတယ် "

အမျိုးသမီးက ကျန်းမန့်ယီကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် ကျန်းမန့်ယီ ၏နှလုံးသားထဲသို့ အလွန်ရင်းနှီးသောခံစားချက်တစ်ခု တိုးဝင်လာသည်။

မျက်မှောင်ကြုတ်ပြီး သူမရှေ့က အမျိုးသမီးကို လေးလေးနက်နက် စိုက်ကြည့်နေလိုက်သည်။

သူမမှာ သိမ်မွေ့သောအသွင်အပြင်၊ ဖြူစင်သောအသားအရည်၊ အရေးအကြောင်းများမရှိသလောက်ဖြစ်ပြီး၊ သူမက အလွန်နုနယ်သည်။

ကျန်းမန့်ယီသူမကို မသိတာသေချာပေမယ့် ရင်းနှီးတဲ့ခံစားချက်က သူမမျက်လုံးထဲ ပြည့်လျှံသွားသည်။

"ကျွန်မတို့အရင်ကတစ်ယောက်နဲ့တစ်ယောက် သိကြလား" ဒီအမျိုးသမီး အရင်မေးလိုက်တာဖြစ်သည်။

ကျန်းမန့်ယီ မယုံနိုင်လောက်စရာကောင်းတာကို တွေးလိုက်မိသည်၊ သူမမှာလည်း ဒီလို ရင်းနှီးနေတဲ့ခံစားချက် ရှိနေတယ်တဲ့လား။

"ကျွန်မတို့ အချင်းချင်း သိလောက်လားတော့မသိဘူး၊ ဒါမှမဟုတ် ရှင် အနှိပ်ခံဖို့သွားဖူးလား " သူမက ပြုံးပြီးပြောလိုက်သည် "သစ်လုံးလမ်း ခြေထောက်စိမ်တဲ့club ကို ရှင်ရောက်ဖူးလား"

အမျိုးသမီးက ခေါင်းခါခဲ့သည်“ကျွန်မ အဲ့တာလုပ်တာရှားတယ်"

"အဲဒါဆို...အရင်ဘဝက သိတာဖြစ်မယ်" ကျန်းမန့်ယီက ပြုံးပြီး သူ့လက်ကို ဆန့်တန်းလိုက်သည် "မင်္ဂလာပါ၊ ကျွန်မနာမည်က ကျန်းမန့်ယီ "

"လျိုယဲ့ ပါ "

"လျိုယဲ့ လား ရှင့်နာမည်က အရမ်းလှတာပဲ "

လျိုယဲ့ က ခေါင်းငုံ့ပြီး ပြတ်ပြတ်သားသား ပြုံးပြပြီး သူ့အပြုံးက အထူးကြည်လင်နေသည်။ ထိုအပြုံးက ကျန်းမန့်ယီကို ခံစားရစေသည်... သူမနဲ့ ပုထျန်းယန်က တူနေပုံရတယ်။

ပုထျန်းယန် ပြုံးတဲ့အခါမှာလည်း သူမက မသိစိတ်တွင် ခေါင်းငုံ့ခဲ့သည် သူမ၏ အပြုံးက အလွန်ကြည်လင်ပြီး သာယာသည်။

ထိုအချိန်တွင် ဘားထဲတွင် မိန်းကလေးတစ်ယောက်၏ မရင့်ကျက်သော သီချင်းဆိုသံတစ်ခု ရှိနေသည် ။

"မင်းရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ ငါရှင်းပြလို့ မရဘူး။ အချစ်ရဲ့ ခွင့်လွှတ်မှုက အကန့်အသတ်မရှိ၊ ငါ့ကိုပြောခွင့်ပြုပါ..... ငါမင်းကို တကယ်ချစ်တယ်"

"မေမေ၊ မေမေ၊ ဘယ်မှာလဲ!" ကျန်းယွီ အရက်မူးနေသလိုမျိုး စင်ပေါ်မှ ခုန်တက်ကာ မိုက်ခရိုဖုန်းကိုကိုင်ကာ သဲကြီးမဲကြီးဝန်ခံနေသည် "သမီးကို နှစ်ပေါင်းများစွာ ဂရုစိုက်လာပေးလို့ ကျေးဇူးတင်ပါတယ်၊ အမေ့ကို အမြဲတမ်း ချစ်နေမှာပါ!"

ကျန်းမန့်ယီ ဒေါသတကြီးနဲ့ ဆိုင်ထဲကိုအော်လိုက်သည် "ရူးမနေနဲ့၊ မြန်မြန်ဆင်းလာ!"

လျိုယဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည် "အဲ့တာ ရှင်ဖိတ်ကြားထားတဲ့ မြို့ခံအဆိုတော်လား"

ကျန်းမန့်ယီ သူမရဲ့မျက်နှာကို အုပ်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည် “အဲ့တာ ကျွန်မသမီးပါ”

လျိုယဲ့သည် ကြမ်းပြင်မှ မျက်နှာကြက်ထိရှိတဲ့ ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများက တောက်ပနေသည် - "သူက အရမ်းချစ်စရာကောင်းတာပဲ"

"ဟုတ်တယ်" ကျန်းမန့်ယီ ဂုဏ်ယူစွာပြောလိုက်သည် " သီချင်းဆိုမကောင်းတာကို မကြည့်ပါနဲ့၊ သူက ပိုင်ချန် တက္ကသိုလ်မှာ ကျောင်းတက်နေတာ၊ ဘဲလေးအကလည်း ကနိုင်တယ်"

"တကယ် အားကျလိုက်တာ၊ကျွန်မလည်း ဒီလိုသမီးလေးမျိုး လိုချင်တယ်"

ကျန်းမန့်ယီက သူမ၏မျက်နှာအသွင်အပြင်ကိုကြည့်ကာ သူမနှင့်အသက်တူလောက်သည်ဟုထင်ကာ မေးလိုက်သည် "ရှင် သားလေးမွေးထားတာကြောင့်မို့လား"

လျိုယဲ့ က မှန်ပြတင်းပေါက်မှ ကောင်မလေးကို စေ့စေ့ကြည့်ခဲ့သည် "အား၊ ကျွန်မမှာကလေးရှိတယ် သားလေးလိုပဲ ဒါပေမယ့် ကျွန်မ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး"

"မမှတ်မိတော့ဘူးလား"

"အင်း၊ ငါ ခဏခဏ သတိမေ့ရောဂါ ခံစားနေရတာလေ ၊ အတိတ်က ကိစ္စတော်တော်များများကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး"

ကျန်းမန့်ယီက သူမကို စာနာစိတ်အနည်းငယ်နဲ့ ကြည့်လိုက်သည် "ဘာလို့ ရှင့်ရဲ့ကလေးကိုတောင် မမှတ်မိရတော့တာလဲနော် အခု သူဘယ်မှာနေနေလဲဆိုတာ ရှင်သိလား"

"မသိဘူး၊ မမှတ်မိတော့ဘူး ကျွန်မမရှာနိုင်ဘူး" လျိုယဲ့က စင်ပေါ်မှာ သီချင်းဆိုနေတဲ့ မိန်းကလေးကို ကြည့်နေတုန်းပင် "သူ ကောင်းကောင်းနေနေရဲ့လား မသိဘူး"

ကျန်းမန့်ယီ သက်ပြင်းချလိုက်ပြီး သူမရင်းနှီးတဲ့ ခြေတံရှည်ရှည်တစ်စုံကို ကြည့်ရင်း သူမနှင့် ပုထျန်းယန် က တကယ်ပင်တူသည်ဟုသာ တွေးခဲ့သည်

"သူငယ်ချင်းလုပ်ကြမလား"သူမ မေးလိုက်သည်"ကျွန်မ အရက်ဝယ်တိုက်မယ်လေ"

"ကောင်းပြီလေ ဒါပေမယ့် ကျွန်မ မနက်ဖြန် အလုပ်သွားရမှာဆိုတော့ အရက်သောက်လို့တော့မရဘူး "

"ရပါတယ် လိမ္မော်ရည် တစ်ခွက် မှာလိုက်မယ် ၊ ဝင်ထိုင်ဦး "

လျိုယဲ့က ကျန်းမန့်ယီနဲ့ ဆိုင်ထဲသို့ လိုက်သွားပြီး ဘားတွင်ထိုင်လိုက်သည်။ ကျန်းမန့်ယီက သူမအတွက် လိမ္မော်ရည်တစ်ခွက်ကို မှာခဲ့ပြီး လိမ္မော်သီးကို လတ်လတ်ဆတ်ဆတ် ညှစ်ပေးရန် ဘားကလူကို တောင်းဆိုခဲ့သည်။

"ဒီဘားကို ရှင်တစ်ယောက်တည်းဖွင့်တာလား" Liu Ye ကစပ်စုခဲ့သည် "အလှဆင်ထားတာက အရမ်းလန်းဆန်းသွားစေပြီး ကြော့ရှင်းတယ် "

"ကျွန်မတို့အိမ်က မကြာသေးခင်က ဖြိုချလိုက်ပြီး ကျွန်မသမီးက အိမ်အသစ်နဲ့ အစားထိုးထားတဲ့အတွက် ကျွန်မမှာ ဒီအရည်အချင်းတော့ မရှိပါဘူး။ ဖြိုဖျက်ဖို့အတွက် ပိုက်ဆံတွေ လိုနေသေးတယ်၊ ဒီလို ဘားအသေးလေးဖွင့်ဖို့ နှစ်တွေကြာအောင် စုဆောင်းထားခဲ့တဲ့ ပိုက်ဆံတွေသုံးရတာပေါ့ ဒါက ကျွန်မ ငယ်ငယ်တုန်းက အိပ်မက်တစ်ခုလေ"

"အဲဒါကောင်းပါတယ်။"

ကျန်းမန့်ယီက လျိုယဲ့ကို မေးလိုက်သည် "ရှင်က ဘာအလုပ်လုပ်တာလဲ"

"ကျွန်မက မူကြို ဆရာမပါ" လျိုယဲ့ ပြုံးကာပြောလိုက်သည် "ကလေးတွေကို ဘဲလေးအကသင်ပေးတယ်"

"ဘဲလေးအကလား"

သူမ ခေါင်းညိတ်ခဲ့သည် "အင်း၊ ရှင့်သမီးလေး ကဘဲလေးအက ကတတ်တယ်လို့ ရှင်ပြောတာ ကြားလိုက်တယ်"

"ဟုတ်တယ်၊ သူက Esmeral မှာလေ။ အဲဒါ အံ့သြစရာကောင်းတယ်"

"Esmera......" လျိုယဲ့ မျက်မှောင်ကြုတ်ကာ ဤစကားလုံးလေးလုံးကို အလွန်ရင်းနှီးနေသည်ဟု ခံစားရပုံရသည်- "အဲ့ဒါက ဝါသနာအတန်းလား"

"Esmeral ကို မသိဘဲ ရှင် ဘဲလေး အကကနိုင်တာလား" ကျန်းမန့်ယီ လည်း အံ့အားသင့်သွားသည် - "ဒါက တရုတ်ပြည်က ဘဲလေးအကသမားတိုင်း လိုချင်နေတဲ့ နေရာလေ"

"ကျွန်မမှာ ခဏခဏ သတိမေ့တတ်တဲ့ရောဂါရှိလို့ပါ" လျိုယဲ့ ကူကယ်ရာမဲ့စွာပြောလိုက်သည် "အဲ့တော့ ကျွန်မ တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး"

"ဟုတ်ကဲ့" ကျန်းမန့်ယီလိုက်သည် ခေါင်းညိတ်ပြီး "ဒါဆို ရှင့်မှာ အခု ယောကျ်ားရှိလား"

လျိုယဲ့ ခေါင်းခါလိုက်သည် "အခုကျွန်မ တစ်ယောက်တည်း နေနေတာ"

"သြော် ဒီလိုဆို ....ကျွန်မတို့Walkingဆိုင်ကို မကြာခဏ လာလည်လို့ရတယ်လေ။ မိသားစုနဲ့ ကလေးမရှိဘူးဆိုတော့ အားနေမှာပဲ။"

"ဟုတ်တယ်" လျိုယဲ့ တံခါးနားက ဆိုင်းဘုတ်ကိုကြည့်ခဲ့သည် "Walkingဆိုတဲ့ နာမည်မှာ ထူးခြားတဲ့ အဓိပ္ပါယ်ရှိတယ် မဟုတ်လား"

"ဟင်၊ ဘယ်လိုသိတာလဲ"

လျိုယဲ့က ထူးထူးခြားခြား ပြုံးလိုက်သည် "ပင်ကိုယ်အသိစိတ်ကနေလေ"

"ဒါဆို ရှင့်ရဲ့ဗီဇက အရမ်းမှန်သွားပြီ။ ဒီနာမည်ကို ကျွန်မနဲ့ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ပေးထားတာ။ ကျွန်မတို့ချိန်းဆိုပြီးလို့ လမ်းခွဲသွားရင် လမ်းပေါ် လျှောက်လာပြီး 'Walk' လို့ ခေါ်တဲ့ ဘားကိုတွေ့ရင် ကျွန်မတို့ ရပ်ရမယ်။ ဆင်းလာပြီး အထဲဝင်ထိုင်ကြမယ်"

သူမရဲ့စကားတွေကို နားထောင်ရင်း လျိုယဲ့က တစ်ယောက်နဲ့တစ်ယောက် သိနေပုံရပြီး ကမ္ဘာနဲ့အလှမ်းဝေးနေပုံရသည်။

"ရှင်တို့ က အရမ်း ရိုမန့်တစ်ဆန်တာပဲ"

"သေခြင်းကသာ အချစ်ဇာတ်လမ်းကို ထာဝရ အေးခဲစေခဲ့တယ်လေ " ကျန်းမန့်ယီ ကူကယ်ရာမဲ့စွာ သက်ပြင်းချခဲ့သည်။ "ငါ သူ့ကို နောက်ဘဝမှာ တွေ့နိုင်မယ်လို့ မျှော်လင့်တယ်"

ထိုအချိန်တွင် ကျန်းယွီက သီချင်းဆိုဖို့ ငြီးငွေ့လာပြီး စင်ပေါ်မှ ခုန်ဆင်းသွားသည်။

စားသောက်ဆိုင်ရှိ အခြားဧည့်သည်တွေအားလုံး သက်ပြင်းချခဲ့ကြသည်။ ရှဲ့ယွမ်က အပူပေးခွက်ကိုယူကာ ရေနွေးပူပူကို ကမ်းပေးခဲ့သည်။ "သမီး ကြိုးကြိုးစားစား လုပ်ပြပြီးပြီ အနားယူလိုက်ပါဦး"

" ရှောင်ယွီ ၊ ဒီကို မြန်မြန်လာ" ကျန်းမန့်ယီက အဝေးက ကျန်းယွီကို လက်ဝှေ့ယမ်းပြခဲ့သည်။ "လာ အမေ့ရဲ့ သူငယ်ချင်းအသစ်နဲ့ လာတွေ့လိုက်ဦး"

ကျန်းယွီက ဘားဆီ လျှောက်သွားပြီး မကျေမနပ်ဖြင့်ပြောခဲ့သည်။ "သမီးက အမေ့အတွက် သီချင်းတစ်ပုဒ်ကို တမင်တကာ ဆိုခဲ့တာ၊ ဒါပေမယ့် အမေက နားလည်းမထောင်ခဲ့ဘူး၊ သမီး သီချင်းကောင်းကောင်း ဆိုနိုင်သေးတယ်လို့ထင်မိတုန်းပဲ"

"ကျေးဇူးပြုပြီး မင်းရဲ့အကကိုပဲ ကောင်းကောင်းလုပ်ပါ၊ ငါ့ဘားလေးကို မထိခိုက်စေနဲ့၊ ဟုတ်ပြီလား၊ အမေ့အတွက် စီးပွားရေးလုပ်ဖို့က လွယ်တာမဟုတ်ဘူး"

"အာ ဖေဖေက သမီးကို သီချင်းကောင်းကောင်းဆိုနိုင်တယ်လို့ပြောတယ်!"

"သမီး တစ်ယောက်ယောက်ကို သတ်ချင်ရင်တောင် သမီးကို သူက ဓားတစ်ချောင်းပေးလိမ့်မယ်" ကျန်းမန့်ယီ ကူကယ်ရာမဲ့စွာပြောလိုက်သည်။ “ဒီလို အလိုလိုက်ခံထားရတဲ့ကလေးကို မတွေ့ဖူးဘူး”

"ဟေး ဒီမမလှလှက အမေ့ရဲ့ သူငယ်ချင်းအသစ်လား" ကျန်းယွီက လျိုယဲ့ကို ကြည့်လိုက်သည်။ "မမက တကယ် စိတ်ထားကောင်းတာပဲ"

လျိုယဲ့ ကျန်းယွီကို ဘာကြောင့်မှန်းမသိ ကြည့်လိုက်တော့ သူမရဲ့ နှလုံးသားက နူးညံ့နေသလို ခံစားလိုက်ရပြီး သူမလက်ကိုလှမ်းကာ ကလေးမလေးရဲ့ခေါင်းကို ထိလိုက်သည်။ "သမီးက....သမီးက တော်လိုက်တာ"

"ဟီးဟီး"

သူမခန္ဓာကိုယ်ပေါ်တွင် သာယာတဲ့စိတ်သဘောထားရှိပြီး ကျန်းယွီသည်လည်း အလွန်ကြင်နာတတ်သည်ဟု ခံစားမိစေသည်။

ထိုအချိန်တွင် ရှဲ့ယွမ်လည်း ရောက်လာပြီး ကျန်းမန့်ယီ ကိုပြောခဲ့သည်။ " ရှောင်ယွီမှာ သီချင်းဆိုဖို့ အရည်အချင်းရှိတယ် သီချင်းဆိုရတာကို နှစ်သက်တယ်လို့ ထင်မိတယ်။ ဒီနယ်ပယ်မှာ သူ့ရဲ့စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးပြီး သူ့အတွက် အသံသွင်းကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ"

ကျန်းမန့်ယီ - ........

နင့်အတွက် ဒူးထောက်ပြီး နင့်အဖေကို ငါ ခေါ်လို့ရမလား!

လျိုယဲ့က ရှဲ့ယွမ် ကိုမြင်တော့ သူမလက်ထဲမှ ခွက်က အသံစူးစူးနှင့်အတူ ကြမ်းပြင်ပေါ်သို့ ရုတ်တရက်ပြုတ်ကျသွားသည်။

သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမ မျက်နှာပေါ်မှာ ရှုပ်ထွေးမှုအရိပ်အယောင်ရှိနေသည်။

"အား ကျွန်မနောက်တစ်ခွက်ထပ်လဲပေးမယ်၊ မနင်းမိစေနဲ့နော် သတိထား" ကျန်းမန့်ယီက စားပွဲထိုးကို လာရှင်းပေးဖို့ ကမန်းကတန်း ပြောလိုက်သည်။

ရှဲ့ယွမ်က သူ့ရှေ့ရှိ အမျိုးသမီးကို သတိပြုမိသွားပြီး သူမ၏ မျက်နှာသွင်ပြင်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ရွှေ့ကာ သူမ၏ပေါင်ပေါ် ရောက်သွားသည်။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသလို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ခေါင်းကို မော့ကာ သူ့မျက်လုံးတွေက သူမရဲ့ အညိုရင့်ရောင် မျက်လုံးတွေဆီရောက်သွားသည်

"နာမည်ဘယ်လိုခေါ်လဲ"

"လျိုယဲ့ပါ ရှင်ကကော "

"ရှဲ့ယွမ်၊ ကျွန်တော်တို့တွေ့ဖူးကြလား"

"မတွေ့ဖူးလောက်ဘူး"

ရှဲ့ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးတွေက အရမ်းကိုရှုပ်ထွေးနေသည်။

ဒီအမျိုးသမီး သူ့ကိုပေးလိုက်တဲ့ ခံစားချက်က အားယန် နဲ့ အရမ်းတူတယ်။ မျက်နှာသွင်ပြင်က လုံးဝကွဲပြားပေမယ့် သူ့မျက်လုံးထဲမှာ မျက်ခုံးကြားက အမူအရာက တူလွန်းနေတယ်...

ကျန်းမန့်ယီ ပြန်ရောက်လာပြီး လျိုယဲ့အား လိမ္မော်ရည်တစ်ခွက်ထပ်ပေးခဲ့သည်

"ရှင့်အမျိုးသားကလူချောပဲ။" လျိုယဲ့က ကျန်းမန့်ယီကိုပြောလိုက်သည်။ "သူက အရမ်းလည်းငယ်တယ်၊ ကလေးရှိတဲ့သူနဲ့ မတူနေဘူး"

"အိုး၊ နားလည်မှုလွဲနေပြီ၊ သူက ကျွန်မအမျိုးသားမဟုတ်ဘူး" ကျနိးမန့်ယီ ပြုံးကာပြောလိုက်သည် "ကျွန်မရည်းစားက သူ့ထက် ပိုချောပြီး ပိုငယ်တယ်"

"အာ၊ သူက ရှင့်သမီးရဲ့အဖေမဟုတ်ဘူးလား။"

ကျန်းမန့်ယီက မိန်းကလေး၏ ပုခုံးကို ကိုင်လိုက်သည် "ဒီကောင်မလေးကို အမှိုက်ပုံးထဲကကောက်လာပြီး မွေးစားထားတာ သူကမွေးစားသမီး "

လျိုယဲ့ ခေါင်းညိတ်လိုက်ပြီး သူမရဲ့နာရီကို ကြည့်လိုက်သည် "နောက်ကျနေပြီ၊ ကျွန်မ ပြန်တော့မယ်"

"အင်း ဒါဆို ကျွန်မ မဆွဲထားတော့ပါဘူး။ နောက်တစ်ခေါက်လာခဲ့ဦးနော်"

"ကောင်းပါပြီ"

လျိုယဲ့လှည့်ထွက်ပြီး စားသောက်ဆိုင်မှ ထွက်သွားသည်ကို ရှဲ့ယွမ်ရဲ့ မျက်လုံးတွေက သူမနောက်ကို တောက်လျှောက်ကြည့်နေခဲ့သည်။

လမ်းလျှောက်နေတဲ့ကျောပြင် သူမရဲ့အမူအရာအနေအထား... သူ့မှတ်ဥာဏ်ထဲမှာ မိန်းကလေးနဲ့ လုံးဝတစ်ထပ်တည်းဖြစ်နေတော့ အိပ်မက်ထဲမှာ ရောက်နေသလို ခံစားနေရသည်။

ကျန်းမန့်ယီက ရှဲ့ယွမ် တည့်တည့်စိုက်ကြည့်နေတာကိုတွေ့တော့ မေးလိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ပါဘူး"

"သူမက အားယန်နဲ့တူတယ်နော်"

"ရှင်လည်း အဲ့လိုခံစားရတာလား"

"ဘယ်လိုလုပ် မခံစားမိဘဲနေမှာလဲ၊ ဒီလောက်လှတဲ့ ခြေထောက်တွေရှိတဲ့... ဒုတိယလူကို မမြင်ဖူးတာ နှစ်တော်တော်ကြာနေပြီ"

ရှဲ့ယွမ်က ရုတ်တရတ် စိတ်ဓာတ်ကျသလိုဖြစ်လာပြီး သူ့လက်ထဲမှာရှိတဲ့ အရည်တွေအားလုံးကို သောက်ချလိုက်သည်။

All Chapters