Chapter 118
Vol. 10 Ch. 118
"Swan Lake" ကို ဒီဇင်ဘာလကုန်တွင် နှစ်သစ်ကူးအကြိုအတွက် ကျင်းပရန် စီစဉ်ထားသည်။
ကျန်းယွီက နံနက် ခြောက်နာရီတွင် အိပ်ရာထကာ ညနေ လေးနာရီကြာ ဖျော်ဖြေပွဲအတွက် အပြင်းအထန် ပြင်ဆင်မှုများ ပြုလုပ်ပြီး မြို့ပြင်ရှိ ပန်းချီခန်းမတွင် မိန်းကလေးများနှင့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
သူမသည် Swan Queen အတွက် အစားထိုးသာလုပ်ခဲ့သော်လည်း ပုရှီး အမှားလုပ်မိပါက သူမက ထိပ်ဆုံးမှ ရပ်နိုင်မည်ဖြစ်သည်။ ယေဘူယျအားဖြင့်ပြောရလျှင် ပုရှီး သည် လေ့ကျင့်ရေး သို့မဟုတ် အစမ်းလေ့ကျင့်မှုတွင် အမှားလုပ်မှာမဟုတ်သော်လည်း သူမ၏အခြေအနေက အလွန်တည်ငြိမ်သည်။
ဒါပေမယ့် ကျန်းယွီ ကတော့ နည်းနည်းလေးမှ မလျော့ခဲ့ပါဘူး။ မိတ်ကပ်ပညာရှင် သူမကို တစ်နေ့တာလုံး လိမ်းထားပေးတဲ့ swan မိတ်ကပ်ကို သူမ ထိန်းထားခဲ့သည်။ မိတ်ကပ်ပြန်လိမ်းရမှာကြောက်လို့ ထမင်းစားချိန်မှာတောင် ဆန်ပြုတ်နည်းနည်းလေးပဲ သောက်ခဲ့သည်။
ချူးလီ၏ဘွဲ့လွန်စာမေးပွဲက ပြီးဆုံးသွားခဲ့ပြီး ၃၁ ရက်နေ့ နေ့လည်တွင် ပိုင်ချန် သို့ပြန်ရန် လက်မှတ်ဝယ်ခဲ့သည်။
အသက် ၁၈ နှစ်မှာ ဟိုင်ချန်သို့သွားသည့် လက်မှတ်သည် တစ်လမ်းသွားလက်မှတ်ဟု တစ်ချိန်က သူထင်ခဲ့ပြီး ဤကြေကွဲဖွယ်ရာမြို့သို့ နောက်တစ်ကြိမ် ပြန်မလာတော့ဘူးလို့ သူတွေးထားခဲ့သည်။
သုံးနှစ်ကြာအောင် ပျက်ကွက်ပြီးနောက် သူ လေယာဥ်တံတားပေါ်မှ ဆင်းကာ ဤမြို့၏ မြေလွှာပေါ်သို့ တစ်ဖန် ခြေချမိသောအခါတွင် ထူးဆန်းတဲ့ ခံစားချက်တစ်ခုက အိမ်ကို ပြန်ရောက်လာသလိုခံစားမိသည်။
ဤနေရာတွင် သူချစ်တဲ့မိန်းကလေးရှိလို့ ဖြစ်နိုင်သလို၊ သူမကြောင့် ချူးလီသည် ဤမြေကို နောက်တစ်ကြိမ် ချစ်လာသည်။
ဒါပေမယ့် ချူးလီ က ဒီမြို့ကိုပြန်ကြိုက်ဖို့ ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ ဝတ်စုံပြည့်နဲ့ သားရေဖိနပ်ကို ဝတ်ဆင်ပြီး လေဆိပ်အဆောက်အဦးအပြင်ဘက်မှာ ရပ်ကာ နှင်းဆီနီနီပန်းတစ်စည်းကို သူ့လက်ထဲမှာကိုင်ထားကာ အပြင်မှာ မိုးရွာနေတာကို ကြည့်ပြီး လေးလေးနက်နက် ခံစားလိုက်ရသည်...
ဒီမြို့က သူနဲ့မကိုက်ညီဘူး။
သူ အချိန်ကို ကြည့်လိုက်သည်။ ညနေ ၅ နာရီ ၄၀ ရှိပြီ ဖျော်ဖြေပွဲက ၇ နာရီ။ သူအစားစားဖို့ ဂရုမစိုက်ခဲ့တော့ပဲ တက္ကစီငှားပြီး မြို့စွန်က ပန်းချီခန်းမကို အလျင်စလိုသွားခဲ့သည်။
ကံမကောင်းစွာပဲ အလျင်လိုနေတဲ့အချိန်မှာ ချူးလီ ၏တက္ကစီက မြို့လယ်ရှိ အဓိကလမ်းမကြီးပေါ်တွင် နစ်မြုပ်သွားခဲ့ရသည်။
လမ်းတစ်လမ်းလုံး ပိတ်ဆို့နေသည့် ယာဉ်ကြောပိတ်ဆို့မှုကို ပြတင်းပေါက်မှ လှမ်းကြည့်ကာ အချိန်ကို ငုံ့ကြည့်ကာ မေးလိုက်သည် " တခြားလမ်းကို ပြောင်းပြီးမောင်းပေးလို့ရမလား။ အရေးတကြီးဖြစ်နေလို့ပါ"
"ဘယ်လိုမှမဖြစ်နိုင်ဘူး" ဒရိုင်ဘာက သူ့လက်ထဲက နှင်းဆီပန်းကို ကြည့်ပြီး အကူအညီမဲ့စွာပြောလိုက်သည် “ဒီအချိန်မှာ လမ်းကြောင်းပြောင်းလိုက်ရင် ဘယ်လမ်းမှာမဆို ပိတ်နေမှာ ဒီနေရာက ကားတွေ ပိတ်သွားလို့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး၊ လမ်းကြောင်းပြောင်းလို့မရဘူး”
ချူးလီ အချိန်ကုန်လွန်သွားသည်ကို ကြည့်နေခဲ့သည်။ မိနစ်နှစ်ဆယ်ကြာတာတောင် ကားက တစ်ကီလိုမီတာမျှပင် မမောင်းရသေးပေ။
သူ ကားပေါ်ကနေ ဆင်းပြီး လမ်းဘေးက စက်ဘီးတစ်စီးကိုငှားလိုက်သည်။
စက်ဘီးရဲ့ အရှိန်က ပိတ်ဆို့နေတဲ့ ယာဉ်လမ်းကြောင်းကို ကျော်လွန်သွားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်း သည် မပြတ်မစဲ ကြီးမားလာပြီး မြို့၏ လမ်းများ ပေါ် ရေစီးကြောင်းများက ပိုမို ပြင်းထန်လာသည်။
သူမအတွက် အထူးတလည်ဝယ်ခဲ့တဲ့ ဝတ်စုံက ချူးလီ မိုးရေထဲ လျှောက်သွားနေရတော့ စိုသွားပြီ။
ဆောင်းလေနှင့် မိုးရာသီတွင် အအေးဓာတ်က အလွန်အေးစက်နေပြီး အေးစက်နေတဲ့လက်တွေမှာ ခံစားချက်တွေတောင်မရှိတော့ပေ။ သူ့ဝတ်စုံကို ချွတ်လိုက်ပြီး နှင်းဆီပန်းကို ထုပ်ပိုးလိုက်သည်။
မူလက သူသည် ရိုမန်တစ်ဆန်တဲ့ ပန်းစည်းနှင့် ခံ့ခံ့ညားညားကျန်းယွီ၏ရှေ့မှောက်တွင် ပေါ်လာဖို့ စီစဉ်ထားခဲ့ပြီး သူမကို surprise လုပ်ပေးဖို့လုပ်ထားတာပင်။
ယခုတွင် မိမိကိုယ်မိမိ အနိုင်ယူပြီး surpriseအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဒီမြို့က တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
မြို့ပြအဆောက်အဦးတွေ၊ လမ်းမီးတွေ၊ မြေအောက်လူဆင်းပေါက်အကာတွေကို ငါမုန်းတယ်...
ချူးလီ လေတိုက်ခံပြီး ရှေ့သို့ ဆက်သွားကာ လမ်းတစ်လျှောက် မြို့မြင်ကွင်းများကို တိတ်တဆိတ် ဆူဆဲခဲ့သည်။
ဆိုးရွားတဲ့ စိတ်အခြေအနေ ရှိနေသည်။
စက်ဘီးက တတိယမြောက်လမ်း၏ အစည်ကားဆုံးအပိုင်းမှ မောင်းထွက်လာခဲ့သည်။ ချူးလီသည် လမ်းဘေးမှ တက္ကစီတစ်စီးကို ငှားရန် ကြိုးစားသော်လည်း မိုးအရမ်းရွာနေပြီး တက္ကစီပေါ်တွင် ခရီးသည်များရှိသည်။
သူ သူ့စက်ဘီးကိုသာစီးပြီး မိုးရေထဲမှာ Science City ကို မောင်းလာရင်း ဖြတ်သွားတဲ့ ကားအလွတ်တွေကို ကြည့်ခဲ့သည်။
ထိုအခိုက်တွင် အဖြူရောင်ဟွန်ဒါကားတစ်စီးသည် သူ့ဘေးတွင် အရှိန်လျှော့သွားကာ ယာဉ်မောင်းထိုင်ခုံရှိ လျိုုယဲ့က အော်ခဲ့သည်။ "လူချောလေး၊ အနုပညာခန်းမကို သွားမလို့လား "
စူးစူးရှရှနဲ့ မျက်ခုံးတလျှောက် မိုးရေတွေက တလိမ့်လိမ့်စီးကျနေသည်။ သူသည် လျိုယဲ့ကို ငုံ့ကြည့်ကာ ပြန်မဖြေဘဲ ရှေ့ကို ဆက်စီးသွားခဲ့သည်။
အထူးသဖြင့်...... သူစိမ်းတွေနဲ့ စကားပြောရတာ မကြိုက်ဘူး၊ အထူးသဖြင့် စကားစမြည်ပြောပြီး လူချောလေးလို့ ခေါ်ဖို့ အစပြုတဲ့ လမ်းပေါ်မှာ တစ်စုံတစ်ယောက်နဲ့ တွေ့တဲ့အခါမှာပေါ့။
လူအများစုက သူ လျစ်လျူရှုနေတာကို မြင်ရင် အများစုမှာ မောင်းထွက်သွားသော်လည်း လျိုယဲ့ကတော့မထွက်သွားပေ။ သူမဖြည်းဖြည်းချင်း သွားနေပြီး အဆက်မပြတ်သွားနေတဲ့အရှိန်ဖြင့် လီဗာကိုနင်းကာ သူ့ကိုဆက်ပြောနေလေသည်။ " အနုပညာခန်းမကို သွားမလို့လား"
ချူးလီ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "ဒီလမ်းတစ်လျှောက်သွား နောက်ထပ်သုံးကီလိုမီတာအကွာဆိုရောက်ပြီ"
"အာ ၊ ငါလမ်းညွန်ခိုင်းတာမဟုတ်ဘူး။ ပန်းချီခန်းမကိုသွားချင်ရင် ငါနဲ့လိုက်စီးလို့ရတယ်။ မိုးအရမ်းရွာနေတာ စက်ဘီးစီးရတာ လွယ်မှာမဟုတ်ဘူး"
ထိုအမျိုးသမီး၏အသံက အလွန်နူးညံ့သိမ်မွေ့ပြီး နွေးထွေးသောခံစားမှုဖြင့် သူ့နှလုံးသားထဲသို့ ကျဆင်းသွားခဲ့သည်။
ချူးလီ ထိုအမျိုးသမီးကို ကြည့်လိုက်ရာ သူမက အရမ်းမငယ်တော့ပေ၊ သူမက သူ့ မိခင်ရဲ့မျိုးဆက်ဖြစ်သင့်သည်ကို မြင်လိုက်ရသည်။
စက်ဘီးစီးတာက စွမ်းဆောင်ရည်ကို ကျိန်းသေနှောင့်နှေးစေမည်ကို သူသိသည်၊ ထို့ကြောင့် သူ ငြင်းဆိုခြင်းကို ရပ်လိုက်ပြီး လျိုယဲ့၏ ကားထဲသို့ ဝင်ခဲ့သည်။
ကားပေါ်တက်ပြီးနောက် လျိုယဲ့ကသူ့မျက်နှာပေါ်ရှိ ရေစက်များကို သုတ်ရန်အတွက် တစ်ရှူး ချက်ချင်းကမ်းပေးလိုက်သည်။
"မင်းစက်ဘီးကို ဘယ်လိုတောင်စီးရတာလဲ။ မိုးအရမ်းသည်းရင် ဘယ်လောက်အန္တရာယ်များလိုက်လဲ။"
ချူးလီက သူ့ခေါင်းပေါ် ကို တစ်ရှူးနဲ့ စိုနေတဲ့ ဆံပင်တွေကို သုတ်လိုက်သည်။ "မြို့လယ်က လာတာ ကားအရမ်းကျပ်တယ်"
"အပြင်ကွင်းက သွားတာ ပိုကောင်းတယ် သိပ်မကြပ်ဘူး"
"လေဆိပ်ကနေတာမို့ လာ၊ အပြင်ကွင်းကို သွားလို့မရဘူး။"
သူ ရှပ်အင်္ကျီပါးပါးလေးသာဝတ်ထားသည်ကို မြင်လိုက်ရသဖြင့် လျိုယဲ့က ကားပေါ်ရှိ အပူပေးစက်ကိုဖွင့်လိုက်သည်။ "ငါက တခြားနေရာကနေ ဘဲလေးကြည့်ဖို့ ပိုင်ချန် ကို လာတာ။"
ချူးလီ မဆိုင်းမတွဘဲပြောခဲ့သည်။ "ကျွန်တော်က ကျွန်တော့်ကောင်မလေးကို ကြည့်မို့ "
လျိုယဲ့သည် ထိုစကားကိုကြားသောအခါ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ငါပြောမယ် ဘဲလေး အကကိုဝါသနာပါရင်တောင် မိုးရေထဲမှာ စက်ဘီးစီးတာက မဖြစ်နိုင်ဘူး... မင်းရည်းစားကို လာကြည့်တာဆိုရင် မိုးရွာနေပါစေ ဓားနဲ့ဆိုလည်းသွားဦးမှာပဲ"
ချူးလီပြန်မဖြေဘဲ သူ့မျက်နှာနဲ့ ဆံပင်တွေကို ဂရုတစိုက်နဲ့ သေချာသုတ်နေသည်။
တကယ်ရှက်လိုက်တာ ဒါက... ငါ့ရည်းစားနဲ့သွားတွေ့ရုံပဲဟာ
သေစမ်း..
သူသည် ဤပြိုပျက်နေသောမြို့ငယ်လေးကို သူ့နှလုံးသားထဲတွင် တဖန်ပြန်ဆူဆဲခဲ့သည်။
လျိုယဲ့က ရွှင်မြူးပြီး စကားပြောတတ်သည့် အမျိုးသမီးတစ်ဦးဖြစ်ပုံရပြီး သူနှင့် စကားပြောရန် တောက်လျှောက်ကြိုးစားနေပုံရသည်။
"မင်းက တက္ကသိုလ်ကျောင်းသားလား"
"မင်းဘယ်ကျောင်းတက်နေတာလဲ"
"စိတ်ပညာလား။ ဒါဆို စိတ်ညှို့တတ်လား တီဗီမှာ ပြသလိုမျိုး လူတွေရဲ့ မှတ်ဉာဏ်ကို ပြောင်းပေးနိုင်တဲ့အမျိုးအစားမျိုးလား။"
"စိတ်ညှို့တာက တကယ်ကို မှော်ဆန်တယ်နော်။"
"မင်းငါ့ကို စိတ်ညှို့နိုင်တယ်ဆိုတာ ငါမယုံဘူး၊ ငါမျက်လုံးဖွင့်ထားသရွေ့ မင်း ငါ့ကိုညှို့လို့ရမှာမဟုတ်ဘူး။"
ချူးလီက သူ၏ မျက်လုံးထောင့်များကို ပွတ်သပ်ကာ သူမ ပါးစပ်ပိတ်သွားအောင် တကယ် စိတ်ညှို့ချင်လာသည်။
ဤအမျိုးသမီး၏ စကားပြောဆိုမှုအဆင့်က သူ၏ ဒုတိယယောက္ခထီး ချန်းယဲ့ထက် သာလွန်သည်။
ဒါပေမယ့် ကားထဲမှာထိုင်ရင်း နောက်ဆုံးမှာတော့ ချူးလီက သူမရဲ့ စကားပြောတာကို သည်းမခံနိုင်တော့ဘဲ မျက်လုံးတွေကိုမှိတ်ကာ တစ်ရေးအိပ်ပြီး သူမတစ်ယောက်တည်း စကားပြောအောင်လွှတ်ထားလိုက်သည်။
"မင်းတို့လို့ လူငယ်တွေ ဒီလောက်ကောင်းတဲ့ အရွယ်မှာ အချစ်တွေတွေ့နေတာကို ငါတကယ် မနာလိုဘူး "
"ငါအဲ့ အရွယ်တုန်းကဆို ငါက Single ပဲ၊အဲ့တာက တစ်ယောက်ယောက်ကို ရှာရခက်တယ်"
"လူချောလေး၊ မင်းတို့တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ၊ မင်းက တက္ကသိုလ်တက်နေသေးလား။ ကျောင်းဝင်းထဲမှာ အချစ်ဇာတ်လမ်းတွေ ရှိနေလား"
ချူးလီ စကားမပြောခင် လျိုယဲ့က မေးလိုက်ဖြေလိုက်လုပ်နေသည်။ "ဒါက ကျောင်းဝင်းထဲက အချစ်ဇာတ်လမ်းပဲ၊ လူငယ်တွေကို မနာလိုလိုက်တာ!"
ချူးလီ - ..... ...
ဤအဒေါ်ကြီးက သူ့ဘာသာတစ်ယောက်တည်း တစ်သက်လုံး စကားပြောနေနိုင်သည်ဟု သူခံစားမိသည်။
ပန်းချီခန်းမ၏ မြေအောက်ကားဂိုဒေါင်တွင် ကားရပ်လိုက်ပြီး ချူးယီ မျက်နှာကို သုတ်ဖို့အတွက် လျိုယဲ့က paper towel ကိုယူခဲ့သည်။ "ရည်းစားကိုတွေ့မှာဆိုရင် ရည်းစားနဲ့တူအောင်နေရမယ်လေ။ အခု မင်းပုံက အရည်အချင်းမရှိတဲ့သူလိုဖြစ်နေတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မိုးရေထဲမှာ အပြေးအလွှားသွားချင်နေတဲ့စိတ်ကြောင့် ကောင်မလေးကလည်း ခွင့်လွှတ်မှာပါ"
ပထမတော့ ချူးလီက သူမကို စိတ်အနှောင့်အယှက်ပေးတယ်လို့ ထင်ခဲ့ပေမယ့် သူမကရှေ့ကိုကိုင်းပြီး သူ့ရဲ့ စိုနေတဲ့ ဆံပင်တွေကို သုတ်ပေးလိုက်တဲ့အခါမှာတော့ ချူးလီ ရုတ်တရက် နွေးထွေးသွားခဲ့သည်။
ထိုခံစားချက်မျိုးသည် အတိတ်က ရန်ရှင်း ကို တွေးတောရင်း နှလုံးသားထဲမှ ထွက်လာသော နူးညံ့သိမ်မွေ့မှုတစ်ခုလိုပင်။ အဲ့တာကသူ့ရဲ့မွေးမိခင်ဆီကသာပင် ရမည့် ကြင်နာမှုမျိုးဖြစ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ် အစ်မ" ဟု သူပြောလိုက်သည်။
"ဘာအစ်မလဲ၊ ငါက မင်းထက်အသက်ကြီးတာ သိသာတယ်။ မင်းငါ့ကို အန်တီ လျို လို့ခေါ်သင့်တယ်"
"ခင်များက အရမ်းငယ်တယ်"
လျိုယဲ့က ခေါက်ထီးတစ်ချောင်းကို ထုတ်ယူပြီး ချူးလီအား ပေးလိုက်သည်။ သူမ ပြုံးပြီးပြောလိုက်သည်။ "မင်းရဲ့ရည်းစားကို သွားကြည့်တော့"
"ကျေးဇူးတင်ပါတယ်"
...
ပန်းချီခန်းမ၏ အသွင်အပြင်သည် အလွန်အကြမ်းထည်ဆန်သော သိပ္ပံမြို့၏ ပွင့်လင်းလွင်ပြင်ပေါ်တွင် ရပ်နေသည့် ပုံမှန်မဟုတ်သော ကြီးမားသော ခြောက်လုံးစိန်ပုံသဏ္ဍာန်နှင့် တူသည်။
ယနေ့ မိုးတဖွဲဖွဲရွာနေသော်လည်း ဘဲလေးဝါသနာရှင်များ၏ စိတ်အားထက်သန်မှုကို မရပ်တန့်စေဘဲ အနုပညာစင်တာထဲသို့ မော်တော်ယာဉ်များ တဖွဲဖွဲ ရောက်ရှိလာဆဲဖြစ်သည်။
ပွဲမစမီ မိနစ်နှစ်ဆယ်အလို၌။
ချူးလီ ခန်းမထဲသို့ အမြန်ဝင်ကာ သူ့အိတ်ကပ်ထဲမှ ပြင်ဆင်ထားသော လက်မှတ်ကို ထုတ်ယူလိုက်သည်။ ဒါပေမယ့် ကြမ်းပြင်မှ မျက်နှာကြက်ထိရှိတဲ့ မှန်ထဲမှာ သူ့ပုံစံကို မြင်လိုက်ရတော့ ရှက်ရွံ့သွားပြီး နောက်ဆုံးတွင် လက်မှတ်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဒီမှာရှိနေကြတဲ့ အမျိုးသားတွေနဲ့အမျိုးသမီးတွေက လှပပြီး စွဲမက်ဖွယ်ကောင်းလှ၏။
သူတစ်ယောက်တည်းပဲ တစ်ကိုယ်လုံး စိုနေပေမယ့် သူ့လက်ထဲက နှင်းဆီပန်းစည်းကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့လို့ လူတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်နေခဲ့သည်။
ချူးလီ ဝင်ပေါက်ခန်းမမှ ထွက်လာပြီး ပင်မခန်းမမှ "Swan Lake" မဖွင့်မီ ကြမ်းပြင်မှ မျက်နှာကြက် ထိရှိတဲ့ပြတင်းပေါက်မှ အလျားလိုက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ စင်္ကြံ၏ နံဘေး ခန်းမဆီသို့ ရောက်လာသည်။
ဒီမြို့က သူ့ကို တကယ်မကြိုဆိုဘူး။
ဒါပေမယ့် ဘာဖြစ်လဲ ၊ သူဘယ်တော့မှ ဂရုမစိုက်ဘူး။
ကျန်းယွီက ဤကမ္ဘာပေါ်တွင် သူဂရုစိုက်တဲ့ တစ်ဦးတည်းသောလူဖြစ်သည်။ သူ့မရဲ့ ဂုဏ်ကျက်သရေကို သက်သေပြဖို့ လမ်းတစ်လျှောက်လုံး သူသွားနိုင်သည်။
...
ပွဲမစခင် ကျန်းယွီက ချူးလီကို ဖုန်းဆက်ခဲ့သည် "ဘယ်မှာလဲ"
ချူးလီက ပြင်သစ်ပြတင်းပေါက်အပြင်ဘက်က လေတိုက်လို့ ယိမ်းနေတဲ့ ငှက်ပျောပင်ကို ကြည့်ကာပြောခဲ့သည် "စာကြည့်တိုက်မှာ၊ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေတယ်"
"ဒီညရဲ့ ဖျော်ဖြေပွဲက စတော့မယ် ငါ အရမ်းစိတ်လှုပ်ရှားနေတယ်"
ကလေးမလေး စကားပြောတဲ့အခါမှာ သူမအသံက တုန်တုန်ယင်ယင်နဲ့ သူမတကယ်ကို စိတ်လှုပ်ရှားနေတာကို ချူးလီ ကြားလိုက်ရသည်။
"ဘာပဲဖြစ်ဖြစ် မင်းကရမှာမှ မဟုတ်တာ " သူ ဒီအတိုင်းပြောခဲ့သည် " အစားထိုးသက်သက်ပဲ၊ အရမ်းစိတ်မလှုပ်ရှားနဲ့"
"ဘာလဲ၊ အပြင်မှာ လူတွေ အများကြီးပဲ!"
သူရေးရေးလေး ပြုံးလိုက်သည် " မင်းသမီးက အခု မင်းထက် ပိုကြောက်နေလောက်တယ် "
"သူမမှာ အရမ်းတည်ငြိမ်တဲ့စိတ်ရှိတယ် စိတ်မလှုပ်ရှားလောက်ပါဘူး"
ကျန်းယွီ က အဝတ်လဲခန်းထဲက ထွက်လာပြီး ဘေးကအခန်းထဲဝင်သွားသည် "ကံကောင်းတာက အစားထိုးဖြစ်နေလို့သာပေါ့ ။ ဘာမတော်တဆမှ မဖြစ်ဘူး။ ငါ အဆင်သင့် မဖြစ်သေးဘူး။ တော်သေးတာပေါ့ ငါလွတ်မယ်လို့ထင်တယ်။
"မစိုးရိမ်ပါနဲ့၊ ကိုယ်မြင်ဖူးတဲ့ ဘဲလေး ဖျော်ဖြေပွဲတွေအားလုံးမှာ မတော်တဆမှုမျိုး လုံးဝမရှိသလောက်ပဲ။" ချူးလီ သည် မိန်းကလေး၏ တုန်လှုပ်ချောက်ချားသော ခံစားချက်များကို အေးအေးဆေးဆေး တည်ငြိမ်စွာ ဖြေဖျောက်ပေးခဲ့သည်- "မင်းက စင်နောက်မှာ ခဏလောက်နေပြီးတော့ ဂိမ်း ကစားနေလိုက်၊ တစ်ညတာက ကုန်သွားလိမ့်မယ်"
"ဒါက ဘယ်လိုလုပ်အဲ့လောက်လွယ်နိုင်မှာလဲ။ ငါ စင်မြင့်ထက်ကို အချိန်မရွေး စောင့်ကြည့်ပြီး ပြင်ဆင်ထားရမယ်။" ကျန်းယွီက ခန်းမထဲသို့ ဝင်လာပြီး ဝမ်းနည်းပူဆွေးစွာဖြင့်ပြောလိုက်သည် "အိုး၊ ငါ စင်ပေါ်မတက်တော့ဘူးဆိုတာ နင်အစကတည်းက သိနေတယ်ပေါ့။ စာမေးပွဲပြီးဖို့ တော်တော်ကြာတာပဲ။ ငါကတာကြည့်ဖို့ ပြန်လာပါလို့ ငါ မပြောခဲ့ရဘူး"
"အဓိကအကြောင်းအရင်းက လေယာဉ်လက်မှတ်ဝယ်ဖို့ ကိုယ့်မှာ ပိုက်ဆံမရှိဘူး"
"လူလိမ်၊ နင် မြောက်ပိုင်းမြို့တော်ကို မပြန်လာချင်တာကိုများ "
"အင်း ရှောင်ယွီက ကိုယ့်ကို နားလည်သားပဲ"
ကျန်းယွီက ခန်းမအတွင်းရှိ တိုင်တစ်ဖက်ကို မှီ၍ ခြေချောင်းတွေကို ကြမ်းကိုထိကာ စက်ဝိုင်းပုံဆွဲပြီး အဝေးက ပြင်သစ်ပြတင်းပေါက်ဘေးတွင် ရင်းနှီးသော အမည်းရောင်ရုပ်ပုံတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
သူမ ငြိမ်သက်စွာ လမ်းလျှောက်ရင်း ထိုလူ၏နောက်ဘက်သို့ တိတ်တဆိတ် လျှောက်သွားကာ သူ့နောက်ကျောကို ကြည့်နေသည်။
နှလုံးခုန်သံ မြန်လာပြီးခုန်ပေါက်လာသည်။
အသက်ရှူမြန်လာသည်။
"အားလီ"
ဖုန်းအပြင်ဘက်က မိန်းကလေး၏ နူးညံ့သောအသံကို ချူးလီ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ကောင်မလေးရဲ့ တောက်ပတဲ့ မျက်နှာကို မြင်လိုက်ရသည်။
နှုတ်ခမ်းနီရဲရဲတောက်တောက်၊ ဖြူဖွေးတဲ့ အသားအရေ၊ ကြည်လင်ဝင်းပနေတဲ့ မျက်ခုံးမွှေး၊ ငန်းမွှေးတွေက အိပ်မက်ထဲမှာလို လှပနေကာ အလှဆုံး ရှုခင်းများကို မြင်နေရသည် ။
ချူးလီ သူ့မျက်လုံးတွေကို အနည်းငယ်လှည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အလင်းရောင်ကြောင့် အနည်းငယ် စူးသွားသည်။
တစ်ကယ်တော့ နည်းနည်းရှက်သွားတာ။
သူ တည်ငြိမ်ချင်ယောင်ဆောင်ပြီး ငြိမ်သက်စွာဖြင့် ပတ်ပတ်လည်ကို ကြည့်ကာ အလွန်မသေသပ်တဲ့ သရုပ်ဆောင်မှုစွမ်းရည်နဲ့ သူပြောလိုက်သည် "ဟမ်၊ ကျွန်တော့်ကိုခေါ်တာလား"
"......."
သူတို့နှစ်ယောက် လက်ကိုင်ဖုန်းကို ကိုင်ထားကြကာ တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ အချိန်အကြာကြီး ကြည့်နေကြသည်။
မှုန်မှုန်မှိုင်းမှိုင်းနှင့် ကူကယ်ရာမဲ့နေတဲ့ မိန်းကလေး၏ မျက်လုံးတွေက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ တဖြည်းဖြည်းနှင့် တုနှိုင်းမရသော အံ့သြမှုနှင့် အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ပေါ်လာသည်- " စိတ်လှုပ်ရှားအောင်လုပ်တယ်နော် ! ရည်းစားလေး "
"အခု စာကြည့်တိုက်မှာပဲ ရှိနေသေးတယ်။" ချူးလီက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးပြောခဲ့တယ် "ထူးဆန်းတယ်၊ ဒီနှင်းဆီက ဘယ်ကရောက်လာတာလဲ။"
ကျန်းယွီက သူ့ကိုကြည့်ကာ နောက်ဆုံးတွင် ရယ်လိုက်သည်။
ချူးလီက မိန်းကလေး၏ ပါးပြင်ပေါ်ရှိ ချိုမြိန်သော ပါးချိုင့်နှစ်ခုနှင့် သူမရဲ့နှုတ်ခမ်းထောင့်များ ကော့တက်လာသည်ကို ကြည့်နေသည်။
"ရည်းစားလေး လာ ဖက်ပေးပါဦး"
ကျန်းယွီ ဖုန်းချလိုက်ပြီး လက်တွေဖွင့်ပြီး ပွေ့ဖက်ဖို့ လုပ်နေသည်။ ချူးလီက ချက်ချင်းပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ သူ့ရဲ့စိုနေတဲ့အဝတ်အစားတွေနဲ့ သူမစင်ပေါ်တက်မယ့်ဝတ်စုံတွေစိုသွားမှာကိုမလိုချင်ပေ။
"မင်းရဲ့အကွာအဝေးကိုထိန်းထား"သူ ဥာဏ်ကောင်းစွာနဲ့ပြောလိုက်သည် "မင်းရဲ့ ဖျော်ဖြေမှု ပြီးတဲ့အထိ စောင့်ဦး"
"ကျွန်မ မဖျော်ဖြေရပါဘူး"
"တကယ်လို့ ... ဖျော်ဖြေရရင်ကော"
ထိုလူ၏ စိတ်ကို သိသဖြင့် ကျန်းယွီက သူ့နှင့် နှစ်မီတာအကွာအဝေးကို တုံ့ဆိုင်းစွာ ခွာလိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
လူနှစ်ယောက်ရဲ့ မျက်လုံးတွေက စိတ်မရှည်တဲ့စိတ်နဲ့ အရေးတကြီးဖြစ်မှုတွေက ရောယှက်နေသည်။
ကျန်းယွီက သူ့ဆီသို့ တလှမ်းလှမ်းရန် ကြိုးစားကာ သူ့ရှေ့တွင် ရပ်ပြီး ခြေဖျားထောက်ကာ ချူးလီ၏ မျက်နှာဆီ သူမမျက်လုံးတွေနဲ့တမင်ကြည့်လိုက်သည်
ထိုလူ၏ အသက်ရှုသံက သိသာထင်ရှားစွာ ပိုလေးလာကာ သူ့မျက်လုံးတွေကို တစ်ဖက်သို့ လှည့်သွားသည်။
ချူးလီသည် သူမ၏ လှပတဲ့မိတ်ကပ်တွေပျက်သွားမှာကို ကြောက်သောကြောင့် ဒီနည်းနဲ့ သူမရဲ့နားရွက်ကို ပေါ့ပေါ့ပါးပါး ကိုင်ကာ သူမရဲ့ကိုယ်ပိုင် ရနံ့ကို ညင်သာစွာ ရှူရှိုက်နိုင်လေသည်။
သူမနဖူးပေါ် နူးညံ့တဲ့ အနမ်းလေးတောင် သူ မပေးရဲဘူး။
"ပွဲစပြီလား"
"ထင်တာပဲ...."
"ဘယ်လောက်ကြာမှာလဲ"
"ဆယ်နာရီကျော်လောက်"
ကောင်မလေးက သူ့လည်ပင်းကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး ယားယံအောင် သူ လည်ပင်းနားမှာ ဖြည်းညှင်းစွာ အသက်ရှူလိုက်သည်။
ပြင်သစ်ပြတင်းပေါက်အပြင်ဘက်တွင် တဖွဲဖွဲရွာသွန်းနေသောမိုးသည် သူ့စိတ်ရှုပ်ထွေးမှုကို ဖုံးလွှမ်းသွားပြီး အချိန်၏မိနစ်တိုင်းက ရှည်လျားသောညှဉ်းပန်းမှုတစ်ခုဖြစ်သည်။
"ရည်းစားလေး၊ ငါ့ကိုလွမ်းနေလား။"
မိန်းကလေး၏ ညုတုတု ချစ်ခြင်းမေတ္တာစကားတွေက မြွေနဲ့တူသည်၊ သူ့နားထဲသို့ ဖြည်းညှင်းစွာတွားသွားကာ စာလုံးများကို ထုတ်ကာ သူ့အာရုံကြောများ၏ ထိလွယ်ရှလွယ်တဲ့နေရာတိုင်းကို လှောင်ပြောင်နေသည်- "ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို အရမ်းလွမ်းတယ်"
သူ့လည်စလုတ်က လှုပ်ရှညးသွားကာ တံတွေး မျိုချလိုက်သည့်အသံကိုတိုးတိုးလေးကြားရသည် “ပါးစပ်ပိတ်၊ ဒါမျိုးတွေ မပြောနဲ့”
"ဘာလို့လဲ။"
"ဘာလို့လဲဆိုတာမရှိဘူး"
ကျန်းယွီရဲ့ မျက်လုံးတွေက ဖြည်းညှင်းစွာဖြင့် အောက်ဘက်သို့ရွေ့သွားသည်.....
"ဟုတ်ပြီ!"