Chapter 119
Vol. 11 Ch. 119
ကျန်းယွီသည် ချူးလီကို အပူပေးထားသည့် အဝတ်လဲခန်းထဲသို့ ခေါ်သွားပြီး အအေးမမိစေရန် သူ့ရဲ့ ရေစိုအဝတ်အစားများကို ချွတ်ခိုင်းလိုက်သည်။
အဝတ်လဲခန်းသည် အလွန်ကျယ်ဝန်းပြီး ဘေးချင်းကပ်မှန်နှစ်ခုပါရှိသည်။ မှန်ရှေ့မှာ ပေါင်ဒါမှုန့်မျိုးစုံ၊ မျက်ခုံးမွေးဆွဲ ခဲတံ နဲ့ eyeliner အမျိုးအစား အမျိုးမျိုးကို ရှုပ်ယှက်ခတ်အောင် ထားထားသည်။ အဝတ်ဗီရိုစင်ပေါ်၌ အဖြူအမည်း ငန်းအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများရှိသည်။
"ဒါက ရှီးရှီး နဲ့ ငါ အတူတူသုံးရတဲ့ အဝတ်လဲခန်း။ တခြားဘယ်သူမှ ဝင်လာမှာ မဟုတ်ဘူး။" ကျန်းယွီ က ချူးလီ ကို ရေချိုးခန်းထဲ တွန်းထည့်လိုက်သည် "ရေချိုးလိုက်ဦး၊ နင့်ကိုကြည့်တာ ရေခဲလို ခဲနေပီ.."
ချူးလီ သည် ယခု သူ့ပုံစံက ရှက်စရာကောင်းလွန်းသည်ဟု ခံစားလိုက်ရပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်သည်။
ကျန်းယွီ က ရှဲ့ယွမ် ရဲ့ လက်ထောက် ရှောင်လျို ကို ဖုန်းခေါ်ခဲ့ပြီး နာရီဝက်အတွင်းမှာပဲ လက်ထောက် ရှောင်လျို က အဝတ်လဲခန်းတံခါးကို ခေါက်ပြီး ကျန်းယွီ ကို ရှပ်အင်္ကျီသန့်သန့်နဲ့ ဝတ်စုံပြည့်ကို ပို့ပေးခဲ့သည် ။
"ဒါက မစ္စတာရှဲ့ အတွက် အပိုအဝတ်အစားတွေ မတော်တဆဖြစ်လာတာကနေရှောင်ဖို့ယူလာတဲ့ဟာ "
"ကျေးဇူးတင်ပါတယ်"
ရှဲ့ယွမ်က ညစာစားပွဲကို မတော်တဆမှုများစွာဖြင့် တက်ရောက်ရကြောင်းကို ကျန်းယွီသိသည်။ စကားစမြည်ပြောခွင့်ရရန် ဝိုင်၊ ဘီယာနှင့် အခြားအဖျော်ယမကာများကို သူ့အဝတ်အစားများပေါ်တွင် တိကျစွာပက်ကြမယ့် အမျိုးသမီးများ အမြဲရှိနေမည်ဖြစ်သည်၊ ထို့ကြောင့် လက်ထောက် ရှောင်လျို က နောက်ထပ်တစ်စုံကို အမြဲပြင်ဆင်ထားသည်။ အဝတ်အစားအစုံလိုက်ပေါ့။
ချူးလီ၏ အရပ်နှင့် ကိုယ်ဟန်အနေအထားက ရှဲ့ယွမ်နဲ့ အတူတူပင်။ သူ၏ အနက်ရောင် တန်ဖိုးကြီးသည့် ဝတ်စုံကို ဝတ်ဆင်ပြီး၊ သူ၏ ရှပ်အင်္ကျီအဖြူ လည်တိုင်ထိပ်မှာ ကြယ်သီးတပ်ထားပြီး သေးသွယ်ပြီး စေ့စပ်သေချာလှသည်။
သူ့နောက်ကျောက မှန်တင်ခုံကို မှီလျက် အေးစက် ပြင်းထန်သော ထိတွေ့မှုတစ်ခုရှိသည်။
ကျန်းယွီ က သူ့ဆီ လှမ်းလာပြီး သူ့နက်ကတိုင်ကို သူမလက်နဲ့ ချည်ပေးလိုက်သည် "လက်ထောက် လျို က ရှင့်ကို ခဏနေရင် ဖျော်ဖြေပွဲကြည့်ဖို့ ခန်းမထဲကို ခေါ်သွားပေးလိမ့်မယ်"
ချူးလီသည် သူမ၏ သွယ်လျသော လက်ကောက်ဝတ်ကို ဆွဲယူကာ သူ့ရှေ့သို့ ဆွဲကာ သူမကို စိုက်ကြည့်နေသည်။
ဘဲငန်းစကတ်၏အပေါ်ပိုင်းသည် ခန္ဓာကိုယ်နှင့် အလွန်နီးကပ်နေပြီး၊ သွယ်လျသောခါးနှင့် ချောမွေ့သောကောက်ကြောင်းများဖြင့် မိန်းကလေး၏ သွယ်လျသောရုပ်သွင်ကို ပုံဖော်ထားကာ သူ၏ရှေ့ရှိ ရှုခင်းက ပို၍ပင် ရှင်းမပြနိုင်ပေ။
သူဘာမှ မလုပ်ခဲ့ဘူးဆိုရင်တောင် သူမကိုကြည့်ရင်း ချူးလီသေတော့မည်။
"ဘဲလေးအကကို ကိုယ် စိတ်မဝင်စားဘူး၊ ဘဲလေးကတဲ့သူကိုပဲစိတ်ဝင်စားတယ်"
ကျန်းယွီရယ်လိုက်သောအခါတွင် သူ၏မျက်ခုံးတွေက တရုတ်ရိုးရာပန်းချီကားတစ်ချပ်၏ မှင်များကဲ့သို့ဖြစ်ပြီး ရုတ်တရက် စွန်းထင်းသွားသည်။
"ဒါဆို နင်က ငါ့အတွက် ပိုင်ချန် ကို သီးသန့်ပြန်လာတာပေါ့"
"ဟုတ်တယ်"
သူမဆီကခွဲခွာလိုက်ပြီး သူမကို သူ့ပေါင်ပေါ် ထိုင်စေကာ သူမကိုဖက်ထားခဲ့သည်
ကျန်းယွီက သူ့ကို နမ်းချင်ပေမယ့် ချူးလီ က သူ့မျက်နှာကို လှည့်ကာ ရှောင်လိုက်ပြီး အသက်ရှူထုတ်ကာပြောလိုက်သည် "မိတ်ကပ်တွေပျက်ကုန်မယ်"
ကျန်းယွီ က နှုတ်ခမ်းနီကို ကောက်ကိုင်လိုက်ပြီး အဖုံးဖွင့်ကာ စားပွဲပေါ်တင်လိုက်သည် "ဒါဆို ရှင်ဂရုစိုက်ပေါ့ နောက်မှ ကျွန်မကို ပြန်ဆိုးပေး"
နောက်တစ်စက္ကန့်တွင်၊ ချူးလီသည် သူ့စိတ်ထဲတွင် ပြင်းထန်သော ဆန္ဒကို မထိန်းနိုင်တော့ဘဲ သူမကို နမ်းလိုက်သည်။
ယခင်က သူမအား လုံး၀စားသုံးရန် ဤကဲ့သို့ နူးည့မှုမျိုးမရှိပေ။ ဒီနေ့တော့ သူ အရမ်းနူးညံ့တယ်၊ မိန်းကလေးရဲ့ မိတ်ကပ်ပျက်သွားမှာကို တကယ်ကြောက်နေသလို၊ အရသာရှိတဲ့ ရေခဲမုန့်မုန့်ကို နှုတ်ခမ်းလေးတွေနဲ့ မြည်းကြည့်နေသလိုမျိုးပင်။
မကြာခင်မှာပဲ ကျန်းယွီ ရှက်ရွံ့သွားပြီး သူ့ကို တွန်းထုတ်ကာ ရေချိုးခန်းထဲကို တစ်ယောက်တည်းသွားကာ ခုန်နေတဲ့ နှလုံးသားကို ငြိမ်သက်စေခဲ့သည်။
ချူးလီက သူမကို မတားဘဲ ပြုံးပြီး သူမရဲ့နောက်ကျောကို ကြည့်နေသည်။
ကျန်းယွီ တံခါးပိတ်လိုက်ပြီး မှန်ထဲက နီရဲနေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ ရှက်လွန်းလို့ နှလုံးခုန်မြန်လာသည်။
ချူးလီရဲ့ ဒဏ်ရာရထားတဲ့ ဒူးက အခုလေးတင် ခွဲခြား၍မရလောက်အောင် လှုပ်ရှားနေခဲ့သည်။
ကျန်းယွီ ပြန်လည်သက်သာလာဖို့ အချိန်ခဏယူလိုက်ပြီး ရှက်ရွံ့မှုကို ပြေပျောက်စေကာ ပြီးတော့မှ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
ချူးလီက သူမကိုကြည့်လိုက်သည် ၊ နှုတ်ခမ်းနီဆိုးထားတဲ့ သူမရဲ့ နှုတ်ခမ်းထောင့်တွေကို ပါးလွှာပြီး ဆိုးသွမ်းတဲ့ အပြုံးနဲ့ ကြည့်နေတုန်းပါပဲ။
ကျန်းယွီ က သူ့ကို ဂရုမစိုက်ဘဲ သူ့ကိုယ်သူ နှုတ်ခမ်းနီပြန်ဆိုးဖို့ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။
ချူးလီက နှုတ်ခမ်းနီကို ယူလိုက်ပြီးပြောလိုက်သည် "ကိုယ် ကူညီပေးမယ်"
"မလိုပါဘူး!"
"ဆိုးပေးချင်လို့"
သူက နှုတ်ခမ်းနီဘူးကို ဇွတ်ဖွင့်ပြီး ပြောလိုက်သည် "မင်းရည်းစားရဲ့ အရည်အချင်းကို မယုံဘူးလား"
"နင့်ရဲ့အရည်အချင်းကို မယုံတာမဟုတ်ဘူး၊ နင့်ကိုမယုံတာ"
ဟုတ်ပါတယ်၊ ဒီတစ်ကြိမ်ကတော့ အရင်အကြိမ်တွေနဲ့ အတူတူပါပဲ၊ သူက သူမကို နှုတ်ခမ်းနီ ဆိုးပေးမယ်လို့ အကူအညီပေးဖို့တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကိုတစ်လွှာဆိုးပေးပြီး နမ်းခဲ့သည်။ နှုတ်ခမ်းနီ တစ်ဝက်လောက်က သူ့ဗိုက်ထဲရောက်လုနီးပါးဖြစ်နေပြီ။
ဒီကောင်လေးက နှုတ်ခမ်းနီကို စွဲနေပုံရသည်။ အထူးသဖြင့် သူဒီလိုကစားရတာကို ကြိုက်သည်။ သူဘယ်တော့မှမငြီးငွေ့ဘူး။ ထို့ကြောင့် ကျနိးယွီ သည် နှုတ်ခမ်းနီဝယ်သည့်အခါတွင်သာ ဈေးကြီးတဲ့ သဘာဝပစ္စည်းများကို ဝယ်ယူနိုင်သည်။
သူတို့နှစ်ဦးသည် ပထမပိုင်းဖျော်ဖြေမှု ပြီးဆုံးသည်အထိ နှုတ်ခမ်းနီကို မိနစ်လေးဆယ်ကျော်ကြာအောင် စားခဲ့ကြသည်။ ပုရှီးက ငိုယိုပြီး တံခါးကိုဖွင့်ကာ ထိုင်ခုံဘေးမှာ ဝင်ထိုင်လိုက်သည်။
ကျန်းယွီ လန့်သွားပြီး ချူးလီ ကို အလျင်အမြန် တွန်းထုတ်လိုက်သော်လည်း ပုရှီးမှာ အံ့သြသွားပုံလည်းမရ စိတ်ထဲတောင်မထည့်ဘဲ သူတို့ကို လက်ဝှေ့ယမ်းပြကာ ငိုနေသည် "ငါ့အတွက် စိတ်ပူမနေနဲ့ ဆက်လုပ်၊ ဆက်လုပ်..."
ကျန်းယွီက ချူးလီကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး ပုရှီး ၏ မျက်နှာကို သုတ်ပေးရန် တစ်ရှူးကို ဆွဲထုတ်လိုက်သည် "ဘာဖြစ်လို့လဲ ဘာလို့ ငိုနေတာလဲ။ မိတ်ကပ်တွေ အကုန်ပျက်ကုန်ပြီ"
"ငါနေရာတော်တော်များများမှာ မှားခုန်ချခဲ့မိလို့" ပုရှီး က ကြေကွဲပြီးငိုနေသည်- "ငါ အရမ်းစိတ်လှုပ်ရှားနေတော့ သီချင်းကို ခြေလှမ်းတွေအများကြီး လိုက်မှီမမှီခဲ့ဘူး ငါပိုခုန်လေလေ ပိုမှားလေလေပဲ..."
ပုရှီး စိတ်လှုပ်ရှားနေပြီး မနေ့ညသန်းခေါင်အထိ ပြန်မရောက်လာတာဆိုတာ ကျန်းယွီကသိပေမယ့် ပုရှီးအမှားလုပ်မိမယ်လို့ သူမ မမျှော်လင့်ထားပေ။
သူမက စင်မြင့်အတွေ့အကြုံကြွယ်ဝသော ဘဲလေးအကသမားတစ်ဦးဖြစ်သည်။
"မကြောက်ပါနဲ့ တခြားသူတွေ မမြင်နိုင်ပါဘူး"
"မဟုတ်ဘူး၊ အဖွား ခေါင်းကို ထပ်ခါထပ်ခါ ခါနေတာကို ငါ မြင်နေရတယ်၊ သူ အရမ်းစိတ်ပျက်နေမှာပဲ " ပုရှီးရဲ့အသံက တုန်တုန်ယင်ယင်နဲ့။ "ငါ သူတို့ကို လွှတ်ချထားတယ်၊ အဖွားက ငါ့ကို ငန်းဘုရင်မ အဖြစ် မကစေချင်ဘူး၊ ဒီနေရာက နဂိုက နင်ပိုင်တဲ့နေရာ၊ ငါ လုံးဝ လွှတ်ချလို့မရဘူး။ ဘုရင်မက ငါ့ဥစ္စာမဟုတ်ဘူး။ ငါက မင်းသမီးကို သိမ်းပိုက်နိုင်ရင်တောင် ငါ ဘုရင်မကိုတော့ မရဘူး"
ထိုအမျိုးသမီးကြီး၏မွေးနေ့ပါတီတွင် ပုရှီး ၏ ကိုယ့်ကိုယ်ကိုယုံကြည်မှု လုံးဝပျက်စီးသွားကြောင်းကို ကျန်းယွီ သိသည်။
ဒီနေ့တွေမှာ သူမက မျက်နှာပြင်ပေါ်မှာ အေးအေးဆေးဆေး ကခုန်လေ့ကျင့်နေသော်လည်း စင်စစ်အားဖြင့် သူမသည် ယခင်က စင်ပေါ်တွင်ထွန်းလင်းတောက်ပနေခဲ့သော ငန်းဘုရင်မ မဟုတ်တော့ပေ။
"မငိုနဲ့၊ အချိန်ပိုင်းချိန်က ဆယ့်ငါးမိနစ်ပဲ" ကျန်းယွီ မျက်ရည်တွေသုတ်ပေးခဲ့ပြီး စိတ်အားထက်သန်စွာ မိတ်ကပ်ပြင်ပေးလိုက်သည်- "စိတ်ကိုလျှော့ထား"
"ငါတကယ်မလုပ်နိုင်ဘူး၊ ငါဘုရင်မကို မရတော့ဘူး၊ ငါအမှားလုပ်မိသွားပြီ!" သူမ ခေါင်းကို အပြင်းအထန် ခါလိုက်သည် "အမေနဲ့ အဖွားကို ဆွဲချမိသွားပြီ ငါ နင်နဲ့ ဘယ်တော့မှ မယှဥ်နိုင်ပါဘူး"
"ဟုတ်တယ် မင်းပြောတာမှန်တယ်။" ချူးလီ သည် ပုရှီး ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည် - "မင်းက ကျန်းယွီ ဘယ်တော့မှ မယှဉ်နိုင်ဘူး။"
ပုရှီး သည် သူဒီလိုပြောဖို့ မမျှော်လင့်ထားသလို အံ့သြစွာနဲ့ မျက်ရည်ဝဲနေတဲ့ မျက်လုံးများဖြင့် မော့ကြည့်လိုက်သည် “နင်ဘာပြောလိုက်တာလဲ”
"ငန်းဘုရင်မ က ကျန်းယွီ နဲ့ပဲ သက်ဆိုင်သင့်တာ။ မင်းက သူ့နေရာကို လုခဲ့တာ။"
ပုရှီးမျက်ရည်တွေကို ဂရုမစိုက်ဘဲ ကုလားထိုင်ကို တွန်းဖယ်ကာ မတ်တပ်ထရပ်ပြီး ချူးလီ ကို ဒေါသတကြီးကြည့်လိုက်သည် "ထပ်ပြောလိုက်!"
ချူးလီ က ပုရှီးကို စိုက်ကြည့်ရင်းပြောလိုက်သည် " ငန်းဘုရင်မက သူ့ပိုင်သင့်တာ။ Esmera ရဲ့ အကြံပေးတွေ မင်းကိုရွေးလိုက်တာက မင်း က ပု ရဲ့ မိသားစုဖြစ်ပြီး သူမရဲ့ မျိုးရိုးနာမည်က ကျန်း ဖြစ်နေတာကြောင့်ပဲ၊ ဒီအသိုင်းအဝိုင်းမှာ တရားမျှတမှုမရှိဘူး"
"ပေါက်ကရတွေ!" သူမ စိတ်လှုပ်ရှားစွာနဲ့အော်လိုက်သည် "ငါ့မှာ ဇာတ်ခုံအတွေ့အကြုံ ပိုရှိလို့ ငါ့ကို ရွေးချယ်ခဲ့တာ။ ကျန်းယွီက ငန်းဘုရင်မ ဇာတ်ရုပ်ကို ကဖို့ ငယ်လွန်းနေလို့!"
"ကိုယ့်ကိုယ်ကို ထပ်ပြီး မလှည့်စားပါနဲ့တော့၊ မင်းက သူ့ထက် ညံ့တယ် ပြီးတော့ မင်းဘယ်တော့မှ သူမနဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူး"
"ယုတ္တိမရှိလိုက်တာ။အဲ့လိုမဟုတ်ဘူး အဲ့လိုမဟုတ်ဘူး..."
ကျန်းယွီသည် မူလက ချူးလီ ကို မီးထဲသို့ လောင်စာထည့်ခြင်းမှ ရပ်တန့်စေလိုသော်လည်း ပုရှီး ၏ မျက်လုံးတွေ တင်းတင်းပိတ်ထားသည်ကို တွေ့လိုက်ရသောအခါ သူမ ရုတ်တရက် သတိရသွားသည်။
သူ့ချစ်သူက ဒီတိုင်းပြည်မှာ အတော်ဆုံး စိတ်ညှို့ပညာရှင်တစ်ယောက်ပဲ။
တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို ပြေလည်အောင် ဖြေရှင်းပေးတာက သူ့အတွက် အကောင်းဆုံးပဲ မဟုတ်လား ။
ကျန်းယွီက သူ့စိတ်ကို ထိန်းထားပြီး ချူးလီကို မထိခိုက်စေခဲ့ပေ။
ဒါပေမယ့် ပုရှီး ရဲ့ ကြောက်ရွံ့မှုကို ပြေပျောက်စေပြီး ဒေါသအပြည့်နဲ့ အစားထိုးခဲ့သည် "ငါက ကျန်းယွီ ထက် ဘယ်တော့မှ မဆိုးရွားဘူး၊ သူလုပ်နိုင်တာကို လုပ်နိုင်တယ်"
"ဒါက ဘာလဲ တခြားတစ်ယောက်ထက် အသံပိုကျယ်တာကိုလား" ချူးလီက သူ့နှုတ်ခမ်းထောင့်ကို ပင့်ပြီး အေးစက်စွာ ပြုံးလိုက်သည် "မင်း သူ့ထက် မဆိုးရွားချင်ဘူးဆိုရင် အခုပဲ သက်သေပြဖို့ စင်ပေါ်ကို တက်လိုက်လေ ၊ ငန်းဘုရင်မက ဒီမှာ ပုန်းနေပြီး ကလေးမလေးလို ငိုနေမှာ မဟုတ်ဘူး။"
ပုရှီး သည် တုန်တုန်ယင်ယင်ဖြင့် ထိုင်ကာ မျက်ရည်ခြောက်စေရန် တစ်ရှူးကိုဆွဲထုတ်ကာသုတ်လိုက်ပြီး နှာခေါင်းကိုလည်းညှစ်ကာ မိတ်ကပ်ကို ပြန်လိမ်းကာ ဒေါသတကြီးဖြင့်ပြောခဲ့သည် "နင့်ကို ငါသက်သေပြမယ်!"
"ငါ နင့်ကို ကူညီပေးမယ်။" ကျန်းယွီ ပေါင်ဒါမှုန့်ကို ကောက်ယူပြီး သူမ၏ မျက်နှာရှိ နှင်းဆီရောင်ရှိနေတဲ့ နေရာကို ဖုံးသွားအောင် ပေါင်ဒါဖြင့်ဖြန့်လိုက်သည်။
ပုရှီး သည် သူမ၏အကူအညီကို မငြင်းဘဲ မကျေမနပ်နဲ့ ကျယ်လောင်စွာ ပြောခဲ့သည် "လူသားနဲ့တူတဲ့ နင့်ရည်းစားက ဒီလောက်ထိစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
"အာ သူ...အဲ့တာကိုမုန်းလို့ပါ"
"ဖျော်ဖြေပွဲပြီးသွားရင် ငါ နင့်ကို ကောင်လေးတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်။" ပုရှီးက ပြတ်သားတဲ့အကြည့်နဲ့ကြည့်လိုက်သည် "နူးညံ့တယ်၊ ရိုင်းစိုင်းတယ်၊ နင်ကြိုက်တဲ့ပုံစံသာပြော သူ့ထက်သာနေစေရမယ်"
"ကောင်းပါပြီ၊ကောင်းပါပြီ နင်အရင်ဆုံး ကောင်းကောင်းသာဖျော်ဖြေခဲ့"
ပုရှီး ဒေါသတကြီးဖြင့် စင်မြင့်ပေါ်သို့ ပြန်သွားခဲ့သည်။ ကျန်းယွီသည် ထိုမြင်ကွင်းကို စတိတ်စင်နောက်မှာ ငါးမိနစ်ကြာကြည့်ရှုခဲ့ပြီး ယခုတစ်ကြိမ် သူမစင်ပေါ်တက်နေသည့်အချိန်၊ သူမမှာ အရှိန်အဟုန်များလွန်းနေပြီး ချူးလီ ၏သွေးထိုးကြောင့် သူမတကယ်တစ်ဆို့နေခဲ့သည်။
ဘုရင်မက ဒေါသဖြစ်ဖို့လိုသည်၊ အထူးသဖြင့် နောက်ထပ်ပြကွက်အနည်းငယ်တွင်၊ သူမသည် မကောင်းဆိုးဝါး ငန်းနက်အဖြစ် သရုပ်ဆောင်ရန် လိုအပ်သည်။
ကျန်းယွီ သက်ပြင်းချကာ ချူးလီဘက်လှည့်ပြီး စကားပြောဖို့လုပ်လိုက်သည် "သူမ ဂုဏ်အယူရဆုံးအရာပဲ၊ နင် ဒီစကားကို ပြောလိုက်တော့ သူ့ရဲ့ အဆုတ်ပြွန်ကို စကားလုံးတိုင်းနဲ့ ထိုးလိုက်သလိုဖြစ်သွားတာ"
"ဒါဆို ငါတို့အစ်မကို လူဆိုးဖြစ်အောင်ငါလုပ်လို့မဖြစ်ဘူး"
ကျန်းယွီ က သူ့ရင်ဘတ်ကို ရိုက်လိုက်ပြီး ပြုံးကာပြောလိုက်သည်"အရမ်းစာနာတတ်တဲ့ ချစ်သူလေးပဲ"
"ဒါပေမယ့် မင်းတကယ် ဂရုမစိုက်ဘူးလား။ ဒါက မင်းရဲ့ အိပ်မက်တစ်ခုလေ "
ကျန်းယွီသည် စင်မြင့်ပေါ်ရှိ ထွန်းလင်းတောက်ပနေသော ပုရှီး ကိုကြည့်ကာ ချူးလီ ၏လက်ကို ဆုပ်ကိုင်လိုက်သည် "ဒါက ငါ့ရဲ့အိပ်မက်လို့ ထင်ခဲ့ဖူးတယ်"
တစ်ဖန်မွေးဖွားလာပြီးနောက် သူမ၏ဘဝသည် ထိုပန်းတိုင်တစ်ခုအတွက်သာဖြစ်သည်- စင်မြင့်ပေါ်ရှိ လင်းလက်တောက်ပနေသော ငန်းဘုရင်မဖြစ်လာရန် တစ်ချိန်က သူမတွေးခဲ့ဖူးသည်။
ဒါပေမယ့်လည်း များစွာသော ကိစ္စများကို တွေ့ကြုံပြီးနောက်တွင် သူမ၏ ပြန်လည်မွေးဖွားခြင်းသည် ဘုရင်မအတွက် ဘယ်တော့မှ မဟုတ်ကြောင်း သူမ သိလာခဲ့သည်။
နှစ်ဘဝကြာပြီးနောက် သူမက သူ့အတွက်လာခဲ့တာ။
**
ဒီနေ့ ရှဲ့ယွမ်က အလွန်လေးနက်စွာ ၀တ်ဆင်ထားပြီး သူ့နက်ကတိုင်ကို သပ်ရပ်စွာ ချည်နှောင်ထားပြီး လုမန့် က အနုပညာခန်းမ ၏ VIP ထဲသို့ ဝင်ကာ ထိုင်ခဲ့သည်။
လုံကျင်း လက်ဖက်ရည်ကို စားပွဲပေါ်မှာ တည်ခင်းထားပြီး ယွီယန် က ကောက်ကွေးနေသည်။
လုမန့် လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည် "ဘဲလေးအကကြည့်ရင်း လုံကျင်း သောက်ရတာ ကျေးဇူးပါပဲ မင်းတကယ်ပျော်ရမှာပါ"
"ဆိုဒါလည်း ပြင်ထားတယ်၊ အဲ့တာ မသောက်ချင်ရင် ပြောင်းလို့ရတယ်နော်"
"မင်းက ဂဏာန်းငါးလုံးတန်ဖိုးရှိတဲ့ လုံကျင်းကို သောက်တယ်၊ ငါကငါးယွမ်တန် ဆိုဒါ သောက်တယ်၊အဲ့တာမှာ ငါ အရမ်းအမှားကင်းပုံရတယ်"
"သူဌေးနယ်ပယ်က ဂဏာန်းငါးလုံးတန် လုံကျင်း ကို သောက်ဖို့ မဟုတ်ဘူး။" ရှဲ့ယွမ် အေးဆေးတည်ငြိမ်စွာပြောလိုက်သည် - "အဲ့အစား ဆိုဒါနဲ့ လုံကျင်း မင်းကြိုက်တာသောက်၊ မင်းရဲ့ကိုယ်ပိုင်စိတ်နှလုံးသားနဲ့သာသောက်"
လုမန့် မျက်တောင်ခတ်လိုက်ပြီး ရှဲ့ယွမ် ရဲ့ နောက်ကျောကိုရိုက်လိုက်သည် "ဟုတ်တယ်၊ မင်းက တကယ့်အစစ် မိန်းကလေး ကျင်း ကို ချစ်ခဲ့ဖူးတဲ့သူ။ နယ်ပယ်က မတူဘူး။"
၎င်းတို့နှစ်ဦးသည် အစောပိုင်းနှစ်များတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းခြင်းများကို အတူတကွမျှဝေခဲ့ကြသော ဒုက္ခရောက်နေသည့်ညီအစ်ကိုများဖြစ်ပြီး လုမန့် သည်လည်း ရှဲ့ယွမ် ၏ရှားပါးသူငယ်ချင်းဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးစကားပြောသောအခါတွင် တားမြစ်စရာမရှိပေ။
၎င်းတို့သည် ပု မိသားစုကဲ့သို့ ချမ်းသာသောမိသားစုမှ ညီငယ်တွေမဟုတ်ကြသော်လည်း ဆယ်စုနှစ်အနည်းငယ်အတွင်း စုဆောင်းထားသော အရင်းအနှီးပမာဏ အများအပြားကြောင့် ၎င်းတို့အား ၎င်းတို့၏လက်ရှိ ကြွယ်ဝမှုအင်ပါယာဖြစ်လာစေခဲ့သည်။
မိသားစု၏ အစ်ကိုကြီး၏ အရသာနှင့် သဘောထားကို မခံနိုင်ကြဘဲ အလုပ်ကြိုးစားမှုအရသာဖြင့် အလွန်ရိုးသားစွာ စကားပြောဆိုနေကြသည်။
လုမန့် က ရှဲ့ယွမ်ကိုမေးလိုက်သည် "မင်းရဲ့သမီး ဒီနေ့ ကမှာလား"
"မကဘူး၊ သူက အစားထိုးသက်သက်ပဲ"
"အာ!" လုမန့် ၏ မျက်လုံးတွေ ပြူးကျယ်သွားသည်- "မင်းရဲ့ သမီး ဖျော်ဖြေတာကို ကြည့်ဖို့ ဟိုင်ချန်ကနေ ငါ့ကို ဖိတ်ဖို့ မင်းအထူး လေယာဉ်လက်မှတ် ကြိုဝယ်ပေးထားတာလေ။ဒါက..... အစားထိုးသက်သက်တဲ့လားကွာ!"
"အစားထိုးက ဘာဖြစ်နေလို့လဲ"
လုမန့် ထိတ်လန့်စွာကြည့်လိုက်သည် "မဟုတ်ဘူး... အဓိကက သူမ မလာတာမဟုတ်ဘူး၊ မင်းတစ်ခုခုကြည့်ဖို့ငါ့ကို ဖိတ်လိုက်တာလား။"
ရှဲ့ယွမ် ပွင့်ပွင့်လင်းလင်းပြောလိုက်သည် "ငန်းဘုရင်မ ကိုကြည့်၊ မင်းသူ့ကို ငါ့သမီးအဖြစ် စိတ်ကူးကြည့်လို့ရတယ်"
လုမန့် : "..."
အထီးကျန်ဆန်နေတာကို ကြည့်လိုက်ကြပါဦး။
ရှဲ့ယွမ် ခေါင်းငုံ့ကာ ကျန်းယွီ ထံ မက်ဆေ့ချ်ပို့ပြီး သူ စိတ်မပူရအောင် သူမရဲ့အခြေအနေကို မေးလိုက်သော်လည်း ကျန်းယွီ က အကြောင်းပြန်လာခြင်းမရှိပေ။
လက်ထောက် ရှောင်လျိုက လမ်းလျှောက်လာပြီး သူ့နားထဲ စကားအနည်းငယ် တိုးတိုးပြောကာ အပိုဝတ်စုံအကြောင်း ပြောပြခဲ့သည်။
ရှဲ့ယွမ် မျက်မှောင်ကြုတ်လိုက်သည် "သူ ဒီရောက်နေတာလား"
"ဟုတ်တယ် မိုးရွာနေလို့၊ လမ်းမှာ ယာဉ်ကြောပိတ်ဆို့နေတာဖြစ်နိုင်တယ်။"
"အခုသူတို့ တစ်ခန်းတည်းမှာရှိနေကြတာလား"
လက်ထောက် ရှောင်လျိုက အတင်းအဖျင်းပြောရင်း ခေါင်းညိတ်လိုက်သည် "ဟုတ်တယ်၊ တံခါးပိတ်ထားတုန်းပဲ"
ရှဲ့ယွမ် ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ရိုက်လိုက်ပြီး အနည်းငယ်ဒေါသထွက်နေသည် "အနံ့ဆိုးတဲ့ကောင်"
မိနစ်အနည်းငယ်ကြာပြီးနောက် ရှဲ့ယွမ်သည် သံမှိုပေါ်တွင်ထိုင်နေသလိုခံစားရပြီး ကြည့်ဖို့စင်နောက်သို့သွားခဲ့သည်။ လုမန့်က သူ့ကို တားခဲ့သည်- "လူငယ်တွေ တံခါးပိတ်ထားတဲ့နောက်မှာ တွေ့ကြတာပဲဟာ။ မင်း ဘာဟာသတွေသွားလုပ်မလို့လဲ။ဝပ်အားပမာဏက အရမ်းကြီးလွန်းတယ်နော်"
ရှဲ့ယွမ် သည် သူ အလွန်အနှောင့်အယှက်မပေးသင့်သည်ကို သိသော်လည်း ထိုင်မနေနိုင်ပေ။ နောက်ဆုံးတွင် သူမှတ်မိသွားခဲ့တဲ့ သမီးလေးကို အမြတ်တနိုးထားရန် သူ့မှာအချိန်မရှိတော့ဘူး အခြားလူက သိမ်းသွားတော့မည်။
ရှဲ့ယွမ် ဒီအသက်ရှုတာကို မျိုချလို့ မရဘူး။
VIP လှေကားကဆင်းပြီး ပထမထပ်ကိုရောက်လာပေမယ့် သူနဲ့ပိုရင်းနှီးတဲ့အသံတစ်ခုကြားလိုက်ရသည်။
"ဘယ်လိုလဲ ဒီလက်မှတ်က အဆင်ပြေလား"
"ကျွန်မ ဒါကိုအွန်လိုင်းပေါ်က ဝယ်ထားတာမဟုတ်ဘူး၊ ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ပေးထားတာ"
"ခွင့်ပြုပါ၊ကျေးဇူးပြုပြီး ထပ်စစ်ဆေးပေးပါလား။ ဒါက ပုံမှန်ချန်နယ်ကနေ ဝယ်ထားတဲ့ လက်မှတ်ဖြစ်ရမယ်"
ဒီအသံကိုကြားတော့ ရှဲ့ယွမ် နှလုံးခုန်နေတာရပ်သွားသည်။
သူလှည့်ကြည့်လိုက်တော့ အပေါက်ဝမှာ သူ့မှတ်ဥာဏ်ထဲမှာ ရေးထွင်းထားတဲ့ ပုံရိပ်ကို တွေ့လိုက်ရသည်ယ်။
အဲဒါက သူ့ရဲ့ မမေ့နိုင်စရာ ကျောပြင်ပဲ။
"အာ့ထျန်း!"
ရှဲ့ယွမ် သူ့ခြေရင်းအောက်တွင် လဲကျလုနီးပါးဖြစ်ကာ သူမဘက်သို့ တရွေ့ရွေ့ လျှောက်သွားပြီး အနောက်ကနေ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်- "အာ့ထျန်း! ငါ မင်းကို အရမ်းလွမ်းနေတာ"
ဒါပေမယ့် သူ့ရင်ခွင်ထဲမှ အမျိုးသမီး၏ အသံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အမျိုးသမီးသည် ယောက်ျား၏ ရင်ခွင်မှ ခွာကာ လှည့်ကာ ထိတ်လန့်တကြားကြည့်ခဲ့သည် "ဘာလုပ်တာလဲ"
ရှဲ့ယွမ်သည် သူမ၏ မျက်နှာအသွင်အပြင်က ပုထျန်းယန် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။ ပုထျန်းယန်၏မျက်လုံးတွေက ဂန္ထဝင်အလှများနှင့် အထူးသဏ္ဍာန်တူသေ အလွန်အရသာရှိသော Danfeng မျက်လုံးတွေဖြစ်ပြီး သူ့ရှေ့ရှိ အမျိုးသမီးမှာ မျက်ခွံနှစ်ထပ်ရှိပြီး မျက်နှာအသွင်အပြင်ကကောင်းမွန်သည်။
"မင်းက..." သူ အဲဒီညက "Walking" ဘားမှာတွေ့ခဲ့တဲ့ အမျိုးသမီးကို တွေးမိသွားသည် "မင်းက လျိုယဲ့လား"
"မစ္စတာ ရှဲ့"
"တောင်းပန်ပါတယ်" ရှဲ့ယွမ်သည် သူ၏အပြုအမူက ရုတ်ခြည်းမဟုတ်သော်လည်း အတင်းအဓ္ဓမဆန်လုနီးပါးဖြစ်နေကြောင်း ရှဲ့ယွမ်သိသည်။ သူသည် သူမကို ကိုးဆယ်ဒီဂရီ ဦးညွှတ်ကာ လေးနက်စွာ တောင်းပန်ခဲ့သည်- "ကျွန်တော် မင်းကို ကျွန်တော့်ရဲ့အရင်ကချစ်သူအဖြစ် အထင်မှားသွားလို့ပါ၊ တောင်းပန်ပါတယ်၊ ရုတ်တရတ် ဖြစ်သွားတဲ့အတွက် မင်း ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
လျိုယဲ့သည် မူလက အလွန်ဒေါသထွက်ခဲ့သော်လည်း ရှဲ့ယွမ်၏ တောင်းပန်မှုသည် အမှားအယွင်းမဟုတ်သလို ရိုးသားလွန်းသဖြင့် သူမလက်ကို ဝှေ့ယမ်းကာပြောလိုက်သည် "ဘာမှမဖြစ်ပါဘူး၊ ထားလိုက်ပါ၊ အမှားတွေကို ဝန်ခံတာက သာမာန်ပဲ"
ရှဲ့ယွမ်က သူမ ရပ်တန့်သွားသည်ကို မြင်လိုက်ကာ ရိုးရိုးရှင်းရှင်းပဲမေးလိုက်သည် "မစ္စစ်လျို ဒီမှာ ဒုက္ခရောက်နေတာလား"
"ကျွန်မကို လျိုယဲ့ လို့ပဲ ခေါ်ပါ " လျိုယဲ့ က သူ့လက်ထဲက လက်မှတ်ဖြတ်ပိုင်းကို ကိုင်ပြီးပြောခဲ့သည် "ဒါက ကျွန်မလုပ်ဖော်ကိုင်ဖက်ပေးထားတဲ့ ဝင်ခွင့်လက်မှတ်၊ ဒါပေမယ့် သူတို့က ဒီလက်မှတ်မှာ ပြဿနာရှိနေလို့ ဝင်ခွင့်မပေးဘူး"
ရှဲ့ယွမ် ရောက်ရှိလာတာကိုမြင်တော့ ဝန်ထမ်းက ပြဿနာတက်မှာကြောက်လို့ အမြန်ရှင်းပြလိုက်သည် “ဒီလက်မှတ်ရဲ့ QR ကုဒ်ကို စကင်န်ဖတ်လို့မရလို့ပါ”
ရှဲ့ယွမ်က လျိုယဲ့ရဲ့လက်ထဲက လက်မှတ်ကို ယူကြည့်လိုက်ပြီးပြောခဲ့သည် "မှန်ပါတယ်၊ ဒီလက်မှတ်က ပြဿနာမရှိဘူး ဒါပေမယ့် အဲဒါက ခန်းမထိုင်ခုံနေရာတော့ မဟုတ်ဘူး။မင်းက ဒုတိယထပ်က VIP နေရာမှာ ရှိသင့်တာ။ ကျွန်တော်မင်းကို ခေါ်သွားပေးမယ်။"
"ဟင်။ တကယ်လား "
"ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံကြည်လိုက်"
"ဒါဆို မစ္စတာရှဲ့ကို ဒုက္ခပေးရတော့မယ်"
"ကျွန်တော့်ကို ရှဲ့ယွမ် လို့ ခေါ်လို့ရတယ်"
သူက လျိုယဲ့ကို ဒုတိယထပ်ရှိ VIP နေရာသို့ ခေါ်ဆောင်သွားခဲ့ပြီး ဝန်ထမ်းနှင့် ပရိသတ်အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ယွဲ့ဖန် ဂရု ၏ diamond level လူပျိုကြီး ဥက္ကဋ္ဌ ရှဲ့ယွမ် သည် မည်သည့်အမျိုးသမီးကိုမျှ ဧည့်ဝတ်မပြုဖူးကြောင်း လူတိုင်း သိကြသည်။
လူတိုင်းရှေ့မှာ လျိုယဲ့ ရဲ့ အရှက်တရားကို အေးအေးဆေးဆေး ဖြေရှင်းပြီး VIP နေရာဆီကို သူကိုယ်တိုင် ခေါ်သွားခဲ့သည်။
ဒါက မြောက်ပိုင်းမြို့တော်မှာ တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းပင်။
ရှဲ့ယွမ် သည် လျိုယဲ့ ကို VIP နေရာသို့ ခေါ်သွားကာ ဝန်ထမ်းတစ်ဦး ချက်ချင်းရောက်လာပြီး သက်တောင့်သက်သာရှိသော စားပွဲနှင့် ကုလားထိုင်များကို ထည့်ကာ လုမန့် ကို ဘေးဘက်သို့ ရွှေ့လိုက်ပြီး လျိုယဲ့ နှင့် ရှဲ့ယွမ်အား အတူတူထိုင်ခွင့်ပေးခဲ့သည်။
"ဟမ် ဟမ်! ဘာတွေဖြစ်နေတာလဲ "လုမန့် ဘာမှမသိတော့ပေ။ ရှဲ့ယွမ် က သူ့သမီးနဲ့ သားမက်ဆီသွားတာလေ ဘာကြောင့် အမျိုးသမီးတစ်ယောက်ကို ပြန်ခေါ်လာတာလဲ။
ဒီအမျိုးသမီးက...
ပုံစံက တော်တော်လေးကိုကောင်းသည်
လုမန့် မေးချင်သေးသည်၊ ရှဲ့ယွမ် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့စကားကို ချက်ချင်းရပ်တန့်ခဲ့သည်။
သူ လက်ဖက်ရည်တစ်ငုံသောက်ပြီး ပွဲကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်ရင်း လေထုကို ပျက်ဆီးအောင် လုပ်ဖို့ မေးခွန်းတွေ မမေးတော့ပေ။
"လျိုယဲ့ ဘာသောက်မလဲ"
လျိုယဲ့ယဉ်ကျေးစွာပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"
ရှဲ့ယွမ် သည် လုံကျင်း လက်ဖက်ရည် ခွက်ကို ခရမ်းရောင် လက်ဖက်ရည်ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီး လျိုယဲ့ အား ပေးလိုက်သည် "ဒီလက်ဖက်ရည်ကို မြည်းကြည့်။"
လျိုယဲ့က လက်ဖက်ရည်ကို ရှူရှိုက်ရင်း မျက်ခုံးပင့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည် "တောင်းပန်ပါတယ် မစ္စတာရှဲ့၊ ကျွန်မ လက်ဖက်ရည် သိပ်မသောက်တတ်ဘူး"
"မင်း လက်ဖက်ရည် မကြိုက်လို့လား"
"အင်း၊ ကျွန်မ လက်ဖက်ရည်မကြိုက်ဘူး၊ ဖန် တာခါး တာကို ကြောက်တယ်"
ရှဲ့ယွမ် ၏ မျက်လုံးတွေ အနည်းငယ်ပြောင်းသွားပြီး လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ထားတဲ့ လက်က အနည်းငယ် တုန်ယင်သွားသည်။
"ဒါဆို မင်းပြောင်းပေးမယ် မင်းဒါကိုတော့ကြိုက်မယ်ထင်တယ်...ဆိုဒါအေးအေးလေးသောက်ရတာ ကြိုက်တယ် မလား"
လျိုယဲ့ ၏မျက်လုံးတွေက အနည်းငယ် အံ့သြသွားသည်- "မစ္စတာ ရှဲ့ က ကျွန်မ ဆိုဒါကြိုက်တယ်ဆိုတာ ဘယ်လိုသိတာလဲ"
"ဆိုဒါ မကြိုက်တဲ့သူက ဘယ်သူရှိလို့လဲ။"
ရှဲ့ယွမ် ခါးသက်စွာ ပြုံးလိုက်ပြီး သူ့အတွေးတွေက အဲဒီ ငယ်ရွယ်တဲ့ နှစ်တွေဆီ ပြန်ရောက်သွားပုံရသည်။
ပုထျန်းယန်က ဆိုဒါကို စွဲလန်းတဲ့သူဖြစ်သည်။ သူ့ဆီလာတိုင်း သူမလက်ထဲမှာ ကိုကာကိုလာပုလင်းကိုကိုင်ကာ နေရောင်ထဲမှာ ရပ်နေရင်း သူ့ကိုပြုံးပြတတ်သည်။
ရှဲ့ယွမ်က အမြဲတမ်း သူမကို ဆိုဒါဖြတ်စေချင်သည်၊ သူမ ကိုယ်အလေးချိန်တက်လာရုံသာမက အထူးသဖြင့် ကျန်းမာရေးနှင့်လည်းမညီညွတ်ပေ။
ဒါပေမယ့် ပုထျန်းယန်က ဆိုဒါသောက်ရတာကြိုက်သည်။ သူမငယ်ငယ်က ဆိုဒါခိုးလို့ အဖွားက ဆူပူကြိမ်းမောင်းခဲ့တာကို သူမပြောပြဖူးသည်။ ထိုအချိန်မှစ၍ မျိုးစေ့များကို စိုက်ပျိုးခဲ့သည်။ သူမကို မသောက်ခိုင်းရင် သူမ သောက်ချင်သည်။ သူမ တိတ်တိတ်လေးဝယ်သည်။
ရှဲ့ယွမ်က ဆိုဒါသောက်ရတာ မကြိုက်ပေမယ့် မင်းက အခုထိ မကြီးပြင်းလာသေးတဲ့ ပုန်ကန်တတ်တဲ့ ကလေးတစ်ယောက်လို့ ပြောခဲ့သည် ။
"ဟုတ်တယ် ငါက ကလေးဆိုတော့ ဆိုဒါသောက်ရတာ ကြိုက်တယ်၊ နင် ငါ့ကို ဂရုစိုက်ပေးပေါ့ "
ရှဲ့ယွမ် သူမ၏ ဆံမြိတ်တွေကို ထိကာ ကျေနပ်စွာ ပြုံးပြီးပြောခဲ့သည် "ငါ မင်းကို ဂရုမစိုက်တော့ဘူး၊ မင်းနဲ့ အတူ သောက်မယ်"
"မရဘူး မရဘူး၊ နင်ငါ့ကို ဂရုစိုက်ပေးရမယ်" ပုထျန်းယန် က သူ့လည်ပင်းကို သိုင်းဖက်ခဲ့သည် "နင်ငါ့ကို ဂရုမစိုက်ရင် ဘယ်သူမှ ငါ့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
နောက်ပိုင်းတွင် ရှဲ့ယွမ် သည် ၎င်းကို တစ်ကြိမ်ထက်ပို၍ စဉ်းစားခဲ့သည်၊ သူတကယ်မှားနေပြီး သူမကို အလိုမလိုက်ခဲ့သင့်တာ။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမ အစကတည်းက ငြင်းသင့်တာ၊ ထို့နောက်များစွာသောကိစ္စတွေဖြစ်လာလိမ့်မည်မဟုတ်ပေ၊ သူမ သေလိမ့်မည်မဟုတ်ပေ။
ဒါပေမယ့် သူမ...တကယ်သေသွားပြီလား?
ရှဲ့ယွမ်သည် သူ့ရှေ့က အမျိုးသမီးကို စိုက်ကြည့်ရင်း သူ့ရဲ့ကြည်လင်တဲ့ မျက်လုံးများတွင် အနည်းငယ် ရှုပ်ထွေးမှုများ ပေါ်လာသည်။
"လျိုယဲ့၊ မင်းကော ဘဲလေးအကကို ကြိုက်လား"
"အရမ်းကြိုက်တယ်လို့တော့ ပြောလို့မရဘူး" လျိုယဲ့ ပြုံးကာပြောလိုက်သည် "ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မက ကတတ်တယ်၊ ဒါကြောင့် အဲ့တာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာ။ ကျွန်မတို့ မူကြိုက ဆရာမတွေက ကျွန်မကို ကောင်းကောင်း ကနိုင်တယ် ကျွန်မ နှစ်တိုင်း ဆုတွေလည်း ရနိုင်တယ်လို့ ပြောကြတာပဲ "
သူမ အလွန်ချိုမြိန်စွာ ရယ်ခဲ့ပြီး ပုထျန်းယန်လိုပဲ အသက်ဝင်ပြီး တောက်ပနေတဲ့ စိတ်ထားလေးကလည်းတူသည်။
ရှဲ့ယွမ်ရဲ့နှလုံးဟာ တဖြည်းဖြည်း တက်ကြွလာပြီး သူပိုပိုပြီး ခံစားလာရသည်... အာ့ထျန်း မသေသေးဘူး၊ သူ့ရှေ့က အမျိုးသမီးလည်း ဖြစ်နိုင်တယ်...
"လျိုယဲ့၊ မင်း ခဏခဏ သတိမေ့တတ်တယ်လို့ ပြောဖူးတယ်မလား။"
"အင်း၊ ဟုတ်တယ်၊ ကျွန်မ အရမ်းမေ့တတ်တာ ၊ သော့ဘယ်မှာထားလဲ၊ တံခါးကိုသော့ခတ်မိလားမခတ်မိဘူးလား အဲ့လိုကိစ္စလေးတွေကို မကြာခဏ မမှတ်မိဘူး"
"မင်းမှာ ကလေးရှိသေးတယ်လို့ ပြောတယ်မလား။"
"ရှိလောက်တယ် ကျွန်မအဲ့တာတော့ မှတ်မိတယ်၊ ဒါပေမယ့် ငါ သူ့ကို ဆုံးရှုံးသွားပုံရတယ်။ သူ့ကို လိုက်ရှာနေတာ နှစ်အတော်ကြာပေမယ့် မတွေ့ဘူး။ ဒါပေမယ့် သူ့ကို တွေ့ရင် သူ့ကိုကျွန်မ မှတ်မိနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီကလေးက အရမ်းဉာဏ်ကောင်းတာ။သူ မူကြိုတုန်းက ပန်းနီလေးတွေကို ရေရတိုင်း သူက ငါးထိအပြည့် ရတယ်ဆိုတာ ကျွန်မ မှတ်မိသေးတယ်"
"အဲဒါ သမီးလေး"
လျိုယဲ့ သူ့ခေါင်းခါပြီးအသေအချာ ပြောခဲ့သည်။ "အဲ့ဒါ သားလေး၊ သူက အရမ်း ဉာဏ်ကောင်းတယ်။ သူ ပဟေဠိ ကစားရတာ ကြိုက်တာကို ကျွန်မ မှတ်မိတယ်၊ နှစ်နာရီအတွင်း သူ ပြီးအောင် လုပ်နိုင်တယ်"
"ဒါဆို မင်းဘာမှတ်မိသေးလဲ"
"ကျွန်မ မှတ်မိသေးတယ်....... တစ်နေ့ အိမ်မှာ ရဲတွေ အများကြီးရောက်နေတာကို။ အဲဒီကတည်းက ကျွန်မဆေးရုံတက်နေခဲ့တာကြာပြီ၊ ကျွန်မရဲ့သားကို ထပ်မတွေ့ရတော့ဘူး"
"မင်းရဲ့ယောက်ျားကရော"
"ယောကျ်ား ..." လျိုယဲ့ ခေါင်းခါလိုက်သည်။ "ကျွန်မ မမှတ်မိဘူး"
ထိုအချိန်တွင် ဖျော်ဖြေပွဲစတင်ခဲ့ပြီး လျိုယဲ့သည် သူမရဲ့အကြောင်းမပြောတော့ဘဲ ရပ်တန့်လိုက်ပြီး ဖျော်ဖြေမှုကို အလေးအနက်ထားကြည့်ခဲ့သည်။
လုမန့်က မကူညီနိုင်တော့ဘဲ ရှဲ့ယွမ်ကို မျက်စပစ်ကာ နေရာထဲမှ ထွက်လာခဲ့သည်။
ခဏကြာတော့ ရှဲ့ယွမ်လည်း နောက်ကလိုက်လာသည်။
"ဘာဖြစ်နေတာလဲ အဖိုးကြီးရှဲ့ မင်းက ဒီကောင်မလေးကိုကြည့်ပြီး ဒီမှာ ဘလိုင်းဒိတ်လာလုပ်တာလား"
ရှဲ့ယွမ် ရှင်းပြလိုက်သည်။ "အာ့ထျန်း မသေသေးဘူးလို့ ငါ သံသယဖြစ်မိတယ်"
ဒါကိုကြားတော့ လုမန့် ကြက်သေသေသွားပြီး မကူညီနိုင်ဘဲ ထိတ်လန့်တုန်လှုပ်သွားလေသည်။ "မင်း... ဒီအမျိုးသမီးက ပုထျန်းယန်လို့ ပြောချင်တာလား"
"သူမလည်း Coke သောက်ရတာ ကြိုက်တယ်"
"ငါ့ကို မခြောက်စမ်းပါနဲ့ အဖိုးကြီးရှဲ့ မင်းက မင်းရည်းစားကို အားမလိုအားမရဖြစ်ပြီး တွေးနေတာပါ ဟုတ်တယ်မလား၊ဆယ်ယောက်မှာကိုးယောက်လောက်က Coke သောက်ရတာကြိုက်ကြတယ်"
ရှဲ့ယွမ် ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊မတူဘူး၊ သူက အာ့ထျန်း က အရမ်းတူနေတာ"
နောက်ကျော သာမက သူမပေးတဲ့ ခံစားချက်သည်လည်း ပုထျန်းယန်နှင့် အတူတူပင်။
လုမန့် မေးခွန်းထုတ်လိုက်ပြန်သည်။ "ဒါဆို မင်းဘယ်လိုရှင်းပြမလဲ၊ သူမနဲ့ ပုထျန်းယန် က လုံးဝကို မတူဘူး"
"ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲလို့ရတယ်။ လက်ရှိ ပလတ်စတစ်ဆာဂျရီနည်းပညာက လူတစ်ယောက်ကို အခြားလူတစ်ဦးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်ပေမယ့် လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အလေ့အကျင့်တွေ၊ မသိစိတ်ရဲ့လှုပ်ရှားမှုတွေနဲ့ စိတ်နေစိတ်ထားတွေကိုတော့ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"
ရှဲ့ယွမ် ၏ ဤစကားတွေက လုမန့်ကို ပြောရန်နဲ့ မတူပဲ... သူ့ကိုယ်သူ ပြောပြနေတာ နဲ့ပိုတူသည်။
"ရှဲ့ယွမ် ၊ မရူးမိုက်စမ်းပါနဲ့။" လုမန့်က တကယ်ကိုထပ်ပြီး နားမထောင်နိုင်တော့ပေ- "နှစ်တွေလည်းအများကြီး ကြာနေပြီ၊ အဲဒါကို အစွဲအလမ်းကြီးမနေပါနဲ့တော့။ သူမက ပုထျန်းယန် မဟုတ်ဘူး၊ ပုထျန်းယန်ကို လွှတ်ပေးလိုက်ပါတော့"
"ဘာလို့မဖြစ်နိုင်ရမှာလဲ" ရှဲ့ယွမ်က လုမန့်ကို ကြည့်လိုက်သည်။ "အာ့ထျန်း သေသွားပြီဆိုတာ ငါမယုံဘူး။ သူမ မသေသေးရင် သူမ ငါ့ဆီနှစ်အတော်ကြာအောင် မလာနိုင်ခဲ့ရင် မလာနိုင်တဲ့ အကြောင်းပြချက်ရှိရမယ်။ အတိတ်မေ့နေတာလည်းဖြစ်နိုင်တာပဲ မဟုတ်ဘူးလား၊ မင်းသူမပြောတာကို နားထောင်ကြည့်သူမ သတိမေ့သွားပြီး သူ့သားလေးကို မေ့သွားတယ်လို့ပြောတယ်လေ"
လုမန့်က သူတကယ်ကြက်သေသေသွားတာကို တွေ့လိုက်ရသည်။ "ကောင်းပြီ၊ ဒီအမျိုးသမီးက ပုထျန်းယန် ဟုတ်မဟုတ် ဂရုမစိုက်တော့နဲ့၊ မင်းအခု ဘာလုပ်မှာလဲ"
ရှဲ့ယွမ်သည် VIPအတွင်းရှိ အမျိုးသမီး၏ ရင်းနှီးသောရုပ်သွင်ကို ကြည့်ပြီးလေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ငါ သူမကို ကုပေးချင်တယ်"