← Chapters

Chapter 121

Vol. 11 Ch. 121

Chapter 121

Vol. 11 Ch. 121

"ချန်းယဲ့က အရမ်းပျင်းတဲ့လူမို့ သူ့အစွမ်းရှိသမျှနဲ့ သူ့ဘဝက လူတစ်ယောက်ကို ကျေနပ်ဖို့ လုံလောက်တယ်"

ချန်းယဲ့က ကျန်းမန့်ယီကို သူလျှို့ဝှက်စွာကြားလိုက်ရတဲ့ အချစ်စကားတွေအကြောင်း ပြောပြနေတဲ့အချိန် ကျန်းမန့်ယီ ရဲ့ မျက်နှာကြွက်သားတွေ သိသိသာသာ လှုပ်သွားခဲ့သည်။

"မနှစ်မြို့စရာစကားတွေကို ရှင်ဘယ်ကခိုးလာတာလဲ။"

"ကိုယ် ကိုယ်တိုင်ဖန်တီးထားတာ!"

ကျန်းမန့်ယီက ပြုံးပြီး သူ့ပါးကိုပုတ်လိုက်သည် "အစ်ကို ယဲ့ ၊ ရှင်ပြောဖူးသမျှထဲမှာ ရိုမန့်တစ်အဆန်ဆုံး အချစ်စကား နှစ်ခွန်းရှိတယ်၊ တစ်ခုက 'မင်းကို ထာဝရ ချစ်တယ်' နဲ့ နောက်တစ်ခုက 'မင်းကို ရွှေလက်စွပ်တစ်ကွင်း ဝယ်ပေးမယ်'ဆိုတာပဲ"

"ရွှေလက်စွပ်ကို မှတ်မိနေတာလား" ချန်းယဲ့က စိတ်မကျေမနပ်ဖြင့်ပြောလိုက်သည် "ကိုယ်ရေးခဲ့တဲ့ အချစ်သီချင်းတွေကို မင်းနားထောင်ပြီးရင် ကိုယ်ရေးတဲ့ အချစ်စကားက ဘယ်လောက်ကောင်းလဲဆိုတာ မင်းသိလိမ့်မယ်၊ အချစ်စကားတွေအားလုံး က မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ပြောတာ"

"ဒီစာကြောင်းက အရသာရှိတာပဲနော်"

"ဒါပေါ့"

ကျန်းမန့်ယီက ဘားမှာထိုင်ပြီး သူ့ပါးကိုကိုင်ကာ ထောင့်မှာချစ်နေကြတဲ့ ရှဲ့ယွမ် နဲ့ လျိုယဲ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည် "သူတို့နှစ်ယောက် ဘယ်တုန်းက ပိုအဆင်ပြေသွားကြတာလဲ"

ချန်းယဲ့က အဝေးကြည့် မှန်ပြောင်းလေးကို ထုတ်ယူပြီး သူတို့ကိုကြည့်လိုက်သည် "ရက်တော်တော်ကြာသွားပြီ။ အခြေခံအားဖြင့်တော့ ကိုယ် ဒီကို ညတိုင်း ရောက်ဖြစ်တယ်။ တိုးတက်မှုဘားက ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ မင်း အလုပ်ပိုကြိုးစားရင် ရှောင်ယွီ နောက်နှစ်မှာ ညီအကိုမောင်နှမတွေ ထပ်ရနိုင်လိမ့်မယ်"

ကျန်းမန့်ယီ သက်ပြင်းချလိုက်ပြီး ရှေ့ကိုပြုံးပြလိုက်နောက်ကိုပြုံးပြလိုက်လုပ်နေတဲ့ လျိုယဲ့ ကို ကြည့်ကာ မျက်ခုံးမွှေးအထင်းသားနဲ့ ရှဲ့ယွမ်တစ်ယောက်ကတော့ ခံစားချက်တွေ နစ်မွန်းနေလေပြီ။

"မင်းမပျော်ဘူးလား" ကျန်းမန့်ယီရဲ့ စိုးရိမ်သောကရောက်နေတဲ့အမူအရာကို ချန်းယဲ့သတိပြုမိသည်။

"သူ အားယန် အကြောင်း နှစ်အတော်ကြာ တွေးနေခဲ့တာ ပြီးတော့ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားခဲ့တာ သေချာတယ်။ သူ ထွက်လာပြီး ဘဝသစ်ကို ပွေ့ဖက်နိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်... " ကျန်းမန့်ယီ သက်ပြင်းချလိုက်သည် "ဒီအမျိုးသမီးက ပုထျန်းယန် နဲ့ အရမ်းဆင်တယ်လို့ မထင်ဘူးလား။"

"ဆင်လို့လား" ချန်ယဲ့က အဝေးကြည့်မှန်ပြောင်း၏ ဆုံမှတ်အလျားကို ချိန်ညှိခဲ့သည်- "လုံးဝ မတူပါဘူး။ ဒီမျက်လုံးကြီးကြီးတွေက ကိုယ့်ထက် ပိုကြီးတယ်... သူတို့ကိုကြည့်ရတာ မင်းရဲ့သမက်နဲ့တူနေတယ်"

"ကျွန်မ ရုပ်ရည်အကြောင်း ပြောနေတာမဟုတ်ဘူး။" ကျန်းမန့်ယီ မှန်ပြောင်းကိုဆွဲကိုင်လိုက်ပြီး ထောင့်နားကလူနှစ်ယောက်ကိုကြည့်လိုက်သည် "ရှင်က ပုထျန်းယန် နဲ့ လေးနှစ်ကြာအောင် အတန်းဖော်ဖြစ်ခဲ့ကြတာလေ၊ အထူးသဖြင့် သူမရဲ့ခြေထောက်တွေက ပုထျန်းယန် နဲ့ တစ်ထပ်တည်းတူတယ်လို့ ရှင်မထင်ဘူးလား"

"ကိုယ်ဘယ်လိုလုပ်သိမှာလဲ" ချန်းယဲ့ ပေါ့ပေါ့ပါးပါးပြောလိုက်သည် "ကိုယ်မှ သူ့ကို မကြိုက်တာ ဒါကြောင့် တစ်နေ့လုံး တစ်ခြားတစ်ယောက်ရဲ့ ခြေထောက်တွေကို ဘယ်လိုလုပ်စိုက်ကြည့်နေမှာလဲ"

" ရှဲ့ယွမ် ဒါကို တွေးပြီး ဆက်ဆံရေးအသစ်ကို စတင်ချင်တယ် ဆိုရင် သူ့အတွက် ပျော်မိမှာ၊ ဒါပေမယ့် သူက လျိုယဲ့ ကို အားယန် ရဲ့ အစားထိုးအနေနဲ့ သုံးမှာကို ကြောက်တယ်၊ အဲ့တာက တစ်ဖက်လူကိုရော သူ့ကိုယ်သူကိုပါ ထိခိုက်လာစေမှာ"

"ဟေး... သူက မျှော်လင့်ထားတဲ့အတိုင်း အရမ်းလွှမ်းမိုးနိုင်တဲ့ ဥက္ကဌပဲ ၊ avatarတွေ ဒီမှာ ရှိနေတယ်"

ကျန်းမန့်ယီ ချန်းယဲ့ရဲ့ ခေါင်းကို မကျေမနပ်ဖြင့် ပုတ်လိုက်သည် "ရှင့်မှာဒီလို ဟာသလုပ်ခွင့် မရှိဘူး"

"ကောင်းပြီ၊ ကိုယ် မင်းပြောတာ နားထောင်မယ်။"

ချန်းယဲ့ မှန်ပြောင်းကို နောက်တစ်ကြိမ် ကောက်ယူကြည့်လိုက်ရာ ရှဲ့ယွမ်၏ မျက်လုံးကြီးကြီးတွေက မှန်ပြောင်း၏ တစ်ဖက်ခြမ်းတွင် ပေါ်လာပြီး အဝေးကနေ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ဟုတ်တယ်!"

ချန်းယဲ့ အလွန်ထိတ်လန့်သွားပြီး မှန်ပြောင်းကို လွှင့်ပစ်လိုက်ရာ ရှဲ့ယွမ်က ဒေါသမထွက်ဘဲ ဂုဏ်သိက္ခာရှိပြီး သူ့ကို နှိမ့်ချစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည် ။

"ဒီလောက်အကြာကြီးကြည့်နေတာ ကြည့်လို့ကောင်းရဲ့လား"

"မကောင်းဘူး မကောင်းဘူး..." ချန်းယဲ့ မှန်ပြောင်းကို တွန်းဖယ်လိုက်ပြီး ခေါင်း ကုတ်နေသည် "ကြည့်လို့မကောင်းဘူး၊ မှန်ပြောင်းကကွဲနေတော့ ငါ ဘာမှ မမြင်ရဘူး"

ကျန်းမန့်ယီ က ရှဲ့ယွမ် ရဲ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည် "ရှင် ဘာဖြစ်နေတာလဲ"

သူ မဆိုင်းမတွနဲ့ပြောလိုက်သည် "ငါနဲ့ လျိုယဲ့ တို့ ချစ်နေကြပြီ"

ကျန်းမန့်ယီ က သူ့ကို စိုးရိမ်တကြီးကြည့်လိုက်သည် "အဲ့တော့.... ရှင်တကယ်လွှတ်ချလိုက်ပြီလား"

ရှဲ့ယွမ်ပြုံးလိုက်သည် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါဆိုရှင်…"

"လျိုယဲ့ က အာ့ထျန်း ဖြစ်တယ်ဆိုတာ သေချာတယ်" ရှဲ့ယွမ် က ကျန်းမန့်ယီကိုပြောလိုက်သည် "မင်းလည်း မခံစားမိဘူးလား၊ ပထမဆုံးတွေ့ဆုံတဲ့ညမှာ သူက အာ့ထျန်း နဲ့ အရမ်းတူတယ်လို့ မင်းပြောခဲ့တယ်လေ"

ကျန်းမန့်ယီ သည် ရှဲ့ယွမ် နောက်ပြောင်နေပုံမပေါ်ကြောင်းကို မြင်ပြီး အဓိပ္ပါယ်မရှိတာကိုတွေ့ခဲ့သည် "ဒါပေမယ့် သူမက ဘယ်လိုလုပ် ပုထျန်းယန် ဖြစ်နိုင်မှာလဲ "

"ဘာလို့မဖြစ်နိုင်ရမှာလဲ" ရှဲ့ယွမ် ခေါင်းမာလာပြီး ဘယ်သူမှ ပြန်မဆွဲနိုင်တော့ပေ "မင်းကြည့်လို့ မတူရင်တောင် မင်းက အာ့ထျန်း ရဲ့ အချစ်ဆုံးသူငယ်ချင်း။ မင်း သူမရဲ့ အကျင့်စာရိတ္တ၊ အမူအရာ၊ အပြောအဆိုတွေကို မင်းခံစားမိမှာပဲ... ဘယ်သူမှ အာ့ထျန်း ရဲ့ ပုံစံကိုကော်ပီမလုပ်နိုင်ဘူး"

ကျန်းမန့်ယီ က ရှဲ့ယွမ် ရဲ့ ရောဂါက ပြင်းထန်တယ်လို့ ခံစားနေရသည် - "ရုပ်ပုံနဲ့ ကိုယ်ရည်ကိုယ်သွေး အရမ်းတူတဲ့သူ ဒီကမ္ဘာပေါ်မှာ လူနှစ်ယောက်ရှိမယ်လို့ ငါယုံကြည်တယ်၊ ဒါပေမယ့် သူမက ပုထျန်းယန်ဟုတ်တယ်လို့ ဆိုလိုတာမဟုတ်ဘူး ၊ ရှဲ့ယွမ် နင် နိုးထလာပါတော့၊ ပုထျန်းယန်က သေသွားပြီ"

"သူမ မသေဘူး၊ သူမသေပြီဆိုတာကို ငါဘယ်တော့မှမယုံဘူး" ရှဲ့ယွမ်က ကျန်းမန့်ယီ ကို အေးစက်စွာကြည့်ကာ စကားလုံးတိုင်းကခြိမ်းခြောက်နေခဲ့သည် "ဒီလိုမျိုးထပ်မပြောနဲ့"

"မင်းဘာလုပ်နေတာလဲ!" ချန်းယဲ့ က ကျန်းမန့်ယီ ကို ကာကွယ်ခဲ့သည်- "အဲ့တာက အမှန်ပဲ မင်းမယုံတာ မင်းကိစ္စပဲ ဘာလို့ ရန်ဖြစ်ချင်နေရတာလဲ"

ကျန်းမန့်ယီ က ချန်းယဲ့ ကို တွန်းဖယ်လိုက်ပြီး ရှဲ့ယွမ် ကို စိတ်အားထက်သန်စွာပြောလိုက်သည် " သူ့အတွက် နင်ရှာထားတဲ့ မိခင်အသစ်က သူ့အမေအရင်းအတွက် အစားထိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ဖို့နေနေသာသာ ရှောင်ယွီက အခု နင့်ပုံစံကို မြင်ချင်မှာမဟုတ်ဘူး "

"သူမက အစားထိုးမဟုတ်ဘူး!" ရှဲ့ယွမ် တည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်သည် "လျိုယဲ့ ရဲ့ မှတ်ဉာဏ်က ပြဿနာဖြစ်နေတာ။ သူမ အတိတ်ကို မှတ်မိလာအောင်၊ ငါတို့လုပ်ခဲ့ဖူးသမျှကို မှတ်မိလာအောင် ငါ ကူညီပေးမှာ၊ အဲဒီအချိန်ရောက်ရင် အာ့ထျန်း ပြန်ရောက်လာမှာ၊ ငါတို့မိသားစုလိုက် ပြန်ဆုံကြမှာ..."

ရှဲ့ယွမ် တကယ်ကို ရူးသွားပြီဆိုတာကိုတွေ့လိုက်ရတော့ ကျန်းမန့်ယီမှာ ရွေးချယ်စရာမရှိတော့ပေမယ့် ပြောဖို့လုပ်လိုက်သည် "သူမမှာ မှတ်ဉာဏ်ပြဿနာရှိနေတာလို့ နင်ပြောတယ်နော် ကောင်းပြီလေ ငါတို့မိသားစုမှာ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်မရှိဘူး၊ နင့်ရဲ့သားမတ်ဆီ သူမကို ပြလိုက်။ ဒါမှ အမှန်တရားပေါ်လာလိမ့်မယ်"

ရှဲ့ယွမ် တုံ့ဆိုင်းသွားပြီး တည်ငြိမ်သော မျက်နှာထားဖြင့်ပြောလိုက်သည် "ငါ သူမကို ခဏလောက်ပြုစုအုံးမယ်"

"ဘာလို့အချိန်ဆွဲနေတာလဲ၊ အခုလည်းအဆင်ပြေတာပဲ"

ရှဲ့ယွမ် စကားမပြောတော့ပေ။

"အဲ့တော့ ကြောက်လို့လား" ကျန်းမန့်ယီ ဒေါသထွက်နေသည်။ သူမ ရှဲ့ယွမ် ကို အဖြစ်မှန်ကိုရင်ဆိုင်ရအောင်လုပ်မှရမည် "နင်စိတ်ထဲမှာလည်း ကြောက်နေတာပဲ။ သူမက ပုထျန်းယန် ဟုတ်မဟုတ်ဆိုတာ အဆုံးသတ်ကို လက်ခံဖို့ နင့်မှာနည်းလမ်းမရှိဘူး။ ဒါကြောင့် နင်ကိုယ့်ကိုကိုယ်လိမ်ညာပြီးရင်း လိမ်ညာချင်နေတာ။"

"ငါ မကြောက်ဘူး၊ သူမက အာ့ထျန်း ဆိုတာ သေချာတယ်"

"ကောင်းပြီ၊ မနက်ဖြန် နင် ချူးလီ ဆီကိုသွား၊ လျိုယဲ့ ကို သူ့ဆီခေါ်သွားပြီး သူ့ကို စိတ်ညှို့ခိုင်းကြည့်လိုက်။ ထုံးစံအတိုင်း အမှန်တရားက ရှင်းသွားလိမ့်မယ်"

ချန်းယဲ့က သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကိုတွေ့တော့ အမြန်ငြိမ်သက်သွားအောင်လုပ်ခဲ့သည် "တကယ်တော့ အဲ့တာက မလိုပါဘူး၊ ဒါကကောင်းတယ်မဟုတ်ဘူးလား။ ရှဲ့ယွမ် နဲ့ လျိုယဲ့တို့ ဆက်ဆံရေးကောင်းနေတာပဲ သူတို့ လက်ထပ်နိုင်ရင် ရှောင်ယွီကို မောင်လေး ညီမလေးတွေ ပေးနိုင်မယ် ဒါက အရမ်းကောင်းတယ် မဟုတ်ဘူးလား၊ အနာဂတ်မှာ မင်း အတိတ်ကို မမေ့သွားနိုင်ဘူးလား"

ကျန်းမန့်ယီ က ရှဲ့ယွမ်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည် "ရှင် သူ့ကိုမေးကြည့် သူ သူ့ကိုယ်သူ မေ့နိုင်ပါ့မလား။ လျိုယဲ့ သာ သူ သူ့ရည်းစားဟောင်းရဲ့ပုံရိပ်ကို မြင်နေတာဆိုတာသိသွားရင် သူမဘယ်လိုထင်သွားမလဲ"

"အာ့ထျန်းက အရင်လူမဟုတ်ဘူး၊ ငါကအမြဲတမ်း သူမရဲ့လူဖြစ်နေမှာ" ရှဲ့ယွမ် က သူ့လက်သီးကို တင်းတင်းဆုပ်ထားပြီး အားမာန်ပါပါနဲ့ပြောလိုက်သည် "လျိုယဲ့က အာ့ထျန်း ။ မနက်ဖြန်ငါ ချူးလီဆီ သွားမယ်။"

စကားပြောပြီးနောက်သူ လှည့်ထွက်သွားသော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာကာ နှာခေါင်းကိုပွတ်ခဲ့သည် "မေးဖို့မေ့သွားလို့ ဒီကလေးက အခုဘယ်မှာနေတာလဲ"

ကျန်းမန့်ယီ ပေါ့ပေါ့ပါးပါးနဲ့ပြောလိုက်သည် "ဟုတ်တာပေါ့ နင့်အိမ်မှာ မနေလို့ ဘယ်မှာနေလို့ရမလဲ။ နင့်အိမ်မရောက်တာ ရက်တော်တော်ကြာပြီပဲ"

ရှဲ့ယွမ် : ? ?

"သူဘာလို့ ငါ့အိမ်မှာနေနေတာလဲ"

ကျန်းမန့်ယီ : "အဲ့မှာမနေလို့ဘယ်မှာနေရမှာလဲ"

ရှဲ့ယွမ် : "မင်း ထပ်ပြောပြန်ပြီ၊ သူ ငါ့အိမ်မှာနေနေတာလား"

ကျန်းမန့်ယီ ပြုံးဖြဲဖြဲလုပ်လိုက်သည် "အဖေဖြစ်တဲ့သူကဘာဖြစ်နေတာလဲ သားမက်က နင့် အိမ်မှာနေနေမှာပေါ့ ဘာတွေ အံ့သြနေတာလဲ"

...

အခန်း၏ ပြတင်းပေါက်တွေက တောက်ပပြီး သန့်ရှင်းနေကာ အဖြူရောင် လိုက်ကာတွေက လေပြေလေညင်းကြောင့် လွင့်နေကာ လှိုင်းလေးတွေလည်း ရှိနေသည်။ ပြတင်းပေါက်ဘောင်မှတဆင့် အခန်းထဲသို့ နေရောင်ခြည်တစ်စက ထွန်းလင်းလာကာ အိပ်ပျော်နေသောမိန်းကလေး၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

ကျန်းယွီ မျက်တောင်လေးတွေကို အနည်းငယ်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မျက်လုံးဖွင့်လာသည်။

ပထမအကြည့်တစ်ချက်တွင်၊ ပါးစပ်ထဲမှာ lollipop နဲ့ အဖြူရောင်ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက်က သူမ၏ ergonomic ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မောက်စ်ကိုနှိပ်ပြီး ပန်းရောင် ကီးဘုတ်ပေါ်တွင် ID နံပါတ်ကို ရိုက်ထည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီနေ့က ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ရမှတ်များကို စစ်ဆေးရမည့်နေ့ဖြစ်သည်။

ရုတ်တရက် ကျန်းယွီ လုံးဝ အိပ်ငိုက်ပြေသွားသည်။ သူမ ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး ဝက်ဘ်ဆိုက်စာမျက်နှာကို တက်လာဖို့ စောင့်နေတဲ့ ချူးလီရဲ့နောက်ဘက်ကို ဖိနပ်အပါးလေးနဲ့ရောက်ချလာကာ သူ့ပုခုံးပေါ်စိတ်လှုပ်ရှားစွာမှီလိုက်သည်....

"စိတ်မကောင်းပါဘူး ၊ သင်ရှာဖွေနေတဲ့ စာမျက်နှာ ပျောက်နေပါတယ်၊ ကျေးဇူးပြုပြီး နောက်မှ ထပ်မံကြိုးစားပါ။"

အချိန်အတော်ကြာပြီးနောက်၊ ထိုကဲ့သို့သောစာပိုဒ်က စာမျက်နှာပေါ်တွင် ပေါ်လာပြန်သည်။

"......"

ချူးလီ သူမအား အားကိုးရာမဲ့ ပြန်ကြည့်ခဲ့သည် "မင်းရဲ့အင်တာနက်အမြန်နှုန်းက ဘယ်လောက်နှေးလိုက်လဲ၊ကိုယ်ငါ တစ်မနက်လုံးလုပ်နေတာ တက်ကိုမတက်လာဘူး။"

ကျန်းယွီက သူ့ရဲ့ lollipop ကိုယူပြီး သူမပါးစပ်ထဲ ထည့်လိုက်သည် "အင်တာနက်မြန်နှုန်းကို အပြစ်မတင်နဲ့၊ ဒီမနက် ရလဒ်တွေကို စစ်ဆေးတဲ့လူများလွန်းတာကြောင့် ဖြစ်ရမယ်။ ငါ့ရဲ့ချစ်သူလေး ထပ်စမ်းကြည့်ပါလား သေချာပေါက် တက်လာပါလိမ့်မယ်"

ချူးလီ သည် စာမျက်နှာကို ပြန်ပြီးrefreshလုပ်လိုက်တော့ စာမျက်နှာက ပိုမိုမြန်ဆန်စွာ တက်လာတော့သည်.....

ကျန်းယွီက သူ့ပခုံးပေါ်မှီလျက် ကောင်လေး၏ကိုယ်က တုန်ယင်နေပြီး ဆိုးရွားစွာ လှုပ်နေသည်ကို သိသိသာသာ သတိထားမိသွားသည်။

သူမ သူ့ကို လက်ဖြင့် ပုတ်လိုက်သည် "ဟုတ်တယ်မလား၊ နင် နင့်အဆင့်ကိုကြည့်ရမှာ စ်ိတ်လှုပ်ရှားနေတုန်းမလား"

ချူးလီ ပြောလိုက်သည် "မင်းသိပါတယ်၊ ရလဒ်တွေကို ကြည့်တိုင်း ကိုယ် စိတ်လှုပ်ရှားပြီး အမှတ်မဲ့လှုပ်ရှားမိတာကို"

ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ ချူးလီ ညတိုင်း အိပ်မပျော်နိုင်လောက်အောင် အရမ်းလှုပ်ရှားနေခဲ့သည်ကို သတိရမိသည်။

သူ့မှာ test stress ရောဂါလက္ခဏာ ရှိပုံရသည်။

"သေချာပေါက် အဆင်ပြေမှာပါ"

"အစ်မ ကိုယ့်လက်ကို ကိုင်ထားပေး"သူ နာခံစွာ တောင်းဆိုခဲ့သည်။

ကျန်းယွီက ချူးလီ၏ ဘယ်ဘက်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး စိတ်ဖြေဖျောက်ပေးခဲ့သည် "မကြောက်နဲ့ မကြောက်နဲ့၊ စာမေးပွဲရလဒ်ကောင်း မကောင်းက ကိစ္စမရှိဘူး၊ ပါမောက္ခ စုန့်ယွီဟဲ က နင် ဟိုင်ချန် တက္ကသိုလ်ကို ပြန်မလာနိုင်ဖို့ မျှော်လင့်နေတုန်းပဲ။ ဒါပဲ "

"ဒါကို ဒီမှာထားလိုက်ပါ၊ဒီတော့ နင်မကြောက်နဲ့"

ချူးလီက ကျန်းယွီရဲ့ ရင်သားပေါ် သူ့လက်ကို ဖြည်းညှင်းစွာတင်လိုက်ကာ အတွင်းဘက်သို့ ညှစ်လိုက်သည်။

ကျန်းယွီ ...

ရလဒ်တွေကို တစ်ကြိမ်တည်းမှာပဲ refreshလုပ်လိုက်ပြီ --

English- 95

Politics- 93

Business class 1 : 148

Business class 2 : 143

Total score: 479

ကျန်းယွီ အမှတ်တွေကို ကြည့်ပြီး စကားမပြောနိုင်တော့ဘဲ သူ့လက်ကိုပစ်ချလိုက်သည်။

သေချာပါတယ်၊ ဒီကောင်လေးက အမှတ်စာရင်းစစ်တိုင်း စိတ်လှုပ်ရှားနေပြီး၊ အချိန်တိုင်း သူမက သူ့ကို စိတ်ရင်းမှန်နဲ့ နှစ်သိမ့်ပေးသည်။ ရလဒ်အနေနဲ့ကတော့ ... သူမက အချိန်တိုင်း လူရွှင်တော်ဖြစ်သွားရတာပဲ

ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲတွင် အမှတ် ၄၀၀ ရတာက အတော်ရှားသည်။ ဒီကောင်လေးက တော်တယ်၊ အမှတ် ၅၀၀ အထိ တန်းတန်းသွားတာ။

ကျန်းယွီမှာ သူ့ကို ဖော်ပြဖို့ စကားတစ်ခွန်းပဲ ရှိသည်။

မုန်းစရာကောင်းလိုက်တာ။

...

သူ့ရည်းစားက အမှတ်မြင့်မြင့်ရပေမယ့် ကျန်းယွီက သူမရဲ့ IQ ကို စော်ကားနေသလို သူမခံစားချက်တွေက လှည့်စားခံလိုက်ရတယ်လို့ ခံစားလိုက်ရတဲ့အတွက် တစ်မနက်လုံး သူနဲ့ စကားမပြောချင်တော့ပေ။

ချူးလီက သူ့ကောင်မလေး စိတ်ကျေနပ်အောင် မနက်စာစားဖို့ အောက်ထပ်ကိုဆင်းဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းယွီက ဘာမပြောညာမပြော နဲ့ ပြောခဲ့သည် "ငါ ထောပတ်ယိုနဲ့ လီမွန်နိတ်နဲ့ဆော့အဖြူလောင်းထားတဲ့ ကြက်သားအကြွပ်ကြော်နဲ့ ဝက်ပေါင်ခြောက်တင်ပြီးကြက်ဥလေးနဲ့ဟာ စားချင်တယ်"

"ဒါဆို မင်းပြန်အိပ်လိုက်ဖို့ ကိုယ် အကြံပေးတယ်၊ မင်းအိပ်မက်ထဲမှာ ရနိုင်တယ်"

ကျန်းယွီ ခေါင်းအုံးနဲ့ သူ့ကို ရိုက်လိုက်ပြီး လက်တစ်ဖက်နဲ့ ဖမ်းလိုက်ကာပျင်းရိစွာ ပြောလိုက်သည်။ "ပဲနို့နဲ့ နို့ပေါင်မုန့်ကော "

"ငါ mousse ကိတ်၊ ပဲခေါက်ဆွဲနဲ့ ဘလူးဘယ်ရီဒိန်ချဉ်ကို ရွေးတယ်"

ချူးလီ ဘောင်းဘီရှည်ဝတ်ပြီး သွားဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။ "ငါထွက်ပြီး မင်းအတွက်ဝယ်ပေးမယ်"

ကျန်းယွီ အိပ်ယာပေါ်ကနေ ပါးစပ်ထောင့်က အပြုံးနဲ့ သူ့ကိုကြည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ချစ်သူ။"

ဒါပေမယ့် ချူးလီ အိမ်မှ ထွက်သွားပြီး တစ်မိနစ်မပြည့်မီတွင် သူ ကပျာကယာနဲ့ နောက်ပြန်ဆုတ်လာကာ တံခါးပိတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဗီရိုထဲဝင်ပုန်းရန် ဆုံးဖြတ်ခဲ့သည်။

ကျန်းယွီ မသိတဲ့အတွက် သူ့ကိုမေးလိုက်သည်။ "နင်ဘာဖြစ်လာတာလဲ"

"မင်းအဖေပြန်လာပြီ"

"သူ့ကိုမြင်လိုက်လို့ ငါပြန်လာတာ"

ချူးလီ ဗီရိုတံခါးကိုပိတ်ပြီး ရှောခ့်ရနေသည်....

"သူ့လက်ထဲမှာ မီးဖိုချောင်သုံးဓားတစ်ချောင်းပါလာတယ်"

"........"

All Chapters