Chapter 124
Vol. 11 Ch. 124
ကံမကောင်းစွာနဲ့ပဲ လျိုယဲ့ က ခေါင်းကိုငုံ့ပြီး ဓာတ်လှေကားကိုစောင့်နေချိန် မက်ဆေ့ခ်ျတစ်စောင်ပြန်ပို့နေခဲ့သည်။ ဓါတ်လှေကားကို မမှီလိုက်ဘဲ ရှေ့ ကောင်တာမှ မိန်းကလေးငယ်များကြား သဘောထားကွဲလွဲမှုကို ကြားလိုက်ရသည်။
အကယ်၍သင်သာ တခြားအမျိုးသမီးအဖြစ်ပြောင်းသွားမယ်ဆိုရင် ဝူက ခဏလောက် စိတ်ကောက်သွားလိမ့်မယ်၊ပြီးရင် မေ့ပစ်လိုက်။
သူမရဲ့အသက်အရွယ်မှာ ဒီမိန်းကလေးတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ။
ဒါပေမယ့်လည်း လျိုယဲ့၏ သဘာဝအတိုင်း ကြမ်းတမ်းသော စိတ်ဒေါသကို ဘယ်သောအခါမှ အမှားမခံပေ။ ဘယ်သူဖြစ်ဖြစ် သူ့အရောင်ကို ပြရဲရင်အဲ့တာကို နှစ်ကြိမ်ပြန်ပေးမှာ သေချာသည်။
ဧည့်ကြိုကောင်တာကလူတော်တော်များများက သူမ အေးစက်စက်မျက်နှာနဲ့ ပြန်လာတာကိုတွေ့တော့ ချက်ခြင်းတိတ်ဆိတ်သွားပြီး သက်ဆိုင်ရာနေရာဆီ ပြန်သွားခဲ့ကြသည်
လျိုယဲ့သည် စုဟွိုက်နံဘေးရှိ ကျိုးကျန့်ရူကိုကြည့်ကာ မေးလိုက်သည် "စောနက နင့်ပါးစပ်ကနေ ဘာပြောလိုက်တာလဲ"
"ကျွန်မ ဘာမှမပြောပါဘူး၊ မဟုတ်ဘူး၊ကျွန်မရှင့်ကိုဘာမှမပြောဘူး။"
ကျိုးကျန့်ရူ အနည်းငယ် ကြောက်သွားသည်။ လျိုယဲ့ က ရှဲ့ယွမ် ၏ဘေးနားရှိလူဖြစ်ပြီး သူမအား မစော်ကားရဲပေ။
"နင့်မှာ ပြောရဲတဲ့ သတ္တိပဲရှိတယ် အဲ့တာကိုဝန်ခံဖို့ သတ္တိကျတော့မရှိဘူး"
ကျိုးကျန့်ရူသည် သူ့ပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ မျက်နှာနီမြန်းပြီး ရှက်ရွံ့သွားကာ ဒေါသထွက်လာသည် "ကျွန်မ ယုတ္တိမရှိတာကို ပြောမိလို့လား။ ဒါပဲ ရှင်က အဲ့တာကို ဝန်မခံရဲတာ"
"ငါဘာလုပ်ထားလို့လဲ၊ ငါလက်မထပ်ထားဘူး ငါကနင့်ရဲ့ယောက်ျားမဟုတ်ဘူး ငါကဘာလို့နင့်လမ်းပေါ်ရောက်နေတာလဲ"
"ဂုဏ်ယူမနေပါနဲ့။" ကျိုးကျန့်ရူ အသက်ရှူကြပ်သွားပြီး ပြောခဲ့သည် "မစ္စတာ ရှဲ့ စိတ်ကူးပေါက်ရာလျှောက်လုပ်နေသလားဆိုတာ ဘယ်သူသိမှာလဲ။ လအနည်းငယ်ကြာလာရင် ရှင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး"
"ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုက ငါနဲ့ ဘာဆိုင်လို့လဲ။" လျိုယဲ့က ကဲ့ရဲ့လိုက်သည်- "မိန်းကလေး၊အစ်မ မင်းကိုအကြံပေးချင်တာက မင်းမှာ တခြားသူတွေရဲ့ ကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်ရှိနေတယ်ဆိုရင် အလုပ် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်လိုက်တာက ပိုကောင်းတယ်။ လုံခြုံမှုကို ဘယ်ယောက်ျားတွေကမှ ဘယ်တော့မှ မပေးဘူး၊ ဒါပေမယ့် မင်းကိုယ်တိုင်ပဲ ရအောင်လုပ်ရမှာ"
ဒီမှတ်ချက်က ကျယ်လောင်ပြီး၊ သူမအဲ့တာကိုပြောဖို့ ယုံကြည်မှုရှိတယ်ဆိုတာ ထင်ရှားသည်။ မိန်းကလေးတွေအုပ်စုလိုက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ်ရှက်သွားကြသည်။
ကျိုးကျန့်ရူ စိတ်တိုဒေါသထွက်ပြီး ပါးစပ်က ပြန်ဖြေချင်လာသည်။ စုဟွိုက်က သူမကို အမြန်ဆွဲကိုင်လိုက်ပြီး လျိုယဲ့ ကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့သည်- "တောင်းပန်ပါတယ် မစ္စ လျို၊ တကယ်တောင်းပန်ပါတယ် နောင်မှာ ကျွန်မတို့နောက်ထပ် အတင်းအဖျင်းတွေ မပြောတော့ပါဘူး၊ကျွန်မ...ကျွန်မ တာဝန်ယူတယ်။ မစ္စအပေါ်ကိုတက်သွားပါတော့"
လျိုယဲ့ သည် ထိုမိန်းကလေးငယ်များနှင့် စကားပြောရန် စိတ်မ၀င်စားတော့ဘဲ ခန်းမထဲက လှည့်ထွက်ကာ ဥက္ကဌရုံးခန်းအပေါ်ထပ်သို့ တက်သွားခဲ့သည်။
သူမဒီမှာရောက်နေတာကိုကြားတော့ ရှဲ့ယွမ် က အစည်းအဝေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လိုက်ပြီး နာရီဝက်အတွင်း အစည်းအဝေးကို အဆုံးသတ်ပြီး ရုံးခန်းကိုပြန်လာခဲ့သည်။
လျိုယဲ့ ဆိုဖာပေါ်တွင် တစ်ရေးတစ်မော အိပ်ပျော်နေသည်ကို မြင်လိုက်ရသဖြင့် သူ့ရဲ့ဝတ်စုံဂျာကင်အင်္ကျီကို ရိုးရိုးရှင်းရှင်း ချွတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ခြုံပေးလိုက်သည်။ လျိုယဲ့နိုးလာပြီး သူ့ကို မော့ကြည့်ခဲ့သည်။
အဲဒီလူက ဆိုဖာပေါ်မှာ ထိုင်ပြီး သူမအတွက် ပန်းသီးအခွံခွာပေးနေသည်
သူ၏ ရှပ်အင်္ကျီအဖြူကို သူ့ခါးတွင် သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး၊ သူ၏ လည်တိုင် အနည်းငယ်ကို ပွင့်စေကာ ယခု တွေ့ဆုံမှုကဲ့သို့ လေးနက်ပြီး အေးစက်ခြင်းမရှိသည့် သူ့ကို ပို၍ သက်တောင့်သက်သာ ဖြစ်စေသည်။
လူစုလူဝေးထဲမှာ သူ့ဆီမှာ အမြဲတမ်း ပြင်းထန်တဲ့ ရောင်ဝါတွေ ထွက်ပေါ်နေပြီး သူ့ပတ်ဝန်းကျင်က လူတွေနဲ့ အထီးကျန်နေသည်။
လျိုယဲ့ သာလျှင် ဤယောက်ျားသည် သူမအား လျှို့ဝှက်စွာနဲ့ ဘယ်လောက်ထိ နူးညံ့သည်ကို သိသည်။
သူ့လက်ထဲတွင် ဓားထက်ထက်တစ်ချောင်းကို ကိုင်ထားပြီး အခွံကို လက်ချောင်းထိပ်များဖြင့် ကျွမ်းကျင်စွာ ခွာထုတ်ပြီးနောက် အစိတ်သေးသေးလေးတွေ လှီးဖြတ်ကာ လျိုယဲ့ ပါးစပ်နားတေ့အပ်ပေးလိုက်သည်။ သူမ ပန်းသီးစိတ်ကိုက်သောအခါ ရှဲ့ယွမ်က ခေါင်းငုံ့လာပြီး သူမရဲ့ နှုတ်ခမ်းကို ကိုက်ခဲ့သည်။
ရှည်ကြာပြီး လေးလေးနက်နက် နမ်းပြီးနောက် ရှဲ့ယွမ်က သူမကိုမေးခဲ့သည် "မင်း ရှေ့စာပွဲမှာ ကောင်မလေးတချို့နဲ့ စကားများခဲ့တယ်လို့ ကြားတယ်"
"ဟုတ်တယ်!" လျိုယဲ့ ညည်းညူဖို့ မစောင့်နိုင်တော့ပေ "သူတို့က ကျွန်မကို နောက်ကျောမှာ ကျွန်မကို ပြောနေကြတာ၊ကျွန်မ သူတို့ပြောတာတွေကြားနေရတယ်လေ ၊ ရှင့်မှာ သီအိုရီကောင်းကောင်းလေးများမရှိဘူးလား"
ရှဲ့ယွမ် သူမကို စိတ်လှုပ်ရှားစွာ ကြည့်နေသည် ၊ သူမငယ်ငယ်တုန်းကလိုပဲ။
ပုထျန်းယန်က အလွန်ဂရုစိုက်တတ်သူဖြစ်သည်။ သူမမှာ ခိုင်မာသော စိတ်ထားရှိရမည်၊ ပြစ်မှားခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း မပြုပေ။ မင်းသမီးက အရမ်းနေမကောင်းဖြစ်နေသည်။
သူမ ငယ်ငယ်တုန်းက ရှဲ့ယွမ် က သူမကို ဒေါသကို ထိန်းပြီး လူ့အဖွဲ့အစည်းမှာ ဘဝနဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်ဖို့ ဆွဲဆောင်ခဲ့သည်။ သူမ လုံးဝမခံစားနိုင်ရင် အရမ်းကြမ်းတမ်းလိမ့်မည်။
ဒါပေမယ့် ရှဲ့ယွမ် ကြီးလာတဲ့အခါ သူမလိုချင်ရင် မင်းသမီးလေးအဖြစ် ထာဝရ မွေးမြူထားဖို့ ဆန္ဒရှိသည်။
" ရှောင်လျို"
လက်ထောက် လျို ရုံးခန်းထဲသို့ ဝင်လာသည်- "မစ္စတာ ရှဲ့၊ ဘာများမိန့်ကြားချင်လို့ပါလဲ"
ရှဲ့ယွမ် က သစ်သီးလှီးဓားကို ချလိုက်ပြီး ခပ်တည်တည်ပြောခဲ့သည် “အဲဒီရှေ့စားပွဲကလူတွေကိုသွားပြောလိုက် စကားမစပ် … သူဌေးမကို စိတ်ဆိုးစေမယ့်သူဘယ်သူမဆို ပစ္စည်းတွေ ထုပ်ပိုးပြီး ထွက်သွားရမယ်လို့ ပြောလိုက်”
လက်ထောက် လျို သည် " သူဌေးမ " ဟူသော စကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားသည်။
ရှဲ့ယွမ်က အမြဲတမ်း စိတ်တင်းမာပြီး လေးနက်သော လူတစ်ယောက်ဖြစ်သည်။ သူ့အပြောအဆိုနဲ့ အပြုအမူတွေကို ဘယ်တော့မှ ပုံကြီးချဲ့ပြီး ဟာသလုပ်လေ့မရှိပေ။
သူက လျိုယဲ့ကို "သူဌေးမ" လို့တောင် ခေါ်ခဲ့သည်
ဒါက တစ်ဆယ်မှာ ကိုးလို့ သတ်မှတ်သည်။
လျိုယဲ့ က ဒီစကားကြားတော့ ပိုပျော်သွားပြီး ဆိုဖာပေါ်မှာ တခစ်ခစ်ရယ်ရင်း ထိုင်ကာ ရှဲ့ယွမ်ကို သူမရဲ့ခြေထောက်နဲ့ လှမ်းတို့လိုက်သည် "ကျွန်မက သူဌေးလား"
"ဟုတ်တယ်" ရှဲ့ယွမ် ပေါ့ပေါ့ပါးပါး ပြုံးပြီး သူမရဲ့ ခြေထောက်ကို လှမ်းကိုင်လိုက်သည် "မင်းက ကိုယ်တို့ သူဌေးရဲ့မိန်းမပဲ၊ ကိုယ် စကားနာထောင်ချင်တယ်"
"ရှဲ့ယွမ် ရှင်က အရမ်းချစ်စရာကောင်းတာပဲ"
"မင်းကြိုက်လား"
တစ်ကိုယ်တည်းသမား လက်ထောက် ရှောင်လျို မှာ လက်ပူလက်ကြပ်မိပြီး ခွေးစာ ကျွေးခံလိုက်ရသည်။ သူမ နောက်ဆုတ်တော့မည်။ လျိုယဲ့ က သူမကိုခေါ်ခဲ့သည် " အဲ့ဒီကလေးမလေးနာမည်က စုဟွိုက်လို့ ခေါ်တယ်၊ သူကကောင်းတယ်"
"ဘယ်လိုလုပ်ရမလဲဆိုတာ သိပါပြီ မဒမ် " လက်ထောက်လျို နောက်ပြန်ဆုတ်သွားသည်။
လျိုယဲ့ တစ်ဖန် ပါးစပ်နားရွက်တပ်ချိတ်မတတ်ရယ်မောရင်း ရှဲ့ယွမ် ၏ အင်္ကျီလက်ကိုဆွဲလိုက်သည် "သူက ကျွန်မကိုမဒမ်လို့ ခေါ်သွားတယ်!"
"မင်းက မဒမ်ပဲလေ"
"ရှင့်အတွက် ကျွန်မလုပ်ထားတဲ့ သရေစာလေးကို မြန်မြန်စားကြည့်။ အွန်လိုင်းပေါ်က ကျူတိုရီရယ်ကနေ သင်ထားတာ။ ကြက်ဥအနှစ်ကကြွပ်ကြွပ်လေး။ မီးကျွမ်းသွားသလားတော့ မသိဘူး။ကျွန်မ မမြည်းကြည့်ရသေးဘူး။"
လျိုယဲ့ နေ့လည်စာထမင်းဘူးကိုဖွင့်ပြီး ကြက်ဥအနှစ်မုန့်ကို ရှဲ့ယွမ်အား ပေးလိုက်သည်။
အသွင်အပြင်က အထူးအဆန်းမဟုတ်သလို ရှဲ့ယွမ် က မုန့်ကို ကောက်ယူပြီး မြည်းစမ်းပြီးနောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားခဲ့သည်။
လျိုယဲ့ ရေခပိရန် ခြေထောက်ဗလာဖြင့် ရေကို အမြန်သွားယူလာပြီး သူ့ကိုပေးလိုက်သည် "အလောတကြီး စားစရာ မလိုဘူး၊ ဖြည်းဖြည်းစား၊ ရှင့်ဆီက ဘယ်သူမှ မလုဘူး"
ရှဲ့ယွမ်က သူ့ပါးစပ်ထဲမှာ သံပုရာသီးနဲ့တူတဲ့ ကြက်ဥအနှစ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်သည် "မင်းရဲ့ နည်းပညာက တကယ်ပဲ..."
နှစ်အတော်ကြာအောင် မပြောင်းလဲသွားခဲ့ပါဘူး။
ပုထျန်းယန် ရှဲ့ယွမ် အတွက် ပထမဆုံးအကြိမ် ဒင်ဆမ်းလုပ်ပေးခဲ့ဖူးသည်။ ဇနီးသည်ရဲ့ မုန့်က သူ့ကို အဆိပ်သင့်ပြီး သေစေလုနီးပါးပါပဲ။ နှစ်များစွာကြာပြီးနောက် ရှဲ့ယွမ်သည် ဇနီးဖြစ်သူ၏ မုန့်ကို မြင်တိုင်း အလိုလို ဆုတ်သွားခဲ့သည်။
ရှဲ့ယွမ် တစ်ခု စားပြီးသွားတာနဲ့ လျိုယဲ့ လှုပ်ရှားတာကိုမရပ်တော့ဘဲ မေးလိုက်သည် "ဘာလို့မစားတာလဲ"
"ယဲ့ယဲ့၊ ကိုယ့်သားမက်အတွက် တစ်ချို့ကို သိမ်းထားလိုက်မယ် ဟုတ်ပြီလား၊ သူက.. ဒီလိုအချိုပွဲတွေကို ကြိုက်တယ်။"
"ကောင်းပြီ၊ ရှင့်မှာ ကောင်းတာတစ်ခုခုရှိလာရင် ရှင့်ရဲ့သားမက်အကြောင်း စဉ်းစားပေးနေတုန်းပဲ။"
"အင်း ကိုယ်က အရမ်းတော်တဲ့အဖေလေ။"
ရှဲ့ယွမ်သည် သရေစာဘူးကိုပိတ်လိုက်ပြီး ရေခဲသေတ္တာထဲထည့်ရန် ထလိုက်သည်။ လျိုယဲ့ က ဆိုဖာပေါ် မှီပြီး ပေါ့ပေါ့ပါးပါးပြောခဲ့သည် "ရှောင်လီနဲ့ ရှောင်ယွီတို့ ပိတ်ရက်မှာ လာလည်ကြမှာ။ကျွန်မကို နောက်ထပ် အိပ်မွေ့ချ ကုထုံးတွေ ပေးဦးမှာ။ ရှင်လည်း လာမှာလား။"
ရှဲ့ယွမ် ၏လက်သည် အနည်းငယ်တုန်ခါသွားကာ နောက်သို့လှည့်ပြီးမေးလိုက်သည် "အတိတ်ကို ပြန်မှတ်မိချင်သေးလို့လား"
"ဒါပေါ့ ကျွန်မ ထင်တယ်၊ ကျွန်မမှာ သားတစ်ယောက်ရှိပုံရတယ်။ သူ့မျိုးရိုးနာမည်ကို မှတ်မိနိုင်ရင် သူ့ကို ရှာတွေ့နိုင်မှာ" လျိုယဲ့ ခေါင်းကိုမော့ပြီး ရှဲ့ယွမ် ကိုကြည့်လိုက်သည် "ကျွန်မမှာ ကလေးရှိတယ်ဆိုရင် ရှင် စိတ်ထဲထားလား"
ရှဲ့ယွမ် မျက်လုံးမှိတ်လိုက်ပြီး ဆိုဖာပေါ်ပြန်ထိုင်ချလိုက်သည်- "သမီးဖြစ်နေရင်လည်းဖြစ်မှာပေါ့"
"မဟုတ်ဘူး သားပဲဖြစ်သင့်တယ်..." လျိုယဲ့ ရဲ့မျက်နှာက ရှုပ်ထွေးနေတဲ့အကြည့်ကို ပြသခဲ့သည် "သူက ပဟေဠိကစားရတာကြိုက်တာကို မှတ်မိတယ်"
ဒါပေမယ့် ပဟေဠိမှလွဲ၍ သူမသည် နောက်ထပ်အချက်အလက်များကို အမှန်တကယ် မမှတ်မိတော့ပေ။
"မင်း အဲ့တာကို ယုံချင်ရင် ရှောင်လီ ကို အကူအညီတောင်းစရာ မလိုဘူး၊ ကိုယ် မင်းကို အတိတ်ကို ပြောပြနိုင်တယ်"
လျိုယဲ့ ကြက်သေသေသွားပြီး ရှဲ့ယွမ် ကိုကြည့်လိုက်သည် "ရှင်သိလား"
"ကိုယ်သိတယ်"
"ပြောပြနိုင်မလား…"
"ကိုယ်တို့ အသက် ဆယ့်ကိုးနှစ်တုန်းမှာ ဆုံခဲ့ကြတယ်"
လျိုယဲ့ သည်ရှဲ့ယွမ် ပြောပြလာသော ပုံပြင်ကို တိတ်တဆိတ် နားထောင်ခဲ့သည်။
သူ အဖော်မဲ့ပြီး သနားစရာအကောင်းဆုံးဖြစ်နေတဲ့အချိန်မှာ ဒီဘဝ၏ အချစ်ကိုတွေ့ဆုံခဲ့သည်။ ငန်းဖြူကဲ့သို့ ဝံ့ကြွားနေတဲ့ ကောင်မလေးတစ်ယောက်ကို သူ ချစ်မြတ်နိုးခဲ့သည်။
နောက်ပိုင်းတွင် သူမသည် ကံမကောင်းစွာဖြင့် “ထွက်ခွာသွား” ခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာပြီးနောက် သူသည် အကျဉ်းထောင်ကဲ့သို့ မြေပြင်ကို ဆွဲငင်ကာ သူ့ကိုယ်သူ ပိတ်ထားခဲ့သည်၊ ဤဘဝတွင် ဖြစ်နိုင်သည်...
ဤဇာတ်လမ်းကို နားထောင်ပြီးနောက် လျိုယဲ့သည် သူမ၏ ဝမ်းနည်းပူဆွေးမှုနှင့် မျက်ရည်များကို မထိန်းနိုင်တော့ပေ။ ရှဲ့ယွမ် က သူမလက်ကို ဆုပ်ကိုင်ထားချင်သည့်အခိုက်တွင် သူမက သူ့လက်ကို တွန်းဖယ်လိုက်သည်။
"ရှဲ့ယွမ်၊ ရှင် သူ့ကိုချစ်သေးလား"
"မင်း အဲ့တာကိုမယုံဘူးဆိုတာ ကိုယ်သိတယ် ဒါပေမယ့်..."
"ကျွန်မမှတ်ဉာဏ်တွေက ကွဲကြေနေပေမယ့် ကျွန်မက တခြားတစ်ယောက်ရဲ့.... အစားဝင်ပေးသူ ဖြစ်လာမှာ မဟုတ်ဘူး။"
"မင်းကို ဘယ်သူ့အတွက်မှ အစားဝင်ပေးသူအဖြစ် ကိုယ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ဘူး။ မင်းက အားထျန်ပဲ မင်းကို ကိုယ်ကုသပေးမယ်။"
ဤစကားများကို ကြားသောအခါ လျိုယဲ့ လုံးဝ သည်းမခံနိုင်တော့ပေ။ သူမ ဒေါသတကြီးထကာ ကြမ်းပြင်ပေါ်ရှိ ဒေါက်မြင့်ဖိနပ်များကို ကောက်ကာ ရှဲ့ယွမ်ကို တိုက်ရိုက် ရိုက်ခဲ့သည်။
ရှဲ့ယွမ်က သူ့လက်ကို ဆန့်ပြီး ဒေါက်မြင့်ဖိနပ်က သူ့လက်မောင်းမှာ အနီရောင် အမှတ်အသားတစ်ခု ဖြစ်သွားသည်။
သူမက အဲ့လိုပဲ ဒေါသကြီးသည်။ သူမ ငယ်ငယ်တုန်းက ရှဲ့ယွမ်ကို စိတ်တိုနေချိန်မှာ ဒေါသဖြစ်တတ်သည်။
"ရှင်က ရူးနေတာပဲ၊ ဘာလို့ ကျွန်မကို ရေထဲဆွဲချရတာလဲ" လျိုယဲ့ သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ "ရှင်က ရှင့်ရဲ့ အချစ်ကို စောင့်နေတာ၊ ဘာလို့ ကျွန်မကို ခွင့်ပြု......"
'ရှင့်ကို ဘာကြောင့် ချစ်မိသွားအောင်လုပ်ရတာလဲ။'
ရှဲ့ယွမ် သူမကို ထိန်းဖို့ကြိုးစားခဲ့သည်။ "ကိုယ်သိတယ်၊ ကိုယ်အကုန်လုံးကိုသိတယ်၊ ဒါပေမယ့် လျိုယဲ့၊ မင်းရဲ့မှတ်ဉာဏ်တွေရဲ့ ပထမပိုင်းက ဘာကြောင့် အသေးစိတ်မရေရာနေတာလဲ၊ မင်းရဲ့မှတ်ဉာဏ်က လုံးဝမမှတ်မိနိုင်တာလား။"
" ရှင့်ကို ထပ်မတွေ့ချင်တော့ဘူး"
လျိုယဲ့ စကားပြောပြီးတာနဲ့ သူမ ဒေါက်မြင့်ဖိနပ်ကို ကောက်ကိုင်ကာ ရုံးခန်းထဲက ထွက်လာခဲ့သည်။
ရှဲ့ယွမ် တုံ့ပြန်မှုမပြုမီ တစ်မိနစ်ခန့် ကြက်သေသေသွားခဲ့သည်။
သူမ ထွက်သွားပြီ။
'မဟုတ်ဘူး၊ သူ သူမကို လွှတ်လိုက်လို့မရဘူး။'
နောက်ဆုံး သူကလေးကို ပြန်ရလာခဲ့တယ်၊ သူ သူမကို ထပ်အဆုံးရှုံးမခံနိုင်တော့ဘူး။
သူ အောက်ထပ်သို့ အမြန်ပြေးဆင်းကာ ပထမထပ်ရှိ ဧည့်ခန်းတွင် လျိုယဲ့ကို တားခဲ့ပြီး သူမကိုနောက်ကနေ ပွေ့ဖက်လိုက်သည်။ "လျိုယဲ့၊ ကိုယ့်ကို မထားခဲ့ပါနဲ့"
ရုံးခန်းအ၀င်အထွက် ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာနေရာကိုကြည့်ပြီး မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
ရှဲ့ယွမ်... သူ့ရဲ့ပုံမှန်အလုပ်ခွင်ဒရာမာပုံစံကနေ ရိုမန့်တစ်တစ်ဒရာမာကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုပြောင်းသွားတာလဲ။
လျိုယဲ့ စိတ်ဆိုးပြီး ဒေါသထွက်သွားကာ ခြေထောက်ကို မြှောက်ပြီး အားပြင်းပြင်း နင်းမချလိုက်သည်- "လွှတ်၊ လူယုတ်မာ!"
"ကိုယ် လူယုတ်မာမဟုတ်ဘူး၊ မလွှတ်ပေးဘူး၊ မသွားပါနဲ့"
လျိုယဲ့ အံကြိတ်ခဲ့သည်။ " စိတ်ရောဂါကု ဆရာဝန်လိုအပ်နေတဲ့သူက ရှင်ပဲလို့ ထင်တယ်"
ရှဲ့ယွမ် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူ့မျက်နှာကို သူမ၏လည်ပင်းဆီသို့ တိုးဝင်လိုက်သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော ခံစားချက်များ ပေါက်ထွက်လာပြီး ထိန်းချုပ်ရန်ခက်ခဲလှသည်။
"မင်းဘာပဲပြောပြော ရတယ်၊ ကိုယ့် ကိုယ်တော့မထားခဲ့ပါနဲ့ အားထျန် ၊ကိုယ့်ကိုမထားခဲ့ပါနဲ့နော်"
"ကျွန်မက လျိုယဲ့"
"မင်းဘယ်သူလဲဆိုတာ ကိုယ်ဂရုမစိုက်ဘူး၊ မင်းက ကိုယ့်အပိုင်..."
လျိုယဲ့ အသက်ပြင်းပြင်းရှူပြီး အနီးနားရှိ ဝန်ထမ်းတွေကို လှည့်ကြည့်လိုက်သည်။
စုဟွိုက် အလွန်ထိတ်လန့်သွားပြီး သူမ၏ မျက်တောင်တုတွေ ပြုတ်ကျသွားသည်။
လျိုယဲ့က ဝန်ထမ်းတွေရှေ့မှာ ရှဲ့ယွမ်ကို အရမ်းအရှက်ရအောင် မလုပ်နိုင်တော့ အသံနက်ကြီးနဲ့ မေးလိုက်သည်။ "ကျွန်မရဲ့စကားတွေတိုင်းကို နားထောင်မှာလား"
"နားထောင်မယ်"
လျိုယဲ့က သူ့လက်ကိုဆွဲကာ ယွဲ့ဖန် အဆောက်အဦးမှထွက်ကာ မြေအောက်ထပ်ရှိ ကားပါကင်သို့သွားခဲ့သည်။
ဒီနေရာက နည်းနည်းတိတ်ဆိတ်သည်၊ တခြားဘယ်သူမှမရှိပေ။
ရှဲ့ယွမ်က Bentley ကိုဖွင့်လိုက်ပြီး နှစ်ယောက်သား ငြိမ်သက်သွားကာ နောက်ဆုံးတွင် ဝင်ထိုင်လိုက်ကြသည်။
"ရှင် ဒီနေ့ ကုမ္ပဏီမှာ သေသွားပြီဆိုတာ ရှင်သိရဲ့လား" လျိုယဲ့ သူ့အား ဘေးတိုက်ကြည့်ခဲ့သည်။ "ရှင်က လူကြီးတစ်ယောက် ကလေးမဟုတ်တော့ဘူး"
"ကိုယ် ဂရုမစိုက်ဘူး" ရှဲ့ယွမ်က သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဘယ်တော့မှ လက်မလွှတ်တော့ပေ။ "ကိုယ် မင်းကိုပဲ လိုချင်တယ်"
"ရှင့်ကို ရင့်ကျက်တဲ့သူတစ်ယောက်လို့ ထင်ထားတာ။"
"ကိုယ်ဘဝတစ်ဝက်လောက်ထိ ရင့်ကျက်ပြီးပြီ၊ ကိုယ့်ဘဝတစ်ဝက်ကို ဆုံးရှုံးခဲ့ရပြီးပြီ။ မင်းကို လွှတ်ပေးလိုက်မိတာကို ဘယ်လောက်တောင် နောင်တရခဲ့လိုက်လဲ။"
ရှဲ့ယွမ်က သူမ၏ လက်ကို သူ့ရင်ဘက်ပေါ်တင်လိုက်ပြီးခက်ခက်ခဲခဲပြောခဲ့သည်။ "ညတိုင်း နှလုံးသားကနာနေတာ"
လျိုယဲ့ သူမလည်ချောင်းထဲက နာကျင်မှုကို မျိုချလိုက်သည်။ "ရှင် အားထျန်ကို ဘယ်လောက်ချစ်လဲ"
"မင်းက အားထျန်လေ"
"ကျွန်မက လျိုယဲ့"
ရှဲ့ယွမ် သူမ၏လက်ကို တိတ်တဆိတ်ဆွဲကာ သူမနှုတ်ခမ်းကို ချစ်နှစ်သက်စွာ နမ်းခဲ့သည်- "တောင်းပန်ပါတယ်"
"တောင်းပန်တယ်ဆိုတဲ့စကားက ဘာလဲ"
ရှဲ့ယွမ် လျိုယဲ့၏လက်ကို လွှတ်ပေးလိုက်သည်။ ထိုအချိန်အထိ လျိုယဲ့ တဖြည်းဖြည်း ပြန်ရောက်လာခဲ့သည်။သူ သူမကိုတွန်းအားမပေးရဲပေ။ "တောင်းပန်ပါတယ်ကလွဲရင် တခြားဘာပြောရမှန်းကို မသိဘူး၊ မင်းကို လွှတ်ပေးလိုက်လို့ရတယ်။ မင်း ကိုယ့်ကို စဥ်းစားပေးနေသရွေ့ ကိုယ့်ကို အရမ်းမမုန်းလိုက်ပါနဲ့"
"......"
လျိုယဲ့သည် သူမ၏ ဒေါက်မြင့်ဖိနပ်ကိုစီးကာ ကားတံခါးကိုဖွင့်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ရှဲ့ယွမ် ခေါင်းငုံ့ပြီး စီးကရက်တစ်လိပ်ကို ထုတ်ပြီး သူ့လက်တွေ ထိန်းမနိုင်သိမ်းမရ တုန်နေကာ မီးမညှိနိုင်ခဲ့ပေ။
သူ မီးခြစ်ကိုစိတ်ကြီးကာ ပစ်လိုက်ပြီး ကားစတီယာတိုင်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုလိုက်သည်။
ဒီနေ့ သူတကယ်ရူးသွားတာလား။
လျိုယဲ့ ပြောခဲ့သလိုပဲ သူ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသင့်နေပြီ။
သူမကို ဘယ်လိုလုပ် နာကျင်အောင်လုပ်နိုင်ရတာလဲ!
...
ဒါပေမယ့် နှစ်မိနစ်အကြာတွင် တံခါးကရုတ်တရက်ပွင့်လာပြီး လျိုယဲ့ ဒေါသနှင့် ကားပေါ်ပြန်တက်လာခဲ့သည်။
ရှဲ့ယွမ် ခေါင်းမော့ပြီး သူမကို ပွင့်ပွင့်လင်းလင်း ကြည့်လိုက်သည်။ "ယဲ့ယဲ့"
လျိုယဲ့ ဘက်လှည့်ကာ သူမရဲ့မျက်နှာကို ကိုင်ပြီး သူမကို ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီးဒေါသတကြီး ပြောလိုက်သည်။ "မင်းက အားထျန်ဖြစ်နိုင်တယ်"
"!"
"မင်းကိုချစ်ဖို့အတွက် ကိုယ်ပေးဆပ်ခဲ့ရတာတွေကို သတိရလာပါတော့"