← Chapters

အပိုင်း ၉၂

Vol. 8 Ch. 92

အပိုင်း ၉၂

Vol. 8 Ch. 92

ကျန့်ရှု့ရှု့က စာပေကို လေ့လာနေသည်။ ရူပဗေဒဌာနမှ ပါမောက္ခတစ်ဦးသည် စာပေလေ့လာနေသော သမီးတစ်ဦးကို ပြုစုပျိုးထောင်မယ်ဆိုတာ စိတ်ကူးရခက်သည်။

ချူးလီ နိုးလာပြီးနောက်တစ်ရက်တွင် သူသည် အိပ်ဆောင်ရှိ ကုတင်ခေါင်းရင်းပေါ် မှီကာ အဖြူရောင်မျက်နှာကျက်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။

အရက်နာကျပြီးနောက် နဖူးအနည်းငယ်နာလာသည်။

အပေါ်ထပ်ရှိ အခန်းဖော်က အပြေးဝင်လာပြီး အောက်ထပ်မှာ တစ်မနက်လုံး စောင့်နေတဲ့ အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ရောက်နေတယ်လို့ စိတ်လှုပ်ရှားစွာ ပြောပြခဲ့သည်

ချူးလီရဲ့ ဦးနှောက်တွေ ခုန်ပေါက်သွားပြီး ဖိနပ်ပင် မစီးဘဲ လသာဆောင်သို့ ခြေဗလာဖြင့် ပြေးသွားကာ အောက်ထပ်၌ ကျန့်ရှု့ရှု့ကို တွေ့လိုက်ရသည်။

သူမသည် ginkgo သစ်ပင်အောက်တွင် ရပ်ကာ သူမ၏နှုတ်ခမ်းပေါ်တွင် လှပသော အပြုံးတစ်ခုဖြင့် လက်ကိုထောင်ခဲ့သည်။

ချူးလီ၏ သွေးများ တခဏချင်း ပျောက်ကွယ်သွားပြီး သူ၏ အဓိပ္ပါယ်မဲ့သော အတွေးအမြင်အတွက် ရယ်စရာကောင်းသလို ပျင်းရိစွာဖြင့် အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။

သူမကို အရင်မလိုချင်ခဲ့တာက ချူးလီပါ၊ ကောင်မလေးက အရမ်းသန်မာတာကြောင့် တောင်တွေပင်လယ်တွေကို ဘယ်လိုဖြတ်ကျော်ပြီး သူ့ဆီလာလည်နိုင်မှာလဲ။

သူဘာကိုမျှော်နေတာလဲ။

ချူးလီသည် အနက်ရောင်ဆွယ်တာအင်္ကျီကို ၀တ်ဆင်ထားပြီး သူ၏မျက်နှာကို ဆေးကြောကာ ခြေညှပ်ဖိနပ်စီးပြီး အောက်ထပ်သို့ ပျင်းရိစွာ လျှောက်လာခဲ့သည်။

သူဆင်းလာတာကိုမြင်တော့ ကျန့်ရှု့ရှု့က သူမရဲ့လက်ထဲမှာ အချိုပွဲ ဘူးတစ်ဘူးကို ကိုင်ထားသည် "ဟေး ပြီးခဲ့တုန်းက မင်း ကိတ်မုန့်တွေ အများကြီးစားတာ တွေ့မိတော့ အချိုပွဲကြိုက်မယ်ထင်လို့လေ"

အမူးပြေပြီးနောက် ချူးလီသည် သူမူးနေချိန်ထက် ပိုအဆင်ပြေသွားပုံရသည်။ အချိုပွဲဘူးကို မယူခဲ့ပေမဲ့ သူမကိုပြန်လွှတ်ဖို့သူ ပါးစပ်တောင် မဟပေ။

"တစ်ခုခုရှိလို့လား"

"ရှိတယ်၊ ငါအရမ်းသိချင်နေတာရှိတယ်၊ ငါ့အမေပြောတာမှတ်မိသေးတယ်၊ မင်း ပိုင်ချန် တက္ကသိုလ်တက်ရမှာကို မင်းဘာလို့ ဟိုင်ချန် ကိုလာတာလဲ။"

ချူးလီ မျက်နှာ ပျက်သွားသည်။

ရန်ရှင်းက သူ့နှလုံးသားထဲတွင် ဆူးတစ်ချောင်းဖြစ်လုနီးပါးဖြစ်နေပြီ၊ အဲ့တာကိုမပြောနိုင်၊ မတွေးနိုင်တော့ပေ။

သည်းမခံနိုင်ဆုံးနှင့် အနာကျင်ဆုံးသော ကလေးဘဝတွင်၊ သူ့အမေသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်နှင့် ဤကမ္ဘာအတွက် လွမ်းဆွတ်စရာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

အကြာကြီး တောင့်တပြီး အကြာကြီး အလုပ်ကြိုးစားခဲ့တယ်... ကံကြမ္မာက အရာရာဟာ စိတ်ကူးယဉ်ဆန်တဲ့ တွေးခေါ်မှုတွေနဲ့ သူ့အမေက သေသွားပြီလို့ ပြောခဲ့သည်။

ကျန့်ရှု့ရှု့မှာ အမေရှိတယ်၊ ဒါပေမယ့် သူ့မှာမရှိဘူး။ သူ့အမေကသေသွားပြီ!

သေသွားပြီ

သေသွားပြီ

သေသွားပြီ…

ကျန့်ရှု့ရှု့က သူလိုချင်နေတဲ့ ပျော်ရွှင်မှုအားလုံးကို ပိုင်ဆိုင်ထားသည်။ ဘာကြောင့်လဲဆိုတော့ သူ သူမကို သတိထားနေတာဖြစ်နိုင်သည်။

ဒါပေမယ့် ဒီခံယူချက်က သူ့ကိုသာ နာကျင်စေသည်။

ချူးလီ အရုပ်ဆိုးလာပြီး ကျန့်ရှု့ရှု့က ပြုံးပြီး ရိပ်မိခဲ့သည် "မဟုတ်ဘူး... ငါ ဟိုင်ချန်းမှာ ရှိနေတာကို မင်းသိသွားလို့လား။ငါ့ကို မြင်မြင်ချင်း ချစ်မိသွားလို့လား"

ချူးလီ အေးစက်စွာပြောလိုက်သည် "ကျွန်တော့်မှာရည်းစားရှိတယ်"

ကျန့်ရှု့ရှု့၏ မျက်လုံးတွေ ပြူးကျယ်သွားကာ သူ့မှာ ရည်းစားတကယ်ရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ "နောက်တာပါ၊ မင်းမှာ ရည်းစားရှိမယ်လို့ ငါလုံးဝ မထင်ထားဘူး။ မင်းရဲ့ ပင်ကိုယ်စရိုက်ကို ဘယ်မိန်းကလေးက သည်းခံနိုင်မှာလဲ။"

"ယုံချင်ယုံ မယုံချင်နေ"

ချူးလီ ရှေ့ကို လှမ်းသွားပြီး ကော်ဖီဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။

ကျန့်ရှု့ရှု့ က သူ့နောက်ကို အဆက်အပြတ် လိုက်ခဲ့သည် “နောက်ဆုံးမေးခွန်းမေးချင်တာက မင်းရည်းစားက ဘာလို့ ဟိုင်ချန်ကို မင်းနဲ့အတူ မလိုက်လာတာလဲ။ မင်းဖြေပေးရင် ညစာစားဖို့ ဒုတိယထပ်က ကော်ဖီဆိုင်ကိုလာဖို့ မင်းကို ဖိတ်မယ်။”

ချူးလီရဲ့ campus ကတ်တွင် ပိုက်ဆံအများကြီးမကျန်တော့ပေ။ ယခင်အမြတ်က ဘားမှာကုန်သွားသည် သို့မဟုတ် ဆုံးရှုံးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ မရေတွက်ခဲ့ပေ။

သူ ကျန့်ရှု့ရှု့ကိုပြန်ကြည့်လိုက်သည် "ကျွန်တော်ပြောမယ် ကျွန်တော်က စိတ်ရောဂါ အရမ်းပြင်းထန်တယ်။ ခင်များအမေကို ကျွန်တော့်အမေလို့ နှစ်ပေါင်းများစွာ တွေးခဲ့ဖူးတယ်။ အဲဒီမိန်းကလေးက ကျွန်တော်နဲ့အတူရှိနေတယ်၊ တစ်နေ့မှာ အိပ်မက်ထဲမှာ နိုးလာပြီး သူ့ကိုသတ်မိမှာကို ကြောက်မိတယ်။"

ကျန့်ရှု့ရှု့ အချိန်အတော်ကြာအောင် တုံ့ပြန်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်ကာ သူ့ရဲ့စကားလုံးတွေကို ရယ်စရာကောင်းတဲ့ဟာသလို့ယူဆခဲ့သည် "ဟားဟားဟားဟား ရူးသွပ်တဲ့ ဝေဖန်မှုမျိုး ငါကြိုက်တယ်။ဒါကိုပြောရမယ်ဆိုရင် မင်းငါ့ကို ချစ်တယ်ဆိုရင် ငါ့အမေက တကယ်မင်းအဖေဖြစ်လာလိမ့်မယ်။ သေစမ်း အခု၊ မင်းက ငါ့ကို သွယ်ဝိုက်ပြီး ဝန်ခံနေတာလား။"

ဤစာကြောင်းသည် လေးလံသောတူကဲ့သို့ပင် ချူးလီ ၏နှလုံးသားကို ပြင်းထန်စွာ ထုနှက်ခဲ့သည်။

သူမနဲ့ တွဲလိုက်ရင် ရန်ရှင်းက တကယ်ပဲ... သူ့အမေဖြစ်လာမှာလား

တစ်ဖက်တွင်၊ ချူးလီသည် ဤအဓိပ္ပာယ်မဲ့သော အတွေးအမြင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သော်လည်း တစ်ဖက်တွင်မူ ၎င်းသည် သေစေတတ်သော အဆိပ်ကဲ့သို့ သူ့နှလုံးသားကို ဖျက်ဆီးပစ်လိုက်သည်။

မိုးဖွဲလေး

မိုးဖွဲလေး

မိုးဖွဲလေး...

သူ့အင်္ကျီလက်အောက်က လက်တွေက အထိန်းအကွပ်မရှိ တုန်ယင်သွားသည်။

ကျန်းယွီ ကလွဲလို့ ဒီကမ္ဘာကလူတိုင်း... ပေါ့ပေါ့တန်တန် နာကျင်စေတာက ကိစ္စမရှိပါဘူး။

ချူးလီ၏ ပါးစပ်ထောင့်က ကော့တက်လာသည်။

ပျင်းရိစွာ ပြုံးကာ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ကော့တက်လာကာ နက်မှောင်သော ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းနဲ့ မျက်လုံးတွေနဲ့သူ့ကို ကျန့်ရှု့ရှု့ ဒါပထမဆုံးအကြိမ်သူ့ကိုမြင်တွေ့လိုက်ရတာဖြစ်သည်။ သူမ သူ့ကို မော့ကြည့်လိုက်တော့ နှလုံးခုန်နှုန်းက အရှိန်မထိန်းနိုင်တော့ဘူး။

သိပ်ကောင်းတဲ့ အချက်ပြမှုတစ်ခုကို သူမတွေ့ရှိခဲ့တယ်..

ဒီလူကို ငါတကယ် စွဲလန်းနေပုံရတယ်။

...

ဒုတိယထပ်ရှိ ဘူဖေးစားသောက်ဆိုင်တွင် မွှေးကြိုင်သော မွှေကြော်များ၊ မြောက်နှင့်တောင် မုန့်မျိုးစုံ၊ လက်ရာမြောက်သော ကိတ်မုန့်များနှင့် အချိုပွဲများ အပါအဝင် အစားအစာမျိုးစုံကို စားသုံးနိုင်သည် ။

စျေးက ပထမထပ်က canteen ထက် အများကြီး ပိုမြင့်နေရင်တောင် ကျောင်းသားတော်တော်များများက ဒီကိုလာစားဖို့ ဆန္ဒရှိကြသည်။

ချူးလီ သည် သူ့ပါးစပ်ထဲတွင် အရသာမရှိသော အစာကို စက်ရုပ်ကြီးလိုစားသည်။ သူ့ရှေ့က အရသာရှိတဲ့ဟာကို ကောင်းကောင်းကိုသိအောင် လုပ်ပေးနိုင်တဲ့ မိန်းကလေးရှိနေရင်တောင် သူက အစားအသောက်ကိုပြောင်းဖို့ လုံးဝ စိတ်မဝင်စားပေ။

ကျန်းယွီမှ မဟုတ်တာ၊ တခြားလူတွေကို လုံးဝစိတ်မဝင်စားနိုင်ပါဘူး၊ သူ့ရှေ့မှာရှိနေတဲ့ ခံယူချက်ရဲ့သွေးဆောင်မှုဟာ အဖြူအမည်းပဲ သူ့မသိစိတ်က အဖြူအမည်းကမ္ဘာမှာ ရပ်တည်နေချင်နေတဲ့သူပါ။

သေချာတယ်ဆိုရင်တောင် ဒီကောင်မလေးက သူ့ကို သဘောကျနေပြီ။

ကျန့်ရှု့ရှု့ က သူစားနေတာကိုကြည့်ပြီး စိတ်မချမ်းသာပေမယ့် ထပ်ခါထပ်ခါ ဝါးနေသလိုမျိုး အစားအစာကို လုံးဝ မပျော်မရွှင်ဖြစ်နေပုံက တကယ့်ကို စက်ရုပ်ကြီးလိုပဲ

သူလည်း အများကြီးစားပြီး အလွန်အကျွံစားချင်စိတ်လည်း ရှိတယ်။

ပထမအကြိမ်စားတော့မယ့်အချိန်မှာ ကျန့်ရှု့ရှု့ ကသူ့ကိုတားခဲ့သည် "မင်း ဘူဖေးစားရင်တောင် အများကြီးမစားရဘူး။ ကိုယ်အလေးချိန်တက်လာမယ် သတိထား"

ဟိုင်ချန် မှာရှိစဉ်ကတည်းက သူ့နှလုံးသားဟာ တစ်ကမ္ဘာလုံး ဆုံးရှုံးသွားသလိုမျိုး ဗလာဖြစ်နေပြီးသားပဲ၊ ချူးလီ က သူ့နှလုံးသားကို ဒီနည်းနဲ့ စွန့်ပယ်ပြီး ဟာနေတာကို ဖြည့်ဖို့ ကြိုးစားပါတော့သည်။

"စိတ်ဆင်းရဲနေတာလား"

"မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကူညီတာ"

မလှမ်းမကမ်းတွင် ကျောင်းသားသမဂ္ဂမှ မိန်းကလေးအချို့က ကျန့်ရှု့ရှု့ ကို နှုတ်ဆက်ခဲ့သည်။ စားပွဲတစ်ဖက်က ချူးလီ လှမ်းမြင်လိုက်တော့ သူမကို မျက်စပစ်ပြခဲ့သည်။

တက္ကသိုလ် ဘဝ ကုန်ဆုံးတော့မည် ဖြစ်သော်လည်း အမြင့်မှန်းတဲ့ နတ်သမီးလေး နဲ့ ယောက်ျားလေး ချိန်းတွေ့သည်ကို တွေ့ရခဲသည်။

Wu Yifan ဘာကြောင့် အိမ်ထောင်မပြုတာလဲ။

ဒါပေမယ့် ဆန့်ကျင်ဘက်ကောင်လေးရဲ့အသွင်အပြင်ကိုမြင်လိုက်တဲ့အခါ လက်မထပ်ရသေးတဲ့ Wu Yifan မဟုတ်တဲ့ နတ်ဘုရားမ ကျန့်ရှု့ရှု့ က တကယ့် အိုင်ဒေါ "အစား" ကိုတွေ့လိုက်တယ်လို့ ချက်ချင်းခံစားလိုက်ရသည်။

ကြည့်ရတာ... idol idol တွေကို လုံးဝ မရှုံးဘူး။

ထိုအချိန်တွင် အနုပညာကောလိပ်မှ ထူးချွန်သော အမျိုးသမီး ကျန့်ရှု့ရှု့နောက် ယောက်ျားလေးတွေ လိုက်နေတာကို လူတိုင်းသိနိုင်သည်။

တကယ်တော့ ချူးလီသည် ကောလိပ်တွင် ထူးချွန်တဲ့သူမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် စာသင်ယူခြင်းကို လုံးဝ စိတ်မဝင်စားပေ များသောအားဖြင့် စီးပွားရေးလုပ်နေတာကြောင့်ဖြစ်သည်။ သူ့အတန်းဖော်အများစုက အလုပ်ကြိုးစားသည့် အဓိကကောလိပ် ဟိုင်ချန် တက္ကသိုလ်တွင် သူသည် နေ့ရောညပါ ကလပ်တက်ကာ ဖဲချပ်တွေ ကစားသည်။ လူဆိုးလိုပဲ သောက်စားသည်။

သူ၏ တစ်ခုတည်းသော အားသာချက်မှာ သူ၏အသွင်အပြင် ဖြစ်နိုင်သည်။

ဒါပေမယ့် လစ်ဘရယ်အနုပညာတွင် ထူးချွန်သော အမျိုးသမီးတစ်ဦးသည် သူ၏မျက်နှာကိုပဲ ကြည့်နေတဲ့ အပေါ်ယံလူတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ကျန့်ရှု့ရှု့၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသော ယောက်ျားလေးများသည် မယုံနိုင်လောက်အောင် ခံစားနေရသည်။

တကယ်တော့၊ အစကတည်းက ကျန့်ရှု့ရှု့ ဟာ သူမရဲ့ မျက်နှာကို ကြည့်နေတာမို့ ချူးလီကို သဘောကျပြီး မြင်မြင်ချင်း အချစ်လို့ ခေါ်ခဲ့သည်။

ဒါပေမယ့် နောက်ပိုင်းမှာ သူ့ကို သဘောကျရတဲ့ အကြောင်းရင်းက လုံးလုံးလျားလျား ခံစားမိတာက ဒီလူမှာ.... ဇာတ်လမ်းရှိတယ်။

ဒါဟာ သူမ မကြုံဖူးတဲ့ ထူးခြားတဲ့ စွန့်စားမှုတစ်ခု ဖြစ်ရမယ်။

ကျန့်ရှု့ရှု့ကဲ့သို့ပင်၊ ဖန်လုံအိမ်တွင် ကြီးပြင်းလာသော နူးညံ့သိမ်မွေ့ပြီး ဂရုမစိုက်သော ပန်းအရိုးများသည် ချောက်ကမ်းပါးစွန်းတွင် နေနှင့်လေကို ရည်မှန်းချက်ကြီးကြီးထားပြီး တောင့်တနေသည့် ပြင်းထန်သော၊ ပြင်းထန်ပြီး ဒဏ္ဍာရီဆန်ဆန် အချစ်တစ်ခုကို ခံစားလိုသည်။

ချူးလီသည် သူမကို လိုက်နေသော ကောင်လေးတွေနဲ့ မတူပေ။ ထိုကလေးငယ်များသည် မိသားစုနောက်ခံကောင်းနှင့် စိတ်သဘောထားပျော့ပျောင်းသော ကိုယ်ရည်ကိုယ်သွေးရှိကြပြီး အိပ်မက်များ၊ အနာဂတ်များနှင့် စိန်ခေါ်မှုများကို ကြွေးကြော်ခဲ့ကြသည်။ တကယ်တော့ ပျင်းစရာကြီးပါ။

ဆန့်ကျင်ဘက်အနေနှင့်၊ ဘဝအပေါ် လုံးဝသဘောထားမရှိသော ယောက်ျားလေး ချူးလီ သည် သူမရဲ့ စိတ်ဝင်စားစရာဖြစ်စေခဲ့သည်။

သူ့ကိုယ်သူ မေးကြည့်တော့ ကျန့်ရှု့ရှု့က သူဟာ ကမ္ဘာပေါ်က ထူးချွန်တဲ့ မိန်းကလေးကြောင့်နဲ့ လုံးဝ ရှုံးနိမ့်ခံမှာ မဟုတ်ဘူးလို့ ခံစားရသည်။ သူမ၏ မိသားစုနောက်ခံ၊ အရည်အချင်းများနှင့် အရည်အချင်းများက သူမအား ယုံကြည်မှုရှိစေသည်။

ချူးလီ ကိုအနိုင်ရရန်အချိန်တစ်ခုသာလိုအပ်သည်။

...

နေဝင်ရီတရောအချိန်တွင် street dance အကအဖွဲ့သည် လူငယ်များနှင့် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယဉ်ကျေးမှုရင်ပြင်တွင် ပြိုင်ဆိုင်မှုငယ်တစ်ခုကျင်းပခဲ့သည်။

ကျန့်ရှု့ရှု့ ရဲ့ အလှည့်ကျ ကရမယ့် အချိန်ဖြစ်နေပါပြီ။ သူမသည် ချူးလီဆီသို့ ဆက်တိုက် မက်ဆေ့ချ်များစွာ ပေးပို့ခဲ့ပြီး ကတာကိုကြည့်ရန် သူမကို လာကြည့်ရန် တောင်းဆိုကာ သူ့ဂျူနီယာလေး လမ်းရှာမတွေ့မည်ကို စိုးရိမ်ကာ နေရာကိုလည်း ပေးပို့ခဲ့သည်။

ဒါပေမယ့် ဂရုတစိုက်ပြင်ဆင်ထားတဲ့ ဟော့ဂျက်ဇ်အကကို ပြီးသွားတဲ့အထိ ချူးလီက မပေါ်လာခဲ့ပါဘူး။

သူငယ်ချင်းတွေက သူမကို သူမရဲ့ကောင်လေးက ဘာလို့ သူမကတာကိုလာမကြည့်တာလဲလို့ မေးကြသည်။

ကျန့်ရှု့ရှု့က သူနေမကောင်းလို့နေမှာပါဟုသာ ခန့်မှန်းနိုင်သည်။

တကယ်တော့ သူက သူမရဲ့ကောင်လေး မဟုတ်ဘူး၊ ချူးလီနဲ့ သူမနဲ့ က လုံးဝ ဘာဆက်ဆံရေးမှမရှိဘူး။

ကျန့်ရှု့ရှု့၏အခြေအနေများသည် ကဏ္ဍပေါင်းစုံတွင် အလွန်ကောင်းမွန်သောကြောင့် ကျောင်းသားများအား " ဒီကမ္ဘာပေါ်မှာ သူမ လိုက်မဖမ်းနိုင်တဲ့ယောက်ျားလေးတစ်ယောက်မှမရှိဘူး" ဟု ကျောင်းသားများကို ခံစားစေခဲ့သည်။

ထို့ကြောင့် ချူးလီ သည် သူမ၏ ချစ်သူဖြစ်ကြောင်း အားလုံးက လက်ခံခဲ့ကြသည်။

အချိန်အတော်ကြာ လိုက်ပြီးနောက် ကျန့်ရှု့ရှု့ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့သော်လည်း သူမ စွန့်လွှတ်ရန် တွန့်ဆုတ်နေခဲ့သည်။

ချုးလီ က သူမကို လျစ်လျူရှုလေလေ၊ သူမက သူ့ကို လိုက်ချင်လေလေပဲ။

အဲ့တာကို ကြိုက်တယ်၊ အဲ့တာကို ငါတကယ်ကြိုက်တယ်၊ သူ့ကိုတွေးမိလိုက်တိုင်း ငါတုံ့ပြန်လိမ့်မယ်ဆိုတဲ့အချက်ကို ငါ သဘောကျတယ်။

သူမရဲ့သူငယ်ချင်းလေးပြောသလိုပဲ တစ်စုံတစ်ယောက်ကို ချစ်မိဖို့ စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မင်းသူ့ကိုထိဖို့၊ နမ်းဖို့၊ သိမ်းပိုက်ဖို့၊ သူ့အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိမရှိကို စမ်းသပ်ဖို့ က အကောင်းဆုံးနည်းလမ်းပဲ။

ကျန့်ရှု့ရှု့ က သူ့ကို သဘောကျနေတယ်ဆိုတာ သံသယမရှိပါဘူး။ သူမ အရမ်းကြိုက်လို့ ရအောင်ယူရမယ်။

အနည်းဆုံးတော့ ငယ်စဉ်ကတည်းက သူမ လိုချင်တဲ့အရာမှန်သမျှကို ရနိုင်ခဲ့သလို သူမရဲ့ချစ်သူအတွက်လည်း အတူတူပါပဲ။

ဟစ်ဟော့ပွဲပြီးတဲ့နောက် ကျန့်ရှု့ရှု့သည် ဒေါသတကြီးနဲ့ စစ်တုရင်နှင့် ပီလူးသို့သွားကာ ဒုတိယထပ်ရှိ boxထဲတွင် ချူးလီကို တွေ့ရှိခဲ့သည်။

သူသည် ရှေးဟောင်းဆိုဖာပေါ်တွင် ထိုင်နေပြီး ဘယ်ဘက်လက်ကို ဆိုဖာနောက်ဘက်တွင် မှီလျက်၊ သူ့အသားအရည်သည် အပေါ်မှမီး အလင်းရောင်ကြောင့် ဖြူဖွေးနေပြီး မျက်လုံးများက မက်မွန်ပွင့်ပွင့်တွေပွင့်နေသလိုမျိုးနဲ့သူ့ မျက်လုံးများက မည်းမှောင်နေပြီး တိတ်ဆိတ်နေကာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ၎င်းကို ဖယ်လိုက်ပြီး လက်ထဲရှိ ကတ်အပေါ်အကြည့်ရောက်သွားသည်

တခါတရံ ကျန့်ရှု့ရှု့သည် သူ့ကိုယ်သူ အမှန်တကယ် ဒေါသထွက်ခဲ့သည်။ မမြင်ရသောအခါတွင် မည်ကဲ့သို့ ဆူပူကြိမ်းမောင်းရမည်ကို လေ့ကျင့်နေသည်။ ၎င်းကိုမြင်ရပြီး ပြုံးနေတဲ့ နှုတ်ခမ်းထောင့်များကို မြင်လိုက်ရသောအခါ သူမ ချက်ချင်း ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

ကိုယ့်ကိုယ်ကို မုန်းဖို့က အသုံးမဝင်ဘူး။

"ဘာလို့ ပွဲကို လာမကြည့်တာလဲ" သူမက အပြစ်တင်ပြောဆိုလိုက်သည် "ငါ မင်းကိုမက်ဆေ့ချ်တွေအများကြီးပို့ထားတယ်၊ မင်း မကြည့်ဘူးလား"

"ကြည့်တယ်"

"ဒါဆို မင်းဘာလို့မလာတာလဲ"

"လမ်းပေါ်က အကတွေကို စိတ်မဝင်စားဘူး"

"ဒါဆို မင်းက ဖဲကစားပြီး အရက်သောက်ဖို့ပဲ စိတ်ဝင်စားတာလား"

ချူးလီသည် သူမကို ဂရုမစိုက်ဘဲ ဖဲချပ်များကို တစ်ချုပ်မှ နှစ်ချပ်ပစ်ချကာ လှည့်ပတ်အနိုင်ယူခဲ့သည်။

Duan Bo က မကျေနပ်စွာအော်ခဲ့သည် "အစ်ကိုလီ၊ မင်းရဲ့ကတ်တွေကို အချိန်တိုင်းရပ်ပေးလို့ရနိုင်မလား၊ မင်းနဲ့ကစားရတာ ပျင်းဖို့ကောင်းတယ်"

"ဟုတ်တယ်၊ ဘယ်သူက မင်းကို ကတ်ကစားတာမှာ အနိုင်ယူနိုင်လို့လဲ။"

ချူးလီ က သူအနိုင်ရထားတဲ့ ပိုက်ဆံကို ရိုးရိုးရှင်းရှင်း တွန်းထုတ်လိုက်သည် "ပျော်ရွှင်မှုက အရေးကြီးဆုံးပဲ"

သွမ့်ပေါ် ပိုက်ဆံရသွားသည်၊ ဟုတ်တယ် သူပျော်နေတယ် သူပြုံးကာပြောလိုက်သည် "ကောင်းပြီ၊ ဒီည ညစာစားဖို့ ဖိတ်မယ် လမ်းပတ်လျှောက်ကြမယ်"

ကျန့်ရှု့ရှု့က က ချူးလီ ကို ဆွဲကိုင်လိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်ကာ မေးလိုက်သည် "မင်း ဖဲရိုက်ရတာ ကြိုက်ရင် ငါလည်း မင်းနဲ့ ကစားဖို့ သင်ယူလို့ ရတယ်။မင်းအဲ့တာကိုကြိုက်နေသရွေ့ မင်း စိတ်ဝင်စားတာမှန်သမျှ ငါသင်ယူနိုင်တယ် "

ချူးလီ သည် မိန်းကလေး၏ နှိမ့်ချသော အမူအရာကို ကြည့်ပြီး "ငါက ဘဲလေး ကို စိတ်အဝင်စားဆုံးပဲ" လို့ ဗြောင်ကျကျ ပြောလိုက်သည်။

"ဘဲလေးလား"

အခုတလော ဘဲလေးအက သင်ယူနေတဲ့ မိန်းခလေးငယ်တွေဟာ လမ်းပေါ်မှာ မကနိုင်ကြဘူး၊ မလန်းဘူး ခေတ်မမီဘူး၊ ခေတ်နောက်ကျလွန်းတယ်။

ကျန့်ရှု့ရှု့ပြောလိုက်သည် "မင်းတကယ်ကြိုက်တယ်ဆိုရင် ငါလည်း သင်ယူနိုင်တယ်"

သူမမှာ အကစွမ်းရည်ရှိပြီး ဘဲလေးအကမှာ ဘာပြဿနာရှိမှာလဲ၊ မိနစ်ပိုင်းပဲ လိုတယ်။

ချူးလီသည် စီးကရက်တစ်လိပ်ကို မီးညှိရန် ခေါင်းကိုလှည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလှောင်ပြောင်လိုက်သည် "ခင်များ ငန်းနက်ကို ၃၂ ကြိမ် ဘယ်လိုလှည့်ရမလဲဆိုတာ သင်ယူပြီးရင် ခင်များကတာကို ကျွန်တော်လာကြည့်မယ်”

All Chapters