← Chapters

(ဘရိုအချင်းချင်း အချက်ပြစနစ်.. တံတောင်ကို တို့လိုက်ပါ)

Vol. 10 Ch. 127

(ဘရိုအချင်းချင်း အချက်ပြစနစ်.. တံတောင်ကို တို့လိုက်ပါ)

Vol. 10 Ch. 127

အကြီးအကဲ ပိုင်ချင်းရှီက လင်ယွီကျွင်း နောက်က လိုက်လာတာပင်!

ထို့နောက်မှာ အစီအရင်တစ်ခုရဲ့ အားနည်းချက်ကို ရှာဖွေသလိုမျိုး ချက်ချင်းပဲ တိကျတဲ့နေရာကို စူးရှတဲ့အာရုံခံမှုနဲ့ တွေ့သွားခဲ့သည်။

လင်ယွီကျွင်းကတော့ ကျွင်းတစ်ကျွင်းသာ တူးပြီး ဝင်ပုန်းချင်နေလေရဲ့။

သူက ကျင့်ကြံရေးနဲ့ လေ့ကျင့်ရေးမှာ အားနည်းတဲ့ သူ တစ်ယောက်ပဲ မဟုတ်တော့ဘူး..

သူက မသိတတ်တဲ့ ငါးစာတစ်ကောင် ဖြစ်သွားပြီ!

လင်ယွီကျွင်း ခေါင်းညိတ်ကာ ကိုယ့်ကိုယ်ကို ဖြေတွေးပေးလိုက်သည်….

အဆင်ပြေပါသေးတယ်။

လုံးဝ အဆင်ပြေတယ်။

လုံးဝလုံးဝ ပြေတယ်!

အကြီးအပဲပိုင်က ဂိုဏ်းတူပဲလေ!

အပြင်လူတစ်ယောက်က နောက်ယောင်ခံ လိုက်လာတာမှ မဟုတ်တာပဲ။

ပြီးတော့ သူကိုယ်တိုင် အကြီးအကဲကို အနောက်ကလိုက်လာဖို့ သွားဖိတ်ခဲ့တာ မဟုတ်ဘူး!

ပြီးတော့ သူ အမှားတစ်ခုမှ မလုပ်ခဲ့သလို စကားအမှားလဲ မပြောခဲ့ဖူးဘူး.. ဖျော်ရည်ကောင်းတစ်ချို့ သောက်မိပြီး ငါးမြှားခဲ့မိရုံတင်ပဲ။

ဒါက ပြစ်မှုမဟုတ်ဘူး!

အဆိုးဆုံးက.. သူကိုယ်တိုင်က ဒီအခြေအနေမှာ နစ်နာသူပဲ။ ဂိုဏ်းအကြီးအကဲဆီက သစ္စာဖောက်ခံလိုက်ရတဲ့ ဂိုဏ်းတပည့် တစ်ယောက်ရဲ့ သနားစရာ ပုံပြင်တစ်ပုဒ်ပဲ ဒါက။

ဟုတ်တယ်။ အဲ့ဒီလိုပဲ။

ဒီ မှတ်ဉာဏ်ဆိုးကြီးကို အဆင်ပြေပါတယ်လို့ပဲ ဖြည့်တွေးပြီး မေ့ဖျောက်ရမယ်…

ဖြစ်နိုင်တာ… အတတ်နိုင်ဆုံးပေါ့။

ထိုအချိန်မှာ အဖြစ်အပျက်အားလုံးရဲ့ တရားခံဖြစ်တဲ့ အကြီးအကဲ ပိုင်ချင်းရှီ ကတော့ လင်ယွီကျွင်းရဲ့ ခံစားချက်ကို မစဥ်းစားနေခဲ့ပေ။

လင်ယွီကျွင်းရဲ့ စိတ်ထဲမှာ ကြောက်ရွံ့နေမလား ဒါမှမဟုတ် စိတ်ကူးယဥ်အတွေးတွေနဲ့ ဖြေသိမ့်နေမလား သူ ဂရုမစိုက်ဘူး။

သူ့ရဲ့ အတွေးက ပိုနက်ရှိုင်းသည်။

ဒီနေရာကို အကြီးအကဲပိုင် ရောက်လာရခြင်းမှာ ရယ်ရွယ်ချက်တစ်ခုသာ ရှိလေ၏။

သိချင်စိတ်ကြောင့်ပဲ…။

ဘာအကြောင်းကြောင့် အကြီးအကဲ ထျန်းရှန့်ရဲ့ တပည့်က တစ်ကိုယ်တော် ပိုက်ကွန်ချလိုက်သလို ငါးတွေ ဆက်တိုက် မိနေရတာလဲ?

ထိုကောင်လေး တားမြစ်အားတိုးဆေး တစ်ခုခု သုံးထားတာလား သူ ထင်မိသေးသည်။ ရှားပါးတဲ့ ဆေးဝါးမျိုးပေါ့။ သေမျိုးကမ္ဘာရဲ့ ပုံမှန်ပစ္စည်းလိုမျိုး ဖုံးကွယ်ထားတဲ့ မိစ္ဆာဆေးဝါးများလား သူ တွေးမိခဲ့သည်။

ဒါပေမဲ့ နေ့တစ်ဝက်လောက်ကြာသည်ထိ ဂရုတစိုက်လေ့လာပြီးနောက်မှာ…

ဘယ်လို ဘေးထွက်ဆိုးကျိုးမျိုးမှ သူ မတွေ့ခဲ့ရဘူး။

ချီစွမ်းအင် သွေဖယ်သွားတာမျိုးလဲ မရှိဘူး။

အတွင်းပိုင်းမတည်ငြိမ်တာလဲ မရှိဘူး။

အခုတောင် ထိုကောင်လေးသည် သူငယ်ချင်းများနဲ့ ရယ်မောကာ ထိုင်နေတာပင်။ ဘယ်လိုမူမမှန်တဲ့ မညီမျှမှုကိုမှ သူ မခံစားရဘူး။

လင်ယွီကျွင်းရဲ့ အနေအထားက ပြီးပြည့်စုံစွာ ကျန်းမာနေသည်။ ချီစွမ်းအင်က မပြတ်လည်ပတ်နေပြီး မျက်လုံးအစုံသည် တောက်ပလို့…။

ဒါက အရမ်းထူးဆန်းသည်လေ။ မဟုတ်ဘူးလား?

မနေ့ကတင် လုပ်ဆောင်ချက်ကို အရမ်းတိုးမြှင့်ပေးခဲ့တာ သူကိုယ်တိုင် မြင်ခဲ့ရသည်။ အခုထိ ဘာဘေးထွက်ဆိုးကျိုးကိုမှ ပြန်မမြင်ရဘူးလား?

မဖြစ်နိုင်ဘူး။

လက်ခံနိုင်ဖွယ် မရှိဘူး။

ပြီးတော့… သူ ငြင်းချက်ထုတ်လို့လဲ မရနေဘူး။

အကြီးအကဲပိုင်ရဲ့ မျက်လုံးတွေက ရေခဲသေတ္တာဆီ တစ်ဖန်ပြန်ရောက်သွားလေ၏။

သူ့ရဲ့လက်ချောင်းတွေပင် ယားယံလာသည်။

ထူးဆန်းပြီး အရောင်စုံတဲ့ ဒီသတ္ထုဗူးတွေက ပါးပါးလေးနဲ့ ကိုင်တဲ့အချိန်မှာလဲ အအေးဓာတ် ခံစားရသည်။ တစ်ကယ်ပဲ ဘာတွေလဲ?

သူ မသိတော့ဘူး။

ဒါပေမဲ့ ထိုဗူးနှစ်ဗူးကို မနေ့က လင်ယွီကျွင်း ကိုင်လာတာမြင်တည်းက သူ့ရဲ့အူက အချက်ပြနေတာပဲ။

သူက သူများတွေရဲ့ ကိစ္စကို ဝင်ပါတတ်သူ.မဟုတ်ချေ။

အမှန်တော့ သူက လူတွေနဲ့ သိပ်အဆက်ဆံ မလုပ်ဘူး။

ဒါပေမဲ့ ထိုဖျော်ရည်တွေ…

အဲ့ဒါတွေက သူ့ကို ခေါ်နေသလိုပဲ။

သူ့ရဲ့ သွေးကြောတွေထဲ တစ်ခုခုကို.တီးတိုး ပြောနေသလိုပဲ။

အကြီးအကဲပိုင် သေချာမသိသော်ငြား ဝေဝါးဝါး.ခံစားချက်တစ်ခု ပြင်းထန်နေခဲ့သည်။ ဒီဗူးတွေထဲမှာ ဘာတွေပဲရှိရှိ….

သူ့ရဲ့ နောက်ထပ် အဆင့်တက်မှုအတွက် သော့ချက် ဖြစ်လာနိုင်သည် ဆိုတာပဲ။

ထိုအတွေးနဲ့တင် ရယ်ချင်စရာ ကောင်းနေပြီ။

ကျိုးကြောင်းမသင့်ဘူးလေ။

မဖြစ်နိုင်ဘူး!

​ဒါပေမဲ့

သူ မငြင်းနိုင်နေဘူး။

သူ့ရဲ့အတွေးတွေက ရူးမိုက်မှုတစ်ခုပဲ ဆိုရင်တောင် တစ်ခါလောက် ရူးမိုက်ပစ်လိုက်မည်။ သူ့ရဲ့ကျင့်ကြံဆင့်က လက်ရှိနေရာမှာပဲ ရပ်တန့်နေတာ နှစ်များစွာ ကြာခဲ့ပြီ။

တစ်ခါလောက် ရူးမိုက်ဖို့ အချိန်ကျလာတာလဲ ဖြစ်နိုင်သည်။

လင်ယွီကျွင်း ရုတ်ချည်းဆိုသလို တည်ကြည်နေတဲ့ရုပ်နှင့် ကျက်သရေရှိရှိ မတ်တပ်ရပ်လိုက်သည်။ မသိလျှင် အကြီးအကဲကို တွေ့ဖို့ အကြာကြီးထိုင်စောင့် နေသကဲ့သို့ပဲ။

လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက် လေ၏။

“ အကြီးအကဲပိုင်”

လင်ယွီကျွင်း နှုတ်ဆက်လိုက်တော့သည်။

“ ဘယ်လိုတောင် တိုက်ဆိုင်တာလဲဗျာ။ အကြီးအကဲပိုင်သာ ဒီကိုလာချင်တယ်ပြောရင် ကျွန်တော်တို့ညီကိုတွေ ကိုယ်တိုင် လိုက်ပို့ပေးမှာပေါ့”

လင်ယွီကျွင်းရဲ့ ဟိတ်ဟန်ရှိရှိ လေသံသည် မသိလျှင် အိမ်ရှင်တစ်ယောက်က ဂုဏ်သရေရှိ ဧည့်သည်တော်ကို ကြိုဆိုနေသကဲ့သို့ပဲ။

ထို့နောက်မှာ လင်ယွီကျွင်းက ဘေးဘက်ကို လှည့်လိုက်ပြီး…

ရှောင်လျန်ဖန်းရဲ့ တံတောင်ကို တို့ရတော့သည်။

လှံနဲ့ထိုးခံလိုက်ရသလိုပဲ ရှောင်လျန်ဖန်း တစ်ကိုယ်လုံး ထောင်မတ်သွားကာ

“ ဟုတ်..ဟုတ်တယ်။ ညီလေးယွီကျွင်းပြောတာ အမှန်ပဲ!”

ရှောင်လျန်ဖန်းက လင်ယွီကျွင်းရဲ့ ပုံစံအတိုင်း လိုက်ပြောလိုက်တာပင်။

ဒါပေမဲ့ သူ့ရဲ့အသံက တောင့်တင်းနေပြီး လက်သီးနှစ်ဖက်ကလဲ တင်းကျပ်စွာဖြင့် ဆုတ်ထားသေးသည်။

“ ကျွန်တော်တို့ အကြီးအကဲပိုင်ကို သေချာလေး လမ်းပြပေးမှာ!”

လင်ယွီကျွင်း သိမ်မွေ့စွာပဲ ရှောင်လျန်ဖန်းကို ဘေးမှကြည့်ပေးလိုက်ကာ.. ပြုံးပြလိုက်သည်။

ထိုညီကိုရဲ့အပြုံးမျိုးသည်…

“ ငါ ပြဿနာရှာမိပြီ..အခုငါ့ကိုကူလိမ်ပေး မဟုတ်ရင်ငါတို့နှစ်ယောက်လုံး သေပြီ’ ဆိုတဲ့ အပြုံးမျိုးပဲ။

ရှောင်လျန်ဖန်း ချက်ချင်း သဘောပေါက်သွားသည်။

သူ ခပ်ဖြည်းဖြည်း အသက်ရှုထုတ်လိုက်ကာ

“ ကျွန်တော်တို့… အမ်.. ကျွန်တော်တို့က အကြီးအကဲကို ဖိတ်ဖို့တောင် တွေးနေကြသေးတာ!”

နည်းနည်းလေး ရဲတင်းရာကျသွားပြီ။

ဒါပေမဲ့ လင်ယွီကျွင်းကတော့ စစ်မှန်တဲ့ အမှန်တရားတစ်ခုလိုမျိုး ခေါင်းတစ်ဆတ်ဆတ် ညိတ်လေရဲ့။

ညီကိုနှစ်ယောက်သည် ဘေးချင်းယှဥ်ရပ်နေရင်း နယ်မြေကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပြီး သမိုင်းသစ် စတင်စေနိုင်လောက်တဲ့ လျှို့ဝှက်ချက်ကြီးကို မဖုံးကွယ်ထားသလိုမျိုး ယုံကြည်မှုတို့ ထုတ်လွှတ်နေလေ၏။

“.....”

အကြီးအကဲပိုင်က ဘာမှမပြောချေ။

သူ့ရဲ့မျက်နှာက အရင်လိုပဲ အဓိပ္ပါယ်ဖော် မရပေ။

ဒါပေမဲ့ သူ့ရဲ့စိတ်တွင်းမှာတော့…

မင်းတို့နှစ်ကောင် ငါ့ကိုဖိတ်မယ်ဆိုတာ ဘာပြောတာလဲ?

မင်းတို့ကောင်တွေ တစ်ခြားလမ်းကြားစုတ်ထဲ သုံးကြိမ်လောက်ဝင်တယ်.. မနက်ခင်းဈေးပတ်တယ်… ပြီးတော့ တစ်ခုခု ဝယ်သလိုပါ ဟန်ဆောင်ကြသေးတယ်.. ဒါတွေအကုန် တစ်ခြားသူကို မပြောချင်လို့ လမ်းကြောင်းဖျောက်နေတာ မဟုတ်ဘူးလားကွ?

တစ်ယောက်ယောက်ကသာ ဒီနေရာအကြောင်း မေးကြည့် မင်းတို့နှစ်ကောင် မျက်နှာသေတွေနဲ့ ကြားကိုမကြားဖူးဘူးလို့ ပြောမဲ့ကောင်တွေပဲ။

သူ အကုန်လုံးကို သေချာကြည့်ရှုခဲ့ပြီးပြီ။

သူတို့နှစ်ကောင်လုံးမှာ ဒီနေရာကို လူသိစေလို့တဲ့ ရည်ရွယ်ချက် နည်းနည်းမှ မရှိဘူး။

ဒီကိုမရောက်ခင် ငါနဲ့အဲ့နှစ်ကောင်နဲ့ ရေကန်နားမှာ တွေ့ခဲ့ရင်တောင်မှ ရေကန်ထဲ ခုန်ဆင်းပြီး ရေကူးသလို လုပ်ပြနေအုံးမဲ့ နှစ်ကောင်ဆိုတာ သေချာတယ်။

ဒါပေမဲ့… သူ အပြစ်မတင်လိုပေ။

အကယ်လို့ ဒီဖျော်ရည်မှာသာ သူတွေးထားသလို အစွမ်းမျိုးရှိနေခဲ့ရင်..

အရှေ့က နှစ်ကောင်ရဲ့ အလွန်အကြွံ သတိထားမှုက ရှိသင့်တဲ့ သတိထားမှုပဲ။

သတိမထားမိရင်.. ပြဿနာ ဖြစ်လာနိုင်သည်။

တိကျတဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့ ခန္ဓာကိုယ် လုပ်ဆောင်မှုအပြင် အတွင်းစိတ်ကိုပါ ကြည်လင်စေတဲ့ ဆန်းကြယ်တဲ့ ပစ္စည်းမလား?

ပြီးတော့ ဘေးထွက်ဆိုးကျိုးလဲ မရှိဘူး?

သေမျိုးလောကရဲ့ အစွန်အဖျားမှာ ရပ်နေရပြီး လူတွေအကြောင်း စိတ်မဝင်စားတော့တဲ့ သူ့လိုလူကိုတောင်မှ စိတ်ပါစေခဲ့သည်။

သူက လူတွေနဲ့ပတ်သတ်ရတာကို မကြိုက်ဘူး။

ဒါပေမဲ့ ဒီနေ့တော့…

သူ အများကြီး အများကြီး ပတ်သတ်မိသွားပြီ။

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့​ကို ရိုးရှင်းစွာ ခေါင်းညိတ်ပြပြီးနောက်တွင် အကြီးအကဲပိုင်က ထွက်ပေါက်ကို သွားခဲ့တော့သည်။

‘ ဝေ့ အဖိုးကြီး အနည်းဆုံးတစ်ခုခု ပြောခဲ့လေ!’

လင်ယွီကျွင်းရဲ့ စိတ်ထဲမှာ အော်ဟစ်နေသော်ငြား သူ့ရဲ့မျက်နှာကတော့ အေးစက်စွာပဲ လေးစားရိပ်ကို ဖော်ကျူးနေလေရဲ့။

ဘေးမှာရှိနေတဲ့ ရှောင်လျန်ဖန်းက ချက်ချင်းပဲ သူ အစောက ခံစားခဲ့ရတဲ့အတိုင်း လင်ယွီကျွင်းရဲ့ရင်ဘတ်တည့်တည့်ကို တံတောင်နဲ့ ထိုးချလိုက်သည်။

သူ အနည်းငယ် ကြောက်နေမိလို့ပင်။

အစောက လင်ယွီကျွင်းရဲ့ တံတောင်နဲ့ ထိုးလိုက်တဲ့သန်မာမှုက သူ့နှလုံးသားထဲက စစ်မှန်မှုကို လှုတ်ယမ်းသွားသလိုပဲ။

သူလဲ အခု စွပ်စွဲခံရမှုမှာ ကြံရာပါ ဖြစ်ရပြီ။

‘ ငါတို့ဘာလုပ်ကြမလဲ ယွီကျွင်း? ငါတို့ အကြီးအကဲပိုင်နောက် လိုက်ကြမလား?’

ရှောင်လျန်ဖန်းက ရိုးသားစွာ မေးလေရဲ့။

လင်ယွီကျွင်းက ဆက်လက်ပြုံးနေခဲ့သည်။ အမှန်တော့ သူလဲ ဘာလုပ်ရမည် မသိပါချေ။

အကြီးအကဲပိုင်ရဲ့ အနောက်ကို လိုက်မယ်?

ငါတို့ အရမ်းသေချင်တဲ့ပုံ ပေါက်နေလို့လား?

အကြီးအကဲ တစ်ယောက်ကို ထောက်လှမ်းတဲ့အတွက် မလေးစားဘူးဆိုပြီး အရင်ပြောခံရမည်။

ပြီးတော့ အကြီးအကဲပိုင်က ဒီနေရာကိုရောက်တာ သူတို့ဆီ လာတွေ့တာမှ မဟုတ်တာ။

အကြီးအကဲပိုင်က တံခါးပေါက်က မထွက်ခင်မှာ ဆိုင်ရဲ့ထောင့်ကို နောက်ဆုံးအနေနဲ့ ကြည့်သွားသေးသည်။

ထိုနေရာမှာ ရှိနေသူက ကျားအိုကြီးကျောင်းပင်။ နှစ်တစ်သောင်းလောက် ချိတ်ပိတ်ခံရပြီး အခုမှ လွတ်လာတာမို့ ငတ်ပြတ်နေတဲ့ ပုံစံနဲ့ ရေခဲမုန့်စားနေတဲ့သူ ကျားအိုကြီးကျောင်းပဲ ရှိသည်။

All Chapters