← Chapters

( ဖျော်ရည်များရဲ့ အကူအညီခံရမဲ့ ဘော့စ်လယ်ဗယ် တိုက်ပွဲတစ်ခု)

Vol. 10 Ch. 129

( ဖျော်ရည်များရဲ့ အကူအညီခံရမဲ့ ဘော့စ်လယ်ဗယ် တိုက်ပွဲတစ်ခု)

Vol. 10 Ch. 129

အကြီးအကဲထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ လက်ဝါးမှတစ်ဆင့် အလင်းမှိန်မှိန် တစ်ချက် ထွက်ပေါ်လာကာ ဓားရှည်အထိ တွယ်ဆင်းသွားသည်။

အဆုံးမှာ သူတို့ရဲ့ခြေမျက်စိနား၌ စက်ဝိုင်းပုံ ဖြစ်ပေါ်သွားသည်။

ထို့နောက်မှာ စက်ဝိုင်းက ချဲ့ထွင်လာသည်။

သန့်စင်တဲ့ချီစွမ်းအင်က ခြေမျက်စိမှတစ်ဆင့် တစ်ဖြည်းဖြည်း ကြီးမားလာကာ ထောက်တိုင်သဖွယ် ဖြစ်ပေါ်သွားသည်။

ဓားနှစ်ခုလုံးက အလင်းဖောက်ဝင်နိုင်သလို ပြောင်းလဲသွားကာ ပတ်ပတ်လည်တွင် ဓားတွေ ရာချီပြီး ထွက်ပေါ်လာသည်မှာ ကောင်းကင်ဘုံရဲ့ လှောင်ချိုင့်ကြီးတစ်ခုနှယ်။

ထို့နောက်မှာ အစီအရင်သည် ကြီးမားလာပြီး မြူခိုးကြာပွင့်ဖြူ ပင်လယ်ပြင်တစ်လျှောက် ကီလိုမီတာများစွာအထိ ပျံ့သွားသည်။

“ ဓားပျံသီးသန့်နယ်မြေ”

ထိုနှစ်ယောက်သည် တစ်ပြိုင်ထဲ ရေရွတ်လိုက်ကြသည်။

တြိဂံပုံ အစီအရင်ရဲ့အစွန်းနားက ဓားပျံရာချီသည် ချဲ့ထွင်တာ ရပ်သွားကြလေပြီ။ လှောင်ချိုင့်အတွင်းရှိ တစ်နေရာလုံးတွင် မမြင်ရတဲ့ ဖိအားတစ်ခု သက်ရောက်လာတာကြောင့် နေရာတစ်ခုလုံးကို အပြင်နဲ့ သီးခြားလုပ်လိုက် သလို ခံစားရသည်။

အခုချိန်မှာ ထိုလှောင်ချိုင့်အတွင်းမှ ဘာမှ မထွက်သွားနိုင်တော့ဘူး။

ထို့အပြင်.. ခွင့်ပြုချက်မရှိဘဲ အပြင်မှ ဘယ်အရာမှ ဝင်လို့မရတော့ပေ။

ဒီအစီအရင်သည် ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲလေးယောက်ပဲ သိကြတဲ့ အဆင့်မြင့် နယ်မြေခြား အစီအရင်ပင်။

ပုံမှန်အားဖြင့် အစီအရင်ကို အသက်သွင်းဖို့ရန် အနည်းဆုံး.အကြီးအကဲ သုံးယောက် လိုအပ်သည်။

အကယ်လို့ ဂိုဏ်းခေါင်းဆောင်သာ ရှိနေမည်ဆိုရင် နှစ်ယောက်ထဲနဲ့လဲ အသက်သွင်းနိုင်သည်။

ဒီအစီအရင်သည် တိုက်ခိုက်ဖို့မဟုတ်ဘဲ ထောင်ချောက်ဆင်ဖို့ရန် ဖြစ်သည်။

အရမ်းအင်အားကြီးတာ သို့မဟုတ်… အန္တရာယ်များတာ တစ်ခုခုကို ထိန်းသိမ်းဖို့အတွက်ပင်။

‘ အကုန်အဆင်ပြေပြီ။ ညီကိုချင်းရှီ မင်း စလို့ရပြီ’

အကြီးအကဲ ထျန်းရှန့် ခေါင်းညိတ်ပြကာ စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

အကြီးအကဲ ချင်းရှီမှ ခေါင်းပြန်ညိတ်ပြလာသည်။

ချောမွေ့စွာပဲ သူ့ရဲ့ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။

ဓားရဲ့ လက်ကိုင်အဆုံးတွင် ကြိုးသဏ္ဍာန်အရာဖြင့် ချိတ်ဆွဲလိုက်သောကြောင့် ဓားက စက်ဝိုင်းပုံ လည်နေတော့သည်။

ထိုအချိန်မှာ အကြီးအကဲ ပိုင်ချင်းရှီက အင်္ကျီလက်စထဲမှာ ကျောက်တုံးတစ်တုံး.ထုတ်ယူ လိုက်သည်။

မညီမညာကျောက်တုံးမှ အမဲရောင်အလင်းများ တစ်ချက်တစ်ချက် ဖြာထွက်နေသည်။

သူ ထိုကျောက်တုံးကို အပေါ်ဘက်ကို ပစ်လိုက်၏။

အမဲရောင်ကျောက်တုံးက လေပေါ်မြှောက်သွားပြီး အပေါ်မှာ ခဏတန့်သွားချိန်မှာ အကြီးအကဲပိုင်ရဲ့ လက်ကောက်ဝတ်လှုပ်ရှားမှုနဲ့အတူ.ဓားကို ဆွဲထားတဲ့ ကြိုးက လှုပ်ရှားလာသည်။

ဓားက လေပေါ်မှာ လှုပ်ရှားသွားပြီး ကျလာနေတဲ့ အမဲရောင်ကျောက်တုံးကို ဖမ်းလိုက်သည်။

ထိုကျောက်တုံးသည် ပုံမှန်အားဖြင့် အမဲရောင် ကျောက်တုံးတစ်ခုလိုသာ မြင်ရမည်။

ဒါပေမဲ့ အကြီးအကဲပိုင် အပေါ်ကို မြှောက်လိုက်တာနဲ့ ကျောက်တုံးမှ ထုတ်ပေးနိုင်တဲ့ ဖိအားကို ကျင့်ကြံသူတိုင်း ခံစားနိုင်မှာပင်။

ဒီကျောက်တုံးသည် အသူရာချောက်နက်နယ်ပယ်ရှိ နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ ပင်မအူတိုင်ပင်!

အရမ်းအားကြီးပြီး အန္တရာယ်များတဲ့ သားရဲဖြစ်သည်။ သွားရန်စလျှင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုပင် သတ်ပစ်နိုင်လောက်အောင် သန်မာသည်။

အကြီးအကဲပိုင်ချင်းရှီက ဒါကို ငါးစာအဖြစ် အသုံးချလိုက်တာပဲ။

အပြာဖျော့ရောင်ချီစွမ်းအင်က ဓားနဲ့ဆက်သွယ်ထားတဲ့ ကြိုးတစ်လျှောက် ပျံ့နှံ့လာသည်။

အပြာရောင်ချီစွမ်းအင်တန်းသည် တစ်ဖြည်းဖြည်း.ရုပ်လုံးပေါ်လာပြီး အပြင်ဘက်ကို လှိုင်းသဖွယ် ပျံ့နှံ့လာ၏။

ထိုအချိန် ဓားရိုး၏ ငါးမြှားချိတ်ပုံ အကောက်နားမှာ နောက်ထပ် အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအလင်း ပျံ့သွားချိန်မှာ… စိတ်ဝိညာဥ်စွမ်းအင်ဖြင့် သဏ္ဍာန်တူ ငါးမြှားချိတ်ပုံအကောက်တစ်ခု ဖြစ်ပေါ်ကာ ကောင်းကင်ပေါ်ကို မီတာများစွာအထိ ကြီးမားသွား၏။

အရှိန်အဝါတွေ ပျံ့နှံ့လာပြီး ထိုငါးမြှားကောက်က သားရဲသဏ္ဍာန်ပြောင်းလဲ လာကာ ဆာလောင်မှုပြည့်နေတဲ့ အစွယ်ကြီးများ ထွက်ပေါ်လာသည်။

ထိုအချိန်မှာ အကြီးအကဲပိုင်က ဓားထိပ်မှ အပြာရောင်ချီစွမ်းအင်ကို ပင်လယ်တစ်လျှောက် ဖြန့်ကျပ်လိုက်၏။

တိကျတဲ့ အရှိန်နဲ့ အပြာရောင်အလင်းသည် ပင်လယ်ကိုဖြတ်၊ လေကိုခွင်းကာ ပျံ့သွားခဲ့သည်။

ဘာသံမှ မကြားရပေ။

အပြာရောင်ချီတန်းနဲ့ ငါးမြှားကောက်က ပေါင်းစပ်သွားပြီး မြူခိုးကြာပွင့်ဖြူ ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်!

အသံလဲမထွက်သလို ပင်လယ်ရဲ့ ရေပြင်မှာ လှုတ်ခတ်သွားမှုတောင် မရှိဘူး။

ရေမျက်နှာပြင်ပေါ်မှာ အလင်းတစ်ချက်တောင် မထွက်ပေါ်ခဲ့ပေ။

ပင်လယ်က ခုခံမှုမရှိဘဲ စုပ်ယူပေးလိုက်သကဲ့သို့ပင်။

ချောမွေ့စွာဖြင့် မြူခိုများလွှမ်းနေတဲ့ ရေပြင်ရဲ့အောက်မှာ ဝင်ရောက်ပျောက်ကွယ် သွားခဲ့သည်။

အကြီးအကဲပိုင်ရဲ့ ဘယ်လက်တွင် ကိုလာတစ်ဗူး ထွက်ပေါ်လာသည်။

ထို့နောက်မှာ သံပုရာဆိုဒါလဲ ပေါ်လာ၏။

ညာလက်မှာ ငါးမြှားချိတ်ပုံပါတဲ့ ဓားရှည်ကို ကိုင်ထားရင်းနဲ့ ဖျော်ရည်နှစ်ဗူးကို အလွယ်လေး ကိုင်ဆောင်ထားသည်။

လေပေါ်မှာ ခဏလောက်ရပ်နေပြီး အနောက်ကို ယိမ်းလိုက်ကာ…

ပေါ့ပ်! ပေါ့ပ်!

သွားကိုသုံးပြီး အချိုရည်နှစ်ဗူးကို ဖောက်လိုက်တော့သည်။

လေထုထဲသို့ စူးရှရှ အချိုနံ့လေး ပျံ့နှံ့သွားပြီး ကိုလာတစ်ဗူးလုံး သုံးကျိုက်နဲ့ပြောင်သွား လေတော့သည်။

ထို့နောက်မှာ သံပုရာဆိုဒါလဲ ကုန်သွားပြီ။

ဖျော်ရည်နှစ်ဗူးလုံးက စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ် သွားတော့သည်။

အကြီးအကဲပိုင်ကနှာခေါင်းပေါက်မှ ဖြည်းညှင်းစွာ အသက်ရှုနေရင်း မျက်တောင် ခတ်လိုက်သည်။

ထို့နောက်မှာ မျက်တောင် ထပ်ခတ်လိုက်သည်။

သူ့ရဲ့မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားပြီ။

‘ဒါက…’

သူ့ရဲ့ခန္ဓာကိုယ်တွင်းသို့ စွမ်းအင်လှိုင်းလုံးကြီး မြင့်တက်လာသည်။ ထိုစွမ်းအင်သည် စူးရှသန့်စင်ပြီး အတွင်းကို အားဖြည့်တင်းပေးသွားသည်။

ဖျော်ရည်တွေက သူ့ကို အကူအညီ ပေးနိုင်မည်လို့ သူ မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့်မို့ အကြီးအကဲ ထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ကိုပါ မေးထားခဲ့သည်။

ဒါပေမဲ့ ကိုယ်တိုင်ခံစားပြီးနောက်မှာလား?

လုံးဝကိုမတူညီဘူး။

ကိုလာရဲ့အစွမ်းက ရဲတင်းပြီး အခြေခိုင်သည်။

သံပုရာဆိုဒါက ပေါ့ပါးပြီးသွက်လက်သည်။

သူ့ရဲ့ခြေလက်တွေ ပေါ့ပါးလာကာ အာရုံခံမှု ထက်လာသည်။ သူ့ရဲ့စိတ်ဝိညာဥ် ပင်လယ်အတွင်းမှာ အင်အားတွေ ဝင်ရောက်လာသည်။

ဘေးမှ တိတ်တဆိတ် စောင့်ကြည့်ပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့လဲ သေးငယ်တဲ့ ပြောင်းလဲမှုကို သတိထားမိသွားသည်။

ပိုင်ချင်းရှီရဲ့ နှုတ်ခမ်းထောင့်သည် လခြမ်းပုံသဏ္ဍာန် အပေါ်ကို တက်သွားသည်။

အနည်းငယ်သာ ဆိုပေမဲ့…

ဒါက အပြုံးပဲ!

မြူခိုးကြာပွင့်ဖြူ ပင်လယ်တစ်လျှောက်မှာ ချီစွမ်းအင်လှိုင်းက ဆက်လက်ပျံ့နေဆဲပဲ။

ပိုဝေးပြီး ပိုနက်ရှိုင်းတဲ့ နေရာထိကိုပေါ့။

အမှောင်ထုသည် မှင်နက်တစ်ခုလို ထူထဲလာသည်။

ဖိအားက အနည်ကျလာသည်။

ဖျော့တော့တဲ့ အပြာရောင် ချီစွမ်းအင် လှိုင်းသည် တိုက်ရိုက် မဖောက်ဝင်သွားဘဲ မြွေလိမ်မြွေကောက်လို တားသွားပြီး ဝင်ရောက်လေ၏။

ဝူး!

အမဲလိုက်မြွေတစ်ကောင် သားကောင်ကို လိုက်ဖမ်းနေသည့်နှယ်..။

လှုပ်ရှားမှုတစ်ခုစီကို အကြီးအကဲပိုင်က ထိန်းချုပ်ထားတာပင်။

အရင်က သူ ထိုမျှအထိ တိကျစွာ မထိန်းချုပ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ အခုချိန်မှာ အရာအားလုံးက သဘာဝကျနေသည်။

သူ့ရဲ့မျက်လုံးတွေ ကျဥ်း​မြှောင်းသွားတော့သည်။

အချိန်ကျပြီ။

ရေထဲရှိ တည်ရှိမှုထဲမှ နူးညံ့သိမ်မွေ့တဲ့ ပြောင်းလဲမှုတစ်ခုကို သူ ခံစားမိလိုက်သည်။

ထိုအရှိန်အဝါကို သူ မှတ်မိသည်။

မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ… နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်ထဲမှာတောင်မှ…

သူ လုံးဝ မေ့မှာ မဟုတ်ဘူး။

ဒီ အရှိန်အဝါက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သူ့မိန်းမနဲ့ သမီးဖြစ်သူကို သတ်သွားခဲ့တာပဲ။

သူ လိုက်ရှာနေတာ နှစ်များစွာကြာခဲ့ပြီ။

သူ လေ့ကျင့်ခဲ့တာ…

စောင့်ဆိုင်းနေခဲ့တာ..

အခုတော့…!

ဆွစ်ရှ်!

ကြိုးက ကွေးသွားသည်။

ကြမ်းတမ်းတဲ့ အရှိန်အောက်မှာ…

တစ်စုံတစ်ခုက အချက်ပြလာသည်။

ဒါက သာမာန်သားရဲတစ်ကောင် မဟုတ်ဘူး။

ဒါက ကံကောင်းပြီးမိတာ မဟုတ်ဘူး။

ဒါက သေချာရည်ရွယ်ပြီး.လုပ်ခဲ့တာပဲ။

သူ တိကျစွာနဲ့ ဒီအခိုက်အတန့်အတွက် ငါးစာချပြီး အချိန်ကိုက်ရင်း စောင့်နေခဲ့ရတာ။ သူ့ရဲ့လက်နှစ်ဖက်လုံးနဲ့ ကြိုးကို ဖမ်းဆုတ်လိုက်သည်။

ကြိုးတစ်လျှောက် ဖျော့တော့တဲ့ လှုပ်ရှားမှု ဖြစ်ပေါ်သွားသည်။

လက်ကောက်ဝတ် လှုပ်ရှားမှုတစ်ခု အပြီးမှာ…

ကြိုးကို အပေါ် ဆွဲမလိုက်တော့သည်။

ဖူးးးးးးးရှ်!

ရေအောက်မှ လှိုင်းလုံးကြီးလို ဖြစ်ပေါ်လာကာ…

ထိုလှိုင်းလုံးက အလွန်အင်အားကြီးသည်။

အပြာရောင် ဝေလငါးရဲ့ နှစ်ဆလောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးသည် အိပ်မက်ဆိုးတစ်ခုလို ဟိုသည်ယိမ်းနေသည်။ ထိုအကောင်ရဲ့ ကြေးခွံသည် နီညိုရောင်နက်နက် ရှိသည်။ အဖြူရောင်အရိုးကြီးပေါ်မှာ သွေးခြောက်တွေ ကပ်ညှိနေသည်။

မေးရိုးတစ်လျှောက်ရှိ မညီမညာ သွားတန်းများသည် အပြည့်ဖြစ်ပြီး သွားတစ်ချောင်းသည် ဓားရှည်တစ်ခုစာလောက် ရှည်လျားသည်။

သူ့ရဲ့မျက်လုံးက…

မှောင်မဲတဲ့အနက်ရောင်ပင်လယ်မှာ ဖျော့တော့တဲ့ အလင်းတစ်ချို့ လက်နေသလိုပဲ။

ထိုအကောင်ကြီးရဲ့ တည်ရှိမှုနဲ့တင် ပတ်ဝန်းကျင်ရှိ ပင်လယ်က ပိုလေးလံသွားသည်။

လေထုတောင် တုန်ယင်သွားဟန်ရှိသည်။

ကြေးနီရောင်အရိုးရှိတဲ့အသားစားငါး။

မြူခိုးကြာပွင့်ဖြူပင်လယ်ပြင်ရဲ့ ကြောက်စရာ ခြိမ်းခြောက်မှုတွေထဲက တစ်ခုပဲ။

အရမ်းကြမ်းတမ်းတဲ့ သားရဲတစ်ကောင်ပဲ။ ကောင်းကင်ဘုရင် ကျင့်ကြံသူကိုတောင် အကောင်လိုက်မြိုချပစ်နိုင်သည်။

သူ့ရဲ့မိသားစုနဲ့ ကွဲကွာစေခဲ့တဲ့ သားရဲဆိုလဲ ဟုတ်သည်။

အခုတော့လား?

အခုတော့ သူ့ရဲ့ကြိုးစအဆုံးမှာ မိနေပြီလေ။

အကြီးအကဲပိုင်ရဲ့ မျက်လုံးတွေက.. ဓားသွားများလို စူးလက်လာသည်။

သူ့ရဲ့အသံက တည်ငြိမ်သည်။

ဒါပေမဲ့ ထိုတည်ငြိမ်မှုရဲ့ အောက်မှာ နှစ်ရာချီမက သိမ်းဆည်းထားတဲ့ မုန်တိုင်းတစ်ခု တည်ရှိနေသည်။

“ နောက်ဆုံးတော့” သူ ရေရွတ်လိုက်၏။

“ ငါမင်းကိုမိပြီ”

All Chapters