← Chapters

( အကြီးအကဲပိုင်ချင်းရှီရဲ့ နောက်ဆုံးရိုက်ချက်!)

Vol. 10 Ch. 130

( အကြီးအကဲပိုင်ချင်းရှီရဲ့ နောက်ဆုံးရိုက်ချက်!)

Vol. 10 Ch. 130

ဓားရှည်ကို ကိုင်ဆောင်ထားတဲ့ အကြီးအကဲပိုင်ချင်းရှီရဲ့ လက်နှစ်ဖက်လုံး တင်းကျပ်သွားသည်။ သူ.အံကြိတ်လို​က်ကာ

“ အရိုးပါမကျန်စားတဲ့ ခွေးသူတောင်းစား သတ္တဝါ! မင်းဆိုတာ ငါသိနေတယ်!”

“ အပေါ်တက်လာပြီး ကောင်းကောင်း သေလိုက်စမ်း ပုတ်သိုးနေတဲ့ကောင်!”

ပင်လယ်ပြင်ထဲမှ ကြောက်မက်ဖွယ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။

ထိုအော်သံသည် အရိုင်းဆန်ပြီး နားဝင်ဆိုးသည်။နက်ရှိုင်းတဲ့ အသံနက်ကြီးသည် မိကျောင်းတစ်ကောင်ရဲ့ ဟိန်းသံနဲ့ ပုလွေကျိုးကို မှုတ်ထားတဲ့အသံကို ရောစပ်ထားသည့်နှယ်။

ကြေးနီရောင်အသားစားငါးကြီးသည် လှိုင်းလုံးတွေကြားမှာ ရုန်းကန်လိုက်သည်။

သွေးနီရောင် မျက်ဝန်းနက်များက အကြီးအကဲ ပိုင်ကို အမုန်းအပြည့်နဲ့ စိုက်ကြည့်နေလေရဲ့။ မေရိုးတစ်လျှောက်တွင် အလျားရှည်တဲ့ သွားစုကြီးရှိနေပြီး အရိုးကြီးများဖြင့် တည်ဆောက်ထားတဲ့ ရေယပ်များသည် ရေပြင်ကို ပိုင်းဖြတ်နေသည့် ဓားသွားများသဖွယ်။

အလွန့်အလွန်အဝေးမှာ…

ပုံရိပ်နှစ်ခုက ဆန့်ကျင်ဘက်အရပ်ကို ပျံသန်းနေလေ၏။

လင်ယွီကျွင်း မျက်တောင်ခတ်လိုက်သည်။

ထို့နောက်မှာထပ်မံပြီး မျက်တောင်ခတ်မိပြန်သည်။

“... ဒီနတ်ဆိုးသားရဲကြီးကို အကြီးအကဲပိုင်က.. ခွေးသူ​တောင်းစားလို့ ခေါ်ပြီး တစ်ယောက်ချင်း တိုက်ဖို့စိန်ခေါ်လိုက်တာလား?”

ရှောင်လျန်ဖန်းရဲ့ မေးစေ့လဲ အနည်းငယ် အောက်လျှောကျသွားကာ

“ ငါတို့ဒီကို အစီအရင်ကြည့်ဖို့ ရောက်လာတယ် ထင်နေတာ”

အကြီးအကဲ ပိုင်ချင်းရှီရဲ့ အခုလိုပုံစံကိုသူတို့ ပထမဆုံးတွေ့ဖူးတာပင်။

ပုံမှန်အားဖြင့် သူတို့သိတဲ့ အကြီးအကဲပိုင်သည် အိပ်ချင်နေတဲ့ မျက်လုံးများဖြင့် ဂိုဏ်းအနှံ့ ငါးမြှားချိတ်တစ်ခုကိုင်ရင်း လှည့်ပတ်သွားနေတတ်တဲ့ တိတ်ဆိတ်တဲ့ လူအိုကြီးအဖြစ်သာ။

သူ့ကို စကားသွားပြောမိရင်တောင် နားထောင်နေရဲ့လား ဆိုတာ သေချာမသိရဘူး။

တစ်ခါကဆို ဂိုဏ်းတွေ့ဆုံပွဲမှာ သူက ရှေ့ဆုံးမှ ထိုင်အိပ်နေတာပင်။ ဒါပေမဲ့ အဲ့ဒါကိုလဲ ဘယ်သူမှ သတိမထားမိဘူး။

ဒါပေမဲ့ အခုတော့ ပင်လယ်မကောင်းဆိုးဝါး တစ်ကောင်ကို စော်ကားပြောဆိုနေတယ်..။

လင်ယွီကျွင်း လေထုထဲမှာ ၁၈၀ ဒီဂရီ လည်လိုက်ပြီး

“ မဟုတ်သေးဘူး”

ရှောင်လျန်ဖန်းလဲ ချက်ချင်း ထောက်ခံ၏။

“ လုံးဝ မဟုတ်သေးဘူး”

သူတို့နှစ်ယောက်လုံးက အကြီးအကဲပိုင်နဲ့ ဆန့်ကျင့်ဘက်အရပ်ကို စကားတစ်ခွန်း မဟပဲ ပျံနေကြတာပင်။ သူတို့ရဲ့ ရည်ရွယ်ချက်ကလဲ တူညီသည်။

ကြေးနီရောင် အသားစားငါးကြီး ရေပြင်ပေါ် ပေါ်လာတာနဲ့ သူတို့တွေ ကီလိုမီတာ များစွာရဲ့ အဝေးကို အလိုအလျောက် သွားလိုက်ပြီးသားပဲ။

လင်ယွီကျွင်းက လက်တစ်ဖက်မှာကိုလာဗူးကို ကိုင်ထားရင်း နည်းနည်းချင်း သောက်နေသည်။

“ ဂုဏ်ရှိရှိ သေရမှာထက်စာရင် အသက်ဘေးကင်းတာ ပိုကောင်းတယ်”

ရှောင်လျန်ဖန်းလဲ ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ရင်း

“ အကြီးအကဲပိုင်ရဲ့ အရည်အချင်းက တစ်​ယောက်ထဲ တိုက်ခိုက်ဖို့ ထိုက်တန်တယ်”

သူ ပြောနေရင်းနဲ့ ခဏလောက် ရပ်သွားပြီးမှ

“ ပြီးတော့ ငါတို့တွေက အဲ့မကောင်းဆိုးဝါး အနီးမှာရပ်နေမိရင်လဲ အလကား အပိုအလုပ်ပေးသလို ဖြစ်နေမှာ”

အလွန်လုံခြုံတဲ့ ကျိုးကြောင်းသင့်တဲ့ အကွာအဝေးတစ်ခုရှိ မြူခိုးကင်းသွားတဲ့ ကောင်းကင်အထက်မှာ သူတို့နှစ်ယောက် ရပ်လိုက်ကြသည်။

နည်းဗျူဟာအရဆိုလဲ နားထောင်လို့ကောင်းတယ်။

လူသားလဲဆန်တဲ့ ဆုံးဖြတ်ချက်ပဲဒါက။

မဖိတ်ခေါ်ထားတဲ့ တိုက်ပွဲကနေ ထွက်ပြေးနေတဲ့ ဂိုဏ်းသားငယ်နှစ်ယောက် လုံးဝမဟုတ်ဘူး။

အဲ့လိုဆို လုံးဝ အထင်လွဲတာပဲ။

သူတို့က အကြီးအကဲပိုင်ကို ထိုက်သင့်တဲ့ လေးစားမှုပြတဲ့အနေနဲ့ နောက်ဆုတ်ပေးတာပဲ။

ပြောရရင် ဒါကသူ့ရဲ့အခိုက်အတန့်လေ။

လေးစားစွာနဲ့ စတိတ်စင်ပေါ်က ဖယ်ပေးရမှာပေါ့။

သူတို့ ကြောက်လို့မဟုတ်ဘူး။

လုံးဝ.မဟုတ်ဘူး။

သူတို့ရဲ့ အနောက်တွင် ထုထည်ကြီးမားသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။

ဆုံးရှုံးစရာ မရှိတော့တဲ့ ကျင့်ကြံသူအစစ်ရဲ့ အရှိန်အဝါအောက်မှာ ပင်လယ်ပြင်သည် တုန်လှုပ်လာရသည်။

ထိုဖိအားက…. အရမ်းလွှမ်းမိုးနိုင်သည်။

အဝေးကနေပင် သူတို့ရဲ့ နှလုံးကို အခုန်မြန်စေလာသည်!

ဒါက တိုက်ပွဲတစ်ခုပဲ မဟုတ်တော့ဘူး… နောက်ဆုံးပြပွဲပဲ!

​ဖယ်ကြဥ်ပေးရမဲ့ အကျိုးအကြောင်းကို သဘာဝတရားကပင် နားလည်စွာဖြင့် မြူခိုးများ တစ်ဖြည်းဖြည်း ကင်းရှင်းလာသည်။

အကြီးအကဲပိုင်က သူ့ရဲ့လက်နဲ့ကိုယ်တိုင် ဖြေရှင်းလိမ့်မည်။

ကြေးနီရောင်အသားစားငါးကြီးက ပါးစပ်ကြီးဟကာ အပေါ်တက်လာသည်။

ထိုအကောင်ရဲ့ အမြှီးနဲ့တင် စစ်ပွဲရဲ့လူတစ်ဝက်လောက်ကို သေစေနိုင်တဲ့အထိ ကြီးမားသည်။

ဒါပေမဲ့အကြီးအကဲပိုင်က တစ်ချက်တောင် မတွန့်ပေ။

ကြိုးကိုတစ်ချက်နောက်ပြန်လှန်ပြီးတာနဲ့ လက်ကောက်ဝတ် ကစားလိုက်ပြီး ကြိုးဆွဲလိုက်သည်။

ငါးမြှားကြိုးက ချက်ချင်းပဲ တင်းလာသည်။

ကြိုးတစ်လျှောက်မှာ အပြာရောင်အလင်းတို့က မိုးကြိုးသဖွယ် ထင်ရှားလာလေပြီ။

“ လာစမ်းပါ။ စောက်သူတောင်းစား”

“ ငါ့မိသားစုကို သတ်ပြီးနောက်မှာ မင်း ဘယ်လောက် ဝဖြိုးလာလဲ ငါကြည့်မယ်”

ကြေးနီရောင်အသားစားငါးက ထပ်မံပြီး အော်ဟစ်လိုက်သည်။

မြူခိုးတွေလုံးဝ ရှင်းလင်းသွားပြီး မြို့တော်ဈေးတစ်ခုလောက်နီးနီး အကွာအဝေးအထိ ရေပြင်သည် ကြည်တောက်သွားသည်။

သားရဲကောင်က ကြမ်းတမ်းစွာ ရုန်းရင်း ရေထဲ ပြန်ဆင်းဖို့ ကြိုးစားလေ၏။

ဒါပေမဲ့ ငါးမြှားကြိုးက တင်းနေသည်။

ဘေးမှ ကြာပွင့်ဖြူချပ်တွေ တစ်ခုမှ မထိခိုက်ပေ။

အစီအရင်ရဲ့ အပြင်ဘက်မှာ အသံတစ်ချက်တောင် မကြားရဘူး။

ဒါက ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ အစီအရင်အစွမ်းပဲ။

လွတ်လမ်းမရှိတဲ့ ထောင်ချောက်..။

အကြီးအကဲပိုင် အသက်ဖြည်းဖြည်း ရှုသွင်းလိုက်ချိန်မှာ ကိုယ်တွင်းမှ ချီစွမ်းအင်တွေ ပေါက်ထွက်လာကာ နောက်ကျောနဲ့ လက်မောင်းတစ်လျှောက် အပြာရောင်အလင်းတို့ လက်သွားသည်။

လေထဲမှာ ရပ်လိုက်ပြီး သူ့ရဲ့လက်မောင်းနှစ်ဖက်က ကြောက်မက်ဖွယ် ထိန်းချုပ်မှုနဲ့ ကြိုးကို တင်းနေအောင်ဆွဲထားသည်။

ထို့နောက်မှာ ဓားသွားရှိ ရစ်လုံးများ စတင်လည်လာသည်။

ကြိုးက ကွေးလာပြီး မြည်သံပင် ပေးလာရပြီ။ တင်းအားက အလွန်များနေ၏။

ဒါပေမဲ့ အကြီးအကဲပိုင်က မတုန်မလှုပ်နဲ့ တည်ငြိမ်စွာရှိနေဆဲပဲ။ ကြိုးအဆုံးမှာ ရုန်းနေတဲ့ မကောင်းဆိုးဝါးက ဟာရီကိန်း မုန်တိုင်းလို ပင်လယ်ထဲသောင်းကြမ်းနေတာ တောင်မှ သူက အမူအရာတစ်ချက် မပျက်ဘူး။

သားရဲက အတတ်နိုင်ဆုံး တိုက်ခိုက်နေသော်ငြား လူသားက ပိုခေါင်းမာသည်။

အဝေးမှ ကြည့်နေတဲ့ ရှောင်လျန်ဖန်း ရေရွတ်မိလေ၏။

“ ဒါ… ဒါ အကြီးအကဲပိုင် တစ်ကယ်ကြီး ငါးမြှားနေတာလား?”

လင်ယွီကျွင်းလဲ စိုက်ကြည့်နေရင်းမှ မျက်တောင်ခတ်လိုက်ပြီး

“ အင်း”

“ အကြီးအကဲပိုင် ငါးမြှားနေတာ”

ထို့နောက်မှာ အကြာကြီးတိတ်ဆိတ်သွားပြီး

“ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ ငါမသိတော့ဘူး.. မကောင်းဆိုးဝါးလား.. ဒါမှမဟုတ် ကိုလာနဲ့သံပုရာဆိုဒါ သောက်ထားတဲ့ အကြီးအကဲပိုင်လား ဆိုတာ”

လင်ယွီကျွင်း မျက်နှာကို သပ်ချလိုက်ပြီး

“ တစ်ကယ် မခွဲတတ်တော့ဘူး”

“ ဒါပေမဲ့ အကြီးအကဲပိုင် သုံးထားတဲ့ ငါးမြှားကြိုးကိုတော့ ငါတစ်ကယ် သိချင်မိတယ်”

သူ့ရဲ့ မျက်လုံးတွေ အနည်းငယ် လက်သွားသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်မှာ သွားရည်အနည်းငယ်ပင် စို့နေခဲ့ပြီ။

တိုက်ပွဲအတွင်းမှာ အကြီးအကဲ ပိုင်ချင်းရှီက လေဝဝ တစ်ချက် ရှုသွင်းလိုက်သည်။ အင်အားကြီးတဲ့လေပြေတစ်ချက် သူ့ရဲ့ ပတ်ပတ်လည်ကို ပေါက်ထွက်သွားသည်။

ထို့နောက်မှာ နောက်ဆုံးအင်အားကုန်သုံးပြီး ဆွဲလိုက်တဲ့အတွက်…

ကြေးနီရောင် အသားစားငါးကြီးက ပိုမြှောက်တက်လာပြီး မကောင်းဆိုးဝါးသဖွယ် ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးသည် စက်ဝိုင်းပုံ ပြန်အောက်ကျဖို့ အောက်စိုက်လာသည်။ လေပေါ်မှာ သားရဲကောင်က တွန့်လိမ်နေချိန်မှာ ပါးစပ်ကြီးကလဲ ကျယ်လောင်စွာ ဖွင့်ဟလို့..။

ဒါပေမဲ့ ကမ္ဘာမြေဆွဲအားလဲ အလုပ် မလုပ်နိုင်တော့ပေ။

“ မင်း ပြန်ဝင်လို့မရဘူး”

အကြီးအကဲပိုင်က အေးစက်စွာ ပြောလိုက်သည်။

“ ငါမင်းကို အသားတုံးအဖြစ် မပြောင်းခင်အထိ”

အကြီးအကဲပိုင်ရဲ့ မျက်နှာတွင် နည်းနည်းမှ ကြောက်ရွံ့ဟန် မပြချေ။

သူ့ရဲ့ပုံစံက တိတ်ဆိတ်ပြီး…. တည်ငြိမ်သည်။

“ ဒါက ယွဲ့အာအတွက်”

အကြီးအကဲပိုင်ရဲ့ သမီးဖြစ်သူပင်။

“ ဒါက မေ့မေ့အတွက်”

သူ့ရဲ့ မိန်းမပင်။

ကြိုးတစ်လျှောက်ရှိ အပြာရောင်သည် အရောင်တောက်လာကာ အပြင်ဘက်ထိ ပျံ့ထွက်သွားသည်။

အချိန်ကျပြီ။

အကြီးအကဲထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့တို့ တိတ်တဆိတ် အနောက်ဆုတ်လိုက်ကာ အစီအရင်ရဲ့ အဆုံးသတ်ဆီ သွားလိုက်ကြသည်။

သူတို့နှစ်ယောက်လုံး နားလည်သည်။

ဒီတိုက်ပွဲ… ဒီကလဲ့စားက…. အကြီးအကဲပိုင် တစ်ယောက်ထဲအပိုင်ပဲ။

အကယ်လို့ ထိုမကောင်းဆိုးဝါးထံကနေ အကြီးအကဲပိုင် အနောက်တွန်းခံရပြီး သွေးထွက်ရင်တောင်မှ သူတို့တွေ ဝင်ကူညီမှာ မဟုတ်ဘူး။ ဘာလို့ဆို အကြီးအကဲပိုင်ကလဲ ခွင့်ပြုမှာ မဟုတ်လို့ပင်။

အကြီးအကဲပိုင်ရဲ့ မူလ အကူအညီတောင်းခံမှုကိုက ရိုးရှင်းသည်။ အစီအရင်ဖန်တီးပေးဖို့…. အပြင်လူတွေကို အဝင်မခံဖို့ပဲ။

​ပြီးတော့ မပြီးမချင်း ဘယ်သူမှ ထွက်သွားခွင့်မရှိအောင်ပဲ။

သားရဲလဲမရဘူး…. သူလဲ မရဘူး။ ဘယ်သူမှ ထွက်ခွင့်မရှိဘူး။

ဒါက သူစောင့်နေရတဲ့ အချိန်ပဲ။ အရာအားလုံး ဆုံးရှုံးပြီးနောက်မှာ သူ့ကိုယ်သူ ပြန်အားတင်းနိုင်ခဲ့တာ ဒီအခိုက်အတန့် အတွက်ပဲ။

ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲ ထျန်းရှန့်က ထိုအခွင့်အရေးရလာဖို့ ဆယ်စုနှစ်များစွာ ကြာလိမ့်အုံးမည်ဟု ထင်ခဲ့ကြတာပင်။

အနှစ်သုံးဆယ်…

ဒါမှမဟုတ် အနှစ်ငါးဆယ်မက…

ဒါမှမဟုတ် ထာဝရလဲ ကြာကောင်း ကြာသွားနိုင်သည်။

ဒါပေမဲ့ အခုချိန်မှာ ကိုလာတစ်ဗူး… သံပုရာဆိုဒါ တစ်ဗူးနဲ့ ဖြစ်မြောက်သွားပြီ။

ထိုမဖြစ်နိုင်တဲ့ ဆိုင်တစ်ခုကနေ…

ထိုမဖြစ်နိုင်တဲ့ ဆိုင်ရှင်ဆီကနေ…

ရလာတဲ့ အရသာကောင်းမွန်လှပြီး နတ်အစားအသောက်သဖွယ် အင်အားကြီး ဖျော်ရည်တစ်ခုကြောင့်ပဲ။

ထိုအရာကြောင့်နဲ့အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ။

ချီစွမ်းအင်များနဲ့ လူသတ်လိုတဲ့ အရှိန်အဝါတွေကြောင့် ပင်လယ်ပြင်ကြီး အက်ကွဲပြင်းထန်လာတာကို ကြည့်ရင်း ယောက်ျားသား နှစ်ယောက်လုံး အပြစ်ရှိစိတ် ခံစားလိုက်ရသည်။

သူတို့တွေ အစောတည်းက ပြောပြခဲ့သင့်တာ။ ဒါဆိုရင် အကြီးအကဲပိုင် သူ့ရဲ့လက်စားချေမှုကို လွန်ခဲ့တဲ့ ရက်များစွာတည်းက လုပ်နိုင်ခဲ့မှာပင်။

ဒါပေမဲ့ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ရဲ့ တည်ရှိမှုကိုတော့ သူတို့တွေ လျှို့ဝှက်ချက် အနေနဲ့ ထားရမှာပင်။ ဘယ်လိုပဲ တွက်ချက် တွက်ချက် ဒါက ဖြစ်သင့်တဲ့ရွေးချယ်မှုပဲ။

အကြီးအကဲ ပိုင်ချင်းရှီကလဲ ဒါကို နားလည်တာမို့ အပြစ်မတင်ပါချေ။

သူလဲပဲ ထိုနှစ်ယောက်နေရာမှာဆိုရင် တစ်ပုံစံထဲ လုပ်ခဲ့နိုင်သည်။ သူတို့ရဲ့ကြားမှာ မကျေနပ်ချက်တွေ မရှိပါချေ။

အကုန် ကံတရားပဲ။

အကုန်လုံးက… ဖြစ်သင့်လို့ ဖြစ်လာရတာ!

အကြီးအကဲပိုင်က ကြိုးကို ပြန်ရစ်သိမ်းလိုက်သည်။

ကြိုးတစ်လျှောက်ရှိ စွမ်းအင်သည် ငွေရောင်နဲ့ အပြာရောင် ပေါင်းစပ်သွားပြီး သားရဲကြီးရဲ့လည်ပင်းကို ရစ်ပတ်သွားသည်။

ကြေးနီရောင်အသားစားငါးကြီးရဲ့ ပါးစပ်ကြီးက ပွင့်လာလေသည်။ ပါးစပ်ထဲကနေ ပွက်ပွက်ဆူနေတဲ့ ကြေးနီရောင် မြူခိုးတွေ ပေါက်ထွက်လာပြီး ဝိညာဥ်ကိုပါ ပုတ်သိုးစေနိုင်လောက်တဲ့ အဆိပ်သွေးမြူခိုးတို့ ထွက်ပေါ်လာလေပြီ။

လေထုက တွန့်လာကာ ကြိုးမှ မြည်သံများပင် ထွက်လာပြီ။

အကြီးအကဲပိုင်က လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။

ရစ်လုံးက နောက်တစ်ပတ် ထပ်လည်လေ၏။

ကျွတ်!

အဆိပ်ငွေ့က ပိုပြင်းထန်လာပြီး အကြီးအကဲပိုင်ရဲ့ ပတ်ပတ်လည်က လေထုများပင် သဘာဝမဆန်စွာ တွန့်လိမ်လာရသည်။

“ ရေစီးကြောင်းတည်မြဲမှု”

သူ့ရဲ့ ခြေဖဝါးအောက်မှာ ဓားအရှိန်အဝါများ ထိုးထွက်လာချိန်မှာ ဝန်းရံထားတဲ့ အဆိပ်ငွေ့တွေသည် မီးခိုးလို ဖယ်ပေးရတော့သည်။

သားရဲရဲ့ ကိုယ်လုံးလိုက်ကြီး ယိမ်းလာတော့ အကြီးအကဲပိုင် ဘေးဘက်ကို လှိမ့်ရှောင်လိုက်သည်။

သပ်ရပ်တဲ့ ရှောင်ရှားမှုအပြီးမှာ ရစ်လုံးကို နောက်တစ်ရစ် ရစ်ပြန်သည်။

ထိုအချိန်မှာ သားရဲကြီးကို ဖမ်းထားတဲ့ ကြိုးရှည်က ခုနှစ်မျှင် ခွဲထွက်သွားပြီး အရေးကြီးအပိုင်းတွေ ဖြစ်တဲ့ မျက်လုံး ဆူးတောင်၊ ပါးဟပ် စသဖြင့် အရေးကြီးနေရာခုနှစ်ခုထဲ စိုက်ဝင်သွား၏။

အသားငါးစားကြီး အော်ဟစ်ကာ တွန့်တွန့်လူးရပြီ။ ကိုယ်ပေါ်မှ အရိုးအကာအကွယ်များက အသက်ဝင်လာပြီး ပဟေဋ္ဌိ အပိုင်းများ ဆက်လိုက်သည့်နှယ် ဒိုင်းကာတစ်ခု သဏ္ဍာန် ပြောင်းသွားသည်။

သားရဲကြီး ခုခံလေပြီ။

ဒီစွမ်းရည်သည် ကြေးနီရောင်အသားစားငါး မျိုးစိတ်ရဲ့ အဖိုးတန် စွမ်းရည်တစ်ခုဖြစ်သည်။

ရှေ့တိုးလာတဲ့ ကြိုးမျှင် ခုနှစ်ခုလုံး အရိုးအကာအကွယ်နဲ့ တွေ့သွားကာ ကိုယ်ထဲထိ မဖောက်ထွင်းနိုင်တော့ပေ။ ထိုအချိန်မှာ မမြင်နိုင်လောက်တဲ့အရှိန်နဲ့ သားရဲကောင်က အရှေ့တိုးလာ၏။

အမြှီးတစ်ချက် ရိုက်ချမှုအပြီးမှာ…

ပင်လယ်ပြင်ကြီး နှစ်ပိုင်း ကွဲသွားပြီး နှစ်ခြမ်းလုံးရှိ ရေပြင်က ကောင်းကင်ထိ မြင့်တက်လာသည်။

အကြီးအကဲပိုင် ကိုယ်ကို အနောက်ဆုတ်လိုက်ပြီး ကြိုးနဲ့လွတ်တယ်ဆိုရုံလေး ရှောင်လိုက်သည်။ ဓားလက်ကိုင်ပေါ်က လက်ကို လှုပ်ရှားလိုက်သည်နှင့်…

ဓားက လည်သွားသည်။

“ တိမ်စီးဆင်းမဲ့လမ်းကြောင်း”

ရုတ်ချည်းဆိုသလို အကြီးအကဲပိုင်ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ကောင်းကင်ရဲ့ ငါးမီတာ အပေါ်မှာ ပြန်ပေါ်လာကာ တည်မြဲမှုအပြည့်နဲ့ လေဟုန်စီးလိုက်သည်။

တတိယ ရစ်ပတ်မှုအပြီးမှာ…

ကြိုးစရဲအရှိန်က တင်းလာပြီး လခြမ်းတစ်ခုလို ကွေးနေပြီပင်။

ရစ်လုံးထဲထိ ချီစွမ်းအင်များ ပို့လွှတ်လိုက်သည်။

ကြိုးခုနှစ်မျှင်လုံးက သားရဲရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အမြှီးမှ မေးရိုးအထိ… ပါးဟပ်မှ ဆူးတောင်အထိ ရစ်ပတ်လိုက်လေ၏။

သားရဲကြီးရဲ့ ကိုယ်က ဖောင်းလာပြီး မျက်လုံးနီနီကြီးတွေ ထွက်ပေါ်လာသည်။

စူးရှတဲ့ ညည်းသံကြီးကြောင့် လေထုပင် တုန်ယင်သွားဟန်ရှိသည်!

ရုတ်တရက် ကြိုးမျှင်တွေက စူးရှလာကာ… သပ်ရပ်စွာ ဖြတ်တောက်သွားသည်။

ကြေးနီရောင် အသားစားငါးကြီးရဲ့ ကြေးခွံတွေက အနက်ရောင်ပြောင်းလာပြီး…

အရိုးတွေ ကျွတ်ထွက်သွားသည်မို့…

ကာထားတဲ့ အရိုးအကာအကွယ် ပြတ်တောက်သွားရပြီ။

ထိုအချိန်မှာ သားရဲကြီးရဲ့ ပါးစပ်မှ အပ်ချည်တစ်မျှင်ကို အရှိန်နဲ့ ပစ်လွှတ်လိုက်သည်။ အမှန်တော့ ထိုအရာက နတ်ဆိုးသားရဲများ၏ အရိုးလက်နက်ပင်။

အကြီးအကဲပိုင်ချင်းရှီက ဓားကို လှုပ်ရှားလိုက်ချိန်မှာ ကြိုးက တင်းသွားပြီး ဓားချွန်က လေထဲကို အရှိန်နဲ့ပြေးသွားခဲ့သည်။

ကျိုးပဲ့စေတဲ့ တန်ပြန်သက်ရောက်မှုကို ကိုယ်စားပြုတဲ့ ဓားအရှိန်အဝါတို့ ဓားတစ်လျှောက် ဝန်းရံလာသည်။

သားရဲကြီးဆီမှ ပြေးလာနေတဲ့ အရိုးလှံကြီး အပိုင်းပိုင်း ကွဲသွားရပြီ။

ဒါပေမဲ့ ထိုအရာက အနောက်မှာ ပြန်စုဝေးသွားပြီး အကြီးအကဲပိုင်ကို ပြန်ရိုက်ခတ်ဖို့ပြင်သည်။ အကြီးအကဲရဲ့ မေးရိုးတွေ တင်းကျပ်သွား၏။

ကိုလာနဲ့ သံပုရာဆိုဒါက သူ့ရဲ့ ခန္ဓာကိုယ်ကို တောက်လောင်လာစေခဲ့ပြီမို့ အာရုံခံတဲ့ ချီစွမ်းအင်က ပိုထက်သန်လာခဲ့ပြီ။

အခု ဒါမှမဟုတ်ရင်.ဘယ်တော့မှ မလုပ်နဲ့ပဲ။

နောက်ဆုံးရစ်ချက်။

ဓားရှည်ကို သူ့ရဲ့လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်လိုက်သည်။

ကြိုးနဲ့ဓားရှည်နဲ့ တစ်ထပ်တည်းကျသွားပြီး ကြိုးတစ်လျှောက် လင်းသွားပြန်သည်။ လေပေါ်ဝဲနေတဲ့ ဓားပျံပေါ် သူ ခုန်တက်လိုက်သည်။

​အသက်ဝဝ ရှုအပြီးမှာ…

ရုတ်တရက် အကြီးအကဲပိုင်ရဲ့ မျက်လုံးတွေ ပြူးကျယ်လာ၏။

လရောင်ဖြူလိုမျိုး သူ့ရဲ့မျက်စံမှ အဖြူရောင် အလင်းများ ဖြတ်ပြေးသွားသည်။

“ သင်္ချိုင်းဖြူ”

သူ အောက်ကို တစ်ရှိန်ထိုးဆင်းလိုက်တော့သည်။

ကြိုးစက ပိုရှည်လာပြီး သားရဲကောင်ရဲ့ အမြှီးမှ ခေါင်းအထိ ရစ်ပတ်မှုတွေ ပိုစိတ်လာသည်။

ကြေးနီရောင်အသားစားငါးကြီးက ကန်းစေလောက်တဲ့ ညည်းသံကြီးဖြင့် သွားဖြီးကာ မာန်ဖီရင်း အော်ဟစ်နေလေပြီ။

အကြီးအကဲပိုင်က ဓားကို ဒေါင်လိုက် ရိုက်ချလိုက်လေ၏။

“ ရေပြင်ညီအတိုင်း သက်ရောက်စေ”

ရစ်ပတ်ထားမှုကြောင့် ဖြစ်ပေါ်နေတဲ့ ယာယီ ပိုက်ကွန်အတွင်း ဓားအရှိန်အဝါတို့ ထိုးဝင်လာသည်။

အလင်းဖြာနေတဲ့ ကြိုးက ပိုတင်းလာသည်။

ကြိုးများက တစ်ပြိုင်နက်ထဲ အတွင်းကို ပိုပိုပြီး စုဝင်နေ၏။

သပ်ရပ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှုတစ်ခုပင်။

ကြေးနီရောင်သားရဲကြီးရဲ့ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ဖိအားရဲ့အောက်မှာ တစ်ဖြည်းဖြည်း ပုံပျက်လာကာ အသားစတွေအဖြစ် ပျက်ဆီးပျံ့နှံ့သွားတော့သည်။

ပင်လယ်ပြင်အနှံ့ အနီရောင်အရိုးတို့ ပြုတ်ကျနေပုံမှာ ငှက်မွှေးများ ကျဲချပေးနေသည့်နှယ်။

အကြီးအကဲ ပိုင်ချင်းရှီ လေထဲမှာ တန့်နေရင်း အနည်းငယ် နက်ရှိုင်းနေတဲ့ မျက်လုံးများဖြင့် တည်ငြိမ်စွာအသက်ရှုနေခဲ့သည်။ သူ့ရဲ့ ရင်ဘတ်ကလဲ အနည်းငယ် မြင့်တက်နေ၏။

“ အဲ့ဒါ လေးကြိမ်မြှောက် ရစ်ပတ်ခြင်းပဲ”

“ ပြီးတော့ နောက်ဆုံးအကြိမ်ပဲ”

အကြီးအကဲပိုင်ရဲ့ အနောက်မှာ သွေးစတွေနဲ့ မြူခိုးများမှလွဲရင်.ဘာမှ မရှိတော့ချေ။

All Chapters