← Chapters

အခန်း (၁၃၂)

Vol. 10 Ch. 132

အခန်း (၁၃၂)

Vol. 10 Ch. 132

ဟောင် ဒိုရှင်းရှီကို စိတ်မဆိုးပါချေ။

လုံးဝ စိတ်မတိုဘူး။

ဒါပေမဲ့ စိတ်ရှုတ်ပြီး အနည်းငယ် လွှမ်းမိုးခံရသလို ဖြစ်နေတာပေါ့။

ဒိုရှင်းရှီ ဆိုင်ထဲ စစရောက်ချင်းတုန်းကဆိုရင် ကြမ်းပြင်ပေါ်မှာထိုင်ချပြီးကို အရိုအေသ ပေးခဲ့သည်.. နဖူးနဲ့ ကြမ်းခင်းနဲ့ထိနေပြီး လက်နှစ်ဖက်လုံး ဆန့်တန်းနေပုံများ သူ့ကို တပည့်အဖြစ် လက်ခံဖို့ရန် အသင့်စောင့်နေသည့်နှယ်။

မနှုတ်ဆက်သလို..

မိတ်ဆက်ခြင်းလဲ မရှိဘူး။

ဆိုင်ထဲဝင်လာလာချင်း ငါးစက္ကန့်အတွင်း ရုတ်ချည်း ကိုးကွယ်သူ အသွင်ပြောင်းသွားတာပဲ။

ဒိုရှင်းရှီ သူ့ကို ဘယ်လိုပဲခေါ်ခေါ် ဟောင် ဂရုမစိုက်တော့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ ပြဿနာက ဒိုရှင်းရှီရဲ့ ထူးဆန်းတဲ့ စကားတွေပဲ မဟုတ်ဘူး။

သူကကျန်တဲ့သူတွေအပေါ်ကိုပါ ပြုမူနေတာပဲ။

ယဉ်ကျေးစွာနဲ့ အရိုအေသ လိုက်ပေးနေလေ၏။

ဒိုရှင်းရှီရဲ့ အနားမှာ ဒရာမာဆန်လှတဲ့ သီချင်းတီးလုံးကို တစ်ယောက်ယောက်က သွားဖွင့်ပေးထားဟန်ရှိသည်။ သူ တစ်ယောက်ပဲ ကြားနိုင်မဲ့ တီးလုံးမျိုးပေါ့။

ယဉ်ကျေးစွာနဲ့ ဘယ်လိုမျိုးလဲ မေးမြန်းခဲ့မည်ဆိုရင် ဒိုရှင်းရှီရဲ့ ပုံစံက

နောက်ထပ် ခေါက်ဆွဲတစ်ပွဲ ထပ်စားရဖို့ အတွင်းအင်္ဂါတွေကိုပါ ထုတ်ရောင်းစားတော့မဲ့ဟန် ရှိသည်။

ဟောင် စိုက်ကြည့်နေပြီး တိတ်တဆိတ်ပဲ ကောင်းကင်ကို ဆုတောင်းနိုင်တော့သည်။

ကျေးဇူးပြုပြီးပါ…. ငကြောင်တွေ ထပ်မလွှတ်ပါနဲ့တော့။

သူ့ကို အသင့်စားခေါက်ဆွဲရဲ့ မြင့်မြတ်တဲ့ အရှင်သခင်ဆိုပြီး နောက်ထပ် ဈေးဝယ်နှစ်ယောက် ခေါ်လို့ကတော့ ဒီနေရာရဲ့ ဆိုင်းဘုတ်ကို သွားဖြုတ်တော့မည်။ ကိုးကွယ်သူ ဋ္ဌာနချူပ်ဆိုပြီး သွားပြောင်းပစ်မည်။

သူတို့ရဲ့လုပ်ပုံနဲ့ ပုံမှန် ဖောက်သည်တွေ ကြောက်သွားရင်.ဘယ်လိုလုပ်မလဲ?

အကယ်လို့နောက်ရက်မှာ တစ်ကယ့်စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက် ဝင်လာခဲ့ပြီး အဲ့ဒီအချိန်မှာပဲ ရေခဲမုန့်စက်ကို ကန်တော့နေတဲ့ ဒီနှစ်ကောင်ကို မြင်သွားကြည့်…. အဲ့ဒီလူ ချက်ချင်း ထွက်ပြေးသွားရင်.ဘယ်လို လုပ်မလဲ?

ဝင်ငွေကို ထိခိုက်လာနိုင်သည်။

ပိုဆိုးလာရင် ဟောင် အနေနဲ့ သူတို့နှစ်ယောက်ကို ကန်မထုတ်ဘဲ နေမှာ မဟုတ်ဘူး။

သူ့မှာ လုပ်ပိုင်ခွင့် ရှိပြီးသား။

ဒါပေမဲ့ သူတို့တွေ ကန့်သတ်ချက်ကို သိသရွေ့ ဟောင် ဂရုမစိုက်ဘူး။

စီးပွားရေးက စီးပွားရေးပဲလေ။

ဆိုင်ရဲ့ ရောင်းကုန်တွေနဲ့ ပတ်သတ်ပြီး လူတွေ စစ်တပ်ပဲ ထောင်ထောင်၊ ဘာသာရေးဂိုဏ်းပဲ ဖွဲ့ဖွဲ့ ဟောင် ဂရုမစိုက်ဘူး။ သူတို့တွေ ပုံမှန် ဖောက်သည်တွေကို မနှောက်ယှက်ဘဲ ဆိုင်ကို မဖျက်ဆီးလာသရွေ့ပေါ့။

ထိုအချိန်မှာပဲ တံခါးချပ်က ထပ်မံပွင့်လာခဲ့သည်။

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့ အရင်ဝင်ရောက်လာခဲ့ပြီး သူတို့နှစ်ယောက် အနောက်ကနေ ရင်းနီးတဲ့သူတွေ လိုက်ပါလာသည်။

အိပ်ချင်နေတဲ့ပုံနဲ့ အကြီးအကဲ ပိုင်ချင်းရှီ၊ အကြီးအကဲထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့တို့ပင်။

‘ အို? ရေလှိုင်းသံစဉ်ဓားဘုရင်ဂိုဏ်းက လူစုံနေပါ့လား?’

'ဆိုင်မှာ လျှို့ဝှက်တွေ့ဆုံပွဲ လာလုပ်တာလား?’

လေးယောက်လုံးသည် စင်များအရှေ့ ရပ်သွားအချိန်မှာ အကြီးအကဲပိုင်ကတော့ အရှေ့တိုးကာ ဦးညွတ်လိုက်သည်။

ထို့နောက်မှာ အင်မတန့် အင်မတန်ရှားပါးတဲ့ အပြုံးတစ်ခု ထုတ်ပြလာသည်။ ထိုထက်ပင် ပိုအုံးမည်….။

ရာစုနှစ်တစ်ခုကြာမှ တစ်ခါပဲတွေ့နိုင်မဲ့ အပြုံးလို့ ပြောရမလားပဲ!

ပြီးတော့ ထိုအပြုံးက အကြီးအကဲပိုင်ရဲ့ မျက်နှာနဲ့ လုံးဝကို သဘာဝကျကာ လိုက်ဖက်သည်။

သူဘာလို့ အမြဲဒီလိုမနေတာလဲ မသိဘူး?

ဒီရုပ်နဲ့ဆို လိမ်စားလို့ရတယ်…..အယ် မဟုတ်ဘူး။ ငါပြောတာ.. လူတွေကို မဲဆွယ်လို့ ရတယ်လို့ ဥပမာကွာ အဲ့ဒီရုပ်နဲ့ ပစ္စည်းတစ်ခုခု ဝယ်အောင် ဆွယ်လို့ရတယ်ပြောတာ။

“ကျေးဇူးရှင်ခင်ဗျာ၊ ငါ နက်ရှိုင်းစွာ ကျေးဇူးတင်မိပါတယ်။ သခင်လေးရဲ့ ကူညီမှုအသေးစားက ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့နဲ့ အကြွေးဟောင်းတွေ ရှင်းလင်းဖို့ သော့ချက်တစ်ခု ဖြစ်ခဲ့တယ်”

“သခင်လေးရဲ့ ထူးကဲတဲ့ အချိုရည် မပါရင် ဒီနေ့ရဲ့ တိုက်ပွဲက ဝေးကွာတဲ့ အိပ်မက်တစ်ခု ဖြစ်နေရအုံးမှာ”

ရိုးသားမှုတွေ တောက်ပနေတဲ့ မျက်လုံးများနဲ့ ဟောင်ကို ကြည့်လိုက်လေသည်။

“သခင်လေးပေးလိုက်တဲ့ အရာက ခန္ဓာကိုယ်ကိုပဲ လောင်စာ ဖြည့်ပေးလိုက်တာ မဟုတ်ဘဲ… စိတ်ဝိညာဉ်ကိုပါ ဖြည့်တင်းပေးလိုက်တာပဲ! ဒီအတွက် ငါ အမြဲထာဝရ ကျေးဇူးတင်နေမှာပါ”

ဘာတွေဖြစ်နေလဲ ဟောင် လိုက်မမှီသေးခင်မှာပဲ အကြီးအကဲပိုင်က ထပ်မံအရိုအသေပေးလိုက်သည်။ ဒီတစ်ခေါက် လက်နှစ်ဖက်ကိုပါ အရှေ့ပို့လာ၏။

.....

ရုတ်တရက် ဟောင်နဲ့ အကြီးအကဲပိုင်ရဲ့ ကြားမှာ လင်ဗန်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ သာမာန်ဟင်းပွဲ ထည့်တဲ့ လင်ဗန်းထက် ရိုးရာကန်တော့ပွဲတွေမှာ သုံးတဲ့ မုန့်များစွာတင်တဲ့ လင်ဗန်းအကြီးစားမျိုးပင်။

လင်ဗန်းပေါ်တွင် လှပစွာ ကင်ထားတဲ့ ငါးကိုတင်ထားသည်။ သူ့ရဲ့ကြေးခွံသည် ကြေးနီရောင် လက်နေသည်။ မွှေးပျံ့တဲ့ အနံ့လေး အပေါ်လှိုက်တက်လာသည်မို့ လေထုပင်ယိမ်းယိုင်သွား၏။

ကြည့်ရတာ အရည်ရွှမ်းပြီးအသားပြည့်မဲ့ ပုံပင်။ တူးနေတဲ့ အနားသားလေးများက စားကောင်းမည်ဟု အာမခံနေလေရဲ့။

“ဒီလက်ဆောင် အသေးစားလေးက သခင်လေးရဲ့ ကြင်နာမှုကို ပြန်ဆပ်နိုင်ဖို့ အလှမ်းဝေးလွန်းပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ကျေးဇူးတင်မှုကို လက်ခံတဲ့အနေနဲ့ ယူပေးပါ.”

“ ငါတင်နေတဲ့ အကြွေးကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ပေမဲ့ ဒါငါပေးနိုင်တဲ့ အရာလေးမလို့ပါ”

“.....”

ဟောင် မျက်တောင်ခတ်နေရင်း ရှုတ်ထွေးစွာ မျက်မှောင်ကြုတ်မိသွားသည်။

အကြွေး? ဒီအဖိုးကြီးငါ့ဆီက ဘာချေးသွားလို့လဲ? ငါဒီမှာ အကြွေးယူလို့ရတယ်လို့ မချိတ်ထားမိဘူးလားလို့?

အပေါ်ကို လှိုက်တက်လာတဲ့ အမွှေးနံ့ကြောင့် ဟောင်ရဲ့ နှာခေါင်းက တွန့်သွားသည်။ အစွန်းများမှ အနည်းငယ်တူးနံ့လေးပျံ့နေချိန်မှာ အပေါ်သားက ကြည့်လိုက်တာနဲ့ ဆီရွှမ်းနေသေးသည်။ လေထဲသို့ ဆေးဖက်ဝင်.အပင်နံ့လေးပါ ရောပြီး ပျံ့လာသေးသည်။

အခု အခြေအနေမျိုးက ညမှာ မင်းစားချင်တာ တစ်ခုခုကို အိပ်မက်မက်ထားပြီး မနက်ရောက်တာနဲ့ မင်းရဲ့ တံခါးပေါက်မှာ ရောက်နေသလိုမျိုးပဲ။

‘ စနစ် စားလို့ရတယ်မလား?’

‘ ငါပြောချင်တာကကွာ.. သူက လာဘ်ထိုးနေတာလဲ မဟုတ်ဘူး။ လျော့ဈေး လိုချင်လို့ လုပ်နေတာလဲ မဟုတ်ဘူးလေ။ ကျေးဇူးတင်တဲ့ဟင်းပွဲလေး တစ်ပွဲပဲ ဆိုတော့ အဆင်ပြေမှာပဲမလား?’

( ပိုင်ရှင်ရေ ဈေးဝယ်တွေဆီကနေ အစားအသောက်လက်ခံတာကို ခွင့်ပြုထားပါတယ်။ အထူးအိမ်ရာတွေ ထူးခြားတဲ့ပစ္စည်းတွေ ပြီးတော့ ပြန်ပေးတဲ့အနေနဲ့ တစ်ခုခုလုပ်ပေးတာမျိုးတွေတော့ မရပါဘူး)

ဟောင် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

'ဒီတော့ ပစ္စည်းတွေနဲ့ အမည်ဖော်ပြီး လာဘ်ထိုးတာ မဟုတ်သရွေ့ရတယ်ပေါ့?’

( အမှန်ပဲပိုင်ရှင်)

ဟောင် ဘုန်းတော်ကြီးတစ်ယောက်လို တည်ငြိမ်စွာဖြင့် ကိုယ့်ကိုယ်ကို ခေါင်းညိတ်လိုက်သည်။

ဒါမှ စနစ်ရဲ့ ရန်လိုစကားတွေ ဖြစ်တဲ့ 'ပိုင်ရှင် ကောင်းကောင်းပြုမူ’ ဆိုတဲ့အပိုလုပ်သံတွေ မကြားရမှာလေ။

ကမ္ဘာကြီးရေ…

နောက်ဆုံးတော့ ကမ္ဘာကြီးကို ပြန်ကုစားနိုင်သွားပြီ!

မျှော်လင့်ချက်ပဲ။ ဒါကမျှော်လင့်ချက်ပဲ။

ဟောင် လည်ချောင်းတစ်ချက် ရှင်းကာ အကျွမ်းကျင်ဆုံးသော ဆိုင်ရှင်တစ်ယောက် ဟန်ပန်ကို ထိန်းလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက ထူထဲတဲ့ ငါးကင်မှာ ကပ်ညှိနေဆဲပေမဲ့ မျက်နှာကတော့ တည်ငြိမ်နေလေရဲ့။

ချဲ့ကားတဲ့ အမူအရာနဲ့ လက်တစ်ဖက် မြှောက်လိုက်ကာ

“ဒီကိုယူလာပေးပါ အကြီးအကဲ”

အကြီးအကဲပိုင်ချင်းရှီရဲ့ မျက်နှာက ချက်ချင်းပဲ လက်သွားသည်။

ကောင်းကင်ဘုံရဲ့ ပစ္စည်းတစ်ခုကို ဆက်သနေရသည့်နှယ် ရိုသေစွာဖြင့် လင်ဗန်းကို လက်နှစ်ဖက်နဲ့ အရှေ့သယ်သွား.လိုက်သည်။

ဟောင် တည်ငြိမ်စွာပဲ အရှေ့တိုးပြီး ငါးရဲ့အသားထဲကို လက်ညိုးထိုးချပြီး ပါးစပ်ထဲ ထည့်လိုက်လေ၏။ သေမတတ် မြည်းချင်နေတဲ့ရုပ်မျိုး.လုံးဝ မဟုတ်ဘူး။

နူးညံ့တဲ့ အသားကို ပြည့်စုံစွာ ကင်ထားသည်။ ဆူးတောင်ပြာ တူနာငါးရဲ့ ဗိုက်သားကို စားနေရသလိုမျိုး အသားဓာတ်ပြည့်ဝသည်။

ထောပတ်နံ့လို အနံ့မွှေးမွှေးလေး ရလိုက်တာမို့ မက်ကာရယ် ကင်ကိုပင် ဟောင် သတိရမိသွားသည်။ ဒါပေမဲ့ အခုငါးကင်ကပိုသန့်စင်၊ ပိုကောင်းမွန်တာမို့

သဘာတရားကြီးက အလိုအလျောက်သန့်စင် ထားဟန်ရှိသည်။

ထို့နောက်မှာ အပူဓာတ်ကို ခံစားရသည်။

ဒါပေမဲ့ မင်းရဲ့လျှာကိုပါ လောင်ကျွမ်းစေမှာမျိုး မဟုတ်ဘူး။

နွေးထွေးတည်ငြိမ်ပြီး နက်ရှိုင်းတဲ့ အထိအတွေ့က ငါးအသားလွှာတစ်ခုစီထဲမှာ မီးတောက်ငယ်တစ်ခု ပေါင်းထည့်ထားသလိုပဲ။ ဟောင် ခန့်မှန်းရသလောက် အနည်းငယ် အစပ်အရသာသည် ငရုတ်သီးကြောင့် မဖြစ်နိုင်ပေ။

ရှာလကာရည်နဲ့ နယ်ထားတာကြောင့်လဲ မဟုတ်တန်ချေ။ ဟင်းခတ်အမွှေးအကြိုင် မှုန့်တွေမှလဲ မဟုတ်ဘူး။

အသားထဲမှာကိုက အစပ်ဓာတ်ပါနေတာပဲ။

အစပ်ဓာတ်က အသားမျှင်တိုင်းမှာ နစ်မြုပ်နေခဲ့တာ။ မသိလျှင် ဒီသားရဲကို မွေးကတည်းကာ မီးချော်ရည်ထဲ ရှာလကာရည်စိမ်သလိုမျိုး စိမ်ပြီး မွေးဖွားထားသလိုပဲ။

လည်ချောင်းမှ မြိုချလိုက်သည်နှင့် ထူးဆန်းတဲ့ နွေးထွေးမှုက ဝမ်းဗိုက်ထိ ဝင်ရောက်သွားသည်။

ထို့နောက်မှာ နေရာချဲ့ထွင်လာ၏!

“အာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလိုက်တာ” လို့ ပြောလို့ရတဲ့ အနေအထားမျိုးနဲ့ မဟုတ်ဘူး။

“ အိုး ငါ မတော်တဆ မီးဘောလုံးကြီးကို မြိုချမိသွားတာလား” ဆိုတဲ့ အတိုင်းပဲ။

ဝိညာဉ်ထဲထိ အားတိုးပေးသွားသလိုမျိုး စွမ်းအင်လှိုင်းလုံးက ပေါက်ကွဲကာ ဝင်ရောက်လာသည်။

'ငါအခု ကျင့်ကြံနေတာလား?’

ဟောင် ခဏရပ်သွားသည်။.ဘာလို့ဆို သူ့ရဲ့ ဒန်ထျန်တစ်ခုလုံးက ရုတ်ချည်း ပေါ့ပါးလာလို့လေ။ မသိရင် အဆင့်မြင့် အတွေ့အကြုံ တိုးစေတဲ့ ပွဲ ကို တက်လိုက်မိလို့ အတွေ့အကြုံတွေ အလုံးအရင်း ရနေသလိုပဲ စွမ်းအင်တွေ ဝင်ရောက်နေ၏။

All Chapters